အကြီးအကဲမူ မင်းကိုဖမ်းမိပြီ။
Vol. 2 Ch. 16
ချီမင်သူ့ဘေးနားကချီးမြှောက်တဲ့အသံတွေကိုတိမ်းစိမ်းတောင်ထွဋ်တစ်ခုလုံးရှိကနေကြားလိုက်ရတယ်။ပန်စန်းကဒီမြင်ကွင်းကိုတွေ့တဲ့အခါမတတ်နိုင်ဘဲသူ့မျက်နှာပေါ်မှာအံ့ဩတဲ့အမူအရာကပေါ်လာတယ်။
“ငါတကယ့်ကိုသတိမထားမိဘူး။”
ပန်စန်းကအံ့ဩပုံနဲ့ပြောလာတယ်”ဒီချီမင်ကခွန်အားတစ်ချို့ရှိသားပဲ။ချိုက်ယုဟိုင်က ချက်ချင်းကိုရှုံးသွားတာ။ချီမင်မှာပြန်တိုက်ဖို့အခွင့်အရေးတောင်မရှိဘူး။ချီမင်က အစထဲကသူများကို ကစားနေတာနဲ့တူတယ်။”
“မင်းရှုံးပြီ။”
“ချီမင်ရဲ့အကြည့်ကမထူးမခြားနဲ့ချိုက်ယုဟိုင်ကိုကြည့်ပြီးပြောလိုက်တယ်။အဲ့လိုပြောပြီးတော့ သူကအရိုးဓားကိုယူပြီး နောက်ပြန်မကြည့်ဘဲလှည့်ထွက်လာလိုက်တယ်။
“ချီမင်!”
ချိုက်ယုဟိုင်က သတိပြန်ဝင်လာတယ်။အဲ့ခဏမှာ သူ့နှလုံးထဲကနေဒေါသလိမ့်ထွက်လာတယ်။ဆင်ခြင်တုံးတရားကိုဆုံးရှုံးသွားပြီး ဒေါသတကြီးအော်လိုက်ကာ ချီမင်ကိုနောက်ကနေချောင်းမြောင်းတိုက်လိုက်တယ်။
ဝေါင်း!
ချိုက်ယုဟိုင်ကသူ့လက်သီးကိုအားအပြည့်နဲ့ထိုးလိုက်တယ်။ တိမ်စိမ်းကျားငါးကောင်ထိန်းချုပ်ခြင်းပညာရဲ့ခွန်အားကအသက်ဝင်လာပြီး ကျားပုံစံလက်သီးပေါ်လာတယ်။အဲ့လက်သီးက ချီမင်ရဲ့နှလုံးဆီဦးတည်သွားတယ်။
သိသိသာသာကိုသေစေချင်တာပေ။
“လူယုတ်မာ!” အကြီးအကဲကဒေါသတကြီးနဲ့အော်လိုက်တယ်။
“ဂရုစိုက်!”
“ခေါင်းဆောင်ဂရုစိုက်!”
“ဒီမအေလိုး! ချိုက်ယုဟိုင်တကယ်ချောင်းတိုက်ရဲတာပဲ။”
“အရမ်းနောက်ကျသွားပြီ။”
“မြန်မြန်ရှောင်လိုက်။”
“…”
လူတိုင်းကမကူနိုင်ပေမယ့်အော်လိုက်ကြတယ်။
ကလန်!!
ဓားအော်သံကထွက်လာတယ်။
“တိမ်စိမ်းဓားပညာရပ်”
ချီမင်နောက်မလှည့်လိုက်ပေ။သူနောက်မှာတတိယမျက်စိရှိနေတဲ့အတိုင်းလှမ်းခုတ်လိုက်တယ်။တိမ်စိမ်းဓားအလင်းကကောင်းကင်ကိုဖြတ်သွားတယ်။
ဖြူး!!!
သွေးကဖြာထွက်သွားတယ်
“အား!!!”
ချိုက်ယုဟိုင်ကလွင့်ထွက်သွားရင်းအရမ်းကိုစိတ်ပျက်ဖွယ်အော်လာတယ်။သူ့ညာဘက်လက်မောင်းကချီမင်ဓားကြောင့်ပြတ်ထွက်သွားတယ်။
သွေးတွေက မြေကြီးပေါ်စီးကျလာတယ်။
လက်မောင်းပြတ်ကမြေပေါ်ကျသွားပြီး သူ့လက်ချောင်းတွေကနည်းနည်းလှုပ်နေသေးတယ်။
ဒီမြင်ကွင်းကသွေးထွက်သံယိုဖြစ်တယ်။
“မြန်လိုက်တဲ့ဓားချက်”
“ချိုက်ယုဟိုင်က တကယ်လုပ်လိုက်တာပဲ။”
“ချိုက်ယုဟိုင်ကအဲ့တာနဲ့ပဲတန်တယ်”
“သူကရှုံးသွားပေမယ့် အရှုံးကိုလက်မခံဘဲငြင်းဆန်တယ်။သူကအခွင့်ကောင်းယူပြီး ချီမင်ဟိုဘက်လှည့်တုန်း ချောင်းတိုက်လိုက်သေးတယ်။ကံကောင်းတာက စီနီယာချီရဲ့ခွန်အားကအရမ်းသန်လို့။သူကတိုက်ရိုက်ပဲချိုက်ယုဟိုင်ကိုပြန်ခုခံလိုက်တာ။”
“မှန်တယ်။”
“သူနဲ့ထိုက်တန်တယ်။”
“ရှုး ထပ်မပြောနဲ့တော့။ချိုက်ရှုဟိုင်မှာ အခြေခံတည်ဆောက်ခြင်းအဆင့်ရောက်တော့မယ့် အပြင်စည်းဂိုဏ်းကအစ်ကိုကြီးရှိတယ်။ချီမင်က ချိုက်ယုဟိုင်ရဲ့လက်မောင်းကိုဖြတ်လိုက်တော့ သူအခုပြဿနာတတ်တော့မယ်။”
“ချိုက်ယုဟိုင်နဲ့တန်တယ်။”
အစေခံတပည့်တွေအများကြီးကဆွေးနေကြတယ်။
“သူ့ကိုသယ်သွားတော့”
မူချင်းရဲ့အမှုအရာက ချိုက်ယုဟိုင်ကိုကြည့်ပြီးမည်းသွားတယ်။”ချိုက်ယုဟိုင်ကပြိုင်ပွဲရဲ့စည်းကမ်းကိုချိုးဖောက်ပြီး ပွဲပြီးနေတာကိုချီမင်ကိုချောင်းတိုက်တယ်။ သူကအရည်အချင်းမပြည့်မှီတော့ဘဲ ပွဲကနေ တိုက်ရိုက်ထုတ်ပယ်လိုက်ပါတယ်။”
“ဟုတ်ကဲ့ပါ။”
အကြီးအကဲကခေါင်းညိတ်ပြီးချီမင်ကိုခေါ်သွားတယ်။
“ပြိုင်ပွဲကိုဆက်မယ်။”
မူချင်းကသူ့လက်ကိုဝှေ့ယမ်းလိုက်ပြီး “တစ်ခြားလူတွေကိုဒဏ်ရာမရစေနဲ့။”
“ဟုတ်ကဲ့ပါ”
ချီမင်ကပခုံးတွန့်ပြီးအရိုးဓားပေါ်ကသွေးကိုခါလိုက်တယ်။သူက သယ်သွားခံရတဲ့ချိုက်ယုဟိုင်ကို မထူးမခြားနားကြည့်လိုက်တယ်။သူ့အကြည့်ထဲမှာ သတ်ဖြတ်ချင်တဲ့ဆန္ဒပါနေတယ်။
ဒါ့အပြင်…
ချိုက်ယုဟိုင်ရဲ့မျက်လုံးထဲမှာတော့ချီမင်ကိုမုန်းတီးမှုအပြည့်နဲ့ကြည့်နေတယ်။
“ချီမင်း ငါမင်းကိုဒီတိုင်းလွှတ်မထားဘူး။”သူတိုးတိုးလေးချီမင်ကိုခြိမ်းခြောက်လိုက်တယ်။
ချီမင် သူ့ဘာသာသူတွေးလိုက်တယ်။”အခုဒီနေရာမှာမလို့ လူတိုင်းရဲ့ရှေ့မှာ ငါချိုက်ယုဟိုင်ကိုသတ်လို့မရဘူး။ဒါပေမယ့်ကိစ္စမရှိပါဘူး။ငါအခွင့်အရေးရှာပြီးချိုက်ယုဟိုင်ကိုသတ်ရမယ်။ငါနတ်ဆိုးဂိုဏ်းသူလျှိုလက်ချက်ဆိုပြီးလုပ်လိုက်မယ်။”
“တစ်ခြားဖက်ကနေဆိုရင် ချိုက်ယုဟိုင်ရဲ့အစ်ကိုက ပြဿနာနည်းနည်းရှိတယ်။ သူကအခြေခံတည်ဆောက်ခြင်းအဆင့်ကိုရောက်တော့မယ့် အပြင်စည်းဂိုဏ်းတပည့်ပဲ။ငါ့နတ်ဆိုးလင်းနို့ကလည်း အဆင့်မမြှင်သေးဘူး။သူ့ကိုရင်ဆိုင်လို့မရသေးဘူး။”
ချီမင်တွေးကြည့်ပြီးတော့မှ သက်သာရာရသွားတယ်။
နောက်တော့ချိုက်ယုဟိုင်က ပြိုင်ပွဲဝင်ဖို့အရည်အချင်းမမှီတော့ပေ။သူက ဆိုးဆိုးရွားရွားဒဏ်ရာရသွားတဲ့အပြင်ကို သူညာဘက်လက်ကလည်းပြင်းထန်တယ်။သူဆက်မတိုက်နိုင်တော့ဘူး။
အဲ့ဒါကြောင့်မူချင်းက အဆင့်Cတန်းလျားကရှုချူလို့ခေါ်တဲ့ အဆင့်၁၁ကတပည့်ကိုထည့်လိုက်တယ်။
နောက်နှစ်ပွဲပြီးတော့ ချီမင်ကကျူးယွီတိ နဲ့ထန်ပင်းကိုနိုင်သွားတယ်။သူတို့နှစ်ယောက်လုံးကမညံ့ပေမယ့် ချိုက်ယုဟိုင်ထက်အားနည်းတယ်။
သူတို့နှစ်ယောက်လုံးရှုံးသွားတယ်။ချီမင်ကသုံးပွဲဆက်တိုက်နိုင်ပြီး တိမ်စိမ်းတောင်ထွဋ် အစေခံတန်းလျားပြိုင်ပွဲမှာ ပထမရလိုက်တယ်။
“စီနီယာအစ်ကိုချီကရဲ့ခွန်အားကထူးချွန်လိုက်တာ။ငါမင်းရဲ့ပြိုင်ဘက်မဟုတ်ပါဘူး။”ကျူးယွီတိကခေါင်းညိတ်ပြီး အရှုံးကိုဝန်ခံလိုက်တယ်။
“ကျေးဇူးတင်ပါတယ်”ချီမင်ပြန်ပြောလိုက်တယ်။
“စီနီယာ အစ်ကိုချီ ရှင် တိမ်စိမ်းဓားပညာကိုပြီးပြည့်စုံခြင်းအဆင့်ထိ လေ့ကျင့်ပြီးပြီလား ။သူ့နောက်မှာနည်းလမ်းများရှိလား။စီနီယာအစ်ကိုချီ ကျေးဇူးပြုပြီး ဉာဏ်အလင်းပြပါဦး။”
ထန်ပင်းကလည်း တိမ်စိမ်းဓားပညာရပ်ကိုလေ့ကျင့်ပေမယ့် သူမက ထူးချွန်အဆင့်ပဲရှိသေးတယ် ။ချီမင်ရဲ့ပြီးပြည့်စုံခြင်းအဆင့်ထိရောက်ဖို့အဝေးကြီးလိုသေးတယ်။သူမကနှိမ့်ချစွာနဲ့ လမ်းညွှန်မှုကိုတောင်းခံလိုက်တယ်။
“ဘယ်လိုနည်းလမ်းရှိရမှာလဲ။”
ချီမင်ကထန်ပင်းကိုမရေမရာကြည့်လိုက်ပြီးပြောလိုက်တယ်”လေ့ကျင့်ရုံနဲ့ ပြီးပြည့်စုံခြင်းအဆင့်ကိုရောက်ဖို့ကသာမန်ပဲမဟုတ်ဘူးလား။”
“ဘာ… ကျွန်မ…”
ထန်ပင်းကချက်ချင်းကြောင်သွားတယ်။သူမရဲ့အေးစက်စက်အမူအရာကပြိုကွဲသွားတယ်။ သူမကနည်းနည်းချစ်ဖို့ကောင်းပြီးနှစ်လိုဖွယ်ကောင်းပုံပေါ်တယ်။ခဏလောက်ကြာတော့မှ သူမက”စီနီယာချီရဲ့ သဘာဝကပေးတဲ့အရည်အချင်းက အရမ်းအံ့ဩဖို့ကောင်းတာပဲ။ ဂျူနီယာညီမလေးကညံ့တာပါ။”
“ဟုတ်ပြီ”
ချီမင်ကခေါင်းညိတ်လိုက်ပြီး”ငါသိပြီ။မင်းနှိမ့်ချဖို့မလိုပါဘူး။ကြိုးစားထား။အနာဂတ်ကျရင်ငါမင်းကို ငါ့ရဲ့အစေခံနေရာထားပေးလို့ရတယ်။”
“ကျွန်မ…”
ထန်ပင်းရဲ့ပါးစပ်ကပွင့်သွားပြီး ပြောစရာစကားမဲ့သွားတယ်။
နောက်တော့မူချင်းက ထိပ်ဆုံးသုံးယောက်ကိုဆုချပေးလိုက်တယ်။ပထမရတဲ့ချီမင်က အဆင့်နိမ့်ဝိဉာဏ်ကျောက်တုံး၁၀၀ အဆင့်နိမ့်ချီသန့်စင်ခြင်းအဆင့် ရတနာ နဲ့နည်းစနစ်တစ်ခုဖြစ်တယ်။
ဒုတိယနေရာကထန်ပင်းဖြစ်တယ်
တတိယကတော့ကျူးယွီတိဖြစ်တယ်။
သူတို့အကုန်သူတို့ဆုတွေကိုလက်ခံလိုက်တယ်။
မူချင်းရဲ့အကြည့်ကချီမင်ကိုဖြတ်သွားပြီး တစ်ခြားလူတွေကိုပြောလိုက်တယ်”အဆင်သင့်ပြင်ထား။တစ်ရက်လောက်နား။မနက်ဖြန် ကောင်းကင်ဘုံလျှို့ဝှက်ဆန်းကြယ်နယ်မြေမှာ ကျင်းပတဲ့တောင်ထိပ်ဆယ့်နှစ်ခုရဲ့အပြင်စည်းဂိုဏ်းစစ်ဆေးပွဲကိုပါဝင်ဖို့ခေါ်သွားမယ်။”
“ဟုတ်”ချီမင်နဲ့ တစ်ခြားလူတွေကသဘောတူကြောင်းပြန်ပြောလိုက်တယ်။
“လူခွဲတော့”မူချင်းသူ့လက်ကိုယမ်းလိုက်တယ်။
အစေခံတပည့်တွေကလူခွဲလိုက်ကြတယ်။သူတို့တွေသူတို့လိုအပ်တာတွေကိုပြင်ဆင်ပြီးထုတ်ပိုးရဦးမယ်။သူတို့တွေတိမ်စိမ်းတောင်ထွဋ်ကိုထားခဲ့ပြီးသေမျိူးကမ္ဘာကိုပြန်ရမှာဖြစ်တယ်။
သေချာတာကတစ်လကြာရင် ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းကတစ်လကြာရင် သူတို့တောင်တံခါးကိုပြန်ဖွင့်လိမ့်မယ်။တောင်ထိပ်ဆယ့်နှစ်ခုကတွေ့ဆုံပြီး သေမျိူးကမ္ဘာကတပည့်ရွေးချယ်လိမ့်မယ်။တစ်ခြားကျင့်ကြံခြင်းမိသားစုတွေကလည်းရွေးချယ်လိမ့်မယ်။
အဲ့ဒီချိန်က အထူးအခမ်းအနားနေ့ပဲဖြစ်တယ်
တပည့်ခေါ်တဲ့အခမ်းအနားကို ကောင်းကင်ဘုံဉာဏ်အလင်းစုဝေးပွဲလို့ခေါ်တယ်
အဲ့ပွဲကိုသုံးနှစ်တစ်ကြိမ်ကျင်းပတယ်။
ဒါပေမယ့် အခုချိန်မှာတော်တဆတစ်ခုဖြစ်သွားတယ်။
ဆွတ်ရှ်စ်! ဆွတ်ရှ်စ်! ဆွတ်ရှ်စ်!
အလင်းတန်းသုံးခုကကောင်းကင်ကိုထိုးခွဲပြီး အာကာပြင်ထဲပေါ်လာတယ်။ကောင်းကင်မှာပျံသန်းနေတဲ့အနည်းဆုံးအခြေခံတည်ဆောက်ခြင်းအဆင့်ရောက်နေတဲ့ပုံရိပ်သုံးခုဖြစ်တယ်။မျက်စိတစ်မှိတ်အတွင်းမှာပဲ သူတို့နေရာကိုဆင်းသက်လာတယ်။
အနီးကပ်မြင်ရတော့သုံးယောက်လုံးကနီရဲနေပြီး အလင်းလိုစူးရှစွာစိုက်ကြည့်လာတယ်။သူတို့ရဲ့အရှိန်အဝါကသာမန်မဟုတ်ပေ။သူတို့တွေကအပြင်စည်းအကြီးအကဲဝတ်စုံကိုဝတ်ထားတယ်။
“မူချင်း.”
“မင်းကိုဖမ်းမိပြီ”
သူတို့သုံးယောက်မြေပြင်ကိုဆင်းသက်ပြီးပြီးချင်း
မူချင်းကိုအလယ်မှာဝိုင်းလိုက်တယ်။သူတို့အရှိန်အဝါကခန္ဓာကိုယ်ကနေထွက်လာတယ်။သူတို့တွေကအခြေခံတည်ဆောက်ခြင်းအဆင့်ကိုဖြတ်ကျော်ပြီးသွားကြပြီ။
“ဘာဖြစ်ကုန်တာလဲ”
“ဘာမှားလို့လဲ”
“ပထမအကြီးအကဲမူကဘာလုပ်ထားလို့လဲ။အဲ့ဒီအပြင်စည်းအကြီးအကဲသုံးယောက်ကသူ့ကိုဖမ်းဖို့လာတာလား။”
“ရှီး…”
လူတိုင်းထိတ်လန့်သွားတယ်။
“ဟားဟားဟား…”
မူချင်းကကျယ်လောင်စွာနဲ့ရယ်လိုက်တယ်။သူက အပြင်စည်းအကြီးအကဲသုံးယောက်ကိုအကြောက်အရွှံ့မရှိကြည့်လိုက်ပြီး အော်လိုက်တယ်”မင်းတို့သုံးယောက် ငါ့ကိုဖြုတ်ချင်တာလား”
“တိုက်!”
ကလန်!
သူတို့ပြောပြီးမကြာခင်ပဲ မူချင်းကသူ့ညာဘက်လက်ကိုယမ်းလိုက်တယ်။အသူရာဓားတစ်ချောင်းကလေထဲကနေထွက်ပေါ်လာတယ်။အဲ့ဓားကချက်ချင်းကို၁၀၈ချောင်းကွဲထွက်သွားပြီး ဓားမိုးအဖြစ်ပြောင်းကာ အပြင်းစည်းဂိုဏ်းအကြီးအကဲသုံးယောက်ကိုဖုံးလွှမ်းသွားတယ်။
“ရဲရဲတောက်နဂါးလှံရိုက်ချက်”
အပြင်စည်းဂိုဏ်းအကြီးအကဲတစ်ယောက်က သူ့ညာလက်ကိုညွှန်ပြလိုက်တယ်။သွေးနီရောင်လှံက မီးတောက်တွေနဲ့ထွက်ပေါ်လာပြီး နဂါးပုံစံပြောင်းကာခုန်အုပ်လိုက်တယ်။
ဘန်း ဘန်းဘန်း!!!
ဓားချီကပေါက်ကွဲပြီး မီးတောက်ပုံစံပျံ့သွားတယ်။ပေါက်ကွဲသံတွေနေရာတိုင်းကထွက်ပေါ်လာတယ်။အရမ်းစွမ်းအားပြင်းတဲ့ရိုက်ချက်က ပတ်ဝန်းကျင်ကိုပျံ့သွားတယ်။ချီမင်နဲ့တစ်ခြားလူတွေကမြန်မြန် ဆုတ်ခွာလိုက်တယ်။
ဆွစ်ရှ်!
အစပိုင်းဖလှယ်ပြီးတော့ မူချင်းကကောင်းကင်ကိုပျံတတ်သွားတယ်။အပြင်စည်းအကြီးအကဲသုံးယောက်ကလည်းသူ့ကိုဖမ်းဖို့လိုက်တက်သွားတယ်။ချီမင်နဲ့တစ်ခြားလူတွေကတိုက်ပွဲကိုရှင်းရှင်းလင်းလင်းထပ်မတွေ့ရတော့ပေ။
သူတို့လည်းမကူညီနိုင်ပေ။
အဓိကကွာခြားချက်ကသူတို့ကြားကခွန်အားကကွာလွန်းအားကြီးတယ်။တပည့်တွေက လှုပ်ရှားဖို့တောင်မလွယ်ကူဘူး။