← Chapters

နတ်မိမယ် ဖန်ရှီး

Vol. 2 Ch. 17

နတ်မိမယ် ဖန်ရှီး

Vol. 2 Ch. 17

ဘုန်း! ဘုန်း! ဘုန်း!

ချီမင်နဲ့တစ်ခြားလူတွေ တိုက်ပွဲသံတွေကိုကြားနေရသေးတယ်။မူချင်းနဲ့ အပြင်စည်းဂိုဏ်း အကြီးအကဲသုံးယောက် ကတိုက်ခိုက်နေရင်း ဒေါသတကြီးဟိန်းဟောက်သံတွေထွက်ပေါ်နေတယ်။လေထဲမှာအလင်းရောင်မျိုးစုံနဲ့ပေါက်ကွဲနေကြတယ်။

“ကြီးမြတ်‌သွေးလစန္ဒာပညာရပ်”

ဘူးဇ်!

ရုတ်တရက်ကြီး ချက်ချင်းကို မူချင်းက အပြင်စည်းဂိုဏ်းအကြီးအကဲ သုံး‌ယောက်ရှိကနေထောင့်စွန်းထိဖိအားပေးခံလိုက်ရတယ်။ရက်စက်ကြမ်းကြုတ်တဲ့အသံတွေထွက်လာတာတောင် သူမရဲ့အသံကစူးရှစွာနဲ့ထွက်လာသေးတယ်။အရမ်းစူးရှပြင်းထန်လွန်းတဲ့သွေးမြူတွေက ထွက်ပေါ်ပျံ့နှ့လာတယ်။

“ဒါက…”

ချီမင်နဲတစ်ခြားလူတွေက လှမ်းကြည့်လိုက်ကြတယ်။

ဘူးဇ်! ဘူးဇ်!

သွေးမြူတွေက တဖြည်းဖြည်းမြင့်တက်လာတယ်။တကယ်တော့သွေးလခြမ်းကမြင့်တက်လာတာဖြစ်တယ်။ထိတ်လန့်ခြောက်ခြားဖွယ်‌ အရှိန်အဝါကထွက်ပေါ်လာပြီး ချီမင်နဲ့တစ်ခြားလူတွေကိုလုံးဝကိုအသက်ရှုမရအောင်လုပ်လိုက်တယ်။

ထိတ်လန့်ဖို့ကောင်းတယ်!

အရမ်းကြောက်ဖို့ကောင်းတယ်။!

“လူအိုကြီးက…”

ချီမင် ကထိတ်လန့်သွားတယ်”သူတကယ့်ကိုနက်နက်နဲနဲဖုံးကွယ်ထားတာပဲ။”

ဒါပေမယ့်ထူးဆန်းတာဖြစ်သွားတယ်။

မူချင်း သူ့ညာဘက်လက်ကိုမြှောက်လိုက်တယ်။နတ်ဆိုးဆန်တဲ့အပြုံးကသူ့ရဲ့အိုမင်းနေတဲ့မျက်နှာမှာပေါ်လာတယ်။ သူကသူ့ညာဘက်လက်ခလယ်ကိုဆန့်ထုတ်လိုက်တယ်။သူ့လက်သည်းတွေက ရှည်လျားပြီးသေးသွယ်နေတာသရဲမတစ်ကောင်လိုပဲ။

ပြီးတော့…

သူ့နဖူးပေါ်ကအရေပြားကိုလက်သည်းရှည်တွေကထိုးဖောက်လိုက်တယ်။အပေါ်ယံလူ့အရေပြားကထိပ်ဆုံးကနေအောက်ထိဖြည်းညင်းစွာနဲ့ခွာချခံလိုက်ရတယ်။ဒီမြင်ကွင်းကထိတ်လန့်ဖွယ်ကောင်းတယ်။

လူတိုင်းထိတ်လန့်သွားတယ်။

လူသားအရေပြားကိုခွာချလဲပြီးတော့ သူ့အရေပြားအောက်နေ ပုံစံအစစ်ကပေါ်လာတယ်။

အဲ့တာက ဘဲဥပုံစံမျက်နှာ ချယ်ရီရောင်နှုတ်ခမ်း နှာတံသွယ်သွယ်နဲ့ကျက်သရေရှိတဲ့ပုံရိပ်နဲ့ရဲရင့်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်တယ်။သူမရဲ့သွေးနီရောင်ဆံနွယ်တွေကဝဲခါကျလာတယ်။ သူမကအရမ်းကိုထူးကဲလှပတဲ့လူနဲ့တူတယ်။

သူမရဲ့ ဖန်သလင်းနဲ့တူတဲ့သွေးနီရောင်မျက်ဝန်းတွေက သလင်း‌ကျောက်လို ကြည်လင်နေပြီး မတူညီတဲ့ညှို့ဓာတ်တစ်မျိုးရှိနေတယ်။သူသေချာလေးဂရုတစိုက်ကြည့်လိုက်တော့ သူမရဲ့မျက်ဝန်းထဲမှာ သွေးနီရောင်ကြာပန်းတစ်ပွင့်ကိုတွေ့နိုင်တယ်။

“မိန်ကလေးလား …”

ချီမင်သူ့ရဲ့ခြေထောက်ကနေခေါင်းထိပ်ထိအေးစိမ့်မှုတစ်ခုဖြတ်ပြေးသွားတယ်။သူမထင်ထားတာက မူချင်းက အသင်္ချေနတ်ဆိုးဂူက အရိုးဖြူတာအိုရှင်ဖြစ်နေမယ်ဆိုတာပဲ။

အမှန်တကယ်က အရိုးဖြူတာအိုရှင်နဲ့ မူချင်းက မိစ္ဆာမရဲ့ အသွင်တုတွေသက်သက်ပဲ။

“သွေးကြာပန်း နတ်ဆိုးမ”

အပြင်စည်းဂိုဏ်းအကြီးအကဲတွေထဲကတစ်ယောက်ကအသံနက်ကြီးနဲ့အော်လိုက်တယ်”အတင့်ရဲလိုက်တာ။ တိမ်စိမ်းဝောာင်ထွဋ်မှာ ဘယ်လိုတောင်ပုန်းနေရဲတာလဲ။ ငါမင်းကိုဒီနေ့ပျောက်ကွယ်သွားအောင်လုပ်ပစ်မယ်။”

“တိုက်!”

“တိမ်စိမ်းသုံးလွှာဖွဲ့စည်းမှု”

သူတို့ပြောပြီးပြီးချင်းပဲ

အပြင်စည်းဂိုဏ်းအကြီးအကဲက သုံးယောက်အစီအရင်တစ်ခုဖွဲ့စည်းလိုက်ပြီး သွေးကြာပန်းနတ်ဆိုးမကိုတိုက်ခိုက်လိုက်တယ်။သူတို့ခင်းကျင်းထားတဲ့ အစီအရင်က အရမ်းကိုစွမ်းအားကြီးတယ်။သူမကလည်းးအရမ်းကိုစွမ်းအားကြီးတယ်။

“သွေးလက ကောင်းကင်မှာပေါ်လာတယ်။ နှစ်ထောင်သွေးကြာပန်း ငါမရှိမှုမှ အသက်ဖြစ်တည်တယ်။”

ဘုန်း! ဘုန်း!

သွေးကြာပန်းနတ်ဆိုးမက ရှည်လျားတဲ့ဟိန်းဟောက်သံတစ်ခုနဲ့ သူမရဲ့ထိတ်လန့်ဖွယ်ကောင်းတဲ့တိုက်ကွက်တစ်ခုကို ထုတ်ဖော်လိုက်တယ်။သွေးလမင်းဖြစ်စဉ်ကနေ သွေးအလင်းတွေတဟုန်ထိုးထိုးတက်လာပြီးသွေးကြာပန်းကကောင်းကင်ကိုဝဲပျံတက်သွားတယ်။

ပြီးတော့ တိမ်စိမ်းသုံးလွှာဖွဲ့စည်းမှုကိုတိုက်ရိုက်ပေါက်ကွဲသွားစေတယ်။

“အား!!!”

အပြင်စည်းဂိုဏ်းအကြီးအကဲသုံးယောက်ကအော်လိုက်တယ်။သူတို့ကိုယ်တွေကနေသွေးတွေထွက်လာတယ်။

“ဒါက… ဒါက…”

“အပြင်စည်းဂိုဏ်းအကြီးအကဲသုံးယောက်ပေါင်းတောင်သူမရဲ့ပြိုင်ဘက်မဟုတ်ဘူး။”

“ဟူး…”

“အရမ်းစွမ်းအားကြီးတာပဲ”

လူတိုင်း အံ့ဩသွားတယ်။

“အရမ်းသန်မာတယ်”

ချီမင်အရမ်းအံ့ဩသွားတယ်။

“ဟီးဟီး”

သွေးကြာပန်းနတ်ဆိုးမကပြုံးလိုက်ပြီးမောက်မာစွာနဲ့ပြောလိုက်တယ်”ဒါက ရှင်တို့ရဲ့ခွန်အားလား။ရှင်တို့အားကနည်းလှချည်လား။ဒါနဲ့များ ကျွန်မကိုသေစေချင်နေသေးတယ်။ရှင်တို့နဲ့ထပ်မကစားတော့ဘူး။”

ပြောပြီးတော့ သွေးကြာပန်းနတ်ဆိုးမကလွတ်မြောက်ဖို့ပြင်လိုက်တယ်။

“ဒီရောက်နေပြီပဲ။ထွက်မသွားနဲ့တော့။”

အဲ့ဒီခဏမှာ ကောင်းကင်ကနေ အေးဆေးညင်သာတဲ့အသံတစ်ခုဖြစ်လာတယ်။နားထောင်ရတာအရမ်းကိုအေးချမ်းပေတယ်။တောင်ထိပ်ကနေ ရေစီးကျလာတဲ့အသံနဲ့တူတယ်။အဲ့အသံကနားအတွက်အရမ်းရှင်းလင်းပြီးသက်တောင့်သက်သာဖြစ်တယ်။အသံပိုင်ရှင်က ဘယ်လိုမသေမျိုးအင်မော်တယ်လဲဆိုတာသိချင်သွားစေတယ်။

“အဖြူရောင် မီးလျှံဖီးနစ် လာခဲ့”

ဘူး!

သန့်စင်တဲ့အဖြူရောင်မီးတောက်တွေကလေထဲကနေပေါ်လာတယ်။နေရာလွတ်တောင်လောင်ကျွမ်းခံလိုက်ရပြီး အဖြူရောင်မီးလျှံဖီးနစ်က ရစ်ပတ်ထွက်ပေါ်လာတယ်။သူကအတောင်ပံတွေကိုဖြန့်လိုက်ပြီး အမြင့်ကနေပျံသန်းလာရင်းကြီးမားတဲ့ဖိအားကိုထုတ်လွှတ်လိုက်တယ်။

…

သန့်စင်တဲ့အဖြူရောင်မီးလျှံဖီးနစ်က သူ့အတောင်ပံတွေခတ်လိုက်ပြီး သွေးကြာပန်းနတ်ဆိုးမကိုတိုက်ခိုက်လိုက်တယ်။

“ရှင်!!!”

သွေးကြာပန်းနတ်ဆိုးမက အရမ်းထိတ်လန့်သွားတယ်။သူမရဲ့ခွန်အားအကုန်ကိုသုံးလိုက်ပေမယ့် အဖြူရောင်ဖီနစ်မီးလျှံက သွေးလဝန်းနဲ့သွေးကြာပန်းတွေကိုလုံးဝလောင်ကျွမ်းသွားစေတယ်။

ကွာခြားချက်ကကြီးလွန်းတယ်။

“အား!!!” သွေးကြာပန်းနတ်ဆိုးမကအော်လိုက်တယ်။

“ဒါက…” လူတိုင်းထိတ်လန့်သွားတယ်။

သိထားရမှာက အကြီးအကဲ သုံးယောက်ပေါင်းတိုက်တာတောင်သွေးကြာပန်းနတ်ဆိုးမကလွယ်လွယ်နဲ့နိုင်သွားတာ။သူမကအခုအဖြူရောင်ဖီးနစ်မီးလျှံနည်းစနစ်တစ်ခုတည်းနဲ့ချေမှုန်းခံလိုက်ရတယ်။

ဒီလိုသက်ရောက်မှုမျိုးကိုမြင်တော့ လူတိုင်းတကယ့်ကိုထိတ်လန့်သွားတယ်။

သန့်စင်တဲ့အဖြူရောင်ဖီးနစ်ကပျောက်ကွယ်သွားတယ်။

သွေးကြာပန်းနတ်‌ဆိုးမကမြေပြင်ပေါ်ပြုတ်ကျသွားတယ်။သူမကဆိုးဆိုးရွားရွားဒဏ်ရာရသွားတယ်။တစ်ချက်တည်းနဲ့သွေးကြာပန်းနတ်ဆိုးမကိုသေခါနီးအခြေအနေထိရောက်သွားစေပြီးခုခံနိုင်စွမ်းကိုဆုံးရှုံးသွားစေတယ်။

ဝုန်း!

အသံပိုင်ရှင်ကပေါ်လာ တယ်။

ဒါပေမယ့်…

သူ့တစ်ကိုယ်လုံးကို အဖြေူရောင်တိမ်တိုက်မြူနှင်းတွေဝန်းရံထားတယ်။ချီမင် နတ်မိမယ်ဖန်ရှီးရဲ့ပုံစံကိုအကုန်မမြင်ရပေ။သူမရဲ့ပုံရိပ်တောင်အရမ်းကိုဝေဝါးနေတယ်။

အဲ့ပုံရိပ်ကလျှို့ဝှက်ဆန်းကြယ်မှုတွေပြည့်နေတယ်။

“နတ်မိမယ်ဖန်ရှီးကိုနှုတ်ဆက်လိုက်ကြ”

အပြင်စည်းဂိုဏ်းအကြီးအကဲသုံးယောက်က မြေပြင်ပေါ်ဒူးထောက်ပြီး ဦးညွှတ်အရိုအသေပေးလိုက်ကြတယ်။သူတို့အသံကလေးစား‌မှုတွေပြည့်နေပြီးစိတ်အားထက်သန်လွန်းနေတယ်။ကြည့်ရတာ နတ်မိမယ်

ဖန်ရှီးရဲ့နောက်ခံကအရမ်းထူးခြားလွန်းတယ်။

“ဟုတ်ပါပြီ။”

နတ်မိမယ်ဖန်ရှီးကခေါင်းညိတ်လိုက်တယ်။သူမက ဒဏ်ရာအပြင်းအထန်ရထားပြီးသေတော့မယ်သွေးကြာပန်းနတ်ဆိုးမကိုကြည့်လိုက်တယ်။သူမရဲ့အကြည့်ကပြောင်းလဲမှုမရှိဘဲငြိမ်သက်နေတယ်။”သွေးကြာပန်းနတ်ဆိုးမက နတ်ဆိုးတာအိုဆယ်သုံးမျိုးဖြစ်တဲ့ စိတ်ခံစားချက်ခုနှစ်မျိုးနဲ့ လိုအင်ဆန္ဒ ခြောက်မျိုးကိုကျင့်ကြံ့တဲ့အသင်္ချေနတ်ဆိုးဂူက အချစ်နတ်ဆိုးတာအိုကိုကျင့်ကြံတာဖြစ်တယ်။

“ဟီးဟီး”

သွေးကြာပန်းနတ်ဆိုးမက သူမခေါင်းကိုမြှောက်လိုက်ပြီးအကြောက်အရွံ့နည်းနည်းမှမရှိဘဲကြည့်လာတယ်။အဲ့ဒီအစားတခစ်ခစ်ရယ်ရင်းပြောလိုက်တယ်”ငါမမျှော်လင့်ထားတကနတ်မိမယ်ဖန်ရှီးကိုကိုယ်တိုင်လှုပ်ရှားစေလိမ့်မယ်လို့”

ဘူးဇ်! ဘူး! ဘူးဇ်!

ချက်ချင်းကိုနောက်ထပ်ပုံရိပ်သုံးခုပေါ်လာတယ်။

အဲ့ဒါအပြင်…

အဲ့ပုံရိပ်သုံးခုကလည်းမြူတွေနဲ့ဖုံးလွှမ်းထားတယ်။သူတို့ကိုရှင်းရှင်းလင်းလင်းမြင်ဖို့ကမဖြစ်နိုင်ပေ။ဒါပေမယ့်သူတို့ ချီစွမ်းအင်နည်းနည်းကိုထုတ်လွှတ်ထားတယ်။သူတို့ကနတ်သမီးဖန်ရှီးနဲ့အဆင့်တူတဲ့ဖြစ်တည်မှုတွေဖြစ်တယ်။

“နတ်မိမယ်ဖန်ရှီး ငါတို့မင်းကို လှုပ်ရှားစေရလိမ့်မယ်လို့မထင်ထားဘူး။”

“ဒီသွေးကြာပန်းနတ်ဆိုးမက သေဖို့ထိုက်တန်တယ်။”

“သူမကိုမသေစေနဲ့ဦး။ငါတို့သူမကိုမေးရဦးမယ်။”

ပုံရိပ်သုံးခုကပြောလိုက်တယ်။

“နောက်ကျသွားပြီ။သူမကသေဖို့သေချာနေပြီ။”

ဒါပေမယ့်နတ်မိမယ်ဖန်ရှီးကပြောလိုက်တယ်”သန့်စင်တဲ့အ‌ဖြူရောင်ဖီးနစ်မီးလျှံက သူ့ကိုယ်ထဲ ဝင်ပြီးသွားပြီ။သူအခြေတည်ဝိဉာဏ်အဆင့်ရောက်ရင်တောင်မလွတ်တော့ဘူး။သူကလည်းအခြေတည်ဝိဉာဏ်အဆင့်မှာမဟုတ်ဘူးလေ။”

“အချိန်ကျပြီ”

နတ်မိမယ် ဖန်ရှီးကပြောလိုက်တယ်။

“အား!!!”

သွေးကြာပန်းနတ်ဆိုးမကသွေးပျက်ဖွယ်အော်လာတယ်။သန့်စင်တဲ့အ‌ဖြူရောင်မီးတောက်တွေက သူ့တစ်ကိုယ်လုံးကိုဖုံးအုပ်ပြီးလောင်ကျွမ်းသွားတယ်။

လူတိုင်းရဲ့အကြည့်အောက်မှာ သွေးကြာပန်းနတ်ဆိုးမကလောင်ကျွမ်းပြာကျသွားတယ်။

သူမရဲ့ပြာတွေကလေနဲ့လွင့်ပါသွားတယ်။

“ဒါက…”

“နတ်မိမယ်ဖန်ရှီးဆိုတဲ့အတိုင်းပဲ။”

“သူမက သန့်စင်တဲ့အဖြူရောင်ဖီးနစ်မီးလျှံကိုဒီလောက်ထိတောင်ကျင့်ကြံပြီးပြီ။”

သူတို့သုံးယောက်ကတစ်ယောက်ကိုတစ်ယောက်ကြည့်ပြီးထိတ်လန့်သွားတယ်။

အဲ့လိုနဲ့ပဲ…

ပြဿနာကိုဖြေရှင်းပြီးသွားတယ်။

ချီမင်နဲ့တစ်ခြားလူတွေက ကျွမ်းကျင်သူတွေနဲ့ တိမ်စိမ်းတောင်ထွဋ်ရဲ့ အမြင့်ပိုင်းအဆင့်ကလူတွေရဲ့တိုက်ပွဲကိုမျက်မြင်ကိုယ်တွေ့ တွေ့လိုက်ရတယ်။အဲ့တာကအရမ်းကိုကြောက်ဖို့ကောင်းပြီး တောင်တွေကိုလှန် ပင်လယ်တွေကို ခွဲနိုင်လောက်တယ်။

အရမ်းကိုထိတ်လန့်ဖို့ကောင်းတယ်။

“မနက်ဖြန်ကျရင်အကြီးအကဲ အသစ်တစ်ယောက်ရောက်မယ်။မင်းတို့အကုန်သွားလို့ရပြီ။”

အပြင်စည်းဂိုဏ်းအကြီးအကဲသုံးယောက်ထဲကတစ်ယောက်က ချီမင်နဲ့တစ်ခြားလူတွေမသွားခင်ပြောလိုက်တယ်။နတ်မိမယ်ဖန်ရှီးနဲ့တစ်ခြားလူတွေကတော့ပျောက်ကွယ်သွားတာကြာပြီဖြစ်တယ်။

ဘာတွေဆက်ဖြစ်မလဲဆိုတာ ချီမင်လည်းမသိတော့ဘူး။

ဒါပေမယ့်ချီမင်နည်းနည်းမလွယ်ကူဘူးလို့ခံစားနေရတယ်။

ရိုးရိုးသားသာပြောရရင် သွေးကြာပန်းနတ်ဆိုးမသေတာမြန်လွန်းပြီး အစစ်မဟုတ်ဘူးလို့ခံစားရတယ်။ဒါပေမယ့်သွေးကြာပန်းနတ်ဆိုးမကနတ်မိမယ်ဖန်ရှီးလက်ထဲမှာသေသွားတာ။တစ်ခုခုမှားနေတာဆို နတ်မိမယ်ဖန်ရှီးနဲ့ပတ်သက်ပြီး ပြဿနာတစ်ခုခုရှိနေတာလား။”

ဒါကမဖြစ်နိုင်ပါဘူး။

“ငါအခုဒါတွေဘာလို့စဉ်းစားနေတာလဲ။”

ချီမင်သူ့ခေါင်းကိုခါလိုက်ပြီး”အခုမူချင်းလည်းမရှိတော့ဘူး။ငါ့အတွက်ပိုလွယ်ကူသွားပြီ။ အခုပုံမှန်လေးကျင့်ကြံဖို့ပဲလိုတော့တယ်။”

နောက်တော့ချီမင်ပြေစာကိုယူလိုက်ပြီး ပန်စန်းရှိကအဆင့်နိမ့်ဝိဉာဏ်ကျောက်တုံး၁၅၀၀ကိုယူလိုက်တယ်။သူကအဆင့်နိမ့်ချီသန့်စင်ခြင်း ရတနာနဲ့နည်းစနစ်ကို ပန်စန်းကိုအဆင့်နိမ့်ဝိဉာဏ်ကျောက်တုံး၁၅၀နဲ့ရောင်းခိုင်းလိုက်တယ်။

ဒီနည်းနဲ့…

ချီမင်လက်ထဲမှာအဆင့်နိမ့်ဝိဉာဏ်ကျောက်တုံး၁၇၅၀ရှိလာတယ်။

“ဂျူနီယာညီလေးချီ”

ပန်စန်းကပြုံးပြီးပြောလိုက်တယ်”စီနီယာအစ်ကိုကြီးငါ ကြားလိုက်တာအရင်ရက်နည်းနည်းလောက်က ပထမအကြီးအကဲမူကမင်းကိုသီးသန့်ခေါ်တွေ့တယ်ဆို။ မင်းနောက်ကျရင်ခေါ်စစ်ခံရလိမ့်မယ်။”

“ဘာလို့ငါ့ကိုအဲ့လိုလုပ်တာတုန်း”

ချီမင်ကဒေါသထွက်ထွက်နဲ့ပြောလိုက်တယ်”ငါကသာမန်အစေခံတပည့်တစ်ယောက်ကို။ငါကဘာမှမသိသလို ဘာနဲ့မှလည်းမဆက်သွယ်ဖူးဘူး။လျှောက်မပြောပါနဲ့ ဟုတ်ပြီလား။”

“ဟုတ်ပါတယ်”

ပန်စန်းကပခုံးတွန့်ပြီး လောင်းကစားချစ်ပြားကိုယူပြီး လှည့်ထွက်သွားတယ်”မှန်ပါတယ် ဂျူနီယာညီလေးချီ မင်းရဲ့စီနီယာအစ်ကိုတစ်ယောက်အနေနဲ့သတိပေးတာပါ။မင်းသာလွယ်လွယ်နဲ့ထိန်းချုပ်မခံချင်ဘူးဆိုမင်းကလုံလောက်တဲ့တန်ဖိုးကိုပြရမယ်။မဟုတ်ရင် ဘယ်သူမဆိုမင်းကိုအနိုင်ကျင့်လာလိမ့်မယ်။”

“ဘာကိုဆိုလိုတာလဲ”ချီမင်မေးလိုက်တယ်။

“ငါဘာကိုဆိုလိုတာလဲ။မင်းကိုနောက်ခံ‌ရှာခိုင်းတာ။မေးစရာလိုသေးလို့လား။ငါထင်တာမင်းရဲ့အရည်အချင်းကမဆိုးပါဘူး။ငါမင်းနဲ့မိတ်ဆွေလုပ်ချင်လို့ပြောတာပဲ။”

ပန်စန်းသူ့လက်ကိုယမ်းလိုက်ပြီး”ငါသွားပြီ။”

ချီမင်ကပန်စန်းထွက်သွားတာကိုတိတ်တဆိတ်ကြည့်လိုက်ပြီး သူ့ဘာသာသူတွေးလိုက်တယ်”နောက်ခံရှာရမယ်။”

All Chapters