မင်းအသစ်တစ်ခုခုကြိုးစားလို့မရဘူးလား။
Vol. 2 Ch. 18
ပန်စန်းရဲ့စကားလုံးတွေကတစ်ကယ်ကြင်နာတဲ့အသိပေးစကားတွေဖြစ်တယ်။ဒါပေမဲ့ချီမင့်ရဲ့အခြေအနေကတစ်ခြားသူ တွေနဲ့ကွာခြားတယ်။ဒါ့အပြင်ကျောထောက်နောက်ခံရှာရတာသိပ်မရိုးရှင်းဘူး။
တစ်ကယ်တော့ပန်စန်းရဲ့စကားလုံးတွေနောက်က
အဓိပ္ပာယ်ကချီမင်လာမယ့်အပြင်စည်းဂိုဏ်းစစ်ဆေးပွဲမှာထူးချွန်တဲ့ခွန်အားနဲ့အရည်အချင်းတွေကိုပြသပြီးတော့ဂိုဏ်းအကြီးအကဲတွေကသူ့ကိုတပည့်အဖြစ်ခေါ်ဖို့စိတ်ကူးရှိဖို့သူမျှော်လင့်တယ်။အဲ့ဒီလိုမှသူ့အတွက်ဂိုဏ်းထဲမှာနောက်ခံရှိလာမှာလေ။
ဒါပေမဲ့မူချင်းကသေသွားပြီလေ။ချီမင်ကနောက်လာမယ့်အပြင်စည်းဂိုဏ်းစစ်ဆေးပွဲမှာဝင်မပြိုင်ချင်တော့ဘူး။သူကဂိုဏ်းထဲမှာနေပြီးတော့သာမန်အပြင်စည်းတပည့်အဖြစ်တိတ်တိတ်လေးကျင့်ကြံချင်တာ။
တစ်ခြားအရာတွေကိုတော့သူရှောင်လို့ရရင်ရှောင်ချင်တာပေါ့။
အလိုလျောက်ကျင့်ကြံချင်းစနစ်ထက်သက်သာတာဘာရှိလို့လဲ။
ဘာမှမရှိဘူး လေ။
နေ့လည်မှာချီမင်သူ့ရဲ့အခန်းကိုပြန်လာခဲ့တယ်။
“အဆင့်နိမ့်ဝိဉာဏ်ကျောက်တုံး၁၇၀၀သွင်းပြီးတော့သူတို့ကိုတိမ်စိမ်းချီသန့်စင်ခြင်းပညာရပ်ကိုကျင့်ကြံဖို့သုံးမယ်။”
ချီမင်ပြောလိုက်တယ်,”ညစ်နွမ်းရွံနွံမြေအောက်ခန်းကိုဝင်မယ်။”
ညနေခင်းလောက်မှာတိမ်စိမ်းတောင်ထိပ်က’မူချင်း’နဲ့’သွေးကြာပန်းနတ်ဆိုးမ’အကြောင်းကိုလုံဝစုံစမ်းစစ်ဆေးပြီးတော့အစေခံတန်းလျာမှာဒီအဖြစ်အပျက်တစ်ခုလုံးအကြောင်းကိုဖြန့်လိုက်တယ်။
ပထမအနေနဲ့သွေးကြာပန်းနတ်ဆိုးမကအသင်္ချေနတ်ဆိုးဂူရဲ့နတ်ဆိုးတာအို၁၃ခုထဲကအချစ်နတ်ဆိုးတာအိုကိုကျင့်ကြံတဲ့နတ်ဆိုးမတစ်ကောင်ပဲ။သူမရဲ့ကျင့်ကြံခြင်းအဆင့်ကအလွန်ထူးခြားပြီးတော့အမြုတေဖွဲ့စည်းခြင်းနှောင်းပိုင်းအဆင့်ကိုရောက်နေပြီးသားပဲဖြစ်တယ်။
ထပ်လောင်းထည့်ပြောရမယ်ဆိုရင်မူချင်းကလွန်ခဲ့တဲ့၁၀နှစ်ကတည်းကသေသွားပြီ။သူကသွေးကြာပန်းနတ်ဆိုးမရဲ့လက်ထဲမှာသေသွားတယ်။သူ့ရဲ့အလောင်းကိုမဖျက်စီးခင်သူ့ရဲ့အရေခွံတွေအနွာခံလိုက်ရပြီးရုပ်ဖျက်ပစ္စည်းအဖြစ်သန့်စင်ခြင်းခံလိုက်ရတယ်။
သွေးကြာပန်းနတ်ဆိုးမကမူချင်းအဖြစ်၁၀နှစ်တိုင်တိုင်အယောင်ဆောင်လာခဲ့တယ်။
ချီမင်ကြောင့်မဟုတ်ဘူးဆိုရင်သွေးကြာပန်း
နတ်ဆိုးမကဆက်ပြီးတော့ပုန်းနေဦးမှာလို့တောင်ပြောလို့ရတယ်။
အဆင့်Dအစေခံတန်းလျားကိုအသားဖြူတဲ့ကလေး လေးတစ်ယောက်ရောက်လာတယ်။သူကချီမင့်ရဲ့အခန်းအပြင်ဘက်မှာရပ်လိုက်ပြီးတော့ဘာအမူအရာမှမရှိဘဲနဲ့ပြောလိုက်တယ်”’ဆရာသခင်ကမင်းကိုငါနဲ့လိုက်လာစေချင်တယ်။”
“မင်းက”ချီမင်မျက်မှောင်ကျုံလိုက်တယ်။
ကလေး လေးကပြန်ပြောလိုက်တယ်”ကျွန်တော့်ဆရာကတိမ်စိမ်းတောင်ထိပ်ရဲ့ပထမအကြီးအကဲအသစ်ပဲ။မင်းဟိုရောက်ရင်သိလိမ့်မယ်။အချိန်မဖြုန်းနဲ့ငါနဲ့လိုက်ခဲ့။”
“ကောင်းပြီလေ။”ချီမင်ကခေါင်းမညိတ်ခင်ခဏလောက်တွေးပြီးတော့ကလေးနဲ့လိုက်သွားလိုက်တယ်။ယဲ့တျန်းနဲ့တစ်ခြားသူ တွေကကြည့်နေပေမဲ့သူတို့ဘာမှမပြောရဲကြဘူး။
ပတ်ဝန်းကျင်မှာရှိတဲ့အစေခံတပည့်တွေကလှမ်းကြည့်လိုက်တယ်။
“ချီမင်ကထပ်အခေါ်ခံရပြန်ပြီ။”
“ငါကြားတာတော့အဲ့တာကအစေခံတန်းလျားရဲ့ပထမအကြီးအကဲသစ်ခေါ်ထားတာလို့ကြားတယ်။”
“သူတို့လာတာအရမ်းမြန်တာပဲ။”
“ဒါပေါ့ဘာကြောင့်လဲဆိုတော့မနက်ဖြန်ကအပြင်စည်းဂိုဏ်းစစ်ဆေးပွဲလေ။”
အစေခံတပည့်တွေကတိုးတိုးလေးပြောလိုက်တယ်။
နာရီဝက်အကြာမှာချီမင်က ကလေးလေးနဲ့သူတို့သွားရမဲ့နေရာကိုရောက်လာတယ်။အဲ့တာကမူချင်းရဲ့ခြံဝန်းပဲ။အဲ့ဒီမှာအစေခံအနည်းငယ်ကသန့်ရှင်းနေကြတယ်။အခုတော့အဲ့ဒီခြံကအစေခံတန်းလျားရဲ့ပထမအကြီးအကဲအသစ်ရဲ့ခြံဝန်းဖြစ်သွားပြီ။
“ဝင်လာခဲ့ပါ။”ကလေးလေးကလက်ဟန်ခြေဟန်ပြလိုက်တယ်။
ချီမင်ခေါင်းညှိတ်လိုက်တယ်။ဘယ်လိုပဲဖြစ်ဖြစ်သူကဒီနေရာကိုတစ်ခေါက်ရောက်ဖူးတယ်လေ။အဲ့ဒီတော့သူကဒီနေရာနဲ့နည်းနည်းရင်းနှီးတယ်လေ။သူဧည့်ခန်းကိုရောက်တဲ့အခါမှာသူကအစေခံတန်းလျာရဲ့ပထမအကြီးအကဲအသစ်ကိုတွေ့လိုက်တယ်။
ဒါပေမဲ့ဧည့်ခန်းထဲမှာအဲ့ဒီအစေခံတန်းလျာပထမအကြီးအကဲသစ်ကချီမင်ကိုနောက်ကျောပေးရပ်နေတယ်။ချီမင်ကသူ့ကိုစတွေ့တုန်းကလူအိုကြီးလို့ထင်လိုက်တယ်။ဒါပေမဲ့သူကအသက်လတ်ပိုင်းအမျိုးသားတစ်ယောက်ဖြစ်နေတယ်။
အဲ့ဒီအချိန်မှာအစေခံတန်းလျာရဲ့ပထမအကြီးအကဲသစ်ကနွေဦး၊နွေနဲ့ဆောင်းဦး၊မိုးပန်းချီကား တွေကိုကြည့်နေတယ်။သူကအဲ့တာတွေကိုအရမ်းစိတ်ဝင်စားနေပြီးတော့ချီမင်ရောက်လာတာကိုတောင်သတိထားမိပုံမပေါ်ဘူး။
ချီမင်ကနေရာမှာပဲရပ်နေပြီးတော့မလှုပ်ဘဲနဲ့သူ့ကိုမလှုပ်လည်းမလှုပ်သလိုမနှောင့်ယှက်ဘဲနေလိုက်တယ်။
အချိန်တွေကုန်သွားခဲ့တယ်။
နာရီဝက်ကြာပြီးတော့။
“မဆိုးပါဘူး။”
အစေခံတန်းလျာရဲ့ပထမအကြီးအကဲသစ်ကခေါင်းညှိတ်လိုက်ပြီးတော့လှည့်လာပြီးချီမင်ကိုကြည့်လိုက်တယ်။သူ့ရဲ့လေသံကအနည်းငယ်ချီးကျူးလျက်ပြောလိုက်တယ်။”မင်းရဲ့စိတ်နေစိတ်ထားကမဆိုးဘူးပဲ။မင်းရဲ့တည်ငြိမ်မှုကိုထိန်းထားနိုင်တာပဲ။”
“ထိုင်”အကြီးအကဲအသစ်ကသူ့ရဲ့လက်မြှောက်လိုက်တယ်။
“ကျေးဇူးတင်ပါတယ်။ပထမအကြီးအကဲ။”ချီမင်ကပြန်နှုတ်ခွန်းဆက်လိုက်ပြီးတော့သူ့ဘေးနားမှာထိုင်လိုက်တယ်။
“ငါ့ကိုအကြီးအကဲဖုန်းလို့ပဲခေါ်။”အစေခံတန်းလျားပထမအကြီးအကဲသစ်ကပြောလိုက်ဆယ်။
“ဟုတ်။အကြီးအကဲဖုန်း။”ချီမင်ပြန်ဖြေလိုက်တယ်။
အကြီးအကဲဖုန်းကချီမင်ကိုအကြိမ်အနည်းငယ်စမ်းသပ်လိုက်ပြီးတော့ပြောလိုက်တယ်။”ငါမင်းကိုဒီအချိန်ခေါ်လိုက်ရတဲ့အဓိကအကြောင်းအရင်းကတော့မင်းကိုမေးစရာအနည်းငယ်ရှိလို့။သိပ်ပြီးတော့စိတ်မလှုပ်ရှားပါနဲ့။”
ချီမင်ခေါင်းညိတ်လိုက်တယ်။”အကြီးအကဲဖုန်းမေးပါ။ကျွန်တော်တစ်ခုခုမဖုန်းကွယ်ဝံ့ပါဘူး။”
အကြီးအကဲဖုန်းပြုံးပြီးတော့မေးလိုက်တယ်။”ရှေ့ရက်တုန်းကသွေးကြာပန်းနတ်ဆိုးမကမူချင်းအဖြစ်ဟန်ဆောင်ပြီးတော့မင်းကိုတစ်ယောက်တည်းခေါ်တွေ့တယ်ဆို။သူမကမင်းကိုဘာတွေပြောခဲ့လဲ။အစကနေအဆုံးအထိကိုအတိအကျပြော။”
ချီမင်ပြန်ဖြေလိုက်တယ်။”ကျွန်တော်ကကသွေးကြာပန်းနတ်ဆိုးမဆီကရှေ့ရက်တွေတုန်းကဘာ့ကြောင့်အခေါ်ခံလိုက်ရတာလဲဆိုတော့ကျွန်တော်ကတိမ်စိမ်းတောင်ထိဋ်မှာနတ်ဆိုးဂိုဏ်းရဲ့သူလျှိုတွေကိုရှာတွေ့ခဲ့လို့။သူမကကျွန်တော့်ရဲ့ကျင့်ကြံမှုအဆင့်ကချီသန့်စင်ခြင်းအဆင့်ငါးရောက်သွားပြီဆိုတာကိုတွေ့တဲ့အခါမှာသူမကကျွန်တော်အပြင်စည်းပြိုင်ပွဲကိုဝင်ပြိုင်ပြီးတော့တိမ်စိမ်းတောင်ထိပ်ရဲ့နာမည်ကိုချန်ပြီး တော့အဖတ်ပြန်ဆည်ဖို့မျှော်လင့်ထားတယ်။”
“ဒါပေမဲ့ကျွန်တော်ကနှိမ့်နှိမ့်ချချနေရတာကိုသဘောကျပြီးတော့တိတ်တဆိတ်ကျင့်ကြံဖို့ကိုပိုလိုလားတယ်။ကျွန်တော်အသေးအဖွဲကိစ္စလေးတွေကိုဝင်မပါချင်ဘူး။အာ့တာကြောင့်မို့နတ်ဆိုးဂိုဏ်းရဲ့နတ်ဆိုးမကကျွန်တော်ဝင်မပြိုင်ဘူးဆိုရင်သူလျှိုအဖြစ်သတ်မှတ်လိုက်မယ်လို့ခြိမ်းခြောက်ခဲ့တယ်။ထပ်ပြီးတော့သူမကကျွန်တော့်ကိုအဆင့်နိမ့်ဝိဉာဏ်ကျောက်တုံး၁၀၀၀နဲ့လှုပ်ရှားမှုပညာရပ်တစ်ခုဖြစ်တဲ့စိတ်ဝိညာဏ်လှည့်ဖြားရေးကိုးဆင့်ခြေလှမ်းကိုပေးခဲ့တယ်။”
“ကျွန်တော့်မှာအပြင်စည်းစစ်ဆေးပွဲကိုဝင်ပြိုင်ဖို့ကလွဲပြီးရွေးချယ်စရာမရှိခဲ့ဘူး။”
“မင်းကချီသန့်စင်ခြင်းအဆင့်ငါးကိုရောက်နေပြီ။”
အကြီးအကဲဖုန်းအနည်းငယ်အံ့ဩသွားတယ်။
“ကျွန်တော်မလိမ်ရဲပါဘူး။”ချီမင်ပြောလိုက်တယ်။
“စိတ်ဝိညာဏ်လှည့်ဖြားရေးကိုးဆင့်ခြေလှမ်းကို လေ့ကျင့်တာဘယ်လိုအခြေအနေရှိပြီလဲ။”အကြီးအကဲဖုန်းထပ်မေးလိုက်တယ်။
“မဆိုးပါဘူး။”ချီမင်ပြောလိုက်တယ်။”ကျွန်တော်ထူးချွန်အဆင့်ကိုရောက်သွားပြီ။”
အကြီးအကဲဖုန်းကထပ်ပြီးအံဩသွားတယ်။သူကချီမင်ကိုအကြိမ်အနည်းငယ်ဂရုတစိုက်ကြည့်လိုက်တယ်။”မင်းကစိတ်ဝိညာဏ်လှည့်ဖြားရေးကိုးဆင့်ခြေလှမ်းကိုရတာရက်အနည်းငယ်ပဲရှိသေးတယ်။ဒါပေမဲ့မင်းကထူးချွန်အဆင့်ကိုရောက်သွားပြီ။”
ချီမင်ခေါင်းညိတ်လိုက်တယ်
“ပြစမ်းပါဦး။”အကြီးအကဲဖုန်းအလေးအနက်ပြောလိုက်တယ်။
ဆွတ်စ်! ဆွစ်! ဆွစ်!
သူပြောပြီးပြီးချင်းမှာပဲချီမင်ကစိတ်ဝိဉာဏ်လှည့်ဖြားရေးကိုးဆင့်ခြေလှမ်းကိုသုံးလိုက်တယ်။သူ့ရဲ့ပုံစံကပုံရိပ်ယောင်အထပ်ထပ်အတိုင်းလျင်မြန်ဖျတ်လတ်နေတယ်။ခြေကိုးလှမ်းလှမ်းပြီးတဲ့နောက်မှာသူကဧည့်ခန်းထဲမှာအရှေ့နဲ့အနောက်ကိုအသာအယာလမ်းလျှောက်လိုက်တယ်။
“မင်းကတကယ်ပဲထူးချွန်အဆင့်ကိုတတ် မြောက်နေပြီပဲ။”
အကြီးအကဲဖုန်းကတစ်ကယ့်ကိုအံ့ဩသွားတယ်။”ငါမင်းလိုပါရမီရှင်တစ်ယောက်အစေခံတပည့်တန်းလျာမှာပုန်းကွယ်နေမယ်လို့မထင်ခဲ့ဘူး။မင်းကိုအခုမှပဲရှာတွေ့တယ်။ဒါ့အပြင်ဒါကိုပထမဆုံးရှာတွေ့ခဲ့တဲ့သူကနတ်ဆိုးဂိုဏ်းကနတ်ဆိုးမဖြစ်နေတယ်။”
“ကောင်းကင်ဘုံဉာဏ်အလင်းအစည်းအရုံးကအမှိုက်တစ်စုကပါရမီရှင်တစ်ယောက်ကိုလွဲချော်ခဲ့တယ်။သူတို့ကတစ်ကယ့်ကိုအသုံးမကျတဲ့အမှိုက်တစ်စုပဲ။”
ချီမင်ကသူ့ရဲ့ခေါင်းကိုငုံ့နေခဲ့ပြီးတော့စကားမပြောရဲဘူး။
အကြီးအကဲဖုန်းရဲ့သရုပ်မှန်ကမရိုးရှင်းနိုင်ဘူး။
ကောင်းကင်ဘုံဉာဏ်အလင်းအစည်းအရုံးကိုဝင်နိုင်တဲ့သူတွေအကုန်လုံးကအကြီးအကဲတွေကြီးပဲ။ပြီးတော့အကြီးအကဲဖုန်းကအစေခံတန်းလျာရဲ့ပထမအကြီးအကဲသာသာပဲလေ။အဓိပ္ပာယ်ရှိရှိပြောရမယ်ဆိုရင်အဲ့ဒီအကြီးအကဲတွေကိုသူဘယ်လိုလုပ်မကောင်းကြောင်းပြောရဲမှာလဲ။အဲ့ဒီအကြီးအကဲတွေမတော်တဆကြားသွားရင်အကြီးအကဲဖုန်းကိုသူတို့ပြဿနာရှာလိမ့်မယ်။
ဆိုလိုတာကအကြီးအကဲဖုန်းကအဲ့ဒီအကြီးအကဲတွေကိုလုံးဝမကြောက်တဲ့သဘောပဲ။သူ့အဆင့်အတန်းနဲ့ကျင့်ကြံမှုကအဲ့ဒီအကြီးအကဲတွေထက်တောင်မြင့်ရင်မြင့်ဦးမယ်။
သူကလုံးဝမရိုးရှင်းဘူး။
“အဟွတ် အဟွတ်”
အကြီးအကဲဖုန်းကအသာလေးချောင်းဆိုးလိုက်ပြီးတော့သူပါးစပ်ချော်သွားတယ်ဆိုတာကိုသဘောပေါက်လိုက်တယ်။သူပြောလိုက်တယ်”ချီမင်စိတ်ဝိညာဏ်လှည့်ဖြားရေးကိုးဆင့်ခြေလှမ်းရဲ့မူလကိုသိလား။”
“ဒီတပည့်မသိပါဘူး။ကျေးဇူးပြုပြီးသင်ပြပေးပါဦး။”ချီမင်ကနှိမ့်ချစွာနဲ့လမ်းညွှန်ချက်တောင်းခံလိုက်တယ်။
“စိတ်ဝိဉာဏ်လှည့်ဖြားရေးကိုးဆင့်ခြေလှမ်းနည်းစနစ်ကအဆင့်မြင့်ချီသန့်စင်ခြင်းနည်းစနစ်တစ်ခုဖြစ်ပေမဲ့အဲ့တာကမြင့်မြတ်ဝိဉာဏ်နည်းစနစ်ရဲ့အခြေခံနည်းစနစ်တွေထဲကတစ်ခုဖြစ်ပြီးတော့အဲ့တာကနတ်ဆိုးတာအို၁၃မျိုးထဲကအသက်နတ်ဆိုးတာအိုအတွက်ပဲ။စိတ်ဝိဉာဏ်လှည့်ဖြားရေးကိုးဆင့်ခြေလှမ်းနဲ့တစ်ခြားအဆင့်မြင့်ချီသန့်စင်ခြင်းနည်းစနစ်၈ခုရှိတယ်။သူတို့အားလုံးကိုအောင်အောင်မြင်မြင်လေ့ကျင့်ပြီးသွားရင်မြင့်မြတ်ဝိဉာဏ်မူလချိတ်တံဆိပ်ကိုသိပ်သည်းပြီးတော့မြင့်မြတ်ဝိဉာဏ်အခြခံတည်ဆောက်ပြီးအသက်နတ်ဆိုးတာအိုကိုကျင့်ကြံနိုင်တယ်။”
“ဒါက...”
ချီမင်ထိတ်လန့်သွားတယ်။”ပထမအကြီးအကဲကျွန်တော်ဒီအကြောင်းတွေမသိပါဘူး။ကျွန်တော်တစ်ကယ်စိတ်ဝိညာဏ်လှည့်ဖြားရေးကိုးဆင့်ခြေလှမ်းကနတ်ဆိုးတာအိုရဲ့အခြေခံတည်ထောင်ခြင်းနည်းစနစ်ဆိုတာကိုမသိခဲ့လို့ပါ။ကျွန်တော်သိခဲ့ရင်ကျွန်တော်တစ်ကယ်သင်ခဲ့မှာမဟုတ်ဘူး။”
အကြီးအကဲဖုန်းပြုံးလိုက်တယ်။”စိတ်မပူပါနဲ့ငါကောင်းကောင်းသိပါတယ်။ငါမင်းစိတ်ဝိညာဏ်လှည့်ဖြားရေးကိုးဆင့်ခြေလှမ်းကိုလေ့ကျင့်တာကိုမတားမြစ်ပါဘူး။မတားမြစ်မဲ့အပြင်မင်းကိုနောက်ထပ်နည်းစနစ်တစ်ခုလည်းပေးဦးမယ်။”
“ကျေးဇူးတင်ပါတယ်။အကြီးအကဲဖုန်း။”ချီမင်ဦးညွှတ်လိုက်တယ်။
“ဒါပေမဲ့...”အကြီးအကဲဖုန်းဆက်လိုက်တယ်။”မင်းကနောက်လာမယ့်ပြင်စည်းစစ်ဆေးပွဲကိုဝင်ပြိုင်ပြီးတော့ကောင်းကင်ဘုံ့အကြီးအကဲလျှို့ဝှက်ဆန်းကြယ်နယ်မြေကိုဝင်ရမယ်။ဒါ့အပြင်မင်းရလဒ်ကောင်းတွေရအောင်လုပ်ရမယ်။
“မဟုတ်ရင်ငါမင်းကိုအသေအချာစစ်မေးရလိမ့်မယ်။”
ချီမင်ကမတုန့်ပြန်နိုင်ဘဲခဏတန့်သွားတယ်။သူကအကြီးအကဲဖုန်းရဲ့မျက်နှာပေါ်ကအပြုံးဖျော့ဖျော့လေးကိုကြည့်ပြီးတော့သူစိတ်ထဲမှာပြောစရာမဲ့သွားတယ်။နေဦး...မဟုတ်မှလွဲရော...မြေခွေးအိုကြီးတွေခွေးသူခိုးတွေလှည့်ကွက်အသစ်မသုံးကြဘူးလား။မင်းကတစ်ထပ်တည်းပြန်လုပ်နေတာပဲ။
သူကလည်းနတ်ဆိုးဂိုဏ်းကလွတ်လိုက်တဲ့သူလျှိုများဖြစ်နေမလား။