ဗုဒ္ဓတစ်သောင်းဂိုဏ်းရဲ့ဘုန်ကြီးအို
Vol. 2 Ch. 19
“မေးစရာရှိသေးလား။”အကြီးအကဲဖုန်းကမေးလိုက်တယ်။
“ဒီတပည့်”ချီမင်ရပ်နေတယ်။သူတကယ်သဘောမတူချင်ဘူး။
“အပြင်စည်းဂိုဏ်းစစ်ဆေးပွဲရဲ့ဆုလာဒ်တွေကအရမ်းရက်ရောတယ်။ပထမဆုကအဆင့်နိမ့်ဝိဉာဏ်ကျောက်တုံး၁၀၀၀၀ ထိပ်တန်းအဆင့် ချီသန့်စင်ခြင်းအဆင့်ရတနာ တစ်ခု ထိပ်တန်းအဆင့်ချီသန့်စင်ခြင်း သိုင်းနည်းစနစ်တစ်ခု။ ဒုတိယနေရာက အဆင့်နိမ့်ဝိဉာဏ်ကျောက်တုံး၅၀၀၀ ထိပ်တန်းအဆင့်ချီသန့်စင်ခြင်း သိုင်းနည်းစနစ်တစ်ခု။တတိယဆုကအဆင့်နိမ့်ဝိဉာဏ်ကျောက်တုံး၁၀၀၀ ထိပ်တန်းအဆင့်ချီသန့်စင်ခြင်း ရတနာတစ်ခု။”
အကြီးအကဲဖုန်းကပြောလိုက်တယ်”အဲ့ဒါတွေအပြင်ကို ပထမကနေတတိယထိက တိမ်စိမ်းတောင်ထွဋ်ရဲ့အတွင်းစည်းဂိုဏ်းအကြီးအကဲတစ်ယောက်ကို သူတို့ဆရာအဖြစ်ရွေးချယ်နိုင်တယ်။”
“သေချာတာပေါ့ မင်းရဲ့လုပ်ဆောင်မှုက လုံလောက်အောင်ထူးချွန်နေရင် အမွေခံအဆင့် အကြီးအကဲကတောင် တပည့်အဖြစ်ကိုယ်တိုင်ခေါ်လိမ့်မယ်။အဓိကလိုချက်ကတော့မင်းရဲ့စွမ်းဆောင်နိုင်မှုပဲ။”
“အဆင့်နိမ့်ဝိဉာဏ်ကျောက်တုံး၁၀၀၀၀”ချီမင်မျက်လုံးတွေတောက်ပသွားတယ်။
ဒုတိယမြောက်အလိုအလျှောက်ကျင့်ကြံခြင်းနေရာကိုဖွင့်ဖို့ကအဆင့်နိမ့်ဝိဉာဏ်ကျောက်တုံး၁၀၀၀၀လိုတယ်။
“ဒါက ထိပ်တန်းချီသန့်စင်ခြင်းအဆင့်နည်းစနစ် လေထိန်းချုပ်ရေးဓားပညာရပ်ပဲ။”
အကြီးအကဲဖုန်းကကျောက်စိမ်းပြားကိုအဆင့်နိမ့်သိုလှောင်အိတ်ထဲထုတ်လိုက်ပြီးမပေးခင်”ထပ်ပြီးဒီထဲမှာအဆင့်နိမ့်ဝိဉာဏ်ကျောက်တုံး၁၀၀၀ရှိတယ်။သူတို့အားလုံးကိုယူလိုက်။”ပြောလိုက်တယ်။
“ဒါက ဒါ”
ချီမင် လက်လှမ်းပြီး ကျောက်စိမ်းပြားနဲ့အဆင့်နိမ့်သိုလှောင်အိတ်ကိုသူ့လက်နဲ့ယူလိုက်တယ်။”တပည့်က အကြီးအကဲဖုန်းရဲ့ရက်ရောတဲ့လက်ဆောင်အတွက်ကျေးဇူးတင်ပါတယ်။ကျွန်တော်အကြီးအကဲရဲ့လက်ဆောင်ကိုမငြင်းရဲတော့ပါဘူး။”
“မေးစရာရှိသေးလား”အကြီးအကဲဖုန်းကမေးလိုက်တယ်။
“မရှိပါဘူး။”ချီမင်သူခေါင်းကိုပြတ်ပြတ်သားသားခါပြီးပြောလိုက်တယ်”မနက်ဖြန် အပြင်စည်းဂိုဏ်းစစ်ဆေးပွဲမှာ ကျွန်တော်အကောင်းဆုံးကြိုးစားပါမယ်။တိမ်စိမ်းတောင်ထွဋ်အတွက်နာမည်ကောင်းရအောင်လုပ်ပြီးပထမနေရာကိုယူခဲ့ပါမယ်။”
“အိုး”အကြီးအကဲဖုန်းကပြုံးလိုက်တယ်”မင်းကရည်မှန်းချက်ကြီးသားပဲ။မင်းကပထမကိုတိုက်ရိုက်ရချင်တာပဲ။”
“ပြီးတော့”အကြီးအကဲဖုန်းကဆက်ပြီး”တိမ်စိမ်းတောင်ထွဋ်မှာဒီလိုတွေဖြစ်လာလို့တစ်ခြားတောင်ထွဋ်၁၁ခုကလည်းသတိထားပြီး နတ်ဆိုးဂိုဏ်း သူလျှိုတွေကိုအများကြီးရှာတွေ့ထားတယ်။”
“အဲ့တာကြောင့်အပြင်စည်းဂိုဏ်းစစ်ဆေးပွဲကိုနောက်သုံးရက်ရွှေ့လိုက်ပြီ။”
“အသင့်ပြင်ထားတော့။”
“ဟုတ်” ချီမင်ဖြေလိုက်တယ်။
ဒီလိုပြင်ဆင်ချိန်သုံးရက်ရတော့ ချီမင် အပြင်စည်းဂိုဏ်းစစ်ဆေးပွဲမှာပထမယူဖို့ယုံကြည်ချက်ပိုရှိသွားတယ်။
“ပြန်တော့”အကြီးအကဲဖုန်းသူ့လက်ကိုယမ်းလိုက်တယ်။
ချီမင်ခေါင်းညိတ်ပြီးလှည့်ထွက်လာလိုက်တယ်။
ဘူးဇ်!
ခဏလောက်ကြာတော့ ပုံရိပ်တစ်ခုက လေထဲပေါ်လာတယ်။အဖြူရောင်အဝတ်အစားနဲ့ ငယ်ရွယ်တဲ့အမျိုးသားတစ်ယောက်ဖြစ်တယ်။သူ့မှာချွန်ထက်တဲ့မျက်ခုံးတွေရှ်ိပြီး ချောမောတဲ့ရုပ်ရည်နဲ့ထူးခြားတဲ့အသွင်အပြင်ရှိတယ်။
“ဘယ်လိုတုန်း”အဖြူရောင်ဝတ်ရုံနဲ့လူငယ်လေးကမေးလိုက်တယ်။
“တောင်ထိပ်သခင်”အကြီးအကဲဖုန်းကဦးညွှတ်ရင်းပြောလိုက်တယ်” အစကနေအဆုံးထိ ဝိဉာဏ်ဘာသာစကားကမတုံ့ပြန်ဘူး။ဒီချီမင်က အမှန်တရားကိုပြောနေတာပဲ။ကြည့်ရတာချီမင်က မတော်တဆမှုထဲပါသွားတယ်ထင်တာပဲ။”
“အိုး”
အဖြူဝတ်နဲ့လူငယ်လေးက တိမ်စိမ်းတောင်ထွဋ် သခင်ဖြစ်တယ်။
သူ့နာမည်က ကောင်းကင်ဘုံဓားတာအိုရှင်လို့ခေါ်တဲ့ မော့ဟန်ကျန်းပဲဖြစ်တယ်။
အဲ့ဒါအပြင်…
သူ့မှာ နာမည်ပြောင်တွေအများကြီးရှိတယ်။
တကယ်တော့ ကိစ္စကချီမင်မျှော်လင့်ထားတာထက်ပိုကြီးတယ်။ တိမ်စိမ်းတောင်ထွဋ်တစ်ခုလုံးကသတိပေးခံလိုက်ရတယ်။အပြင်စည်းအကြီးအကဲနဲ့ အမွေခံအဆင့်အကြီးအကဲတွေပေါ်ထွက်လာတာကထင်ထားသလောက်မရိုးရှင်းဘူး။
ကိစ္စကထင်ထားတာထက်ကြီးတယ်။
ဘူးဇ်!
တိမ်စိမ်းတောင်ထွဋ်သခင်က သူ့လက်ကိုဆန့်ထုတ်လိုက် တော့ နွေဦး နွေ ဆောင်းဦး မိုးပန်းချီကားက သူ့လက်ထဲ ပျံထွက်လာတယ်။သူဂရုတစိုက်ကြည့်လိုက်တော့ တကယ့်ကို ဘာပြဿနာမှ ရှာမတွေ့ဘူး။
“သွေးကြာပန်းနတ်ဆိုးမကတိမ်စိမ်းတောင်ထွဋ်မှာ၁၀နှစ်လုံးဖုံးကွယ်နေလာတာ။မကြာသေးခင်ကမှ အစေခံတပည့်တစ်ယောက်ကြောင့်သူ့ကိုယ်သူဖော်ထုတ်မိသွားတယ်။”
အကြီးအကဲဖုန်းကပြောလိုက်တယ်”အစကနေ အဆုံးထိ ဘာသံသယဝင်စရာမှမရှိဘူးဆိုပေမယ့် သွေးကြာပန်းနတ်ဆိုးမက ပုန်းအောင်းနေတာအကြာကြီးရှိပြီကို ဒီလိုပဲသေသွားရတယ်။ကျွန်တော် တို့တစ်ခုခုလွတ်သွားတယ်လို့ခံစားရတယ်။”
“ဘာ”တိမ်စိမ်းတောင်ထွဋ်ရဲ့ တောင်ထွဋ်သခင်မော့ဟန်ကျင်းကပြုံးပြီး “မင်းက နတ်မိမယ် ဖန်ရှီးကိုသံသယဝင်နေတာလား။”
“ကျွန်တော်မလုပ်ရဲပါဘူး။”အကြီးအကဲဖုန်းကခေါင်းကိုခါလိုက်ပြီး”ထူးဆန်းနေတယ်လို့ထင်တာပါ။”
“ချီမင်ကိုအာရုံပိုစိုက်ထား။”မော့ဟန်ကျင်းကပြောလိုက်တယ်။
အကြီးအကဲဖုန်းက ခေါင်းညိတ်လိုက်ပြီး”ချီမင်ရဲ့အရည်အချင်းက မဆိုးဘူး။ သူကဖုံးကွယ်ထားတဲ့ပါရမီရှင်ပဲ။ သူသာအပြင်စည်းဂိုဏ်းစစ်ဆေးပွဲမှာသာကောင်းကောင်းလုပ်နိုင်ရင် ကျွန်တော်သူ့ကိုကျွန်တော့တပည့်အဖြစ်လက်ခံမှာ။”
“မင်းပြောလိုက်ပုံအရဆို သူ့အရည်အချင်းကတကယ်တော်တော်ကောင်းတယ်။သူကပျိုးထောင်ပေးဖို့ထိုက်တန်တယ်။”
“မော့ဟန်ကျင်းခေါင်းညိတ်လိုက်ပြီး”ဒါပေမယ့်ငါတို့အတည်ပြုဖို့လိုသေးတယ်။”
“ကျွန်တော်သိပါပြီ။”အကြီးအကဲဖုန်းကသပြန်ပြောလိုက်တယ်။
အဲ့ဒီအချိန်မှာတော့ ချီမင်က သူ့နေရာကိုပြန်ရောက်သွားပြီ။ယဲ့တျန်းနဲ့တစ်ခြားသူတွေကတောင်ကနေမထွက်ရသေးဘူး။ဒါပေမယ့် သူတို့ပစ္စည်းတွေကိုသိမ်းဆည်းပြီးသွားပြီ။သူတို့ချီမင်ပြန်ရောက်လာတော့ သူဘေးနာကိုဝိုင်းလိုက်တယ်။
“ခေါင်းဆောင် အဆင်ပြေရဲ့လား”ကျူးရှောင်ရှန်းမေးလိုက်တယ်။
“သူတို့မင်းကိုခက်ခဲအောင်မလုပ်ဘူးမလား။”ဟူဂန်းနဲ့တစ်ခြားလူတွေကလည်းမေးလိုက်တယ်။
“အဆင်ပြေပါတယ်။”ချီမင်သူ့ခေါင်းကိုညိတ်လိုက်တယ်။”သူတို့က အခြေခံအချက်တစ်ချို့လောက်ပဲမေးတာ။”
“ ကောင်းတယ်”
ယဲ့တျန်းနဲ့တစ်ခြားလူတွေ သက်သာရာရတဲ့အနေနဲ့သက်ပြင်းလေးကြီးတစ်ချက်ချလိုက်တယ်။
“မင်းတို့ထွက်သွားဖို့စီစဉ်ပြီးပြီလား။”ချီမင်မေးလိုက်တယ်။
“မနက်ဖြန်”
ကျူးရှောင်ရှန်းနဲ့တစ်ခြားလူတွေကအချင်းချင်းကြည့်လိုက်ကြတယ်”တစ်ချိန်တည်းပဲ ငါတို့တောင်ပေါ်ကနေ ဆင်းမှာ။တစ်ချိန်တည်းပဲခေါင်းဆောင်ကလည်းထွက်သွားမှာ။”
“ခေါင်းဆောင်ဘယ်လိုလို့ငါတို့နဲ့တူမှာလဲ။”
ကျူရှောင်းရှန်းကနှုတ်ခမ်းကိုကွေးလိုက်ပြီး”မင်းကကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့စီးပွားရေးကို သွားလုပ်ရမှာ။ခေါင်းဆောင်ကျမြန်မြန်တိုးတက်လာပြီး အနာဂတ်မှာ မသေမျိုးဖြစ်လာမှာ။”
အစေခံတပည့်အများကြီးကအဲ့ဒီညမှာတိမ်စိမ်းတောင်ထွဋ်ကိုစွန့်ခွာပြီးနေရာအနှံကိုဦးတည်ထွက်ခွာသွားတယ်။အစေခံတန်းလျားကြီးလေးခုကတိတ်ဆိတ်သွားတယ်။
ညနက်လာတော့ ချီမင်အိပ်မပျော်ဘူး။
လရောင်အောက်မှာတော့မြေပြင်ကငွေရောင်အလွှာတစ်ခုဖုံးအုပ်နေတယ်။
ကျူးရှောင်ရှန်းနဲ့တစ်ခြားလူတွေကသူတို့ပစ္စည်းတွေကိုထုတ်ပိုးပြီးသွားပြီ။တကယ်ဘာမှကိုမကျန်တော့ပေ။အိတ်တစ်လုံး နှစ်လုံးပဲကျန်တော့တယ်။အတိတ်မှာဖြစ်ပျက်ခဲ့တဲ့အရာအားလုံးကမနက်ဖြန်ခွဲခွာမှုနဲ့အတူပျောက်ကွယ်သွားတော့မှာဖြစ်တယ်။
အဲ့ဒါအပြင်ကို သူတို့တွေထပ်ဆုံဖို့က အခြေခံကျကျကိုမဖြစ်နိုင်တော့ပေ။
အတိတ်မှာဖြစ်ခဲ့တဲ့အရာအားလုံးက ချီမင်ရဲ့စိတ်ထဲပြန်ပေါ်လာတယ်။ခဏလောက်တော့ချီမင်သက်ပြင်းချပြီး တွန့်ဆုတ်မှုကိုခံစားလိုက်ရတယ်။
အဲ့ဒီချိန်မှာယဲ့တျန်းကအော်ပြောလိုက်တယ်”ချီမင် ငါတို့အပြင်ထွက်ပြီး စကားပြောကြမလား။”
“အိုခေလေ”ချီမင်ခေါင်းညိတ်လိုက်တယ်။
သူတို့နှစ်ယောက်အခန်းအပြင်ကိုဘေးချင်းကပ်လျှောက်ရင်းထွက်လာလိုက်တယ်။ချီမင်နဲ့ယဲ့တျန်းထွက်သွားတော့ ကျူးရှောင်ရှန်းနဲ့တစ်ခြားလူတွေမျက်လုံးဖွင့်လိုက်ကြတယ်။တကယ်တော့သူတို့လည်းအိပ်မပျော်ဘူး။
တကယ်တော့ သူတို့ကထွက်ခွာဖို့မခံနိုင်ကြလို့ဖြစ်တယ်။
ဒီတွန့်ဆုတ်မှုက သူတို့တိမ်းစိမ်းတောင်ထွဋ်ကမထွက်ခွာချင်လို့ဖြစ်တယ်။သူတို့ရဲ့မသေမျိုးဖြစ်လာချင်တဲ့အိပ်မက်ကိုဒီမှာ အဆုံးမသတ်ချင်သေးဘူး။သူတို့တောင်ပေါ်ကနေဆင်းသွားရင်သူတို့ဘယ်တော့မှပြန်ဆုံနိုင်မှာမဟုတ်တော့ဘူး။သူတို့မှာကျင့်ကြံဖို့အခွင့်အရေးရှိတော့မှာမဟုတ်ဘူး။
သူတို့တွေက ဘဝမှာဘယ်တော့မှအောင်မြင်နိုင်တော့မှာမဟုတ်ဘူး။
ကျူးရှောင်ရှန်းနဲ့တစ်ခြားလူတွေက ချီမင်ရှိမှာ အကူအညီတောင်ချင်ပေမယ့် သူတို့အကူအညီတောင်းရင်တောင်ချီမင်က အကူအညီပေးနိုင်မှာမဟုတ်ဘူးဆိုတာကိုသိတယ်။ထပ်ပြောရရင် ချီမင်မှာ လုပ်နိုင်စွမ်းလည်းမရှိဘူး။
“ယဲ့တျန်းကခေါင်းဆောင်ကို အကူအညီတောင်းလောက်လား။”ကျူးရှောင်ရှန်းပြောလိုက်တယ်။
“သေချာတာပေါ့”ကျန်းချင်းပြောလိုက်တယ်။”လွန်ခဲ့တဲ့သုံးနှစ်လောက်တည်းက ယဲ့တျန်းကခေါင်းဆောင်ရဲ့သူငယ်ချင်းကောင်းရောညီအစ်ကိုကောင်းရောသတ်မှတ်လို့ရတယ်။သူကကျိန်းသေခေါင်းဆောင်ကိုအကူအညီတောင်းလိမ့်မယ်။ဒါပေမယ့်ခေါင်းဆောင်ကအကူအညီတောင်းချင်ရင်တောင် သူ့မှာလုပ်နိုင်တာမရှိဘူး။”
“ဘယ်သူသိမှာတုန်း”
“တွေးနေလို့လည်းအသုံးမဝင်ဘူး။ငါတို့တောင်ပေါ်ကနေဆင်းရင် ဘာလုပ်ကြမလဲဆိုတာ ဂရုတစိုက် အစီအစဉ်ချရအောင်။”
“…”
ဝူရှိလိန်နဲ့တစ်ခြားလူတွေကပြောနေကြတယ်။
အိမ်အပြင်ဘက်
“ချီမင်”ယဲ့တျန်းကပြောလိုက်တယ်။”ငါမနက်ဖြန်တောင်အောက်ဆင်းတော့မယ်။”
ချီမင်ခေါင်းညိတ်ပြီး ဝိဉာဏ်ကျောက်တုံးတွေထုတ်လိုက်တယ်။သူကယဲ့တျန်းကိုပေးပြီးပြောလိုက်တယ်။”ငါမင်းကိုအများကြီးမကူညီနိုင်ဘူး။”
“ငါကဘာလို့ဝိဉာဏ်ကျောက်တုံးတွေလိုမှာလဲ။”ယဲ့တျန်းဒေါသထကြီးပြောလိုက်တယ်”ငါမင်းကိုအပြင်ခေါ်တာက အရေးကြီးတာပြောမလို့။ကျူးရှောင်ရှန်းနဲ့ကျန်တဲ့လူတွေကြားလို့မရဘူး။”
“ဘာမလို့တုန်း”ချီမင်ကြောင်သွားတယ်။
“ငါ ဗုဒ္ဓတစ်သောင်းဂိုဏ်းကိုဝင်မလားလို့”
ယဲ့တျန်းအသက်ပြင်းပြင်းရှုလိုက်ပြီး စကားထပ်ပြောလိုက်တယ်။”မင်းချီသန့်စင်ခြင်းတတိယအဆင့်ကို ဖြတ်သွားတဲ့ညက မထင်ထားဘဲ သူ့ကိုယ်သူ မော့ ကျစ်လို့ခေါ်တဲ့ဘုန်းကြီးတစ်ပါးနဲ့ကြုံလိုက်ရတယ်။သူကငါ့မှာဗုဒ္ဓနဲ့ဆက်နွယ်မှုရှိတယ်ပြောပြီး သူ့တပည့်အဖြစ်လိုချင်တယ်တဲ့။အစကတော့ငါသူ့ကိုမယုံဘူး။အခုမယုံလို့လည်းမရတော့ဘူး။”
“ဗုဒ္စတစ်သောင်းဂိုဏ်း”ချီမင်နည်းနည်းအံ့ဩသွားတယ်။”အဲ့လိုကိစ္စတွေဖြစ်သွားသေးတာလား။”
ယဲ့တျန်းကခေါင်းညိတ်ပြီးပြောလိုက်တယ်။”ငါအစကကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့အစေခံတပည့်လေ။ငါသာဗုဒ္ဓတစ်သောင်းဂိုဏ်းကိုဝင်ရင် သစ္စာဖောက်သလိုဖြစ်နေတာနဲ့မတူဘူးလား။အလိုဖြစ်မှာငါကြောက်တယ်။”
“ဘာလို့အဲ့ကိစ္စကိုစိုးရိမ်နေတာလဲ။”
ချီမင်ပြောစရာစကားမဲ့သွားတယ်”မင်းကအစေခံတပည့်လေးပဲကို။ရှင်းရှင်းပြောရရင် တပည့်တစ်ယောက်ပဲ တိတိကျကျပြောရရင် အစေခံတစ်ယောက်။ မင်းကနေတိုင်းအစေခံအလုပ်တွေအကုန်လုပ်တာပဲ။”
“အစေခံတပည့်တစ်ယောက်ကိုကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့အစိတ်အပိုင်းအဖြစ်စဉ်းစားလို့မရဘူး။”
“ပိုကောင်းတဲ့နည်းလမ်းရှိရင် ဘာလို့ဗုဒ္ဓတစ်သောင်းဂိုဏ်းကိုမသွားဘဲနေရမှာလဲ။”
“ချီမင်မင်းတကယ်အဲ့လိုထင်တာလား”ယဲ့တျန်းအံ့ဩပြီးပျော်သွားတယ်။
“သေချာတာပေါ့”ချီမင်ပခုံးတွန့်လိုက်တယ်။
“မဆိုးဘူး။ မဆိုးဘူး။”
အဲ့ဒီအချိန်မှာ သဘောကောင်းပြီးညင်သာပုံပေါ်တဲ့အသံထွက်လာတယ်”သူငယ်ချင်းလေး မင်းကဉာဏ်ကောင်းသားပဲ။မင်းပြောတာတွေအကုန်ကျိုးကြောင်းညီတယ်။ငါတို့နောက်လိုက်ပြီး ဗုဒ္ဓတစ်သောင်းဂိုဏ်းကိုမဝင်တာလဲ။”
“ဘယ်သူလဲ!”
ချီမင်လှည့်ပြီး အသံလာတဲ့ဘက်ကိုလှည့်ကြည့်လိုက်တယ်။သူကခေါင်းပြောင်လူအိုကြီးတစ်ယောက်ကိုသူ့မျက်နှာပေါ်မှာအပြုံးတစ်ခုနဲ့တွေ့လိုက်ရတယ်။