ဗုဒ္ဓပြန်လည်ဝင်စားခြင်း
Vol. 2 Ch. 20
“အမိတဘ”
ဘုန်းကြီးအိုကြီးကလက်သီးကိုအတူဆုပ်လိုက်ပြီး ချီမင်ကိုအနည်းငယ်အရိုအသေပေးလိုက်တယ်။”ဒီဘုန်းကြီးကမော့ကျစ်လို့ခေါ်ပါတယ်။”
“ခင်ဗျား ခင်ဗျားလာလို့ဒီမှာရှိနေတာတုန်း”ယဲ့တျန်းအံ့ဩသွားတယ်။”ဒါက တိမ်းစိမ်းတောင်ထွဋ်”
“ငါကဒီကမ္ဘာကြီးကိုခရီးပတ်နေတာပါ။ကောင်းကင်ဘုံကိုးထပ်နဲ့ငရဲကိုးထပ်ကလွဲရင် ငါဘယ်နေရာကိုမသွားနိုင်ရမှာလဲ။”
ဘူးဇ်!
ကောင်းကင်ပေါ်မှာ ပုံရိပ်တစ်ခုကပျံသန်းထွက်ပေါ်လာတယ်။ချီမင်ကလှမ်းကြည့်လိုက်တယ်။အဲ့တာသူအရင်ကတစ်ခါတွေ့ထားဖူးတဲ့ အကြီးအကဲဖုန်းပဲ။အကြီးအကဲဖုန်းကလက်ကိုသူ့နောက်ပစ်ထားပြီးသူ့ဘေးမှာ ကောင်လေးတစ်ယောက်နဲ့ကောင်မလေးတစ်ယောက်ရပ်နေတယ်။
“မောက်မာလှချည်လား ဘုန်းကြီးမော့ကျစ် ကိုယ်ဘာသာကိုယ်ချိုးခြံကျင့်ကြံတဲ့ ဒုတင်္ဂ အကျင့်ကိုမကျင့်ဘဲ ငါတို့တိမ်စိမ်းတောင်ထွဋ်က တပည့်ကို ပြန်ပေးဆွဲနေတာလား။ငါ့ရဲ့တိမ်စိမ်းတောင်ထွဋ်မှာ လူတစ်ယောက်မှမရှိတော့ဘူးလို့ထင်နေတာလား။”အကြီးအကဲဖုန်းက လေးလေးနက်နက်ခြိမ်းခြောက်လိုက်တယ်။
“အကြီးအကဲဖုန်း” ချီမင် အရိုအသေပေးလိုက်တယ်။
အကြီးအကဲဖုန်းကချီမင်ကိုတစ်ချက်ကြည့်လိုက်ပြီးခေါင်းညိတ်လိုက်တယ်”မင်းသွားလို့ရပြီ။”
ချီမင်ခေါင်းညိတ်ပြီး ဘေးမှာလာရပ်လိုက်တယ်။
“မင်းမှားနေပြီ”မော့ကျစ်ကပြုံးပြီးပြောလိုက်တယ်”အစေခံတပည့်ဆိုတာမင်းရဲ့ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းမှာသုံးနှစ်တစ်ကြိမ်ပြောင်းလဲနေတဲ့အစေခံတစ်ယောက်ပဲ။သူတို့သာအသုံးမဝင်တော့ဘူးဆိုရင် သနားဖို့ကောင်းစွာနဲ့သူတို့ကစွန့်ခွာရတာပဲ။”
“အဲ့ဒါအပြင်…”
“ယဲ့တျန်းနဲ့ငါ့ရဲ့ဗုဒ္ဓကရေစက်ပါတယ်။ဒကာလေးဖုန်း တစ်ခြားလူတွေသူတို့ရဲ့လမ်းကြောင်းကိုလျှောက်တာကိုဘာလို့ လိုက်တားနေမှာတုန်း။”
“ငါသူ့ကိုတိမ်စိမ်းတောင်ထွဋ်ကနေခါ်သွားမယ်။”
အကြီးအကဲဖုန်းကပြောလိုက်တယ်”ထင်သလောက်မလွယ်မှာပဲငါစိုးရိမ်တယ်။”
“အမိတ်တဘ”
ဘူးဇ်!
မော့ကျစ် သူ့လက်သီးကိုအတူစုလိုက်တယ်။
ချက်ချင်းကို အလယ်ကနေ အဆုံးမရှိတဲ့ဗုဒ္ဓအလင်းတွေကကောင်းချီးပေးလာတယ်။အဲ့အလင်းကစူးရှတောက်ပနေပြီး ခမ်းနားထည်ဝါလာတယ်။လေထုအလယ်မှာတော့ အတုမရှိကြီးမားလှတဲ့ ရွှေရောင်ဗုဒ္ဓရုပ်ပွားတော်ကြီး သိပ်သည်းပုံပေါ်လာတယ်။
အဲ့တာက ကျမ်းစာတွေကို အဆုံးမရှိရွတ်ဆိုနေပုံပေါ်တယ်။
မရေတွက်နိုင်တဲ့ဗုဒ္ဓရုပ်ပွားပုံစံတွေက သူ့ကိုဝန်းရံထားတယ်။
“ ဒီနေ့”
မော့ကျစ် သူ့ခေါင်းကိုမြှောက်လိုက်ပြီး အကြီးအကဲဖုန်းကိုတည့်တည့်ကြည့်လိုက်တယ်။သူကနက်ရှိူင်းတဲ့အသံနဲ့” ဒီဘုန်းကြီးကယဲ့တျန်းကိုခေါ်ပြီး သူနဲ့ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းကရေစက်ကိုဖြတ်တောက်ရမယ်။ဗုဒ္ဓတစ်သောင်းဂိုဏ်းက သူ့ရဲ့ကံတရားပဲ။”
“ရယ်ချင်စရာပဲ။”အကြီးအကဲဖုန်းကမထူးမခြားနားပြောလိုက်တယ်။”မင်း မင်းကသူ့ရဲ့ကံတရားကိုဆုံးဖြတ်နိုင်တာလား။”
သူတို့ပြောပြီးပြီးချင်းပဲ
“ကြာပန်းစိမ်းတာအို”
ဘူးဇ်!
အကြီးအကဲဖုန်းကသူ့လက်ကိုဝေ့ယမ်းလိုက်တယ်။မရေတွက်နိုင်လောက်အောင်များပြားတဲ့ အစိမ်းရောင်အလင်းတွေကသူ့ဘေးပေါ်လာတယ်။လေထဲမှာ သုံးဆယ့်ခြောက်ဆင့်ကြာပန်းစိမ်းကပေါ်လာပြီး တောင်တစ်တောင်နဲ့နှိုင်းယှဉ်လို့ရတယ်။
ထပ်ပြီးတော့…
သုံးဆယ့်ခြောက်ဆင့်ကြာပန်းစိမ်းရဲ့ပွင့်ချပ်တိုင်းက ထူးခြားတဲ့တိုက်ခိုက်နည်းတွေ အဖြစ်ပြောင်းသွားတယ်။
အဲ့တာကအရမ်းစွမ်းအားကြီးတာပဲ။
နှစ်ဖက်လုံးကတိုက်ခိုက်ဖို့အသင့်ဖြစ်နေပြီ။
ချီမင် သူ့အရေပြားတစ်ခုလုံးထုံသွားသလိုခံစားလိုက်ရတယ်။
ဒီကျွမ်းကျင်အဆင့်က မသေမျိုးနတ်ဘုရားအဆင့်ကိုရောက်နေပြီ။
ဒုန်း!
အဲ့ဒီချိန်မှာ ယဲ့တျန်းဒူးထောက်လိုက်တယ်။
“စီနီယာ ကျေးဇူးပြုပြီး ကျွန်တော်အရိုအသေပေးတာကိုလက်ခံပေးပါ။”
ယဲ့တျန်းက ဒူးထောက်ပြီး အကြီးအကဲဖုန်းကို ကိုးကြိမ်အရိုအသေပေးလိုက်တယ်။သူအရိုအသေပေးတိုင်း အားအများကြီးသုံးထားတယ်။နဖူးကနေသွေးတွေထွက်လာတာကို တွေ့နိုင်တယ်။
“လွန်ခဲ့တဲ့သုံးနှစ်က ကျွန်တော့်အဖေရဲ့ထောက်ပံ့ပေးမှုကြောင့် ကံကောင်းပြီးကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းကိုဝင်နိုင်ခဲ့တာ။ဒါပေမယ့်ကျွန်တော်ရဲ့အရည်အချင်းမလုံလောက်မှုကြောင့် တိမ်စိမ်းတောင်ထွဋ်မှာသုံးနှစ်လုံးအစေခံတပည့်ပဲဖြစ်နိုင်ခဲ့တယ်။”
ယျဲတျန်းကဖြည်းညင်စွာပြောလိုက်တယ်”အခုသုံးနှစ်ကြာလုပ်ဆောင်မှုက လုံးဝပြီးဆုံးသွားပြီ။ ကျွန်တော့်အရည်အချင်းကနည်းတော့ ချီသန့်စင်ခြင်းတတိယအဆင့်တောင်မရောက်နိုင်ဘူး။ ကျွန်တော်အပြင်စည်းဂိုဏ်းတောင်မဝင်နိုင်ဘူး။”
“ဒီဂျူနီယာက ကံမကောင်းစွာနဲ့ပြဿနာဖြစ်စေမိပြီ။”
“ဒါပေမယ်…”
“အခု ငါ့ရှေ့မှာတစ်ခြားလမ်းကြောင်းကိုပြောင်းချင်တာလား။ငါအရှုံးလည်းမပေးသလို လက်လည်းမခံဘူး။ငါဆိုးဆိုးရွားရွားသေရင်တောင် ငါ့ဝိဉာဏ်ကပျောက်ကွယ်သွားရင်တောင် ငါသည်းခံမှာမဟုတ်ဘူး။”
“စီနီယာ ကျွန်တော့ဆန္ဒကိုဖြည့်ဆည်းပေးပါ။”ယဲ့တျန်းအော်လိုက်တယ်။
“အမိတ္တဘ “မော့ကျစ်ကသူ့လက်သီးကို စုပြီး ထပ်မံရွတ်ဖတ်လိုက်တယ်။ သူကသူ့မျက်လုံးကိုနည်းနည်းမှိတ်လိုက်ပြီး ရုတ်တရက် ခရမ်းရောင်ကျောက်စိမ်းသေတ္တာတစ်ခုကိုထုတ်လိုက်တယ်။”ဒကာလေးဖုန်း မင်းသိပြီးပြီလား။”
ချီမင် မြေပြင်ပေါ်မှာဒူးထောက်ပြီး အကြီးအကဲဖုန်းရဲ့ဖိအားကိုမခံနိုင်ဘဲတုန်ရီနေတဲ့ယဲ့တျန်းကိုကြည့်လိုက်တယ်။သူ့မျက်လုံးထဲမှာစိုးရိမ်မှုတွေကိုတွေ့လိုက်ရတယ်။သူအကြီးအကဲဖုန်းကိုကြည့်လိုက်ပြီး ပြောလိုက်တယ်”အကြီးအကဲဖုန်း မင်းရဲ့နောက်ခံကမရိုးရှင်းဘူးပဲ။”
အကြီးအကဲဖုန်းကသူ့အကြည့်ကိုယဲ့တျန်းရှိက နေ ဖယ်လိုက်ပြီး ခရမ်းရောင်ကျောက်စိမ်းသေတ္တာကိုတစ်ချက်ကြည့်လိုက်တယ်။သူကအေးစက်စွာနဲ့”မေ့လိုက်တော့။ ငါကအကျိုးကြောင်းမဆီလျှော်တဲ့လူမဟုတ်ဘူး။မင်းရဲ့ကျင့်ကြံခြင်းအဆင့်ကလည်း မမှီဘူး။မင်းကို တိမ်စိမ်းတောင်ထွဋ်ကနည်းလမ်းတွေကိုလည်း ထပ်ကျင့်ကြံဖို့ခွင့်မပြုတော့ဘူး။”
“ကျေးဇူးတင်ပါတယ်။စီနီယာ!”
ဖြူး!!
ယဲ့တျန်းအံကြိတ်လိုက်ပြီးသူ့ညာလက်လက်ကိုမြှောက်ပြီး ဒန်တျန်းကိုရိုက်လိုက်တယ်။သွေးတွေထွက်လာပြီးသူ့မျက်နှာကဖြူဖျော့သွားတယ်။သူ့သုံးနှစ်လောက်ခက်ခက်ခဲခဲကျင့်ကြံလာတဲ့ချီသန့်စင်ခြင်းဒုတိယအဆင့် ကအခုလုံးဝကိုပျောက်ကွယ်သွားပြီဖြစ်တယ်။
သုံးနှစ်ကြာကြိုးစားမှုကအဆုံးသတ်သွားပြီဖြစ်တယ်။
“သွားတော့”အကြီးအကဲဖုန်းကအလွန်အေးစက်စွာပြောလာတယ်။
“ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်း တိမ်စိမ်းတောင်ထွဋ်”
မော့ကျစ် အသက်ပြင်းပြင်းရှုလိုက်ပြီး ဆိုးရွားတဲ့အမူအရာပေါ်လာတယ်”သူကအစေခံတပည့်တစ်ယောက်ပဲကို။အကုန်မင်းကြောင့် သူကြိုးစားမှုကအရေးမပါတော့ဘူး။မင်းကသူကိုဒီလောက်ထိဖိအားပေးလိုက်တာပဲ။”
“မော့ကျစ် မင်းမထွက်သွားသေးဘူးလား။ဒါဆိုလည်းနေခဲ့လိုက်။ ငါကဗုဒ္ဓတစ်သောင်းဂိုဏ်းရဲ့ ချိုးခြံကျင့်ကြံခြင်းဒုတင်္ဂတောင်ထွဋ်ကိုသွားပြီး မင်းတို့ခေါင်းဆောင်ချိုးခြံကျင့်ကြံသူနဲ့သွားပြောရလိမ့်မယ်။”
ကလန်!
ရုတ်တရက်ကမော့ကျစ်ရဲ့နားဆီ နေရာတိုင်းကနေ လာတယ်ထင်ရတဲ့ အသံကြားလိုက်ရတယ်။သူအမူအရာကအံ့ဩတဲ့ပုံစံပြောင်းသွားတယ်။”တိမ်စိမ်းတောင်ထွဋ်သခင်။”
“သွားမယ်!”
သူက လက်လှမ်းပြီး ယဲ့တျန်းကိုပခုံးကိုဆွဲလိုက်တယ်။သူကထပ်ကြာကြာမနေရဲတော့ဘဲ ရွှေရောင်စီးကြောင်းပုံစံပြောင်းပြီးပျံထွက်ကာအဝေးကိုပျောက်ကွယ်သွားတယ်။
မထွက်ခင် ယဲ့တျန်းကချီမင် ကိုတစ်ချက်ကြည့်လိုက်တယ်။သူ့မျက်လုံးကတွန့်ဆုတ်မှုတွေပြည့်နေတယ်။
“အကြီးအကဲဖုန်း”ချီမင်ခေါင်းညွှတ်ပြီးမေးလိုက်တယ်”ဘာလို့မော့ကျစ်ကယဲ့တျန်းကိုခေါ်ချင်တာလဲ။သူနဲ့ပတ်သက်ပြီးဘာထူးခြားလို့လဲ။ကျွန်တော့်ကိုဉာဏ်အလင်းဖွင့်ပေးပါဦး။”
“ဘာများဖြစ်နိုင်မှာတုန်း။”
အကြီးအကဲဖုန်းရဲ့အသံကအထင်သေးမှူတွေပြည့်နေတယ်”သူကဗုဒ္ဓဝင်စားတာနေမှာပေါ့။သူ့ကိုယ်ထဲမှာဗုဒ္ဓတစ်သောင်းဂိုဏ်းရဲ့ပြန်လည်ဝင်စားခြင်းချိတ်စည်းရှိလို့နေမှာပေါ့။”
“သေချာတာကတော့ သူတို့တွေသူ့ကိုပြန်ခေါ်မလို့ပဲ။”
“ဗုဒ္ဓတစ်သောင်းဂိုဏ်းပဲ ပြန်လည်ဝင်စားခြင်းချိတ်စည်းကိုအထူးနည်းလမ်း တွေနဲ့စစ်ဆေးနိုင်တာ။ဘယ်သူမှလည်းအဲ့အကြောင်းနဲ့ပတ်သက်ပြီးမသိဘူး။ယဲ့တျန်းသာတိမ်စိမ်းတောင်မှာနေရင်သူထင်ပေါ်မယ့်နေ့ဆိုတာရှိတော့မှာမဟုတ်ဘူး။”
“ဒါပေမယ့်ယဲ့တျန်းဘာဆက်ဖြစ်မလဲဆိုတာသူ့ကံပေါ်မူတည်တယ်။”
“ဗုဒ္ဓပြန်လည်ဝင်စားခြင်း”ချီမင်နည်းနည်းအံ့ဩသွားတယ်။
“အများကြီးမစဉ်းစားနဲ့”အကြီးအကဲဖုန်းကပြောလိုက်တယ်”နောက်ရက်နည်းနည်းနဲ့ ပြိုင်ပွဲအတွက်ပြင်ဆင်ထားတော့။ငါ့ကိုစိတ်မပျက်စေနဲ့။”
ချီမင်ခေါင်းညိတ်လိုက်တယ်။
ဆွတ်စ်!
အကြီးအကဲဖုန်းထွက်သွားတယ်။
ပတ်ဝန်းကျင်ကို ကြီးကြီးမားမားအုတ်အုတ်သောင်းနင်းဖြစ်သွားစေတယ်။တိမ်စိမ်းတောင်ထွဋ်တစ်ဝက်လုံးသိလိုက်ရတယ်။ဒါပေမယ့် အကြီးအကဲဖုန်းနဲ့တိမ်စိမ်းတောင်ထွဋ်သခင်ပဲပေါ်လာတယ်။
“ဗုဒ္ဓပြန်လည်ဝင်စားခြင်း”ချီမင်သူ့နှလုံးသားထဲကနေ သက်ပြင်းချလိုက်တယ်”မူရင်းကနည်းနည်းကြမ်းတမ်းတာပဲ။သူကဝတ္ထုထဲကအဓိက ဇာတ်လိုက်တောင်ဖြစ်နိုင်တယ်။”
ပိုပြီးအရေးကြီးတာကလက်ရှိအခြေအနေရဆို
ယဲ့တျန်းကတိမ်စိမ်းတောင်ထွဋ်ကနေထွက်ခွာပြီးဗုဒ္ဓတစ်သောင်းဂိုဏ်းထဲဝင်သွားတယ်။အကြီးအကဲဖုန်းက ယဲ့တျန်းရဲ့ကျင့်ကြံခြင်းကိုဖျက်ဆီးဖို့ဖိအားပေးထားတယ်။ဒီလိုဆို သူတိမ်စိမ်းတောင်ထွဋ်ရဲ့ ဗီလိန်ဖြစ်လာနိုင်လား။
အနာဂတ်မှာ ယဲ့တျန်းသန်မာလာရင် သူတိမ်စိမ်းတောင်ထွဋ်ကိုလက်စားပြန်ချေလောက်လား။
မေ့လိုက်တော့
ဘာပဲဖြစ်ဖြစ်
ချီမင်အိပ်ရာထဲလှဲနေရင်း အိပ်ပျော်သွားခါနီးဖြစ်သွားတယ်။
ကောင်းကင်ကြီးပြိုကျရင်တောင်အရပ်ပိုရှည်တဲ့လူကထမ်းထားပေးလိမ့်မယ်။ချီမင်က သာမန်အစေခံတပည့်တစ်ယောက်ပဲဖြစ်တယ်။
“ခေါင်းဆောင် ခေါင်းဆောင်…”
ကျူးရှောင်ရှန်းနဲ့ကျန်တဲ့လူတွေက စကားထပ်မပြောရဲတော့ဘူး။သူတို့ချီမင်ကိုစိတ်လှုပ်ရှားစွာကြည့်နေကြတယ်။
ခုနဖြစ်သွားတာတွေက သူတို့ကိုကြီးကြီးမားမထိတ်လန့်သွားစေတယ်။
“အများကြီးမမေးနဲ့”ချီမင်ပြောလိုက်တယ်။”အများကြီးသိထားတာကမင်းတို့အတွက်မကောင်းဘူး။”
“ဟူတ်ကဲ့”
ကျူးရှောင်ရှန်းနဲ့ကျန်တဲ့လူတွေပါးစပ်ပိတ်သွားတယ်။
ညနက်လာတော့ တိမ်စိမ်းတောင်ထွဋ်ထိပ်မှာတော့ လေပေါ်မျှောနေတဲ့အဆောက်အဦးတစ်ခုကတိမ်တွေမြူတွေဝန်းရံနေတယ်။အဲ့တာကကောင်းကင်ဘုံနဲ့တူတယ်။သူ့အကြည့်တွေကဖြည်းဖြည်းချင်းကျဉ်းမြောင်းလာတယ်။သူရွှေရောင်နဲ့ စူးရှတောက်ပနေတဲ့သုံးခုပုံပြင် အဆောက်အဦးကိုတွေ့လိုက်ရတယ်။
ဒါကနတ်မိမယ်ဖန်ရှီးရဲ့အိမ်ဖြစ်တယ်။
အိမ်ခြံဝင်းထဲမှာတော့
“သခင်”
သွေးကြာပန်းနတ်ဆိုးမကနတ်မိမယ်ဖန်ရှီးကိုဒူးထောက်အရိုအသေပေးလိုက်တယ်”ဘာလို့ကျွန်မကိုတိမ်စိမ်းတောင်ထွဋ်အစေခံတန်းလျားကိုလက်လျှော့ခိုင်းတာလဲ။အဲ့တာက လွန်ခဲ့တဲ့ဆယ်နှစ်လောက်တည်းကလုပ်နေတာမဟုတ်ဘူးလား။အလျှော့ပေးလိုက်ဖို့နှမြောဖို့ကောင်းလွန်းတယ်။”
အနီးကပ် ကြည့်လိုက်မယ်ဆိုရင် သွေးကြာပန်းနတ်ဆိုးမမှာဝိဉာဏ်ခန္ဓာပဲရှိတယ်။သူမရဲ့ခန္ဓာကိုယ်ကဖျက်ဆီးခံလိုက်ရပြီ။ သူမရဲ့ကျင့်ကြံခြင်းအဆင့်ကလည်းလုံးဝကိုမရှိတော့ဘူး။
သေချာပေါက် အဲ့လိုဟန်ဆောင်ပြဖို့ သွေးကြာပန်းနတ်ဆိုးမကတန်ဖိုးကြီးကြီးပေးလိုက်ရတယ်။
“သွေးကြာ”နတ်မိမယ်ဖန်ရှီးကသွေးကြာပန်းနတ်ဆိုးမကို ကြည့်ပြီးပြောလိုက်တယ်”မော့ဟန်ကျင်းကအစတည်းက သိထားတယ်။ နင်သာနင့်ကိုယ်နင်မပြရင် သူ့ဓားအောက်မှာနင်သေလိမ့်မယ်။”
“အဲ့လိုဆို နင်တကယ်သေသွားလိမ့်မယ်။”
“ငါတောင်ဖော်ထုတ်ခံရနိုင်တယ်။”
ဘူးဇ်!
အဲ့ဒီချိန်မှာပဲ နတ်မိမယ်ဖန်ရှီးကသူ့လက်ကိုယမ်းလိုက်တယ်။ကြက်သွေးရောင်အလင်းလုံးကသူ့လက်ဝါးထဲပေါ်လာတယ်”ကောင်ကင်နဲ့မြေကြီးကိုးထပ်အနီရောင်ကြာပန်းပဲ။”
ကြက်သွေးရောင်အောက်မှာ ပွင့်ချပ်ကိုးခုရှိတဲ့အနီရောင်ကြာပန်းတစ်ပွင်ဖြစ်တယ်။
“ကောင်းကင်နဲ့မြေကြီးကိုးထပ်ကြာပန်းနီကိုသုံးပြီး နင့်ရဲ့ခန္ဓာကိုယ်ကိုပြန်တည်ဆောက်လိုက်။”
နတ်မိမယ်ဖန်ရှီးကဆက်ပြောလာတယ်”အဲ့လိုဆို နင်ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းစစ်ဆေးပွဲကနေ ဂိုဏ်းထဲဝင်နိုင်လိမ့်မယ်။ငါနင့်ကိုငါ့ကိုယ်ပိုင်တပည့်အဖြစ်လက်ခံလိုက်မယ်။ဒါဆိုနင့်ကိုဘယ်သူမှသံသယဝင်မှာမဟုတ်တော့ဘူး။”
“ကျေးဇူးပါ သခင်”သွေးကြာပြန်းနတ်ဆိုးမက အရိုအသေပေးရင်းပြန်ဖြေလိုက်တယ်။