ချန်မိသားစုခံတပ်
Vol. 2 Ch. 21
ညတာကကုန်ဆုံးသွားပြီးနောက်တစ်နေ့ရောက်လာတယ်။
နေ့လည်ရောက်ခါနီးတော့
ကျူးရှောင်ရှန်းနဲ့ကျန်တဲ့လူတွေက ချီမင်ကို နှုတ်ဆက်စကားဆိုပြီး တစ်ယောက်ပြီးတစ်ယောက် သူတို့အိတ်တွေကိုသယ်ရင်း တိမ်စိမ်းတောင်ထွဋ်ကိုတွန့်ဆုတ်စွာနဲ့ထွက်ခွာသွားကြတယ်။တစ်ချိန်တည်းမှာပဲ သူတို့ရဲ့ကျင့်ကြံခြင်းအိပ်မက်ကအဆုံးသတ်သွားပြီဖြစ်တယ်။
ချီမင်ခေါင်းညိတ်ပြီး လိုက်မပို့တော့ဘူး။
“ငါတစ်ယောက်ပဲကျန်ခဲ့တယ်။”
ချီမင်ပတ်ပတ်လည်ကိုကြည့်လိုက်တယ်။မူလက ပျာပန်းခတ်မျှလှုပ်ရှားအသက်ဝင်နေတဲ့အိပ်ဆောင်က ဘာမှမကျန်တော့ဘူး။သူနည်းနည်းအထီးကျန်သလိုခံစားလိုက်ရတယ်။ဒါပေမယ့်မြန်မြန်ပဲ မူလအခြေအနေကိုပြန်ရောက်သွားတယ်။သူ့အတွေးတွေကိုစုစည်းပြီးချိန်ရောက်တော့ သူ့ရှေ့ကို အလိုအလျှောက်ကျင့်ကြံခြင်းစနစ်(ဆော့လ်ဝဲ)ရဲ့အသိပေးချက်ကပေါ်လာတယ်။
တင်း!
“တိမ်စိမ်းချီသန့်စင်ခြင်းပညာရပ်ကို တစ်ရက်ကြာအဆ၁၇၀မြန်နှုန်းနဲ့ကျင့်ကြံခဲ့ပါတယ်။ချီသန့်စင်ခြင်းအဆင့်ခြောက် အစောပိုင်းအဆင့်ကိုရောက်ရှိသွားပါပြီ။”
ဘူးဇ်!
ထူထဲပေါများတဲ့ ဝိဉာဏ်ချီတွေက ချီမင်ရဲ့ကိုယ်ပေါ်မှာစုစည်းလာတယ်။တိမ်စိမ်းချီသန့်စင်ခြင်းပညာရပ်ကအလိုအလျောက်လည်ပတ်လာပြီး ဝိဉာဏ်ချီတွေကိုဝိဉာဏ်စွမ်းအင်အဖြစ်သန့်စင်လိုက်တယ်။ငါးခုမြောက်တိမ်စိမ်းချီစွမ်းအင်လုံးကသူ့ဒန်တျန်းထဲသန်မာကြီးထွားလာပြီးကန့်သတ်ချက်ထိရောက်သွားတယ်။
ဘုန်း!
ချီမင် ရဲ့တစ်ကိုယ်လုံးယမ်းခါသွားတယ်။ပိုပိုပြီး များတဲ့ဝိဉာဏ်ချီတွေ ကသူ့ကိုယ်ထဲကိုသွန်ချလာပြီး ခြောက်ခုမြောက် ချီစွမ်းအင်လုံးကို ဖြစ်ပေါ်လာစေတယ်။သူ့ကိုယ်ထဲကဝိဉာဏ်စွမ်းအင်တွေက မြန်မြန်သန်မာအားကောင်းလာတယ်။
မကြာခင်ပဲ သူ့ရဲ့ကျင့်ကြံခြင်းက လုံးဝခိုင်မာသွားတယ်။
“ငါအခုချီသန့်စင်ခြင်း အဆင့်ခြောက်မှာ။”
ချီမင်ပြောလိုက်တယ်”ထပ်ပြီးများများတိုးတက်ဖို့ကတကယ်ခက်သွားပြီ။အဆ၁၇၀ချဲ့ပြီး တစ်ရက်ကြာအလိုအလျှောက်ကျင့်ကြံတာတောင်ငါတစ်ဆင့်ပဲတိုးသွာတယ်။”
တစ်ခြားတပည့်တွေက ချီမင်စကားကြားရင် သူတို့တွေကျိန်ဆဲကုန်လိမ့်မယ်။ချီမင်က ဘာမှလုပ်စရာမလိုဘဲ တစ်ရက်လောက်တည်းနဲ့ချီသန့်စင်ခြင်းအဆင့်ခြောက်ကိုလွယ်လွယ်ချိုးဖြတ်သွားတာဖြစ်တယ်။
တစ်ခြားတပည့်တွေက အဆင့်ချိုးဖြတ်ချင်ရင် သူတို့ကကြိုးကြိုးစားစားကျင့်ကြံရတယ်။
အကုန်လုံးကိုနှိုင်းယှဉ်စရာကိုမရှိတာ
တင်း!
“သင်ညစ်နွမ်းရွှံ့နွံကိုတစ်ရက်ကြာအလိုအ လျှောက်ရှင်းလင်းခဲ့ပါတယ်။သင်ဂိမ်းမြေအောက်စခန်းကို တစ်ကြိမ်ရှင်းလင်းခဲ့ပါတယ်။သင် ညစ်နွမ်းဖွတ်ကြီးဥတစ်လုံး အဆင့်နိမ့်ဝိဉာဏ်ကျောက်တုံး၅၀ကိုရရှိပါတယ်”
ပစ္စည်း:ညစ်နွမ်းဖွတ်ကြီး ဥ
ဖော်ပြချက်: ညစ်နွမ်းဖွတ်ကြီးကိုသားဖောက်ထားခြင်းမှရရှိသည့် နတ်ဆိုးသားရဲဥဖြစ်သည်။သို့ပေမယ့်အောင်မြင်နှိုင်ချေနှုန်းကမမြင့်ပေ။သူ့တွင်မြင့်မားသော အာဟာရဓာတ်ရှိပြီး ဆေးအဖြစ်
သိုမဟုတ် ဟင်းလျာအဖြစ်သန့်စင်နိုင်သည်။
“ဒါဆို ဒါကစားဖို့လား။”
“ငါအဆင့်နိမ့်ဝိဉာဏ်ကျောက်တုံး၁၀၀၀ကို လေထိန်းချုပ်ရေးဓားပညာရပ်လေ့ကျင့်ဖို့သွင်းမယ်။”
”ချီမင်တစ်ခုခုကိုစဉ်းစားမိသွားပြီး”အဆင့်နိမ့်ဝိဉာဏ်ကျောက်တုံး ခြောက်တုံးကို မြေအောက်စခန်းအသစ်ဖွင့်ဖို့သုံးမယ်။”
တင်း!
“လေထိန်းချုပ်ရေးဓားပညာရပ်ကို အဆတစ်ရာအမြန်နှုန်းနဲ့ အလိုအလျှောက်ကျင့်ကြံခဲ့ပါတယ်။”
…
တင်း!
“အသက်သွင်းခြင်းအောင်မြင်ပါတယ်။ချီသန့်စင်ခြင်း အဆင့်ခြောက်မြေအောက်စခန်း ချန်မိသားစုခံတပ်ကိုဝင်ရောက်နေပါတယ်။”
…
ဂိမ်းမြင်ကွင်းမှာတော့
ချန်မိသားစုခံတပ်က ကျင့်ကြံသူတွေနဲ့ဖွဲ့စည်းထားတဲ့ ကျင့်ကြံခြင်းကလန် တစ်ခုဖြစ်တယ်။ကလန်က ကြီးပွားတိုးတက်နေပြီး ချန်မိသားစုခေါင်းဆောင်က နက်နဲသိမ်မွေ့တဲ့ကျင့်ကြံခြင်းနဲ့အတူ သန်မာလှတယ်။
သူကပတ်ဝန်းကျင်ဧရိယာမှာတော့ကြီးမားကောင်းမွန်တဲ့ဂုဏ်သတင်းရှိတယ်။
အဲ့ဒီအပြင်ကို သူကဒီနယ်မြေရဲ့တည်ငြိမ်မှုကိုထိန်းသိမ်းနေတာဖြစ်တယ်။
သူက ဓားပြတွေနဲ့နတ်ဆိုးတွေအများကြီးကို ဖယ်ရှားသုတ်သင်ထားခဲ့တယ်။
အများအမြင်မှာတော့ ကိစ္စတွေကအဲ့လိုဖြစ်ပေမယ်တကယ်က ချန်မိသားစုခံတပ်က လျှို့ဝှက်စွာနဲ့နတ်ဆိုးတွေနဲ့ဓားပြတွေနဲ့ပူးပေါင်းထားတယ်။သူတို့တွေက မရေမတွက်နိုင်လောက်အောင် များပြားတဲ့နတ်ဆိုးဆန်တဲ့လုပ်ဆောင်ချက်တွေကိုလုပ်ဆောင်ပြီးပြီဖြစ်တယ်။
ယနေ့မှာတော့ ဂိမ်းဇာတ်ကောင်ချီမင်က သက်ဆင်းလာခဲ့တယ်။သူကလရောင်အောက်မှာ ချန်မိသားစုတစ်ခုလုံးကို သူကိုယ်တိုင်ဖယ်ထုတ်သတ်ဖြတ်ပြီး မုန်တိုင်းထန်စေသွားတယ်။
အဲ့ဒီအပြင်ကိုသူက ချန်မိသားစုခံတပ်ရဲ့ရာဇဝတ်မှုအများကြီးကို လူသိရှင်ကြားထုတ်ဖော်လိုက်တယ်။
မျက်စိတစ်မှိတ်အတွင်းမှာပဲနောက်တစ်ရက်ကုန်သွားတယ်။
နေ့လည်ရောက်တော့
တင်း!
“လေထိန်းချုပ်ဓားပညာရပ်ကို တစ်ရက်ကြာ အဆတစ်ရာ အမြန်နှုန်းနဲ့ကျင့်ကြံခဲ့ပါတယ်။ကျွမ်းကျင်မှု ဆက်တိုက်တိုးတက်လာပါတယ် အစပြုသူအဆင့်မှ ထူးချွန်အဆင့်ထိမြှင်တက်သွားပါပြီ။”
…
တင်း!
“ချန်မိသားစုခံတပ်ကို တစ်ရက်ကြာအလိုအလျောက်ရှင်းလင်းခဲ့ပါတယ်။သင် ချန်ကလန်ရဲ့ နတ်ဆိုးသတ်ဓားနဲ့ အဆင့်နိမ့်ဝိဉာဏ်ကျောက်တုံး ၆၀ကို လက်ခံရရှိပါတယ်။”
ပစ္စည်း:ချန်ကလန် နတ်ဆိုးသတ်ဓား
ဖော်ပြချက်:ချန်မိသားစုခံတပ်ခေါင်းဆောင် သန့်စင်ထားသော ရတနာလက်နက်တစ်ခုဖြစ်ပြီး သူ့ဘဝရဲ့အပြောင်မြောက်ဆုံးလက်ရာဖြစ်သည်။ထိပ်တန်းအဆင့်ကိုရောက်ရှိထားပြီး အလွန်စွမ်းအားကြီးပါသည်။သူ့တွင်နတ်ဆိုးသတ်စွမ်းအင်ပါသည်။
ကလန်!
အတွေးတစ်ချက်နဲ့အတူ ချီမင် သူ့ညာဘက်လက်ကိုဝေ့ယမ်းလိုက်ပြီး ချန်ကလန်ရဲ့နတ်ဆိုးသတ်ဓားကိုထုတ်လိုက်တယ်။ဓားကိုယ်ထည်က ငွေရောင်တောက်ပနေတယ်။ဓားကိုယ်ထည်ပေါ်မှာသွေးအငွေ့အသက်တွေဆက်နွယ်နေပြီးဗျက်လက်သုံးချောင်းစာလောက်ကျယ်တယ်။
“မဆိုးဘူး မဆိုးဘူး။”
ချီမင်အရမ်းကျေနပ်သွားတယ်”ဒါကအရိုးဓားထက်တကယ်ပိုကောင်းတယ်။”
ဘူးဇ်!
ချီမင်သူ့မျက်လုံးကိုပိတ်လိုက်တယ်။လေထိန်းချုပ်ရေးဓားပညာနဲ့ပတ်သက်တဲ့နားလည်မှုတွေအကုန် သူ့စိတ်ထဲဝင်လာတယ်။ဝိဉာဏ်ချီကသူ့ကိုယ်ထဲကနေထွက်လာပြီး ဓားချီမျှင်တန်းလေးတွေအဖြစ်ပြောင်းသွားတယ်။
ချီမင်ရဲ့စိတ်ထဲနားလည်မှုတွေပေါ်ပေါက်လာတယ်”တိမ်စိမ်းဓားပညာနဲ့လေထိန်းချုပ်ရေးဓားပညာ အခြေခံတူတူပဲ။သူတို့နှစ်ခုလုံးကိုသာပြီးပြည့်စုံခြင်းအဆင့်ထိငါနားလည်ရင် တိမ်စိမ်းလေထိန်းချုပ်ရေးဓားရည်ရွယ်ချက်ကိုဖွဲ့စည်းနိုင်လိမ့်မယ်။”
“ထိပ်တန်းအဆင့်ချီသန့်စင်ခြင်းနယ်ပယ်က ပညာရပ်ဆိုတဲ့အတိုင်းပဲ။”
ချီမင်ပြောလိုက်တယ်”အရမ်းစွမ်းအားကြီးတယ်။”
မျက်စိတစ်မှိတ်အတွင်းမှာသုံးရက်မြောက်နေ့ကိုရောက်လာခဲ့တယ်။
မနက်ခင်းမှာတော့ အပြင်စည်းဂိုဏ်းစစ်ဆေးပွဲကစတင်တော့မှာဖြစ်တယ်။
ရှောင်ဖန်း ကျူးယွီတိ ထန်ပင်း ကျောင်းယုရှန်း ကျန်းဝမ်ရွှီး လောင်စန်း ချန်ဝေ့မင် ဝမ်တဖူ ရှုချူက ချီမင်မရောက်ခင်ဆုံရမယ့်နေရာကိုရောက်လာတယ်။
“စီနီယာအစ်ကိုချီ”
ကျောင်းယုရှန်းကချီမင်ကိုလမ်းယမ်းပြလိုက်တယ်။သူမရဲ့ပိန်သွယ်တဲ့လက်မောင်းကိုယမ်းရင်း ထူးခြားလှပတဲ့ မျက်နှာမှာ ရင်းနီးတဲ့အပြုံးတစ်ခုနဲ့ပြောလိုက်တယ်”မြန်မြန်လာ ကျွန်မတို့သွားရတော့မှာ။”
ချီမင်ခေါင်းညိတ်ပြီး မြန်မြန်လျှောက်လိုက်တယ်။
ဒါပေမယ့်ချီမင် အကြီးအကဲဖုန်းကိုမတွေ့ရဘူး။သူတို့ကိုကောင်းကင်ဘုံလျှို့ဝှက်ဆန်းကြယ်နယ်မြေကိုခေါ်သွားရမယ့်လူက တိမ်စိမ်းတောင်ထွဋ်အစေခံတန်းလျားရဲ့ ပထမအကြီးအကဲအစစ်ဖြစ်ရမှာ။သူကအဲ့ဒီနေရာကိုပြန် ပေးလိုက်ပြီလား။
အစေခံတန်းလျားရဲ့ပထမအကြီးအကဲကအဖြူရောင်ဆံပင်တွေနဲ့အိုမင်းနေပြီဖြစ်တယ်။သူမျက်နှာက တင်းတိပ်ဝက်ခြံတွေဖုံးနေပြီး အရေးအကြောင်းတွေရှိနေတယ်”ချီမင် မင်းပဲကျန်တော့တာ။”
“စောင့်ပေးတဲ့အတွက်ကျေးဇူးပါ ပထမအကြီးအကဲ”ချီမင် အရိုအသေပေးလိုက်တယ်။
ပထမအကြီးအကဲကခေါင်းညိတ်လိုက်တယ်”ငါကို ရှုရုန်လိုခေါ် “
“မခေါ်ဝံ့ပါဘူး။”
ဘူးဇ်!
ရှုရုန် ထပ်မပြောတော့ဘူး။ညာဘက်လက်ကိုဝှေ့ယမ်းလိုက်ရင်း သူ့အကျီအိတ်ထဲကနေ သင်္ဘောတစ်စင်း သူတို့ရှေ့ပျံထွက်လာတယ်။
သင်္ဘောကမူလက လက်ဝါးအရွယ်လောက်ပဲရှိပေမယ့်တကယ်က ဆယ်မီတာရှည်ပြီး သုံးမီတာကျယ်တယ်။ ဘော်ဒီတစ်ခုလုံးကရှေးကျတဲ့အရောင်ဖြစ်တယ်။ရှုပ်ထွေးတဲ့ဖွဲ့စည်းမှုပုံစံတွေရောနေတာကိုတွေ့နိုင်တယ်။
အဲ့ဒါအပြင်ကိုမျက်နှာပြင်တစ်ခုလုံးကိုမှိန်ဖျော့ဖျော့အလင်းတစ်ခုဖုံးအုပ်ထားတယ်။
“ဒါက”ချီမင်နည်းနည်းအံ့ဩသွားတယ်။
“ဒါကဓမ္မသင်္ဘောပဲ”
ရှုရုန်ကချီမင်နဲ့ကျန်တဲ့လူတွေကိုရှင်းပြလိုက်တယ်”အဲ့တာကခရီးသွားဖို့အဓိကသုံးတဲ့ပစ္စည်းပဲ။အရမ်းလည်းမြန်တယ်။ကောင်းကင်ဘုံလျှို့ဝှက်ဆန်းကြယ်နယ်မြေကိုသွားမယ်ဆိုရင် မင်းတို့ဓမ္မသင်္ဘောကိုစီးရမယ်။”
ချီမင်နဲ့ကျန်တဲ့လူတွေခေါင်းညိတ်လိုက်တယ်။
“လာကြတော့”ရှုရုန် သင်္ဘောပေါ်အရင်တတ်လိုက်တယ်။”ဒီဓမ္မသင်္ဘောက ငါ့ဟာမဟုတ်ဘူး။ မင်းတို့ကိုခန်းမကိုသွားဖို့ အထူးပြင်ပေးထားတာ။အပြင်စည်းဂိုဏ်းစစ်ဆေးပွဲပြီးရင် ပြန်ပေးရမှာ။”
ချီမင်နဲ့ တစ်ခြားလူတွေက တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီး ဓမ္မသင်္ဘောပေါ်တစ်ယောက်ပြီးတစ်ယောက်ခုန်တက်သွားတယ်။ရှုရုန်ကလက်စည်းတစ်ခုနဲ့ပင့်တင်ပြီး ဝိဉာဏ်ချီတွေထိုးသွင်းလိုက်တယ်။
“သေချာရပ်နေကြ”ရှုရုန်ကသူတို့ကိုသတိပေးလိုက်တယ်။
ဆွစ်ရှ်!!
နောက်တော့ ဓမ္မသင်္ဘောက အလင်းစီးကြောင်းအသွင်နဲ့ကောင်းကင်ကိုထိုးဖောက်သွားတယ်။သူကကောင်းကင်ပေါ်မှာပျံသန်းနေရင်းတိမ်တွေထဲဝင်သွားတယ်။
ပုံရိပ်ကလုံးဝပျောက်ကွယ်သွားတယ်။
“ချီ မင်!”
ခဏနေတော့ချိုက်ယုဟိုင်က သိပ်မဝေးတဲ့နေရာကနေ ဖြေးညင်းစွာလျှောက်လာတယ်။မကျေနပ်မှုနဲ့အညိုးအတေးတွေကသူ့မျက်နှာမှာပေါ်နေတယ်။သူ့ဘေးနားမှာသူနဲ့နည်းနည်းတူတဲ့ သက်လတ်ပိုင်းလူကြီးတစ်ယောက်ကရပ်နေတယ်။
သက်လတ်ပိုင်းအမျိုးသားကြီးက ချိုက်ယုဟိုင်ရဲ့အစ်ကိုကြီး ချိုက်ကျင်းရှီပဲ
ချိုက်ကျင်းရှီက သူ့လက်ကို နောက်ပစ်ထားပြီး အပြစ်တင်တဲ့သဘောနဲ့တည်ငြိမ်စွာနဲ့ကြည့်နေတယ်”မင်း ဒီတစ်ခေါက်စိတ်လိုက်မာန်ပါလုပ်လွန်းတယ်။ပွဲကပြီးနေပြီကိုချောင်းတိုက်စရာမလိုတော့ဘူး။”
“အစ်ကို”ချိုက်ယုဟိုင်ကသူ့သွားကိုကြိတ်လိုက်တယ်”သူငါ့လက်မောင်းကိုဖြတ်လိုက်တာ”
ချိုက်ကျင်းရှီက ပြောလိုက်တယ်”မစိုးရိမ်ပါနဲ့ မင်းကငါ့ညီပဲ။ငါဒီကိစ္စအတွက်တရားမျှတမှုရှာပေးမှာပါ။ရွှေရောင်အမြစ်တောင်ထွဋ်ကသူငယ်ချင်းကောင်းနဲ့ဆက်သွယ်ပြီးပြီ။သူကငါလို့ပဲအတွင်းဂိုဏ်းကိုဝင်တော့မှာ။ငါယုံတယ်သူချီမင်ကိုမမေ့နိုင်တဲ့သင်ခန်းစာပေးနိုင်မယ်ဆိုတာ။”
“သူ့ကျင်ကြံခြင်းပျက်ဆီးသွားပြီး ကျွန်တော့်လက်ထဲထည့်ပေးနိုင်ရင် အကောင်းဆုံးပဲ။သူ့ကိုသေပါစေလို့တောင်းဆိုရအောင်လုပ်မယ်။”ချိုက်ယုဟိုင်ကရက်စက်စွာနဲ့ပြောလိုက်တယ်။