← Chapters

ကောင်းကင်ဘုံလျှို့ဝှက်ဆန်းကြယ်နယ်မြေ

Vol. 2 Ch. 22

ကောင်းကင်ဘုံလျှို့ဝှက်ဆန်းကြယ်နယ်မြေ

Vol. 2 Ch. 22

လှေသ‌‌င်္ဘောပျံပေါ်မှာမတ်တပ်ရပ်ပြီးတော့ချီမင်ဘေးပတ်လည်ကိုလှည့်ပတ်ကြည့်လိုက်တယ်။တိမ်‌တွေနဲ့မြူတွေကသူ့ကိုဝန်းရံထားပြီးတော့တောင်ထွဋ်တွေကိုမြင်ရတယ်ဆိုရုံလေးပဲရှိတော့တယ်။ဒါကအလွန်ကိုလှပပြီးတော့လူတေကိုစိတ်ပေါ့ပါးပျော်ရွင်မှုခံစားရအောင်လုပ်ပေးနေတယ်။

ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းကတောင်

ထွဋ်၁၂ခုအဖြစ်ခွဲခြားထားပေမဲ့ဂိုဏ်းမှာကတောင်

ထွဋ်၁၂ခုပဲရှိတာမဟုတ်ဘူး။အဲ့ဒီအစားသူတို့ရဲ့နယ်‌မြေကအရမ်းကျယ်ဝန်းတယ်။အဲ့တာကတောင်တန်း တွေတောင်ထွဋ်တွေနဲ့ဖွဲ့စည်းထားတယ်။

အဲ့တာတွေအပြင်

အရေအတွက်များပြားတဲ့ခွန်အားကြီးပြီးထူးခြားတဲ့တပည့် တွေကတောင်တစ်လုံးကိုသူတို့ကိုယ်တိုင်သိမ်းပိုက်ပြီးတော့ဂူဗိမာန်တည်ဆောက်တတ်ကြတယ်။အမွေခံတပည့်တေနဲ့အတွင်းစည်းအကြီးအကဲတေအားလုံးမှာသီးခြားဂူဗိမာန်တစ်ခုဒါမှမဟုတ်စံအိမ်တစ်လုံးဆီရှိကြတယ်။

“ငါတို့ခရီးသွား‌နေတုန်းမှာမင်းတို့ကိုကောင်းကင်ဘုံ့အကြီးအကဲလျှို့ဝှက်ဆန်းကြယ်နယ်‌ မြေဆိုတာဘာလဲအရင်ပြောပြရလိမ့်မယ်။”ရှုရုန်ကပြောလိုက်တယ်။

ချီမင်နဲ့တခြားသူတေခေါင်းညိတ်လိုက်ကြတယ်။သူတို့လည်းအရမ်းစိတ်ဝင်စားပြီးသိချင်နေကြပြီ။

“လွန်ခဲ့တဲ့နှစ်၅၀၀လောက်ကပေါ့။နတ်ဆိုးနန်းတော်နဲ့ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းတို့တိုက်ပွဲဆင်နွဲခဲ့ကြတယ်။အကြောင်းအရင်းတိတိကျကျကိုတော့မသိကြဘူး။ဒါပေမဲ့အလွန်အမင်းပြင်းထန်တဲ့တိုက်ပွဲတစ်ခုဖြစ်ပွားခဲ့တယ်။”

“နောက်ဆုံးရလာဒ်ကငါတို့ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းကအနိုင်ရရှိခဲ့တယ်။ဒါပေမဲ့တိုက်ပွဲရဲ့အကျိုးဆက် တွေကအရမ်းပြင်းထန်တယ်။ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ဆုံးရှုံးမှုကလည်းမသေးဘူး။”

“ဘယ်လိုပဲဖြစ်ဖြစ်နတ်ဆိုးနန်းတော်ကကြီးမြတ်တဲ့နတ်ဆိုးကျင့်ကြံသူကသေသွားတယ်လေ။သူကငါတို့ရဲ့ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းကမဟာအကြီးအကဲ‌တွေရဲ့သတ်တာခံလိုက်ရတယ်။”

“အဲ့ဒီကျဆုံးသွားတဲ့နတ်ဆိုးကျင့်ကြံသူကိုကောင်း

ကင်ဘုံအကြီးအကဲလို့ခေါ်တယ်။”

“ကောင်းကင်ဘုံ့အကြီးအကဲသေသွားပြီးတဲ့နောက်မှာသူရဲ့ခန္ဓာကိုယ်ကကောင်းကင်ဘုံ့အကြီးအကဲလျှို့ဝှက်ဆန်းကြယ်နယ်မြေအဖြစ်ပြောင်းသွားတော့ငါတို့ရဲ့ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းကသိမ်းလိုက်တယ်။နောက်တာ့အဲ့တာကိုထူးခြားတဲ့နည်းလမ်း‌ တွေသုံးပြီးတော့ချိတ်ပိတ်ထားခဲ့တယ်။”

“အခုနှစ်၅၀၀ကြာပြီးတဲ့နောက်မှာကောင်းကင်ဘုံ့အကြီးအကဲလျှို့ဝှက်ဆန်းကြယ်နယ်မြေထဲမှာရှိတဲ့ဝိဉာဏ်ချီသိပ်သည်းမှုကတဖြည်းဖြည်းလျော့ကျလာတယ်။အခုတော့အဲ့ဒီနေရာကိုအပြင်စည်းဂိုဏ်းစစ်ဆေးပွဲနေရာအဖြစ်ပဲသုံးနိုင်တော့တယ်။”

“ဒါက...” လောင်စန်းအံ့ဩသွားပြီးပြောလိုက်တယ်။”သူသေပြီးတဲ့နောက်မှာ‌တောင်သူ့ရဲ့ခန္ဓာကိုယ်ကလျှို့ဝှက်ဆန်းကျယ်နယ်မြေအဖြစ်ပြောင်းသွားတယ်။သူ့မှာရှိတဲ့ကျင့်ကြံမှုအဆင့်ကဘယ်လိုမျိုးလဲ။ဒါပေမဲ့ဒီလောက်စွမ်းအားကြီးတဲ့နတ်ဆိုးကျင့်ကြံသူကငါတို့ရဲ့ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းကမဟာအကြီးအကဲတွေရဲ့ဝိုင်းပြီးသတ်တာခံလိုက်ရတယ်။”

“မယုံနိုင်စရာဘဲ။” ကျူးယွီတိနဲ့တစ်ခြားသူ‌တွေမြှောက်ပင့်လိုက်တယ်။

ရှုရုန်ဆက်ပြောလိုက်တယ်။”နောက်ထပ်ငါမင်းတို့ကိုအပြင်စည်းဂိုဏ်းစစ်ဆေးပွဲရဲ့စည်းမျဉ်းတေနဲ့ကောင်းကင်ဘုံ့အကြီးအကဲလျှို့ဝှက်ဆန်းကြယ်နယ်မြေအတွက်မှတ်သားရမယ့်အရာ တွေကိုပြောပြပေးမယ်။”

“ကျေးဇူးတင်ပါတယ်။ပထမအကြီးအကဲ။”

“ပထမအကြီးအကဲကျေးဇူးပြုပြီးအသေးစိတ်ကျကျရှင်းပြပေးပါ။”

ချီမင်နဲ့တခြားသူ တွေကအမြန်ပြောလိုက်တယ်။

ရှုရုန်ကစိတ်ကျေနပ်စွာခေါင်းညိတ်လိုက်ပြီးတော့အသေးစိတ်ဆက်ရှင်းပြတယ်။”ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့တောင်ထွဋ်၁၂ခုကတပည့်၁၀‌‌ ယောက်စီကိုကောင်းကင်ဘုံ့အကြီးအကဲလျှို့ဝှက်ဆန်းကြယ်နယ်မြေကိုဝင်ပြီးယှဉ်ပြိုင်ဖို့ပို့လိုက်မယ်။အဲ့တော့အစေခံတပည့်၁၂၀ကပါဝင်ယှဉ်ပြိုင်လိမ့်မယ်။”

ရှုရုန်ကအသေးစိတ်ရှင်းပြလိုက်တယ်။”အပြင်စည်းဂိုဏ်းစစ်ဆေးပွဲတစ်ခုလုံးမှာအဆင့်နှစ်ဆင့်တည်းကျင်းပမှာဖြစ်တယ်။ပထမအဆင့်ကကောင်းကင်ဘုံအကြီးအကဲလျှို့ဝှက်ဆန်းကြယ်နယ်မြေကိုဝင်ပြီးတော့ထိပ်ဆုံး၁၀ယောက်ကိုရွေးချယ်မှာပဲဖြစ်တယ်။ဒုတိယအဆင့်ကထိပ်ဆုံး၁၀ယောက်ကပြိုင်ကွင်းထဲမှာယှဥ်ပြိုင်ပြီး‌ေနာက်ဆုံးအနိုင်ရရှိသူကိုရွေးချယ်မှာပဲဖြစ်တယ်။”

“ဒါကဘာကြောင့်လဲဆိုတော့ကောင်းကင်ဘုံအကြီးအကဲလျှို့ဝှက်ဆန်းကြယ်နယ်မြေကကြီးမြတ်တဲ့နတ်ဆိုးကျင့်ကြံသူရဲ့ခန္ဓာကိုယ်ကနေပြောင်းလဲလာတာမလို့ပဲ။အဲ့နေရာကနတ်ဆိုး တွေနဲ့နတ်ဆိုးကျင့်ကြံသူ တွေအ‌တွက်အသက်ရှင်နေထိုင်ဖို့ပိုသင့်တော်တယ်။ပုံမှန်အတိုင်းနတ်ဆိုးသားရဲ‌တွေအများကြီးအဲ့မှာနေထိုင်ကျက်စားကြတယ်။သူတို့ကအားနည်းနိုင်သလိုစွမ်းအားလည်းကြီးနိုင်တယ်။မင်းတို့အခြေခံတည်ထောင်ခြင်းနတ်ဆိုးနဲ့တွေ့တယ်ဆိုရင်ချက်ချင်းလွတ်အောင်ပြေးရမယ်။မင်းတို့တိုက်ခိုက်ဖို့လုံးဝမတွေးသင့်ဘူး။”

“ထပ်လောင်းပြောရမယ်ဆိုရင်ကောင်းကင်ဘုံအကြီးအကဲလျှို့ဝှက်ဆန်းကြယ်နယ်မြေထဲမှာသေခြင်းရှင်ခြင်းကကံတရားပဲ။နောက်ထပ်တခုကတော့တောင်ထွဋ်၁၂ခုကမစည်းလုံးကြဘူး။မင်းတို့‌‌

တွေပုန်းကွယ်နေသောဓားတောင်ထိပ်,ကောင်းကင်ဘုံနဲ့ချိတ်ဆက်သောတောင်ထွဋ်,နဲ့မြင့်မြတ်ပန်းပဲတောင်ထွဋ် တွေကိုမင်းတို့သတိပိုထားရမယ်။”

“ဘာကြောင့်လဲဆိုတော့တိမ်စိမ်းတောင်ထိပ်နဲ့အဲ့ဒီတောင်ထိပ် တွေကြားကရန်ညှိုးကအရမ်းကြီးတယ်။အဲ့ဒီ‌ တောင်ထိပ်သုံးခုကအစေခံတပည့်တွေကမင်းတို့ကိုသတ်ဖို့ကြိုးစားလိမ့်မယ်။အဲ့တာကြောင်မင်းတို့ဂရုစိုက်ရလိမ့်မယ်။”

“ဒါပေါ့မင်းတို့ဘာလုပ်မလဲဆိုတာမင်းတို့အပေါ်မှာပဲမူတည်တယ်။”

“အခြေအနေအတိအ‌ကျကတော့မင်းတို့ကောင်းကင်ဘုံအကြီးအကဲလျှို့ဝှက်ဆန်းကြယ်နယ်မြေကိုဝင်ပြီးမှပဲသိလိမ့်မယ်။”

ချီမင်နဲ့တခြားသူတေကခေါင်းညိတ်လိုက်ပြီးတော့ ရှုရုန်ရဲ့စကား‌တွေကိုမှတ်သားလိုက်တယ်။

လှေသ‌‌ေင်္ဘာပျံရဲ့အ‌မြန်နှုန်းကအရမ်းမြန်တယ်။ဘေးဘက်မှာရှိတဲ့တောင်‌ တွေကတဖြည်းဖြည်းပျောက်ကွယ်သွားပြီးတော့ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့တောင်ထွဋ်၁၂ခုကလည်းမြင်ကွင်းကနေပျောက်ကွယ်သွားပြီးတော့ကန္တာရလိုနေရာကိုတဖြည်းဖြည်းရောက်လာတယ်။”

ကျောင်းယုရှန်းသူမရဲ့သိမ်မွေ့ပြီးကသေးသွယ်တဲ့မျက်နှာပေါ်မှာနူးညံပြီးလှပတဲ့အပြုံးနဲ့လမ်းလျှေက်လာခဲ့တယ်။သူမကချီမင်ဘေးမှာရပ်လိုက်ပြီးတော့ပြောလိုက်တယ်။”စီနီယာအကိုချီမတွေ့ရတာကြာပြီ။ဒီဂျူနီယာညီမလေးကစီနီယာအကိုချီကိုနည်းနည်းလွမ်းနေခဲ့တာ။”

“မင်းကဘယ်သူလဲ။”ချီမင်က‌ ကျောင်းယုရှန်းကိုသံသယရှိစွာပြောလိုက်တယ်။

“အယ်...”

ကျောင်းယုရှန်းရဲ့မျက်နှာ‌ ပေါ်ကအပြုံးကတန့်သွားတယ်။သူမကချီမင်ဆီကဒီလိုတုန့်ပြန်မှုမျိုးကိုမမျှော်လင့်ထားခဲ့ဘူး။သူကတကယ်ပဲသူမဘယ်သူလဲဆိုတာမေ့သွားပြီ။အဲ့တာက ကျောင်းယုရှန်းကို‌နေရခက်စေတယ်။သူမကတွင်းတစ်ခုရှာပြီးဝင်ပုန်းလိုက်ချင်တယ်။

“ဖူး...”

ထန်ပင်းကသူမကိုသူမမထိန်းနိုင်ဘဲသူမပါးစပ်ကိုအုပ်ရယ်လိုက်တယ်။

“စီနီယာအကိုချီ,ကျွန်မမှာတခြားတောင်ထွဋ်ကအစေခံတပည့် တွေရဲ့အချက်အလက်နည်းနည်းရှိတယ်။စီနီယာအကိုနားထောင်ဖို့စိတ်ဝင်စားလားမသိဘူး။”

ကျောင်းယုရှန်းကသူမရဲ့ရင်ထဲကဒေါသ တွေကိုဖိနှိပ်လိုက်ဖို့အသက်ပြင်းပြင်းရှူပြီးချီမင်ကိုပြောလိုက်တယ်။”တခြားတောင်ထွဋ်ကတပည့် တွေရဲ့အခြေအနေကိုကြိုသိထားတာကလာမယ့်ပြိုင်ပွဲမှာတိမ်စိမ်းတောင်ထွဋ်က်ုအကျိုးရှိစေလိမ့်မယ်။”

“စိတ်မဝင်စားဘူး။”ချီမင်ပခုံးတွန့်လိုက်တယ်။

“ဂျူနီယာညီမလး ကျောင်း။” ကျူးယွီတိအပြုံးလေးနဲ့လမ်းလျှာက်လာတယ်။”ငါကတော့သိချင်တယ်။မင်းငါ့ကိုဘာလို့မပြောပြတာလဲ။”

“ထွက်သွားစမ်း။”

ကျောင်းယုရှန်း ကကျူးယွီတိကို အေးအေးစက်စက်ကြည့်လိုက်တယ်။

“မင်း...” ကျူးယွီတိမျက်မှောင်ကြုံလိုက်တယ်။သူကတစ်ကယ်မေးနေတာလေ။

နာရီဝက်ကြာပြီးတဲ့နောက်မှာသူတို့ရဲ့ပန်းတိုင်ကိုဆိုက်ရောက်လာတယ်။

အရှေ့တည့်တည့်ကို လှေပျံပေါ်ကနေလှမ်းကြည့်လိုက်တဲ့အခါမှာသူတို့တွေ့လိုက်ရတာကဝါညိုရောင်မြေကြီး‌ တွေပဲ။သစ်ပင်ပန်းပင် တွေလုံးဝမရှိဘဲကြီးမားတဲ့သဲကန္တာရလိုခြောက်ကပ်နေတယ်။

အဲ့ဒီအချိန်မှာကြီးမားတဲ့လှေဆိပ်ကိုလှေ၁၁စင်းကဝန်းရံထားတယ်။

အလယ်ခေါင်မှာအဆောက်အအုံက‌ လေ ပေါ်မှာ မျောနေတယ်။

ပွဲကြည့်စင်မှာတိုက်ပွဲကိုစောင့်ကြည့်မဲ့အကြီးအကဲ၁၂ယောက်ရှိတယ်။

“တိမ်စိမ်းတောင်ထွဋ်ကရောက်လာပါပြီ။”

“တောင်ထွဋ်၁၂ခုလုံးရောက်နေပြီပဲ။မကြာခင်ငါတို့ပြိုင်ပွဲစလို့ရပြီ။”

ဓမ္မလှေ၁၁စင်းပေါ်မှာရှိတဲ့တခြားတောင်ထိပ်ကအစေခံအကြီးအကဲ တွေကရှုရုန်ဓမ္မ လှေမောင်းလာတာကိုတွေ့လိုက်တော့ပြိုင်ပွဲစဖို့မပြင်ဆင်ခင်ခဏစကားပြောနေတယ်။

“မင်းတို့ တွေအားလုံးသွားလို့ရပြီ”ရှုရုန်ကချီမင်နဲ့ကျန်တဲ့သူ‌တွေကို‌ပြောလိုက်တယ်။

ချီမင်နဲ့ကျန်တဲ့သူတွေက‌ ခေါင်းညိတ်လိုက်ပြီးတော့ရှုရုန်နဲ့အတူလှေသ‌‌င်္ဘော ပျံကနေခုန်ဆင်းလိုက်ကြတယ်။သူတို့လှေဆိပ်ရဲ့အပြင်ဘက်ကမြေပြင်ပေါ်မှာရပ်လိုက်ကြတယ်။တခြားတောင်ထွဋ်၁၁ခုကအစေခံတပည့် တွေလည်းလှေသ‌‌င်္ဘော ပျံပေါ်ကနေထွက်လာကြတယ်။

တပည့်စုစုပေါင်း၁၂၀ယောက်ရှိတယ်။

အမျိုးသားတွေကောအမျိုးသမီးတွေကောပါတယ်။

သူတို့ တွေထဲမှာကျင့်ကြံမှုမြင့်တဲ့သူတေကောနိမ့်တဲ့သူ တွေကောပါတယ်။

“ကောင်းကင်ဘုံ့အကြီးအကဲလျှို့ဝှက်ဆန်းကြယ်နယ်မြေကိုဖွင့်လိုက်။”

ပွဲကြည့်စင်ကနေသိက္ခာရှိတဲ့အသံတစ်ခုထွက်လာတယ်။”အပြင်စည်းဂိုဏ်းစစ်ဆေးပွဲကိုစတင်ကျင်းပပြီ။ဒီစစ်ဆေးပွဲမှာကောင်းကင်ဘုံအကြီးအကဲလျှို့ဝှက်ဆန်းကြယ်နယ်မြေကိုသွားပြီးတော့စိတ်ဝိဉာဏ်ဆေးပင်တေကိုစုဆောင်းရမယ်။စိတ်ဝိဉာဏ်ဆေးပင်ရဲ့အဆင့်ပေါ်မှာမူတည်ပြီးတော့မတူတဲ့အမှတ်တွေရလိမ့်မယ်။”

“ထိပ်ဆုံး၁၀ယောက်ကပဲနောက်ဆုံးယှဉ်ပြိုင်ပွဲကိုဝင်နိုင်တယ်။”

“ကောင်းကင်ဘုံ့အကြီးအကဲလျှို့ဝှက်ဆန်းကြယ်နယ်မြေထဲမှာစိတ်ဝိဉာဏ်ဆေးပင်အများစုကချီသန့်စင်ခြင်းအဆင့်‌ဆေးပင်‌ တွေပဲပါတယ်။ပမာဏအနည်းငယ်ကပဲအခြေခံတည်ထောင်ခြင်းအဆင့်စိတ်ဝိဉာဏ်ဆေးပင်တွေဖြစ်တယ်။သူတို့ကိုလည်းအဆင့်နိမ့်၊အလယ်အလတ်၊အဆင့်မြင့်နဲ့ထိပ်တန်းအဆင့်ဆိုပြီး၃ဆင့်ခွဲထားတယ်။

“”အဆင့်နိမ့်ချီသန့်စင်ခြင်းအဆင့်စိတ်ဝိဉာဏ်ဆေးပင်ကတစ်ပင်ကိုတစ်မှတ်တန်တယ်။အဆင့်သေးတစ်ဆင့်‌တိုးသွားတိုင်းမှာအမှတ်‌ တွေကနှစ်ဆဖြစ်သွားမယ်။အဲ့တော့ထိပ်တန်းအဆင့်ချီသန့်စင်ခြင်း

စိတ်ဝိဉာဏ်ဆေးပင်တစ်ပင်က၈မှတ်တန်တယ်။”

“အဆင့်နိမ့်အခြေခံတည်ထောင်ခြင်းစိတ်ဝိဉာဏ်ဆေးပင်တစ်ပင်ကအမှတ်၁၀၀တန်တယ်။အဆင့်သေးတစ်ဆင့်‌တက်သွားတိုင်းမှာအမှတ်‌ တေကနှစ်ဆတိုးသွားမယ်။ဒါကြောင့်ထိပ်တန်းအ‌ဆင့်စိတ်ဝိဉာဏ်ဆေးပင်တစ်ပင်ကအမှတ်၈၀၀တန်နေတယ်။”

“…”

ချီမင်နဲ့တခြာသူတေကဂိုဏ်းအကြီးအကဲအ‌သေးစိတ်ရှင်းပြတဲ့စည်းမျဉ်းတေကိုဂရုတစိုက်နားထောင်နေကြတယ်။အစေခံအကြီးအကဲ၁၂ယောက်ကသူတို့ရဲ့လက် တွေကိုချိတ်တံဆိပ်ပုံဖော်လိုက်တယ်။စိတ်ဝိဉာဏ်စွမ်းအင်တေစုစည်းလာပြီးချိတ်တံဆိပ်၁၂ခုအဖြစ်သိပ်သည်းသွားပြီးတော့တစ်ချိန်တည်းမှာပဲပျံထွက်သွားတယ်။

ဘုန်း!!!

ဘတ်စ်!ဘတ်စ်!ဘတ်စ်!!!

လှေဆိပ်ရဲ့အလယ်ကအဆောက်အဦအောက်တည့်တည့်မှာစီးဆင်းလာတဲ့ချိတ်တံဆိပ်၁၂ခုကထပ်သွားပြီးတော့ဟင်းလင်းပြင်ကိုပုံပျက်သွားစေတယ်။

…

ကြီးမားတဲ့အနက်ရောင်ဝဲဂယက်ကြီးပေါ်လာတယ်။

အဲ့တာကလေးမီတာပတ်လည်လောက်ကျယ်တယ်။

စုပ်ယူတဲ့အားတခုကိုထုတ်လွတ်နေတယ်။

“စစ်ဆေးမှုတိုကင်ကိုကိုင်ထားပြီးကောင်းကင်ဘုံအကြီးအကဲလျှို့ဝှက်ဆန်းကြယ်နယ်မြေကို‌အမြန်ဝင်ကြ။”

အစေခံအကြီးအကဲ၁၂ယောက်ကပြိုင်တူ‌အော်လိုက်တယ်။

“သွား။”

ဆွစ်!ဆွစ်!ဆွစ်!

တုန့်ဆိုင်းမှုမရှိဘဲနဲ့အစေခံတပည့်၁၂၀ကတိုကင်ကိုကိုင်ပြီးဝင်သွားကြတယ်။သူတို့အားလုံးနက်ပြာရောင်ဝဲဂယက်ထဲတိုးဝင်သွားကြတယ်။ချီမင်ကလည်းသဘာဝအတိုင်းသူတို့ထဲကတယောက်ဖြစ်တယ်။

All Chapters