ပုန်းကွယ်နေတဲ့နတ်ဆိုးကျင့်ကြံသူလား
Vol. 2 Ch. 23
ချီမင်နက်ပြာရောင် ရေဝဲဂယယ်ထဲဝင်သွားတော့ သူ့မြင်ကွင်းကပြောင်းသွားတယ်။ သူရဲ့ပထမဆုံးအကြိမ် နက်ပြာရောင်တယ်လီပို့ဂိတ်ကိုဖြတ်သန်းဖူးတာဖြစ်တယ်။
အစေခံတပည့်တစ်ယောက်ကသူ့ဘေးနားကဖြတ်သွားတယ်။
အဲ့ဒီချိန်မှာ ချီမင် အနက်ရောင်ဆံပင် အပြာရောင်မျက်လုံးနဲ့ အဲ့ဒီအစေခံတပည့်ကို သတိထားလိုက်မိတယ်။သူက တစ်ဖက်လူကဘယ်တောင်ထွဋ်ကလည်းဆိုတာ မသိပေမယ့် သူ့ဘေးနာကဖြတ်သွားတော့မှိန်ဖျော့အားနည်းတဲ့နတ်ဆိုးချီကို တစ်ဖက်လူရဲ့ကိုယ်ပေါ်မှာအာရုံခံမိလိုက်တယ်။
သေချာတာကချီမင်အာရုံခံမိသွားတဲ့အကြောင်းအရင်းက တစ်ဖက်လူက အခုချိန်မှာ အရမ်းစိတ်လှုပ်ရှားနေလို့ဖြစ်တယ်။သူမျက်လုံးတွေကတောက်ပနေပြီးသူအရှိန်အဝါကိုကောင်းကောင်းမထိန်းချုပ်ထားနိုင်တော့ဘူး။
“နတ်ဆိုးကျင့်ကြံသူလား”
ချီမင်ကြောင်သွားတယ်”ပုန်းကွယ်နေတဲ့နတ်ဆိုးကျင့်ကြံသူတွေကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းမှာ ရှိနေသေးတာလား။”
ခဏလောက်နေတော့ အဖြူရောင်အလင်းကသူ့ရှေ့ပေါ်လာပြီး ချီမင်ရဲ့မြင်ကွင်းကိုပိတ်ဆို့လိုက်တယ်။
သူ့အမြင်အာရုံပြန်ရလိုက်တော့ချီမင်က ကောင်းကင်ဘုံလျှို့ဝှက်ဆန်းကြယ်နယ်မြေကိုရောက်နေပြီဖြစ်တယ်။သူပတ်လည်ကိုကြည့်လိုက်တယ်။သူရောက်နေတဲ့နေရာက အဆုံးမရှိကွင်းပြင်ကြီးဖြစ်တယ်။
စစ်ဆေးပွဲတိုကင်က သူ့လက်ထဲကနေ ၁၂နာရီအချိန်ကိုစတင်ရေတွက်လာတယ်။
အပြင်စည်းဂိုဏ်းစစ်ဆေးပွဲရဲ့စည်းကမ်းအရ ရေတွက်ချိန်မပြီးဆုံးခင်မှာ အစေခံတပည့်တွေအကုန်လုံးကကောင်းကင်ဘုံလျှို့ဝှက်ဆန်းကြယ်နယ်မြေ ကမထွက်ခင် တယ်လီပိုချိတ်စည်းကိုအသက်သွင်းရမယ်။မဟုတ်ရင် သူတို့တွေလျှို့ဝှက်ဆန်းကြယ်နယ်မြေထဲပိတ်မိသွားပြီး ပြန်လွတ်မြောက်ဖို့မဖြစ်နိုင်တော့ဘူး။
အဲ့ဒါကြောင့်…
စစ်ဆေးပွဲတိုကင်ကအရမ်းအရေးပါတယ်။ရမှတ်တွေကိုမှတ်တမ်းတင်ပေးရုံသာမက အဆုံးမှာကောင်းကင်ဘုံလျှို့ဝှက်ဆန်းကြယ်နယ်မြေကထွက်ဖို့သော့လည်းဖြစ်တယ်။အဲ့တာကပျောက်သွားတာပဲဖြစ်ဖြစ် လုခံရတာပဲဖြစ်ဖြစ် ထွက်ဖို့ကအရမ်းခက်သွားပြီဖြစ်တယ်။
“ငါအခု ငါ့ရဲ့လက်ရှိနေရာကို အတည်ပြုဖို့လိုတယ်။”
ချီမင်ကြက်ခြေခတ်သဏ္ဍန်ခြေချိတ်ထိုင်လိုက်တယ်။သူအလျင်တော့လိုမနေပေ။သူမြေပုံကိုထုတ်ပြီးကြည့်လိုက်တယ်။ဒါကကောင်းကင်ဘုံလျှို့ဝှက်ဆန်းကြယ်နယ်မြေရဲ့မြေပုံဖြစ်တယ်။အပြင်စည်းဂိုဏ်းစစ်ဆေးပွဲမှာပါတဲ့အစေခံတပည့်တိုင်းရတယ်။တောင်ထိပ်အမျိုးမျိုးရဲ့ အစေခံတပည့်အကြီးအကဲတွေကိုယ်တိုင်ပေးထားတာဖြစ်တယ်။
ကောင်းကင်ဘုံ အကြီးအကဲကွင်းပြင် အဆိပ်ရွှံ့နွံ နေဝင်ချိန်တောင်ကုန်း ဓားတောင်တန်းစွန်းတို့တည်ရှိတယ်။
ချီမင်ရောက်နေတဲ့နေရာကကောင်းဘုံအကြီးအကဲကွင်းပြင်ဖြစ်တယ်။သူက ကောင်းကင်ဘုံအကြီးအကဲကွင်းပြင်ရဲ့တောင်ပိုင်းကိုဦးတည်မယ်ဆိုရင်သူအဆိပ်ရွှံ့နွံကိုလည်းသွားလို့ရသေးတယ်။အ ရှေ့ဘက်ကိုသွားမယ်ဆိုရင် နေဝင်ချိန်တောင်ကုန်းကိုသွားလို့ရတယ်။ကောင်းကင်ဘုံအကြီးအကဲလွင်ပြင်ရဲ့မြောက်ပိုင်းမှာတော့ဓားတောင်တန်းစွန်းရှိတယ်။
“အခု ငါတစ်ကြိမ်ကိုတစ်လှမ်းပဲလုပ်သေးတာပေါ့။”
ချီမင်မတ်တပ်ရပ်ပြီး မြေပုံကိုအဆင့်နိမ့်သိုလှောင်အိတ်ထဲထည့်လိုက်တယ်။”ငါဘာဝိဉာဏ်ဆေးပင်တွေရှိလည်းရှာရမယ်။”
နေရာကိုသတ်မှတ်ပြီးတော့ ချီမင်ထပြီးမြောက်ဘက်ကိုလမ်းလျှောက်သွားလိုက်တယ်။သူကောင်းကင်ဘုံအကြီးအကဲကွင်းပြင်ကိုရှာလို့ပြီးရင် ဓားတောင်စွန်းကိုသွားကြည့်မယ်လို့အစီစဉ်ချထားတယ်။
နာရီဝက်လောက်ကြာတော့ ချီမင်ပထမဆုံးဝိဉာဏ်ဆေးပင်ကိုတွေ့လိုက်ရတယ်။အဲ့တာက ချီသန့်စင်ခြင်းအဆင့်နိမ့်အပင်ဖြစ်တဲ့တောက်ပမြက်ပင်ပဲဖြစ်တယ်။ ကုသခြင်းအမှုန့်ကိုသန့်စင်ဖို့သုံးလို့ရတယ်။အဲ့တာကအနိမ်ဆုံးအဆင့်ဝိဉာဏ်ဆေးပင်ဖြစ်ပြီး ဆေးပြားအဖြစ်သန့်စင်လို့တောင်မရပေ။
ဒါပေမယ့်ဘယ်လိုပဲဖြစ်ဖြစ်ဘာမှမရှိတာထက်တော့ပိုကောင်းတယ်။
“တစ်မှတ်တန်လေး”ချီမင်ပြောလိုက်တယ်။
နောက်တစ်နာရီကုန်သွားတယ်။
ချီမင်မှာ ချီသန့်စင်ခြင်းအဆင့်နိမ့် ဝိဉာဏ်ဆေးပင် သုံးပင်ပဲရှာတွေ့သေးတယ်။အခုထိသူသုံးမှတ်ပဲရသေးတယ်။ဒီလိုသာဆက်ဖြစ်နေရင် သူရလဒ်ကောင်းတွေရဖို့မဖြစ်နိုင်တော့ဘူး။ သူထိပ်ဆုံးဆယ်ယောက်ထဲတောင်ဝင်မှာမဟုတ်ဘူး။
“ဝိဉာဏ်ဆေးပင်တွေရှာတာက ငါကျွမ်းကျင်တဲ့နယ်ပယ်မဟုတ်ဘူးပဲ။”
ချီမင် ပြတ်ပြတ်သားသားအရှုံးပေးလိုက်တယ်။အကြံတစ်ခုကသူ့အတွေးထဲပေါ်လာတယ်”တစ်ခြားအစေခံတပည့်တွေရှိက ဝိဉာဏ်ဆေးပင်တွေတိုက်ရိုက်လုလိုက်တာမှပိုကောင်းတယ်။”
ဒါပေမယ့် သူတို့တွေကောင်းကင်ဘုံလျှို့ဝှက်ဆန်းကြယ်နယ်မြေကိုဝင်လာတည်းကအစေခံတပည့်၁၂၀လုံးကလျှို့ဝှက်ဆန်းကြယ်နယ်မြေကြီးတစ်ခုလုံးမှာလူခွဲခံလိုက်ရတယ်။သူတို့တွေနဲ့ကြုံရဖို့ကလည်းမလွယ်ဘူး။
နောက်ထပ်နာရီဝက်လောက်ကြာတော့ ကောင်းကင်ဘုံအကြီးအကဲကွင်းပြင်နဲ့ဓားတောင်တန်းစွန်းတို့ရဲ့တောင်တန်းထူထပ်တဲ့နယ်နိမိတ်နေရာမှာတော့
“ဒါက…”
ချီမင်ရုတ်တရက် အမွှေးနံတစ်ခုရလိုက်တယ်။ရှေ့ကနေဝိဉာဏ်ချီတွေစုစည်းနေတဲ့နေရာကိုလည်းအာရုံခံလိုက်မိတယ်။
“ငါ့ကံများကောင်းလာတာလား။”
ချီမင်မျက်လုံးတွေလက်သွားတယ်။သူချက်ချင်းဝိဉာဏ်ချီတွေစုစည်းနေတဲ့နေရာကိုရွေ့လိုက်တယ်။
မိနစ်ဝက်လောက်ကြာတော့ သူ့ရှေ့ကတောင်ကုန်းလေးမှာ မီးမြွေပွေးတစ်ကောင်နဲ့တူတဲ့ မီးတောက်နီရောင် ဝိဉာဏ်ဆေးပင်ကိုတွေ့လိုက်ရတယ်။အဲ့တာကချီသန့်စင်ခြင်းအဆင့်မြင့်အဆင့် မီးမြွေပွေးဝိဉာဏ်ပန်းဖြစ်တယ်။မီးမြွေပွေးဝိဉာဏ်ပန်းက၄မှတ်လောက်တန်တယ်။ချီမင် သူ့နှစ်နာရီလောက်ကြိုးစားရှာထားတာနဲ့ညီမျှတယ်။
“ပြီးတော့ စောင့်ကြပ်နေတဲ့နတ်ဆိုးသားရဲလည်းမရှိဘူးလား။”
ချီမင် သူ့ပတ်ဝန်းကျင်ကိုစစ်ကြည့်လိုက်တယ်”အဝေးမှာ လား ဒါမှမဟုတ်တစ်ခုခုများလား။”
စဉ်းစားနေရင်းချီမင် မီးမြွေပွေးဝိဉာဏ်ပန်းရှိလျှောက်လိုက်တယ်။
ဒါပေမယ့် ချီမင် မီးမြွေပွေးဝိဉာဏ်ပန်းနဲ့ဆယ်မီတာလောက်ပဲ ဝေးတော့တဲ့အချိန် အပြောင်းအလဲတစ်ခုရုတ်တရက်ဖြစ်သွားတယ်။အရပ်မျက်နှာတိုင်းကနေ ပါးလွှာတဲ့ချည်မျှင်နဲ့ရက်လုပ်ထားတဲ့ မရှောင်လွှဲနိုင်လောက်တော့တဲ့ပိုက်ကွန်က ရောက်လာတယ်။အဲ့တာတွေက ချီမင်ကို လျှပ်စီးလက်သလို မြန်မြန်ဖုံးအုပ်သွားတယ်။
“ခြုံခိုတိုက်ခိုက်တာပဲ။”
“မင်ကသေဖို့ တောင်းဆိုနေတာပဲ။”
ချီမင်ရဲ့အကြည့်ကအေးစက်သွားတယ်။သူ့ညာဘက်လက်ကိုယမ်းလိုက်ရင်း ချန်ကလန်နတ်ဆိုးဓားက သူ့လက်ထဲပေါ်လာတယ်။သူကလေထိန်းချုပ်ရေးဓားပညာရပ်ကိုသုံးလိုက်တယ်။ဓားအလင်းတွေကသူ့ပတ်ဝန်းကျင်ကိုခုတ်ပိုင်းလိုက်တယ်။
ခရက်! ခရက်!
ချည်မျှင်ပိုက်ကွန်က လွယ်လွယ်ပဲပျက်စီးသွားတယ်။
ခြုံခိုတိုက်ခိုက်မှုကျရှုံးပြီ။
ဒါပေမယ့်ကိစ္စကမပြီးသေးဘူး။
ပုံရိပ်လေးခုကအရိပ်ထဲကနေအမြန်ထွက်လာပြီး ချီမင်ကိုဝိုင်းလိုက်တယ်။
“ဘယ်လောက်ထက်မြတဲ့ဓားပညာလဲ။”
လေးထောင့်မျက်နှာနဲ့ ချီမင်ရှေ့ရပ်နေတဲ့အစေခံတပည့်ကပြောလိုက်တယ်။ကင်းခြေများနဲ့တူတဲ့ကြောက်ဖို့ကောင်းတဲ့အနာရွတ်က သူ့ဘယ်ဘက်ခြမ်းမျက်နှာမှာရှိတယ်။သူ့ကိုကြည့်ရတာရက်စက်ပုံပေါ်တယ်။”မင်းကဘယ်တောင်ထွဋ်ကလဲ။”
“မင်းခွန်အားကမဆိုးဘူးပဲ။”
“ဟီးဟီး”
“…”
တစ်ခြားအစေခံတပည့်သုံးယောက်ရဲ့အကြည့်ကအေးစက်နေတယ်
“ချီသန့်စင်ခြင်းအဆင့်မြင့်ဝိဉာဏ်ဆေးပင်ကိုငါးစာအနေနဲ့သုံးထားတာပဲ။မင်းတို့က ကောင်းကင်ဘုံအကြီးအကဲကွင်းပြင်နဲ့ဓားတောင်တန်းစွန်းနယ်နိမိတ်ကိုအထူးစောင့်ကြပ်နေကြတာပဲ။မင်းတို့လေးယောက်ကပူးပေါင်းထားသေးတယ်။မင်းတို့အစီအစဉ်ကမဆိုးပါဘူး။”
ချီမင်မထူးမခြားနားပြောလိုက်တယ်”မင်းတို့ကရောဘယ်တောင်ထွဋ်ကလည်း။”
“အစွန်းရောက်ကိုးပါးတောင်ထွဋ်က
ကျန်းရှစ်ချန်း”လေးထောင့်မျက်နှာနဲ့အစေခံတပည့်ကဖြေလိုက်တယ်။
ချီမင်မပြောခင်ခဏလောက်တွေးပြီး”အိုး ဒီတော့ဝိဉာဏ်ဆေးပင်တွေအကုန် မင်းတို့လက်ထဲလွှဲပေးစေချင်လို့လား။ဒါမှမဟုတ် မင်းကိုရိုက်ပြီး ငါ့လက်ထဲလွှဲပေးစေချင်လား။”
“မောက်မာလှချည်လား။”
ကျန်းရှစ်ချန်း ရယ်လိုက်တယ်”မင်းရဲ့ဓားနည်းစနစ်ကပဲလွှမ်းမိုးနိုင်တာမဟုတ်ဘူး။မင်းလက်ထဲမှာရှ်ိတဲ့ ထိပ်တန်းအဆင့် ချီသန့်စင်ခြင်း ရတနာကြောင့်ပဲ။”
“ရယ််ဖို့ ကောင်းတယ်။”
“မင်းကတစ်ယောက်တည်း ငါတို့ကလေးယောက်။မင်းလူလေးယောက်ကိုနိုင်ဖို့အခွင့်ရေးဘယ်လောက်ရှိတယ်ထင်တုန်း။မင်းလက်ထဲကဓားနဲ့ဝိဉာဏ်ဆေးပင်တွေ ငါတို့ကိုပေး။ငါတို့မင်းကိုလွှတ်ပေးဖို့စဉ်းစားပေးမယ်။”
“အဲ့လိုမှမဟုတ်ရင်…”
“ဝိဉာဏ်ဆေးပင်တွေနဲ့ဓားပဲမဟုတ်ဘဲစစ်ဆေးပွဲတိုကင်ပါငါတို့ကိုပေးရလိမ့်မယ် အဲ့အချိန်ကြရင် မင်းကောင်းကင်ဘုံလျှို့ဝှက်ဆန်းကြယ်နယ်မြေကနေ ထွက်သွားလို့တောင်ရမှာမဟုတ်တော့ဘူး။”
“စီနီယာအစ်ကို မင်းရဲ့အချိန်ကိုသူ့ပေါ်မှာမဖြုန်းနဲ့တိုက်ခိုက်ရအောင်။”
“မှန်တယ်”
“လုပ်လိုက်ကြရ အောင်”
တစ်ခြားအစေခံတပည့်သုံးယောက်ကရက်စက်တဲ့မျက်နှာနဲ့ပြောလိုက်တယ်။
“မင်း တွေးပြီးပြီလား။”ကျန်းရှစ်ချန်းချီမင်ကိုကျယ်လောင်စွာနဲ့ခြိမ်းခြောက်လိုက်တယ်။
“စိတ်ဝိဉာဏ်လှည့်ဖြားရေး ကိုးဆင့် ခြေသိုင်း”
ဆွစ်ရှ်!
ချီမင်ရှေ့ကိုတစ်လှမ်းလှမ်းလိုက်ပြီးနောက်မှာပုံရိပ်တွေချန်ခဲ့ရင်းနေရာကနေပျောက်ကွယ်သွားတယ်။သူကအရမ်းမြန်လွန်းတော့ ကျန်းရှစ်ချန်းနဲ့တစ်ခြားလူတွေ မတုံ့ပြန်လိုက်နိုင်ဘူး။
“မင်း”ကျန်းရှစ်ချန်းရှောင်လိုက်ချင်ပေမယ့် နောက်တစ်ခဏနေတော့ သူ့ရင်ဘက်နား လေအေးတွေကိုခံစားမိလိုက်တယ်။သူတစ်ကိုယ်လုံးကတောင်းတင်းသွားပြီးမရွေ့လျားရဲတော့ဘူး။
အဲ့ဒီချိန်မှာ ချီမင်ကကျန်းရှစ်ချန်းဘေးနားရောက်နေပြီ။သူက ချန်ကလန်နတ်ဆိုးဓားကိုသူ့လည်ပင်းနားထားလိုက်တယ်။
သူထပ်လိုတာက ငြင်သာတဲ့ခုတ်ချက်တစ်ခုပဲ။
သူကျန်းရှစ်ချန်းရဲ့ခေါင်းကိုရိုက်လိုက်ပြီးဘောလုံးလိုကန်လိုက်တယ်။
“စီနီယာ… စီနီယာအစ်ကို … ချမ်းသာပေးပါ… ငါ့ကိုချမ်းသာပေးပါ…”
ကျန်းရှစ်ချန်းအရမ်းလန့်သွားပြီးသူ့မျက်နှာကဖျော့တော့သွားတယ်။သူ့ခြေထောက်တွေကတုန်နေပြီး နဖူးကနေချွေးစီးတွေထွက်လာတယ်။သူတို့တွေ မထင်ထားတာ ဒီလိုလူနဲ့ကြုံရမယ်ဆိုတာပဲ”ငါ ငါဝိဉာဏ်ဆေးပင်တွေအကုန်စီနီယာအစ်ကိုကိုပေးပါမယ်။”
ဒီလ်ိုလှုပ်ရှားမှုနည်းစနစ် ဒီလိုဝိဉာဏ်စွမ်းအင်သိပ်သည်းမှု ဒီလိုအမြန်နှုန်း
သူကိုယ်သူအစေခံတပည့်လို့ကိုထင်ရတာမဟုတ်ဘူး။
အရမ်းစွမ်းအားကြီးလွန်းတယ်။
အပြင်စည်းဂိုဏ်းက နေအတွင်းစည်းဂိုဏ်းကိုဝင်တော့မယ့်သူတောင်ယှဉ်ရဲမှာမဟုတ်ဘူး။
အရမ်းစွမ်းအားကြီးလွန်းတယ်။
ဒိစီနီယာအစ်ကိုကဘယ်တောင်ထွဋ်ကလဲ။ ဘာလို့ဘာသတင်းမှမကြားဖူးရတာတုန်း။သူမစော်ကားနိုင်တဲ့အကောင်ကြီးကြီးတွေရဲ့ပုံစံတွေအကုန်မှတ်မိပါတယ်ဟ
“ဒါ… ဒါက…”
တစ်ခြားအစေခံတပည့်သုံးယောက်ကလုံးဝကြောင်သွားတယ်။မောက်မာတဲ့အမူအရာတွေအကုန် လုံးဝဖယ်ရှားခံလိုက်ရတယ်။ သူတို့မျက်လုံးထဲမှာထိတ်လန့်မှုနဲ့ကြောက်ရွံ့မှုတွေပဲကျန်တော့တယ်။
ကောင်းကင်ဘုံလျှို့ဝှက်ဆန်းကြယ်နယ်မြေမှာသိထားရမှာက ချီမင်ကအကုန်လုံးကိုသတ်လိုက်ရင်တောင်ဘယ်သူမှအပြစ်ပေးမှာမဟုတ်ဘူး။သက်သေပြဖို့ဘာအထောက်အထားမှလည်းမရှိဘူး။သူတို့သာသေသွားရင် ဘာမှဖြစ်လာမှာမဟုတ်ဘူး။
ချီမင်သူ့ဘယ်လက်ကိုဆန့်ထုတ်ပြီး အမူအရာနဲ့သူတို့ကိုပြလိုက်တယ်”မသေချင်ဘူးဆိုရင် ရှိတာအကုန်ထုတ်။”