နတ်ဆိုးကျင့်ကြံသူရဲ့တိုက်ခိုက်မှု
Vol. 2 Ch. 24
“အဲ့မှာဘာရပ်လုပ်နေတာတုန်း။မြန်မြန်လာပြီး ရှိတာအကုန်ထုတ်။”
ကျန်းရှစ်ချန်း ရဲ့မျက်မှာက ဒေါသတွေနဲ့ပြည့်နေပြီး တစ်ခြားအစေခံတပည့်သုံးယောက်ကိုစူးစူးဝါးဝါးကြည့်ပြီး ဒေါသတကြီးနဲ့ဟိန်းဟောက်လိုက်တယ်”မင်းတို့ ငါဒီသမိုင်းမှာရုပ်ချော ကျက်သရေရှိ စွမ်းအားကြီးပြီး နှစ်သက်ဖို့ကောင်းတဲ့ တောင်ထွဋ်ဆယ့်နှစ်ခုထဲကတပည့်တစ်ယောက်ရဲ့လက်ထဲမှာသေတာမြင်ချင်တာလား။”
ချီမင်ခေါင်းနည်းနည်းညိတ်လိုက်ပြီး အပြုံးတစ်ခုကသူမျက်နှာပေါ်မှာပေါ်လာတယ်”မဆိုးဘူး။မဆိုးဘူး။မင်းရဲ့ဖော်ပြချက်ကအရမ်းမှန်တယ်။ဒါပေမယ့်တစ်ကြောင်းကျန်ခဲ့သေးတယ်။”
“ဘယ်… ဘယ်အကြောင်းတုန်း”
ကျန်းရှစ်ချန်းကြောင်သွားတယ်။သူဘာသာသူတွေးလိုက်တယ်”ငါ့အသိစိတ်ကိုဆန့်ကျင်ပြီး မင်းကိုအောက်ကျို့ဖားယားနေတာလေ။”
“ဒီတစ်ခုပါထပ်ထည့်လိုက်ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့သမိုင်းမှာ အထူးချွန်ဆုံးပါရမီရှင် “ချီမင်ပြောလိုက်တယ်။
“အာ…”
ကျန်းရှစ်ချန်းနဲ့ကျန်တဲ့သုံးယောက်ရဲ့အမူအရာကတောင့်တင်းသွားတယ်။
“မြန်မြန်”
ချီမင် ဓားကိုယ်ထည်နဲ့ကျန်းရှစ်ချန်းရဲ့မျက်နှာကိုပုတ်လိုက်တယ်”မင်းတို့သာ အကုန်ထုတ်မပေးရင် ကြင်နာတတ်တဲ့နှလုံးသားပိုင်ရှင်လေးငါက မင်းတို့လေးယောက်လုံးရဲ့ခေါင်းတွေကိုချက်ချင်းဖြတ်ပေးမယ်။”
“အရှင်…”
ကျန်းရှစ်ချန်း တံတွေးကိုမျိုချလိုက်တယ်။သူ့မျက်နှာပေါ်ကအေးစက်နေတဲ့ခံစားချက်ကြီးကသူနှလုံးကိုအေးစက်သွားစေတယ်။သူကခါးကအဆင့်နိမ့်သိုလှောင်အိတ်ကိုမြန်မြန်ထုတ်လိုက်ပြီး ချီမင်လက်ထဲတရိုတသေပေးလိုက်တယ်”ဒါ ဒါကငါ့မှာရှိတာအကုန်ပါ။”
“မင်းတို့သုံးယောက်ရော”
ချီမင် အဆင့်နိမ့်သိုလှောင်အိတ်ကိုကျန်းရှစ်ချန်းရဲ့လက်ထဲယူလိုက်ပြီး လောလောဆယ်တော့သေချာတောင်ဂရုတစိုက်မကြည့်ပေ။သူ့အကြည့်ကတစ်ခြားအစေခံတပည့်သုံးယောက်ကိုစိုက်ကြည့်နေတယ်။
“စီနီယာအစ်ကို ကျေးဇူးပြုပြီးလက်ခံပေးပါ။”
အစေခံတပည့်သုံးယောက်ကအချင်းချင်းကြည့်လိုက်ပြီး သူတို့ကိုယ်ပေါ်ကအဆင့်နိမ့်သိုလှောင်အိတ်ကိုထုတ်လိုက်တယ်။သူတို့မလိမ်ညာရဲဘူး။အဲ့တာကချီမင်ရဲ့ခွန်အားကအရမ်းသန်မာလို့ဖြစ်ပြီး သူတို့အားလုံးကိုကြောက်ရွှံ့သွားစေတယ်။
“မင်းတို့ကောင်းကောင်းတွေးခေါ်တတ်တာပဲ။”
ချီမင် ချန်မိသားစုနတ်ဆိုးသတ်ဓားကို ကျန်းရှစ်ချန်းရဲ့လည်ပင်းပေါ်ကမဖယ်ခင် သူ့လက်ထဲအိတ်တွေကိုစိတ်ကျေနပ်မှုအပြည့်နဲ့ ချိန်ကြည့်လိုက်တယ်။သူကပြောလိုက်တယ်”မြန်မြန်ထွက်သွားတော့။ငါ့နဲ့ထပ်မတွေ့စေနဲ့။”
“မဟုတ်လို့ရှိရင် ငါမင်းတို့ကိုမြင်တိုင်းဓားပြတိုက်နေမှာ။”
“စီနီယာအစ်ကိုမင်းကနောက်နေတာပဲ။”
ကျန်းရှစ်ချန်းရဲ့မျက်နှာပေါ်ကဖော်လန်ဖားအပြုံးကသူ့ကိုလုံးဝနောက်လိုက်တစ်ယောက်အဖြစ်ပြောင်းပေးလိုက်တယ်။သူကျောကိုနည်းနည်းကုန်းလိုက်ပြီးခေါင်းညိတ်လိုက်တယ်”ဒါကိုဘယ်လိုလို့လုယက်တယ်လို့ခေါ်ရမှာတုန်း။”
“ငါတို့လေးယောက်က စီနီယာအစ်ကိုလို ရဲရင့်ဆွဲဆောင်မှုရှိပြီးဂုဏ်သိက္ခာရှိတဲ့လူကို လေးစားတာပါ။အဲ့တာကြောင်လည်းငါတို့ပိုင်တာအကုန် စီနီယာအစ်ကိုကိုပေးတာပါ။”
“ဟုတ်တာပေါ့။ဒါဓားပြတိုက်တာမဟုတ်ဘူး။”
“ဟုတ်တယ်။ဟုတ်တယ်။ဟုတ်တယ်”
“ဒါကိုဓားပြတိုက်တယ်လို့ခေါ်လို့မရဘူး။ငါတို့ကစီနီယာအစ်ကိုကိုလိုလိုလားလားပေးတာပါ။”
“ငါတို့က ဒီနည်းကသာ ငါတို့ရဲ့လေးစားမှုနဲ့ချစ်ကြောက်ရိုသေမှုကိုပြသနိုင်မယ်လို့ခံစားရတာပါစီနီယာအစ်ကို။”
တစ်ခြအစေခံတပည့်သုံးယောက်ကပြောလိုက်တယ်။
“ဟားဟားဟား…”
ချီမင်ချက်ချင်းကိုရယ်လိုက်ပြီးကျန်းရှစ်ချန်းနဲ့တစ်ခြားသုံးယောက်ရဲ့ပခုံးကိုရိုက်လိုက်တယ်။သူကပြောလိုက်တယ်”အရမ်းကောင်းတယ် အရမ်းကောင်းတယ်။မင်းတို့လေးယောက်ကကတိတည်တယ်။မင်းတို့လေးယောက်ကအနာဂတ်မှာကျိန်းသေ အောင်မြင်မှာ။ငါမင်းတို့ကိုအများကြီးမှန်းထားတယ်။”
“စီနီယာကိုချီးမြှောက်ရတာ ငါတို့ကံကောင်းတာပါ။”ကျန်းရှစ်ချန်းစိတ်လှုပ်ရှားစွာနဲ့ပြောလိုက်တယ်။
“စီနီယာအစ်ကို”ကျန်းရှစ်ချန်းရဲ့အကြည့်ကပြောင်းသွားပြီးပြောလိုက်တယ်”ငါတို့လေးယောက် ဘာလို့စီနီယာနောက်မလိုက်ရမှာတုန်း။ငါတို့လေးယောက်ကစီနီယာနဲ့ယှဉ်ရင် ခွန်အားအများကြီးမရှိဘူး။ငါတို့ကလမင်းကြီးနားကပိုးစုန်းကြူးလေးတွေပါ။ဒါမယ့် ငါတို့လေးယောက်ကအသေးအဖွဲ့ကိစ္စလေးတွေရှင်းနိုင်ပါတယ်။ငါတို့ကသေချာပေါက်အသုံးဝင်ပါတယ်။”
“အိုး”ချီမင် ကျန်းရှစ်ချန်းနဲ့တစ်ခြားသုံးယောက်ကိုအကဲခတ်လိုက်တယ်။သုံးယောက်ကသာမန်ဆန်လွန်းတယ်။သူတို့ကအရပ်လည်းမရှည် ပုလည်းမပု သူတို့နားကဝိဉာဏ်စွမ်းအင်တောင် ချီသန့်စင်ခြင်းအဆင့်လေးပဲရှိတယ်။
“မင်းတို့နာမည်တွေပြော”ချီမင်ပြောလိုက်တယ်။
“ဟုတ်ကဲ့ပါ စီနီယာအစ်ကိုကြီး”အစေခံတပည့်သုံးယောက်က တစ်ပြိုင်တည်းပြောလိုက်တယ်။
“ငါနာမည်က ကျန်းချန်ဝမ်”
“ငါနာမည်အပြည့်အစုံက ရမ်ကီရှန်းပါစီနီယာအစ်ကို ငါ့ကိုရှန်းလိုတိုက်ရိုက်ခေါ်နိုင်ပါတယ်။”
“စီနီယာအစ်ကို ငါ့ကိုငါ့နာမည်ပြောင် အာဒန်လို့ခေါ်လို့ရပါတယ်။ ငါ့နာမည်က လွီအာဒန်ပါ”
သူတို့တွေသူတို့ကိုယ်သူတို့မိတ်ဆက်လိုက်တယ်။
ချီမင်ခေါင်းနည်းနည်းညိတ်လိုက်တယ်။သူကသူတို့ကိုတစ်ချက်ကြည့်လိုက်ပြီးခဏတွေးလိုက်တယ်”ကောင်းပြီး မင်းတို့အခုကစပြီးငါ့နောက်လိုက်လို့ရပြီ။”
“ဒါပေမယ့်”
“မင်းတို့ငါနောက်လိုက်ဖို့ရွေးလိုက်ပြီးဆိုရင် ငါ့စကားနားထောင်ရမယ်။ငါ့စကားနားမထောင်ရင် ငါကို မယဉ်ကျေးဘူးလို့ မစော်ကားနဲ့။”
“စီနီယာအစ်ကို မစိုးရိမ်ပါနဲ့။”
ကျန်းချန်ဝမ်နဲ့ကျန်တဲ့လူတွေညီညီညာညာခေါင်းညိတ်လိုက်တယ်”ငါတို့မင်းဦးဆောင်မှုနောက်လိုက်မှာပါ။စီနီယာအစ်ကို။”
“သွားစို့။”ချီမင်ပြောလိုက်တယ်။”ဓားတောင်တန်းစွန်းကိုတစ်ချက်ကြည့်ဖို့ငါ့နောက်ကလိုက်ခဲ့။”
“ဟုတ်ကဲ့ပါ စီနီယာအစ်ကို”ကျန်းရှစ်ချန်းနဲ့တစ်ခြားလူတွေပြန်ဖြေလိုက်တယ်။
ဓားတောင်တန်းစွန်းကိုသွားတဲ့လမ်းမှာတော့ ကျန်းရှစ်ချန်းက ချီမင်ကိုပြောလိုက်တယ်”စီနီယာ အစ်ကို မင်းသိတယ်မလား ကောင်းကင်ဘုံလျှို့ဝှက်ဆန်းကြယ်နယ်မြေက ကြီးမြတ်တဲ့နတ်ဆိုးကျင့်ကြံသူရဲ့ကိုယ်ကနေဖြစ်တည်လာတယ်ဆိုတာ။အဲ့ဒါကြောင့်ကောလဟာလတွေအရ ကြီးမြတ်တဲ့နတ်ဆိုးကျင့်ကြံသူ ကောင်းကင်ဘုံအကြီးအကဲရဲ့အမွေအနှစ်တွေက ကောင်းကင်ဘုံလျှို့ဝှက်ဆန်းကြယ်နယ်မြေကတစ်နေရာရာမှာရှိတယ်တဲ့။”
“ဟီးဟီး”
ချီမင်ရဲ့ပါးစပ်ထောင့်စွန်းနားကကွေးတက်သွားတယ်။”မင်း အဲ့ဒါကိုယုံတာလား ။”
“မယုံတာထက်စာရင်ယုံတာကပိုကောင်းပါတယ်။”
ကျန်းရှစ်ချန်းကပြောလိုက်တယ်”တကယ်လို့အမွေအနှစ်တွေသာရှိခဲ့ရင်အဲ့တာကိုသာပိုင်ဆိုင်ရရင် ကျိန်းသေကောင်းမွန်တဲ့ကံကြမ္မာကိုပိုင်ဆိုင်ရလိမ့်မယ်။”
“အမွေအနှစ်တွေရှိလားမရှိဘူးလားဆိုတာကို မပြောပဲနေရအောင်။ ကောင်းကင်ဘုံလျှို့ဝှက်ဆန်းကြယ်နယ်မြေက ရှိနေတာနှစ်ငါးရာထက်တောင်ကျော်နေပြီ။ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့အခြေခံတွေနဲ့အတူ ကောင်းကင်ဘုံလျှို့ဝှက်ဆန်းကြယ်နယ်မြေတစ်ခုလုံးကို နှစ်ငါးရာလုံးလုယက်ပြီးသွားပြီ။တကယ်လို့သာ ကောင်းကင်ဘုံအကြီးအကဲရဲ့အမွေတွေသာရှိရင် ဟိုးအရင်တည်းက ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ အမြင့်ပိုင်းကလူတွေယူသွားလောက်ပြီ။”
ချီမင်ပြုံးပြီးပြောလိုက်တယ်”ကောင်းမွန်တဲ့ပစ္စည်းတွေက ယူခံရပြီးပြီ။”
“အဲ့ဒီအပြင်ကို.”
“ငါတို့သာတကယ်ကောင်းကင်ဘုံအကြီးအကဲရဲ့အမွေကိုရှာတွေ့ရင်ရော ကြီးမြတ်တဲ့နတ်ဆိုးကျင့်ကြံသူ ကောင်းကင်ဘုံအကြီးအကဲက ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ကြီးမြတ်တဲ့မဟာအကြီးအကဲတွေကိုရှူံနိမ့်ခဲ့တဲ့ပြိုင်ဘက်တစ်ယောက်ပဲ။ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့တပည့်တွေအနေနဲ့ ငါတို့ကပိုကောင်း ပိုစွမ်းအားကြီးတဲ့ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့အမွေအနှစ်တွေကိုလိုချင်ရမှာမဟုတ်ဘူးလား။ငါတို့ကဘာလို့ ကောင်းကင်ဘုံအကြီးအကဲရဲ့အမွေအနှစ်ကို အာရုံစိုက်နေရမှာလဲ။အဲ့တာကရူးမိုက်ရာမကျဘူးလား။”
ချီမင်ပခုံးတွန့်လိုက်ပြီး”မင်းတို့ငါ့အတွက်အလုပ်လုပ်ပေးချင်ရင် နာနာခံခံနဲ့ ဝိဉာဏ်ဆေးပင်တွေသာ လိုက်ရှာပေး။မဖြစ်နိုင်တာတွေမတွေးနဲ့။နားလည်လား။”
“ငါတို့ ငါတို့နားလည်ပါပြီ။”
“ငါတို့ကစပ်စုချင်ရုံပါ။”
ကျန်းရှစ်ချန်းနဲ့ကျန်တဲ့လူတွေပြန်ဖြေလိုက်တယ်။
ဓားတောင်တန်းစွန်း
အဓိကလမ်းက ကွေ့ကောက်လိုက်ဖြောင့်တန်းလိုက်ဖြစ်နေတယ်။အဝေးကနေကြည့်ရင်ကောင်းကင်ဘုံလျှို့ဝှက်ဆန်းကြယ်နယ်မြေရဲ့မြေပြင်ပေါ်မှာမနှိုင်းယှဉ်နိုင်လောက်အောင်ကြီးမားတဲ့ဓားတစ်ချောင်းက မြေပေါ်မှာစိုက်နေတာနဲ့တူတယ်။
အဲ့ဒီအပြင်ကို…
ဓားတောင်တန်းစွန်းထဲမှာ နတ်ဆိုးသားရဲတွေအများကြီးရှိတယ်။
သုံးနာရီလောက်ကြာတော့ ချီမင်နဲ့တစ်ခြားလူတွေဓားတောင်တန်းစွန်းကနေထွက်လာလိုက်တယ်။ ကျန်းရှစ်ချန်းနဲ့ကျန်တဲ့လူတွေက စိတ်မချမ်းသာစရာအခြေအနေမှာရှိနေတယ်။ သူတို့ကိုယ်မှာရွှံတွေရှိနေပြီးဆံပင်တွေက ဖရိုဖရဲဖြစ်နေတာကသူတောင်းစားနဲ့တူနေတယ်။
အဲ့ဒီအပြင်…
သူတို့အဝတ်အစားတွေက နတ်ဆိုးသားရဲတွေရဲ့သွေးတွေပေနေတယ်။
ရှင်းရှင်းလင်းလင်းကို သူတို့တွေတိုက်ပွဲနဲ့ရင်ဆိုင်လာရတာဖြစ်တယ်။
မသိလိုက်စွာနဲ့ပဲ ခြောက်နာရီလောက်ကုန်သွားပြီးနောက်ထပ် ဆယ့်နှစ်နာရီပဲကျန်တော့တယ်။ကျန်းရှစ်ချန်းနဲ့ကျန်တဲ့လူတွေရဲ့အကူအညီနဲ့ ချီမင်ဝိဉာဏ်ဆေးပင်အများကြီးစုဆောင်းမိလိုက်တယ်။
အားလုံးပေါင်း အဆင့်နိမ့်ချီသန့်စင်ခြင်းအဆင့်ဝိဉာဏ်ဆေးပင် ၃၈ပင် အလယ်အလတ်အဆင့်၁၈ပင်
အဆင့်မြင့်အဆင့်၈ပင် ထိပ်တန်းအဆင့် ၃ပင်ဖြစ်တယ်။
စုစုပေါင်းချီမင်ရဲ့အမှတ်က၁၃၀မှတ်ဖြစ်တယ်။
တကယ်များတဲ့ပမာဏဖြစ်တယ်။
ဒါပေမယ့် ဒီစစ်ဆေးပွဲရဲ့ အကြီးမားဆုံးအခက်အခဲက အစေခံတပည့်တွေအားလုံးက တစ်ခြားသူတွေရဲ့အမှတ်ကိုမသိရတာဖြစ်တယ်။သူတို့သာလုံဝသတိမမူမိတာနဲ့ သူတို့လက်ထဲက ဝိဉာဏ်ဆေးပင်တွေက ထိပ်ဆုံးဆယ်ယောက်ထဲဝင်ဖို့လုံ လောက်မှာမဟုတ်ဘူးဖြစ်တယ်။
အစေခံတပည့်တွေအကုန် ဝိဉာဏ်ဆေးပင်တွေကြိုးစားစုပြီး သူတို့ရဲ့အမှတ်တွေကိုတိုးနေကြတယ်။
ပိုပြီးအရေးကြီးတာက အစေခံတပည့်၁၂၀ထဲမှာ
ထိပ်ဆုံးဆယ်ယောက်ထဲဝင်တဲ့တပည့်တွေကသာ သူတို့စုထားတဲ့ ဝိဉာဏ်ဆေးပင်တွေကို ပိုင်ဆိုင်နိုင်ပြီးဂိုဏ်းကိုပြန်ရောင်းနိုင်မှာဖြစ်တယ်။ဂိုဏ်းက သင့်တော်တဲ့ပမာဏကိုပေးပြီး သူတို့ရှိကဝယ်ယူမှာဖြစ်တယ်။ အဲ့တာတွေကို ဝိဉာဏ်ကျောက်တုံးရလမ်းအဖြစ်သတ်မှတ်လို့ရတယ်။
သို့ပေမယ့် ထိပ်ဆုံးဆယ်ယောက်အောက်ကအစေခံတပည့်တွေကသူတို့စုထားတဲ့ဝိဉာဏ်ဆေးပင်တွေရဲ့ဆယ်ရာခိုင်းနှုန်းကိုပဲပိုင်ဆိုင်နိုင်မှာဖြစ်တယ်။ကျန်တဲ့ကိုးဆယ်ရာခိုင်နှုန်းကိုဂိုဏ်းက ပြန်ယူမှာဖြစ်တယ်။
နောက်ဆုံးမှာတော့ ကောင်းကင်ဘုံလျှို့ဝှက်ဆန်းကြယ်နယ်မြေကိုဂိုဏ်းကပိုင်တာဖြစ်တယ်။
သဘာဝကျကျနဲ့ကို ကောင်းကင်ဘုံလျှို့ဝှက်ဆန်းကြယ်နယ်မြေရဲ့ထုတ်လုပ်မှုတွေကိုလည်း ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းကပိုင်တာဖြစ်တယ်။
“စီနီယာအစ်ကို “ကျန်းရှစ်ချန်းမေးလိုက်တယ်။”ငါတို့နောက်ထပ်ဘယ်သွားမှာလဲ။”
“နေဝင်ချိန်တောင်ကြားပဲ”ချီမင်ပြောလိုက်တယ်။
(တောင်ကုန်းကနေတောင်ကြားပြောင်းထား)
“မင်းတို့ဘယ်မှထပ်မသွားနဲ့တော့”
ဒါပေမယ့်အဲ့ဒီအချိန်မှာ မမျှော်လင့်ထားတာတစ်ခုခုဖြစ်သွားတယ်။
ရှေ့တည့်တည့်ကနေ ဆံပင်အနက်ရောင် အပြာရောင်မျက်လုံးနဲ့ အစေခံတပည့်တစ်ယောက်က ကျောက်တုံးကြီးတစ်တုံးနောက်ကနေထွက်လာတယ်။သူ့နားမှာ ဝံပုလွေအကောင်ကြီးတွေတော်တော်များများရှိတယ်။
ဝံပုလွေကြီးတွေ
ကောင်းကင်ဘုံလျှို့ဝှက်ဆန်းကြယ်နယ်မြေရဲ့ အတွေ့ရအများဆုံးထဲကဖြစ်ပြီးအုပ်စုလိုက်နေတဲ့နတ်ဆိုးသားရဲဖြစ်တယ်။သူတို့တွေသာ ပမာဏအများကြီးနဲ့အုပ်စုဖွဲ့မိပြီဆို သူတို့တွေက အရမ်းကိုကြီးမားပြင်းထန်တဲ့တိုက်ပွဲဝင်စွမ်းအားကိုပိုင်ဆိုင်လာကြတယ်။
“အဲ့ဒါမင်းပဲ”
ချီမင် အဲ့ဒီအစေခံတပည့်ကိုမြင်တော့ သူတစ်ချက်တည်းနဲ့သိလိုက်တယ်။
သူကောင်းကင်ဘုံလျှို့ဝှက်ဆန်းကြယ်နယ်မြေကိုဝင်တော့ နတ်ဆိုးချီကို အာရုံခံမိတဲ့ အစေခံတပည့်ပဲ။
သူအခုလိုအခြေအနေအောက်မှာ တစ်ခြားတစ်ဖက်ကိုထပ်တွေ့ရမယ်မထင်ထားဘူး။
“ဒါက…”
ကျန်းရှစ်ချန်းနဲ့ကျန်တဲ့လူတွေ ဒါကိုမြင်တော့သူတို့မျက်နှာက အံ့ဩမှုတွေ ထုတ်ပြလာပြီး သတိလှမ်းပေးလိုက်တယ်”နတ်ဆိုးချီတွေ.. ဝံပလွေအုပ်ကိုထိန်းချုပ်ထားတယ်။မင်း မင်းကနတ်ဆိုးကျင့်ကြံသူပဲ။”