← Chapters

သွေးမိစ္ဆာနတ်ဆိုးသရဲ

Vol. 2 Ch. 26

သွေးမိစ္ဆာနတ်ဆိုးသရဲ

Vol. 2 Ch. 26

“ဒီတစ်ကြိမ်က ငါနတ်ဆိုးကျင့်ကြံသူနဲ့ရင်ဆိုင်ဖူးတဲ့ပထမဆုံးအကြိမ်ပဲ။မင်းက လက်မောင်းနှစ်ဖက်လုံးကိုဝံပုလွေလက်သည်းအဖြစ်ပြောင်းနိုင်တာလား။”

ချီမင် အနက်ရောင်ဆံပင် အပြာရောင်မျက်လုံးနဲ့နတ်ဆိုးကျင့်ကြံသူကိုကြည့်လိုက်တယ်”ဒါကနတ်ဆိုးကျင့်ကြံသူတွေရဲ့ အထူးအရည်အချင်းလား။ဒါမှမဟုတ် သိုင်းနည်းစနစ်လား “

အနက်ရောင်ဆံပင် အပြာရောင်မျက်လုံးနဲ့နတ်ဆိုးကျင့်ကြံသူကအသက်ပြင်းပြင်းရှုလိုက်တယ်”ကောင်လေး နတ်ဆိုးကျင့်ကြံသူဆိုတာဘာလဲသိလား။ ကျင့်ကြံတဲ့အသွင်‌ပြောင်းခြင်းနယ်ပယ်နဲ့ပိုင်ဆိုင်တဲ့လူသားပုံစံကို ကြည့်ပြီးနတ်ဆိုးကျင့်ကြံသူတွေကိုခွဲထားတာ။တစ်မျိုးက နတ်ဆိုးလမ်းကြောင်းကိုကျင့်ကြံပြီး နတ်ဆိုးသွေးမျိုးဆက်ကိုသန့်စင်တဲ့လူတွေပဲ။သူတို့ခန္ဓာကိုယ်ကိုသန့်စင်ပြီး နတ်ဆိုးတွေရဲ့ အရည်အသွေး မွေးရာပါစွမ်းရည်တွေ နဲ့နည်းစနစ်တွေကိုကျွမ်းသွားကြတာ။”

“ငါကတော့ နတ်ဆိုးလမ်းကြောင်းကိုလျှောက်လှမ်းတယ်။ငါပထမဆုံးသန့်စင်တဲ့နတ်ဆိုးသွေးမျိုးဆက်က ‌မျက်လုံးပြာဝံပုလွေနတ်ဆိုးပဲ။”

“လူသားတစ်ယောက်က နတ်ဆိုးလမ်းစဉ်ကိုကျင့်ကြံတယ်။”

ချီမင် လှောင်ပြုံးပြုံးပြီး အနက်ရောင်ဆံပင် အပြာရောင်မျက်လုံးနဲ့နတ်ဆိုးကျင့်ကြံသူကိုကြည့်လိုက်တယ်” မင်းပုံစံကိုကြည့်လိုက်စမ်းပါ။မင်းက လူလည်းမဟုတ် နတ်ဆိုးလည်းမဟုတ်ဘူး။ငါပြောနိုင်တာက မင်းကလမ်းမှားကိုလျှောက်မိပြီဆိုတာပဲ။”

“ရှေးလူတွေအများကြီးက အများကလက်ခံထားတဲ့လမ်းမှန်ကို‌ငါတို့နောက်မျိုးဆက်တွေအတွက် ကြိုးစားလျှောက်လှမ်းခဲ့ကြတယ်။ဒါပေမယ့်တစ်ချို့ကတော့ ပုံမှန်မဟုတ်တဲ့နတ်ဆိုးလမ်းစဉ်ကို လျှောက်လှမ်းဖို့ကြိုးစားကြတယ်။”

အနက်ရောင်ဆံပင် အပြာရောင်မျက်လုံးနဲ့နတ်ဆိုးကျင့်ကြံသူက ပြန်ပက်လိုက်တယ်”ငတုံးကောင် မင်းကနတ်ဆိုးကျင့်ကြံသူတွေဘယ်လောက်စွမ်းအားကြီးလဲနားမလည်ပါဘူး။ဒီနေ့မှာတော့ ငါမင်းကိုကြုံဖူးတယ်ရှိအောင်လုပ်ပေးမယ်။”

“ငါနာမည်ကိုမှတ်ထား!”

“ငါ့နာမည်က ကျန်းရှီပဲ!”

“သေလိုက်တော!”

ဘုန်း!

အနက်ရောင်ဆံပင် အပြာရောင်မျက်လုံးနဲ့နတ်ဆိုးကျင့်ကြံသူကျန်းရှီက ဘာမှထပ်ပြောမနေတော့ဘူး။သူကမြေကြီးကိုနင်းလိုက်ပြီး သူ့ခန္ဓာကိုယ်ကဆောင့်တက်သွားတယ်။မြေကြီးပေါ်မှာ နက်ရှိုင်းတဲ့အပေါက်ကြီးတစ်ခုကိုလုပ်ပြီးတော့ သူ့ပုံရိပ်က ချီမင်ရှိကို အလင်းလိုအလျှင်နဲ့ ရောက်လာတယ်။

ဆွစ်ရှ်!

ချီမင် ‌စိတ်ဝိဉာဏ်လှည့်ဖြားရေး ကိုးဆင့်ခြေသိုင်းကိုသုံးပြီး ကျန်းရှီရဲ့တိုက်ခိုက်မှုကိုအေးဆေးလေးရှောင်လိုက်တယ်။သူ့ရဲ့ချွန်ထက်တဲ့ ဝံပလွေလက်သည်းက လေကိုထိုးခွဲသွားပြီးမြေပြင်မှာပါအက်ကွဲကြောင်းသုံးခုပေါ်လာတယ်။

“မင်းမလွတ်‌ပါဘူး။”ကျန်းရှီအော်လိုက်တယ်

ဆွက်! ဆွက်! ဆွက်!!!

ကျန်းရှီရဲ့အမိန့်ပေးသံအောက်မှာ အနားက ဝံပုလွေကြီးတွေက ချီမင်နားကိုမြန်မြန်ဝိုင်းလိုက်ပြီး သူ့လွတ်လမ်းကိုပိတ်ထားလိုက်တယ်။ဝံပုလွေကြီးတွေကတော့အများကြီးပဲဖြစ်တယ်။ချီမင်က ကျန်းရှီနဲ့ရင်ဆိုင်နေရင်း ဝံပုလွေကြီးတွေရဲ့တိုက်ခိုက်ချက်ကိုလည်းခုခံရသေးတယ်။

ကံကောင်းတာက ဝံပုလွေကြီးတွေကအများကြီးရှိပေမယ့် သူတို့ခွန်အားကသာမန်ပဲ။သူတို့တွေကနတ်ဆိုးသားရဲတွေဖြစ်ပေမယ့် သူတို့ရဲ့ဉာဏ်ရည်‌ကမမြင့်ဘူးဆိုတဲ့အချက်တွေကြောင့် ချီမင်ကိုအများကြီးတော့ခြိမ်းခြောက်မှုမဖြစ်စေဘူး။

ပူ! ပူ!

နောက်ထပ်လှုပ်ရှားမှုနည်းနည်းနဲ့ ‌ဝံပုလွေအလောင်းတွေက ချီမင်နားပေါ်လာတယ်။

“စီနီယာ အစ်ကို!”

ဒါပေမယ့် ကျန်းရှစ်ချန်းနဲ့ကျန်တဲ့လူတွေကတော့အန္တရာယ်ထဲမှာပဲ။သူတို့တွေရဲ့အသက်ကတော့ ခုနလောက်ခြိမ်းခြောက်မခံရတော့ဘူး။သူတို့တွေ ချီမင်နားကို ရက်စက်တဲ့ဝံပုလွေတွေဝိုင်းထားပြီးနတ်ဆိုးကျင့်ကြံသူကျန်းရှီနဲ့ရင်ဆိုင်နေရတော့ စိုးရိမ်လာကြတယ်။

“မင်းတော့သေချာပေါက်သေပြီ။”

ကျန်းရှီဟိန်းဟောက်လိုက်ပြီး သူ့ရဲ့နတ်ဆိုးစွမ်းအင်ကိုအသက်သွင်းလိုက်တယ်။စွမ်းအင်တွေကစုဝေးလာပြီးလက်ဟန်ချိပ်စည်းကို ဖွဲ့စည်းလိုက်တယ် “နတ်‌ဆိုးဝံပုလွေဟိန်းဟောက်သံ။”

“ငါမင်းရဲ့ဝိဉာဏ်ကိုကောင်းကင်ဘုံအကြီးအကဲရဲ့အမွေအနှစ်ချိပ်စည်းကိုဖယ်ဖို့သုံးချင်တယ်။”

ဝေါင်း!

ကျန်းရှီသူ့လက်ကိုရှေ့ကိုတွန်းလိုက်တယ်။ချိပ်စည်းကနတ်ဆိုးချီကို စုပ်ယူလိုက်ပြီး ကြီးမားတဲ့ နတ်ဆိုးဝံပုလွေပြာခေါင်းကလေထဲပေါ်လာတယ်။ပြီးတော့ဟိန်းဟောက်လိုက်ပြီးချီမင်ကို ခုန်အုပ်လိုက်တယ်။

“မင်းကလူမဖြစ်ချင်တော့ နတ်ဆိုးကျင့်ကြံသူဖြစ်လာတာပဲ။”

ချီမင်ရဲ့အကြည့်ကအေးစက်သွားတယ်”အဲ့တော့ ငါကမင်းဆန္ဒကိုဖြည့်ဆည်းပေးပြီးနောက်ဘဝပို့ပေးမယ်။နောက်ဘဝကျမှပဲ သားရဲဖြစ်လိုက်တော့။”

ကလန်! ကလန်!

ဓားမြည်သံကထွက်ပေါ်လာတယ်။

ချီမင် ချန်ကလန်နတ်ဆိုးသတ်ဓားကို သူ့လက်နဲ့ကိုင်လိုက်တယ်။သူကဓားကနေ တိမ်စိမ်းဓားပညာရပ် ရည်ရွယ်ချက်ဓားဆန္ဒကို ထုတ်ဖော်လိုက်တယ်။ဓားအလင်းတန်းကတစ်ချက်ထွက်ပေါ်ရိုက်ခတ်လာတယ်။ နတ်ဆိုးဝံပုလွေပြာခေါင်းက အပိုင်းပိုင်းပြတ်ထွက်သွားပြီးကောင်းကင်ကိုအလင်းအမှုန်လေးတွေအဖြစ် ဖုံးအုပ်သွားတယ်။

ဆွစ်ရှ်! ဆွစ်ရှ်!

ချီမင်ရဲ့ပုံရိပ်က စိတ်ဝိဉာဏ်လှည့်ဖြားရေး ကိုးဆင့်ခြေသိုင်းကို အရှိန်ပြည့်ထုတ်ပြီးပျံတက်သွားတယ်။သူကကျန်းရှီကိုအခွင့်အရေးမပေးတော့ဘဲမျက်စိတစ်မှိတ်အတွင်းမှာပဲသူ့ရှေ့ကိုရောက်သွားတယ်။

“မင်း!!!” ကျန်းရှီထိတ်လန့်သွားတယ်။

ဝေါင်း!

အဲ့ဒီခဏလေးအတွင်းမှာပဲ အဖြူရောင်အမွှေးတွေနဲ့ဝံပုလွေဘုရင်က ဟိန်းဟောက်ပြီး ခုန်အုပ်လိုက်တယ်။

“ညစ်နွမ်းဖွတ်ကြီးဒိုင်းကာ.”

ဘုန်း!

ချီမင်သူ့ဘယ်လက်ကိုယမ်းလိုက်ပြီး ညစ်နွမ်းဖွတ်ကြီးဒိုင်းကာကိုထုတ်လိုက်တယ်။အဲ့တာကလေထုအလယ်မှာပေါ်လာပြီး ကြီးမားတဲ့ မြေဝါရောင်ဒိုင်းကာကြီးက အဖြေူရောင်အမွှေးတွေနဲ့ဝံပုလွေဘုရင်ရဲ့တိုက်ခိုက်မှုကိုကာပေးလိုက်တယ်။

“‌‌ လေထိန်းချုပ်ရေးဓားပညာရပ်”

ဆွစ်ရှ်!

ချီမင်ရဲ့ဓားနည်းစနစ်ကထပ်ပြောင်းသွားတယ်။မူရင်းသိမ်မွေတဲ့ တိမ်စိမ်းဓားပညာရပ်ကသဲလွန်စမဲ့ပျောက်ကွယ်သွားပြီးလေထိန်းချုပ်ရေးဓားပညာရပ်အဖြစ်ပြောင်းသွားတယ်။ဓားချင်တွေကလေအလျှင်နဲ့ရွေ့လျားလာပြီး သူ့အရှိန်ကရုတ်တရပ်တိုးတက်သွားတယ်။

“မဟုတ်ဘူး။!!!”

ကျန်းရှီရဲ့အကြည့်ကထိတ်လန့်သွားတယ်။အဲ့ဒီခဏမှာ သူကခုခံရေးရတနာတစ်ခုကိုထုတ်လိုက်ပြီး သူ့ရှေ့ကိုကာလိုက်တယ်။အဲ့တာက အပြာရောင်ဒိုင်းကာအဝိုင်းလေးတစ်ခုဖြစ်တယ်။

ခရက်! ခရက်!

ဘုန်း!

ချီမင်ရဲ့ဓားချီကအားနည်းချက်ကိုထိုးခွဲလိုက်တယ်။ဓားချီက ကျန်းရှီရဲ့ခုခံရေးရတနာကိုနှစ်ပိုင်းကွဲထွက်သွားစေတယ်။ အခု ချီမင်ရဲ့ဓားကိုခုခံဖို့မဖြစ်နိုင်တော့ဘူး။

ဗွမ်း!!!

ကျန်းရှီသွေးတွေအန်ထုတ်လိုက်တယ်။သူ့ရင်ဘက်ကဓားရဲ့နောက်ဆက်တွဲတိုက်ချက်ကိုခံလိုက်ရတယ်။သွေးထွက်နေတဲ့ ဒဏ်ရာဆွဲချက်ကြီးဖြစ်ပေါ်လာတယ်။သူ့မျက်နှာကကြောက်ရွှံ့မှုတွေပြည့်နှက်သွားတယ်။

“ချီသန့်စင်ခြင်းအဆင့်ခြောက်!!!”

ကျန်းရှီရဲ့အကြည့်က အလွန်အမင်းကိုကြောက်ရွှံ့မှုတွေပြည့်သွားတယ်။သူလုံးဝမမျှော်လင့်ထားဝာက ချီမင်ကဂိုဏ်းကိုဝင်တာသုံးနှစ်ပဲရှိ သေးတာတောင်တကယ့်ကိုချီသန့်စင်ခြင်းအဆင့်ခြောက်မှာရောက်နေမယ်လို့ပဲ။

အဲ့ဒီအပြင်ကို…

ချီမင်ရဲ့သိုင်းပညာနည်းစနစ်တွေကလည်း မနိမ့်ဘူး။

သူကပါရမီရှင်ပဲ

ဘယ်လိုများအစေခံတပည့်တစ်ယောက်ဖြစ်လာတာတုန်း။

အနည်းဆုံးတော့ သူအပြင်စည်းဂိုဏ်းကိုတိုက်ရိုက်ဝင်လို့ရသင့်တယ်။

“သူ့ကိုတား!”

ကျန်းရှီရှည်ရှည်ဝေးဝေးမတွေးတော့ပဲ ဆက်တိုက်လိုက်တယ်။

သူကချီသန့်စင်ခြင်းနှောင်းပိုင်းအဆင့်ငါး ပဲရောက်သေးတဲ့နတ်ဆိုးကျင့်ကြံသူဖြစ်တယ်။အဲ့ဒီအချက်တွေကိုအတူတွဲလိုက်ရင် သူ့ရဲ့သိုင်းနည်းစနစ်တွေနဲ့ရတနာတွေကချီမင်နဲ့ယှဉ်ရင်တော်တော်လေးအကြမ်းထည်ဆန်သေးတယ်။သူ့မှာနိုင်ဖို့အခွင့်အရေးမရှိဘူး။

သူလွတ်မြောက်ပဲလွတ်‌ မြောက်ချင်ပြီး သူ့အဖော်တွေကိုဒီအကြောင်းသတင်းပေးရမယ်။

ဝေါင်း! ဝေါင်း!

ကျန်းရှီရဲ့အမိန့်အောက်မှာ ဝံပုလွေအုပ်က သူတို့ရဲ့အသက်ကိုဂရုမစိုက် တော့ပဲချီမင်ကိုတိုက်ခိုက်လိုက်တယ်။ချီမင့်ရဲ့အကြည်တွေကတော့မထူးမခြားနားဖြစ်နေတယ်။သူကစိုးရိမ်မနေဘဲ ရတနာလက်နက်ကိုထုတ်လိုက်တယ်။

“သွေးမိစ္ဆာနတ်ဆိုးသရဲအဆောင်”

ဆွစ်ရှ်!

ချီမင်သူ့ညာဘက်လက်ကိုယမ်းလိုက်ပြီး အထဲကိုဝိဉာဏ်ချီတွေဖြည့်သွင်းလိုက်တယ်။သူ့လက်ထဲကသွေးမိစ္ဆာနတ်ဆိုးသရဲအဆောင်ကိုအသက်သွင်းလိုက်တယ်။သွေးနက်ရောင်အဆောင်က လေထဲကိုအလျင်အမြန်ပဲ ဖြတ်သန်းသွားပြီး လေထုအလယ်ထဲမှာ ထိတ်လန့်ဖွယ်ကောင်းတဲ့ မကောင်းတဲ့အငွေ့အသက်တွေနဲ့အရှိန်အဝါတစ်ခုကို ထုတ်လွှတ်လိုက်တယ်။

သူ့ရဲ့ ထိပ်လန့်မနှစ်မြို့ဖွယ်ကောင်းပြီးသွေးဆာနေတဲ့သရဲတစ်ကောင်ပုံစံက လူတွေရဲ့ဦးရေပြားကိုထုံကျင်သွားစေတယ်။

ပစ္စည်း: သွေးမိစ္ဆာနတ်ဆိုးသရဲအဆောင်

ဖော်ပြချက်:အသုံးပြုပြီးနောက် ချီသန့်စင်ခြင်းအဆင့်ခုနှစ်ရှိ သွေးမိစ္ဆာနတ်ဆိုးသရဲတစ်ကောင်ကိုဆင့်ခေါ်နိုင်ပါတယ်။

သွေးမိစ္ဆာနတ်ဆိုးသရဲအဆောင်ကသိသိသာသာကို သွေးမိစ္ဆာသရဲအဆောင်ထက်ပိုစွမ်းအားကြီးတယ်။‌သွေးမိစ္ဆာသရဲအဆောင်က ချီသန့်စင်ခြင်းအဆင့်သုံးရှိတဲ့ သွေးမိစ္ဆာသရဲတစ်ကောင်ကိုပဲ‌ဆင့်ခေါ်နိုင်တယ်။ဒါပေမယ့်သွေးမိစ္ဆာနတ်ဆိုးသရဲအဆောင်က ချီသန့်စင်ခြင်းအဆင့်ခုနှစ်က သွေးမိစ္ဆာနတ်ဆိုးသရဲတစ်ကောင်ကိုဆင့်ခေါ်နိုင်တယ်။

“နတ်ဆိုးသရဲ!”

ကျန်းရှီသူ့သတ္တိတွေပြိုကွဲသွားတယ်လို့ခံစားလိုက်ရတယ်။”ဒါ...ဒါ သူမှာဒီလိုအဆောင်မျိုးရှိတာပဲ။အဲ့ဒါကနတ်ဆိုးသရဲပဲ။အားအနည်းဆုံးတောင်ချီသန့်စင်ခြင်းအဆင့်ခုနှစ်ရှိတယ်။”

“စီနီယာအစ်ကိုက ချီသန့်စင်ခြင်းအဆင့်ခုနှစ်က သရဲတစ်ကောင်တောင်ထိန်းချုပ်နိုင်တာပဲ။”

“ငါတကယ်မမျှော်လင့်ထားဘူးဒါကို”

“အရမ်းမိုက်တယ်။”

ကျန်းရှစ်ချန်းနဲ့ကျန်တဲ့လူတွေသက်ပြင်းချလိုက်တယ်။သူတို့မျက်နှာကထိတ်လန့်မှုတွေပြည့်နေတယ်။သူတို့မထင်ထားတာက စီနီယာအစ်ကိုကြီးချီမင်က အရမ်းစွမ်းအားကြီးမယ်ဆိုတာပဲ။ပြီးတော့သူ့နည်းလမ်းတွေကလည်းထိပ်လန့်ဖို့ကောင်းတယ်။”

“တိုက်ခိုက်!”

ချီမင် သူ့ညာဘက်လက်ကိုယမ်းလိုက်ပြီး သွေးမိစ္ဆာနတ်ဆိုးသရဲကိုထိန်းချုပ်လိုက်တယ်။ချီသန့်စင်ခြင်းအဆင့်ခုနှစ်ရှိတဲ့သရဲကကြောက်ဖို့ကောင်းတဲ့ဝံပုလွေအုပ်ရှိပြေးဝင်သွားတယ်။အဲ့တာကရိုက်ချက်တစ်ချက်ပဲဖြစ်တယ်။

ဝေါင်း! ဝေါင်း! ဝေါင်း!

ဝံပုလွေကြီးတွေက အဆက်မပြတ်ဟိန်းဟောက်နေကြတယ်။လက်ဆတ်တဲ့သွေးတွေနဲ့ သူတို့ကိုယ်ထဲကအဆီအနှစ်တွေက သရဲကောင်ရှိမှာဝါးမြိုဖျက်ဆီးခံလိုက်ရပြီး သေနေတဲ့အလောင်းတွေကမြေပေါ်မှာပေါ်လာတယ်။

ဒီအခွင့်အရေးကိုသုံးပြီးချီမင်က ကြောက်ဖို့ကောင်းတဲ့ဝံပုလွေကိုအုပ်ကိုဖြတ်ကျော်ဖို့နဲ့ ကျန်းရှီ‌‌ နောက်လိုက်ဖို့စိတ်ဝိဉာဏ်လှည့်ဖြားရေး ကိုးဆင့်ခြေသိုင်းကို သုံးလိုက်တယ်။ချန်ကလန်နတ်‌‌ဆိုးဓားက တိုက်ရိုက်ခုတ်ပိုင်းလိုက်တယ်။

“ရပ်လိုက်”ကျန်းရှီအကျယ်ကြီးအော်လိုက်တယ်”ကောင်းကင်ဘုံအကြီးအကဲရဲ့အမွေအနှစ်ဘယ်မှာရှိလည်းဆိုတာမသိချင်ဘူးလား။မင်းမလိုချင်ဘူးလား။”

“မင်းသာငါ့ကိုသတ်လိုက်ရင် မင်းဘာသတင်းမှကိုရမှာမဟုတ်တော့ဘူး။”

“ငါစိတ်မဝင်စားဘူး။”

ချီမင်အေးဆေးလေးတုန့်ပြန်လိုက်တယ်။သူ့လက်ထဲကချန်ကလန်နတ်ဆိုးသတ်ဓားကရပ်မသွားဘူး။ဓားကဖြတ်ပိုင်းချသွားပြီးကျန်းရှီရဲ့နတ်ဆိုးချီကိုလွှမ်းမိုးသွားတယ်။

ဖျော့!!!

“အား!!!” ကျန်းရှီအော်လိုက်တယ်။

သူအခု သူရဲ့အရေးကြီးတဲ့နေရာကိုအန္တရာယ်ကနေ ရှောင်လိုက်ပေမယ့်သူ့လက်မောင်းကချီ‌မင်‌ ကြောင့်ပြတ်သွားပြီး မြေပြင်ပေါ်ကို သွေးတွေပတ်ဖြန်းသွားစေတယ်။

ဝေါင်း!

နောက်ခဏအတွင်းမှာပဲ ဝံပုလွေကြီးတွေကိုသတ်ပြီးသွားတဲ့သရဲနတ်ဆိုးကကျန်းရှီကိုခုန်အုပ်လိုက်တယ်။သူ့မျက်လုံးကပြူးကျယ်သွားပြီး မပြောနိုင်လောက်အောင်စိတ်ပျက်ဝမ်းနည်းဖွယ်စူးစူးဝါးဝါးအော်သံကြီးထွက်လာတယ်။သူ့တစ်ကိုယ်လုံးကဆိုးသွမ်းယုတ်ညံ့တဲ့စွမ်းအင်တွေထွက်ပေါ်လာတယ်။

“ငါ့ပြိုင်ဘက်ကိုလွယ်လွယ်နဲ့လွှတ်မပေးဘူး။”

မျက်စိတစ်မှိတ်အတွင်းမှာပဲကျန်းရှီရဲ့အနှစ်သာရအသက်စွမ်းအင်တွေခြောက်သွေ့တဲ့အထိစုပ်ယူခံလိုက်ရပြီး သူ့ကိုယ်က ခြောက်သွေ့နေတဲ့အလောင်းကောင်ကြီးဖြစ်သွားတယ်။သူမျက်လုံးကပြူးကျယ်နေပြီး မကျေနပ်ချက် နာကျည်းချက်တွေချန်ရင်းသေသွားတယ်။

“မဆိုးဘူး။”

ချီမင် နတ်ဆိုးသရဲကိုအကဲဖြတ်လိုက်ပြီး သူ့ခွန်အားကိုအရမ်းကျေနပ်သွားတယ်။

နတ်ဆိုးသရဲကမြေပြင်ထက်မှာလွင့်မြောနေပြီးအဝတ်ပြဲကိုဝတ်ဆင်ထားတယ်။သွေးနက်ရောင်ဆံပင်ရှည်ကြီးတွေရှိပြီးဖရိုဖရဲဖြစ်နေတယ်။မျက်နှာတစ်ခြမ်းကပုတ်နေတာကိုတောင်မြင်နိုင်တယ်။

သူကယောကျာ်းလား မိန်းမလားဆိုတာပြောဖို့တောင်ခက်တယ်။

သွေးဆာနေတဲ့သရဲကနတ်ဆိုးကျင့်ကြံသူကျန်းရှီနဲ့ဝံပု‌လွေတစ်အုပ်လုံးရဲ့အနှစ်သာရကိုစုပ်ယူလိုက်တယ်။ပြောင်းလဲမှုကမကြီးမားပေမယ့် သူ့ခွန်အားကနည်းနည်းတိုးတက်သွားတယ်ထင်တယ်။မ‌ကောင်းတဲ့နတ်‌‌ဆိုးစွမ်းအင်က ပိုပြီးသန်မာလာတယ်။

“ကျန်းရှစ်ချန်း တိုက်ပွဲမြေပြင်ကိုမြန်မြန်ရှင်းလင်းလိုက်”ချီမင်ညွှန်ကြားလိုက်တယ်။

ကျန်းရှစ်ချန်းနဲ့ကျန်တဲ့လူတွေကရုတ်တရက် သူတို့အာရုံတွေက ပြန်ဝင်လာပြီးချီမင်ရဲ့ညွှန်ကြားချက်ကိုမြန်မြန်လိုက်နာလိုက်တယ်။သူတို့တွေချီမင်ကိုဖားဖို့တောင်မေ့သွားတယ်။သူတို့သာနှေးတုံ့နှေးတုံ့လုပ်နေရင် ကြောက်တာကသူတို့ကိုပါသွေးမိစ္ဆာနတ်‌ဆိုးသရဲရှိမှာအကျွေးခံရမှာကိုဖြစ်တယ်။

All Chapters