အမွေခံအဆင့်အကြီးအကဲသုံးယောက်
Vol. 2 Ch. 25
“ဘာတွေဖြစ်နေတာလဲ။”ကျန်းရှစ်ချန်း ခေါင်းတစ်ခုလုံးထုံသွားတယ်။”ဘာလို့နတ်ဆိုးကျင့်ကြံသူတစ်ယောက် ကကောင်းကင်ဘုံလျှို့ဝှက်ဆန်းကြယ် နယ်မြေထဲမှာချောင်းတိုက်ရတာလဲ။ဒါကအပြင်စည်းဂိုဏ်းစစ်ဆေးပွဲကို။မကြာသေးခင်ကမှ သူလျှို့တစ်သုတ်ကဖယ်ထုတ်ခံထားရတာမဟုတ်လား။အခုနတ်ဆိုးကျင့်ကြံသူတစ်ယောက်ပေါ်လာပြန်ပြီ။”
“ဒါကပြဿနာပဲ။”ကျန်းရှစ်ချန်းရဲ့မျက်နှာကဖြူဖျော့သွားတယ်။သူကတော့သူ့နားကိုတဖြေးဖြေးလာတဲ့ဝံပုလွေကြီးကိုကြည့်လိုက်ပြီးဘာမှမတတ်နိုင်တော့ပေမယ့်နောက်ကိုခြေလှမ်းတစ်ဝက်ဆုတ်လိုက်တယ်။”နတ်ဆိုးကျင့်ကြံသူကကောင်းကင်ဘုံလျှို့ဝှက်ဆန်းကြယ်နယ်မြေထဲမှာရောက်နေတာလား။သူတို့ တွေဘာတွေစီစဉ်နေတာလဲ။ကောင်းကင်ဘုံအကြီးအကဲရဲ့အမွေတွေကရှိတယ်ဆိုတာမှန်နေတာလား။”
“ဒီမှာ ဝံပလွေတွေကလည်းအများကြီးပဲ။နတ်ဆိုးကျင့်ကြံသူကသူဖော်ပြထားတဲ့ကျင့်ကြံခြင်းကိုလည်းငါမသိဘူး။ငါတို့သူ့ကိုမနိုင်မှာကြောက်တယ်။”
ရန်ကီရှန်းက ကကြောက်ရွံ့တုန်လှုပ်လာတယ်။
“စီနီယာ စီနီယာအစ်ကို”
လွီအာထန် သူတံတွေးကိုမျိုချပြီး ချီမင်ကိုကြည့်လိုက်တယ်။သူကမေးလိုက်တယ်”ငါတို့အခု ဘာ... ဘာလုပ်ကြမလဲ။”
ကျန်းရှစ်ချန်းနဲ့တစ်ခြားလူတွေရဲ့အကြည့်ကချီမင်ကိုကြည့်နေတယ်။သူတို့အခုနားလည်သွားတာက သူတို့တွေစွမ်းအားကြီးတဲ့စီနီယာအစ်ကိုတစ်ယောက်နောက်လိုက်နေတာပဲ။
သူတို့နားမှာသာစီနီယာအစ်ကိုရှိရင် သူတို့ကြောက်ဖို့လိုသေးလို့လား
စိတ်လျှော့
စိတ်လျှော့
သူတို့ချက်ချင်းကိုစိတ်လျှော့သွားကြတယ်။သူတို့နောက်မှာကျောထောက်နောက်ခံရှိတော့ ချီမင်ရဲ့အဖြေကိုပဲစောင့်ရတော့မှာ။
“အဟွတ် ဟွတ် မင်းတို့ကောင်တွေ ရှေ့ကိုနည်းနည်းကွယ်နေတယ်။”
ချီမင်ပေါ့ပေါ့ပါးပါးချောင့်ဟန့်ပြီးပြောလိုက်တယ်”စီနီယာအစ်ကိုကြီးငါက အခုပဲစစ်ကူခေါ်လိုက်မယ်။”
“!!!”
ကျန်ရှစ်ချန်းနဲ့တစ်ခြားလူတွေအံ့ဩကုန်တယ်။
သေစမ်း!
သူတို့တွေတိုက်တောင်မတိုက်ရသေးဘူး။သူကအစတည်းက သူတို့ထဲကနည်းနည်းကို ပွန်းရုပ်အဖြစ်နဲ့အရှက်မရှိထိုးကျွေးတော့မှာလား။သူ့ကိုယ်သူ ကြင်နာတတ်တယ်ဆို။ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့အထူးချွန်ဆုံးကျင့်ကြံသူဆို။
အရေးပါတဲ့အကောင်ကြီးတစ်ကောင်ရဲ့ပုံရိပ်ကပြိုကွဲသွာတယ်။
“ဟားဟား…”
အနက်ေရာင်ဆံပင် အပြာရောင်မျက်လုံးနဲ့နတ်ဆိုးကျင့်ကြံသူကရယ်လိုက်တယ်။သူကချီမင်ကိုကြည့်နေသည်မှာ လူသေအလောင်းကိုကြည့်နေတာနဲ့တူပြီးပြောလာတယ်”ကောင်းကင်ဘုံအကြီးအကဲရဲ့အမွေကိုဖွင့်ဖို့ဝိဉာဏ်လုံလောက်ပြီ။”
“မင်းတို့ငါးယောက်က ကောင်းကင်ဘုံအကြီးအကဲရဲ့အမွေအနှစ်ကိုအသက်သွင်းဖို့ ပစ္စည်းဖြစ်လာလိမ့်မယ်။”
“ဝံပုလွေကြီးတွေ!”
“သတ်!”
အပြာရောင်ဆံပင် အနက်ရောင်မျက်လုံးနဲ့ကျင့်ကြံသူက ဟိန်းဟောက်လိုက်ပြီး သူ့နားကဝံပုလွေကြီးတွေကိုထိန်းချုပ်ပြီး ချီမင်နဲ့ကျန်တဲ့လူတွေကို အရပ်မျက်နှာတိုင်းကနေတိုက်ရိုက်တိုက်ခိုက်ခိုင်းလိုက်တယ်။
“သေစမ်း!”
ကျန်းရှစ်ချန်းကကျိန်ဆဲလိုက်တယ်။သူ့နားကိုဝံပုလွေကြီးတွေ ဝိုင်းလာတာမြင်တော့ သူရဲ့ လက်စွဲတော်ဆေဘာကိုသူလက်ထဲကနေကိုင်မြှောက်လိုက်ပြီး ဝံပုလွေကြီးတွေရဲ့တိုက်ခိုက်မှုကိုပိတ်ဆို့ဖို့ ဆေဘာချီကိုထုတ်လိုက်တယ်။
“ကောင်းကင်ဘုံအကြီးအကဲရဲ့အမွေက အစစ်ဆိုတာငါမသိခဲ့ဘူး။ဒါပေမယ့်ကောလဟာလတွေက ကောင်းကင်ဘုံလျှို့ဝှက်ဆန်းကြယ်နယ်မြေကို စစ်မှန်တဲ့နတ်ဆိုးကျင့်ကြံသူတွေလာအောင်ဆွဲဆောင်ထားတယ်။ငါကြောက်တာက ဒီတစ်ကြိမ်အစေခံတပည်တွေများကြီးသေကုန်မှာပဲ။”
ကျန်းရှစ်ချန်းဟိန်းဟောက်လိုက်တယ်”ဆက်မတိုက်နဲ့တော့။လွတ်လမ်းကိုစဉ်းစားကြ။”
ကျန်းရှစ်ချန်းကမအားနည်းပေ။သူကချီသန့်စင်ခြင်းအဆင့်ငါးအစောပိုင်းအဆင့်ကိုရောက်နေပြီဖြစ်တယ်။သူ့ဆေဘာနည်းစနစ်နဲ့လှုပ်ရှားမှုနည်းစနစ်က ထူးချွန်အဆင့်ကိုရောက်နေပြီ။
“ဟုတ်”
“တိုက်!”
“…”
လွီအာဒန်နဲ့တစ်ခြားလူတွေ ခွန်အားအကုန်ထုတ်ဖော်လိုက်တယ်။သူတို့ဝိဉာဏ်ချီတွေက ဝုံပုလွေကြီးလှုပ်ခါပြောင်းလဲသွားတယ်။
လွီအာဒန်နဲ့တစ်ခြားလူတွေက ကျန်းရှစ်ချန်းထက်အဆင့်နိမ့်ပေမယ့်သူတို့တွေကချီသန့်စင်ခြင်းအဆင့်လေးကိုရောက်နေပြီ။သူရဲ့နည်းစနစ်တွေလှုပ်ရှားမှုနည်းလမ်းတွေကလည်းကျွမ်းကျင်တယ်။သူတို့တွေကကြောက်ဖို့ကောင်းတဲ့ဝုံလွေဘုရင်လက် နေရှောင်ရမယ်။
ဝေါင်း! ဝေါင်း!
ဝုံလွေကြီး အရေအတွက်က၁၅၈ကောင်လောက်ရှိတယ်။အဲ့ဒီဝံပုလွေကြီးတွေက ချီသန့်စင်ခြင်းအဆင့်တစ်ကနေအဆင့်ငါးလောက်ထိရှိတယ်။သူတို့ထဲကအများစုကတော့ ချီသန့်စင်ခြင်းအဆင့်တစ်ကဖြစ်တယ်။အဖြူရောင်အမွှေးတွေနဲ့ဝံပုလွေဘုရင်တစ်ကောင်ထဲပဲ ချီသန့်စင်ခြင်းအဆင့်ငါးကိုရောက်နေတာဖြစ်တယ်။
လေပြင်းတစ်သုတ်တိုက်ခတ်သွားတယ်။
သူ့ရဲ့မျက်လုံးထောင့်ကနေ ချီမင်အရပ်လေးမျက်နှာကနေ ဟိန်းဟောက်သံလှိုင်းနဲ့အတူဝံပုလွေလေးကောင်ပြေးဝင်လာတာကိုတွေ့လိုက်တယ်။
ကလန်!
ချီမင်သူ့ဓားကိုထုတ်လိုက်ပြီး မတ်မတ်ရပ်လိုက်တယ်။ချန်ကလန်နတ်ဆိုးသတ်ဓားကိုသူ့ဘေးကနေအပြည့်ဆွဲထုတ်လိုက်ပြီး တိမ်စိမ်းဓားပညာရပ်ကိုထုတ်ဖော်လိုက်တယ်။ဝံပုလွေကြီးလေးကောင်က ချီမင်ဓားကြောင့်ချက်ချင်းသတ်ခံလိုက်ရတယ်။
သေသွားတဲ့အလောင်းတွေက အရောင်မျိုးစုံ အတွင်းကလီစာနဲ့အူတွေထွက်ရင်းမြေပေါ်ကျသွားတယ်။
ဝံပုလွေကြီးလေးကောင်က ချီမင်ရဲ့ဆယ်မီတာအနားတောင်မကပ်နိုင်ဘူး။
“မင်း!”
အနက်ရောင်ဆံပင် အပြာရောင်မျက်လုံးနဲ့ကျင့်ကြံသူရဲ့မျက်လုံးကကျဉ်းမြောင်းသွားတယ်”ပြီးပြည့်စုံခြင်းအဆင့်ကဓားပညာ။”
(ဆံပင်အရောင်နဲ့မျက်လုံးအရောင်ကိုအမျိုးမျိုး ပြောနေတာ)
“စီနီယာ အစ်ကို”
ကျန်းရှစ်ချန်းနဲ့တစ်ခြားလူတွေစိတ်လှုပ်ရှားသွားတယ်။
ဟားဟား!
သူတို့မှန်တယ်။စီနီယာအစ်ကိုကတကယ်သန်မာတယ်။
စောနက စကားတွေကနောက်တာသပ်သပ်ပဲ။
အဲ့ဒီချိန် ကောင်းကင်ဘုံလျှို့ဝှက်ဆန်းကြယ်နယ်မြေရဲ့အပြင်ဘက်မှာတော့ ချိုင့်ဝှမ်းအလယ်ဗဟိုရဲ့အထက် အဆောင်ထဲမှာတော့
ခုချိန်က အပြင်စည်းဂိုဏ်းစစ်ဆေးပွဲဖြစ်တယ်။စုစုပေါင်းအတွင်းစည်းအကြီးအကဲဆယ်နှစ်ယောက် အမွေခံအဆင့်အကြီးအကဲသုံးယောက်ရှိတယ်။အမွေခံအဆင့်အကြီးအကဲသုံးယောက်ထဲမှာတစ်ယောက် တိမ်စိမ်းတောင်ထွဋ်ကအကြီးအကဲဖုန်းဖြစ်ပြီးကျန်တဲ့နှစ်ယောက်က သိုင်းပညာဉာဏ်အလင်းတောင်
ထွဋ်က အကြီးအကဲစုနဲ့ရွှေရောင်အမြစ်တောင်ထွဋ်ကအကြီးအကဲ ဝူတို့ပဲဖြစ်တယ်။
အတွင်းစည်းအကြီးအကဲဆယ့်နှစ်ယောက်ကတော့တောင်ထွဋ်တစ်ခုစီကတစ်ယောက်ဖြစ်တယ်။
“မကြာသေးခင်တုန်းကမှ ငါကောလဟာလတစ်ခုကြားလာတယ်။ကောင်းကင်ဘုံလျှို့ဝှက်ဆန်းကြယ်နယ်မြေထဲမှာ ကောင်းကင်ဘုံအကြီးအကဲရဲ့အမွေအနှစ်ကပေါ်လာတယ်ဆို။ပြီးတော့ကောလဟာလကအတော်လေးတိကျပြီး သဲလွန်စတွေတောင်ရှိတယ်တဲ့။”
အကြီးအကဲဖုန်းက အပေါ်ကအဓိကသုံးခုံထဲမှာထိုင်နေတယ်။သူကသူ့ရဲ့လက်ဖက်ရည်ခွက်ကိုကောက်ကိုင်ပြီးတစ်ငုံသောက်လိုက်တယ်။”အသေးစိတ်ကိုသိသေးလား။”
“ဒါက…”
အောက်မှာတော့ အတွင်းစည်းအကြီးအကဲဆယ်နှစ်ယောက်ကသူတို့ထိုင်ခုံအသီးသီးမှာထိုင်နေတယ်။အကြီးအကဲဖုန်းရဲ့စကားကိုကြားတော့ သူတို့အချင်းချင်းကြည့်ပြီးတိတ်ဆိတ်သွားတယ်။
သေချာပေါက်သူတို့ဘာမှထပ်ပြီးမသိတော့ဘူး။
ပိုပြီးအရေးကြီးတာက
အတွင်းကသတင်းအချက်အလက်တွေကို သိတဲ့အတွင်းစည်းအကြီးအကဲရှိရင်တောင် သူတို့ဒီမှာတော့ထုတ်ပြောရဲမှာမဟုတ်ဘူး။
“အကြီးအကဲဖုန်း.”
အကြီးအကဲစုကချောင်းဟန့်လိုက်ပြီးအကြီးအကဲဖုန်းကိုကြည့်လိုက်တယ်။သူကရှင်းပြလိုက်တယ်”မင်းဘာမှထပ်မေးမနေနဲ့တော့။ဒီကိစ္စကငါလုပ်ထားတာ။”
“အကြီးအကဲစု”
အကြီးအကဲဖုန်းကကြောင်သွားပြီး နည်းနည်းပဟေဠိဖြစ်သွားတယ်။”ဘာလို့အဲ့လိုလုပ်တာတုန်း။မင်းက အပြင်စည်းဂိုဏ်းစစ်ဆေးပွဲမှာနတ်ဆိုးကျင့်ကြံသူတွေကိုပါစေချင်တာလား။”
“မကြာသေးခင်ကမှ နတ်ဆိုးဂိုဏ်းရဲ့သူလျှိုတွေကကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းထဲမှာအုတ်အုတ်သောင်းနင်းဖြစ်သွားစေသေးတယ်။ဝူကျန်းဖုန်းကဒီအခွင့်အရေးကိုသုံးပြီးနတ်ဆိုးဂိုဏ်းသူလျှိုတွေ ရှာဖွေစစ်ဆေးလိုက်သေးတယ် ။ဒါပေမယ့်နတ်ဆိုးသူလျှိုတွေအပြင် နတ်ဆိုးနန်း တော်ရဲ့ကျင့်ကြံသူတွေလည်းစိမ့်ဝင်နေတာလား။”
အကြီးအကဲစုကဆက်ရှင်းပြလာတယ်”အဲ့တာကြောင့်ငါ ကောင်းကင်ဘုံအကြီးအကဲရဲ့အ မွေအနှစ်ရှိကြောင်းသတင်းတွေနဲ့ကောလဟာလတွေကိုဖြန့်လိုက်တာ။ဒီလိုဆို ငါတို့ အားစိုက်ပြီးရှာလို့ရတယ်။”
“ပန်းတိုင်က အပြင်စည်းဂိုဏ်းစစ်ဆေးပွဲမှာ တောင်ထွဋ်ဆယ့်နှစ်ခုထဲပုန်းနေတဲ့နတ်ဆိုးကျင့်ကြံသူတွေကိုဖြားယောင်းပြီးထုတ်ဖို့ပဲ။”
“အဓိပ္ပါယ်မရှိဘူး။”အကြီးအကဲဝူမတ်တပ်ရပ်လိုက်ပြီးတော့သူ့ခုံလက်တန်းကိုဒေါသထွက်စွာနဲ့ရိုက်ပြီးအော်လိုက်တယ်။”အကြီးအကဲစု မင်းဒီလိုထောင်ချောက်မျိုးမဆင်ခင်ငါ့ကိုမပြောဘူး။မင်းသိလား တကယ်လို့ပုန်းကွယ်နေတဲ့နတ်ဆိုးကျင့်ကြံသူသာဆွဲ ဆောင်ခံလိုက်ရပြီး ပေါ်လာရင်အပြင်စည်းဂိုဏ်းစစ်ဆေးပွဲမှာပါနေတဲ့ တောင်ထွဋ်ဆယ့်နှစ်ခုကအစေခံတပည့်တွေအတွက်ဘယ်လောက်တောင်
အန္တာရာယ်များလဲဆိုတာ။”
“သူတို့ကအစေခံတပည့်တွေပဲကို။”အကြီးအကဲစုကမထူးခြားနားပြောလိုက်တယ်”သေတော့ရောဘာဖြစ်လဲ။”
“မင်း”အကြီးအကဲဝူရဲ့အမူအရာကမဲမှောင်သွားတယ်။သူကအသံနိမ့်နိမ့်နဲ့”သူတို့ကအစေခံတပည့်ပဲဆိုရင်တောင် သူတို့ကကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့အစိတ်အပိုင်းပဲ။ငါတို့ကဘယ်လိုလို့သူတို့ကိုအန္တာရာယ်တောထဲပစ်ထည့်ရမှာတုန်း။”
တကယ်တော့ အစကအကြီးအကဲဝူလည်းအစေခံတပည့်ဖြစ်တယ်။ သူက ရွှေရောင်အမြစ်တောင်ထွဋ်ရဲ့အမွေခံအဆင့်အကြီးအကဲအဖြစ် လက်ရှိအဆင့်ထိကို အစေခံတပည့်အဆင့်ကနေတစ်လှမ်းချင်းတက်လာတာဖြစ်တယ်။
အကြီးအကဲဝူသာ အဲ့ဒီကာလမှာဘာတွေကြုံရလဲဆိုတာသိတယ်။
အကြီးအကဲစုကထပ်ပြောလိုက်တယ်။”အကြီးအကဲဝူ ငါမှတ်မိတာမှန်မယ်ဆိုရင် မင်းလည်းအစေခံတပည်တစ်ယောက်ဖြစ်ခဲ့တယ်မလား။မင်းလည်းဒီထိရောက်ဖို့ ဘယ်လောက်ထိဘေးဒုက္ခတွေကိုရင်ဆိုင်ခဲ့ရတုန်း။”
“မင်းသာ လေမိုးတွေကိုအရင်မကြုံဘဲနဲ့သက်တံ့ကိုမြင်ချင်နေတာလား။”
“ငါတောင်အစေခံတပည့်၁၂၀ထဲနတ်ဆိုးကျင့်ကြံသူဘယ်လောက်ပုန်းနေတုန်းမသိဘူး။ဒါကဘာလို့လဲဆို သူတို့သာမတော်တဆမထုတ်ပြမိရင်မသိနိုင်ဘူး။ နတ်ဆိုးကျင့်ကြံသူတွေမှာ သူတို့နတ်ဆိုးချီကိုဖုန်းကွယ်ဖို့နည်းလမ်းရှိလို့ပဲ။အဲ့တာကိုသတိထားမိဖိုကသာမန်အခြေအနေတိုင်းဆိုအရမ်းခက်တယ်။”
“အဲ့ဒီအစေခံတပည့်တွေသာ ဒီဒုက္ခတွေသာ ရင်ဆိုင်နိုင်ရင် သူတို့တွေကသဘာဝအတိုင်းကို ရှုထောင့်တိုင်းကနေ ထူးချွန်သူလို့ခေါ်ဖို့ထိုက်တန်လာလိမ့်မယ်။သူတို့ကိုဒီစစ်ဆေးပွဲကိုအောင်မြင်မယ်လို့လည်းသတ်မှတ်လို့ရတယ်။”
“အဲ့တာအပြင် ငါနည်းလမ်းတစ်ချို့ထည့်ထားတယ်။လူတွေအများကြီးမသေပါဘူး။”
“ ပေါက်တတ်ကရတွေ!”
အကြီးအကဲဝူက ဆူပူလိုက်တယ်”စုချီရှု မင်းဘာလုပ်ချင်နေတာတုန်း။ရွှေရောင်အမြစ်တောင်ထွဋ်ကတပည့်တွေတစ်ခုခုသာဖြစ်ရင် ငါမင်းကိုလွယ်လွယ်နဲ့လွှတ်မပေးဘူး။”
“ငါဒီကိစ္စကို ဂိုဏ်းခေါင်းဆောင်ကိုတင်ပြပြီးပြီ။သူလည်းသဘောတူတယ်။”
အကြီးအကဲစုက သူ့ပခုံးကိုတွန့်လိုက်ပြီးဂရုစိုက်မနေတော့ဘူး။
“ မေ့လိုက်တော့”
အကြီးအကဲဖုန်းကသူ့လက်ကိုယမ်းလိုက်ပြီး”မင်းတို့နှစ်ယောက်ထပ်မငြင်းနဲ့တော့။တစ်ခုခုသာဖြစ်ရင် ငါတို့လုပ်နိုင်သလောက်လုပ်တာပေါ့။ဒါ့အပြင်ကို ဂိုဏ်းခေါင်းဆောင်ကလည်းသဘောတူလိုက်ပြီ။”
“ သေလိုက်ပါတော့!”
အကြီးအကဲဝူက တိတ်သွားတယ်။
“ချီမင်”အကြီးအကဲဖုန်း ကအတွေးနက်သွားတယ်”ငါ မင်းကိုနတ်ဆိုးကျင့်ကြံသူတွေရဲ့လက်ထဲမသေဖို့မျှော်လင့်ပါတယ်။”
ရှင်းရှင်းလင်းလင်းကို အကြီးအကဲဖုန်းနဲ့ကျန်တဲ့လူတွေကအပြင်စည်းဂိုဏ်းစစ်ဆေးပွဲကိုရပ်ဖို့အစီစဉ်မရှိဘူး။အဲ့ဒီအစား သူတို့ကဒီလိုအခြေအနေအောက်မှာ အပြင်စည်းဂိုဏ်းစစ်ဆေးပွဲကို ဆက်လက်ကျင်းပစေတယ်။အတွင်းစည်းအကြီးအကဲဆယ့်နှစ်ယောက်က ဘာမှမပြောရဲပေ။ဘာမှကိုမကြားချင်ယောင်ဆောင်နေကြတယ်။
ကောင်းကင်ဘုံလျှို့ဝှက်ဆန်းကြယ် နယ်မြေမှာတော့ ဓားတောင်တန်းစွန်းနဲ့ နေဝင်ချိန်တောင်ကြားထိစပ်နေတဲ့ နေရာမှာတော့
ကျန်းရှစ်ချန်းနဲ့တစ်ခြားလူတွေကိုဝံပုလွေကြီးတွေဝိုင်းရံနေကြတယ်။အခြေအနေကအန္တာရာယ်များပြီးရင်းများလာတယ်။လွီအာဒန်နဲ့ကျန်တဲ့နှစ်ယောက်ကဒဏ်ရာရနေပြီဖြစ်တယ်။ချီမင်ကတော့ နတ်ဆိုးကျင့်ကြံသူနဲ့တိုက်ခိုက်နေပြီဖြစ်တယ်။
“ငါပါရမီရှင်တစ်ယောက်နဲ့ဒီမှာဆုံရမယ်လို့မထင်ထားဘူး။”
အပြာရောင်ဆံပင် အနက်ရောင်မျက်လုံးနဲ့နတ်ဆိုးကျင့်ကြံသူက စိတ်လှုပ်ရှားနေပုံပေါ်တယ်။နတ်ဆိုးချီကသူ့ကိုယ်ထဲကထွက်လာပြီး သူ့လက်မောင်းမှာစုဆုံလာတယ်။
အဲ့ဒါနဲ့ပဲ
သူ့လက်မောင်းက နတ်ဆိုးဝံပုလွေပြာလက်သည်းတစ်စုံအဖြစ်ပြောင်းသွားတယ်။