← Chapters

ရိုက်ဖို့စောင့်နေတာလား

Vol. 2 Ch. 27

ရိုက်ဖို့စောင့်နေတာလား

Vol. 2 Ch. 27

ရက်စက်ကြမ်းကြုတ်တဲ့ဝံပုလွေကြီးအများစုက သွေးမိစ္ဆာနတ်ဆိုးသရဲရှိကအစုပ်ခံလိုက်ရတယ်။သူတို့တွေကအခြေခံကျကျကို အသုံးမဝင်တော့ဘူး။တန်ကြေးအရှိ‌ဆုံးကနတ်ဆိုးကျင့်ကြံသူကျန်းရှီရဲ့ ပိုင်ဆိုင်မှုတွေဖြစ်တယ်။

ကျန်းရှစ်ချန်းနဲ့ ကျန်တဲ့လူတွေတိုက်ပွဲမြေပြင်ကိုရှင်းလင်းလိုက်ပြီး စစ်ပွဲရဲ့ရလာဒ်ကိုချီမင်လက်ထဲလွှဲပေးလိုက်တယ်။

ပထမဆုံးအနေနဲ့ကျန်းရှီမှာ အဆင့်မြင့်ချီသန့်စင်ခြင်းရတနာသုံးခု ဖြစ်တဲ့ ချီမင်ကြောင့်ကွဲသွားတဲ့ခုခံရေးရတနာ ခုခံရေးချပ်ဝတ်ရယ် သူဝတ်ထားတဲ့ လက်ညှိုးဓားရတနာတစ်ခုဖြစ်တယ်။

ထပ်ပြီး အဆင့်နိမ့်ဝိဉာဏ်ကျောက်တုံး350နဲ့တစ်ချို့ဝိဉာဏ်ဆေးအမျိုးမျိုးဖြစ်တယ်။

ချီသန့်စင်ခြင်းအဆင့်ကဆေးပင်တွေလည်းရှိသေးတယ်။အဆင့်နိမ့်ဝိဉာဏ်ဆေးပင်က59ပင် အလယ်လတ်အဆင့်က25ပင် အဆင့်မြင့်အဆင့်က10ပင် ထိပ်တန်းအဆင့်က4ပင်ဖြစ်တယ်။ဝိဉာဏ်ဆေးပင်တွေကအမှတ်စုစုပေါင်းက181မှတ်ဖြစ်တယ်။

ဒီနည်းနဲ့ချီမင်ရဲ့အမှတ်က 319မှတ်ဖြစ်တယ်။

“အ့?!”

ချီမင်ကကျန်းရှီရဲ့အဆင့်နိမ့်သိုလှောင်အိတ်ထဲမှာ မြေပုံနှစ်ခုရှိတယ်။ပထမတစ်ခုက ကောင်းကင်ဘုံလျှို့ဝှက်ဆန်းကြယ်နယ်မြေဟာဖြစ်တယ်။နောက်တစ်ခုက ကောင်းကင်ဘုံအကြီးအကဲရဲ့အမွေအနှစ်တည်ရှိရာကိုညွှန်ပြ‌တဲ့မြေပုံဖြစ်တယ်။

“ဂုဏ်ပြုပါတယ် စီနီယာအစ်ကို ဂုဏ်ပြုပါတယ်။”

ကျန်းရှစ်ချန်းကဒါကိုမြင်တော့ သူချက်ချင်းကိုဂုဏ်ပြုလိုက်တယ်”စီနီယာအစ်ကိုကောင်းမွန်တဲ့ကံကြမ္မာနဲ့ကောင်းချီးပေးခံလိုက်ရတာပဲ။စီနီယာအစ်ကိုရဲ့ကံကအရမ်းကောင်းတယ်။ စီနီယာအတွက်ဘာမှထပ်လုပ်ဖို့မလိုတော့ဘူး။ကောင်းကင်ဘုံလျှို့ဝှက်ဆန်းကြယ်နယ်မြေကသူ့ဟာသူစီနီယာရှိရောက်လာပြီ။”

“စီနီယာရဲ့ခွန်အားနဲ့ဆိုတောင်ထွဋ်ဆယ့်နှစ်ခုလုံးမှာ ဘယ်သူမှစီနီယာရဲ့ပြိုင်ဘက်မဟုတ်ဘူး။နတ်ဆိုးကျင့်ကြံသူတွေသာလာရင် သူတို့သေဖို့အချိန်ကိုပဲရေတွက်နေရတော့မှာ။”

“ကောင်းကင်ဘုံအကြီးအကဲရဲ့အမွေက သေချာပေါက်စီ‌နီယာရဲ့ဟာပဲ။မင်း လွယ်လွယ်နဲ့ရမှာပါ။”

“ဒီအခွင့်အရေးက လုံးဝစီနီယာအစ်ကိုအတွက်ပြင်ဆင်ထားတာပဲ။”

“ဒီကောင်းကင်ဘုံကပေးတဲ့လက်ဆောင်ကိုသာလက်မခံဘူးဆိုရင် ဖြုန်းတီးမှုအကြီးကြီးဖြစ်သွားပြီ။”

လွီအာထန်နဲ့တစ်ခြားလူတွေလည်းသဘောတူလိုက်တယ်။

ချီမင် ဒုတိယမြေပုံကိုထုတ်ကြည့်လိုက်တယ်။ ကောင်းကင်ဘုံအကြီးအကဲကွင်းပြင်ရယ် ဓားတောင်တန်းစွန်းရယ်နေဝင်ချိန်တောင်ကြားရယ် အဆိပ်ရွှံ့နွံရယ်မှာအမှတ်အသားလုပ်ထားတယ်။

ကောင်းကင်ဘုံအကြီးအကဲရဲ့အမွေအနှစ်ကအဲ့ဒီလေးနေရာမှာ‌တော့မဟုတ်ဘူး။အဲ့ဒီအစား သူကနေဝင်ချိန်တောင်ကြားနဲ့ အဆိပ်ရွှံ့နွံနယ်နိမိတ်ကြားမှာရှိတာ။အလာ်အလတ်တောအုပ်အရွယ်အစားလေးဖြစ်တယ်။

ဒါပေမယ့်…

ဒီတောအုပ်လေးကိုအစီအရင်အခင်းကျင်းတစ်ခုတည်ဆောက်ပြီးကာကွယ်ထားတာဖြစ်တယ်။အကယ်၍ သက်ဆိုင်တဲ့ ချိတ်စည်းကို နားလည်မယ်ဆိုရင် သူတို့တွေက နယ်မြေအစီအရင်ကို လှုံ့ဆော်ပြီး ဒီတောအုပ်ကို ရှာတွေ့နိုင်တယ်။

ပုန်းကွယ်နေတဲ့နတ်ဆိုးကျင့်ကြံသူက ဒီတောအုပ်ကို အမွေအနှစ်တောအုပ်လို့နာမည်ပေးထားတယ်။

တိုက်တိုက်ဆိုင်ဆိုင်ကို ဒီမြေပုံမှာ ချိတ်စည်းတံဆိပ်ရှိတယ်။

“ကောင်းကင်ဘုံ အကြီးအကဲချိတ်စည်း”

ချီမင် ဂရုတစိုက်နဲ့သူ့မှတ်ဉာဏ်တွေကိုပြန်တွေးလိုက်တယ်။ဒါကိုကောင်းကင်ဘုံအကြီးအကဲချိတ်စည်းလို့ခေါ်တယ်။တစ်ခြားလူတွေကတော့ နယ်မြေအစီအရင်ခင်းကျင်းကိုအသက်မသွင်းရသေးဘူး။

“ဒါတကယ်စိတ်ဝင်စားဖို့ကောင်းတာပဲ။”

ချီမင် တွေးလိုက်တယ်”အပြင်လူတွေရဲ့မျက်စိထဲမှာတော့ အမွေအနှစ်တောအုပ်ကို နယ်မြေအစီအရင်အခင်းအကျင်းနဲ့ကာကွယ်ထားပြီးမရှိဘူးထင်ရတယ်။တစ်‌ယောက်ယောက်ကသာ ကောင်းကင်ဘုံအကြီးအကဲချိတ်စည်းကိုမပိုင်ထားဘူးဆိုရင်သူတို့တွေတောအုပ်ကိုတောင်ရှာနိုင်မှာမဟုတ်ဘူး။”

“ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ကောင်းကင်ဘုံချိတ်စည်းကိုပါတွဲကြည့်လိုက်ရင်ဒီမြေပုံရယ် ကောလဟာ‌လတွေအရဆို မှန်လောက်တယ်။”

“စီနီယာအစ်ကို ငါတို့ကရော”

ကျန်းရှစ်ချန်းနဲ့ကျန်တဲ့လူတွေချီမင်ကိုမျှော်လင့်ချက်မျက်လုံးတွေနဲ့ကြည့်လိုက်တယ်။

“သွားစို့”

ချီမင် ထလိုက်ပြီး သူ့ပစ္စည်း‌ တွေသိမ်းလိုက်တယ်။

ကျန်းရှစ်ချန်းနဲ့တစ်ခြားလူတွေသူ့နောက်မြန်မြန်လိုက်သွားတယ်။

သိသာစွာနဲ့ပဲ ချီမင်ကအမွေအနှစ်တောအုပ်ကိုတစ်ချက်သွားကြည့်ဖို့စီစဉ်ထားတယ်။အဲ့တာကကောင်းကင်ဘုံအကြီးအကဲရဲ့အမွေအနှစ်အတွက်တော့မဟုတ်ဘူး။ရိုးရိုးသားသားပြောရရင်ချီမင် အကုန်မယုံသေးဘူး။

နတ်ဆိုးကျင့်ကြံသူတွေစိမ့်ဝင်လာတည်းက တစ်ခြားပုန်းကွယ်နေတဲ့နတ်ဆိုးကျင့်ကြံသူ‌တွေလည်း သူတို့အခွင့်အရေးယူပြီး ကြိုးစားမှာပဲ။ဒီနည်းနဲ့ဆို ချီမင်မှာတစ်ခြားအစီအစဉ်ရှိတယ်။

ကောင်းကင်ဘုံလျှို့ဝှက်ဆန်းကြယ်နယ်မြေရဲ့အခွင့်အရေးကမသေးဘူး။တစ်ခြားနတ်ဆိုးသားရဲတွေလည်းအများကြီးရှိတယ်။ဒါပေမယ့် စိတ်ဝိဉာဏ်ဆေးပင်တွေကလည်းအရမ်းကိုကျယ်ပြန့်ပျံ့နှံ့စွာနဲ့‌ ပေါက်ရောက်နေတယ်။ရှင်းရှင်းလင်းလင်းကို တန်းဖိုးရှ်ိတဲ့အရာအများစုကသိမ်းဆည်းခံရပြီးပြီ။

ဝိဉာဏ်ဆေးပင်တွေကိုရှာရတာ ပိုခက်တယ်။

ဒါပေမယ့် ချီမင်က ချီသန့်စင်ခြင်းအဆင့်ငါးမှာရှိတဲ့နတ်ဆိုးကျင့်ကြံသူကိုသတ်ပြီး ဝိဉာဏ်ဆေးပင်တွေအများကြီးနဲ့တိုက်ပွဲရဲ့ဆုလာဘ်တွေကိုရလိုက်တယ်။

.

ချီမင် အမွေအနှစ်တောအုပ်ကို ဝင်ရောက်ဖို့ပြင်ဆင်နေလိုက်တယ်။

လာတဲ့နတ်ဆိုးကျင့်ကြံသူဖြစ်ဖြစ် ဂိုဏ်းတပည့်ဖြစ်ဖြစ် သူတို့သာလာရင် အကုန်လုံးကိုဓားပြတိုက်ပစ်မယ်။

အဲ့တာနဲ့ပတ်သက်ပြီးဘာမှမမှားဘူး။

“ဒါက…”

နာရီဝက်လောက်ကြာမှချီမင်ထွက်သွားတော့ ရုပ်‌ ချောတဲ့အမျိုးသားတစ်ယောက်ရောက်လာတယ်။သူ့နားကသေနေတဲ့အလောင်းတွေနဲ့ကျန်းရှီရဲ့အလောင်းကိုတွေ့လိုက်ရတယ်။ခဏလောက်တိတ်သွားပြီးမှ ပြောလိုက်တယ်”နတ်ဆိုးကျင့်ကြံသူတွေ”

“သူတို့အကုန်‌ သေပြီ။”

“ငါပြင်းထန်တဲ့နတ်ဆိုးစွမ်းအင်ကိုအာရုံခံလိုက်မိတယ်။ကြည့်ရတာသူတို့တွေက သရဲတွေကိုထိန်းချုပ်နိုင်တာပဲ။အဲ့တာကကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့နည်းလမ်းတွေတော့မဟုတ်ဘူး။ကြည့်ရတာ နတ်ဆိုးဂိုဏ်းကမရှင်းလင်းရသေးတဲ့သူလျှိုတွေကျန်နေသေးတာလား။”

“ကောင်းကင်ဘုံအကြီးအကဲရဲ့အမွေအနှစ်ဆိုတဲ့ကိစ္စကမှန်တာလား။”

“ငါဒါကိုတကယ်လို့မယုံနိုင်သေးဘူး။”

ခဏလောက်နောက်ထပ်တိတ်ဆိတ်သွားတယ်။

ရုပ်ချောတဲ့အမျိုးသားကနေရာကနေထွက်သွားတယ်။သူ့သွားတဲ့ဦးတည်ဖက်က ချီမင်သွားတာနဲ့အတူတူပဲဖြစ်တယ်။ကောင်းကင်ဘုံအကြီးအကဲရဲ့အမွေအနှစ်ရှိရာဖက်ဖြစ်တယ်။

တစ်နာရီလောက်ကြာတော့ ချီမင်နဲ့တစ်ခြားလူတွေ အရှ်ိန်အပြည့်နဲ့သွားနေကြတယ်။သူတို့တွေနေဝင်ချိန်တောင်ကြားကိုဖြတ်ပြီး နေဝင်ချိန်တောင်ကြားနဲ့အဆိပ်ရွှံ့နွံရဲ့နယ်နိမိတ်နေရာကိုရောက်လာတယ်။သူတို့မျက်စိရှေ့မှာမြင်နေရတာက ဘာမှမရှိတဲ့လွင်ပြင်ကြီးဖြစ်တယ်။

ဘာတောအုပ်မှလည်းမရှိဘူး။

ထပ်ပေါင်းပြောရရင်

သူအမြင့်ကနေ အကွာအဝေးကိုရပ်ပြီးကြည့်လိုက်တော့ သူအဆိပ်ရွှံ့နွံကိုပဲတွေ့နိုင်တယ်။ထူထပ်တဲ့အဆိပ်တွေကပျံ့နှံ့မြင့်တတ်နေတယ်။ကျင့်ကြံခြင်းအဆင့်နိမ့်တဲ့သူတွေကတော့အဆိပ်ငွေ့ကိုခုခံနိုင်မှာမဟုတ်ဘူး။

“ဒါကကန္တာရကြီးလိုပဲ။ဘာတောအုပ်မှကိုမရှိတာ”ကျန်းရှစ်ချန်းနဲ့တစ်ခြားလူတွေပြောလိုက်တယ်။

“ကောင်းကင်ဘုံအကြီးအကဲချိတ်စည်း”

ချီမင်ခြေလှမ်းနည်းနည်းလှမ်းလိုက်ပြီး လက်ဟန်စည်းတစ်ခုကိုလုပ်လိုက်တယ်။သူဖွဲ့စည်းလိုက်တဲ့ချိတ်စည်းက ကောင်းကင်ဘုံအကြီးအကဲရဲ့ချိတ်စည်းနည်းအတိုင်းလုပ်ပြီး သူ့ကိုယ်ထဲကဝိဉာဏ်ချီတွေကိုစုဆုံသွားစေတယ်။

…

လျှို့ဝှက်ဆန်းကြယ်စည်းကတော့ဖွဲ့စည်းပြီးပြီ။အဲ့တာက စည်းကိုမြင့်တက်လာပြီး အ‌ဖြူရောင်မီးတောက်လေးအဖြစ်ဖွဲ့စည်းသွားပြီး လေထုထဲကိုဖြည်းဖြည်းချင်းလောင်ကျွမ်းပေါင်းစပ်သွားတယ်။

ဘူးဇ်!!!

ကောင်းကင်ဘုံအကြီးအကဲချိတ်စည်းကပျောက်ကွယ်သွားတယ်။

ပတ်ဝန်းကျင်နေရာထဲကိုကျောက်ခဲတစ်လုံးပစ်ချသလိုဖြစ်သွားတယ်။လှိုင်းဂယက်ကပျံ့နှံ့သွားပြီးအနားပတ်ဝန်းကျင်ကအပြင်းအထန်ပြောင်းလဲသွားတယ်။

တဖြည်းဖြည်းနဲ့…

အုပ်ဆိုင်းနေတဲ့သစ်ပင်တွေနဲ့တောအုပ်ကြီးကဘွားခနဲလေထုထဲမှာပေါ်လာတယ်။

“အမွေ...အမွေအနှစ်တောအုပ်။”

ကျန်းရှစ်ချန်းနဲ့တစ်ခြားလူတွေအံ့ဩသွားတယ်”ဒါကတကယ်ကို အမွေအနှစ်တောအုပ်ပဲ။”

“ဒါက… ဒါက…”

သူတို့အံ့ဩပြီးပျော်ရွှင်သွားကြတယ်။

ချီမင်ကတည်တည်ငြိမ်ငြိမ်နဲ့ရှေ့ကိုလျှောက်သွားလိုက်တယ်။ကျန်းရှစ်ချန်းနဲ့တစ်ခြားလူတွေ စိတ်လှုပ်ရှားမှုနည်းနည်းနဲ့အသက်ရှုသွင်းလိုက်ကြတယ်။သူတို့အချင်းချင်းအကြည့်ဖလှယ်ပြီး ချက်ချင်းလိုက်သွားလိုက်တယ်။

ဘူးဇ်!

ချီမင်နဲ့ တစ်ခြားလူတွေ အမွေအနှစ်တောအုပ်ထဲဝင်သွားပြီးတော့ နယ်မြေအစီအရင်အခင်းကျင်းကအသက်ပြန်ဝင်လာတယ်။အမွေအနှစ်တောအုပ်နဲ့ချီမင်တို့ကလေထုထဲမှာ‌နောက်တစ်ကြိမ်ပျောက်ကွယ်သွားတယ်။

ချီမင်အစီအရင်အပြင်ဘက်ကအခြေအနေကိုမြင်နိုင်သေးတယ်ယအစီအရင်ကိုအသက်မသွင်းဘဲနဲ့တော့အပြင်ကလူတွေကချီမင်တို့ကိုမြင်နိူင်မှာမဟုတ်ဘူး။

“မဆိုးဘူး။ မဆိုးဘူး။”

ချီမင်အရမ်းကျေနပ်သွားတယ်”ဒါဆိုဒီမှာစောင့်”

“စီနီယာအစ်က်ု ငါတို့သွားမရှာဘူးလား။”

ကျန်းရှစ်ချန်းသူ့နောက်ကမှောင်မိုက်နေတဲ့တောအုပ်ကိုကြည့်လိုက်တယ်။ခြောက်ခြားဖွယ်အငွေ့အသက်တွေထွက်ပေါ်လာတာက ကျန်းရှစ်ချန်းနဲ့ကျန်တဲ့လူတွေကိုတုန်ယင်သွားစေတယ်။

ချီမင် အပင်ကြီးတစ်ပင်ကိုရှာလိုက်ပြီး ခုန်တက်လိုက်တယ်။သူသစ်ပင်ပေါ်မှာမှီလိုက်ပြီး နားဖို့မျက်စိမှိတ်လိုက်တယ်”ငါကောင်းကင်ဘုံအကြီးအကဲရဲ့အမွေအနှစ်ကိုစိတ်မဝင်စားဘူး။”

“မင်းတို့လိုချင်ရင် မင်းတို့ကိုယ်တိုင်သွားကြည့်နိုင်တယ်။”

“ဒါ…”

ကျန်းရှစ်ချန်းနဲ့တစ်ခြားလူတွေကသိသိသာသာကိုဆွဲဆောင်ခံလိုက်ရပေမယ့် ချီမင်ကြောင့်သွားတော့မရှာရဲဘူး။ရှာလိုက်ရင် သူ့ကိုစိတ်ဆိုးအောင်လုပ်မိမှာကိုကြောက်နေတာဖြစ်တယ်။

ဆယ်မိနစ်‌ကြာ‌လောက်ကြာတော့

ကျန်းရှစ်ချန်းနဲ့တစ်ခြားလူတွေအသက်ပြင်းပြင်းရှုပြီး အမွေအနှစ်တောအုပ်ကို ခဏလောက်ကြည့်လိုက်တယ်။ဒါပေမယ့်စိတ်လှုပ်ရှားမှုက ပိုပိုများလာတယ်။ရှင်းရှင်းလင်းလင်းကို သူတို့မထိန်းထားနိုင်တော့ဘူး။

“စီနီယာ… စီနီယာအစ်ကို…”

ကျန်းရှစ်ချန်းရဲ့အမူအရာက ရုတ်တရက်ပြောင်းလဲသွားတယ်။သူကသူ့ဗိုက်ကိုဘယ်လက်နဲ့ကိုင်လိုက်ပြီးတင်ပါးကိုညာလက်နဲ့ဖိထားလိုက်တယ်။သူကပြတ်တောင်းပြတ်တောင်းနဲ့”ငါ....ငါ့အစာအိမ်ကရုတ်တရက်မသက်မသာခံစားလိုက်ရတယ်။...ဒါပေမယ့်....ငါညကအစားမှားတာထင်တယ်။.ငါ....ငါ နေရာတစ်ခုရှာပြီး သက်သာအောင်လုပ်ရမယ်။”

ချီမင် ကျန်းရှစ်ချန်းကိုမျက်လုံးထောင့်ကနေတစ်ချက်ကြည့်လိုက်ပြီးပြုံးလိုက်တယ်။သူ့လက်ကိုယမ်းလိုက်ပြီးပြောလိုက်တယ်”ဟက် သွား ဝေးဝေးကိုသွားပုန်းလုပ်။ ဒီနေရာကိုနံအောင်မလုပ်နဲ့။”

ချီသန့်စင်ခြင်းအဆင့်လေးရှိတဲ့လူကဝမ်းလျှောနိုင်တာလား

ချီမင်ကတော့မသိဘူး။ဒါပေမယ့် ဒါကိုပထမဆုံးကြားဖူးတာဖြစ်တယ်။ဒါကတော်တော်ဆိုးတဲ့ဆင်ခြေတစ်ခုဖြစ်တယ်။

“ဟုတ် ဟုတ် ဟုတ်”

ကျန်းရှစ်ချန်ခေါင်းအမြန်ညိတ်လိုက်တယ်။ကျန်းရှစ်ချန်းနဲ့တစ်ခြားလူတွေအကြည့်ချင်းဖလှယ်လိုက်ပြီး သူမြန်မြန်ထွက်သွားလိုက်တယ်။မကြာခင်မှာပဲသူပျောက်ကွယ်သွားတယ်။

အဲ့ခဏမှာ နယ်မြေအစီအရင်အခင်းအကျင်းအပြင်ဘက်မှာပုံရိပ်တစ်ခုပေါ်လာပြီးတောအုပ်ထဲကိုရောက်လာတယ်။

“သား‌ကောင်လား”

ချီမင် မျက်လုံးတောက်ပသွားတယ်။”မင်းတော်တော်မြန်တာပဲ။ငါသိချင်တာ မင်းကနတ်ဆိုးကျင့်ကြံသူလား ဂိုဏ်းတပည့်လားဆိုတာပဲ။”

All Chapters