ပဋိပက္ခ
Vol. 2 Ch. 28
ချီမင် အဲ့ဒီလူကိုရှင်းရှင်းလင်းလင်းမြင်လိုက်ရတယ်။သူကချောမောတဲ့အမျိုးသားတစ်ယောက်ဖြစ်ပြီး သူ့ရှိကနေဘာနတ်ဆိုးစွမ်းအင်ကိုမှခံစားလို့မရဘူး။ဒါပေမယ့်ပုန်းနေကြတဲ့နောက်ဆိုးကျင့်ကြံသူတွေကဖုံးကွယ်တဲ့နေရာတော်ကြတယ်။အဲ့ဒါကြောင့်မလို့နတ်ဆိုးချီတစ်ခုတည်းပေါ်ကနေပဲဆုံးဖြတ်လို့မရဘူး။
သူနောက်မှာလည်းဘာနတ်ဆိုးသားရဲမှ တော့လည်းလိုက်မနေဘူး။
သူတို့တွေက ဂိုဏ်းတစ်ခုတည်းကပဲဖြစ်နိုင်ချေများတယ်။
“ဒီနေရာကတကယ်ပဲ။”
ရုပ်ရည်ချောမောတဲ့အမျိုးသားကသူခြေလှမ်းတွေကိုရပ်လိုက်ပြီးစစ်ဆေးဖို့မြေပုံကိုထုတ်လိုက်တယ်။သူတီးတိုးရေရွတ်လိုက်ပြီး သူ့လက်ထဲကမြေပုံကိုပြန်သိမ်းလိုက်တယ်။သူကလက်နှစ်ဖက်လုံးနဲ့စည်းတစ်ခုလုပ်လိုက်တယ်။အဲ့တာကအမွေအနှစ်တောအုပ်ရဲ့နယ်မြေအစီအရင်ကို အသက်သွင်းတဲ့ကောင်းကင်ဘုံအကြီးအကဲချိတ်စည်းဖြစ်တယ်။
ကောင်းကင်ဘုံအကြီးအကဲချိတ်စည်းကိုဖွဲ့စည်းလိုက်ပြီးနေရာလပ် လေဟာနယ်ထဲထည့်လိုက်တယ်။နယ်မြေအစီအရင်ကိုအသက်သွင်းလိုက်တော့ချောမောတဲ့အမျိုးသားရှေ့ကို အမွေအနှစ်တောအုပ်ကပေါ်လာတယ်။
“ဒါတကယ့်ကိုအမွေအနှစ်တောအုပ်ပဲ!”
သူဝမ်းသာသွားတာကိုမထိန်းနိုင်ဖြစ်သွားတယ်။
ဒါပေမယ့်နောက်ခဏလေးမှာပဲ သူသစ်ပင် ပင်စည်ပေါ်မှာမှီနေတဲ့ချီမင်ကိုသတိထားမိလိုက်တယ်။
ချီမင် သူ့ခေါင်းကိုနိမ့်ပြီး ရုပ်ရည်ချောမောတဲ့အမျိုးသားကိုကြည့်လိုက်တယ်။အပြုံးတစ်ခုကသူ့မျက်နှာပေါ်မှာပေါ်လာတယ်။ဒါက မုဆိုးကသားကောင်ကိုကြည့်တဲ့အကြည့်နဲ့တူတယ်။
“မင်းဘယ်သူလဲ”
ချောမောတဲ့အမျိုးသားက မျက်မှောင်နည်းနည်းကြုတ်လိုက်ပြီး ချီမင်ကိုအေးစက်စွာကြည့်လိုက်တယ်။သူ့ရဲ့အဆင့်နိမ့်သိုလှောင်အိတ်ထဲကနေလက်နက်ကိုတောင်ထုတ်လိုက်တယ်။အဲ့တာကသူ့လက်ကောက်ဝတ်မှာဝတ်ထားတဲ့ အစိမ်းရောင်ကြာပန်းလက်ကောက်တစ်စုံဖြစ်တယ်။
သူက သူ့ကိုယ်ထဲကဝိဉာဏ်စွမ်းအင်ကိုလှည့်ပတ်လိုက်တယ်။
အဲ့ဒီအပြင်ကို…
သူက အဆောင်တော်တော်များကိုသူ့လက်ထဲကိုင်ထားသေးတယ်။
သူတို့ထဲကအများစုကတော့တစ်ခါသုံးပစ္စည်းများဖြစ်တယ်။
ဥပမာ:မီးဘောလုံးအဆောင် ရေခဲဓားအဆောင်နဲ့တစ်ခြားဟာတွေဖြစ်တယ်။
သေချာတာကတော့ သူတို့ကခုခံရေးဗာဂျရာအဆောင်တွေဖြစ်တယ်။
“မင်းကကောင်းကင်ဘုံအကြီးအကဲအမွေအနှစ်ကိုဝင်ချင်တာလား”ချီမင်မေးလိုက်တယ်။
“ငါကဝင်မယ်ဆိုရင်ရော မဝင်ဘူးလို့ပြောရင်ရော”
ချောမောတဲ့အမျိုးသားကပြောလိုက်တယ်”မင်းတကယ်ပဲဘယ်သူလဲ။ဘယ်တောင်ထွဋ်ကတပည့်လဲ။မင်းရဲ့နာမည်ကိုပြောပေးပါ။မဟုတ်ရင် ငါကိုမယဉ်ကျေးဘူးလို့မစော်ကားနဲ့။”
“တိမ်စိမ်းတောင်ထွဋ် ချိုက်ယုဟိုင်”ချီမင်ပြောလိုက်တယ်။
“ချိုက်ယုဟိုင်”
ချောမောတဲ့အမျိုးသားက ချီမင်ရဲ့စကား တွေမှန်မမှန်တွေးနေလိုက်တယ်
ချီမင်ရဲ့ ဘေးမှာရပ်နေတဲ့ကျန်းရှစ်ချန်းကခဏလောက်ကြောင်သွားတယ်။သူကချိုက်ယုဟိုင်အကြောင်းကြားဖူးသလို သိလည်းသိတယ်။ချိုင်ယုဟိုင်ကဒီလိုပုံစံလည်းမဟုတ်ဘူး။စီနီယာအစ်ကိုကဘာလို့လိမ်တာတုန်း။
သေချာတာပေါ့။
ကျန်းရှစ်ချန်းကဘာမှမပြောရဲဘဲ တိတ်ဆိတ်မှုကိုပဲထိန်းထားလိုက်တယ်။
“သူကချိုက်ယုဟိုင်မဟုတ်ဘူး။”
အဲ့ဒီချိန်မှာ နောက်တစ်ယောက်ထပ်ရောက်လာတယ်။အဲ့ဒီလူက အစိမ်းရောင်ဝတ်ရုံကိုဝတ်ထားပြီးငွေရောင်လှံကိုသူ့လက်ထဲကိုင်ရင်း မြန်မြန်လျှောက်လာလိုက်တယ်။သူကချီမင်ကိုကြည့်ပြီးပြောလိုက်တယ်”သူကတကယ်တော့ တိမ်စိမ်းတောင်ထွဋ်ကအစေခံတပည့်ပဲ။သူ့နာမည်က ချီမင်ပဲ။”
“ငါ ပြောတာမှန်လား”
အစိမ်းရောင်ဝတ်အမျိုးသားကပြုံးပြီးချီမင်ကိုကြည့်လိုက်တယ်”ဂျုနီယာညီလေး ချီမင်”
ကျန်းရှစ်ချန်းကထိတ်လန့်မှုကနေသက်သာလာတော့သူကချက်ချင်းချီမင်ကိုအကျယ်ကြီးပြောလိုက်တယ်”စီနီယာအစ်ကို ငါသူတို့နှစ်ယောက်လုံးကိုသိတယ်။”
“ချောတဲ့တစ်ယောက်ကို ရှုယီလို့ခေါ်တယ်။သူကထူးခြားဆန်းကြယ်ကောင်းကင်တောင်ထွဋ်က။ပြီးတော့သူတို့ထူးခြားဆန်းကြယ် ကောင်းကင်တောင်
ထွဋ်ရဲ့အသန်မာဆုံးဆယ်ယောက်ထဲကတစ်ယောက်ပဲ။သူ ချီသန့်စင်ခြင်းအဆင့်ငါးနှောင်းပိုင်းအဆင့်ကိုရောက်နေပြီ။”
“ကျန်တဲ့အစိမ်းရောင်ဝတ်စုံနဲ့လှံရယ်နဲ့တစ်ယောက်ကရွှေရောင်အမြစ်တောင်ထွဋ်က။သူကလည်းရွှေရောင်အမြစ်တောင်ထွဋ်ရဲ့အသန်မာဆုံးအစေခံတပည့်ဆယ်ယောက်ထဲကတစ်ယောက်ပဲ။သူကချီသန့်စင်ခြင်းအဆင့်ငါးနှောင်းပိုင်းထဲကပဲ။သူရဲ့နာမည်အပြည့်အစုံက ယန်ယုပဲ။”
“မင်းကတော်တော်သိထားတာပဲ”ချီမင် ကျန်းရှစ်ချန်းကိုအံ့ဩမှုနဲ့ကြည့်လိုက်တယ်။
(E tranမှာတည်းကဒီလိုကြီး နာမည်မှားတာလားမသိ ခုနကကျန်းရှစ်ချန်းသွားတယ်ပြောထားတာကို)
“စီနီယာအစ်ကို မင်းကမြှောက်နေပြန်ပါပြီ။”
ကျန်းရှစ်ချန်းပြောလိုက်တယ်”ကျွန်တော် ဒီပြိုင်ပွဲကိုမပါခင်က တစ်ခြားတောင်ထွဋ်၁၁ခုရဲ့အ ခြေအနေကိုရှယ်စုံစမ်းထားတာ။ အထူးသဖြင့်အသန်မာဆုံးတွေကိုပဲ။ကျွန်တော်အဲ့တာကြောင့်အများကြီးသိနေတာ။
“မဆိုးဘူး။”ချီမင်စိတ်ကျေနပ်မှုအပြည့်နဲ့ခေါင်းညိတ်လိုက်တယ်။ဒီလိုနောက်လိုက်ရှိတာလည်းမဆိုးဘူးပဲ။
ယန်ယုကကျန်းရှစ်ချန်းကိုတစ်ချက်ကြည့်လိုက်တယ်။မျက်မှောင်နည်းနည်းကြုတ်ပြီး အာရုံထပ်စိုက်မနေတော့ဘူး။အဲ့ဒီအစား သူကချီမင်ကိုကြည့်တာရပ်လိုက်ပြီးမေးလိုက်တယ်”ချီမင် မင်းကိုငါဘာလို့သိလဲသိလား.။”
“ငါ့ကိုပြောကြည့်လေ။”ချီမင်ပြောလိုက်တယ်။
“မင်းတိမ်စိမ်းတောင်ထွဋ်မှာတုန်းက ချိုက်ယုဟိုင်ရဲ့လက်မောင်းတစ်ဖက်ကိုပြတ်အောင်လုပ်လိုက်တယ်ဆို။”ယန်ယုမေးလိုက်တယ်။
“ဟုတ်တယ်”ချီမင်ခေါင်းညိတ်လိုက်တယ်။
ဒီတော့မှ ချီမင်နားလည်သွားတယ်။
ဒါကတကယ်တော့ ချိုက်ယုဟိုင်ရဲ့အစ်ကိုကြီးရဲ့လက်စားချေမှုလား။
“ကြည့်ရတာ မင်းခန့်မှန်းမိသွားပုံပဲ။”
ယန်ယုပြုံးလိုက်တယ်”ချိုက်ယုဟိုင်မှာ အပြင်စည်းဂိုဏ်းမှာ သွေးသားတော်စပ်တဲ့အစ်ကိုရှိတယ်။သူ့နာမည်ကချိုက်ကျင်းရှီပဲ။သူကအခုအတွင်းစည်းကိုဝင်တော့မှာ။”
“ချိုက်ကျင်းရှီမှာ သူငယ်ချင်းကောင်းဟန်ရှုဆိုတဲ့လူတစ်ယောက်ရှိတယ်။သူကလည်းအတွင်စည်းဂိုဏ်းကိုဝင်တော့မှာ။ချိုက်ကျင်းရှီက ဟန်ရှုကိုအကူအညီတောင်းထားတယ်။ဟန်ရှုကသဘောတူပြီး အပြင်စည်းဂိုဏ်းစစ်ဆေးပွဲမှာ မင်းကို ဆန့်ကျင်ဖို့တာဝန်ပေးထားတယ်။အကောင်းဆုံးက ငါမင်းကိုဒုက္ခိတဖြစ်စေတာမဟုတ်ရင် သတ်ဖို့အခွင့်အရေးရှာဖို့ပဲ။”
“ငါဟန်ရှုရှိက အကျိုးအမြတ်ကိုယူပြီးပြီး။အဲ့တော့သဘာဝကျကျနဲ့ကိုပြန်ကူညီရမှာပဲ။”
“မင်းလက်ရှိအခြေအနေကိုရှင်းရှင်းလင်းလင်းသိလား”ချီမင်ပြောလိုက်တယ်။
ယန်ယုကပခုံးတွန့်လိုက်တယ်”ဘာဖြစ်ဖြစ်ပေါ့ မင်းချိုက်ယုဟိုင်ကိုနိုင်လည်း မင်းရဲ့ခွန်အားကသေချာပေါက်နည်းသေးတယ်။”
“ငါလည်း ဒီကိစ္စရဲ့အသေးစိတ်အချက်အလက်တွေကို တာဝန်ကိုလက်မခံခင်ကရှာခဲ့သေးတယ်။”
“အစတည်းက မထိသင်တဲ့လူကိုသွားမထိရမှာ မဟုတ်ရင်ဒုက္ခရောက်မှာပဲ။”
“ငါဂရုစိုက်ရတော့မှာပဲ။”
“မင်းရဲ့မျက်လုံးထဲမှာ ငါကအရိုက်ခံရမယ့်လူလား။”ချီမင်မေးလိုက်တယ်။
“ဒါပေါ့”ယန်ယုခေါင်းညိတ်ပြီးအရမ်းကိုသေချာတဲ့ပုံစံနဲ့”ပထမဆုံးအနေနဲ့ မင်းမှာနောက်ခံမရှိဘူး။ဒုတိယအနေနဲ့ မင်းရဲ့ခွန်အားကမကြီးမားသေးဘူး။တတိယအနေနဲ့ မင်းမှာထူးဆန်းတဲ့အရည်အချင်းမရှိဘူး။မင်းကငါတို့နဲ့အတူတူပဲ။ထပ်လောင်းပြောရရင် မင်းက အတွင်းစည်းဂိုဏ်းကိုဝင်တော့မယ့်အခြေခံတည်ဆောက်ခြင်းအဆင့်ကတပည့်ကိုလည်းစော်ကားထားတယ်။”
“ဒီလိုအခြေအနေတွေအောက်မှာ ငါတို့ကမင်းအကြောင်းကိုဘာတွေးပြီးပူရမှာလဲ။”
“မင်းပြောတာ တကယ့်ကိုကျိုးကြောင်းဆီလျော်တာပဲ။”ချီမင်မနေနိုင်ပဲဒီလိုဆုံးဖြတ်ချက်ကိုရယ်ချင်သွားတယ်။
ရှုယီ မပြောခင်ခဏလောက်တွေးပြီးမှနောက်နည်းနည်းဆုတ်ရင်းပြောလိုက်တယ်”ငါမင်းတို့ကိစ္စကိုမနှောင်ယှက်ချင်ပါဘူး။ဒီအမွေအနှစ်တောအုပ်က
ပျောက်မှာမဟုတ်ဘူး။မင်းတို့တိုက်ပြီးမှပဲ ငါအမွေအနှစ်တောအုပ်ကိုဝင်ဝောာ့မယ်။”
ရှပ်ရှပ်…
အနားမှာတော့ သူတို့ပြောနေတဲ့အချိန်တွင်းမှာပဲ အစေခံတပည့်အများကြီးကရောက်လာကြတယ်။နယ်မြေအစီအရင်ကမပျောက်ကွယ်သေးတော့ အမွေအနှစ်တောအုပ်ကိုမြင်နိုင်သေးတယ်။အဲ့ဒီအချိန်မှာအစေခံတပည့်တွေက အမွေအနှစ်တောအုပ်ကိုမြင်နိုင်ကြတယ်။
မကြာသေးခင်ကမှလကောင်းကင်ဘုံအကြီးအကဲရဲ့အမွေအနှစ်သတင်းကောလဟာလတွေက ထွက်လာတော့အစေခံတပည့်တွေရဲ့မျက်လုံးကပြင်းထန်တဲ့မီး တောက်တွေလောင်ကျွမ်းနေကြတယ်။
“ဒါကအမွေအနှစ်တောအုပ်လား”
“ကောင်းကင်ဘုံအကြီးအကဲရဲ့အမွေအကြောင်းကောလဟာလကတကယ်တော့မှန်နေတာလား။”
“ငါဒါကိုတကယ်မမျှော်လင့်ထားဘူး။”
သူတို့ကအပူတပြင်းဆွေးနွေးနေကြတယ်။
“ဘာလို့ဒီကို ရုတ်တရက်ကြီး လူအများကြီးရောက်လာကြတာတုန်း။”
ကျန်းရှစ်ချန်းရဲ့ခေါင်းကထုံကျင်သွားတယ်။သူခဏလေးအတွင်းမှာရောက်လာတဲ့အစေခံတပည့်၂၃ယောက်ကိုကြည့်လိုက်တယ်။”ဒါတော့ပြဿနာပဲ။စီနီယာအစ်ကိုချီဘယ်လောက်သန်မာသန်မာ ဒီလူတွေအကုန်ကိုမောင်းထုတ်လို့ရမှာမဟုတ်ဘူး။ငါကြောက်တာက သူတို့ကိုမကိုင်တွယ်နိုင်မှာကိုပဲ။”
“စီနီယာအစ်ကိုချီ”
လူအုပ်ထဲမှာကျောင်းယုရှန်း ထန်ပင်းနဲ့ရှောင်ဖန်းကအတူလျှောက်လာကြတယ်။သူတို့ချီမင်ကိုမြင်တော့ ကျောင်းယုရှန်းရဲ့လှပတဲ့မျက်လုံးတွေကတောက်ပသွားပြီး လက်ယမ်းကာအော်ခေါ်လိုက်တယ်။
ချီမင်သူတို့ကိုခေါင်းညိတ်ပြီးတုန့်ပြန်လိုက်တယ်။
“စီနီယာ အစ်ကိုချီ ပြဿနာတတ်နေပုံပေါ်တယ်။”ထန်ပင်းမေးလိုက်တယ်။
“ငါထင်တာပဲ”ရှောင်ဖန်းခေါင်းညိတ်လ်ိုက်တယ်။”ငါတို့ဘာကူညီနိုင်မလဲကြည့်ကြတာပေါ့။”
ကျောင်းယုရှန်းနဲ့ထန်ပင်းခေါင်းညိတ်လိုက်တယ်။
“ဟက်…”
ယန်ယုအသက်ပြင်းပြင်းရှုလိုက်ပြီး သူ့အမူအရာကအေးချမ်းသွားတယ်။”ငါလုံးဝမထင်ထားတာကတစ်ခြားအစေခံတပည့်တွေမြန်မြန်ရောက်လာမယ်ဆိုတာပဲ။ငါမင်းကိုမြန်မြန်ကိုင်တွယ်ရမယ်။အဲ့ဒါမှ ငါအမွေအနှစ်တောအုပ်ကိုစူးစမ်းနိုင်မှာ။”
“ငါအရေးကြီးတဲ့ကိစ္စတွေကိုမနှောင့်နှေးစေချင်ဘူး။”
“ပျံသန်းနေသောနဂါးလှံ”
ဆွစ်ရှ်!
သူ့လက်ထဲကလှံနဲ့ ယန်ယုချီမင်ကိုအရင်တိုက်လိုက်တယ်။သူ့အရှိန်ကလျှပ်စီးလက်သလိုမြန်လွန်းတယ်။လှံကိုထုတ်လိုက်ချိန် ပင်လယ်ထဲကနေနဂါးတစ်ကောင်ထွက်လာတာနဲ့တူတယ်။လျင်မြန်ပြီးစွမ်းအားကြီးပေတယ်။
ကလန်!
ချီမင် သူ့ဓားကိုမြှောက်လိုက်ပြီး ယန်ယုရဲ့လှံကိုလွယ်လွယ်လေးတားလိုက်တယ်။ချွန်ထက်နေတဲ့လှံအလင်းက ချီမင်ရဲ့ဓားချီကြောင့်လွယ်လွယ်ရှုံးသွားတယ်။သူတို့ကြားကကွာခြားချက်ကသိသာတယ်။
“ဒါက…”
ယန်ယုရဲ့အမူအရာက နည်းနည်းအံ့ဩသွားတယ်။ ဒါကစဦးတိုက်ခိုက်တာဆိုပေမယ့်သူကချီမင်ရဲ့ကျင့်ကြံခြင်းကို သူရဲ့ဝိဉာဏ်ခွန်အားကနေစစ်ဆေးနိုင်တယ်။သူကအော်လိုက်တယ်”ချီသန့်စင်ခြင်းအဆင့်ခြောက်”
“မင်းချီသန့်စင်ခြင်းအဆင့်ခြောက်ရောက်နေပြီပဲ။”
သူတို့ပြောပြီးပြီးချင်းပဲ တုန့်ဆိုင်းမနေတော့ဘဲ
ယန်ယု ချီမင်ရဲ့အဖြေကိုနားထောင်မနေတော့ဘူး။အဲ့ဒီအစားပြောပြီးတော့ သူကလှည့်ပြီး တိုက်ဖို့မစဉ်းစားတော့ပဲ ပြေးတော့တယ်။
ပြိုင်ဘက်ကိုနောက်ကျောပေးတာကအန္တရာယ်များပေမယ့် သူသာဆက်တိုက်နေရင် ကျိန်သေပေါက်သေမှာ။
ယန်ယုနဲ့လှုပ်ရှာမှုနည်းစနစ် ကအရမ်းမြန်တယ်။သူကကူးခတ်နေတဲ့နဂါးတစ်ကောင်လိုပဲ။ဒါကလွင့်မျောနေသောနဂါးလှုပ်ရှားမှုသိုင်ပညာဖြစ်တယ်။အဲ့တာကလည်းထူးချွန်အဆင့်ကိုရောက်နေပြီ။
“စိတ်ဝိဉာဏ်လှည့်ဖြားရေး ကိုးဆင့်ခြေသိုင်း”
ချီမင်သူ့နောက်မြန်မြန်လိုက်သွားပြီး သူ့ဓားကိုထုတ်လိုက်တယ်။သူကတိမ်စိမ်းဓားပညာရပ်ကိုထုတ်သုံးလိုက်တယ်။ဓားချီက တိမ်စိမ်းဓားရည်ရွယ်ချက်ဆန္ဒနဲ့အတူခုတ်ပိုင်းထွက်လာတယ်။အဲ့ဒါကယန်ယုကိုကြောက်ဖို့ကောင်းလောက်အောင်ဖြူဖျော့သွားစေတယ်။
“သေစမ်း! သေစမ်း!”
ယန်ယုလန့်သွားတယ်”ဒါကဘယ်လိုတောင်ချီသန့်စင်ခြင်းအဆင့်ခြောက်တဲ့လား”
“ပျံသန်းနေသောနဂါးလှံပညာရပ်”
ဝေါင်း!
ယန်ယုသူတတ်နိုင်သလောက်ပြန်ခုခံလိုက်တယ်။သူ့ရဲ့ပျံသန်းနေတဲ့နဂါးလှံပညာရပ်ကပြီးပြည့်စုံခြင်းအဆင့်ကိုရောက်နေပြီဖြစ်တယ်။သူ့မှာပျံသန်းနေသောနဂါးလှံရည်ရွက်ချက်နည်းနည်းပါနေပြီဖြစ်တယ်။အဲ့တာကြောင့်သူထုတ်သုံးတိုင်းနဂါးအော်သံတိုးတိုးလေးကြားရတယ်။
ဘုန်း!
ဓားချီက လှအလင်းကိုခုတ်ပိုင်းပြီးပြိုကွဲသွားစေတယ်။နဂါးအော်သံကပျောက်ကွယ်သွားတယ်။
“အား!!!”
ယန်ယုကြောက်လန့်ဖွယ်အော်လိုက်ရင်းသူ့ခန္ဓာကိုယ်ကလွင့်ထွက်သွားတယ်။ချီမင်ရဲ့ဓားနောက်ဆက်တွဲခုတ်ချက်က ယန်ယုရဲ့ကိုယ်ပေါ်ကိုကျလာတာဖြစ်တယ်။သူအဝတ်အစားကပြဲထွက်သွားပြီးအောက်ကရွှေအကြေးခွံချပ်ဝတ်ကိုပြသလာတယ်။
ဒါကိုအခွင့်အရေးယူရင်း ချီမင်ထပ်တိုက်လိုက်တယ်။ချန်ကလန်နတ်ဆိုးသတ်ဓားက ယန်ယုရဲ့ခေါင်းကိုတုန့်ဆိုင်းမှုမရှိဘဲခုတ်ပိုင်းလိုက်တယ်။
“သေလိုက်တော့!”
ယန်ယုရဲ့အကြည့်ကကြောက်လန့်သွားပြီးထိတ်လန့်ဖွယ်အော်လိုက်တယ်။သူ့လက်ကိုမြှောက်လိုက်ပြီး တစ်ခါသုံးအဆိပ်မြားတစ်စုံကို သူ့အင်္ကျီအိတ်ထဲကထုတ်လိုက်တယ်။
ဒါကလက်နက်ပုန်းဖြစ်တယ်။
သေချာတာကတော့အရမ်းစွမ်းအားကြီးတာဖြစ်တယ်။
ဒါက ချီသန့်စင်ခြင်းအဆင့်ခုနစ်အောက်မှာရှိတဲ့ ဝိဉာဏ်စွမ်းအင်ခုခံမှုတွေကိုဖျက်ဆီးပစ်နိုင်တယ်။
ဒီလောက်နီးနီးတိုက်တာကိုတွဲကြည့်လိုက်မယ်ဆိုရင် ရှောင်ဖို့ကခက်မှာဖြစ်တယ်။ သူကမျက်နှာချင်းတည့်တည့်ရင်ဆိုင်ဖို့ပဲတတ်နိုင်တယ် ။အဆိပ်ပါတဲ့အိတ်ဆောင်မြှားလေးကချီမင်ရဲ့ခေါင်းနဲ့နှလုံးကိုတိုက်ခိုက်လာတယ်။
ကလန်! ကလန်! ကလန်!
ချီမင်က အန္တရာယ်နဲ့ရင်ဆိုင်နေရတာတောင်ထိတ်လန့်မသွားဘူး။တိမ်စိမ်းဓားပညာရပ်ကနေ လေထိန်းချုပ်ရေးဓားပညာရပ်ကိုတိုက်ရိုက်ပြောင်းသွားတယ်။ဓားလှုပ်ရှားမှုကလေတွေရဲ့လှုပ်ရှားမှုအတိုင်းမြန်ဆန်လာပြီးသွက်လက်လာတယ်။မျက်စိကျိန်းလောက်တဲ့ဓားအရိပ်ကထွက်ပေါ်လာပြီး အိတ် ဆောင်အဆိပ်မြှားတွေအကုန်ကိုပိတ်ဆို့လိုက်တယ်။