ဝိဉာဏ်ပုံစံအဖိုးအို
Vol. 2 Ch. 29
“အား!!!”
ယန်ယုဒေါသတကြီးဟိန်းဟောက်လိုက်တယ်။သူမျက်လုံးကသွေးရောင်ရဲလာပြီး သူ့ရင်ဘက်ကသူအန်ထုတ်ထားသွေးတွေစွန်းနေတယ်။ဒီလိုကိစ္စမျိုးမှာ သူအသက်ကိုအလောင်းအစားလုပ်ဖို့ပဲကျန်တော့တယ်။သူ သူ့ရဲ့ဒဏ်ရာတွေနဲ့ နာကျင်မှုကိုသည်းခံလိုက်ပြီးချီမင်ရဲ့တိုက်ခိုက်မှုကို မြေပြင်ကနေ တုန့်ဆိုင်းမနေဘဲခုန်ထွက်လိုက်တယ်။
လွတ်မြောက်ဖို့လမ်းကမရှ်ိတော့ဘူး။
သူအသေခံတိုက်ဖို့ပဲရှိတော့တယ်။
“တိုက်!”
ချီမင်ရဲ့အကြည့်ကအေးစက်နေပြီးရက်စက်စွာတိုက်ခိုက်လိုက်တယ်။ချန်ကလန်နတ်ဆိုးသတ်ဓားကယန်ယုရဲ့အရေးကြီးတဲ့နေရာတွေကိုပစ်မှတ်ထားတိုက်ခိုက်နေတယ်။ဓားချီကလှည့်ပတ်လာပြီး အလွန်အမင်းထက်မြလာတယ်။သိုင်းပညာက တိမ်စိမ်းဓားပညာရပ်ကိုပြန်ပြောင်းသွားချိန် သိမ်မွေနက်နဲတဲ့သဘောတရားကပြန်ပါလာတယ်။
“ချီမင်!”
ယန်ယုကထိတ်လန့်ဖွယ်ထပ်အော်လိုက်တယ်။ပျံသန်းနေတဲ့နဂါးလှံပညာရပ်က လမ်းတစ်ဝက်ကနေရုတ်တရက်ပြောင်းသွားတယ်။အဲ့ဒီတိုက်ခိုက်မှုကအယောင်ပြသက်သက်ဖြစ်တယ်။ပျံသန်းနေတဲ့နဂါးလှံကသူ့လက်ထဲကနေ ချီမင်ဆီကို လှံပစ်သလိုပစ်လွှတ်လိုက်တယ်။
ကလန်!
ချီမင်ရဲ့ညာလက်ကို လှုပ်ခါလိုက်ပြီး ဓားချီကိုအသုံးပြုကာပျံသန်းနေတဲ့နဂါးလှံကိုတားလိုက်တယ်။အပေါ်ယံမှာတော့ သူတိုက်တာကမအောင်မြင်ပေမယ့်တကယ်ကယန်ယုရဲ့ပစ်ချက်က ချီမင်ရဲ့ဓားသွားရာလမ်းကြောင်းကိုယိမ်းယိုင်သွားစေတယ်။
“အား!!!”
ယန်ယုက နာကျင်စွာနဲ့အော်လိုက်တယ်။လူအုပ်ကြီးရဲ့အကြည့်အောက်မှာပဲ သူကချန်ကလန်နတ်ဆိုးသတ်ဓားကို သူ့ကိုယ်နဲ့ရင်ဆိုင်လိုက်ရတယ်။ဓားကချီမင်ရဲ့ရင်ဘက်ကိုအားအပြည့်နဲ့ထိုးဖောက်သွားပြီး သူ့ကိုယ်ထဲကနေပြန်ထွက်လာတယ်။
အား!!!
သွေးတွေကနေရာတိုင်းကိုဖြာထွက်သွားတယ်။
“ဘာ!”
“ဒါက… ဒါ…”
“အရမ်းကြမ်းတာပဲ!”
“…”
လူတိုင်းပင့်သက်ရှိုက်လိုက်တယ်။
သိထားရမှာက ယန်ယုကပျံသန်းနေတဲ့နဂါးလှံကိုပစ်လိုက်ပြီးချီမင်ရဲ့ဓားလမ်းကြောင်းကိုရွေ့သွားစေတယ်။အဲ့တာကြောင့် သူကချီမင်ရဲ့တိုက်ခိုက်ချက်ကိုသူ့ကိုယ်နဲ့ခံရဲတာဖြစ်တယ်။ဒီရိုက်ချက်ကယန်ယုကိုပြင်းထန်စွာထိခိုက်သွားစေတယ်။ဒါပေမယ့်သူ့ရဲ့အရေးပါတဲ့နေရာတွေကိုရှောင်လိုက်နိုင်တယ်။သူ မသေနိုင်ဘဲဆက်တိုက်ဖို့အားအင်ကျန်မှာဖြစ်တယ်။
ချီမင်ကရုတ်တရက်ရိုက်ချက်တစ်ခုကိုထုတ်ဖော်လိုက်တယ်။
“ဟားဟားဟား…”
ယန်ယုကသွေးတွေအန်ထွက်လာပြီး အရိုင်းဆန်စွာရယ်မောလိုက်တယ်။သူ့မျက်မှာအမူအရာက ကြောက်မက်ဖွယ်ကောင်းနေတယ်။သူ့ဘယ်လက်ကချန်ကလန်နတ်ဆိုးသတ်ဓားကိုမြဲမြံစွာဆုပ်ကိုင်ထားရင်းချီမင် ဆွဲမထုတ်နိုင်အောင်တားဆီးထားတယ်။”မင်း ချီသန့်စင်ခြင်းအဆင့်ခြောက်ဆိုတော့ဘာဖြစ်လဲ။သေလိုက်တော့။”
“ပကတိကိုးခါအဆိပ်လက်ဝါး”
ဝီ! ဝီ!
ယန်ယုဟိန်းဟောက်လိုက်တယ်။သူကအဆိပ်သိုင်းပညာကိုလှည့်ပတ်လိုက်တယ်။မည်းနက်နေတဲ့အဆိပ်တွေကသူ့ညာဘက်လက်မှာစုဝေးလာပြီးသူ့ညာဘက်လက်တစ်ခုလုံးကိုနက်မှောင်သွားစေတယ်။
အဆိပ်!
လက်ဝါးမှာ ပြင်းထန်တဲ့အဆိပ်ပါဝင်တယ်။
ယန်ယုကဒီအဆိပ်သိုင်းပညာကို ထူးချွန်အဆင့်ထိရောက်အောင်လေ့ကျင့်ပြီးပြီ။
ဒီဟာက သူရဲ့လူသတ်လက်နက်ဖြစ်တယ်။
“သေလိုက်တော့!”
ယန်ယုကသူ့ရဲ့မျက်လုံးတွေပြူးကျယ်သွားရင်းဟိန်းဟောက်လိုက်တယ်။
ဒီလောက်ထိနီးကပ်တဲ့အကွာအဝေးမှာ ချီမင်ရဲ့နတ်ဆိုးသတ်ဓားကယန်ယုရဲ့ခန္ဓာကိုယ်နဲ့အတားခံထားရတယ်။သူ့ဘယ်လက်က ဓားကိုတင်းကျပ်စွာနဲ့ဆုပ်ကိုင်လိုက်တယ်။သူဆွဲမထုတ်နိုင်သလိုရှောင်ဖို့အချိန်လည်းမရှိတော့ဘူး။
“စီနီယာအစ်ကိုချီ!!!”
ကျောင်းယုရှန်းနဲ့တစ်ခြားလူတွေထိတ်လန့်သွားတယ်။
ဘူးဇ်!!!
ရုတ်တရက် ယန်ယုရဲ့နောက်မှာ အနက်ရောက်သရဲတစ်ကောင်ရဲ့အရိပ်ကပေါ်လာတယ်။ပြင်းထန်တဲ့နတ်ဆိုးစွမ်းအင်ကမြင့်တက်လာတယ်။အဲ့တာကချီမင်ရဲ့သွေးမိစ္ဆာသရဲဖြစ်တယ်။သွေးမိစ္ဆာနတ်ဆိုးသရဲကပေါ်လာပြီး မြန်မြန်ပဲသူ့လက်ကိုဆန့်ထုတ်ပြီး ယန်ယန်ယုရဲ့ခေါင်းကိုတင်းကြပ်စွာဆုပ်ကိုင်လိုက်တယ်။
ယန်ယုရဲ့မျက်လုံးတွေကျဉ်းမြောင်းသွားတယ်။သူလုံးဝမျှော်လင့်ချက်ကင်းမဲ့သွားတယ်။
စဉ်းစား…
စဉ်းစားကြည့်ရမှာက…
ချီမင်ရဲ့ထိန်းချုပ်မှုအောက်မှာနတ်ဆိုးသရဲတစ်ကောင်ရှိတယ်။
“ဟီးဟီးဟီး…”
ဖောက်!!!
နတ်ဆိုးသရဲက အားကုန်လိမ်လိုက်ပြီး ယန်ယုရဲ့ခေါင်းကိုချိူးလိုက်တယ်။သူ့ခေါင်းကလည်ပင်းကနေဖယ်ရှားခံလိုက်ရတယ်။သူ့ပြတ်နေတဲ့လည်ပင်းကနေ သွေးတွေကရေတံခွန်လိုစီးကျလာတယ်။ဒါပေမယ့်အကုန်သရဲရှိကနေအစုပ်ခံလိုက်ရတယ်။
ယန်ယုရဲ့ညာလက်ဝါးက ချီမင်နဲ့လက်တစ်လုံးတောင်မကွာတော့ဘူး။နည်းနည်းလေးသာပိုနီးရင် ချီမင်က ပကတိကိုးခါအဆိပ်လက်ဝါးကြောင့်ဒဏ်ရာရာသွားမှာဖြစ်တယ်။
သူ့ညာလက်ဝါးထဲမှာရှိတဲ့အဆိပ်တွေကပျောက်ကွယ်သွားတယ်။အနက်ရောင်ကနေသာမန်အရောင်ပြန်ပြောင်းသွားတယ်။
“ယန်...ယန်ယုရှုံးပြီ။”
“သူရှုံးတယ်။”
“ယန်ယုက ရွှေရောင်အမြစ်တောင်ထွဋ်ရဲ့အသန်မာဆုံးအစေခံတပည့်ပဲ။သူတကယ်သတ်ခံလိုက်ရတယ်။စောနကတိုက်ပွဲက အရမ်းပြင်းထန်ပြီးစိတ်လှုပ်ရှားဖို့ကောင်းတယ်။သူနိုင်ဖို့နည်းနည်းပဲလိုတော့တာ”
“ငါပြောနိုင်တာကယန်ယုရဲ့ပြိုင်ဘက်ကအရမ်းသန်မာတာပဲ။”
“ဒါကချီသန့်စင်ခြင်း အဆင့်ခြောက်လား”
“အရမ်းစွမ်းအားကြီးတာပဲ။”
ခဏကြာမှပဲအနားမှာရှိတဲ့တစ်ခြားအစေခံတပည့်တွေကသူတို့ရဲ့ထိတ်လန့်မှုကနေသက်သာလာတယ်။သူတို့တွေမြေပေါ်မှာကျနေတဲ့ခေါင်းမရှိတော့တဲ့အလောင်းကိုကြည့်ပြီးစိတ်ခံစားမှုအပြည့်နဲ့သက်ပြင်းချလိုက်တယ်။
“သွေးမိစ္ဆာနတ်ဆိုးသရဲ”
ရှုယီသတိဝင်လာပြီးချီမင်ကိုကြည့်လိုက်တယ်”ဒါဆိုမင်းက နတ်ဆိုးကျင့်ကြံသူနဲ့ဝံပုလွေအုပ်ကိုသတ်ခဲ့တဲ့သူပေါ့။”
“မင်းကသွေးမိစ္ဆာနတ်ဆိုးသရဲကိုမွေးမြူထားတာပဲ။”
ချီမင်ကတိမ်စိမ်းတောင်ထွဋ်ရဲ့အစေခံတပည့်ပဲ။
သိထားရမှာကနတ်ဆိုးဂိုဏ်းသူလျှိုသတင်းက တိမ်စိမ်းတောင်ထွဋ်ကနေပထမဆုံးပျံ့လာတာဖြစ်တယ်။ချီမင်ကသရဲတစ်ကောင်လည်းမွေးထားတယ်။တိုက်ခိုက်တာလည်းကြမ်းတယ်ဆိုတော့ ရှုယီချီမင်ကိုနတ်ဆိုးဂိုဏ်းကသူလျှိုဖြစ်နိုင်တယ်လို့ပိုပြီးသံသယဝင်လာတယ်။.
ဒါပေမယ့်…
ရှုယီမှာ ဘာသက်သေမှမရှိဘူး။ချီမင်ရှိမှာ သရဲတစ်ကောင်လောက်ရှိရုံနဲ့တော့နတ်ဆိုးဂိုဏ်းကသူလျှို့လို့အခုချိန်မှာ သတ်မှတ်လို့မရသေးဘူး။
ဘာလို့ဆို သွေးမိစ္ဆာနတ်ဆိုးသရဲကိုရနိုင်မယ့်နည်းလမ်းနဲ့လမ်းကြောင်းတွေအများကြီးရှိတယ်။ကိုယ်တိုင်သန့်စင်ဖို့မလိုအပ်တော့ပေ။တစ်စုံတစ်ယောက်က ဝိဉာဏ်ကျောက်တုံးသာသုံးနိုင်ရင် သွေမိစ္ဆာနတ်ဆိုးသရဲအဆောင်ကိုသုံးပြီး သွေးမိစ္ဆာနတ်ဆိုးသရဲကိုထိန်းချုပ်နိုင်မှာဖြစ်တယ်။
ဒါပေမယ့်…
သွေးမိစ္ဆာနတ်ဆိုးသရဲအဆောင်က အရမ်းဈေးကြီးတယ်။ အနည်းဆုံး အဆင့်နိမ့်ဝိဉာဏ်ကျောက်တုံး၁၀၀၀၀တန်တယ်။အဲ့တာ အပြင်စည်းဂိုဏ်းစစ်ဆေးပွဲရဲ့ ပထမအဆင့်ရမယ်ဆုလာဘ်နဲ့အတူတူဖြစ်တယ်။
ချီမင်ကအစေခံတပည့်ပဲရှိသေးတယ်။အဆောင်ဝယ်ဖို့ချီမင်ဝိဉာဏ်ကျောက်တုံး၁၀၀၀၀သုံးတယ်ဆိုတာယုံဖို့အရမ်းခက်တယ်။ချီမင်ကနတ်ဆိုးဂိုဏ်းကဖြစ်ပြီး သွေးမိစ္ဆာနတ်ဆိုးသရဲကိုသန့်စင်ထားတယ်လို့ပဲရှင်းပြနိုင်တယ်။
ရှုယီက ချီမင်ကိုသံသယဝင်စရာကောင်းတယ်လို့ခံစားရတယ်။
အဲ့ဒီအပြင်ကိုချီမင်နဲ့ယန်ယုကြားကတိုက်ပွဲကအရမ်းပြင်းထန်ပြီးစိတ်လှုပ်ရှားဖို့ကောင်းတယ်။ချီမင်ကြည့်ရတာနောက်ဆုံးအခြေအနေမှ သွေးမိစ္ဆာနတ်ဆိုးသရဲကိုထုတ်သုံးပေါ်ပေါ်တယ်။
ဖြစ်နိုင်ချေတော့အမျိုးမျိုးရှိတယ်။
ဒီအချက်တွေအကုန်လုံးကရှုယီကိုချီမင်ကနတ်ဆိုးဂိုဏ်းကသူလျှိုဖြစ်တယ်လို့ညွှန်ပြနေသလိုပဲ။
ဘူးဇ်! ဘူးဇ်!
သရဲကယန်ယုရဲ့အလောင်းကိုခြောက်သွေ့နေအောင်စုပ်ပစ်လိုက်တယ်။သူ့ကိုယ်ပေါ်ကနတ်ဆိုးချီက ပိုပြီးထူထဲလာတယ်။ဒါပေမယ့်ချီသန့်စင်ခြင်းအဆင့်ရှစ်ကိုရောက်ဖို့တော့နည်းနည်းဝေးသေးတယ်။
ချီမင်ညွှန်ကြားလိုက်တယ်”ကျန်းရှစ်ချန်း သွား ယန်ယုပေါ်မှာတန်းဖိုးရှိတာတွေအကုန်ယူခဲ့။”
“ဟုတ်ကဲ့ စီနီယာအစ်ကို”
ကျန်းရှစ်ချန်းနဲ့တစ်ခြားလူတွေကတုန်လှုပ်သွားပြီးမြန်မြန်တုန့်ပြန်လိုက်ကြတယ်။သူတို့ကအမွေအနှစ်တောအုပ်ထဲကနေထွက်လာပြီး ယန်ယုရဲ့ကိုယ်ပေါ်ကအဆင့်နိမ့်သိုလှောင်အိတ်ထဲကနေရတနာတွေအကုန်ယူလိုက်တယ်။
ပြီးတော့ တိုက်ပွဲရဲ့ရတဲ့ပစ္စည်းတွေကိုချီမင်လက်ထဲလွှဲပေးလိုက်တယ်။
သူတို့တွေထဲကတစ်ခါသုံးအိတ်ဆောင်မြှားကတော့အသုံးမဝင်တော့ပေ။အဲ့တာကိုတစ်ပိုင်းတစ်စပစ္စည်းအဖြစ်ပဲရောင်းနိုင်တော့မယ်။အဆင့်နိမ့်ဝိဉာဏ်ကျောက်တုံးနည်းနည်းပဲရတော့မှာဖြစ်တယ်။ပျံသန်းနေတဲ့နဂါးလှံတံနဲ့ရွေအကြေးခွံချပ်ဝတ်နှစ်ခုလုံးကထိပ်တန်းအဆင့်ချီသန့်စင်ခြင်းရတနာတွေဖြစ်တယ်။
ဝိဉာဏ်ကကျောက်တုံး520တော့ကျန်သေးတယ်။
ဝိဉာဏ်ဆေးပင်တွေလည်းအများကြီးရှိတယ်။ ဒါပေမယ့်နတ်ဆိုးကျင့်ကြံသူကျန်းရှီထက်တော့နည်းတယ်။
“သူချန်ကလန်နတ်ဆိုးသတ်ဓားကိုခုခံနိုင်တာမဆန်းပါဘူ။”
ချီမင်သူဘာသာသူတွေးလိုက်တယ်”ဒါဆိုဒါတွေကထိပ်တန်းအဆင့်ချီသန့်စင်ခြင်းအဆင့်ရတနာတွေပေါ့။”
အဲ့ဒီခဏမှာ ပိုပိုပြီးများတဲ့အစေခံတပည့်တွေကအမွေခံတောအုပ်မှာစုစည်းလာကြတယ်။တောင်ထွဋ်ဆယ့်နှစ်ခုရဲ့အစေခံတပည့်တွေက အခြေခံအားဖြင့်ဒီမှာစုမိနေပြီဖြစ်တယ်။အဲ့ဒီအပြင်ကို အပြင်စည်းဂိုဏ်းစစ်ဆေးပွဲပြီးဖို့ကလည်း နှစ်နာရီလောက်ပဲကျန်တော့တယ်။
“သူတို့တွေဒီမှာပဲ။”
အပြုံးတစ်ခုကချီမင်မျက်နှာပေါ် ပေါ်လာတယ်။
“ငါတကယ်မထင်ထားတာက စီနီယာအစ်ကိုချီက ချီသန့်စင်ခြင်းအဆင့်ခြောက်ကိုရောက်နေမယ်လို့။”
ကျောင်းယုရှန်းကအံ့ဩမှုနဲ့ထုတ်ပြောလိုက်တယ်။ချီမင်ရဲ့တိုက်ပွဲဝင်စွမ်းအားကိုကြည့်ရင်းသူမရဲ့ကျောက်စိမ်းသဖွယ်လက်တွေက အနီရောင်နှုတ်ခမ်းကိုကာရင်း သူမရဲ့မျက်လုံးတွေကအံ့ဩမှုကိုဖုံးမထားနိုင်ဘူး။”လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်ကမှ စီနီယာအစ်ကိုချီကချီသန့်စင်ခြင်းအဆင့်ငါးအစောပိုင်းအဆင့်ပဲရှိသေးတယ်။”
“ဒါက… ဒါ…”
ထန်ပင်းလည်းအံ့ဩနေတယ်”သူကျင့်ကြံခြင်းတိုးတက်တာမြန်လွန်းတာလား စီနီယာအစ်ကိုချီကပဲသူ့ခွန်အားကိုဖုံးကွယ်ထားတာလား။သူကအရင်တည်းကချီသန့်စင်ခြင်းအဆင့်ခြောက်ကိုရောက်နေတာဖြစ်မယ် ပိုပြီးတောင်မြင့်နိုင်သေးတယ်။ဒါပေမယ့်မဖော်ပြဘဲနေတာလား။”
“ဒီလိုမျိုးသာဖြစ်မယ်ဆို စီနီယာအစ်ကိုချီရဲ့ကျင့်ကြံခြင်းပါရမီကအရမ်းထူးချွန်တာပဲ။ဒါပေမယ့်သူ့ရဲ့ပါရမီနဲ့ဆိုသူဘာလို့အစေခံတပည့်ဖြစ်လာတာလဲ။သူအနည်းဆုံးအပြင်စည်းတပည့်တော့ဖြစ်သင့်တယ်။အတွင်းစည်းကိုတောင်တိုက်ရိုက်ဝင်နိုင်သင့်တယ်။”
ရှောင်ဖန်းတွေးနေလိုက်တယ်”ငါကချီသန့်စင်ခြင်းအဆင့်လေးနှောင်းပိုင်းအဆင့်ပဲရှိသေးတယ်။ငါကချီသန့်စင်ခြင်းအဆင့်ငါးတောင်မဟုတ်သေးဘူး။စီနီယာအစ်ကိုချီနဲ့ယှဉ်မယ်ဆိုတော်တော်ကွာခြားချက်ကြီးတာပဲ။”
“မင်းကိုယ်မင်းနှိမ့်ချစရာမလိုပါဘူး။ဒီကလေးကတကယ်အရမ်းထူးချွန်ပါတယ်။သူကမင်းရဲ့အနာဂတ်မှာအသန်မာဆုံးပြိုင်ဘက်တောင်ဖြစ်လာနိုင်တယ်။မင်းအခုသူရဲ့နည်းလမ်းတွေနဲ့လုပ်ဆောင်မှုတွေကိုကြည့်ထားရမယ်။မင်းအနာဂတ်ကျပြန်သုံးနိုင်တယ်။မင်းမှတ်ထားရဲ့လား။”
အဲ့ဒီခဏမှာ ရှောင်ဖန်းရဲ့ဘယ်ဘက်လက်သန်းမှာ ရှေးဟောင်းသိုလှောင်လက်စွပ်တစ်ကွင်းကိုဝတ်ထားတယ်။လက်စွပ်ကနေဝိဉာဏ်စွမ်းအင်ထွက်ပေါ်လာပြီး ဝိဉာဏ်အမြူတေကနေ အသံတစ်ခုသူ့ရှိပို့လွှတ်လာတယ်။
“ဟုတ်ကဲ့ဆရာ ကျွန်တော်မှတ်ထားပါ့မယ်။”ရှောင်ဖန်းသူ့စိတ်ထဲကနေပြန်ဖြေလိုက်တယ်။
“တပည့်တွေ”
ချီမင်ချောင်းနည်းနည်းဟန့်လိုက်ပြီး လူတိုင်းကိုဝေ့ကြည့်လိုက်တယ်။သူကအဓိကခေါင်းစဉ်ကိုပြောချင်ပေမယ့်သူ့အကြည့်ကရှောင်ဖန်းအပေါ်ကျရောက်သွားတော့ သူသူ့ဘယ်လက်ပေါ်ကနေ လက်စွပ်တစ်ကွင်းကိုအလိုအလျှောက်မြင်လိုက်ရတယ်။
“အာ?”
ချီမင်သူ့ရင်ဘက်ထဲကနေအံ့ဩသွားတယ်”ငါဘာလိုအဆင့်Dအစေခံတန်းလျားမှာတုန်းကသတိမထားမိတာတုန်း။ရှောင်ဖန်းကအဲ့ဒီလက်စွပ်ကိုအမြဲဝတ်ထားပုံပေါ်တယ်။”
“ဒိီအပြင်ကို ပထမအကြည့်မှာတင် လက်စွပ်ကသာမန်ဆန်တယ်။ဒါပေမယ့်သေချာကြည့်လိုက်ရင်ငါ လက်စွပ်ကသာမန်မဟုတ်ဘဲနည်းနည်းထူးခြားနေတယ်လို့ခံစားရတယ်။”
“ဒါက”
ချီမင်သူ့စိတ်ထဲကနေတွေးလိုက်တယ်။ရှောင်ဖန်းကဝိဉာဏ်ပုံစံအဖိုးကြီးတစ်ယောက်ရှိတဲ့ဇာတ်လိုက်မင်းသားမျိုးလား။ယဲ့တျန်းကပြန်လည်ဝင်စားတဲ့ဗုဒ္ဓ။ဒီရှောင်ဖန်းကတစ်ခြားအမျိုးအစားဇာတ်လိုက်ဖြစ်နိုင်တယ်။
“တိမ်စိမ်းတောင်ထွဋ်ကကံကောင်းတာလား။တစ်နေရာထဲမှာ ပုန်းကွယ်နေတဲ့နဂါးနှစ်ကောင်တောင်။”
ချီမင်သူ့ကိုနက်နက်နဲနဲကြည့်လိုက်တယ်။
“မေ့လိုက်တော့။”ချီမင်သူ့ခေါင်းကိုခါလိုက်တယ်။”ငါစစ်ဆေးပွဲကနေဝိဉာဏ်ကျောက်တုံးအများကြီးရပြီးပြီ။အလိုအ လျှောက်ကျင့်ကြံရတာအရမ်းကျေနပ်စရာကောင်းပေမယ့်ငါ့ရဲ့အလိုအလျှောက်ကျင့်ကြံခြင်းစနစ် ရဲ့စွမ်းရည်ကိုမြှင့်တင်ရမယ်။”
“ငါအတွင်းစည်းကိုဝင်တာဖြစ်ဖြစ် အကြီးအကဲဖုန်းရဲ့တပည့်ဖြစ်တာဖြစ်ဖြစ် ငါအကြီးအကဲဖုန်းရဲ့အကာအကွယ်အောက်မှာလုံလုံခြုံခြုံတိုးတက်နိုင်လိမ့်မယ်။”