ပေးသွင်းသူများ ခေါင်းကိုက်ခြင်း (၁)
Vol. 45 Ch. 675
အမျိုးသားနေ့ အားလပ်ရက်များ ကုန်ဆုံးကာ နိုဝင်ဘာလသို့ ရောက်ခဲ့ပေပြီ။ ဤကာလသည် လက်လီ အရောင်း ကာလဖြစ်ပေသည်။
နိုဝင်ဘာလသည် လက်လီရောင်းချသူများအတွက် အဆင်မပြေသော ကာလဖြစ်ကြောင်း တစ်ယောက်ယောက် ပြောဖူးပေသည်။ ယခု နှစ်ကုန်ပိုင်း ဖြစ်သဖြင့် နောက်တစ်နှစ် ရောက်ပေတော့မည်။ လူတိုင်းသည် ၎င်းတို့၏ နှစ်စဉ် အလုပ်များကို ပြီးမြောက်ရန် ကြိုးကြိုးစားစား လုပ်ဆောင်နေကြပြီး ဈေးဝယ်ထွက်ချိန် မရှိကြချေ။
အမျိုးသား အားလပ်ရက်နှင့် ဆောင်ဦးရာသီ ပွဲတော်များတွင် လူတိုင်း ကိုယ်စီ အလုပ်များနေသဖြင့် ဈေးဝယ်ရန် ငွေအပိုမရှိကြောင်း တစ်စုံတစ်ယောက် ပြောဖူးပေသည်။
နိုဝင်ဘာလသည် ဆောင်ရာသီ၏ အစဖြစ်ပြီး လူများ အပြင်မထွက်ချင်ကြကြောင်းလည်း ပြောဖူးပေသည်။ အအေးဒဏ်ရှောင်ရန် အိမ်တွင်းအောင်းများသာ လုပ်ချင်ကြပေသည်။
ထိုအကြောင်းပြချက်များမှာ ထိုင်ဟွာ ကုန်တိုက်များနှင့် မသက်ဆိုင်ချေ။
ရာသီဥတုအေးကာ အရှေ့မြောက်ဒေသများ၌ နှင်းကျချိန်တွင်ပင် ထိုင်ဟွာကုန်တိုက်အတွင်း ဈေးဝယ် မရပ်ခဲ့ကြပေ။ အကြောင်းအရင်းများစွာ ရှိနေပေသည်။ ထိုအထဲမှ တစ်ခုမှာ ထိုင်ဟွာကုန်တိုက်များတွင် ရောင်းချသည့် ထုတ်ကုန်များသည် ဈေးသက်သာသောကြောင့် ဖြစ်ပေသည်။
နောက်တစ်ချက်မျာ အောက်တိုဘာလ(၁)ရက်နေ့တွင် လက်ခံရရှိသည့် ဈေးဝယ်ကတ်များမှာ သက်တမ်း ကုန်တော့မည် ဖြစ်သည်။ ရက်ပေါင်း (၅၀)သာ ကျန်တော့သည်။ အကယ်၍ သုံးစွဲသူများသည် ကတ်များကို အသုံးမပြုမိပါက သက်တမ်းကုန်ဆုံးမည် ဖြစ်သည်။ ထိုင်ဟွာ ကုန်တိုက်များသည်လည်း နွေးထွေးကာ ဈေးဝယ်သူ များ ထွက်သွားချိန်တွင် ကုန်တိုက်အကူများ တံခါးအပြင်ဘက်သို့ မလိုက်နိုင်ကြချေ။ ကုန်တိုက် အကူများမှ ချစ်စရာ ကောင်းစွာ နှုတ်ဆက်ကြခြင်းကလည်း ဈေးဝယ်သူများကို စိတ်ချမ်းသာစေသည်။ ဈေးဝယ်သူများသည် ကုန်တိုက် များတွင် အချိန်အနည်းငယ်သာ မှန်းထားသော်လည်း တစ်ခုမဟုတ်တစ်ခု ဝယ်ဖြစ်ကြပေသည်။
ထိုင်ဟွာကုန်တိုက်သို့ ထုတ်ကုန် ပေးသွင်းသူများသည်လည်း စိတ်လှုပ်ရှားနေကြလေသည်။ ထိုင်ဟွာကုန်တိုက်တွင် ကုန်တိုက်ခွဲ (၂၀)သာရှိသော်လည်း မည်သည့်အတွက် ရောင်းအား ကောင်းလာသနည်း။
အစပိုင်းတွင် ထိုင်ဟွာကုန်တိုက်များသည် ပေးသွင်းသူများအား ကြမ်းတမ်းသည့် စည်းကမ်းချက်များ ကမ်းလှမ်းခဲ့ပြီး ပေးသွင်းသူများလည်း မကျေနပ်ခဲ့ကြချေ။ ထိုင်ဟွာကုန်တိုက်သည် သွင်းကုန်စည်းမျဉ်းများအတိုင်း လိုချင်ပြီး အပ်ငွေများ တောင်ဆိုခဲ့ပေသည်။ ပေးသွင်းသူများသည် အရောင်းမြှင့်တင်ရေးအတွက် ပေးဆောင်ရပြီး ထိုင်ဟွာကုန်တိုက်ကို စီမံခွင့် ပေးရသေးသည်။ လက်ကမ်းစာစောင်များ ပုံနှိပ်ခြင်းအတွက်ပင် အခကြေးငွေ ပေးဆောင်ရသေးသည်။
အကယ်၍ ထိုင်ဟွာကုန်တိုက်သည် ၎င်းတို့၏ ထုတ်ကုန်များကို လျင်မြန်စွာ ရောင်းချနိုင်ပြီး ဈေးနှုန်း ကောင်းမွန် ကြောင်း အာမ ခံနိုင်ပါက ထိုစည်းကမ်းချက်များကို သေချာပေါက် သဘောတူမည်ဖြစ်ပေသည်။
ယခုမူ ပေးသွင်းသူများ အားလုံးသည် ထိုင်ဟွာကုန်တိုက်နှင့် စာချုပ်ချုပ်ဆိုခြင်းဖြင့် မှန်ကန်သော ရွေးချယ်မှု တစ်ခု လုပ်ခဲ့ကြကြောင်း ခံစားခဲ့ရပေသည်။ ပမာဏမြင့်မားပြီး သူတို့၏ အမှတ်တံဆိပ်များအတွက် အလွန်ကောင်း ပေသည်။
ပေးသွင်းသူများသည် ကုန်တိုက်များတွင် ၎င်းတို့၏ ထုတ်ကုန်များကို စစ်ဆေးသည့်အခါ ကုန်ပစ္စည်းများကို စင်ပေါ်၌ သေသေသပ်သပ် တင်ထားကြောင်း တွေ့ခဲ့ရသည်။ ဤသည်မှာ ဈေးဝယ်သူများကို ပိုမို ဆွဲဆောင် နိုင်စေသည်။ အခြား ကုန်တိုက်များနှင့် စတိုးဆိုင်များ ၎င်းတို့၏ ထုန်ကုန်များကို ပြသသည့် ပုံစံနှင့် နှိုင်းယှဉ် မြင်နေရပေသည်။ စင်ပေါ်၌ ဖုန်တစ်လုံးလုံးနှင့် ဆိုင်အကူများ၏ သဘောထားများမှာလည်း ဆိုးရွားလွန်းလှ ပေသည်။ ထိုင်ဟွာကုန်တိုက်များနှင့် မည်သို့မှ နှိုင်းယှဉ်နိုင်ခြင်းမရှိချေ။
လကုန်တွင် ထိုင်ဟွာကုန်တိုက်များသည် ပေးသွင်းသူများနှင့် အကြွေးမြီများ အကျေပေးချေနိုင်ကြသည်။ နှောင့်နှေး ခြင်းအလျဉ်းမရှိခဲ့ပေ။
ဤသည်က အဆုံးသတ်မဟုတ်သေးချေ။ ဒုတိယလအတွက် အမှာစာမှာ ပထမလထက် ပိုများပေသည်။ ထိုင်ဟွာ ကုန်တိုက်များသည် ၎င်းတို့၏ ထုတ်ကုန်များကို တစ်ပတ်လျှင် တစ်ကြိမ် ပို့ဆောင်စေချင်ကြပေသည်။ ပေးသွင်းသူ များသည် ထိုတောင်းဆိုချက်ကို ငြင်းပယ်ရန် အကြောင်းမရှိပါ။ မိမိတို့ ထုတ်ကုန်များ ရောင်းအားကောင်းနေသရွေ့ နေ့စဉ်ပေးပို့ရမည်ကိုပင် စိတ်ထဲမထားချေ။ ကုန်များများ ပို့ရလေ ငွေများများရလေ မဟုတ်ပေလော။
ကျန် ကုန်အမှတ်တံဆိပ် များစွာသည် ဤတိုးတက်မှုကို ဆက်လက် လုပ်ဆောင်နိုင်ပါက လာမည့်နှစ်တွင် ထိုင်ဟွာ ကုန်တိုက်၏ အရောင်းပမာဏသည် ယခင်နှစ်များ၏ နှစ်ပတ်လည် ရောင်းချမှုထက် ပိုများမည်ကို သတိပြုမိကြသည်။ အသေးစား လက်လီ ရောင်းချသူများမှ မှာယူမှုများကိုလည်း ပိုမိုရရှိခဲ့ကြသည်။
အစပိုင်းတွင် အခြားသော လက်လီရောင်းချသူများ၏ အမှာစာများ ရုတ်တရက် တက်လာရသည့် အကြောင်းအရင်း ကို ပေးသွင်းသူများလည်း မသိကြချေ။ အရောင်းဝန်ထမ်းများ ဝိုင်းမေးသည့်အခါတွင်မှ အကြောင်းအရင်း သိရတော့သည်။ဖောက်သည်များသည် ထိုင်ဟွာကုန်တိုက်များမှ ၎င်းတို့၏ ထုတ်ကုန်များကို ယခင်က ဝယ်ယူခဲ့သည့် ထုတ်ကုန်သည် မဆိုးရွားကြောင်း ခံစားရ၍ ဖြစ်သည်။ ဥပမာအားဖြင့် တစ်ရှူးလိပ် သို့တည်းမဟုတ် အသီးဖျော်ရည် ပုလင်းများပင်။ ဖောက်သည်များသည် ကုန်ပစ္စည်းများ ရုတ်တရက် ကုန်သွားသည့်အခါ ထိုင်ဟွာ ကုန်တိုက်များသို့ ခရီးဝေး မသွားနိုင်ကြချေ။
သို့အတွက် နီးစပ်ရာ လက်လီဆိုင်များတွင် သွားဝယ်ကြရသည်။ ပထမဆုံး ရွေးချယ်သည်မှာ ထိုင်ဟွာ ကုန်တိုက်တွင် တွေ့ရသည့် ထုတ်ကုန်များသာပင်။
ထိုင်ဟွာကုန်တိုက်များတွင် ရောင်းချသည့် အမှတ်တံဆိပ်များသည် ကောင်းမွန်သည့် အမှတ်တံဆိပ်များနှင့် ပစ္စည်း ကောင်းများ ဖြစ်ရမည်ဟု လူတိုင်း ယူဆထားကြပေသည်။
ကုန်တိုက်များသည် လူများအတွက် ရည်ရွယ်ထားသော်လည်း ထိုင်ဟွာကုန်တိုက်များကို တန်ဖိုးကြီး ဈေးကွက် အဖြစ် သဘောထားနေကြပေသည်။ ဖုန်းယွီပင် ဤသည်ကို မျှော်လင့်မထားမိချေ။
ထိုင်ဟွာကုန်တိုက်များ၏ သန့်ရှင်းမှုနှင့် သပ်ရပ်မှုအရ အခြားကုန်တိုက်များနှင့် ဆိုင်များထက် သာလွန်ပေသည်။ ထိုင်ဟွာ ကုန်တိုက်များတွင် အစောင့်အကြပ် များစွာ ရှိနေသေးသည်။
သို့အတွက် ထိုင်ဟွာကုန်တိုက်များနှင့် ကာလတို စာချုပ်များ ချုပ်ဆိုထားသည့် ပေးသွင်းသူများသည် ၎င်းတို့၏ စာချုပ်များကို သက်တမ်းတိုးချင်လာကြတော့သည်။ ထိုင်ဟွာ ကုန်တိုက်နှင့် နှစ်ရှည်စာချုပ် ချုပ်ချင်ကြခြင်းပင်။ ထိုင်ဟွာကုန်တိုက်များသည် ၎င်းတို့၏ အကောင်းဆုံး လက်လီရောင်းချသူ ဖြစ်နေပေသည်။
သို့ရာတွင် ယခုအချိန်၌ ၎င်းတို့၏ ထုတ်ကုန်များကို ကုန်တိုက်များတွင် နေရာချရန် ထိုင်ဟွာကုန်တိုက်မှာ လာရှာမည် မဟုတ်ချေ။ ထိုင်ဟွာ ကုန်တိုက်များသည် ပေးသွင်းသူများနှင့် ၎င်းတို့၏ ထုတ်ကုန်များကို ထောက်ပံ့နိုင် ရေး အဆက်အသွယ်များ လုပ်ရန် မလိုအပ်တော့ချေ။ ယခုမူ အများ၏ ပစ်မှတ်စုံရာမှာ ထိုင်ဟွာ ကုန်တိုက်ပင်။ ထိုင်ဟွာ ကုန်တိုက်များနှင့် ပေးသွင်းသူများ၏ အဆင့်အတန်းနေရာ ပြောင်းလဲသွားတော့သည်။
ယခုအချိန်၌ သင်သည် နှစ်ရှည်စာချုပ် ချုပ်ချင်နေသည်လော။ ပြဿနာမရှိချေ။ သင့်ထုတ်ကုန်များ လာရောက် ပေးသွင်းသည်နှင့် လကုန်တွင် ငွေပေးချေမှုဖြင့် ဖြေရှင်းပေးပေလိမ့်မည်။ သင်တို့သည် စည်းကမ်းချက်များကို လိုက်နာရမည်။ သင်တို့အား ပေးသွင်းခိုင်းပါက အကုန် ပေးသွင်းရပေမည်။ ပေးသွင်းသူ၏ ဈေးနှုန်း လျော့ချသင့်ပါ သည်လော။ သင့်ဈေးနှုန်းများ နိမ့်သည်မှန်သော်လည်း ခရိုင်ပေးသွင်းသူများနှင့် အတူတူသာပင်။
မိမိတို့ ထိုင်ဟွာကုန်တိုက်သည် မြို့ပေါင်း ဆယ်ချီ၍ ကုန်တိုက်ခွဲများ ရှိပေသည်။ မိမိတို့သည် တရုတ်နိုင်ငံရှိ မြို့ကြီးများ၏ ထက်ဝက်နီးပါးတွင် မိမိတို့ တည်ရှိမှုကို သက်သေပြပြီး ဖြစ်ပေသည်။ ဤနှုန်းထားသည် သင်ကမ်းလှမ်းနိုင်သည့် ဈေးနှုန်းဖြစ်သည်လော။ အခြားသော လက်လီရောင်းချသူများသည် ဤမျှ ပမာဏကြီးသော အမှာစာ သင့်ထံ ပို့နိုင်မည် မဟုတ်ချေ။
ယခင်က ထိုင်ဟွာကုန်တိုက်သည် အခြားမြို့များရှိ ကုန်တိုက်များ၊ ဈေးဆိုင်များနှင့် နှိုင်းယှဉ်ပါက သေးသွင်းသူများကို ပေးချေသည့် နှုန်းထားမျာ အနည်းငယ် လျော့ချထားပေသည်။ တင်သွင်းသည့် ကုန်ပစ္စည်း များကြောင့်သာမဟုတ်ပါက ထိုင်ဟွာကုန်တိုက်မှာ အမြတ်အစွန်း ကြီးကြီးမားမား ရှိမည် မဟုတ်ပေ။
သို့ရာတွင် စာချုပ်အသစ်များ ချုပ်ဆိုပြီးနောက် ထိုင်ဟွာကုန်တိုက်သည် တရုတ်နိုင်ငံတွင် အနိမ့်ဆုံး နှုန်းထားဖြင့် ရောင်းချခြင်းခံရသည်။ ထိုသို့သော ကောင်းမွန်သည့် ဈေးနှုန်းဖြင့် ပေးသွင်းလိုစိတ် မရှိသည်လော။ အမည်ပျက် စာရင်း ရေးသွင်းသွားမည်ပင်။ ရှိပြီးသား ကုန်ပစ္စည်းများ ရောင်းထွက်သွားသည့်အချိန်၌ သင့်အမှတ်တံဆိပ်အောက် မည်သည့် ထုတ်ကုန်ကိုမှ မှာယူတော့မည် မဟုတ်ချေ။ သင်သည် ထိုကဲ့သို့သော ထုတ်ကုန်များကို ထုတ်လုပ်သည့် တစ်ခုတည်းသေ ကုမ္ပဏီ မဟုတ်ချေ။ တရုတ်နိုင်ငံတဝှမ်းရှိ ကုန်ပစ္စည်းရောင်းချသူများသည် မိမိတို့ထံ ၎င်းတို့၏ ထုတ်ကုန်များ စင်တင်ရောင်းချနိုင်ရေး စောင့်ဆိုင်းနေကြပေသည်။ သင်တို့အား မလိုအပ်ချေ။
ထိုင်ဟွာ ကုန်တိုက်သည် ရောင်းချမှု နည်းပညာ ထူးချွန်လှပေသည်။ ပေးသွင်းသူများ၏ ထုတ်ကုန်များသည် ကုန်တိုက်အတွင်း ဝင်ရောက်ပြီးနောက် အမှတ်တံဆိပ်နှင့် တန်ဖိုး တိုးလာတော့သည်။
ဖိလစ်၊ လေနှင့်မိုး၊ အိုက်ဝါ၊ ဘုရင်လေး၊ လီဟဟနှင့် နာမည်ကြီး တရုတ်နိုင်ငံ ကုန်အမှတ်တံဆိပ် အားလုံးသည် ထိုင်ဟွာ ကုန်တိုက်နှင့် နှစ်ရှည် စာချုပ်များ ချုပ်ဆိုထားပေသည်။ အချို့သော ပြည်တွင်း အမှတ်တံဆိပ်ငယ်များသည် ထိုင်ဟွာကုန်တိုက်မှ ထုတ်ပြန်ထားသည့် ကြမ်းတမ်းလှသော စည်းကမ်းချက်များကို အံတင်းတင်းကြိတ်၍ လက်ခံကာ စာချုပ်များ လက်မှတ်ရေးထိုးခဲ့ကြသည်။
စည်းကမ်းချက်များမှာ ကြမ်းတမ်းလှသော်လည်း အရောင်းပမာဏမှာ သိသာထင်ရှားကာ ကုမ္ပဏီများ ငွေရှာနိုင်ကြသည်။
အခြားကုန်အမှတ်တံဆိပ် အချို့သည် စောင့်ကြည့်ကာလ အဖြစ် သဘောထားနေကြဆဲ ဖြစ်ပြီး အချို့သော ကုမ္ပဏီများသည် ဖိအားများပေးကာ စာချုပ်များတွင် လက်မှတ်ရေးထိုးရန် ရွေးချယ်ခဲ့ကြသည်။
ဖုန်းယွီသည် စာချုပ်အသစ်တွင် လက်မှတ် မထိုးရသေးသော ကုမ္ပဏီစာရင်းကို ကြည့်လိုက်သည်။ အစားမထိုးရ သေးသည့် အမှတ်တံဆိပ်များ ရှိနေဆဲပင်။ ၎င်းတို့၏ ကာလတို စာချုပ်များ မတိုးမြှင့်ရသေးချေ။ အစားထိုးနိုင်သော အမှတ်တံဆိပ်များူကို ကာလတို စာချုပ်သက်တမ်း ကုန်ဆုံးသည်နှင့် အစားထိုးမည်ဖြစ်သည်။
-------*****--------
ဘာသာပြန်သူ . (ငတက်ပြား)