လျိုယုံဟောက်နှင့် တွေ့ဆုံခြင်း
Vol. 45 Ch. 662
“ဒီကိစ္စ နည်းနည်း အချိန်ယူ စဉ်းစားအုံးမှ ရမယ်.. ကျုပ်အဖေရဲ့ ထိုင်ဟွာ စိုက်ပျိုးရေး ပစ္စည်း ကုမ္ပဏီက New Hope အုပ်စုရဲ့ ပြိုင်ဖက်ဆိုတာ ခင်ဗျား မသိဘူးလား… သူတို့ New Hope အုပ်စုက အခု တရုတ်နိုင်ငံမှာ နံပတ်(၁) တိရိစ္ဆာအစာ တင်သွင်းသူဖြစ်ပြီး ကျုပ်အဖေ ကုမ္ပဏီက နံပတ်(၂)ဖြစ်နေတာ..”
လျိုချွမ်ကျစ် အံ့အားသင့်သွားသည်။ ထိုအကြောင်း သူ့အနေဖြင့် မည်သို့ သိနိုင်မည်နည်း။ မန်နေဂျာဖုန်း၏ ဖခင် လုပ်ငန်းသည် အမှန်တကယ် အောင်မြင်နေပေသည်။ တရုတ်နိုင်ငံ၏ နံတပ်(၂)အကြီးဆုံး တိရိစ္ဆာန်အစာ တင်သွင်းသူလော.. သို့တိုင်အောင် ထိုကုမ္ပဏီနာမည်မှာ မည်သည့်အတွက် ရင်းနှီးနေရသနည်း။
“မန်နေဂျာဖုန်း.. ခင်ဗျားတို့ နှစ်ယောက်က ပြိုင်ဖက်တွေဆိုရင်တောင် ဒါက ကောင်းတဲ့ ပြိုင်ဆိုင်မှု တစ်ခုပဲလေ.. တသ်ယောက်နဲ့တစ်ယောက် ရန်သူလို သဘောထားနေစရာမှ မလိုတာ.. ပြီးတော့ မင်းတို့နှစ်ယောက် အရင်ကလဲ ကတောက်ကဆရှိဖူးတာလဲမဟုတ်ဘူး… ပြဿနာ မဖြစ်လောက်ဘူးမို့လား..”
“မန်နေဂျာလျို.. ကျုပ်ကတော့ ပြဿနာမရှိပါဘူး.. လျိုယုံဟောက်နဲ့တွေ့ဖို့ ကူညီပေးပါအုံး.. ကျုပ် သူနဲ့ စကားပြောချင်တယ်..”
အမှန်တကယ်တွင် ထိုင်ဟွာ စိုက်ပျိုးရေးပစ္စည်း ကုမ္ပဏီ အသစ်တည်ဆောင်စဉ်က ဖုန်းယွီသည် လျိုယုံဟောက်အား ခေါ်ချင်ခဲ့ပေသည်။ သို့ရာတွင် ထိုအချိန်၌ လျိုယုံဟောက်နှင့် သူ့ညီအစ်များ တိရိစ္ဆာန်အစာ စက်ရုံပင် တည်ထောင် ထားပြီး အလွန်အောင်မြင်နေပေပြီ။
စီချွမ်ပြည်နယ်သည် တရုတ်နိုင်ငံ၏ အကြီးဆုံး ဝက်မွေးမြူရာ အခြေစိုက်နေရာဖြစ်သည်။ ကမ္ဘာ့အကြီးဆုံး ဝက်မွေးမြူရေး အခြေစိုက်နေရာဟုပင် ပြောနိုင်ပေသည်။ ဤဗျူဟာမြောက် တည်နေရာ တစ်ခုတည်းဖြင့်ပင် New Hope အုပ်စု လျှင်မြန်စွာ တိုးတက်လာနိုင်တော့သည်။
ထိုင်ဟွာ စိုက်ပျိုးရေး ပစ္စည်းကုမ္ပဏီ၏ တိရိစ္ဆာန်အစာများကို ၎င်းတို့ကိုယ်ပိုင် ဝက်ခြံများသို့ အဓိက ပံ့ပိုးပေးထား သည်။ စီချွမ်ဈေးကွက်သို့ မဝင်ရောက်နိုင်သေးချေ။ ဖုန်းယွီသည် လျိုယုံဟောက်ကို မသိသော်လည်း ကျန်းမင်ကမူ သိပေသည်။ ထိုင်ဟွာ စိုက်ပျိုးရေး ပစ္စည်း ကုမ္ပဏီသည် Nes Hope အုပ်စု၏ ဈေးကွက်ဝေစု များ လုယူသွားခြင်း ကြောင့်ဖြစ်သည်။
ကံကောင်းသည်မှာ New Hope အုပ်စုသည် ဝက်စာကိုသာ ထုတ်လုပ်နိုင်ခြင်း မဟုတ်ပေ။ နွား၊ ဆိတ်၊ ကြက်၊ ဘဲ အစရှိသည်တို့ကို ထုတ်လုပ် ကျွေးမွေးနေပေသည်။ ထိုင်ဟွာ စိုက်ပျိုးရေးပစ္စည်း ကုမ္ပဏီ၏ သက်ရောက်မှု ရှိနိုင်သော်လည်း ကြီးကြီးမားမား မဟုတ်ချေ။
ဖုန်းယွီသည် လျိုညီနောင်များမှ အထူးသဖြင့် အကြီးဆုံးဖြစ်သော လျိုယုံဟောက်နှင့် သိကျွမ်းရန် အလွန်စိတ်ဝင်စား နေပေသည်။
“အဆင်ပြေပါတယ်.. တွေ့စုံဖို့ ငါစီစဉ်လိုက်မယ်.. အချိန်နဲ့ နေရာ ပြောပေးမယ်.. ဒီမင်ရှန်ဘဏ် ဖြစ်နိုင်တယ် မင်းထင်လား.. လူတွေ သူတို့ငွေတွေကို ဒီဘဏ်မှာ အပ်နိုင်လား..”
လျိုချွမ်ကျစ် စိုးရိမ်တကြီး မေးလာပေသည်။
“ဘဏ်တွေဆိုတာ အရင်ခေတ်က ချင်ကျန်းလောက်ပဲ.. ဘဏ်တစ်ခု တည်ထောင်တော့မယ်ဆိုရင် ပြည်သူတွေ ယုံကြည်အောင် အရင်လုပ်ရမယ်.. ပြီးတော့ သုံးစွဲသူတွေကို စည်းရုံးနိုင်ဖို့ အတိုးနှုန်းတွေ လျော့ပေးရမယ်.. အတိုးနည်း ချေးငွေတွေ ထုတ်ချေးရမယ်.. ဘဏ်တစ်ခု ဖွင့်ဖို့က အရမ်းလွယ်ပါတယ်..”
ယနေ့ခေတ် ဘဏ်ထူထောင်ရာတွင် အခက်ဆုံးမှာ ငွေလွှဲပြောင်း ပေးပို့ခြင်းပင်။ အချို့သော ဒေသတွင် ဘဏ်ခွဲများ မရှိပါက ဖောက်သည်များသည် ၎င်းတို့၏ ငွေများ ထုတ်ယူနိုင်မည် မဟုတ်သည့်အပြင် ဝန်ဆောင်ခများလည်း ပေးဆောင်ရပေလိမ့်မည်။
ဖုန်းယွီသည် ဤလုပ်ငန်းတွင် ပါဝင်ရန် အားသာချက်မှာ သူ့ဝန်ထမ်း အရေအတွက်နှင့် သူ့ကုမ္ပဏီများ၏ ဘဏ္ဍာရေး စွမ်းအားတို့ ဖြစ်သည်။ ထို မင်ရှန်ဘဏ်ကို သုံးသူမှာ ဝန်ထမ်းများသာ ရှိလျှင်ပင် ပမာဏ အတော်များပေလိမ့်မည်။ ဖုန်းယွီ၏ ကုမ္ပဏီအားလုံးသည် ၎င်းတို့ငွေပေးငွေယူနှင့် အကောင့်များအတွက် မင်ရှန်ဘဏ်ကို သုံးပါက ပြီးပြည့်စုံ သွားပေလိမ့်မည်။
ဖုန်းယွီ ထိုနေ့၌ အိမ်ပြန်ရောက်ကာ ကျန်းမင်ကို ဖုန်းဆက်ကာ ပေကျင်းသို့ လာခိုင်းလိုက်သည်။ ဖုန်းယွီသည် ဤလုပ်ငန်းတွင် မပါဝင်ပင်လျှင် ထိုင်ဟွာ စိုက်ပျိုးရေးပစ္စည်း အနေဖြင့် New Hope အုပ်စုနှင့် ပူးပေါင်း သင့်ပေသည်။
ယခုအချိန်၌ တရုတ်နိုင်ငံတွင် ဘဏ်များ ဖွံ့ဖြိုးတိုးတက်ရန် အကောင်းဆုံးအချိန် ဖြစ်ပေသည်။ သို့ရာတွင် တစ်ချိန်တည်မှာပင် အခက်အခဲဆုံး အချိန်ကာလလည်း ဖြစ်ပေသည်။ အကြောင်းမှာ တရုတ်နိုင်ငံရှိ လက်ရှိဘဏ် များသည် နောင်လာမည့်နှစ်များကဲ့သို့ အင်အားမရှိသောကြောင့်ပင်။ မဖော်ထုတ်နိုင်သည့် ဟာကွက်များ ရှိနေပေ သေးသည်။ ဘဏ်များသည် အစိုးရ၏ဝင်ရောက် စွက်ဖက်မှုများကို ရင်ဆိုင်ခဲ့ရပေသည်။ ဥပမာအားဖြင့် လုပ်ပိုင်ခွင့် အာဏာမရှိသော်လည်း ဘဏ်လုပ်ငန်း လည်ပတ်မှုနှင့် စီမံခန့်ခွဲမှုကို အနှောက်အယှက်ပေးခြင်းမျိုးများပင်။
လက်ရှိတွင် တရုတ်နိုင်ငံ၌ ဘဏ်များစွာ ရှိပြီး သံလက်သီးကျူးသည် တရုတ် ပြည်သူ့ဘဏ်၏ အုပ်ချုပ်ရေးမှူး ဖြစ်ပေသည်။ သူသည် စီးပွားရေး ပညာရှင်ဖြစ်ပေသည်။ ဤကာလအတွင်း အစိုးရဘဏ်များသည် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာကာ အကျင့်ပျက်ခြစားမှု အများအပြား ဖယ်ရှားနိုင်ခဲ့ပေသည်။ ထို့အပြင် ဘဏ်လုပ်ငန်းဆိုင်ရာ မဟာမိတ်များ မရှိသေးချေ။ ယခု ATM (အလိုအလျောက် ငွေထုတ်စက်) အများအပြား မရှိသည့်ပြင် POS (အသေးစိတ် ထိန်းချုပ်စနစ်)စက်များလည်း မရှိပေ။ ယခုမူ လူများသည် ဘဏ်စာအုပ် သုံးနေကြဆဲဖြစ်သည်။
ဘဏ်အချင်းချင်း ငွေပေးငွေယူများ အဆင်မပြေသဖြင့် တစ်နိုင်ငံလုံးဆိုင်ရာ UnionPay (kPay ကဲ့သို့) မသတ်မှတ် ရသေးချေ။ အရောင်းအဝယ်များအတွက် မြင့်မားသော ဝန်ဆောင်ခများ ရှိနေပေသည်။ အခြားဘဏ်များအားလုံးနှင့် ဆက်ဆံရေးထူထောင်ရန် ဘဏ်အသစ်အတွက် အလွန်ရှည်ကြာပေလိမ့်မည်။
ထို့အပြင် လူတို့တွင် ရှေးယခင်ကတည်းက ခံယူချက်တစ်ခု ရှိနေကြသေးသည်။ ဤဘဏ်သည် အစိုးရဘဏ် မဟုတ် ကြောင်း သိသွားကြသည့်အခါ ပထဆုံး ပေါ်လာသည့် အတွေးမှာ ‘မလုံခြုံခြင်း’ပင်။ သူတို့ ငွေများကို ဤဘဏ်တွင် အပ်နှံပြီး ပြန်လည် မထုတ်ယူနိုင်ပါက မည်သို့လုပ်ရမည်နည်း။ ဘဏ်ပိတ်သွားပါက မည်သို့ ဖြစ်သွားမည်နည်း။
အစုရှယ်ယာ ဘဏ်တစ်ခုသည် အစုရှယ်ယာ ကုမ္ပဏီနှင့် အတူတူသာပင်။ ကုမ္ပဏီတစ်ခုသည် ဒေဝါလီခံကာ ပိတ်သွားနိုင်သည့် အန္တရာယ် ရှိပေသည်။ ဤနှစ်ပိုင်းအတွင်း ကုမ္ပဏီအများအပြား ပိတ်ပစ်ကြောင်း လူအများ တွေ့မြင်ခဲ့ရပေသည်။
သို့ရာတွင် ဖုန်းယွီသည် မင်ရှန်ဘဏ်မှ ချေးငွေရယူနိုင်ပြီး စာရွက်စာတမ်းများ အလွန်ရိုးရှင်းသွားကာ ပမာဏ များပြားစွာ ရရှိနိုင်သဖြင့် ဖုန်းယွီသည် ဤဘဏ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်ချင်နေခြင်းပင်။
UnionPay ကိုတည်ထောင်ပြီးနောက် နီးစပ်ရာတွင် ATM စက်များ ပိုများလာပြီးနောက် မင်ရှန်ဘဏ်သည် ကြီးထွား လာလောက်ပေသည်။ ဖုန်းယွီသည် ဤရင်းနှိးမြုပ်နှံမှုမှ အများကြီး မျှော်လင့်မထားချေ။ ချေးငွေရရှိချိန် အဆင်ပြေစေချင်သည်။
ထိုလူများသည် မင်ရှန်ဘဏ်ကို ထူထောင်ချင်သကဲ့သို့ တူညီသော အတွေများ ရှိလောက်ပေသည်။ ဤသည်မှာ ရန်ပုံငွေ ရှာဖွေခြင်းအတွက် မတူညီသည့် နည်းလမ်း တစ်ခုဖြစ်ပေသည်။ တရားဝင် ရန်ပုံငွေရှာဖွေခြင်းမျိုး ဖြစ်ပေသည်။
နောင်နှစ်များတွင် မင်ရှန် ဘဏ်ကို တည်ထောင်ခဲ့သော ဤသူများအားလုံးသည် ဘဏ်မှ ချေးငွေများစွာ ယူခဲ့ကြသည်။ ရန်ပုံငွေ ရရှိမှုတို့ကြောင့် ၎င်းတို့၏ လုပ်ငန်းများသည် လျင်မြန်စွာ ကြီးထွားဖွံ့ဖြိုးလာတော့သည်။
********
(၃)ရက်အကြာ၌ ၎င်းတို့အားလုံးသည် ချွမ်ကျွီသဲ၏ သီးသန့်ခန်းတွင် တွေ့ဆုံခဲ့ကြပေသည်။ အစည်းအဝေးကို စားသောက်ဆိုင်တစ်ခုအတွင်း ကျင်းပခဲ့ခြင်း ဖြစ်ပေသည်။ သူငယ်ချင်းများ တွေ့ဆုံမှုနှင့်ပင် တူနေတော့သည်။ အပေးအယူ ညှိနှိုင်းမှုများ အဆင်မပြေလျှင်ပင် မကောင်းသည့် ခံစားချက်များ ခံစားရမည် မဟုတ်ချေ။
လျိုယုံဟောက်သည် ကျန်းမင်ကို မြင်သည့်အခါ ထိတ်လန့်သွားသည်။
“ခင်ဗျားက ထိုင်ဟွာရဲ့ မန်နေဂျာကျန်းလား..”
ကျန်းမင် ပြုံးပြကာ လက်ဆွဲနှုတ်ဆက်လိုက်သည်။
“မစ္စတာလျို.. ဒါပထမဆုံး တွေ့ဖူးတာလဲမဟုတ်ဘူး.. ခင်ဗျား ကျုပ်ကို မေ့သွားပြီထင်တယ်…”
လျိုချွမ်ကျစ် ချက်ချင်း မိတ်ဆက်ပေးလိုက်သည်..
“ထိုင်ဟွာ စိုက်ပျိုးရေး ကုမ္ပဏီကို မန်နေဂျာဖုန်းရဲ့ အဖေပိုင်ထားတာ.. မန်နေဂျာဖုန်း.. ဒါက မစ္စတာလျိုယုံဟောက် ပါ..”
“တွေ့ရတာ ဝမ်းသာပါတယ်.. ကျုပ်က ဖုန်းယွီပါ..”
ဖုန်းယွီ အပြုံးနှင့်ပင် လက်ဆန့်ပေးလိုက်သည်။
“လျိုယုံဟောက်ပါ.. ကျုပ် မင်းအကြောင်း အများကြီး ကြားဖူးထားတယ်.. နောက်ဆုံးတော့ ဒီနေ့ ဆုံရပြီပေါ့.. ထိုင်ဟွာ စိုက်ပျိုးရေး ကုမ္ပဏီက မင်းမင်းသာစု ပိုင်တယ်လို့ ထင်မထားမိဘူး..”
လျိုယုံဟောက်သည် ကျန်းမင်၊ ဖုန်းယွီနှင့် လျိုချွမ်ကျစ်တို့ စိတ်ပျော့ပြောင်း မြင်ရပြီးနောက် ချက်ချင်း ထွက်မသွား ကြတော့ချေ။
“ညစာ စားရအောင်လေ.. ဟင်းတွေလဲ မှာထားပြီးသား.. စားကြတာပေါ့..”
လျိုယုံဟောက် မောက်မာစွာဖြင့်..
“ပေကျင်း၊ ချွမ်ကျွီသဲက ဘဲတွေကို ကျုပ်ဆီက တိရိစ္ဆာန် အစာတွေနဲ့ ကျွေးတာလေ.. အခုဆို တရုတ်နိုင်ငံ တစ်ဝှမ်းက မွေးမြူရေးခြံအများစုက တိရိစ္ဆာန် အစာတွေ အမှာစာတင်နေကြပြီ..”
လျိုယုံဟောက်သည် ကျန်းပင်ကို တစ်ချက်ကြည့်လိုက်သည်။ သူ့ထံတွင် ဝက်များအတွက်သာ တိရိစ္ဆန်အစာ ရှိနေပေသည်။ New Hope အုပ်စုနှင့် မည်သို့ ယှဉ်ပြိုင်နိုင်မည်နည်း။
ကျန်းမင် ပြုံးရယ်ရင်းဖြင့်ပင်..
“ငါတို့မှာ ထိုင်ဟွာဝက်တွေပဲ ရှိတာပါ.. အင်.. တရုတ်မှာတော့ ငါတို့က နံပတ်တစ် ဝက်သားရောင်းသူတွေ ဖြစ်နေတယ် ထင်တယ်.. ကျုပ်တို့မှာ ဝက်ခြံနဲ့ ဝက်ပေါင်ခြောက် ထုတ်ကုန်တွေပဲ ရှိပါတယ်.. အာ.. ကျုပ်တို့က အခု ထိုင်ဟွာကုန်တိုက်မှာ ကျုပ်တို့ ထုတ်ကုန်တွေ တင်ရောင်းနေရတယ်ဗျာ.. ထိုင်ဟွာကုန်တိုက်လေ.. ကျုပ်ပြောချင်တာ ခင်ဗျား နားလည်တယ်မို့လား..”
ထိုင်ဟွာကုန်တိုက်။ ထိုင်ဟွာ စိုက်ပျိုးရေး ပစ္စည်းများ။ ထိုကုမ္ပဏီနှစ်ခု ဆက်စပ်နေသည်လော။ လျိုယုံဟောက် မော့ကြည့်လိုက်စဉ် ဖုန်းယွီ ပြုံးနေသည်ကို တွေ့လိုက်ရသည်။ ထိုထိုင်ဟွာကုန်တိုက်သည်လည်း သူ့မိသားစုနှင့် သက်ဆိုင်နေသည်လော။ သို့ရာတွင် ဟောင်ကောင်၏ အချမ်းသာဆုံး သူဌေး မဟာလူသားလီသည် ဤကုန်တိုက် တွင် ရင်းနှီးမြုပ်နှံ ထားသည်ဟု သတင်းများ ထွက်နေပေသည်။ ထိုကုန်တိုက်သည် ဖုန်းယွီနှင့် တစ်ခုခု ပတ်သက် နေသည်လော။
ဟန့်တားရန်အတွက် ဖုန်းယွီ ကျန်းမင်ကို လက်ပြလိုက်သည်..
“ကျန်းမင်.. မစ္စတာလျိုရဲ့ New Hope အုပ်စုက တိရိစ္ဆာန်အစာတွေ ငါတို့ထက် တကယ်ကို ကောင်းတာ.. ဒါပေမယ့် မစ္စတာလျို.. ခင်ဗျားကုမ္ပဏီကို ခင်များနဲ့ ခင်ဗျား မိသားစုက ဦးစီးတယ်.. အမြတ်တွေ ခွဲလိုက်ရင် ခင်ဗျားနဲ့ ညီအစ်ကိုတွေကြား သဘောထား ကွဲလွဲမှုတွေ ရှိသေးလား..”
-------*****--------
ဘာသာပြန်သူ . (ငတက်ပြား)