← Chapters

ကုန်တိုက်တွင် ပြိုင်ဘက်များ ရှိနေသည်

Vol. 45 Ch. 665

ကုန်တိုက်တွင် ပြိုင်ဘက်များ ရှိနေသည်

Vol. 45 Ch. 665

သူတို့ နှစ်ယောက်အကြား ပထမဆုံး တွေ့ဆုံမှုသည် ချော့မွေ့စွာ ပြီးဆုံးခဲ့သည်။ လျိုယုံဟောက်သည် ဖုန်းယွီမှာ မင်ရှန်ဘဏ်တွင် ရင်းနှီးမြုပ်နှံခြင်း မပြုလုပ်လျှင်ပင် ဖုန်းယွီအနေဖြင့် ကွမ်းချိုက်စီမံကိန်းတွင် ပါဝင်ရန် ရည်မှန်းထားကြောင်း ဖုန်းယွီ ထုတ်ဖော် ပြောဆိုထားသဖြင့် ခံစားချက် ကောင်းနေပေသည်။

လျိုယုံဟောက်သည် ဆုံးဖြတ်ချက် ချနိုင်သူ မဟုတ်ချေ။ သူသည် ဤလုပ်ငန်းကို အကြံပြုသည့် တည်ထောင်သူ များထဲမှ တစ်ဦးဖြစ်သော်လည်း နောက်ဆုံး ဆုံးဖြတ်နိုင်သည်မှာ အစိုးရသာ ဖြစ်ပေသည်။

ဖုန်းယွီမှလည်း အလျင်စလိုမရှိခဲ့ချေ။ ဤဘဏ်သည် (၁၉၉၈)ခုနှစ်အထိ စောင့်နိုင်ပါက အကောင်းဆုံးပင်။ ယခုအချိန် ရင်းနှီးမြုပ်နှံရန် မထိုက်တန်သေးချေ။ သို့ရာတွင် (၁၉၉၈)ခုနှစ် နောက်ပိုင်း၌ ဖုန်းယွီသည် အာရှ ငွေကြေး ကပ်ဘေးကာလတွင် ရင်းနှီးမြုပ်နှံရန် ရန်ပုံငွေများစွာ ရှိနေပေလိမ့်မည်။

ထို့အပြင် ဖုန်းယွီသည် မင်ရှန်ဘဏ်ကို နောက်နှစ်တွင် တည်ထောင်ရန် မဖြစ်နိုင်ကြောင်း သိထားပေသည်။ အစောဆုံးမှာ (၁၉၉၆)ခုနှစ်ဖြစ်ပေသည်။ သူသည်လည်း အခြားလူများကို ဘဏ်တွင် အရင်ဆုံး ရင်းနှီးမြုပ်နှံခွင့်ပေး ကာ (၁၉၉၈)ခုနှစ် နောက်ပိုင်းတွင်မှ ရင်းနှီးမြုပ်နှံလိုပေသည်။ မင်ရှင်ဘဏ်မှ ချေးငွေများ ရယူလိုသော်လည်း ယခုအချိန်တွင် မဖြစ်နိုင်သေးချေ။

ထိုင်ဟွာ ကုန်တိုက်၏ တိုးချဲ့မှုသည် အခြားဘဏ်များမှ ချေးငွေများ ရယူရန် လိုအပ်နေသေးသည်။ ဖုန်းယွီနှင့် ဖူကွမ်းကျန့်တို့သည် တရုတ်ဘဏ်များနှင့် ဆက်သွယ်ရန် တာဝန်ယူထားပြီး ကျန်သူများသည် ဟောင်ကောင်ဘဏ်များကို ဆက်သွယ်မည် ဖြစ်သည်။ မည်သည့် ဘဏ်မှ ချေးငွေရယူရန် မဆုံးဖြတ်မီ အတိုးနှုန်းနှင့် စည်းကမ်းချက်များ နှိုင်းယှဉ်မည် ဖြစ်ပေသည်။

သို့ရာတွင် ဖုန်းယွီသည် ၎င်း၏ ယခင်ဘဝက လီကျယ်ခိုင်သည် စီမံကိန်းတစ်ခုတည်းဖြင့် ငွေပမာဏ များစွာ ရခဲ့ကြောင်း သတိရမိသည်။ မဟာလူသားလီသည် ထိုင်ဟွာကုန်တိုက်၏ ရှယ်ယာရှင် တစ်ဦးဖြစ်သဖြင့် ဟောင်ကောင် ဘက်တွင် ပြဿနာမရှိနိုင်လောက်ချေ။

ဖုန်းယွီအနေဖြင့် ယခုအချိန်သည် ရန်ပုံငွေကိစ္စ ဦးစားပေးရမည် မဟုတ်ဟု ခံစားမိနေသည်။ သင့်လျော်သော နေရာများသည်သည် ၎င်းတို့၏ ထိပ်တန်း ဦးစားပေး ဖြစ်ပေသည်။ ပြိုင်ဖက်များ ပေါ်မလာမှီ လက်ဦးအောင် ယူထားရပေလိမ့်မည်။

လက်ရှိတွင် တရုတ်နိုင်ငံ၌ BHG ကဲ့သို့သော ကုန်တိုက်ငယ်အချို့ ရှိနေပြီ ဖြစ်သည်။ ၎င်းတို့သည် ထိုင်ဟွာ ကုန်တိုက်ထက်စော၍ စာရင်းသွင်းထားသော်လည်း ၎င်းတို့၏ အတိုင်းအတာမှာ သိသာထင်ရှားမှု မရှိချေ။ ၎င်းတို့၏ ထုန်ကုန်မျိုးစုံ၊ ဝန်ဆောင်မှု၊ ခင်းကျင်းပြသမှု၊ ဈေးကွက်ချဲ့ထွင်မှု၊ ရောင်းချသည့် နည်းဗျူဟာ စသည်တို့မှာ ထိုင်ဟွာ ကုန်တိုက်ထက် များစွာ နောက်ကျ ကျန်ရစ်ခဲ့ပေသည်။ BHG သည်လည်း မဟာကုန်တိုက်ကို တည်ထောင်လို သော်လည်း ၎င်းတို့၏ မဟာကုန်တိုက်သည် အလွန်ကြီးမားသည့် ကုန်တိုက်တစ်ခုသာ ဖြစ်ပေသည်။

တည်ဆောက်ရန် နေရာကောင်းရှိခြင်း ဆိုသည်မှာ ဖောက်သည်များ တဖွဲဖွဲ ဝင်ရောက်လာနိုင်မှုကို ဆိုလိုပေသည်။ ဤသည်မှာ အရေးကြီးပေသည်။

ရှန်ဟိုင်းတွင် BHG ကုန်တိုက်သည် ထိုင်ဟွာကုန်တိုက်၏ ဖွံ့ဖြိုးတိုးတက်မျုကို ထိခိုက်စေခဲ့ပေသည်။ BHG တွင် ကုန်တိုက်ခွဲ (၂)ခုသာ ရှိသော်လည်း အမြတ်ငွေမှာ မြင့်မားပေသည်။

ထိုင်ဟွာကုန်တိုက်များသည် ရှန်ဟိုင်းတွင် ကုန်တိုက်ခွဲ (၂)ခု ဖွင့်လှစ်ပြီးနောက် BHG ၏ အမြတ်ငွေများ စတင်ကျဆင်း လာတော့သည်။

ဖုန်းယွီ၏ ဗျူဟာမှာ BHG ၏ ဈေးကွက်ဝေစုကို လုယူရန် ဖြစ်ပေသည်။ BHG ၏ စီမံခန့်ခွဲမှု ပုံစံ၊ ထုတ်ကုန် နေရာ ချထားမှု၊ ထောက်ပံ့ရေး ကွင်းဆက်များ၊ လုပ်ငန်း လည်ပတ်မှု ပုံစံများ၌ ထိုင်ဟွာကုန်တိုက်ကို နှိုင်းယှဉ်၍ မရချေ။ ၎င်းတို့၏ အဆောက်အဦးများမှာပင် ဟောင်းနွမ်းနေပြီး ဝါယာကြိုးများကိုပင် နေရာတိုင်းတွင် မြင်နေရပေသည်။ BHG ကုန်တိုက်များသည် ထိုင်ဟွာကုန်တိုက်များကဲ့သို့ မဟုတ်ဘဲ ရှုတ်ပွနေပေသည်။

ရှန်ဟိုင်းကုန်တိုက်ခွဲများ၏ ကုန်တိုက်မန်နေဂျာသည် BHG ဝန်ထမ်းများကိုလည်း ခိုးယူသလို ဖြစ်လာသည်။ ထိုင်ဟွာ ကုန်တိုက်သည် BHG ထက် လုပ်ခလစာ ပေးချေမှု ပိုကောင်းကာ အကျိုးခံစားခွင့်နှင့် တက်လမ်း အလားအလာများ ရှိနေပေသည်။

ထိုင်ဟွာကုန်တိုက်တွင် ပါဝင်သည့် ဝန်ထမ်းများသည် ထိုင်ဟွာကုန်တိုက်များ ဆက်လက် တိုးချဲ့သွားမည် ဖြစ်ပြီး နောက်ထပ် ကုန်တိုက်ခွဲများစွာလည်း ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရပေသည်။ ကုန်တိုက်ခွဲအသစ်သို့ သွားရန် ရွေးချယ်ခံရပါက ရာထူး တိုးမြင့်လာပြီး စီမံခန့်ခွဲရေး ဝန်ထမ်းများအဆင့်သို့ပင် ရာထူးတိုးလာနိုင်ပေသည်။

ကုန်တိုက်ခွဲအသစ်များသည် ရှန်ဟိုင်းနှင့် မဝေးချေ။ စုကျောင်း သို့တည်းမဟုတ် ရှန်ဟိုင်း တွင် ဖြစ်နိုင်ပေသည်။ ဝန်ထမ်းများသည် အိမ်နှင့် ဝေးကွာစွာ အလုပ်လုပ်ရန် မလိုအပ်ချေ။

ထိုင်ဟွာ ကုန်တိုက်များတွင် တည်ငြိမ်သော ထောက်ပံ့ရေး ကွင်းဆက် တစ်ခုရှိပြီး ၎င်းတို့ရရှိသည့် ထုတ်ကုန်များသည် အလွန်ဈေးသက်သာပေသည်။ ထိုင်ဟွာ ကုန်တိုက် ဝန်ထမ်းများသည် ၎င်းတို့၏ ဈေးနှုန်းများကို စစ်ဆေးရန် BHG ကုန်တိုက်များသို့ သွားရောက်ကြည့်ရှုကာ ကုန်ပစ္စည်းတူများကို ဈေးနှုန်းများ လျော့ချပေးမည် ဖြစ်သည်။

ပထမပိုင်း၌ ဖုန်းယွီသည် ကုန်တိုက်များ၏ အမြတ်ငွေ ကြီးကြီးမားမား မဟုတ်ဟု ထင်မြင်ခဲ့မိပေသည်။ အမြတ်ငွေ အများဆုံးမှာ (၂၀)ရာခိုင်နှုန်းခန့်သာ ဖြစ်လောက်ပေမည်။ သို့ရာတွင် ကုန်တိုက်များ ဖွင့်ပြီးသည့်အခါ မျှော်လင့် ထားသည်ထက် များစွာ ပိုနေပေသည်။

သာမန် အရောင်းဆိုင်များတွင် ခြေအိတ်တစ်စုံကို (၁၀)ယွမ်ဖြင့် ရောင်းချပေသည်။ ခြေအိတ်၏ ကုန်ကျစရိတ်မှာ (၃)ယွမ်သာရှိပြီး ထိုင်ဟွာကုန်တိုက်မှ (၈)ယွမ်ဖြင့် ရောင်းချခဲ့ပေသည်။ အမြတ်ငွေသည် ကုန်ကျစရိတ်ထက် (၂)ဆနီးပါး ရှိနေပေသည်။

တရုတ် ဂရိတ်ဝေါတံဆိပ် ဝိုင်နီကို စတိုးဆိုင်အများစု၌ ယွမ်(၂၀)ကျော်ဖြင့် ရောင်းချကြပေသည်။ သို့ရာတွင် ထိုင်ဟွာ ကုန်တိုက်အတွက် ကုန်ကျစရိတ်မှာ (၁၀)ယွမ်အောက်သာ ဖြစ်ပြီး တစ်ပုလင်းလျှင် (၁၈)ယွမ်ဖြင့် ရောင်းချခဲ့ပေသည်။ ဤဝိုင်တစ်မျိုးတည်းကြောင့်ပင် ဖောက်သည်များစွာကို ဆွဲဆောင်နိုင်ခဲ့ပေသည်။

သွင်းကုန်၊ ထုတ်ကုန်များအတွက် အမြတ်ငွေ ပိုများပေသည်။ ထိုကဲ့သို့ တင်သွင်းသည့် ထုတ်ကုန်များသည် အများ အားဖြင့် အချို့သော ကုမ္ပဏီများမှ အမြတ်အစွန်းများစွာဖြင့် ရောင်းချကြပေသည်။

သို့ရာတွင် ပစ္စည်းတူပါက ထိုင်ဟွာကုန်တိုက်တွင် အလွန်ဈေးသက်သာပေသည်။ သို့ရာတွင် အမြတ်ငွေသည် ကုန်ကျစရိတ်ထက် နှစ်ဆ ပိုနေသေးပေသည်။

ထိုင်ဟွာ ကုန်တိုက်ရှိ ပစ္စည်းအားလုံးသည် ကျန်နေရာများထက် ဈေးသက်သာစွာ ရောင်းချနေပေသည်။ ကြက်ဥ များသည်ပင် ပြင်ပဈေးထက် နည်းပေးသည်။

ဈေးကွက် ချဲ့ထွင်မှုနှင့်အတူ ကုန်တိုက်များသို့ နေ့စဉ်လာရောက် ဈေးဝယ်သူများ စဉ်ဆက်မပြတ် ရောက်လာ နေတော့သည်။ ဥပမာအားဖြင့် ရှန်ဟိုင်းရှိ ကုန်တိုက်ခွဲ (၂)ခုသည် ရပ်ဝေးတွင် နေထိုင်သည့် စားသုံးသူများကို ဆွဲဆောင်နိုင်ခဲ့ပေသည်။ အဘယ့်ကြောင့် နည်းဟူမူ ထိုင်ဟွာကုန်တိုက်ရှိ ကုန်ပစ္စည်းများသည် ပျမ်းမျှအားဖြင့် (၁၀) ရာခိုင်နှုန်း ဈေးသက်သာသောကြောင့်ပင်။ အချို့သော ပစ္စည်းများတွင်မူ (၂၀)ရာခိုင်နှုန်းအထိပင် ဈေးသက်သာ ပေသည်။

အမြတ်ငွေမှာလည်း မနည်းချေ။ ရောင်းအားလည်း တိုးလာပေသည်။ နေ့စဉ် အရောင်းမြှင့်တင်ရေးများ ရှိနေပြီး ထိုင်ဟွာကုန်တိုက်များမှ စုစုပေါင်း ဝင်ငွေသည် အပတ်စဉ်တိုင်း တိုးမြင့်နေပေသည်။

ထိုင်ဟွာကုန်တိုက်၏ အောင်မြင်မှုသည် BHG အပေါ် သိသိသာသာ သက်ရောက်မှုရှိပေသည်။ ဖူကွမ်းကျန့် ဤသည်ကို လိုချင်နေခြင်းပင်။ ဖူကွမ်းကျန့်သည် BHG ကုန်တိုက် (၂)ခု၏ တည်နေရာများကို မျက်စိကျနေပေသည်။ ထိုနေရာ (၂)ခုကို ဝယ်နိုင်ပါက အရောင်းစင်တာ အသစ်တစ်ခု တည်ဆောက်နိုင် ပေလိမ့်မည်။ စီးပွားရေး ကောင်းမည်မှာ သေချာပေသည်။ ကုန်တိုက် အသစ်တည်ဆောက်ရန် လပိုင်းကြာမြင့် သော်လည်း အမြတ်ငွေ အလားအလာကြောင့် တန်ဖိုးရှိစေပြီး နောင်တွင် ပြိုင်ဖက်တစ်ဦး ဖယ်ရှားပစ် မည်ဖြစ်ပေသည်။

ရှန်ဟိုင်းတွင်သာမက ပေကျင်း၊ ပမ့်မြို့တော်၊ ထျန်ကျင်း၊ ရှန်ကျန်း၊ ကျင်းလင် နှင့် မြို့များစွာရှိ အရောင်း စင်တာများကို မဟာကုန်တိုက်များအဖြစ်သို့ ပြောင်းလဲခဲ့ပေသည်။ ထိုင်ဟွာကုန်တိုက်များကို အတုယူရန် ကြိုးစား ခဲ့ကြပေသည်။

ဥပမာအားဖြင့် ပမ့်မြို့တော်ရှိ အရောင်စင်တာကို နှစ်ထပ် ကုန်တိုက် အဖြစ်သို့ ပြောင်းလဲခဲ့ပေသည်။ စင်များ၊ အတန်းနေရာများ၊ ကုန်ပစ္စည်း နေရာချထားမှုမှအစ ထိုင်ဟွာကုန်တိုက်အတိုင်း ထပ်တူဖြစ်ပေသည်။

ဖုန်းယွီ ကျန်းလွေ့ချိန်းအား ဖုန်းဆက်ကာ ထိုကိစ္စမေးမြန်းလိုက်သည်။ သူသည် ယခင်က ဤကုန်တိုက်နေရာကို ဝယ်ချင်ခဲ့ပြီး ဈေးဝယ်စင်တာ တစ်ခုပြုလုပ်မည် ဖြစ်သဖြင့် မြို့တော်အစိုးရက ငြင်းဆိုခဲ့ခြင်း ဖြစ်သည်။ ဤကုန်တိုက်သည့် မည်သည့်အတွက် ရုတ်တရက် ပေါ်လာရသနည်း။

ကျန်းလွေ့ချန်း ရှက်ရွံ့စွာ ပြန်ဖြေခဲ့သည်။ ထိုကိစ္စကို သူ့လက်အောက်မှ လူများ ဆုံးဖြတ်ချက် ချခဲ့ပြီး သူပင် မသိလိုက်ချေ။ ထိုကိစ္စသိလိုက်ချိန်တွင် ကုန်တိုက်ဖွင့်ရန် အသင့်ဖြစ်နေပေပြီ။ စင်များပင် တည်ဆောက်ထားပြီး ဖယ်ရှား၍ မရတော့ချေ။ ထို့အပြင် ဤသည်မှာ ကုန်တိုက်ငယ်လေးသာဖြစ်၍ ထိုင်ဟွာကုန်တိုက်ကို ထိခိုက်စေမည် မဟုတ်ချေ။

ဖုန်းယွီ စိတ်မဆိုပါချေ။ ထိုင်ဟွာကုန်တိုက်များသည် ရှန်ဟိုင်း၊ ရှန်ကျန်နှင့် ကွမ်ကျိုးတို့ကဲ့သို့ မြို့ကြီးများရှိ နေရာကောင်းများကို နောက်ကွယ်မှ သိမ်းပိုက်ထားနိုင်ခဲ့သည်။ ထို ကုန်တိုက်သေးသေးလေးအတွက် မည်သည့် စိုးရိမ်စိတ်မှ မရှိချေ။

ဖူကွမ်းကျန့်သည်လည်း ပမ့်မြို့တော်ရှိ ထိုကုန်တိုက် တည်နေရာကို စိတ်ဝင်စားကာ ပြန်ဝယ်ချင်နေပေသည်။

ထိုင်ဟွာကုန်တိုက်သည် ထိုင်မာသော ဈေးကွက်ရှာဖွေရေး စနစ်ရှိပြီး ဤကုန်တိုက်ကို လူအများသည် သတင်းများတွင် မြင်ဖူးကြပေသည်။ အနည်းဆုံးအားဖြင့် စပ်စုချင်စိတ်များဖြင့် ကုန်တိုက်သို့ လည်ပတ်ချင် ကြပေလိမ့်မည်။ လူများသည် ထိုင်ဟွာကုန်တိုက်ထဲသို့ ဝင်လိုက်သည့်အခါ ထုတ်ကုန်များ မည်မျှ ဈေးသက်သာ ကြောင်း သိလာပေလိမ့်မည်။

အဖွဲ့ဝင်ခြင်းနှင့် ဈေးဝယ်ကတ်များ မိတ်ဆက်ပြီးနောက် ထိုင်ဟွာကုန်တိုက်သည် ဈေးဝယ်သူဖောက်သည် အများစုကို ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့ပေသည်။ ထိုင်ဟွာကုန်တိုက် ဖွင့်ပြီးနောက် အနီးအနားရှိ ကုန်စုံ ဆိုင်များ၊ ဈေးများ၊ စတိုးဆိုင်များအားလုံးကို ထိခိုက်စေတော့သည်။ ၎င်းတို့၏ လုပ်ငန်းများမှာ ယခင်ကလောက် မကောင်းတော့ချေ။

ဖူကွမ်းကျန့်နှင့် ကျန်ကင်းထောက်များသည် အခြားသော ကုန်တိုက်များမှ နေရာများ သိမ်းယူခဲ့ခြင်းမှ ရရှိခဲ့သည့် ဖြေရှင်းချက် တစ်ခုမှာ ပေါင်းစည်းခြင်း ဖြစ်သည်။

--------*****--------

ဘာသာပြန်သူ . (ငတက်ပြား)

All Chapters