အဖျော်ယမကာစစ်ပွဲ (၁)
Vol. 45 Ch. 667
ရက်အနည်းငယ်ကြာပြီးနောက် ဖုန်းယွီသည် လျိုယုံဟောက်ထံမှ ဖုန်းလက်ခံရလိုက်သည်။ သတင်းကောင်းရော သတင်းဆိုးပါ ရလိုက်သည်။
သတင်းကောင်းမှာ ဖုန်းယွီအနေဖြင့် ကွမ်ချိုက် စီမံကိန်းတွင် ပါဝင်ရန် ကြိုဆိုခဲ့ပြီး အစိုးရမှ ကွမ်ချိုက် ကော်မတီ ဖွဲ့စည်းရန် ခွင့်ပြုချက် ရခဲ့သည်။ ဤအဖွဲ့အစည်းအား အစိုးရမှ အသိအမှတ်ပြုခြင်း ခံရပေလိမ့်မည်။
စည်းရုံးရေးကော်မတီ တစ်ခုရှိမည်ဖြစ်ပြီး လျိုယုံဟောက်မှ ဖုန်းယွီသည် ကော်မတီအဖွဲ့ဝင် တစ်ဦး ဖြစ်မည်ဟု ကတိပြုခဲ့သည်။ ကော်မတီ ဥက္ကဋ္ဌနှင့် ဒု-ဥက္ကဋ္ဌတို့ကို ဤစီမံကိန်း တည်ထောင်သူ (၁၀)ဦးထဲမှ ရွေးချယ်မည် ဖြစ်သည်။
နောင်တွင် ဖုန်းယွီသည် ဥက္ကဋ္ဌရွေးချယ်ရာတွင် ပါဝင်နိုင်ပေသည်။ ဤသည်မှာ အားလုံးအတွက် တရားမျှတ ပေသည်။ ဖုန်းယွီ၏ စီးပွားရေးလုပ်ငန်းများ အောင်မြင်မှုသည် ဥက္ကဋ္ဌရာထူး ရရန် လုံလောက်သည်ထက် ပိုနေပေသည်။ အခြား အဖွဲ့ဝင်အားလုံးထက် အရည်အချင်း ပြည့်မီသူ ဖြစ်ပေသည်။
လျိုယုံဟောက်သည် ထိုကုမ္ပဏီအားလုံးတွင် ဖုန်းယွီ၏ ရှယ်ယာ မည်မျှရှိကြောင်း မသိသော်လည်း ထိုကုမ္ပဏီများ အားလုံး ကောင်းမွန်လှပေသည်။ ဖုန်းယွီသည် ထိုကုမ္ပဏီများ၏ ရှယ်ယာ (၁၀)ရာခိုင်နှုန်းသာ ပိုင်ဆိုင်ထားလျှင်ပင် သူ၏ စုစုပေါင်း ပိုင်ဆိုင်မှုသည် ၎င်းတို့အားလုံးထက် အလွန်မြင့်မားနေပေသည်။
ဖုန်းယွီသည် ဤသတင်းကောင်းအတွက် ကျေနပ်သွားသည်။ ဥက္ကဋ္ဌ သို့တည်းမဟုတ် ဒု-ဥက္ကဋ္ဌ ဖြစ်ရန် စိတ်မဝင်စား ချေ။ အဖွဲ့ဝင်တစ်ယောက် ဖြစ်လျှင်ပင် လုံလောက်ပေသည်။ ပညာရေးကို တာဝန်ယူချင်ပေသည်။ အားလုံး ပေါင်းလိုက်မည် ဆိုလျှင်ပင် ၎င်းတို့အားလုံး၏ ထောက်ပံ့မှု ပမာဏသည် ဖုန်းယွီတစ်ယောက်တည်းထက် ပိုမည် မဟုတ်ကြောင်း သိထားပေသည်။
ဖုန်းယွီသည် အပြင်တွင် အလုပ် လုပ်ကိုင်ရမှုကို သိထားသည့်အတွက် ပညာရေးကို တာဝန်ယူချင်ခြင်းပင်။ ဆောက်လုပ်ရန်အတွက် ယွမ်(၁)သန်း လှူဒါန်းခဲ့သော်လည်း စီမံကိန်း ကုန်ကျစရိတ်မှ ယွမ်(၅)သိန်း သို့မဟုတ် (၅)သိန်းပင် ပြည့်မည်မဟုတ်ချေ။
ဖုန်းယွီသည် ကျောင်း အဆောက်အုံများ ဆောက်လုပ်ရန် ငွေကြေး မလှူဒါန်းလိုသော်လည်း နောင်တွင် အဆောက်အဦများ ပြိုကျကုန်ပေလိမ့်မည်။ ထိုသို့ဖြစ်လာပါက တာဝန်ရှိသူများ ထိန်းသိမ်းရန် အလွန် နောက်ကျသွားပေလိမ့်မည်။ လူ့အသက်များပင် ဆုံးရှုံးရနိုင်ပေသည်။
ဖုန်းယွီသည်လည်း လျိုယုံဟောက်နှင့် ဆွေးနွေးကာ သဘောတူခဲ့ပေသည်။ အခြားသော တည်ထောင်သူများကို ကူညီစည်းရုံးပေးမည်ဟု ပြန်ပြောလာပေသည်။
ဖုန်းယွီ ထိုသတင်းအတွက် ဝမ်းသာပေသည်။ သတင်းဆိုးကိုလည်း လက်ခံနိုင်သေးသည်။ ထို့အတွက် ဖုန်းယွီ စိတ်ဆိုးမည် မဟုတ်ချေ။
သတင်းဆိုးမှာ ဟောင်ကောင်ရှယ်ယာ ပိုင်ဆိုင်သည့် ကုမ္ပဏီများသည် မင်ရှန်ဘဏ်တွင် ရင်းနှီးမြုပ်နှံခွင့် မပြုခြင်းပင်။ ကုမ္ပဏီအများစုကို တရုတ်ရန်ပုံငွေဖြင့် ပိုင်ဆိုင်ထားသော်လည်း ခွင့်မပြုချေ။ ဖူကွမ်းကျန့်သည် ထိုကုမ္ပဏီများ၌ အစုရှယ်ယာများ ပိုင်ဆိုင်သောကြောင့် ဖုန်းယွီ၏ ကုမ္ပဏီ အများအပြား ဘဏ်တွင် ရင်းနှီးမြုပ်နှံခွင့် မရခဲ့ချေ။
ကုမ္ပဏီ၏ ထိန်းချုပ်မှု အစုရှယ်ယာပိုင်ဆိုင်သူ တစ်ဦးတည်းသာရှိသည့် အခြားသော ကုမ္ပဏီများကိုလည်း ခွင့်မပြုခဲ့ချေ။
ဆိုလိုသည်မှာ ဖုန်းယွီသည် ဘဏ်တွင် ရင်းနှီးမြုပ်နှံရန်နှင့် ဒါရိုက်တာ ဘုတ်အဖွဲ့တွင် နေရာရရန် ကုမ္ပဏီများစွာကို အသုံးချခွင့် မပြုဟု ဆိုလိုခြင်းဖြစ်သည်။ ဖုန်းယွီသည်လည်း သူ့ကုမ္ပဏီများကို ပြန်စဉ်းစားကြည့်ပေသည်။ သူ့ကုမ္ပဏီ အနည်းငယ်သာ ဤလုပ်ငန်းတွင် ပါဝင်နိုင်ပေသည်။
ဖုန်းယွီ၏ ယောက္ခမ စိတ်မဝင်စားသဖြင့် မိုးကြိုးလုပ်ငန်းစုသည် ရင်းနှီးမြုပ်နှံရန် မလုပ်သင့်ချေ။ ထိုင်ဟွာ လယ်ယာထွက်ကုန်များ မှာ ပါဝင်ရန် အရည်အချင်း ပြည့်မီသော်လည်း ကုမ္ပဏီတွင် အရည်အချင်း များစွာ မရှိချေ။ ထိုင်ဟွာ ကုန်သွယ်ရေးသည် မင်ရှန်ဘဏ်တွင် ရင်းနှီးမြုပ်နှံပါက ဘဏ်အကောင့်ကို ပြောင်းလဲရမည် ဖြစ်ပြီး ကီရီလန်ကိုနှင့် ငွေပေးချေမှုများတွင် ပြဿနာရှိလာမည်ဖြစ်သည်။ နောက်ဆုံးတွင် ICBC ဘဏ်သည် ထိုင်ဟွာ ကုန်သွယ်ရေးအား နိုင်ငံတကာ ရန်ပုံငွေ လွှဲပြောင်းမှု ပြုလုပ်ရန် ခွင့်ပြုခဲ့ပြီး ကန့်သတ်ချက်များ နည်းသွားသည်။ စာရွက်စာတမ်း အများအပြား ကင်းလွတ်ခွင့်ရသဖြင့် အရောင်းအဝယ်များ ပြန်ဆန်လာပေသည်။
ပမ့်မြို့တော် ဆေးဝါးပစ္စည်း သည်လည်း အကျုံးဝင်ပေသည်။ သို့ရာတွင် ပမ့်မြို့တော် အစိုးရအဖွဲ့၏ ခွင့်ပြုချက် လိုအပ်ပေသည်။ ကျန်းလွေ့ချန်းသည် မင်ရှန်ဘဏ်တွင် ရင်းနှီးမြုပ်နှံရန် သဘောတူမည်လော။ သဘောတူ ခဲ့လျှင်ပင် ရင်းနှီးမြုပ်နှံသည့် ပမာဏမှာ အနည်းငယ်သာ ဖြစ်ပေလိမ့်မည်။
လေအားလျှပ်စစ် ဓာတ်ခဲစက်ရုံသည် အရည်အချင်း ပြည့်မီသော်လည်း လုံလောက်သော ရန်ပုံငွေ မရှိချေ။ ဘက္ထရီ စက်ရုံသည် ၎င်း၏ သုတေသနအတွက် အကျိုးအမြတ်များ အားလုံး အသုံးချထားပြီး ရောင်းအားမှာ သာမန်မျှသာ ဖြစ်ပေသည်။
ဖုန်းယွီ စဉ်းစားရမည့် ကုမ္ပဏီမှာ လီဟဟ သာဖြစ်ပေသည်။ ကျုံးချင်ရှန့်သည် ကုမ္ပဏီ၏ ရန်ပုံငွေများကို ဤဘဏ်တွင် ရင်းနှီးမြုပ်နှံရန် ဆန္ဒရှိမည် မဟုတ်ချေ။ မည်သို့ပင်ဖြစ်စေ ဤဘဏ်သည် အမြတ်အစွန်းများကို အချိန်တိုအတွင်း ပြန်လည်ရရှိနိုင်မည် မဟုတ်ချေ။
ထို့ကြောင့် ဖုန်းယွီသည် ခေတ္တရင်းနှီးမြုပ်နှံခြင်း ပြုလုပ်ရန်သာ ဆုံးဖြတ်လိုက်သည်။ သို့ရာတွင် လျိုယုံဟောက်က ဖုန်းယွီကို ပုဂ္ဂလိက ရင်းနှီးမြုပ်နှံသူအဖြစ် ရင်းနှီးမြုပ်နှံနိုင်ကြောင်း ပြောလာလေသည်။ ဆိုလိုသည်မှာ ဖုန်းယွီသည် ရှယ်ယာ (၁)ရာခိုင်နှုန်းအတွက် သူ့ကိုယ်ပိုင်ငွေ ယွမ်သန်း(၁၀၀) ရင်းနှီးမြုပ်နှံနိုင်ပေသည်။
ဖုန်းယွီ ရင်းနှီးမြုပ်နှံကာ သူ့ချမ်းသာမှုကို ထုတ်ဖော်မည်ဆိုပါက ဒါရိုက်တာဘုတ်အဖွဲ့တွင် (၁)ရာခိုင်နှုန်း ရှယ်ယာ ပိုင်ဆိုင်မှုမှာ ပြဿနာ မရှိလောက်ချေ။
လျိုယုံဟောက်အနေဖြင့် ဖုန်းယွီကို တောင်းပန်နေရသကဲ့သို့ ဖြစ်နေပေသည်။ ဖုန်းယွီသည် စိတ်ဝင်စားမှုနှင့် ငွေကြေး အင်အား ပြသခဲ့ပေသည်။ သို့ရာတွင် လျိုယုံဟောက်သည် ထိုကုမ္ပဏီအများစုမှာ အရည်အချင်း မပြည့်မီကြောင်း ဖုန်းယွီကို ပြောခဲ့ရသည်။
ဖုန်းယွီအနေဖြင့် အဆင်ပြေပေသည်။ သူ့ငွေအများအပြားကိုလည်း ရင်းနှီးမြုပ်နှံရန် စိတ်မဝင်စားချေ။ မင်ရှန် ဘဏ်သည် အချိန်တို အကျိုးဖြစ်ထွန်းမည် မဟုတ်ပေ။ နောင် (၈)နှစ် (၉)နှစ်ခန့်တွင်သာ ရင်းနှီးမြုပ်နှံမှု တိုးလာမည် ဖြစ်သည်။
ဖုန်းယွီ ကျုံးချင်ရှန့်အား ဖုန်းဆက်၍ မင်ရှန်ဘဏ်တွင် လီဟဟ၏ ရင်းနှီးမြုပ်နှံမှု ရပ်တန့်ကာ ဖွံ့ဖြိုးရေး အစီအစဉ်များကိုသာ ဆက်လက် လုပ်ဆောင်သည်က လီဟဟအတွက် ပိုကောင်းကြောင်း ဆုံးဖြတ်ချက် ချလိုက်တော့သည်။
ကျုံးချင်ရှန့် သည်လည်း စိတ်သက်သာရာ ရသွားသည်။ အကယ်၍ လီဟဟသည် မင်ရှန်ဘဏ်တွင် ရန်ပုံငွေများကို ရင်းနှီးမြုပ်နှံမှု ပြုလုပ်ပါက လီဟဟအတွက် သူ့အစီအစဉ်များ ရပ်တန့်သွားမည် ဖြစ်သည်။ ယခုအချိန်၌ လီဟဟသည် လျင်မြန်စွာ ကြီးထွားလာရေးအတွက် အကောင်းဆုံး အခွင့်အရေး ဖြစ်နေပေသည်။
လီဟဟသည် သူ့လက်ဖက်ဖျော်ယမကာအတွင် ပြိုင်ဖက်တစ်ဦးဖြစ်သော ရှရီရှန့် အုပ်နှင့်ရင်ဆိုင်နေရသည်။
ဖုန်းယွီ၏ ယခင်ဘဝတွင် ရှရီရှန့် အုပ်စုသည် တရုတ်နိုင်ငံ၏ လက်ဖက်ရည် ဖျော်ယမကာဈေးကွက် ဦးဆောင်သူ ဖြစ်ပြီး လက်ဖက်ဖျော်ရည်များကို မိတ်ဆက်သည့် ပထမဆုံး ကုမ္ပဏီ ဖြစ်ပေသည်။ ဤကုမ္ပဏီသည် (၂၀၀၀)ခုနှစ် အထိ နံပတ်တစ် နေရာကို သိမ်းပိုက်ထားနိုင်ခဲ့သည်။
သို့ရာတွင် ယခုဘဝ၌မူ လက်ဖက်ဖျော်ယမကာ ဈေးကွက်ခေါင်းဆောင်မှာ လီဟဟ ဖြစ်လာပေသည်။ လီဟဟသည် လက်ဖက် ဖျော်ယမကာများကို ပထမဆုံး မိတ်ဆိက်ခဲ့ယုံသာမက လက်ဖက်နီ အမှတ်တံဆိပ်ကို ပိုင်ဆိုင်ထားပေသည်။
သို့ရာတွင် ရှရီရှန့် အုပ်စုသည် ၎င်းတို့ ပစ္စည်းကို မိတ်ဆက်နေဆဲဖြစ်ပြီး လက်ဖက်အေးဟု အမည်ပေးထားပေသည်။ သို့ရာအတွင် အမှန်တကယ်မှာ လက်ဖက်နီအေးသာပင်။
ရှရီရှန့်အုပ်စု လက်ဖက်အေးကို ပြည်နယ်(၂)ခုတွင်သာ ရောင်းချခဲ့သည်။ အဘယ့်ကြောင့်ဟူမူ ၎င်းတို့၏ ထုတ်လုပ်မှု လုံလောက်အောင် မစွမ်းဆောင်နိုင်သေးဘဲ အမှန်တံဆိပ်ကိုသာ အလေးပေးနေခြင်းကြောင့် ဖြစ်ပေသည်။
အကယ်၍ ရှရီရှန့်အုပ်စု လက်ဖက်အေးသည် ကာဗွန်နိတ် အချိုရည် မဟုတ်ပါက ထိုထုတ်ကုန်များကို မည်သူမှ ဝယ်ယူမည် မဟုတ်ချေ။
ဤခေတ်တွင် ကာဗွန်နိတ် အချိုရည်များသည် တရုတ်နိုင်ငံတွင် အလွန်နာမည်ကျော်ပေသည်။ ကာဗွန်နိတ် အချိုရည် တစ်ဘူး သောက်ပြီးသည်နှင့် အသံကျယ်ကျယ်ဖြင့် အော်လိုက်ရခြင်းသည် ခံစားချက် ကောင်းမွန် စေပေသည်။ ထို့အပြင် တရုတ်အများစုသည် စည်သွတ်အချိုရည်များမှာ အဆင့်မြင့် ထုတ်ကုန်များ ဖြစ်ပြီး ဗူးခွံ အချိုရည်များထက် ပိုကောင်းသည်ဟု ခံစားနေရပေသည်။
ရှရီရှန့်အုပ်စုကို အတုယူသူအဖြစ် သတ်မှတ်ခံရပေသည်။ လီဟဟသည် စွန့်ဦးစတင်ခဲ့သူဖြစ်ပြီး ကာဗွန်နိတ် အချိုရည်မျိုးစုံ မိတ်ဆက်ခဲ့ပေသည်။ သူတို့သည် ဤနွေရာသီအတွက် အဖျော်ယမကာ ရောင်းရငွေအတွက် နံပတ်(၂) နေရာ ခိုင်မာစေပေသည်။ နံပတ်(၁)မှာ ကျန်းလီပေါင် ဖြစ်နေဆဲပင်။
ရှရီရှန့် အုပ်စုကို ဖိနှိပ်ရန် လီဟဟအတွက် လွယ်ကူသော်လည်း ရှရီရှန့် အုပ်စုမှ ထုတ်ကုန်အသစ်တစ်မျိုး ရုတ်တရက် မိတ်ဆက်ခဲ့တော့သည်။ ဤသည်မှာ လက်ဖက်ရည်ပူ ပင်ဖြစ်တော့သည်။
သိပ်မကြာမီ ဆောင်းရာသီ ရောက်လာတော့မည်ဖြစ်ပြီး ကာဗွန်နိတ် အချိုရည်များ ရောင်းအား ကျဆင်းသွားမည် ဖြစ်သည်။ သို့ရာတွင် ရှရီရှန့်အုပ်စုသည် လက်ဖက်ရည်ပူကို မိတ်ဆက်ခဲ့သဖြင့် ကျုံးချင်ရှန့် ဒေါသထွက်သွား တော့သည်။
ကျုံးချင်ရှန့်သည် ကျင်းလီပေါင်ကို နိုင်ငံခြားသို့ တင်ပို့ထားပြီးဖြစ်သဖြင့် အနိုင်မယူနိုင်ချေ။ ကျင်းလီပေါင်းသည် နှစ်ပေါင်းများစွာ တရုတ်နိုင်ငံ၏ ထိပ်တန်း ဖျော်ယမကာ ကုမ္ပဏီတစ်ခုလည်း ဖြစ်ပေသည်။ သို့ရာတွင် ရှရီရှန့်အုပ်စု သည် အသစ်တည်ထောင်သော ကုမ္ပဏီဖြစ်ပြီး ယခုအခါ လီဟဟ၏ ဈေးကွက်ဝေစုကို ရယူရန် ကြိုးစားနေ ပေသည်။
လီဟဟ၏ ကာဗွန်နိတ် အချိုရည်များကိုလည်း ရိုက်ခတ်မှုရှိကြောင်း မည်သို့ မသိနိုင်မည်နည်း။
လီဟဟသည် အူပူအမျိုးအစားများကို မိတ်ဆက်ပေးရပေလိမ့်မည်။ ဤဖျော်ရည်ပူမှာ တန်အမှုန့် သစ်သီး ဖျော်ရည် တစ်မျိုး ဖြစ်ပေသည်။
ဖုန်းယွီ ယခင်ဘဝက တန်အရက်ကို သောက်ခဲ့ဖူးပေသည်။ ထို့အပြင် အရသာမှာ ထူးဆန်းမှုမရှိသော်လည်း ဆောင်ရာသီတွင် အရသာ အလွန်ကောင်းပေသည်။ တရုတ်ပြည်တွင် ရေပန်းစားသည့် အခြားထုတ်ကုန်တစ်ခုကြောင့် ခေတ်မှီ တရုတ်လူမျိုးများကို အမှုန့်ဖျော်ရည်အဖြစ် သုံးခဲ့ပေသည်။ ဤသည်မှာ နိုင်ငံခြား တံဆိပ် ကိုကာကိုလာ ကဲ့သို့ပင်။
လီဟဟသည် ကိုကာကိုလာ ဖျော်စပ်ပုံကို သုတေသန ပြုခဲ့ပေသည်။ သို့ရာတွင် အရသာ ထပ်တူရအောင် မလုပ်နိုင်ချေ။ ကိုကာကိုလာနှင့် အရသာတူ ကုန်ပစ္စည်း ထုတ်လုပ်မည် ဆိုလျှင်ပင် အသုံးမဝင်ပေ။ ကိုကာကိုလာသည် (၁၉၉၀)တွင် တရုတ်ဈေးကွက်သို့ ရောက်လာပြီး ဖက်စပ် စက်ရုံတစ်ခု တည်ထောင်ခဲ့သည်။ ၎င်းသည် အဆင့်မြင့် အဟာရဖျော်ရည်အဖြစ် သတ်မှတ်ထားပေသည်။ ကိုကာကိုလာကို အနိုင်ယူနိုင်ရန် လွယ်ကူမည် မဟုတ်ချေ။
သို့ရာတွင် ကျုံးချင်ရှန့် လက်မလျှော့ချင်ပေ။ အကယ်၍ လီဟဟသည် အဖျော်ယမကာ ပူပူကို ဈေးကွက်တွင် ကိုယ်ပိုင် အမှတ်တံဆိပ်တစ်ခု ထူထောင်နိုင်ပါက ပြိုင်ဘက်နှင့် ကျင်းလီပေါင်ကိုပင် အနိုင်ယူနိုင်မည် ဖြစ်သည်။
-------*****--------
ဘာသာပြန်သူ . (ငတက်ပြား)