အဖျော်ယမကာစစ်ပွဲ (၂)
Vol. 45 Ch. 668
ဖုန်းယွီသည် လီဟဟ၏ နောက်ဆုံး ထုတ်ကုန်ဖြစ်သည် တန်သစ်သီးဖျော်ရည်ကို မြည်းစမ်းကြည့်လိုက်သည်။ လိမ္မော်ရောင် ခပ်နွေးနွေး တစ်ခွက်ပင်။ အရသာမှာ ပုံမှန်ပင်။ အနည်းငယ် ချဉ်သလိုနှင့် ချိုနေပေသည်။ ဖုန်းယွီသည် ယခင်ဘဝက အရက်သောက်ရသည့် ပုံစံနှင့် သွားတူနေပေသည်။ ထိုရသာ ကြိုက်နှစ်သက်သူ ရှိပေလိမ့်မည်။
ဖုန်းယွီကမူ ဤမျှနှင့် မကျေနပ်ချေ။ ၎င်းဖျော်ရည်မှာ ကိုကာကိုလာနှင့် မည်သို့ ယှဉ်နိုင်မည်နည်း။ အကယ်၍ လီဟဟ’ ပစ်မှတ်သည် ရှရီရှန့်အုပ်စုဆိုပါက တစ်ဖက်မှပင် အထင်အမြင် သေးသွားစေအုံးမည်။ လီဟဟသည် အခြား ကုမ္ပဏီများနှင့် ယှဉ်ပြိုင်မည် ဆိုပါက အကောင်းဆုံး ကုမ္ပဏီ ဖြစ်ရပေလိမ့်မည်။ အားနည်းသည့် ပြိုင်ဖက်နှင့် ကြာရှည် ယှဉ်ပြိုင်နေရသည်မှာ မည်သည့်အတွက်နည်း။
ဖုန်းယွီ၏ ယခင်ဘဝ၌ တရုတ်တွင် အကျော်ကြားဆုံး အဖျော်ယမကာမှာ မည်သည်နည်း။ လက်ဖက်ရည်၊ ကော်ဖီ၊ ကိုကာကိုလာ စသည်တို့ မဟုတ်ချေ။ နို့လက်ဖက်ရည်သာ ဖြစ်ပေသည်။
နို့လက်ဖက်ရည် အမှတ်တံဆိပ်မှာ မင်းအချစ် နှင့် ရှင်းပေါင်ပေါင် တို့ဖြစ်သည်။ လတ်တလောတွင် အနှီ နို့လက်ဖက်ရည် နှစ်မျိုး မရရှိနိုင်သေးချေ။
နို့လက်ဖက်ရည်၏ အားသာချက်မှာ ကိုကာကိုလာနှင့် မတူချေ။ ကိုကာကိုလာသည် အဟာရအချိုရည်အဖြစ် သတ်မှတ်ကာ အရသာ ကောင်းမွန်ပေသည်။ နို့လက်ဖက်ရည် ရောင်းအားမှာ အရသာ သာဖြစ်ပေသည်။ နောင်တွင် ကော်ဖီနှင့် ချောကလက်ကို နို့လက်ဖက်ရည်ထဲကိူ့ ထည့်သွင်းခဲ့ပေသည်။
ကျုံးချင်ရှန် မျက်မှောင်ကြုတ်ကာ..
“ဟုတ်တယ်.. ကလေးတွေ သောက်ရတာ ကြိုက်ပေမယ့် လူကြီးတွေအနေနဲ့ အရမ်းချိုတယ်တယ်.. ဒါပေမယ့် သကြားပါဝင်မှု လျော့လိုက်တော့လဲ ကလေးတွေ မကြိုက်ကြပြန်ဘူး.. အလယ်အမှတ် ရှာမတွေ့ဘူး ဖြစ်နေတယ်.. ဒါက ချက်ချင်းဖျော် ပုံစံဆိုတော့ သုံးစွဲသူတွေကို သကြားထည့်အုံးဆိုပြီး ပြောလို့ မရဘူးလေ..’
ဖုန်းယွီအနေဖြင့်လည်း စားသုံးသူများကို သကြားထည့်ခိုင်းရန် မဖြစ်နိုင်ဟု ပြောချင်နေသည်။ နောင်တွင် အချိုရည် အများအပြားသည် သကြားအနည်းငယ်ပါလာပေသည်။ သို့ရာတွင် ဤ ‘တန်’ သည်ထုပ်မှု ကြီးနေပေသည်။ သကြားထုပ် ထပ်တည့်ပါက ပြဿနာတက်ပေတော့မည်။
“ဒါဆိုလဲ ငါတို့တွေ ကလေးတွေကို အဓိကပစ်မှတ်ထားရမယ်.. ဘာဖြစ်ဖြစ် ငါတို့ အမှတ်တံဆိပ်က ကလေးတွေ အတွက် ဈေးကွက်ကို ပစ်မှတ်ထားတာပဲကို.. လိမ္မော်သီးနဲ့တင် ကျေနပ်နေလို့မရဘူး.. နာနတ်.. ပန်းသီး.. အဲ့ဒါတွေလဲ မိတ်ဆက်ပေးလို့ရတယ်.. မင်းလူတွေကို သုတေသနလုပ်ဖို့ ပြောလိုက်.. ရောင်းအား မကောင်းရင်တောင် အနည်းဆုံးတော့ ငါတို့ရဲ့ ထုတ်ကုန်တွေ အမျိုးအစား တိုးလို့ရတယ်.. ကျန်တဲ့ ပြိုင်ဖက်တွေ ပေါ်လာတာ တားနိုင်တာပေါ့..”
ကျုံးချင်ရှန့် ခေါင်းညိတ်လိုက်သည်။
“ငါ့လူတွေကို ပြောထားပြီးသားပါ.. လိမ္မော်က မျက်နှာပန်းပွင့်ပြီး အလားအလာ အကောင်းဆုံးနဲ့ သုံးဆွဲသူတွေ တော်တော်များများ ကြိုက်နေကြတယ်.. ဒါပေမယ့် အဲ့လောက်နဲ့ ကိုကာကိုလာကို ယှဉ်နိုင်မှာ မဟုတ်သေးဘူး.. ကျန်းမာရေး ဖြည့်စွက် ထုတ်ကုန် အဖြစ်အပျက် ဖြစ်ပြီးတဲ့နောက် အဟာရ ထုတ်ကုန်တွေ အများကြီး ပေါ်လာတယ်.. ကိုကာကိုလဲ တစ်ခု အပါအဝင်ပဲ.. ဖောက်သည် အခိုင်အမာ ယူထားပြီးသား.. တင်သွင်းကုန် တစ်ခု လို့တောင် ထင်ခဲ့သေးတာ.. သူတို့ ပစ္စည်းတွေကို CCTV မှာ ကြေငြာထားတယ်.. သူတို့နဲ့ ပြိုင်ဖို့ ခက်လိမ့်မယ်..”
“ကိုကာကိုလာနဲ့ ပြိုင်ဖို့ ဆင်တူ ထုတ်ကုန်တစ်ခု တီထွင်ဖို့ စဉ်းစားဖူးလား..”
ဖုန်းယွီ မေးလိုက်သည်။
“ငါတို့တွေ ချောကလက် နို့မှုန့် အမျိုးအစား ထုတ်လုပ်ဖို့ ပြောတာလား.. နို့မှုန့် ထုတ်တာ ကျွမ်းကျင်ပေမယ့် အရသာကျ သူတို့လောက် မကောင်းဘူး.. အဟာရတန်ဖိုးတွေ ထိန်းချုပ်ရတာ အရမ်းခက်တယ်.. ကိုကာကိုလာမှာ ထုတ်ကုန်တစ်ခုပဲရှိတာတောင် ငါတို့တွေ အမှတ်တံဆိပ် အားသာချက် လုံးဝရှိမနေဘူး..”
ကျုံးချင်ရှန့် မျက်မှောင်ကြုတ်လိုက်သည်။
ကျုံးချင်ရှန့် ယခင်ကလည်း ထိုကိစ္စ စဉ်းစားဖူးပေသည်။ ကြော်ငြာအား ကောင်းကောင်း သုံးခဲ့သော်လည်း ကုန်ကျစရိတ် ပိုများသွားသည်မှာ အဖတ်တင်ပေသည်။ ကုန်ပစ္စည်း မအောင်မြင်ပါက ဆုံးရှုံးမှု ပိုများပေလိမ့်မည်။ ကြော်ငြာခများကို ဒိန်ချဉ်နှင့် လက်ဖက်ရည် ဈေးကွက်တွင် သုံးနိုင်ပေသည်။ ဤဖျော်ရည်တွင် ပြိုင်ဖက်များ ရှိနေပေသည်။
“မင်း ထိုင်ဝမ်ရောက်ဖူးလား.. ဟိုမှာ ဘာဘယ်တီး ကြုံဖူးလား..”
ဘာဘယ်တီးသည် လွန်ခဲ့သော (၃)လက ပေါ်လာကာ ယမကာ ဈေးကွက်ကို သိမ်းပိုက်သွားခဲ့သည်။ ကျုံးချင်ရှန့် မြည်းကြည့်ဖူးလောက်ပေသည်။
“ဘာဘယ်တီးလား.. ငါသောက်ဖူးတယ်လေ.. ဘာဖြစ်လို့လဲ..”
“အဲ့နို့ လက်ဖက်ရည်ကိုရော မင်း ဘယ်လိုထင်လဲ..”
“အရသာတော့ရှိတယ်.. လက်ဖက်ရည်က ပုံမှန်ပဲ.. ငါတော့ သိပ်မကြိုက်ဘူး.. ဒါပေမယ့် ကြိုက်တဲ့သူတွေ တော်တော် များတယ်.. မန်နေဂျာဖုန်း.. အဲ့ ဘာဘယ်တီးတွေ ထုတ်သင့်တယ်လို့ ပြောနေတာလား..”
“ဘာလို့ မဖြစ်နိုင်ရမှာလဲ.. အဲ့ဒါ ထုတ်လုပ်ဖို့ မခက်လောက်ဘူးမို့လား.. သူတို့ဆီက ဖော်စပ်နည်း ဝယ်လို့ရသလို ကိုယ်တိုင်လဲ တီထွင်လို့ရနိုင်မှာပါ..”
လတ်တလောတွင် လက်ဖက်အချို ဈေးကွက်တွင် ရှိနေပေသည်။ သို့ရာတွင် နို့မှုန့်နှင့် ရောစပ်မထားချေ။ ကုန်ကြမ်း ပါဝင်ပစ္စည်းများကိုပင် ပြင်ပတွင် ဝယ်ယူနိုင်ပြီး ကိုယ်တိုင် ထုတ်လုပ်ရန် မလိုအပ်ချေ။
ဘာဘယ်တီးထဲတွင်ပါဝင်သည့် ပုလဲ သို့တည်းမဟုတ် ဂျယ်လီများပင် အပြင်တွင် ဝယ်၍ ရနိုင်သလို ထုတ်လုပ်ရန် အတွက် ကုမ္ပဏီအချို့ထံ မှာယူနိုင်ပေသည်။ သူတို့ လုပ်ရမည့် တစ်ခုတည်းသော အလုပ်မှာ အထပ်ပေါ်တွင် လီဟဟ၏ အမှတ်တံဆိပ် ရိုက်နှိပ်ယုံသာပင်။
“ဒါက…. ဖြစ်တော့ ဖြစ်နိုင်မယ် ထင်တယ်.. တရုတ်တွေ သဘောကျပါ့မလား..”
ကျုံးချင်ရှန့် တုံ့ဆိုင်းနေသေးသည်။
“ကြိုးစားမကြည့်ဘဲ ဘယ်သူမှ မကြိုက်ဘူးလို့ ဘယ်လိုသိမှာလဲ.. ဒီနို့ လက်ဖက်ရည်မှာ အနံ့ပြင်းဖို့လိုတယ်.. စားသုံးသူတွေကို အမွေ့နံ့နဲ့ ဆွဲဆောင်နိုင်ရမယ်.. တရုတ်မှာ လူကြိုက်မများရင်တောင် ထိုင်ဝမ်.. ဒါမှမဟုတ် ဟောင်ကောင်ကို ပြည်ပ ပို့ကုန် တင်ပို့လို့ရသေးတယ်.. ပြီးတော့ ဒါကနေ ကိုကာကိုလာနဲ့ ပြိုင်ဖက် ထုတ်ကုန် အသစ် ဖြစ်လာလိမ့်မယ်.. ချောကလက်နဲ့ နို့လက်ဖက်ရည် မိတ်ဆက်ပေးလို့ရတယ်..”
“ချောကလက် နို့လက်ဖက်ရည် ကြိုက်တာလား.. နို့လက်ဖက်ရည်လို့ ခေါ်ရမယ်ပေါ့..”
“အဲ့အတွက် စိတ်ပူမနေနဲ့ စားသုံးသူတွေ ကြိုက်သရွေ့ အောင်မြင်မှာပဲ.. အရင်က ကော်ဖီ သောက်ဖူးလို့လား.. အနောက်တိုင်းသားတွေ ကော်ဖီကြိုက်တဲ့အပြင် ကမ်းရိုးတန်းမြို့တွေမှာဆို ကော်ဖီဆိုင်တွေ အများကြီးပဲ.. ဈေးတွေ ကောင်းတဲ့အပြင် ကုန်ကျစရိတ်လဲ နည်းတယ်လေ.. အဓိကက နိုင်ငံခြားသားတွေရဲ့ အဖျော်ယမကာ အရသာကို မြည်းကြည့်ချင်သူတွေအတွက်ပေါ့.. ကော်ဖီကြိုက်တဲ့သူတွေကို နို့လက်ဖက်ရည် မိတ်ဆက်ပေး လိုက်ရင် အဲ့လူတွေရဲ့ စပ်စုချင်စိတ် ဖြည့်ဆည်းပေးနိုင်တာပေါ့..”
ကျုံးချင်ရှန့် စိတ်ရှုတ်သွားသည်။ ဖုန်းယွီ၏စကားများ လွဲနေသည်ဟု ခံစားနေရသည်။ ရိုးရာ ဘာဘယ်တီဆို ဖြစ်နိုင် ပေသေးသည်။ ဖုန်းယွီ ပြောသကဲ့သို့ပင် ထိုင်ဝမ်သို့ တင်ပို့နိုင်ပြီး ဆုံးရှုံးမှုတော့ ရှိမည်မဟုတ်ချေ။
သို့ရာတွင် ချောကလက်နှင့် ကော်ဖီရော၍ နို့လက်ဖက်ရည် လုပ်ရမည်လော။ နေရာစုံတွင် ရှိနေသည့် ပစ္စည်းများ ဖြစ်၍ မည်သူကြိုက်မည်နည်း။
ကျုံးချင်ရှန့်အနေဖြင့် အသစ်အဆန်း မတီထွင်ရဲချေ။ ဖုန်းယွီသည် လီဟဟမှာ သူ့ယခင်ဘဝ၌ ထုတ်ကုန်များ စွန့်စားခဲ့သည်ကို မှတ်မိနေသေးသည်။ ‘ကော်ဖီကိုလာ’ ဘီယာကြိုက်သူများအတွက် လက်ဖက်ရည်၊ Kvass စသည်တို့ကို မိတ်ဆက်ခဲ့ပေသည်။ လူများသည် ထိုထုတ်ကုန်များကို ဝေဖန်မှုများ ရှိခဲ့သော်လည်း အမြတ်အစွန်း ရနေဆဲပင်။
“အဆင်ပြေပါတယ်.. မန်နေဂျာဖုန်း.. အဲ့ဒါ စမ်းကြည့်ဖို့ သုတေသန အဖွဲ့တွေကို ပြောလိုက်မယ်.. ဒါပေမယ့် ငါတို့ စက်ရုံရဲ့ စွမ်းဆောင်ရည် မလုံလောက်သေးဘူး.. ငါတို့ စရုံတွေ တိုးချဲ့နေတယ် ဆိုပေမယ့် အဲ့လို ထုတ်ကုန်တွေ အရင်က မလုပ်ဖူးသေးတော့ ထုတ်လုပ်ရေး လိုင်းတွေ အသင့်မရှိသေးဘူး.. ရင်းနှီးမြုပ်နှံမှု ကြီးသွားလိမ့်မယ် ..”
“စက်ရုံအသစ်အတွက် အနောက်တိုင်း ဒေသတွေကို ရွေးလို့ရပါတယ်.. ကွမ်းချိုက် စီမံကိန်းကို မင်းကြားဖူးလား..”
“ကွမ်းချိုက် စီမံကိန်းလား.. ငါကြားဖူးတယ်.. အဲ့အစီအစဉ်မှာ ဝင်ပါရမှာလား..”
ယခင်က လူတစ်ယောက်သည် ကျုံးချင်ရှန့်အား ဖိတ်ခေါ်ခဲ့သော်လည်း ငြင်းပယ်လိုက်သည်။ အဘယ့်ကြောင့် ဟူမူ ထိုအချိန်က ကျုံးချင်ရှန့်သည် စက်ရုံခွဲအသစ်များ တည်ထောင်ရန် ရည်ရွယ်ချက် မရှိသေးသောကြောင့် ဖြစ်ပေသည်။
“ဘာလို့ မဖြစ်နိုင်ရမှာလဲ.. ငါတို့ လူ့အဖွဲ့အစည်းကို ကူညီနိုင်တဲ့အပြင် အမှတ်တံဆိပ်ပုံရိပ်လဲ မြှင့်တင်နိုင်တယ်.. ပြီးနောက် အဲ့စက်ရုံက အမှုန့်ပုံစံ အဖျော်ယမကာတွေ ထုတ်လုပ်မှာ.. လမ်းပန်းဆက်သွယ်ရေးအတွက် စိတ်ပူစရာ မလိုဘူး.. သက်တမ်းကုန်ဆုံးရက် ကြာတဲ့အပြင် အလွယ်တကူ မပုတ်သိုးနိုင်တော့ သယ်ယူရေး အချိန် ကြာမယ်ဆိုလဲ ပြဿနာမရှိဘူး.. လုပ်အားခနဲ့ မြေနေရာ အရမ်းသက်သာတယ်.. သာမန်အားဖြင့် ငါတို့ရဲ့ ဆုံးရှုံးမှု ကြီးမှာမဟုတ်ဘူး.. အရေးအကြီးဆုံးက နိုင်ငံခေါင်းဆောင်တွေ အထင်ကြီးအောင် လုပ်နိုင်တယ်.. ယုံကြည်ချက် ရှိတဲ့ လုပ်ငန်းရှင်တစ်ယောက်လို့ အခေါ်မခံချင်ဘူးလား..”
“ကောင်းပြီလေ.. ငါစမ်းကြည့်မယ်.. အားလုံးအဆင်ပြေရင် လီဟဟလဲ ကွမ်းချိုက် စီမံကိန်းမှာ ဝင်ပါပြီး နိုင်ငံအတွက် အကျိုးပြုပေးမယ်..”
“ဒါဆို ပြေလည်သွားပြီပေါ့.. အောင်တို့ အောင်မြင်မှုအတွက် ကြိုပြီး ဂုဏ်ပြုကြစို့..”
ကျုံးချင်ရှန့် ခေတ္တရပ်ကာ မေးလိုက်သည်။
“မန်နေဂျာဖုန်း.. ဒီအရောအစပ်ကို တကယ်ကြီး ကြိုက်တဲ့သူတွေ ရှိမှာလား..”
ဖုန်းယွီ ပြောစရာ မဲ့သွားတော့သည်။ မိမိ ပြောစကားအား ယခုထိ မယုံကြည်နိုင်သေးသည်လော။
-------*****--------
ဘာသာပြန်သူ . (ငတက်ပြား)