← Chapters

ကျားလေးနှင့် တွေ့ဆုံခြင်း

Vol. 45 Ch. 670

ကျားလေးနှင့် တွေ့ဆုံခြင်း

Vol. 45 Ch. 670

စုန့်ဝမ်လည်း ထိုသဘောတူချက်အတွက် စဉ်းစားရန် ပြန်သွားသည်။ လေနှင့်မိုး VCD နှင့် အိုက်ဝါ VCD အကြောင်း သူ့မိတ်ဆွေများကို မေးမြန်းနေပေသည်။ ထိုတံဆိပ်နှစ်ခု၏ နောက်ကွယ်မှ သူဌေးသည် လူငယ်တစ်ယောက် ဖြစ်ကြောင်း သိလိုက်ရသည်။ ထိုလူငယ်သည် အလွန်ချမ်းသာပြီး အဆက်အသွယ်အလွန်များကြောင်း သိရှိခဲ့ရပေသည်။

အကယ်၍ ကျားလေးများ တရုတ်ဈေးကွက်သို့ ဝင်ရောက်နိုင်ပါက ၎င်းတို့အား ကြည့်ရှုစောင့်ရှောက်ရန် တစ်ယောက်ယောက် လိုအပ်ပေလိမ့်မည်။ ဤနည်းအားဖြင့် ကျားလေးများသည် ယခင်ခေတ်ကကဲ့သို့ တရုတ် နိုင်ငံတွင် ခြိမ်းခြောက်ခံရမည် မဟုတ်တော့ချေ။

ထောက်ခံချက် ငွေကြေး နည်းပါးသော်လည်း တရုတ်နိုင်ငံတွင် လူကြိုက်များမှု တိုးလာပါက အခြားထုတ်ကုန် များတွက် ထောကိခံကြေးငွေများ ပိုမို ကောက်ခံနိုင်ပေသည်။ ကျားလေးများသည် ကျော်ကြားမှုကြောင့် တရုတ် နိုင်ငံတွင် ထောက်ခံမှု ပိုမိုရရှိပါက အလွန်အကျိုးရှိပေလိမ့်မည်။

စုန့်ဝမ်သည် ကုမ္ပဏီကို အကြောင်းကြားလိုက်ပြီး ကုမ္ပဏီမှလည်း သဘောတူလိုက်ပေသည်။ တရုတ်နိုင်ငံရှိ ဂျက်ကီချန်း၏ ထောကိခံမှု အခကြေးငွေမှာပင် မြင့်မားခြင်းမရှိချေ။ ကျားလေးများအတွက် မည်သို့ အများကြီး မျှော်လင့်ထားနိုင်မည်နည်း။ ထို့အပြင် Aaron Kwok သည် ဟောင်ကောင်နှင့် တရုတ်နိုင်ငံ၌ ကျားလေးများထက် ပို၍ ကျော်ကြားနေပေသည်။ အကယ်၍ Aaron Kwok သာ စာချုပ် ချုပ်ဆိုပါက ကျားလေးများသည် ဤအခွင့် အရေး လက်လွတ်ဆုံးရှုံးသွားရပေလိမ့်မည်။

နောက်တစ်နေ့တွင် စုန်ဝမ်သည် ကျုံးချင်ရှန်နှင့် စာချုပ် ချုပ်ဆိုခဲ့သည်။ (၄)နှစ်ထောက်ခံမှုအတွက် ယွမ်(၆)သန်း။ ထိုငွေပမာဏကို နှစ်စဉ် ပေးဆောင်ရမည် ဖြစ်ပေသည်။ နှစ်တိုင်း ကျားလေးများသည် TV ကြော်ငြာ တစ်ခု ရိုက်ကူးကာ အရောင်းမြှင့်တင်ရေးပွဲ တစ်ပွဲ တက်ရောက်ပေးရ ပေလိမ့်မည်။ ပုံနှိပ်ကြော်ငြာများလည်း ရှိပေသည်။ ကျားလေးများ၏ ပုံများကို လီဟဟ၏ လက်ဖက်ရည်ခွက်များပေါ်တွင် ပုံနှိပ် ထုတ်ဝေမည် ဖြစ်သည်။

အရောင်းမြှင့်တင်ရေး ပွဲကို ထိုင်ဟွာ ကုန်တိုက်တွင် ကျင်းပနိုင်ပေသည်။ အမြတ်ပင် (၂)ဆ တိုးလာပေလိမ့်အုံးမည်။ ဤသည်မှာ မနည်းလှချေ။

အမျိုးသမီး မော်ဒယ်အတွက် ကျားလေးများ စီမံရေးအဖွဲ့မှ လူငယ် အမျိုးသမီး အနုပညာရှင် တစ်ယောက် ဖြစ်သည်။ သူ့အတွက် ထောက်ခံကြေးငွေမှာ အလွန် သက်သာပေသည်။ သူ့အတွက် တစ်နှစ်လျှင် ယွမ်(၅၀၀၀၀) သာ ပေးရပြီး စာချုပ် သက်တမ်းမှာ (၄)နှစ် ဖြစ်ပေသည်။

ဖုန်းယွီသည် နောင်တွင် ထိုအမျိုးသမီး အဆိုတော် ဖြစ်မဖြစ် မမှတ်မိချေ။ ဆိုလိုသည်မှာ သူ့အနာဂတ်တွင် မြင့်မြင့် မားမား မဖြစ်နိုင်ချေ။ သို့အတွက် နှစ်ရှည် စာချုပ် ချုပ်ဆိုရန် မလိုအပ်ချေ။

ပြောရေးဆိုခွင့်ရှိသူ ကိစ္စ ပြေလည်သွားပြီးနောက် ကြော်ငြာ ရိုက်ကူးရန် လူများ ရှာဖွေကြတော့သည်။ စက္ကူခွက်များကိုလည်း ဒီဇိုင်းထုတ်ထားပေသည်။

ဖုန်းယွီသည် စက္ကူခွက် အသစ်ကို ကြည့်လိုက်သည်။ နို့လက်ဖက်ရည် တစ်ခွက်စီနှင့် ကျားလေးပုံတစ်ပုံ ရှိပြီး ကောင်မလေးအား ကမ်းပေးနေပေသည်။ ကောင်မလေး မျက်နှာတွင် ရှက်ရွံ့ရိပ်အပြည့် မျက်လုံးဖြင့် ပြန်ကြည့်နေပေသည်။

ဤပုံ အလွန်ကြည့်ကောင်းနေပေသည်။ မိန်းကလေးတိုင်း ပုံအတွင်းမှ မိန်းကလေး ဖြစ်ချင်နေကြပေလိမ့်မည်။ ငယ်ရွယ်သည့် စားသုံးသူ အမျိုးသမီးလေးများသာ ထိုလက်ဖက်ရည် ကြိုက်သည်ဆိုလျှင်ပင် ရောင်းအား မနည်းလှချေ။ ထို့အပြင် ထိုအမျိုးသမီး အနုပညာရှင်သည် ငယ်ရွယ်နုပျို လှပပေသည်။ လူငယ်စားသုံးသူ များစွာကို ဆွဲဆောင်နိုင်ပေလိမ့်မည်။

စီးပွားဖြစ် ရိုက်ကူးရေး စတင်ခဲ့ပြီး ဖုန်းယွီမှလည်း အကြံဉာဏ် အနည်းငယ် ပေးခဲ့ပေသည်။ ဤကြော်ငြာတွင် ဇာတ်လမ်း တစ်ပုဒ်ရှိခဲ့ပေသည်။ ယောက်ျားလေး (၃)ယောက်သည် မိန်းကလေး တစ်ယောက်ကို ပွေ့ဖက်ထားပေသည်။ သို့တိုင်အောင် အမှောင်အမြင်ဖြင့် မကြည့်သင့်ချေ။ ထိုအထဲမှ တစ်ယောက်သည် သတိထား၍ အေးအေးဆေးဆေးသာ ဖြစ်နေပေသည်။ ရှက်နေပေသည်။ ထို(၃)ယောက်သည် နို့လက်ဖက်ရည် တစ်ခွက်ကြောင့် မိန်းကလေးနောက်သို့ ပြေးမလိုက်သင့်ချေ။

စီးပွားရေး ပုံစံမျိုးစုံရှိကာ တည်းဖြတ်ရန် အကောင်းဆုံး ဗွီဒီယိုများကို ပြန်လည်ရွေးချယ်မည် ဖြစ်သည်။

ရုပ်ရှင်ရိုက်ကူးနေစဉ်အတွင်း ဖုန်းယွီသည် လီနကို ရိုက်ကူးရေးသို့ ခေါ်သွားလိုက်သည်။ လီနသည် ကျားလေးများနှင့် တွေ့ချင်နေပေသည်။ ထိုနေ့မှ သူ့ဆန္ဒများ ပြည့်ဝသည့် နေ့တစ်နေ့သာပင်။

ကျားလေးများနှင့် တွေ့ရမည်ဟု လီန ကြားသည့်အခါ ချက်ချင်းပင် ကျောင်းမှ ထွက်လာတော့သည်။ သူတင်မကဘဲ ကျောင်းဟန်ကိုပါ ဖုန်းဆက်လိုက်သေးသည်။ ကျောင်းဟန်နှင့် ဝမ်သောင်ကျွင်းတို့သည်လည်း တစ်တွဲတွဲ မဟုတ်ပေလော။

“နင် ကျားလေးတွေကို ဖိတ်လိုက်တာလား.. ဘာကြော်ငြာရိုက်နေတာလဲ.. ကားတွေ အတွက်လား..”

“နို့လက်ဖက်ရည် အတွက်..”

“နို့ လက်ဖက်ရည်.. အဲ့ဒါ ဘာကြီးလဲ.. အရသာ ကောင်းလား..”

ဝမ်သောင်ကျွင်း ချက်ချင်း မေးတော့သည်။

“အရသာက မဆိုးလောက်ပါဘူး.. အခုထိတော့ မထုတ်ရသေးဘူး.. အခု သူတို့ကိုင်ထားတာတွေအကုန်လုံး အခွံ့တွေကြီးပဲ..”

ဖုန်းယွီ စကားကြားသည့်အခါ ဝမ်သောင်ကျွင်း စိတ်ပျက်လက်ပျက် မျက်နှာဖြင့် ကြည့်နေပေသည်။ အသံသာ ကြားရပြီး နို့လက်ဖက်ရည် မြည်းမစမ်းကြည့်ရခြင်းမှာ နှိပ်စက် ခံရမှု တစ်ခု ဖြစ်နေပေသည်။

**********

“ကဒ်….. အဆင်ပြေတယ်ဟေ့.. ပါကင် တစ်ခု.. ပါကင်တစ်ခု..”

ဒါရိုက်တာ အော်သံကြားလိုက်ရသည်။

အလုပ်သမားများသည် မီးလုံးများ၊ ပစ္စည်းကိရိယာများ စတင်သိမ်းဆည်းနေကြပေသည်။ ပထမဆုံး အပြေးအလွှား သွားသူမှာ ဝမ်သောင်ကျွင်းပင် ဖြစ်တော့သည်။

“ကျားလေး… အရမ်းချောပြီး ငါမင်းကို အကြိုက်ဆုံးပဲ..”

ကျောင်းဟန် ဝမ်သောင်ကျွင်းလက်ကို နောက်မှ ဆွဲထားနေရသည်။ ရှက်စရာကြီး မဟုတ်ပေလော။ ဝမ်သောင်ကျင်း တွေ့နေသည်မှာ မိုးကြိုးကျားလေး ဖြစ်သည်။

ကံကောင်းသည်မှာ ကျားလေး အဖွဲ့ဝင်(၃)ယောက်သည် ဝမ်သောင်ကျွင်း နှင့် ကျန်လူများကဲ့သို့ တပြေးညီနေ တတ်သည့် အနုပညာရှင်များ ဖြစ်ကြသေည်။ ပရိသတ်ကို စိတ်ဆိုးမည် မဟုတ်ချေ။ ဟာသ တစ်ခုသာ သဘောထား ဆက်ဆံကြပေသည်။

“မစ္စတာဖုန်း.. ဒီကြော်ငြာအတွက် မင်းဇာတ်ညွှန်းက အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်.. နောက်ဆို သရုပ်ဆောင်ဖို့ တောင်စိတ်ကူးထားလိုက်ပြီ..”

လိမ္မာပါးနပ်သည့် ကျားလေးက ပြောလိုက်သည်။

“မင်း ချင်းယောင် ဇာတ်လမ်းတွဲတွေလိုမျိုး ထိပ်တန်း ဇာတ်လမ်းတွေမှာ နောက်ဆို သရုပ်ဆောင်ရမှာပါ..”

ဖုန်းယွီ စိတ်ထဲတွင်မူ ‘မင်းကိုယ်မင်း မျက်နှာ မပွင့် ပွင့်အောင် လုပ်မယ်ဆိုတာ ငါသိသားပဲ..”

ပါးနပ်သည့် ကျားလေးအတွက် ဇာတ်လမ်းတွဲမှာ စိတ်လှုပ်ရှားစရာ မဟုတ်ပေ။ ကျားလေးသည် အရွယ်ငယ်သော် လည်း၊ လိမ္မာပါးနပ်ကာ ဇာတ်လမ်းတွဲတွင် သူပါဝင်သည့် အခန်းများကို ကြည့်ရှုသူများ ကြိုက်နှစ်သက်ကြ လေသည်။

“မင်းရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်..”

“ဖုန်းယွီ.. ငါတို့ ဓါတ်ပုံရိုက်ခွင့် ရှိလား..”

ဝမ်သောင်ကျွင်း လှမ်းအော်လိုက်သည်။

“ဓာတ်ပုံဆရာ ကျုပ်တို့ကို ဓါတ်ပုံတစ်ပုံလောက် ရိုက်ပေးပါလား..”

အနီးရှိ ဓာတ်ပုံဆရာလည်း မလွတ်ချေ။

ဖုန်းယွီမှာ သူဌေးဖြစ်သဖြင့် ဓာတ်ပုံဆရာလည်း မငြင်းရဲချေ။ သူချက်ချင်း ပြေးသွားလိုက်သည်။ သို့ရာတွင် ဓာတ်ပုံရိုက်သည့် ခလုပ်ကို မနှိပ်သေးဘဲ ကိုင်ယုံကိုင်ထားလိုက်သည်။

“ဆရာ.. မင်း အရပ်မြင့်လွန်းတယ်.. ပုံက ထူးဆန်းနေလိမ့်မယ်.. တစ်ဝက်လောက် ထိုင်ပေးလို့ရမလား..”

ဝမ်သောင်ကျွင်း သူ့ကိုယ်သူ ပြန်ညွှန်ပြရင်း ညည်းငြူလိုက်တော့သည်။ လိုချင်သည်မှာ ကျားလေး၏ ဓာတ်ပုံ တစ်ပုံသာပင်။ မိမိ ထိုင်ရန် လိုအပ်မည်လော။ အရပ်ရှည်ခြင်းသည် အပြစ်တစ်ခုလော။

ဖုန်းယွီမှာမူ မရယ်မိအောင်သာ ကြိုးစား ထိန်းနေရပေသည်။ တွေ့သမျှစား၍ အရပ်ရှည်ရန် မည်သူ တောင်းဆိုထားသနည်း။ ကိုယ့်အပြစ်နှင့်ကိုယ်သာပင်။

လီနနှင့် ကျန်သူများသည် အရင်ဘဝက ဖုန်းယွီတွေ့ကြုံခဲ့ရသည့် ရူးသစ်တတ်သော ပရိသတ်များ မဟုတ်ပေ။ သူတို့ သဘောအကျဆုံးသူကို တွေ့ရစဉ် ပျော်သွားသော်လည်း အော်ဟစ်ခြင်း၊ ဖမ်းဆွဲခြင်းတို့ မလုပ်ခဲ့ချေ။

ဖုန်းယွီသည် ဓာတ်ပုံရိုက်နေစဉ်အတွင်း ကျားလေး အဖွဲ့ဝင် (၃)ယောက်ကို ကြည့်လိုက်သည်။ သူတို့မှာ ကိုယ်ကျင့်တရား ကောင်းကာ မျက်လုံးများ ကြည်လင်နေပေသည်။ ဖုန်းယွီ ကျေနပ်သွားမိသည်။ ၎င်းတို့ထဲမှ တစ်ယောက်ယောက်သာ လီနအပေါ် မျက်လုံးများ ဝဲမိပါက ထိန်းနိုင်မည်မဟုတ်ချေ။

ဖုးန်ယွီ အားလုံးကို ညစာစားရန် ဖိတ်ခေါ်ခဲ့ရာ ကျားလေးများလည်း သဘောတူခဲ့ပေသည်။ လီနနှင့် ကျန်သူများ ဝမ်းသာသွားကြတော့သည်။ သူတို့၏ စိတ်ကူးကြယ်ပွင့်များနှင့် အချိန်အတော်ကြာ စကားပြောနိုင်ပေပြီ။

ညစာ စားချိန်တွင် လီနက..

“ငါတို့ သီချင်း ဆိုကြမလား..”

ကျားလေးများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ သူတို့၏ မန်နေဂျာစုန့်ဝမ်ကို ကြည့်လိုက်ကြသည်။ စုန့်ဝမ်လည်း ခေါင်းညိတ်ပြလိုက်သည်။ ဤမေးခွန်းမှာ သူတို့၏ အဆင့်အတန်းကို နိမ့်ကျစေသဖြင့် အလွန်ရိုင်းဆိုင်း သည်ဟု ယူဆနိုင်ပေသည်။ သို့ရာတွင် လီန၌ မကောင်းသော ရည်ရွယ်ချက်များ မရှိကြောင်းနှင့် ဖုန်းယွီသည်လည်း အနီးတွင်ရှိနေသည်ကိုတော့ သူတို့ ပြောနိုင်ပေသည်။

ထိုသို့ဖြင့် ကျားလေးများ သီချင်းဆိုခဲ့ကြသည်။ ဆိုယုံသာ ဆို၍ မကခဲ့ကြချေ။ ထိုသီချင်းမှာ ကြော်ငြာအတွက် အသင့်တော်ဆုံး သီချင်းဖြစ်ပြီး ကျားလေးများ၏ ဆိုသံနှင့် လိုက်ဖက်လွန်းလှပေသည်။

“ပြီးခဲ့တဲ့ ရက်ပိုင်းက ရေးထားတဲ့ သီချင်းတစ်ပုဒ် သတိရမိတယ်.. အားလုံးနဲ့ လိုက်ဖက်မယ့် သီချင်းလေးပါ.. အဲ့သီချင်း မင်းတို့ကို ပေးလိုက်မယ်..”

ဖုန်းယွီ စကား ကြားသည့်အခါ ကျားလေးအဖွဲ့ဝင်(၃)ယောက်သည် ဖုန်းယွီ ၎င်းတို့အား ဂရုစိုက်ရန် ကြိုးစားနေ ကြေကာင်း ခံစားနေရပေသည်။ သို့တိုင်အောင် ‘သီချင်း’လော။ သူတို့အတွက် သီချင်းများကို ကုမ္ပဏီမှပေးနေကျ ဖြစ်ပြီး သီချင်း ထောင်ချီထဲမှ ဂရုတစိုက် ရွေးချယ်နေရပေသည်။ စုန့်ဝမ်လည်း ကျားလေးများကို ကြည့်လိုက်သည်။ မန်နေဂျာဖုန်း၏ သီချင်းမှာ မည်သို့ပင်ဖြစ်စေ ချီးကျူးရမည်ပင်။ မန်နေဂျာဖုန်း ရှက်ရွံ့သွား၍ မဖြစ်ချေ။

ထိုသီချင်းမှာ မည်သို့မှ ထူးထူးခြားခြား မရှိလျှင်ပင် အနည်းငယ် တည်းဖြတ်ကာ သူတို့၏ နောက်ထုတ်မည့် သီချင်းခွေတွင် ပါဝင်ထည့်သွင်းနိုင်ရန် တေးရေးဆရာထံ ပေးပို့ရပေမည်။ သို့ရာတွင် ထိုသီချင်း အလွန်ဆိုးရွား နေပါက စုန့်ဝမ် တားဆီးရပေလိမ့်မည်။ ကျားလေးများ မငြင်းနိုင်တော့ချေ။ သူတို့ မန်နေဂျာက သူတို့ကို လူဆိုးဖြစ်အောင် တွန်းပို့နေပေသည်။

“နင် နောက်တစ်ပုဒ် ရေးထားတာလား..”

လီန မျက်လုံးများမှာ ကြယ်လေးများပမာ တောက်ပနေပေသည်။

နောက်တစ်ပုဒ်လော။ ကျားလေးများ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည်။ မဖြစ်နိုင်ချေ။ ထို မန်နေဂျာဖုန်းသည် ယခင်က သီချင်းရေးခဲ့ဖူးသည်လော။ သူရေးသည့် သီချင်း ကောင်း မကောင်းမှာ လီန၏ မျက်လုံးများမှ အဖြေပေးနေပေသည်။ လီနသည် သူတို့နှင့် ပထမဆုံး စတွေ့ချိန်၌ပင် ထိုကဲ့သို့ အရောင်တောက်မှု မျိုး မတွေ့ခဲ့ရသေးချေ။

“ဟုတ်ပ.. နင့်အတွက် ရေးထားတာ.. ခက်တာက ငါ့မှာ ဂစ်တာမရှိဘူး.. ဒီတော့ ငါ ဒီအတိုင်းပဲ တီးရတော့မှာပဲ..”

ဖုန်းယွီ လီန၏ ချစ်စဖွယ် မျက်လုံးလေးများကို ပြန်စိုက်ကြည့်နေပေသည်။

-------*****--------

ဘာသာပြန်သူ . (ငတက်ပြား)

All Chapters