← Chapters

ကုမ္ပဏီတွင် ငွေလိုနေသည်လော

Vol. 45 Ch. 672

ကုမ္ပဏီတွင် ငွေလိုနေသည်လော

Vol. 45 Ch. 672

ကျုံးချင်ရှန့်သည် ကန်ထရိုက်များ ရှာနေပေသည်။ ကြော်ငြာများလည်း ရိုက်ကူးကာ တည်းဖြတ်သည့် အဆင့်တွင် ရှိနေပေသည်။ ဖော်စပ်နည်း တီထွင်ခဲ့ပြီး လူအများကို မြည်းစမ်းစေခဲ့သည်။ ရလဒ်များမှာ အပြုသဘော ဆောင်ပေသည်။

ဖုန်းယွီမှလည်း ဤနိုးလက်ဖက်ရည် အရသာကောင်းကြောင်း ပြောလာပေသည်။ သေချာပေါက် ရောင်းအား ကောင်းပေလိမ့်မည်။

အဆက်အသွယ်များမှတဆင့် ကျုံးချင်ရှန့်သည် အစိုးရထံမှ ခွင့်ပြုချက်ရရှိပြီး ဤထုတ်ကုန်အသစ်ကို ထုတ်လုပ် ရောင်းချခွင့် ပြုခဲ့ပေသည်။ သို့ရာတွင် ကန်ထရိုက်ကိစ္စများ မပြီးပြတ်သေးချေ။

ကျုံးချင်ရှန့်သည် စက်ရုံ အနည်းငယ်နှင့် ဆက်သွယ်ထားပြီး ဖြစ်သည်။ ထိုစက်ရုံများတွင် သူ့လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်သည့် စွမ်းရည်ရှိကာ ထိုရက်အနည်းငယ်အတွင်း မည်သည့်စက်ရုံတွင် အလုပ်လုပ်ရမည်ကို သူဆုံးဖြတ်ရပေလိမ့်မည်။ ထို့နောက် ထုတ်လုပ်မှု စတင်တော့မည် ဖြစ်သည်။

ဖုန်းယွီသည် ထိုင်ဟွာကုန်တိုက်တွင် လီဟဟ၏ နို့လက်ဖက်ရည်ကို ဦးစွာရောင်းချခွင့်ပြုရန် သဘောတူထား ပေသည်။ နောက်နှစ်စ၌ CCTV မှ ဤနို့လက်ဖက်ရည် ကြော်ငြာပြီးပါက အခြားနိုင်ငံများသို့ မိတ်ဆက်တော့မည် ဖြစ်ပေသည်။

ထိုအချိန်တွင် ကလေးစားသောက်ကုန် ထုတ်လုပ်သည့် ကွမ်တုံစက်ရုံမှ ချဉ်းကပ်လာတော့သည်။ ဤစက်ရုံသည် လီဟဟ၏ ကန်ထရိုက်တစ်ဦးဖြစ်ပြီး အုန်းသီးဂျယ်လီအတွက် ဖြစ်ပေသည်။

“မစ္စတာကျုံး.. ငါတို့ ကုမ္ပဏီက အကြီးကြီး မဟုတ်ပေမယ့် လီဟဟရဲ့ အမိန့်အတိုင်း ငါတို့ သေချာ လုပ်နိုင်ပါတယ်.. ငါတို့လိုချင်တဲ့ အမြတ်ကလဲ အရမ်းမမြင့်ပါဘူး..”

လီတကျွင်း စိုးရိမ်တကြီး ပြောလာပေသည်။

“မန်နေဂျာလီ.. ခင်ဗျားကိုယ်တိုင် ပြောလာတယ် ဆိုပေမယ့်.. စီးပွားရေးက စီးပွားရေးလေဗျာ.. ငါတို့က ကနဦးအဆင့်အတွက် ပမာဏ အများကြီး ရင်းနှီးမြုပ်နှံရမှာဆိုတော့ ဘာဆုံးရှုံးမှုမှ မခံနိုင်ဘူး.. ခင်ဗျားကုမ္ပဏီက တည်ထောင်ထားတာ မကြာသေးဘူး.. စက်ရုံကလဲ မကြီးဘူး.. အလုပ်သမားလဲ သိပ်မရှိသေးဘူး.. ကျုပ် ခင်ဗျားကို ဘယ်လို ယုံလို့ရမှာလဲ..”

မည်သူမဆို မိမိတို့၏ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ကြောင်း ကမ်းလှမ်းလာနိုင်ပေသည်။ မိမိတို့သည် ထိုသို့သော လူများအား စာချုပ် ချုပ်ဆိုပါက ဒေဝါလီခံရသည်မှာ ကြာပေပြီ။ လီဟဟ၏ အစုရှယ်ယာရှင်များနှင့် အလုပ်သမားများအတွက်လည်း တာဝန်ထမ်းထားရပေသည်။

“ငါတို့ ဘဏ်ချေးငွေ ယူထားပြီးသားပါ.. အခု ငါတို့စက်ရုံကို တိုးချဲ့နေပါတယ်.. စက်ယန္တရားတွေလဲ ဝယ်ထားပြီ.. အလုပ်သမားအသစ်တွေလဲ လေ့ကျင့်ပေးထားပြီ.. မင်းတို့ လိုအပ်ချက်အတိုင်း သေချာပေါက် ဖြည့်ဆည်း ပေးနိုင် ပါတယ်… လျော်ကြေးငွေ မြင့်မြင့်ထားလို့ရပါတယ်.. လိုအပ်ချက် ဖြည့်မပေးနိုင်ရန် သေချာပေါက် ပြန်လျော်ပေးပါ့မယ်..”

လီတကျွင်း တောင်းပန်လိုက်သည်။

“လျော်ကြေး ပိုပေးမှာလား.. အဲ့ဒါ အကြံကောင်းလို့မထင်ဘူး.. လျော်ကြေးငွေ မြင့်နေလဲ မင်းတို့တွေ ပြန်လျော် နိုင်တယ်လေ.. မင်းကုမ္ပဏီက ယွမ်(၁)သန်း၊ (၂)သန်းပဲ တန်ဖိုးရှိတာ.. တစ်ခုခု မှားသွားရင် ဘဏ်က မင်းချေးငွေ ကြောင့် အရင်ဆုံး အကောင့်တွေ ပိတ်ပစ်လိုက်မှာ.. ပြောချင်တာက လျော်ကြေးငွေ (၁)ရာခိုင်နှုန်းတောင် ပေးနိုင်မှာ မဟုတ်ဘူး.. တကယ်လို့ မင်းက ငါတို့ ထုတ်ကုန်တွေကို နှောင့်နှေးအောင် လုပ်မိသွားရင် ငါတို့ ဆုံးရှုံးမှုက သန်းဆယ်ချီတယ်.. မင်း ငါတို့ကို လျော်ကြေး ပေးနိုင်ပါ့မလား..”

ကျုံးချင်ရှန့် ဒေါသသံဖြင့် ပြန်ပြောလိုက်သည်။

“မစ္စတာကျုံး ဂျယ်လီက အလားအလာရှိတော့ ရောင်းအားလဲ ကောင်းမှာပါ.. ပြဿနာ မရှိလောက်ပါဘူး.. ငါတို့ အရည်အသွေးနဲ့ ပတ်သက်ပြီး အသံတွေတောင် ထွက်လာစေရမယ်လို့ အာမခံပါတယ်..”

“တော်လိုက်တော့.. ဂျယ်လီပဲလေ.. တရုတ်နိုင်ငံမှာ ဂျယ်လီထုတ်တဲ့ စက်ရုံ ရာနဲ့ချီရှိတယ်.. အများစုက မင်းကုမ္ပဏီထက် ကြီးတဲ့ကောင်တွေကြီးပဲ.. ဘာလို့ စာချုပ် ချုပ်သင့်တာလဲ.. ပြီးတော့ ငါတို့အမှာစာကို လက်ခံ ပြီးရင် ဂျယ်လီထုတ်လုပ်ဖို့ လူရောရှိလို့လား.. မင်းမှာ ထုတ်လုပ်ရေး လိုင်းတွေရှိလား.. မင်း ငါတို့အတွက် အချိန်ပြည့် ကန်ထရိုက်တာ လုပ်နိုင်မှာတဲ့လား.. အလုပ် အရမ်းများနေတယ်ကွာ.. ရှောင်ဝမ် သူ့ကို ပြန်ပို့ပေးလိုက်..”

ကျုံးချင်ရှန့် မတ်တပ်ရပ်ကာ အစည်းအဝေးခန်းမှ ထွက်လာခဲ့သည်။ ဖုန်းယွီသည် လီဟဟတွင် ရှိနေပြီး စက်ရုံလေး တစ်ခုအတွက် အချိန်ဖြန်းနေရန် မရှိချေ။

“မစ္စတာကျုံး.. ငါ့ သန်မာခြင်းအုပ်စုက မင်းတို့နဲ့ လက်တွဲ လုပ်ဆောင်ဖို့အတွက် အရမ်း ရိုးသားပါတယ်.. ကျေးဇူးပြုပြီး ငါတို့ကို ယုံပေးပါ..”

လီတကျွင်း လှမ်းအော်ပြောလိုက်သည်။

ဖုန်းယွီသည်လည်း အစည်းအဝေးခန်း၏ အပြင်ဘက် တံခါးဘေးတွင် ရှိနေကာ အသံများ ကြားလိုက်ရသည့် အတွက်..

“ချင်ရှန့် ဘာဖြစ်နေတာလဲ..”

“ငါတို့ ကန်ထရိုက်တာတွေ ရှာနေတာ သိသွားပြီး ကုမ္ပဏီလေးတစ်ခု လာပြောနေလို့..”

ကျုံးချင်ရှန့် ရှင်းပြလိုက်သည်။

“အိုး.. ကုမ္ပဏီက သေးလွန်းနေလို့လား..”

“သေးရုံတင် ဘယ်ကမလဲ.. သူတို့က အစားအသောက် ထုတ်ကုန်တွေ ထုတ်တယ်ဆိုပေမယ့် ကလေး ဂျယ်လီတွေ ထုတ်နေတာလေ.. ငါတို့ လိုအပ်ချက် ဖြည့်မပေးနိုင်ဘူး..”

လီတကျွင်းအနေဖြင့် ထိုလူသည် မစ္စတာကျုံးကို ပေါ့ပေါ့ပါးပါး ပြောနိုင်သည်ကို မြင်ကာ ဖုန်းယွီထံ ချက်ချင်း အော်လိုက်သည်။

“ဆရာ.. ငါတို့ သန်မာခြင်းအုပ်စုက တကယ်ကို အလားအလာရှိပါတယ်.. ကျေးဇူးပြုပြီး စဉ်းစားပေးပါ..”

“ရှောင်ဝမ် သူ့ကို ဆွဲထုတ်ဖို့ လုံခြုံရေး ခေါ်လိုက်..”

ကျုံးချင်ရှန့် ဒေါသထွက်သွားသည်။ ထိုလူ မည်သို့သော လူမျိုးနည်း။

“ခနလေး..”

ဖုန်းယွီ တားလိုက်သဖြင့် ရှောင်ဝမ် ရပ်သွားသည်။

“မင်း ကုမ္ပဏီနာမည်က ဘယ်လိုခေါ်တာ..”

“ကွမ်တုန် သန်မာခြင်း အုပ်စုပါ.. ဂျယ်လီ ထုတ်လုပ်ပါတယ်.. ကျုပ်တို့တွေ ပြီးခဲ့တဲ့ နှစ်ကမှ စခဲ့တာဆိုပေမယ့် အမြန်ဆုံး ကြီးထွားလာနေပါပြီ.. (၂)နှစ် မပြည့်ခင် ကျုပ်တို့ တန်ဖိုး အဆပေါင်း အများကြီး တိုးလာနေပါတယ်..”

လီတကျွင်း ဝမ်းပမ်းတသာ ရှင်းပြလိုက်သည်။

“အဲ့ဒါ မင်း အခြေခံ အုတ်မြစ် သေးနေလို့.. မင်းကုမ္ပဏီ တန်ဖိုးက အဆပေါင်း အများကြီး တိုးလာတယ်ဆိုပေမယ့် မင်းကုမ္ပဏီက ယွမ်(၂)သန်း လောက်ပဲ တန်တာလေ..”

ကျုံးချင်ရှန့် ဆက်ပြောလိုက်သည်။

မန်နေဂျာဖုန်းကို ထိုသို့သော စကားများဖြင့် ဂျင်းထည့်ချင်နေသည်လော။ မန်နေဂျာဖုန်းမှ သဘောတူကာ ထိုစက်ရုံမှ ထုတ်လုပ်မှု လိုက်မမီနိုင်ပါက အမှာစာအတိုင်း မည်သို့ ပို့နိုင်မည်နည်း။

ဖုန်းယွီ လီတကျွင်းကို မျက်မှောင်ကြုတ်ကြည့်လိုက်သည်။ ကျုံးချင်ရှန့်ထံ ‘မင်းအချစ်’ကုမ္ပဏီ နှင့် သန်မာခြင်း အုပ်စုမှ ချက်ချင်းဆိုသလို လာရောက်ချိတ်ဆက်ကာ နို့လက်ဖက်ရည်တံဆိပ်အတွက် တောင်းဆိုလာပေသည်။ ဤသည်မှာ တိုက်ဆိုင်မှုလေလော။ သို့ရာတွင် ထို သန်မာခြင်း အုပ်စုဟုသည် အမည်ကြီးမှာ မည်သို့နည်း။

“ရှောင်ဝမ်.. လက်ဖက်ရည် ယူခဲ့ပေး.. ချင်ရှန့် ငါ သူနဲ့ စကားပြောကြည့်ချင်သေးတယ်..”

ဖုန်းယွီ ပြောလာသဖြင့် ကျုံးချင်ရှန့် မငြင်းနိုင်တော့‌ပေ။ သူသည် ဖုန်းယွီနှင့်အတူ အစည်းအဝေးခန်းအတွင်း ပြန်ဝင် သွားလိုက်သည်။ ၎င်း လီတကျွင်းသည် ဖုန်းယွီအား ဂျင်းထည့်ကာ လီဟဟ နစ်နာရမည့် အဖြစ်မျိုး အဖြစ်မခံနိုင်ချေ။

ဖုန်းယွီသည် လီဟဟ၏ စီမံခန့်ခွဲမှုကို ဝင်ရောက် အနှောက်အယှက် ပေးလာပေသည်။ ယခင်က အသုံးဝင်သော အကြံပြုချက်များ ပေးထားသော်လည်း မည်သည့်အတွက် ဤ ‘သန်မာခြင်း’ အုပ်စုကို စိတ်ဝင်စားသွားသနည်း။

မန်နေဂျာဖုန်းသည် လီဟဟ ဂျယ်လီကို စတင်ထုတ်လုပ်ချင်နေခြင်း ဖြစ်နိုင်သည်လော။ သို့ရာတွင် မည်သူမဆို ဂျယ်လီ ထုတ်လုပ်နိုင်ပေသည်။ လီဟဟ အမှတ်တံဆိပ် အောက်တွင် ဂျယ်လီများ ရောင်းချနေလျှင်ပင် ရောင်းအား မကောင်းချေ။ မအောင်မြင်ဟု ပြောရပေလိမ့်မည်။ လီဟဟတွင် မအောင်မြင်သော ထုတ်ကုန် တစ်ခုမှ မရှိသေးချေ။ မိမိတို့၏ ပထမဆုံးသော မအောင်မြင်သည့် ထုတ်ကုန်မှာ ဂျယ်လီ မဖြစ်လိုချေ။

“မင်းနာမည် ဘယ်လိုခေါ်လဲ.. ငါက လီဟဟ ရဲ့ ရှယ်ယာရှင် တစ်ယောက်ပါ.. ငါမှာ မစ္စတာကျုံးလောက် အခွင့်အာဏာ မရှိဘူး.. ဒါပေမယ့် ဒီကုမ္ပဏီမှာ ပြောစရာရှိနေတယ်.. မင်း လီဟဟ ရဲ့ ကန်ထရိုက်တာ ဖြစ်နိုင်တယ် ဆိုတာ ဘယ်လို ယုံကြည်ချက်ရှိတယ်ဆိုတာ ပြောစမ်းပါအုံး..”

“ထိုင်ဝမ်က အစားအသောက်ထုတ်တဲ့ စက်ရုံမှာ အလုပ်လုပ်ဖူးပါတယ်.. အဲ့စက်ရုံက ပဲတီယိုလုံးတွေ ထုတ်လုပ်ပါတယ်.. ပြီးတော့ ငါတို့ ကုမ္ပဏီက စက်ရုံရဲ့ အစားအသောက် ဘေးကင်းရေးနဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေး တင်းတင်းကြပ်ကြပ် စီမံထားပါတယ်.. အဲ့အပိုင်းမှာ ခင်ဗျားတို့ စိတ်ပူစရာမလိုပါဘူး.. ကျုပ်တို့က လီဟဟကို ဘယ်လို ပြဿနာမှ ပေးမှာ မဟုတ်ပါဘူး.. ငါတို့ အလုပ်သမားတွေ အရမ်းအလုပ်ကြိုးစားပြီး အမှာစာအတိုင်း ပို့ပေးပါ့မယ်..”

ဖုန်းယွီ ခေါင်းခါလိုက်ရင်း..

“ငါတို့ အမှာစာက အရမ်းကြီးလွန်းတော့ မင်းကုမ္ပဏီ ကိုင်တွယ်နိုင်တဲ့ အနေအထားမရှိဘူး.. ပြီးတော့ မင်း အရင်ကလဲ အုန်းဂျယ်လီ ထုတ်လုပ်ဖူးတာပဲ.. မင်းကုမ္ပဏီက စည်သွတ်ဘူးတွေရော အရင်က ထုတ်ခဲ့ဖူးလား..”

“ဂျယ်လီ အမျိုးအစား အသစ်တစ်မျိုး မိတ်ဆက်ပေးပါ့မယ်.. ဂျယ်လီထဲကို အသီအနှံတွေ ထည့်ထားပါတယ်.. အရင်က အုန်းသီးနဲ့ ပတ်သက်တဲ့ သုတေသနတွေလဲ လုပ်ထားပါတယ်.. အမှာစာအတိုင်း ပေးနိုင်မယ်လို့ ငါတို့ ယုံကြည်ပါတယ်.. မစ္စတာကျုံး.. ခင်ဗျား အမှာစာကို အလျင်မီအောင်ဆိုရင် ကန်ထရိုက်တာ တစ်ယောက်တည်းနဲ့ အဆင်ပြေနိုင်မှာ မဟုတ်ပါဘူး… ပြဿနာ တစ်ခုခု ဖြစ်လာရင် မင်းထုတ်ကုန် ထိခိုက်လိမ့်မယ်.. ကျုပ်တို့က ကန်ထရိုက်တာတွေထဲက တစ်ယောက်ပဲ ဖြစ်ချင်တာပါ.. အပြည့်အဝ ယူချင်တယ်လို့ မဆိုလိုပါဘူး..”

လီတကျွင်း ထပ်ပြောလာသည်။

ဖုန်းယွီ မျက်မှောင်ကြုတ်လိုက်သည်။ လီတကျွင်း ပြောသည်မှာ မှန်ပေသည်။ ဥများအားလုံး ခြင်းတောင်း တစ်ခုတည်းတွင် သိမ်းဆည်းထားပါက မတော်တဆမှု ဖြစ်သွားပါက အားလုံး ပျက်စီးသွားနိုင်ပေသည်။

“ချင်ရှန့်.. မင်းစိတ်ထဲမှာ ဘယ်ကုမ္ပဏီ တွေးထားသေးလဲ.. စာချုပ်ရော ချုပ်ပြီးပြီလား..”

“တရုတ် အုန်းမလိုင်အုပ်စုက ငါတို့အတွက် အုန်းဂျယ်လီ ထုတ်လုပ်ပေးလိမ့်မယ်.. သောင်နန် ကုမ္ပဏီက နို့လက်ဖက်ရည်မှာ ထည့်တဲ့ ပုလဲတွေ ထုတ်လုပ်ပေးလိမ့်မယ်.. အခုအထိတော့ စုချုပ် မချုပ်ရသေးဘူး.. သေချာ သုံးသပ်နေတုန်းပဲ..”

“သူတို့ကို ကူညီဖို့ ‘သန်မာခြင်း’အုပ်စုကို ဘာလို့ အမှာစာမပို့တာလဲ.. သူ့စက်ရုံကလဲ ဒီအမှာစာ တကယ်လိုနေတဲ့ ပုံပဲ..”

ဖုန်းယွီ ပြောလိုက်သည်။

ဖုန်းယွီ စကားဆုံးသည်နှင့် ကျုံးချင်ရှန့် ခေါင်းညိတ်ရင်း…

“ကောင်းပြီလေ.. ငါတို့ သူ့ဆီကနေ တစ်ချို့ အမှာစာတွေ ယူပေးလိုက်မယ်.. ဒါပေမယ့် အရေအတွက် အများကြီးတော့ မဖြစ်နိုင်ဘူး.. ဒီကုမ္ပဏီက အမှာစာ ကြီးကြီးမားမား ခန့်ခွဲနိုင်မှာ မဟုတ်ဘူး.. ပြီးတော့ ပြဿနာ တစ်ခုခု ရှိလာရင် စာချုပ်ကို ချက်ချင်း ရပ်သွားမှာနော်..”

ဖုန်းယွီ လီတကျွင်းကို ခေါင်းလှည့် ကြည့်ကာ..

“မင်းပြဿနာ ပြေလည်သွားပြီမို့လား..”

“ကျေးဇူးတင်ပါတယ်.. မစ္စတာကျုံး ကျေးဇူးတင်ပါတယ်..”

ဖုန်းယွီ မျက်နှာတွင် အပြုံးပန်းတစ်ပွင့် ပေါ်လာကာ..

“အော်.. မင်းကုမ္ပဏီ ဒီလိုဖြစ်နေတာက .. ကုမ္ပဏီမှာ ငွေလိုနေလို့လား..”

-------*****--------

ဘာသာပြန်သူ . (ငတက်ပြား)

အံ့မခန်းပါရမီရှင် (ဖုန်းယွီ)

All Chapters