← Chapters

တီထွင် ဖန်တီးနိုင်သူ

Vol. 45 Ch. 674

တီထွင် ဖန်တီးနိုင်သူ

Vol. 45 Ch. 674

ရက်ပိုင်းမျှ စောင့်ပြီးသည့်တိုင်အောင် ဖုန်းယွီသည် လီတကျွင်းထံမှ အဖြေ တစ်စုံတစ်ရာ မရခဲ့ချေ။ သို့အတွက် စိတ်ပျက်သွားမိသည်။ လီတကျွင်းသည် ‘သန်မာခြင်း’အုပ်စုတွင် ရင်းနှီးမြုပ်နှံရန် မလိုလားဟု သူထင်လိုက်သည်။

ဖုန်းယွီ ကျောင်းတက်နေစဉ် ရုတ်တရက် သူ့ပေဂျာ တုန်ခါသွားသည်။ တစ်ချက်ကြည့်လိုက်ရာ အလွန် အံ့ဩသွားမိသည်။

ကျုံးချင်ရှန့် မိမိအား နောက်နေသည်လော။ လီဟဟသည် ‘သန်မာခြင်း’အုပ်စုကို ဝယ်ယူလိုက်သည်။

ဖုန်းယွီသည် ကျုံးချင်ရှန့်ကို ဖုန်းပြန်ခေါ်ရန် အတန်းချိန်မှ ခိုးထွက်လာခဲ့လိုက်သည်။

“မင်း အကြောင်းကြားစာ ပို့လိုက်တာလား.. လီဟဟက ‘သန်မာခြင်း’အုပ်စုကို ဝယ်လိုက်တာလား..”

“ဟုတ်တယ်.. ‘သန်မာခြင်း’အုပ်စုမှာ အလားအလာရှိတယ်လို့ မင်းပြောထားတယ်မို့လား.. ကုမ္ပဏီမှာ ရင်းနှီး မြုပ်နှံဖို့လဲ ပြောတယ်လေ.. ဈေးကွက် စုံစမ်းဖို့ ငါ့လူတွေကို လွှတ်လိုက်တယ်.. အထဲမှာ သီးသီးပါတဲ့ ဂျယ်လီတွေ မတွေ့သေးဘူး.. ပြောချင်တာက ‘သန်မာခြင်း’အုပ်စုရဲ့ ထုတ်ကုန်အသစ်က ကုမ္ပဏီအတွက် အမြတ်အစွန်း ရနိုင်မယ့်အပြင် ကျန်တဲ့ ဂျယ်လီ ကုမ္ပဏီတွေထက် ပိုနာမည် ကြီးလိမ့်မည်။

“မဟုတ်သေးဘူး.. ဒီကိစ္စ သူဘာလို့ သဘောတူလိုက်တာလဲ..”

“သူတို့ ဂျယ်လီအသစ်က အခုထိ အသင့်မဖြစ်သေးဘူး.. သစ်သီးတွေနဲ့ ဂျယ်လီ အလွယ်လေး ခွဲထုတ်လို့ရတယ်.. အဲ့ ဂျယ်လီတွေက အရမ်း မာချင်မာ.. မဟုတ်ရင် အရမ်းပျော့ပြီး သိုလှောင်နိုင်တဲ့ သက်တမ်း အရမ်းတိုတယ်.. အဲ့ ထုတ်ကုန်အသစ် အသင့်မဖြစ်သေးဘူး.. ငါ လီတကျွင်းနဲ့ ရှင်းတော့ သူဝန်ခံထားတယ်.. ဒီထုတ်ကုန်က အသင့် မဖြစ်သေးတဲ့အတွက် ရင်းနှီးမြုပ်နှံဖို့ မထိုက်တန်ဘူး..

ဒါပေမယ့်လဲ ‘သန်မာခြင်း’အုပ်စုက သူတို့ ထုတ်ကုန်နည်းပညာကို ပြီးပြည့်စုံအောင် စွမ်းဆောင်နိုင်မယ်ဆိုရင် သစ်သီးပါတဲ့ ဂျယ်လီအသစ်က လူကြိုက်များမှာ သေချာတယ်လို့ ငါယူဆတယ်.. ငါ ‘သန်မာခြင်း’အုပ်စုကို ဝယ်ချင်တယ်လို့ပြောတော့.. ပထမပိုင်း သူသဘောမတူဘူး.. ဒါပေမယ့် သူ့ထုတ်ကုန် နည်းပညာက အသင့်မဖြစ်သေးဘူး.. တကယ်လို့ လီဟဟကသာ ဒီ ဂျယ်လီအမျိုးအစား မိတ်ဆက်လိုက်ရင် ‘သန်မာခြင်း’ အုပ်စုက ငါတို့ အမှတ်တံဆိပ်ကြောင့် ရှင်သန်နိုင်မှာ မဟုတ်ဘူး..”

ဗုဒ္ဓေါ။ ဤသည်မှာ မိမိ မကြာခဏ သုံးနေကျ ဗျူဟာဖြစ်သည်။ ကျုံးချင်ရှန့် မည်သည့်အချိန်က သင်လိုက်သနည်း။

“ဒါဆို ဘာဖြစ်သွားပြီလဲ.. ဒီလိုနဲ့ပဲ သဘောတူလိုက်တာလား..”

“အဲ့လိုလဲမဟုတ်ဘူး.. ငါ သူနဲ့ စကားစပြည်ပြောကြည့်တော့ သူက စီမံခန့်ခွဲမှုမှာ အရမ်းထူးချွန်ပြီး အမှတ်တံဆိပ် တည်ဆောက်မှု၊ ဈေးကွက်ရှာဖွေမှု၊ အမှတ်တံဆိပ်တွေကို စီမံခန့်ခွဲတဲ့နေရာမှာ အကြံဉာဏ်တွေ အများကြီး ရှိတယ်ဆိုတာ သတိထားလိုက်မိတယ်.. သူ့ အမြင် တော်တော်များများက ငါတို့နဲ့ ကိုက်တဲ့အပြင် ကလေးတွေရဲ့ အတွေးတွေကို သူတော်တော် နားလည်နေတယ်.. ဒါကြောင့် ကလေးအစားအစာ ထုတ်ကုန်တွေကို တာဝန်ယူဖို့ စီမံခန့်ခွဲရေး ရာထူး ပေးလိုက်တယ်.. ‘သန်မာခြင်း’အုပ်စုက သူတို့ ကိုယ်ပိုင်အမှတ်တံဆိပ်အောက်မှာ လွတ်လွတ် လပ်လပ် လည်ပတ်ရမယ်ဆိုတော့ သူ သဘောတူလိုက်တယ်..”

ဤမျှ အမြန်ဆုံး ဖြေရှင်းနိုင်ခဲ့သည်လော။ လီဟဟသည် လီတကျွင်းကို ခေါ်နိုင်ခဲ့သည်လော။ မိမိ အတွေးလွန်သွား ခြင်းပင်။ ကျုံးချင်ရှန့်တွင် တခြား အရည်အချင်းများ ရှိနေသေးပေသည်။

ဖုန်းယွီ အတွေးရေယဉ်ကျော နစ်မြောနေပေသည်။ အကယ်၍ တစ်နှစ်ကြာသည်အထိ လီတကျွင်း၏ သဘောတူညီ ချက် မရပါက မည်သည့်အခါတွင်မှ သဘောတူမည် မဟုတ်တော့ချေ။ ယခုမူ ‘သန်မာခြင်း’အုပ်စုသည် အခက်အခဲများ တွေ့နေရပြီး လီတကျွင်းသည်လည်း မြင့်မားသော လစာနှင့် ရှယ်ယာ ဆုကြေးများကြောင့် လီဟဟ အတွက် အလုပ်လုပ်ရန် စိတ်ပါလာချေပြီ။

ကျုံးချင်ရှန့်သည်လည်း ‘သန်မာခြင်း’အုပ်စု၏ စီမံခန့်ခွဲမှုကို အနှောက်အယှက် မပေးကြောင်း ကတိပေးခဲ့သည်။ ‘သန်မာခြင်း’အုပ်စု၏ စီမံခန့်ခွဲမှုက လီတကျွင်း၏ ညီထံ လွှဲပြောင်းပေးမည် ဖြစ်သည်။ ဤသည်မှာ ကျုံးချင်ရှန့် ဖုန်းယွီထံမှ သင်ယူထားခြင်းဖြစ်ပေသည်။

‘မင်း သူ့ကို ရှယ်ယာ ပေးလိုက်လား.. ရှယ်ယာ ဘယ်လောက်ပေးလိုက်လဲ..”

“ငါတို့ ကုမ္ပဏီ ရှယ်ယာတွေ ဒီနှစ်ကုန်မှာ ထုတ်ပေးမှာလေ.. သူတို့ ညီအစ်ကို (၃)ယောက်ကို ရှယ်ယာ (၁)ရာခိုင်နှုန်းအတွက် ယွမ်(၁၀၀၀၀၀)နဲ့ ပေးလိုက်တယ်.. ‘သန်မာခြင်း’အုပ်စုက နောင်ဆို လီဟဟရဲ့ လုပ်ငန်းခွဲ တစ်ခု ဖြစ်လာတော့မယ်.. ငါတို့ရဲ့ အမှတ်တံဆိပ်ခွဲပေါ့.. ဒါဆို ငါတို့အတွက် ကောင်းတာပဲလေ..”

ရှယ်ယာ (၁.၃)သန်းလော။ လွန်ခဲ့သော ရက်ပိုင်းကပင် ကျုံးချင်ရှန့် ပြောသည့် စကားအပေါ် အခြေခံ၍ ရှယ်ယာ (၁.၅)သန်းသာ တန်ဖိုးရှိပေသည်။ ဆိုလိုသည်မှာ ‘သန်မာခြင်း’အုပ်စုကို ဝယ်ခဲ့သည်မှာ (၂)သန်းပင် မကုန်ခဲ့ချေ။

ကျုံးချင်ရှန့်သည် လီတကျွင်းနှင့် သူ့ညီများကို စီမံခန့်ခွဲရေး ရာထူးများ ပေးခဲ့သော်လည်း ဤသည်မှာ သဘောတူညီချက် တစ်ခုလည်း ဖြစ်ပေသည်။

ဖုန်းယွီသည် ကျုံးချင်ရှန့်မှာ စီးပွားရေး ညှိနှိုင်းစေ့စပ်မှုများ၍ ဤမျှ တော်ကြောင်း သတိမထားမိခဲ့ချေ။ အဖော်ယမကာ လုပ်ငန်းဖြင့် အောင်မြင်နေသည့် ထိုလုပ်ငန်းရှင်သည် ပြောင်းလဲသွားပြီလော။

“ဒါဆို ငါတို့တွေ ‘သန်မာခြင်း’အုပ်စုထဲကို ရန်ပုံငွေတွေ ထည့်မျာလား…”

“ဒါပေါ့.. ‘သန်မာခြင်း’ အုပ်စုက အခု အကြွေးပတ်လည် ဝိုင်းနေတာ.. အခုတောင် အကြွေး နည်းနည်း ကျန်နေသေးတယ်.. ‘သန်မာခြင်း’အုပ်စု က ပီလောပီနံ လုံးတွေတော့ စာမချုပ်ဘူးတဲ့.. သစ်သီးပါတဲ့ ဂျယ်လီ တီထွင်ဖို့ပဲ အာရုံစိုက်သင့်တယ်.. လီဟဟရဲ့ သုတေသနက သူတို့ကို အကူအညီပေးမယ်.. မန်နေဂျာဖုန်း.. စားသုံးသူတွေ ငါတို့ သစ်သီးဂျယ်လီတွေ ကြိုက်မယ်လို့ ထင်လား.. ဒါဆိုရင် သစ်သီးဖျော်ရည်ကို ပိုလတ်ဆတ်မယ့် အပြင် ပိုကောင်းအောင် လုပ်နိုင်မှာ..”

ကျုံးချင်ရှန့် စိတ်လှုပ်ရှားစွာ ပြောလာပေသည်။

မိမိသည်ပင် ထိုအကြံပြုချက် မပေးရသေးချေ။ ကျုံးချင်ရှန့် ထိုသည်ကို စဉ်းစားထားသည်လော။ သို့မဟုတ်ပါက နောင်တွင် တီထွင်ဖန်တီးနိုင်သူဟု မည်သို့ ခေါ်နိုင်မည်နည်း။

“မင်း သုတေသနတွေ စနေပြီလား..”

“အမှန်ပဲ.. သစ်သီးဂျယ်လီ သုတေသန ဆက်လုပ်နေပြီ.. အစပိုင်းတော့ ငါတို့မှာ အတွေ့အကြုံမရှိလို့ ခက်မယ် ထင်ထားတာ.. ငါတို့တွေ နည်းလမ်းတွေ့သွားပြီ..”

ကျုံးချင်ရှန့် ဂုဏ်ယူစွာ ပြန်ပြောလိုက်သည်။

မဖြစ်သေးချေ။ အကြံပြုချက် တစ်ခုခု မပေးပါက လီဟဟ ထုတ်ကုန်များ၏ နောက်ကွယ်တွင် ဖန်တီးသူများ မည်သူဖြစ်ကြောင်း မည်သို့ ပေါ်လွင်မည်နည်း။

“သစ်သီးဖျော်ရည် အကြောင်းပဲ စဉ်းစားနေတာလား.. အသီးအနှံတွေကို နို့ထွက် ဖျော်ရည်တွေမှာ ထည့်လို့ မရဘူးလား.. ပြီးတော့ သစ်သီးဖျော်ရည်တွေကို နို့ထွက် ပစ္စည်းတွေနဲ့ ရောပြီး ဒိန်ချဉ်ဖျော်ရည် ဒါမှမဟုတ် သစ်သီး ဒိန်ချဉ်တွေ ဖြစ်အောင် ဘာလို့ မလုပ်နိုင်မှာလဲ..”

“အာ.. ဒီလိုနည်းနဲ့ ရောစပ်ရမှာလား..”

ကျုံးချင်ရှန့် အံ့အားသင့်သွားသည်။ ဤမန်နေဂျာဖုန်းသည် ထုတ်ကုန်များ ထူးခြားစွား ပေါင်းစပ်မှုများကို မည်သို့ တွေးသနည်း။ တီထွင်ဖန်တီးမှုသည် မတူညီသော အရာ(၂)ခု ပေါင်းစည်းရုံဟုသာ သူထင်နေသည်လော။

“ဘာလို့ မဖြစ်နိုင်ရမှာလဲ.. အရင်က စမ်းမထုတ်ရသေးပေမယ့်.. လူတွေ ကြိုက်မကြိုက် ဘယ်လို သိမလဲ.. ပြီးတော့ အသီးအနှံတွေနဲ့ ဖျော်ရည်တွေ ထည့်မယ်ဆိုရင် ငါတို့ရဲ့ ဒိန်ချဉ် အဟာရတန်ဖိုး တိုးလာအုံးမယ်.. လူတွေ .. အထူးသဖြင့် မိဘာတွေ စိုးရိမ်နေတာက အဲ့အဟာရ တန်ဖိုးပဲ..”

ထိုစိတ်ကူးများမှာ ဖုန်းယွီ ယခင်ဘဝက လီဟဟ ထုတ်လုပ်ခဲ့ခြင်းများသာ ဖြစ်သည်။ ကျုံးချင်ရှန့် ဤစကား ကြားသည့်အချိန် မည်သည့်အတွက် သံသယများ ဝင်နေသနည်း။

“အင်း.. ဟုတ်ပြီလေ.. သုတေသနလုပ်ဖို့ ငါ့လူတွေခိုင်းပြီး ဈေးကွက် သုတေသနလဲ လုပ်လိုက်မယ်..”

ထိုကောင် ကျုံးချင်ရှန် ယခုထိ မယုံကြည်သေးချေ။

“ငါတို့ရဲ့ ကယ်လ်စီယမ်နို့က ဒိန်ချဉ်အဟာရဆိုတာ အရင်က ပြောဖူးတယ်လေ.. ဒါပေမယ့် ဒီထုတ်ကုန်ကို စထုတ်တာ ကလေးတွေအတွက်ပဲလေ.. ကလေးငယ်တွေ ဒိန်ချဉ်သောက်ရတာ မကြိုက်ဘူးထင်လား.. ပုလင်းတွေ ထပ်ကြီး ထုတ်လုပ်ပြီး ဒီဖျော်ရည်ရဲ့ အဟာရတန်ဖိုးတွေ မြှင့်ဖို့ အကြံပေးထားတယ်လေ.. ဗီတာမင် (A)နဲ့ (D) ကိုသာ ကန့်သတ်မထားနဲ့.. ငါတို့က ဗီတာမင်တွေနဲ့ တခြား အဟာရတွေ ပိုထည့်ပေးလို့ရတယ်.. ငါတို့ ထုတ်ကုန်မှာ ပါတဲ့ အဟာရကို လူ့ခန္ဓာကိုယ်ကနေ အလွယ်တကူ စုပ်ယူနိုင်တယ်ဆိုတာ စားသုံးသူတွေကို အသိပေးရမယ်.. အဲ့ကိစ္စ မင်း စဉ်းစားဖူးလား..”

“မန်နေဂျာဖုန်း.. ငါ အဲ့ဒါကို ဈေးကွက် သုတေသန လုပ်ထားတယ်.. အရွယ်ရောက်ပြီးသူ တော်တော်များများ ဒါကို သောက်ရတာ ကြိုက်ပြီး လူအများစုကတော့ မဝယ်ချင်ကြဘူး.. အများစုက ကာဗွန်နိတ်ဖော်ရည်တွေ ကြိုက်ကြတယ်.. အဲ့လု ဈေးကွက်မရှိလို့ ဒိန်ချဉ်ပုလင်းကြီးတွေ ထုတ်မှာ မဟုတ်ဘူး..”

ဟမ်..။ ဈေးကွက် သုတေသနလော။ ဒိန်ချဉ်ဖျော်ရည်ကို မည်သူမှ မကြိုက်ကြဘူးလော။ ယခု ခေတ်စားနေသည့် ဒိန်ချဉ်အချိုရည်များ ဈေးကွက်မရှိဘူးလော။

အာ… ကလေးများသာ အရသာရှိ၍ သောက်သဖြင့် နာမည်ကြီးနေသည်လော။

“ကလေးတွေလဲ ပုလင်းကြီး သောက်နိုင်တာပဲ.. ငါက အကြံပြုယုံပါပဲ.. လုပ်တာမလုပ်တာ မင်းအပိုင်းပဲ.. ငါ အတန်း တက်ရအုံးမယ်.. ဘိုင့်ဘိုင်..”

ဖုန်းယွီ အမြန် ဖုန်းချလိုက်သည်။ တီထွင် ဖန်တီးသူ တစ်ယောက်အနေဖြင့် မိမိ စံချိန်များ ချိုးလုနီးပါး ဖြစ်နေပေပြီ? နောင်တွင်လည်း တစ်ယောက်ယောက်သည် တီထွင်ဖန်တီးနိုင်စွမ်းရှိသူသည် မည်သို့ ဆုံးရှုံးနိုင်မည်နည်း။

-------*****--------

ဘာသာပြန်သူ . (ငတက်ပြား)

All Chapters