← Chapters

တစ်မြို့လုံး၏စွမ်းအား

Vol. 015 Ch. 1459

တစ်မြို့လုံး၏စွမ်းအား

Vol. 015 Ch. 1459

တိတ်ဆိတ်နေသည့် နေရာတစ်ခုလုံးတွင် တန်ခိုးရှင်များသည် တစ်ချိန်တည်းတွင် နောက်သို့ ဆုတ်ခွာသွားရသည့် ပုဂ္ဂိုလ်နှစ်ဦးကို စောင့်ကြည့်နေကြသည်။

ကောင်းကင်တစ်ခွင်ကို ဖုံးလွှမ်းနေသော ပြင်းထန်သည့် လေပွေက တဖြည်းဖြည်း ပျောက်ကွယ်လာကာ မကြာခင်၌ အပြီးတိုင် ပျက်ပြယ်သွားတော့သည်။ လေထုအတွင်းတွင် မည်သည့် အသံမှာ မရှိတော့ဘဲ  ချောက်ချားဖွယ် တိတ်ဆိတ်မှုကသာ ကြီးစိုးနေသည်။

နှစ်ယောက်လုံး ဒဏ်ရာရသွားဟန် တူသော်လည်း သူတို့က မည်သို့ ဒဏ်ရာ ရရှိသွားကြသနည်း။

ထိုအချိန်၌တွင်ပင် သူတို့က အချင်းချင်း စိုက်ကြည့်နေဆဲ ဖြစ်သည်။ ကောင်းကင်အာဏာစက်ဘုံ၏ အားအကောင်းဆုံး ဆက်ခံသူနှစ်ဦးသည် ဤတိုက်ပွဲ၌ အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်။

ကောင်းကင်အာဏာစက် နတ်ဘုရားဆင်းသက်ခြင်းသည်ပင် ဂူတုံးလျိုကို ဖိနှိပ်နိုင်စွမ်းမရှိသည်လားဟု တန်ခိုးရှင်များကတွေးလိုက်ကြသည်။ ထိုသည်က ဂူတုံးလျှိုကို ဂူထျန်းရှင်း ပေးခဲ့သော အမွေအနှစ်ပင် ဖြစ်သည်။ လအနည်းငယ်အတွင်းမှာပင် သူသည် အဆင့်များစွာကို ကျော်လွန်ပြီး ပြန်လည်မွေးဖွားခြင်းအဆင့်သို့ ရောက်ရှိသွားသည်။

ပြန်လည်မွေးဖွားခြင်းအဆင့်သို့ ဝင်ရောက်သွားပြီးနောက် တိုက်ပွဲတွင် ကောင်းကင်အာဏာစက် ပြည်ထောင် အိမ်ရှေ့စံ ရီထျန်းယွိကို မရှုံးနိမ့်ခဲ့ပေ။

ဟောက်ထျန်းမြို့၏ လူများက ရွှင်မြူးနေကြပြီး သူတို့သည် အတော်လေး တက်ကြွလာနေကြပုံရသည်။ သူတို့သည် ဤတိုက်ပွဲ၌ သေချာမှု မရှိခဲ့ကြပေ။ အထူးသဖြင့် ကောင်းကင်အာဏာစက် နတ်ဘုရားပညာရပ် ထွက်ပေါ်လာသည့်အခါ၌ ဖြစ်ပေသည်။ ကောင်းကင်အာဏာစက် နတ်ဘုရားပညာရပ် ထွက်ပေါ်လာသည့်အခါ သူတို့အားလုံးသည် ဂူတုံးလျှို ရှုံးနိမ့်မည်ဟု တွေးထင်ခဲ့ကြသည်။ ဂူတုံးလျှိုက ထူးခြားသော အမွေဆက်ခံသူ ဖြစ်ခဲ့လျှင်ပင် သူက ရရှိခဲ့သည်မှာ အချိန်ခဏသာ ရှိနေသေးပေသည်။ ရီထျန်းယွိသည် ပြန်လာသည့်တိုင်အောင် နှစ်ပေါင်းများစွာ ကျင့်ကြံနေခဲ့ပြီး သူ၏ ပြန်လည်မွေးဖွားခြင်း ရှန့်ခိုအဆင့်သည် တည်ငြိမ်သော အခြေအနေ ရှိနေပြီ ဖြစ်သည်။

ထို့ပြင် သူ၏ ကျင့်စဉ်သည် တစ်ချိန်က ကောင်းကင်အာဏာစက်ဘုံတွင် အားအကောင်းဆုံး အမွေအနှစ်ဖြစ်ခဲ့တာကြောင့် မည်သူကမှ ဤတိုက်ပွဲတွင် မည်သည့်အရေးသာမှုမှ ရှိမနေဟု တွေးထင်ခဲ့ကြသည်။

ဂူတုံးလျှိုက ဤတိုက်ပွဲတွင် မရှုံးနိမ့်ခဲ့သည်ကပင် လုံလောက်နေပြီဖြစ်သည်။

ဂူတုံးလျှိုက အချိန်ယူပြီးနောက် သူ၏ အဆင့်ကို တည်ငြိမ်အောင် လုပ်၍ ဂူထျန်းရှင်း၏ အမွေဆက်ခံသူအဖြစ် စွမ်းအားကို အပြည့်အဝ အသုံးချနိုင်ခဲ့ပါက သူသည် ပို၍ အစွမ်းထက်လာလိမ့်မည် ဖြစ်သည်။ ထိုအချိန်သို့ ရောက်ပါက သူသည် ရီထျန်းယွိအား ရှုံးနိမ့်စေရန် ပို၍ ယုံကြည်ချက်ရှိလာလိမ့်မည် ဖြစ်သည်။

ဤ ပြိုင်ဘက်အဖြစ် ချည်နှောင်ခံထားရသော နှစ်ဦးကြားမှ ကံကြမ္မာသည် ဂူတုံးလျှိုသည် အရေးနိမ့်မည့်သူ ဖြစ်လိမ့်တော့မည် မဟုတ်ပေ။

များပြားလှသည့် လူများမှာ ကောင်းကင်အာဏာစက် ပြည်ထောင်၏ အိမ်ရှေ့စံထံ ကြည့်လိုက်ကြသည်။ ဤတိုက်ပွဲအတွင်း ကောင်းကင်အာဏာစက် ပြည်ထောင် အိမ်ရှေ့စံ ရီထျန်းယွိသည် ကိုယ်တိုင် တိုက်ခိုက်ကာ ကောင်းကင်အာဏာစက် နတ်ဘုရားပညာရပ်ကဲ့သို့သော စွမ်းရည်မျိုးကို အသုံးပြုလျှင်ပင် ဂူတုံးလျှိုအား ရှုံးနိမ့်စေရန် ကျဆုံးခဲ့ပေသည်။ ခရမ်းရင့်ကောင်းကင်နန်းတော်နှင့် ကောင်းကင်အာဏာစက် ပြည်ထောင်သည် ယနေ့ ဖြစ်သည့် ပြဿနာအား မည်သို့ ဖြေရှင်းမည်ကို မည်သူမှ မသိကြပေ။

အနည်းဆုံး ကောင်းကင်နတ်တံခါး၏ စိတ်ဓာတ်အား ရိုက်ချိုးရန် ကျရှုံးခဲ့ပေသည်။

ဝမ်ယန်ပင်းက ရှုံးနိမ့်ခဲ့လျှင်ပင် ရီဖူရှင်းက ပြိုင်ဘက်ကိုးယောက်ကို တစ်ကိုယ်တော် တိုက်ခိုက်ကာ အနိုင်ရခဲ့သည့်အတွက် ဂူတုံးလျှိုသည်လည်း  ရှုံးနိမ့်လိမ့်မည် မဟုတ်ပေ။

ခရမ်းရင့်ကောင်းကင်နန်းတော်၏ အားအကောင်းဆုံး ပုဂ္ဂိုလ် မဟာလမ်းစဉ် အထွတ်အထိပ် ခန္ဓာပိုင်ရှင် ကျန်းယွမ်သည်တော့ ရီဖူရှင်းထံ၌ တစ်ကြိမ်ရှုံးနိမ့်ခဲ့သည့် အတွက် နောက်ထပ် တိုက်ပွဲသည်လည်း အချည်းနှီး ဖြစ်သွားနိုင်ပေသည်။

“မင်းက ဝိညာဉ်ကိုတောင် လမ်းစဉ်နဲ့ ပျော်ဝင်စေခဲ့တာပဲ။ အတော်သတ္တိကောင်းတယ်” သူတို့ နှစ်ယောက် လူချင်းကွဲပြီး နောက်ဆုံး၌ ရီထျန်းယွိက ပြောလိုက်သည်။ သူက ဂူတုံးလျှိုကို ကြည့်ကာ ပြောလိုက်၏။ “ကြည့်ရတာ ဂူထျန်းရှင်း လုပ်ခဲ့တာတွေက အချည်းနှီးတော့ မဖြစ်ဘူးပဲ”

ထိုစကားများကို ပြောပြီးနောက် သူသည် ပြန်လှည့်ကာ အဝေးသို့ ထွက်သွားခဲ့သည်။ သူက ဂူတုံးလျှို နှင့် ဆက်လက်တိုက်ခိုက်ခြင်း မရှိတော့ပေ။ သူ ပြန်လှည့်သွားသည့်အခါ သူ၏ မျက်နှာက အနည်းငယ် ဖြူဖျော့နေသော်လည်း သူ့အကြည့်တို့က ခိုင်မာပြတ်သားနေကာ သူ၏ ဆံပင်ရှည်တို့က လေနှင့်အတူ လွင့်မျောနေသည်။

ဤတိုက်ပွဲတွင် သူက ဒဏ်ရာရရှိခဲ့သည်။ ဂူတုံးလျှို၏ နောက်ဆုံးတိုက်ခိုက်မှုက သူနှင့် ထိပ်တိုက်တွေ့ဆုံခဲ့ပြီး နှစ်ဖက်လုံး ဆိုးဝါးစွာ ဒဏ်ရာရရှိခဲ့သည်။

ဂူတုံးလျှိုက သူ့ လှည့်ထွက်သွားသည်ကို မြင်သည့်အတွက် သူသည်လည်း မည်သည့်စကားမှ မဆိုဘဲ လှည့်ထွက်သွားတော့သည်။

မည်သည့် စကားမဆို အချည်းနှီး ဖြစ်ပေလိမ့်မည်။ သူက ဤ တိုက်ပွဲအတွင်း၌ အိမ်ရှေ့စံကို မရှုံးနိမ့်စေခဲ့သော်လည်း နောက်ထပ် တိုက်ပွဲ၌ သူတို့ ပြန်တွေ့ကြသည့်အခါ သူက ပ်ု၍ အားကောင်းသန်မာနေမည်ဟု ယုံကြည်ပေသည်။

သို့သော် သူသည်လည်း ရီထျန်းယွိ၏ ခွန်အားကို သတိပြုမိပေသည်။ သူက ကောင်းကင်အာဏာစက် ပြည်ထောင်၏ အိမ်ရှေ့စံပင် ဖြစ်သည်။ သူက အထွတ်အထိပ်၌ ရပ်တည်ရန် မွေးဖွားလာခဲ့သည်။ သူကသာ အလွယ်တကူ ရှုံးနိမ့်သွားပါက ကောင်းကင်အာဏာစက် ပြည်ထောင်၏ အိမ်ရှေ့စံ ဖြစ်လိမ်တော့မည် မဟုတ်ပေ။

ထိုအချိန်တွင် သူ့ခန္ဓာကိုယ်ရှိ သွေးများက ဆူပွက်နေပြီး သူ၏ အသက်ဓာတ်များကလည်း ဖရိုဖရဲ ဖြစ်နေသည်။ ဂူတုံးလျှို၏ ဒဏ်ရာက အသေးအမွှားမဟုတ်ပေ။ သူသာ ဆက်လက်တိုက်ခိုက်နေပါက အနိုင်ရရန် မသေချာတော့သလို ရီထျန်းယွိသည်လည်း အကြွင်းမဲ့ ယုံကြည်မှု ရှိမနေခဲ့ပေ။

ဤတိုက်ပွဲသည် ထိုနေရာ၌ ရပ်တန့်သွားခဲ့သည်။

နောက်ဆုံးသော ထိပ်တိုက် တိုက်ခိုက်မှုက သူတို့ ကိုယ်တိုင်ပင်လျှင် ထိန်းချုပ်နိုင်စွမ်းမရှိခဲ့ပေ။ သူတို့သာ တစ်ဖန် ထပ်၍ တိုက်ခိုက်ပါက အဆုံးသတ်က မည်သို့ ဖြစ်လိမ့်မည်ကို မည်သူမှ မသိရှိပေ။

သူတို့ ပြန်သွားပြီးနောက်၌ နေရာတစ်ခုလုံးက တစ်ဖန် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

ဟောက်ထျန်းမြို့၏ တန်ခိုးရှင်များသည် ထိုအစွမ်းထက် ပုဂ္ဂိုလ်များကို ကြည့်လိုက်ကြသည်။ သူတို့သည် အရာအားလုံး မည်သို့ ပြောင်းလဲသွားမည်ကို ဆုံးဖြတ်နိုင်စွမ်းရှိမည့်သူ ဖြစ်သည်။

ကောင်းကင်ပြစ်ဒဏ်နန်းတော်၏ နန်းတော်သခင်နှင့် ကောင်းကင်အာဏာစက် ပြည်ထောင်၏ နတ်စစ်သူကြီးတို့က စကားမဆိုခဲ့ပေ။ သူတို့သည် ထိုနေရာ၌ တိတ်ဆိတ်စွာ ရပ်နေသော်လည်း အလွန် ထိုင်းမှိုင်း စိတ်ပျက်ဖွယ် လေထုက ကောင်းကင်နှင့် မြေကြီးအကြား ဖြစ်ပေါ်နေကာ လူအများကို အလွန် သက်သောင့်သက်သာ မဖြစ်စေရန် ပြုလုပ်ပေးနေသည်။

ကောင်းကင်နှင့် မြေကြီးက တစ်ဖန် ပြိုကျလာခဲ့သလို တိတ်ဆိတ်မှုက ကြီးစိုးနေပြီး ဤတစ်ကြိမ်၌ ပို၍ပင် ထူးဆန်းနေခဲ့သည်။ ယခင်တစ်ခေါက် တိတ်ဆိတ်မှုသည် ထိပ်သီးပုဂ္ဂိုလ် နှစ်ဦးအကြား တိုက်ပွဲအဆုံးသတ်ကြောင့် ဖြစ်သည်။ သို့ဆိုလျှင် ယခုတစ်ခေါက်တွင် မည်သည့်အတွက်ကြောင့်နည်း။

မည်သူကမှ စကားမဆိုခဲ့ကြပေ။ ထိုပုဂ္ဂိုလ်ကြီးများက မည်သည့်စကားမှမဆိုသည့်အတွက် လူတိုင်းလည်း ပါးစပ်ပိတ်ထားကြခြင်း ဖြစ်သည်။

ထိုအချိန်တွင် ဂူတုံးလျှိုသည် ကောင်းကင်နတ်တံခါးဂိုဏ်းမှ ခေါင်းဆောင်နှစ်ဦးကို ဖြတ်ကျော်သွားခဲ့သည်။ ကျန်းကလန်ခေါင်းဆောင်က သူ့ကို ခေါင်းညိတ်လိုက်ပြီးနောက် ကောင်းကင်တစ်နေရာကို မော့ကြည့်ကာ ပြောလိုက်သည်။ “ခင်ဗျားတို့ နှစ်ယောက် ရောက်နေမှတော့ ဘာလို့ ပုန်းကွယ်နေတာလဲ”

ကျန်းကလန်ခေါင်းဆောင်၏ စကားကို ကြားသည့်အခါ လူအများက တုန်ယင်သွားကြသည်။

ရောက်ရှိနေသည်လား။

ထို့ပြင် နှစ်ယောက်ဟု ပြောလိုက်သည်။

ထိုခဏ၌ လူတိုင်း၏ စိတ်ထဲတွင် အတွေးတစ်ခု ဝင်လာပြီး သူတို့၏ နှလုံးသားများကို တုန်ယင်သွားစေသည်။

ထိုပုဂ္ဂိုလ်ကြီးနှစ်ဦးမှ လွဲ၍ ကောင်းကင်နတ်တံခါးဂိုဏ်း၏ ခေါင်းဆောင်နှစ်ဦး စိတ်ကို ဆွဲဆောင်နိုင်ကာ တိုက်ခိုက်မှုအား အမှောင်တွင်းမှ စောင့်ကြည့်နိုင်မည်နည်း။

ထိုအချိန်တွင် မွန်းကျပ်ဖွယ် လေထုအခြေအနေက ပို၍ အားကောင်းလာသည်။ ယင်းက ဤနေရာ၌ အခြေခံလာနေသည်။

လူအများ၏ နှလုံးသားက လျင်မြန်စွာ ခုန်လှုပ်နေသည်။ လောကကြီးတစ်ခုလုံးက မိုးကြိုးကမ္ဘာအသွင် ပြောင်းလဲသွားသည်ဟု ထင်မှတ်ရသည့်အတွက် သူတို့သည် ကောင်းကင်ကို မော့ကြည့်လိုက်ကြသည်။ ထိုနေရာ၌ အဆုံးမဲ့ မိုးကြိုးများဖြင့် ဖုံးလွှမ်းထားသည့် မိုးကြိုးနယ်မြေတစ်ခု ဖြစ်ပေါ်နေကာ ထိုအတွင်းတွင် လက်ကို နောက်ပစ်ကာ ရပ်နေသည့် ပုဂ္ဂိုလ်တစ်ဦး ရှိနေသည်။ သူ့တွင် ထူးခြားသည့် အရှိန်အဝါရှိသည်။

သူသည် ခရမ်းရင့်ကောင်းကင်နန်းတော်၏ အရှင်သခင်ဖြစ်သည်။

“ဒါက...”

မရေတွက်နိုင်သည့် လူများသည် ကောင်းကင်သို့ မော့ကြည့်လိုက်ကြသည်။ သူက ဤကျယ်ပြောလှသည့် နေရာတစ်ခုလုံးကို မိုးကြိုးကမ္ဘာအဖြစ် ပြောင်းလဲပစ်ချင်နေသည်လား။ သူ၏ အတွေးတစ်ချက်နှင့်ပင် လောကကြီးက ပျက်စီးခြင်းသို့ ဆိုက်ရောက်သွားတော့မလို ဖြစ်သည်။

အခြားသော ပုဂ္ဂိုလ်တစ်ဦးသည်လည်း နောက်ထပ် နေရာတစ်ခု၌ ရပ်နေသည်။ သူသည် နတ်ဘုရားတစ်ပါးနှင့် တူပြီး တစ်ကိုယ်လုံးကို တောက်ပသည့် အလင်းတို့နှင့် လွှမ်းခြုံထားကာ သူ၏ ခန့်ညားထည်ဝါမှုက နှိုင်းယှဉ်၍ မရနိုင်ပေ။ သူက ဖြစ်တည်မှုအားလုံး၏ ဘုရင်နှင့် တူပေသည်။

သူက ကောင်းကင်အာဏာစက်ဘုံ၌ အစွမ်းထက်ဆုံး ပုဂ္ဂိုလ်များထဲမှ တစ်ယောက်ဖြစ်သည့် ကောင်းကင်အာဏာစက် ပြည်ထောင်ဘုရင် ဖြစ်သည်။

ထိုအစွမ်းထက်သည့် အထွတ်အထိပ်ပုဂ္ဂိုလ်နှစ်ဦးက တစ်ချိန်တည်း ရောက်ရှိလာပေသည်။ သူတို့က မူလတောင်တန်းတွင် ဂူထျန်းရှင်း၏ တိုက်ခိုက်မှုကြောင့် ဒဏ်ရာ အချို့ ရရှိခဲ့ကြပေသည်။ ယခုတွင် သူတို့သည် ကောင်းကင်နတ်တံခါးကို တိုက်ရိုက် ရောက်ရှိလာကြသည့်အတွက် ပြန်လည်ကောင်းမွန်လာပြီဟု ထင်မှတ်ကြရပေသည်။

အားကောင်းလှသည့် အသက်ဓာတ်များက နတ်တံခါးမှ တိမ်တိုက်များအတွင်း တစ်ဟုန်ထိုး ဝင်ရောက်သွားကာ မရေတွက်နိုင်သည့် နတ်အလင်းတန်းများကို ထုတ်လွှတ်၍ ကောင်းကင်တစ်ခွင်ကို လွှမ်းခြုံလာသည်။

ကျန်းကလန်ခေါင်းဆောင်က ကောင်းကင်မှ နှစ်ယောက်ကို မော့ကြည့်လိုက်ပြီး ပြောသည်။ “ဘာကိစ္စရှိလို့လဲ”

“ကျုပ်တို့က ဒီကို လူကိုယ်တိုင် လာမေးတာ” ခရမ်းရင့်ကောင်းကင်နန်းတော်သခင်က ပြောလိုက်သည်။

“ကောင်းကင်နတ်တံခါးက ခင်ဗျားတို့ လူကိုယ်တိုင်လာတာကို မလိုချင်မှာ စိုးမိတယ်” ကျန်းကလန်ခေါင်းဆောင်က တုံ့ပြန်လိုက်သည်။

“အတိတ်မှာ ကောင်းကင်နတ်တံခါးဂိုဏ်းက ဂူကလန်ကို သစ္စာဖောက်ခဲ့တယ်။ ဒါပေမဲ့ အခု ဘာကြောင့် ဂူကလန်က မျိုးဆက်ကို ပြန်လာခွင့်ပြုခဲ့တာလဲ။ ကျုပ်တို့က လူကိုယ်တိုင်လာတာမို့လို့ ကျေးဇူးပြုပြီး သူ့ကို ကျုပ်တို့ဆီ လွှဲပေးလိုက်ပါ။ ကျုပ်တို့က ကောင်းကင်နတ်တံခါးကို နောက်တစ်ခါ ထပ်မတိုက်ခိုက်ချင်ဘူး” ခရမ်းရင့်ကောင်းကင်နန်းတော် အရှင်သခင်က ပြောလိုက်သည်။ သူ၏ တည်ငြိမ်သော အသံထဲ၌ ခြိမ်းခြောက်မှုတို့ ပါဝင်နေသည်ကို ခံစားရနိုင်သည်။

ထို့ပြင် သူကလည်း ကောင်းကင်နတ်တံခါးဂိုဏ်းက အတိတ်တွင် ဂူကလန်အား သစ္စာဖောက်ခဲ့သည်ဟု စောင်းပါးရိပ်ခြေ ပြောဆိုနေသည်။ သူက ကောင်းကင်နတ်တံခါးကို ဂူတုံးလျှိုနှင့် ခွဲထုတ်ရန် ကြိုးစားနေသည်။ ဂူတုံးလျှိုက သူတို့ကို မယုံကြည်လျှင်ပင် ကြိမ်ဖန်များစွာ ပြောဆိုပါက သူ့နှလုံးသား၌ အက်ရာထင်လာပေလိမ့်မည်။

“ခင်ဗျားက လာဖို့ ဆန္ဒမရှိဘူးထင်ရတယ်။ ဘာကြောင့် ရောက်လာတာလဲ။ ပြန်သွားပါတော့” ကျန်းကလန်ခေါင်းဆောင်က ပြောလိုက်သည်။

ဘုန်း … ကောင်းကင်ပေါ်ရှိ ကောင်းကင်အာဏာစက် ပြည်ထောင်ဘုရင်သည် ရှေ့သို့ လှမ်းလိုက်ကာ ပြင်းထန်၍ ထည်ဝါသည့် အဆုံးမဲ့ အရှိန်အဝါတို့ဖြင့် ဖိနှိပ်လာသည်။ သူ့နောက်တွင် များပြားလှသော ရန်ဟောင်အဆင့် တန်ခိုးရှင်များ ထွက်ပေါ်လာလေသည်။ သူတို့သည် ခြေတစ်လှမ်းတည်းနှင့် ကောင်းကင်ကို တုန်ခါစေရန် လုပ်ဆောင်နိုင်ပြီး ကောင်းကင်အောက်ဘက်ရှိ မရေတွက်နိုင်သော လူများမှာ သေဆုံးခြင်းအရိပ်အငွေ့တို့အား ခံစားမိပေသည်။

လူအများတို့သည် အနည်းငယ် တုန်ယင်နေကြသည်။

ကောင်းကင်အာဏာစက် ပြည်ထောင်က စစ်ဖြစ်ရန် အသင့်ဖြစ်နေခဲ့ပြီလား။

“ကျုပ်က သူ့ကို ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ် အဝေးခေါ်သွားမယ်ဆိုရင် ဘယ်လိုလဲ” ကောင်းကင်အာဏာစက် ပြည်ထောင်ဘုရင်က မောက်မာစွာ ပြောလိုက်ပြီး သူ့အသံသည် အဆုံးမဲ့ ကောင်းကင်တစ်ခွင်ကို လွှမ်းမိုးသွားခဲ့သည်။ လူအများတို့က သူ့ခန္ဓာမှ ထွက်ပေါ်နေသည့် သတ်ဖြတ်ခြင်းအငွေ့အသက်တို့ကို ခံစားမိကာ သူ့ကို ကြည့်နေကြပြီး သူ၏ စွမ်းအားများက ဤနေရာ၌ အမှန်တကယ် စစ်ပွဲစတင်တော့မည်ဟု လောကတစ်ခုလုံးအား ခံစားမိစေရန် ပြုလုပ်နေသည်။

ထိုမျှမကဘဲ သူက ရီထျန်းယွိ ဆုတ်ခွာသွားပြီးနောက်၌ သူက ချက်ချင်းပင် ရန်ဟောင်များကို ခေါ်ဆောင်ကာ ထွက်ပေါ်လာခဲ့သည်။

လူတိုင်း ခန့်မှန်းသည်က မှားယွင်းနေသလား။

လူတိုင်း၏ နှလုံးသားများက မြန်ဆန်စွာ ခုန်လှုပ်နေသည်။ သူတို့က စစ်ပွဲဖြစ်ရန် ကြိုတင်ပြင်ဆင်ထားသည့်အတွက် သူတို့၏ လူများအား ရီထျန်းယွိကို အဝေးသို့ ခေါ်ဆောင်သွားရန် အမိန့်ပေးထားခဲ့သည်လား။

ဘုန်း.. မိုးကြိုးအလင်းများက ကောင်းကင်တစ်ခုလုံးကို လွှမ်းမိုးကာ အလင်းတန်းများကို ထုတ်လွှတ်နေပြီး ကောင်းကင်နတ်တံခါးတစ်ခုလုံးကို မိုးကြိုးအလင်းများအောက်၌ ဖုံးလွှမ်းထားလိုက်သည်။

“ခရမ်းရင့်ကောင်းကင်နန်းတော်က ဒုတိယဂူထျန်းရှင်း ပေါ်ပေါက်လာမှာကို မမြင်လိုဘူး” ကောင်းကင်နန်းတော်သခင်က ပြောလိုက်သည်။ ဤအထွတ်အထိပ်အဆင့် ပုဂ္ဂိုလ်နှစ်ဦးက လူကိုယ်တိုင် တိုက်ခိုက်ကြတော့မည် ဖြစ်၏။

ဖျက်ဆီးခြင်း မိုးကြိုးလမ်းစဉ်က ဆက်တိုက်ပင် ကျဆင်းလာနေသည်။ သူ့နောက်မှ ရန်ဟောင်ပုဂ္ဂိုလ်များ လိုက်ပါလာကြပြီး တစ်ချိန်တည်း ခြေနင်းကြလိုက်ခြင်းက ကောင်းကင်တစ်ခွင်လုံးကို ပြိုကျသွားစေတော့မတတ် ဖြစ်သည်။

“သွားကြစို့” တစ်ယောက်က ပြောလိုက်သည်။ အောက်ဘက်ရှိ တန်ခိုးရှင်များသည် ပုံမှန်မဟုတ်သည့် တစ်ခုခုကို ခံစားမိလိုက်သည်။ သူတို့က စစ်ပွဲစတင်ရန် လုပ်ဆောင်နေကြသည်လား။

စစ်ပွဲက တစ်ကြိမ်စတင်လိုက်ပါက သူတို့ကိုယ်တိုင်တင်မကဘဲ မြို့တစ်မြို့လုံးကို သက်ရောက်မှု ရှိစေမည်ဖြစ်ကာ အနီးအနားရှိ မြို့များကိုပင် အကျအဆုံးများ ဖြစ်ပေါ်လာစေပေမည်။

လူအများသည် ကြောက်ရွံ့လာကြပြီး ဘေးလွတ်ရာသို့ ပြောင်းရွှေ့ရန် ပြင်ဆင်နေကြသည်။

လူတိုင်းသည် စစ်ပွဲအငွေ့အသက်များကို ထုတ်လွှတ်နေကြသည်။

ကျန်းကလန်ခေါင်းဆောင်က ကောင်းကင်သို့ မော့ကြည့်လိုက်ပြီးနောက် သူ၏ အကြည့်များက ဟွားကလန်ခေါင်းဆောင်နှင့် သူ့နောက်မှ တန်ခိုးရှင်များထံ ကျရောက်သွားသည်။ သူက ပြောလိုက်၏။ “အရင်တုန်းက တိုက်ပွဲမှာ ကျုပ်တို့က ကိုယ့်အကျိုးအမြတ်အတွက် ကိုယ် ရွေးချယ်ခဲ့ပြီး တချို့အရာတွေကို စွန့်ပစ်ခဲ့တယ်။ ဒီနေ့ နှစ်ပေါင်းများစွာ ကြာပြီးနောက်မှာ အရင်တုန်းက အချိန်ကို တစ်ဖန် ပြန်ရောက်လာခဲ့ပြီ”

ထိုတိုက်ပွဲ၌ ဂူကလန်က ချေမှုန်းခံခဲ့ရသည်။ သူတို့က ဂူကလန်ကို သစ္စာဖောက်ကာ ဂူကလန်အား ပျက်စီးခြင်းသို့ ရောက်စေခဲ့သည်။

ယနေ့တွင် မည်သို့ဖြစ်မည်နည်း။

သူတို့က ယခင်က သမိုင်းကြောင်းအတိုင်း ဂူတုံးလျှိုကို လက်လွှဲပေးလိုက်ပြီး ကောင်းကင်နတ်တံခါးဂိုဏ်း၏ အရည်အချင်းရှိသည့် အောင်မြင်ရန် အလားအလာအရှိဆုံး ဂူကလန် နောက်ဆုံးမျိုးဆက်ကို စတေးပစ်လိမ့်မည်လား။

“ကောင်းကင်နတ်တံခါးဂိုဏ်းက တပည့်တွေ ဘယ်သူ တိုက်ခိုက်ချင်ကြလဲ” ကျန်းကလန်ခေါင်းဆောင်က ဟစ်ကြွေးလိုက်ပြီး သူ့အသံက ကောင်းကင်နတ်တံခါးတစ်ခွင်ကို ပျံ့နှံ့သွားခဲ့သည်။

နတ်တံခါးတွင် အလင်းများ ပေါက်ကွဲထွက်လာသည်။ တောက်ပသည့် ရန်ဟောင်အရှိန်အဝါများ ထွက်ပေါ်လာကာ မရေတွက်နိုင်သည့် တန်ခိုးရှင်များ ကောင်းကင်သို့ ခြေချလာကြသည်။

“ကျွန်တော် တိုက်ခိုက်ချင်ပါတယ်”

“တိုက်ခိုက်ချင်ပါတယ်”

“......”

အသံများက နေရာအနှံ့မှ ထွက်ပေါ်လာသည်။ ကောင်းကင်နတ်တံခါးတစ်ခွင်တွင် ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု ဖြစ်တည်လာသည်။

“ကောင်းကင်နတ်တံခါးဂိုဏ်း တပည့်တွေက သေဆုံးတဲ့အထိ တိုက်ခိုက်တာကို ရပ်တန့်မှာမဟုတ်ဘူး” ကျန်းကလန်ခေါင်းဆောင်က ဆက်ပြောလိုက်သည်။ ယခုချိန်တွင် ဂူတုံးလျှိုက အသက်ရှင်ကျန်ကို ကျန်ရမည် ဖြစ်သည်။

သူတို့သည် နောက်ဆုံးတစ်ယောက်သာလျှင် ကျန်ရှိသည့်တိုင်အောင် တိုက်ခိုက်မှုကို ရပ်တန့်လိမ့်မည်မဟုတ်ပေ။

“ကျုပ်တို့လည်း တိုက်ခိုက်ချင်ပါတယ်” ထိုအချိန်တွင် ကောင်းကင်နတ်တံခါးအောက်၌ တန်ခိုးရှင်တစ်စု ထွက်ပေါ်လာသည်။ သူတို့သည် ကောင်းကင်နတ်တံခါးသို့ ဝင်လိုခဲ့သည့် ဝမ်ကလန်မှ လူများဖြစ်သည်။

“ကျုပ်တို့လည်း တိုက်မယ်” အဝေးမှ ပိုမိုများပြားသည့် တန်ခိုးရှင်များက အော်ဟစ်လိုက်ကြသည်။ တဖြည်းဖြည်း ကောင်းကင်နတ်တံခါးမှ မရေတွက်နိုင်သည့် တန်ခိုးရှင်များက ကောင်းကင်အာဏာစက် ပြည်ထောင်နှင့် ခရမ်းရင့်ကောင်းကင်နန်းတော်မှ တန်ခိုးရှင်များကို ဝန်းရံလာသည်။

မြို့တစ်မြို့၏ စွမ်းအားမှာ တူညီသော ယုံကြည်မှုကို မျှဝေထားကြခြင်းပင် ဖြစ်သည်။

မမြင်ရသည့် အင်အားတစ်ခုက ဖွဲ့တည်လာပြီး တစ်မြို့လုံး၏ ယုံကြည်မှုက လောကတစ်ခုလုံးကို လွှမ်းမိုးတော့မလိုပင် ဖြစ်သည်။

ထိပ်သီးပုဂ္ဂိုလ်များ ဖြစ်သော ခရမ်းရင့်ကောင်းကင်နန်းတော်သခင်နှင့် ကောင်းကင်အာဏာစက် ပြည်ထောင် နန်းတော်သခင်သည်လည်း ဖိအားကို ခံစားကြရပေသည်။

တစ်မြို့လုံး၏ စွမ်းအား ဖြစ်သည်။

လူအုပ်ကြားတွင် ရပ်နေသည့် ရီဖူရှင်းသည် ထိုမြင်ကွင်းကြောင့် အနည်းငယ် စိတ်ထဲ ထိရှကာ လှုပ်ရှားသွားခဲ့သည်။ ဤတိုက်ပွဲသည် ကောင်းကင်နတ်တံခါး၏ သမိုင်းကြောင့် အမြစ်တွယ်လာခြင်း ဖြစ်သော်လည်း သူ့ အစ်ကိုသုံးအတွက် တိုက်ပွဲလည်း ဖြစ်သည်။

ရှုံးနိမ့်ရခြင်း၏ အကြောင်းပြချက်တိုင်းမှာ အားနည်းသော ယုံကြည်မှုကြောင့် ဖြစ်သည်။

ယနေ့တွင် ဂူတုံးလျှိုက ကောင်းကင်နတ်တံခါး၏ အုပ်ချုပ်သူ မဟုတ်သော်လည်း သူက ဟောက်ထျန်းမြို့၏ မျှော်လင့်ချက်ဟု ဆိုနိုင်ပေသည်။

***

All Chapters