← Chapters

မင်းကပါရမီရှင်တစ်ယောက်ပဲ။အနာဂတ်မှာကြီးမြတ်တဲ့သူတစ်ယောက်ဖြစ်လာမှာပဲ။

Vol. 3 Ch. 31

မင်းကပါရမီရှင်တစ်ယောက်ပဲ။အနာဂတ်မှာကြီးမြတ်တဲ့သူတစ်ယောက်ဖြစ်လာမှာပဲ။

Vol. 3 Ch. 31

ချီမင်က ပြောလိုက်တယ် "ငါက ဘယ်တော့မှ ကတိမဖျက်ဘူး။ မင်း ဝိညာဉ်ဆေးပင်တွေ ပေးပြီးပြီဆိုတော့ ဝင်လို့ရတာပေါ့။ ငါ့စကားကို ဘယ်လိုပြန်ရုတ်သိမ်းရမှာလဲ? မြန်မြန်သွားတော့။ မင်းက ကံကောင်းတဲ့လူ ဖြစ်ရင်ဖြစ်မှာပေါ့။"

ချက်ချင်းကို အစေခံတပည့်က ရင်ဘတ်က ဒဏ်ရာ ကမနာကျင်တော့ဘူးလို့ခံစားလိုက်ရတယ်။ သွေးတွေ ဆက်လက် စီးကျနေ‌ ပေမယ့်နာကျင်မှုက မရှိတော့ပေ။

ထို့အပြင် သူ့ရဲ့ မျက်လုံးတွေမှာ မျှော်လင့်ချက်ရောင်ခြည်တွေ မြင်လိုက်ရသလို တောက်ပနေပြီး "စီနီယာအစ်ကိုချီ၊ စိတ်မပူပါနဲ့။ မင်းကို စိတ်မပျက်စေရပါဘူး။"

"ဘာ?"

ချီမင်ကြောင်သွားပြီး ရင်ဘတ်မှာ သွေးတွေ စီးကျနေတဲ့ အစေခံတပည့်ကို သံသယမျက်လုံး‌တွေနဲ့ကြည့်လိုက်ပြီး တွေးလိုက်တယ်၊ 'သူ ဘာတွေပြောနေတာလဲ? စိတ်မပျက်စေရဘူးဆိုတာ ဘာကိုဆိုလိုတာလဲ? ငါ ဘယ်တုန်းက ဒီလောက်ကြိုးစားအားထုတ်ခဲ့လို့လဲ? ကောင်းကင်ဘုံ! ဒီကောင် ငါ့ဓားနဲ့ ရိုက်ခံလိုက်လို့ ရူးသွားတာလား? သူ ဘာတွေ လျှောက်ပြောနေတာလဲ?'

"သွား၊ သွား!" ချီမင်က အမြန် လက်ဝှေ့ယမ်းလိုက်တယ်။

အဲ့ဒီအစေခံတပည့်ကသူ့ရဲ့ဒဏ်ရာကို ရိုးရိုးရှင်းရှင်းပဲ ပတ်တီးစည်းလိုက်ပြီး အမွေအနှစ်တောအုပ်ဆီကို အမြန်လျှောက်သွားလိုက်တယ်။ဒါပေမယ့် အခြားအစေခံတပည့် တွေက ချီမင်ကို ကျိန်ဆဲနေတဲ့ အသံ တွေက သူ့ရဲ့နားထဲမှာ ပဲ့တင်ထပ်နေတယ်။

"ချီမင်၊ မင်းက အရမ်းရက်စက်တာပဲ။"

"မင်း ဘယ်လိုတောင်လုပ်ရဲတာလဲ?"

"မင်းမှာ ကိုယ်ချင်းစာစိတ်မရှိဘူးလား?"

"ဖယ်၊ ငါတို့ကို ဝင်ခွင့်ပြု။"

"..."

အားလုံးက အော်ဟစ်နေကြတယ်။

"တော်ပြီ၊ ခင်ဗျားတို့အားလုံး ပါးစပ်ပိတ်ကြ!"

အဲ့ဒီအစေခံတပည့်က ရပ်လိုက်တယ်၊ ဘာကြောင့်လဲဆိုတော့သူက တကယ် မခံမရပ်နိုင်တော့၍ ဖြစ်တယ်။ သူ လှည့်ကြည့်လိုက်ပြီး အဲ့ဒီ 'အကျိုးသင့်အကြောင်းသင့်မရှိတဲ့' အစေခံတပည့်‌ တွေကို ဒေါသတကြီး ဟိန်းဟောက်လိုက်တယ် "ခင်ဗျားတို့ အမြင်ကျဉ်းတဲ့ အမှိုက် ကောင်တွေက စီနီယာအစ်ကိုချီမင်က ငါတို့ကို ကူညီနေတယ်ဆိုတာ လုံးဝ မသိကြဘူး။ စီနီယာအစ်ကိုကြီးချီမင်ရဲ့ ကြီးမြတ်မှုကို ခင်ဗျားတို့ လုံးဝ နားမလည်ကြဘူး၊ စီနီယာအစ်ကိုချီမင်ရဲ့ ကောင်းမွန်တဲ့ရည်ရွယ်ချက်ကိုလည်း နားမလည်ကြဘူး။"

"မင်းတို့ မသိကြဘူးလား?"

"ငါတို့ရဲ့ ကျင့်ကြံမှုအဆင့်တွေက ချီသန့်စင်ခြင်း တတိယအဆင့်မှာပဲ ရှိတယ်။ ချီသန့်စင်ခြင်းစတုတ္ထအဆင့် ဒါမှမဟုတ် ပဉ္စမအဆင့်မှာရှိတဲ့ စီနီယာ အစ်ကိုကြီးတွေနဲ့ ဘယ်လိုယှဉ်ပြိုင်နိုင်မှာလဲ?"

"နောက်ဆုံးမှာ ကောင်းကင်ဘုံအကြီးအကဲအမွေအနှစ် တကယ်ပေါ်လာရင်တောင်၊ ချီသန့်စင်ခြင်းအဆင့်ငါးမှာရှိတဲ့ စီနီယာအစ်ကိုတွေရဲ့ လက်ထဲကိုပဲ ရောက်သွားမှာ။ ငါတို့ ကြည့်တောင် ကြည့်ခွင့်ရမှာ မဟုတ်ဘူး။"

"ဒါပေမယ့် အခု..."

"စီနီယာအစ်ကိုချီမင် ပေါ်လာပြီ။"

"သူကဉာဏ်ပညာရှိပြီး ဖြောင့်မတ်တယ်။ သူက သူတစ်ပါးအတွက် ကိုယ်ကျိုးကိုစွန့်တယ်။ သူက ဉာဏ်ပညာရှိပြီး စွမ်းအားကြီးတယ်။ သူက ကောင်းကင်ဘုံအကြီးအကဲအမွေအနှစ်အတွက် တရားမျှတစွာနဲ့ ယှဉ်ပြိုင်နိုင်မယ့်အခွင့်အရေးကို ပေးဖို့အတွက် နာမည်ဆိုး ခံဖို့ ဆန္ဒရှိတယ်။"

" 'ဝိညာဉ်ဆေးပင်' တွေ စုဆောင်းတာက ဟန်ဆောင်မှုသက်သက်ပဲ။ မင်းလက်ထဲမှာရှိတဲ့ ဝိညာဉ်ဆေးပင်အရေအတွက်နဲ့ 'ထိပ်ဆုံး ဆယ်ယောက်' ထဲ ဝင်နိုင်လိမ့်မယ်လို့ တကယ်ထင်နေတာလား?"

"အိပ်မက် မက်မနေနဲ့။"

"နောက်ဆုံးမှာ အဲဒီထဲက ၉၀% နီးပါးကို ဂိုဏ်းက ပြန်ယူသွားလိမ့်မယ်။ ငါတို့ကိုယ်တိုင်က ၁၀% ပဲ ရမှာ။ဆိုတော့ ဝိညာဉ်ကျောက်တုံး ဘယ်လောက် ရောင်းလို့ရမှာလဲ? အခု ငါတို့က ချီမင်အစ်ကိုကြီးဆီ ဝိညာဉ်ကျောက်တုံးတွေ ပေးလိုက်ရုံပဲ၊ ဒါဆိုရင် အမွေအနှစ်တောအုပ်ထဲကို အရင်ဆုံး ဝင်နိုင်ပြီ၊ ကောင်းကင်ဘုံအကြီးအကဲအမွေအနှစ်အတွက် တရားမျှတစွာ ယှဉ်ပြိုင်ဖို့ အခွင့်အရေးကို ရနိုင်ခြေရှိပြီ။"

"ငါက ဒီလိုအခွင့်အရေးအတွက် ဝိညာဉ်ကျောက်တုံး နည်းနည်းပဲ ပေးလိုက်ရတာ။"

"စီနီယာအစ်ကိုချီမှာ ဒီလို ကောင်းမွန်တဲ့ရည်ရွယ်ချက်တွေ ရှိတယ်။ မင်းတို့ သူ့ကို ဒီလို ‌‌ စော်ကားနေတာက ကိုယ့်အသိစိတ် ကိုမနာကျင်စေဘူးလား?"

လူတိုင်း အံ့အားသင့်သွားကြတယ်။

လုံးဝ တိတ်ဆိတ်သွားတယ်!

ပြောရမယ်ဆိုရင်...

အဲ့ဒီအစေခံတပည့်ရဲ့ စကား‌တွေက လက်ရှိ လူတိုင်းကို အံ့အားသင့်သွားစေပြီး ချီမင်ကိုယ်တိုင်တောင် အနည်းငယ် ကြောင်သွားတယ်။ သူက ရင်ဘတ်ကနေ သွေးတွေစီးကျနေတဲ့ အဲ့ဒီအစေခံတပည့်ကို ထူးဆန်းတဲ့အကြည့်နဲ့ ကြည့်လိုက်ပြီး တွေးလိုက်တယ်၊ 'ဒါဆို ငါက ဒီလောက် ကိုယ်ကျိုးမကြည့်တတ်ဖြောင့်မတ်ပြီး၊ ပညာရှိပြီး၊ ဒီလောက် သူရဲကောင်းဆန်တဲ့သူဖြစ်နေတာပဲ! ငါကိုယ်တိုင်တောင် မသိခဲ့ရပါလား!'

"တကယ်လား?"

"မဖြစ်နိုင်ဘူး၊ ဒါ မဖြစ်နိုင်ဘူး..."

"စီနီယာအစ်ကိုချီက တကယ်တော့ ငါတို့ကို ကူညီနေတာလား?"

"ပြန်တွေးကြည့်တော့ သူပြောတာ မှန်တယ်!"

"ဒါ...ဒါ..."

ခဏအကြာတော့သာမန်ကျင့်ကြံမှုအဆင့် လောက်ပဲရှိတဲ့အစေခံတပည့် တွေက အတွေးနက်ထဲ ကျရောက်သွားကြတယ်။ ရင်ဘတ်က‌ နေသွေးထွက်နေတဲ့အစေခံတပည့်ပြောတဲ့စကားက အရမ်း အကျိုးသင့်အကြောင်းသင့် ရှိတယ်လ်ို့ သူတို့ ခံစားလိုက်ရတယ်။

"စီနီယာအစ်ကိုချီ၊ ကျွန်တော် ပေးပါ့မယ်။ ဝိညာဉ်ဆေးပင် ငါးခုလုံး ပေးပါ့မယ်။ အမွေအနှစ်တောအုပ်ထဲ ဝင်ခွင့်ပြုပါခင်ဗျာ။"

"ကျွန်တော်လည်း ပေးပါ့မယ်။"

"ကျွန်တော့်မှာ ဝိညာဉ်ဆေးပင် ရှစ်ခုရှိတယ်။"

"ကျွန်တော်လည်းပဲ။"

"ကျွန်တော့်မှာ ခြောက်ခုရှိတယ်။"

"..."

ခဏလောက် တိတ်ဆိတ်သွားတယ်။

သာမန်ကျင့်ကြံမှုအဆင့်‌ လောက်ပဲရှိတဲ့ အစေခံတပည့်တွေတစ်ဦးပြီးတစ်ဦး သူတို့ကိုယ်တိုင် ဝိညာဉ်ဆေးပင်‌ တွေကို ပေးလာကြတယ်။

"ကျန်းရှစ်ချန်း၊ မင်း ဘာလို့ ဝိညာဉ်ဆေးပင်တွေ မယူသေးတာလဲ၊ သူတို့ကို ဘာလို့ သွားခွင့်မပေးသေးတာလဲ?"

ချီမင်က အော်လိုက်တယ်။

"ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ ဟုတ်ကဲ့။"

"ဟုတ်ကဲ့၊ စီနီယာအစ်ကိုကြီး။"

" အလုပ်ဖြစ်တာလား?!"

ကျန်းရှစ်ချန်းနှင့် အခြားသူတွေ တကယ်အံ့အားသင့်သွားကြတယ်။

"အဟွတ် အဟွတ်။"

ချီမင်က အသာလေး ချောင်းဟန့်လိုက်ပြီးရင်ဘတ်က‌ နေသွေးတွေ စီးကျနေတံ့ အစေခံတပည့်ကို ကြည့်လိုက်ပြီးဖော်ရွေတဲ့အကြည့်ဖြင့် မေးလိုက်တယ် "ဂျူနီယာညီလေး၊ မင်းနာမည် ဘယ်လိုခေါ်တုန်း?"

"စီနီယာအစ်က်ို၊ ကျွန်တော့်နာမည် အပြည့်အစုံက စုယု ပါ။"

ရင်ဘတ်က နေသွေးထွက်နေတဲ့ အစေခံတပည့်က ပြန်ဖြေလိုက်တယ်။

"စုယု။"

ချီမင်က အသာလေး ခေါင်းညိတ်ပြီး တစ်ဖက်လူရဲ့ ပခုံးကို ပုတ်လိုက်တယ်။ "နာမည်မဆိုးဘူးပဲ။ မင်းက ပါရမီရှင်ပဲ။ အနာဂတ်မှာ မထင်မှတ်ထားတဲ့အရာတွေ မဖြစ်ဘူးဆိုရင်၊ မင်း တကယ့်ကို ကြီးမြတ်တဲ့လူ ဖြစ်လာလိမ့်မယ်။ ငါ မင်းကို ယုံတယ်။"

"စီနီယာအစ်ကိုကြီးရဲ့ ချီးကျူးမှုအတွက်ကျေးဇူးတင်ပါတယ် ။"

စုယု စိတ်လှုပ်ရှားသွားတယ်။

ချီမင်က သူ့လက်ကို နောက်တစ်ကြိမ် ဝှေ့ယမ်းပြီး ပြောလိုက်သည်၊ "သွားသွား အမွေအနှစ်တောအုပ်ကို စူးစမ်းတော့။"

"ဟုတ်ကဲ့၊ စီနီယာအစ်ကို။"

စုယုက လှည့်လိုက်ပြီး သူ့ခေါင်းကို မော့ ရင်ကို ကော့ရင်း အမွေအနှစ်တောအုပ်ဆီကိုလျှောက်သွားလိုက်တယ်။ ချီမင်ရဲ့ ခွင့်ပြုချက်ကို ရပြီးတော့ စုယုရဲ့ ဝိညာဉ်တစ်ခုလုံး နှစ်ခြင်းခံရပြီး မြင့်မြတ်သွားသလိုဖြစ်သွားတယ်။

(ခရစ်ယာန်ဘာသာမှာနှစ်ခြင်းခံရသလိုမျိုးကိုပြောချင်တာပါ။)

အဲ့ဒီချိန်မှာ အစေခံတပည့်အများကြီးက သူတို့ရဲ့ဝိညာဉ်ဆေးပင် တွေကို ပေးပြီး အမွေအနှစ်တောအုပ်ထဲသို့ ဝင်ရောက်သွားပြီး ဖြစ်တယ်။ အဲ့ဒီအချိန်မှာစိုးရိမ်လာတဲ့သူ‌တွေကရှုယီနဲ့အခြားသူတွေဖြစ်တယ်။

သိထားရမှာက ရှုယီနဲ့ အခြားသူတွေက ချီသန့်စင်ခြင်းအဆင့် ငါး နှောင်းပိုင်းအဆင့်တွင် ရှိကြတယ်။ အစေခံတပည့် ၁၂၀ ယောက်ထဲမှာ ချီမင်ကလွဲရင် ပထမအသုတ်ထဲက ဖြစ်တယ်။

သူတို့လက်ထဲမှာ ဝိညာဉ်ဆေးပင်အများကြီးရှိပြီး ထိပ်ဆုံးဆယ်ယောက်အတွက် ယှဉ်ပြိုင်လိုကြတယ်။ အဲ့ဒီဝိညာဉ်ဆေးပင်အားလုံးကို ချီမင်ကို ဘယ်လိုလို့ပေးချင်မှာတုန်း။ ဒါပေမယ့်အခြားအစေခံတပည့် တွေက သူတို့ရဲ့ဝိညာဉ်ဆေးပင် တွေကို ပေးပြီး အမွေအနှစ်တောအုပ်ထဲကိုဝင်ရောက်ပြီး ဖြစ်တယ်။ သူတို့ မဝင်ရင်ကောင်းကင်ဘုံအကြီးအကဲရဲ့အမွေအနှစ်ကို ရရှိဖို့ အမှန်တကယ် အခွင့်အရေး မရှိတော့မှာဖြစ်တယ်။

"စီနီယာအစ်ကိုချီ ဒါဆိုရင်တော့ ခွင့်လွှတ်ပါ။"

ဖြန်း!

ရှုယီရဲ့ အကြည့်ကအေးစက်သွားတယ်။ သူ လက်နှစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ မီးလုံးအဆောင်လက်ဖွဲ့ ငါးခုနဲ့ရေခဲဓားအဆောင်လက်ဖွဲ့ ငါးခုက လေထဲမှာ ဖောက်ထွက်သွားပြီး ချီမင်ကို ပတ်လည်ကနေ ဝိုင်းရံလိုက်တယ်။

"ညစ်နွမ်းဖွတ်ကြီးဒိုင်းကာ"

ခလန်! ခလန်! ခလန်!

ချီမင်က သူ့ညာလက်ကို ဝှေ့ယမ်းလိုက်ပြီး ညစ်နွမ်းဖွတ်ကြီး ဒိုင်းကာကို ဆင့်ခေါ်လိုက်တယ်။ ဒိုင်းကာသူ့ရှေ့မှာပဲ ကြီးမားလာပြီး ရှုယီရဲ့အဆောင်လက်ဖွဲ့များအားလုံးကို တားဆီးလိုက်တယ် ။ မီးလုံးတွေနဲ့ ရေခဲဓားတွေ ပေါက်ကွဲပျောက်ကွယ်သွားတယ်။

"စည်းတံဆိပ်: ရေခဲ‌မြွေ။"

ဘွတ်ဇ်!

ရှုယီက သူ့လက်နှစ်ဖက်နဲ့ လက်ဟန်အမူအရာ တွေပြုလုပ်လိုက်တယ်။ သူ့လက်ကောက်ဝတ်ကကြာပန်းလက်ကောက်' ကနေ တောက်ပတဲ့အလင်း တွေထုတ်လွှတ်လာတယ်။ ရှုယီက နည်းစနစ်တွေကို တိုးမြှင့်အားဖြည့်ပေးနိုင်တဲ့ စွမ်းရည်ရှိတဲ့အဝေးကနေ သုံးနိုင်တဲ့ ပညာရပ်တစ်ခုကို သုံးနေတယ်။

မျက်စိတစ်မှိတ်အတွင်း အအေးဓာတ်တွေ စုစည်းလာတယ်။

ဆယ်မီတာ အရွယ်အစားရှိတဲ့ကြီးမားတဲ့ ရေခဲ‌မြွေကြီးတစ်ကောင် ပုံပေါ်လာတယ်။ အော်ဟစ်သံတစ်ခုပြုလုပ်ပြီး‌တော့ သူရဲ့ကြောက်မက်ဖွယ်ကောင်းပြီး ကြီးမားတဲ့ ခန္ဓာကိုယ်က ချီမင်စီကို ပြေးဝင်တိုက်ခိုက်လာတယ်။

"သွေးမိစ္ဆာ နတ်ဆိုးသရဲ၊ အဲ့ဒါကို ဆွဲဖြဲလိုက်။" ချီမင်က အော်လိုက်တယ်။

"ဟီးဟီးဟီး..."

ဖြန်း!

သွေးမိစ္ဆာ နတ်ဆိုးသရဲက ပျောက်ကွယ်သွားပြီး ရှေ့ကို ပြေးဝင်သွားတယ်။ သရဲစွမ်းအင်၊ မိစ္ဆာစွမ်းအင်နဲ့ယင်စွမ်းအင်တွေကစုဝေးလာပြီး ကြီးမားတဲ့ သွေးရောင် သရဲလက်သည်းကြီးအဖြစ် ပုံပေါ်သွားပြီး ရေခဲမြွေကြီးကို အတင်းအကြပ် ဆွဲဖြဲလိုက်တယ်။

"ဒီလောက်တောင် စွမ်းအားကြီးတယ်!"

ရှုယီ အံ့အားသင့်သွားတယ် "ချီသန့်စင်ခြင်းအဆင့် ခုနစ်မှာရှိတဲ့ သွေးမိစ္ဆာ နတ်ဆိုးသရဲပီသပါတယ်။"

"စည်းတံဆိပ်: အေးခဲမီးလျှံ အမွှာကောင်းကင်။"

ရှုယီက လက် တွေကို အလျင်အမြန် ပုံစံ‌တွေပြုလုပ်လိုက်ပြီး ရှည်လျားတဲ့အသံကို အော်ဟစ်လိုက်တယ်။ ဒီ့အပြင်ကို သွေးမိစ္ဆာ နတ်ဆိုးသရဲချဉ်းကပ်လာတာကို ရှောင်ဖို့ သူက လှုပ်ရှားမှုနည်းစနစ်ကို အသုံးပြုပြီးအကွာအဝေးကို အဆက်မပြတ် နောက်ဆုတ်ခွာလိုက်တယ်။

ထို့အပြင်..

ရှုယီမှာ ဗာဂျရာအဆောင်လက်ဖွဲ့ စုစုပေါင်း ကိုးလွှာ ရှိတယ်။

ဟိန်း! ဟိန်း!

စည်းတံဆိပ် ပြုလုပ်ခြင်း ပြီးစီးသွားတယ်။

ချက်ချင်းကို ကြီးမားတဲ့ အနီရောင် မီး‌ မြွေကြီးတစ်ကောင်နဲ့ ရေခဲပြာရောင် ရေခဲမြွေကြီးတစ်ကောင် ပေါ်လာတယ်။ တစ်ကောင်က ရေခဲဖြစ်ပြီး တစ်ကောင်က မီးဖြစ်တယ်။ သူတို့ကတစ်ချိန်တည်း တိုက်ခိုက်လိုက်ပြီး မီးနဲ့ရေခဲ ကမ္ဘာတစ်ခုကို ဖန်တီးလိုက်တယ်။

ဘုန်း! ဘုန်း! ဘုန်း!

ဒါပေမယ့် သွေးမိစ္ဆာ နတ်ဆိုးသရဲရဲ့တိုက်ခိုက်နိုင်စွမ်းက အားကောင်းပြီး ရေခဲမြွေနဲ့မီးမြွေကို အတင်းအကြပ် ဆွဲဖြဲလိုက်တယ်။ နှစ်ကောင်က ပေါက်ကွဲသွားပြီး နောက်ဆက်တွဲလှိုင်းတွေက ပတ်ပတ်လည်ကိုပျံ့နှံ့သွားပြီး မြေကြီးပေါ်မှာ ကြီးမားတဲ့တွင်း ပေါက်ကြီးတွေဖြစ်ပေါ်စေသွားတယ်။

"ဒီလောက် စွမ်းအားကြီးတာ။"

"စီနီယာအစ်ကိုရှုယီပီသပါတယ်။ သူက ချီသန့်စင်ခြင်းအဆင့် ခုနစ်မှာရှိတဲ့ သွေးမိစ္ဆာ နတ်ဆိုးသရဲနဲ့ ဒီလောက်ကြာကြာ တိုက်ခိုက်နိုင်တယ်။"

"စီနီယာအစ်ကိုချီမင်က ပိုသန်မာတယ်။ သူကချီသန့်စင်ခြင်းအဆင့် ခုနစ်မှာရှိတဲ့ သွေးမိစ္ဆာ နတ်ဆိုးသရဲကို ထိန်းချုပ်နိုင်တယ်။"

"ဒီ့အပြင်ကို စီနီယာအစ်ကိုချီမင်က မတိုက်ခိုက်သေးဘူး။"

လူတိုင်းက‌ ဆွေးနွေးနေကြတယ်။

"ရှုယီ ငါ မင်းကို ကူမယ်။"

ဘုန်း!

အဲ့အချိန်မှာ မြေကြီးက နည်းနည်း လောက်တုန်ခါသွားတယ်။

ပြေးဝင်လာတဲ့သူက ခန္ဓာကိုယ်တောင့်တင်းတဲ့အမျိုးသားတစ်ဦး ဖြစ်တယ်။ အသံအကျယ်ကြီးနဲ့ရယ်မောပြီး‌တော့သူက ချီမင်စီကို တိုက်ရိုက် ပြေးဝင်သွားတယ် "ချီမင်၊ မင်း ငါတို့ရဲ့ ဝိညာဉ်ဆေးပင်တွေ အကုန်လိုချင်တာ မဟုတ်ဘူးလား? ကောင်းပြီ! မင်း ငါ့ကို အနိုင်ယူနိုင်သရွေ့ ငါ့ ဝိညာဉ်ဆေးပင်တွေ အကုန်ကို ငါလူဟိုင်ရှန်း ပေးမယ်!"

All Chapters