ရွှေရောင်ချပ်ဝတ်နည်းစနစ်
Vol. 3 Ch. 32
လူဟိုင်ရှန်းရဲ့အရပ်က နှစ်မီတာတောင် ရှည်တယ်။ သူ့ရဲ့ ကြေးညိုရောင် အသားရောင်အောက်မှာ ပေါက်ကွဲထွက်တော့မယ့် ခွန်အားတွေနဲ့ ပြည့်နှက်နေတယ်။ သူ့ရဲ့ခန္ဓာကိုယ်အချိုးအစားက ချိုက်ယုဟိုင်ထက်တောင် ပိုပြီး သန်မာထွားကြိုင်းတယ်။
“တိုက်!”
နောက်ပြီး လူဟိုင်ရှန်းရဲ့ လှုပ်ရှားမှုနည်းစနစ်ကလည်း အရမ်းမြန်လွန်းတယ်။ သူ့ရဲ့ ကြီးမားတဲ့ ခန္ဓာကိုယ်က သူ့အတွက် ဘာအဟန့်အတားမှမဖြစ်စေဘူး။ မျက်စိတစ်မှိတ်အတွင်းမှာပဲ သူက ချီမင်ကို တိုက်ခိုက်ပြီးသား ဖြစ်နေပြီ။
ဒုန်း!
သဲအိတ်အရွယ်ရှိတဲ့ လက်သီးတစ်လုံးက ချီမင်ဆီကို တည့်တည့်မတ်မတ် ထိုးနှက်လာတယ်။
ချလန်!
ချီမင်က သူ့ဓားကို မြှောက်ပြီး လူဟိုင်ရှန်းရဲ့ လက်သီးကို တားဆီးလိုက်တယ်။ အားနှစ်ခုက ထိပ်တိုက်တွေ့ပြီး ဝိညာဥ်စွမ်းအင်တွေ ပေါက်ကွဲကုန်တယ်။ လက်သီးနဲ့ ဓားချက်တွေက ကြေမွပျက်စီးသွားပြီး ထွက်ပေါ်လာတဲ့လှိုင်းတွေက ပတ်ပတ်လည်ကို ပျံနှံသွားတယ်။
ဘေးနားက မြေပြင်တွေဆိုရင် ဓားချက်နဲ့ လက်သီးရဲ့ထိပ်တိုက် တွေ့မှုကြောင့် မြောင်းတွေလို အပေါက်တွေဖြစ်ကုန်တယ်။
ကျန်းရှစ်ချန်းက လှမ်းကြည့်ပြီး အသံကျယ်ကြီးနဲ့ အော်ပြောလိုက်တယ်၊ “စီနီယာအစ်ကို သတိထားရမယ်ဗျ။ ဒီလူဟိုင်ရှန်းက သိုင်းပညာဉာဏ်အလင်းတောင်ထွတ်မှာရှိတဲ့ အသန်မာဆုံး အစေခံတပည့်ပဲ။ သူက ကိုယ်ခန္ဓာကြံ့ခိုင်အောင် လေ့ကျင့်တဲ့နေရာမှာ အတော်ဆုံးပဲ၊ အနီးကပ်တိုက်ပွဲတွေမှာဆိုရင် သူ့ကိုယှဉ်နိုင်တဲ့သူ မရှိဘူး!”
ရှုယီကလည်း သူ့ကို တစ်ချက်ကြည့်ပြီး သတိပေးလိုက်တယ်၊ “လူဟိုင်ရှန်း ချီမင်က အရမ်းအားကောင်းတယ်။ ဒီ သွေးမိစ္ဆာနတ်ဆိုးသရဲကချီ
သန့်စင်ခြင်းအဆင့် ခုနစ်အထိ ရောက်နေပြီဆိုပေမယ့် သူ့ရဲ့စိတ်က မပြည့်စုံသေးဘူး။ ငါ အခုလောလောဆယ်တော့ သူ့ကို ထိန်းထားနိုင်သေးတယ်။ မင်းက ချီမင်ကိုပဲ ဂရုစိုက်ရမယ်။”
ဒုန်း! ဒုန်း!
သွေးမိစ္ဆာနတ်ဆိုးသရဲရဲ့ တိုက်ခိုက်မှုက ရှုယီရဲ့ ကိုယ်ပေါ် ကျရောက်လာပြီး ဗာဂျရာအဆောင်ကို အလွှာလိုက် အလွှာလိုက်ကို တိုက်ရိုက် ပြိုကွဲသွားစေတယ်။ ဆယ်လွှာမှာခုနစ်လွှာကပြိုကွဲသွားပြီဖြစ်တယ်။
“သိပ်သည်း!”
ရှုယီက မြန်မြန်ပဲ နောက်ထပ် ဗာဂျရာအဆောင်ခုနစ်ခုကို ထပ်ထုတ်လိုက်တယ်။ အဲဒါတွေကို အသက်သွင်းပြီး သူ့ကိုယ်ပေါ်မှာ ထပ်ဝတ်လိုက်တော့ ဗာဂျရာအဆောင်ဆယ်လွှာကက ရွှေရောင်လိပ်ခွံကြီးလို အထပ်လိုက်ဖြစ်ပြီး ခုခံအားက အရမ်းကို ခိုင်မာသွားပြန်တယ်။
ဒါက ရှုယီရဲ့ အကန့်အသတ်အားကုန်ဖြစ်တယ်။
“ဟားဟားဟား...”
လူဟိုင်ရှန်းက ချီမင်ကို စိုက်ကြည့်ရင်း ကျယ်လောင်စွာနဲ့ ရယ်လိုက်တယ်။ သူ့ရဲ့ တိုက်ခိုက်ချင်စိတ်တွေကမြင့်တက်လာပြီး ရှုယီကို ပြန်အော်ပြောလိုက်တယ်”မင်း မင်းကိစ္စကိုပဲ စိတ်ပူစမ်းပါ”
“ရွှေရောင်ချပ်ဝတ် နည်းစနစ်!”
ဘုန်း!
လူဟိုင်ရှန်းရဲ့ တစ်ကိုယ်လုံး လှုပ်ခါသွားပြီး သူက သူ့ရဲ့ ခန္ဓာကိုယ်သန့်စင်ခြင်းနည်းစနစ်ကို လှည့်ပတ်လိုက်တယ်။ ချက်ချင်းပဲ သူ့တစ်ကိုယ်လုံးမှာ ရွှေရောင်အလင်းကြီး ပေါ်လာပြီး တစ်ကိုယ်လုံးကို ဖုံးအုပ်သွားကာ ရွှေရောင်ရုပ်တုကြီးလိုမျိုး ဖြစ်သွားတယ်။
သိသာနေတာက ဒီ ရွှေရောင်ချပ်ဝတ် နည်းစနစ်ကပြီးပြည့်စုံခြင်းအဆင့်ထိ ကျင့်ကြံထားပြီးပြီ။ သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ အားနည်းချက်ဆိုတာ မရှိတော့ဘဲ လုံးဝပေါင်းစပ်နေပြီဖြစ်တယ်။
“နဂါးကျား နတ်ဘုရားရောင်ခြည်လက်သီး!”
လူဟိုင်ရှန်းက တိုက်ဖို့ ဟန်ပြင်လိုက်တယ်။ ဘယ်ဘက်လက်က နဂါးလက်သည်းပုံစံ၊ ညာဘက်လက်က ကျားရဲ့ တံဆိပ်ပုံစံလိုလုပ်လိုက်တယ်။ သူ့ရဲ့ အရှိန်အဝါက ကြောက်မက်ဖွယ်ကောင်းလွန်းတယ်။ သူ့လက်တမှာ ဆူးတွေအပြည့်နဲ့ အနက်ရောင် ‘ဆူးလက်အိတ်’ တစ်စုံကို ဝတ်ထားတယ်။
“ဒါကိုယူလိုက်!”
လူဟိုင်ရှန်းက ချီမင်ကို တည့်တည့်ပဲ ဝင်တိုက်လိုက်တယ်။ သူ့ရဲ့ လှုပ်ရှားမှုနည်းစနစ်က မြန်လွန်းတယ်။ ဒါက သိုင်းပညာဉာဏ်အလင်းတောင်ထွတ်ရဲ့အရိပ်ရွေ့လျားမှုနည်းစနစ်ဖြစ်တယ်။ သူ့ရဲ့ လက်သီးနည်းစနစ်က အရမ်းအားပြင်းလွန်းပြီး နဂါးအော်သံ၊ ကျားဟိန်းသံ သဲ့သဲ့တွေတောင် ကြားရတယ်။
ဝေါင်းဝေါင်းဝေါင်း!!!
ချီမင်က လူဟိုင်ရှန်းကို တည့်တည့်မတိုက်ဘူး။ အဲဒီအစား သူက စိတ်ဝိဉာဥ်လှည့်ဖြားရေး ကိုးဆင့် ခြေသိုင်းကို အကန့်အသတ်ထိအစွမ်းကုန် သုံးလိုက်တယ်။ သူ့ပတ်ပတ်လည်မှာ အသက်ဝင်နေတဲ့ သူ့ရဲ့ ပုံရိပ် ကိုးခု ပေါ်လာတယ်။
လူဟိုင်ရှန်းရဲ့ တိုက်ခိုက်မှုတွေ၊ လှုပ်ရှားမှုတွေ အကုန်လုံး လွဲချော်သွားတယ်။
“ခန္ဓာကိုယ်သန့်စင်ခြင်းနဲ့အနီးကပ်တိုက်ပွဲမှာ ဘယ်သူမှသူ့ကိုမယှဉ်နိုင်ဘူး။ အခြေခံတည်ဆောက်ခြင်း အဆင့် မရောက်ခင်အထိ ခန္ဓာကိုယ်သန့်စင်ခြင်းသိုင်းပညာတွေက တကယ်ကို အားကောင်းတာ။ ချီမင်က ချီသန့်စင်ခြင်း အဆင့် ခြောက်မှာ ရှိပေမယ့် လူဟိုင်ရှန်းကို အနိုင်ယူနိုင်ချင်မှ ယူနိုင်လိမ့်မယ်။”
“ချီမင်က လူဟိုင်ရှန်းကို အနီးကပ်မတိုက်ရဲတဲ့ပုံပဲ။”
“…”
ကျန်တဲ့ အစေခံတပည့်တွေက သူ့တို့အချင်းချင်း ဆွေးနွေး နေကြတယ်။
လူဟိုင်ရှန်းက အော်ပြောလိုက်တယ်၊ “ချီမင်! မင်းက ချီသန့်စင်ခြင်းအဆင့်ခြောက်အထိရောက်အောင် ကျင့်ကြံထားသူပဲ။ ငါတို့ထဲမှာ အသန်မာဆုံးဆိုတာ မှန်တယ်။ ဒါပေမယ့် တိုက်ပွဲမှာတိုက်ခိုက်တဲ့အခါ မင်းရဲ့ ကျင့်ကြံမှုအဆင့် တစ်ခုတည်းကပဲ ရလဒ်ကိုအဆုံးအဖြတ်ပေးတာ မဟုတ်ဘူးကွ။”
“လာစမ်းပါ!”
“ဘာကြောက်နေတာလဲ? မင်း ငါတို့ရဲ့ ဝိညာဥ်ဆေးပင်တွေ အကုန်လုံးကို မလိုချင်ဘူးလား?”
“လာပြီးတိုက်စမ်းပါ!”
လူဟိုင်ရှန်းက ဟိန်းဟောက်လိုက်တယ်။
ချက်ချင်းကို လူဟိုင်ရှန်းရဲ့ အရှိန်အဝါက ချီမင်ကို ဖိနှိပ်လာတယ်။
“စီနီယာအစ်ကိုချီကတော့ မရှုံးလောက်ဘူး မဟုတ်လား!” ကျောင်းယုရှန်းရဲ့ မျက်နှာက တင်းကြပ်သွားတယ်။
“ဒါက...” ထန်ပင်းလည်း တိတ်ဆိတ်သွားတယ်။
“ခန္ဓာကိုယ်သန့်စင်ခြင်း နည်းစနစ်က တကယ်ကိုစွမ်းအားကြီးတယ်။ ဒါကို ကျွမ်းကျင်ဖို့ဆိုရင်လုံ လောက်တဲ့ အရည်အချင်းရှိရုံတင်မရဘူး၊ ကြီးမားတဲ့ ဇွဲနဲ့ အရမ်းကို ကြိုးစားကျင့်ကြံမှ ရတာ။ လူဟိုင်ရှန်းက ရွှေချပ်ဝတ် နည်းစနစ်ကို ပြီးပြည့်စုံခြင်း အဆင့်အထိ ရောက်အောင် ကျင့်ကြံနိုင်တယ်ဆိုကတည်းက သူ ဘယ်လောက် အားထုတ်ထားလဲဆိုတာ မြင်သာပါတယ်။”
ရှောင်ဖန်းက ပြောလိုက်တယ်၊ “စီနီယာအစ်က်ိုချီအတွက်က လူဟိုင်ရှန်းကို အနိုင်ယူဖို့က သိပ်လွယ်တဲ့ ကိစ္စမဟုတ်ဘူးလို့ ထင်တယ်။”
“ရှောင်ဖန်း၊ မင်းကအမြင်ကျဉ်းသေးတာပဲ။”
လက်စွပ်ထဲက ‘အဘိုးကြီး’ က အသံလှိုင်းနဲ့ လှမ်းပြောလိုက်တယ်၊ “ခုနက တိုက်ပွဲတချို့ကို မင်း သေချာအာရုံစိုက်ကြည့်ရင် ချီမင်က တိမ်စိမ်းဓားပညာနဲ့လေထိန်းချုပ်ရေးဓားပညာ ဆိုတဲ့ ဓားသိုင်းနှစ်မျိုးကို သုံးနေတာကို တွေ့ရလိမ့်မယ်။”
“ဒီဓားသိုင်းနှစ်မျိုးက တစ်ခုနဲ့တစ်ခု အပြန်အလှန် ဖြည့်စွက်ပေးတယ်။ သူတို့က အစကတည်းက တစ်ခုတည်းလို သဘောထားလို့ရတယ်။”
“ဒါကြောင့် ချီမင်က ဒီဓားသိုင်းနှစ်မျိုးကို ပေါင်းစပ်လိုက်တာနဲ့ သူ အနိုင်ရမှာ သေချာတယ်!”
“ဘာ...” ရှောင်ဖန် အံ့အားသင့်သွားတယ်။
ချလန်! ချလန်! ချလန်!
ဒီအချိန်မှာ ချီမင်က ဓားချက်တွေကို တစ်ခုပြီးတစ်ခု ဆက်တိုက် ထုတ်လွှတ်နေပေမယ့် လူဟိုင်ရှန်းကတော့ အားနဲ့ ပြန်တိုက်ထုတ်ပစ်နေတယ်။ လူဟိုင်ရှန်းက ဝက်ဝံကြီးတစ်ကောင်လိုမျိုး ဟိုပြေးဒီပြေးနဲ့ တိုက်ခိုက်နေတယ်။
“ဟားဟားဟား...”
လူဟိုင်ရှန်းက ရယ်ပြီးပြောလိုက်တယ်၊ “အားနည်းလိုက်တာ၊ အရမ်းအားနည်းတာပဲ။ မင်းရဲ့ ဓားချက်တွေက ငါ့ရဲ့ကြွက်သားတွေကို အယားပြေအောင်တောင်မလုပ်နိုင်ဘူး!”
“တိုက်!”
လူဟိုင်ရှန်းက သူ့ရှေ့တည့်တည့်ကို တိုက်ခိုက်ပြီး လက်သီးတွေကို ပစ်ထုတ်လိုက်တယ်။ နဂါးတွေ ကျားတွေ ပေါ်လာပြီး နဂါးကျားလက်သီးချိတ်စည်း အဖြစ် သိပ်သည်းသွားတယ်။ သူက ချီမင်ကို ပစ်မှတ်ထားလိုက်တော့ ချီမင်ကလည်း သူ့ရှေ့မှာ ကာဖို့ ညစ်နွမ်းဖွတ်ကြီးဒိုင်းကာ ကို ချက်ချင်းဆွဲထုတ်လိုက်တယ်။
ဒုန်း!
ကျယ်လောင်တဲ့ အသံကြီး ထွက်လာတယ်။
ညစ်နွမ်းဖွတ်ကြီးဒိုင်းကာ က လူဟိုင်ရှန်းရဲ့ လက်သီးချက်ကြောင့် လွင့်ထွက်သွားတယ်။ အလယ်မှာ လက်သီးရာက ချိုင့်ပြီး ကျန် နေခဲ့တယ်။ ညစ်နွမ်းဖွတ်ကြီးဒိုင်းကာက ပျက်စီးလုနီးပါး ဖြစ်သွားတယ်။
“ကောင်းတယ်!” ရှုယီက စိတ်လှုပ်ရှားအားရစွာ အော်လိုက်တယ်။
“ချီမင်၊ မင်းတော့ သွားပြီ!” လူဟိုင်ရှန်းက ပြုံးစိစိနဲ့ ပြောလိုက်တယ်။
ရွှေရောင်အလင်းတွေနဲ့ ဖုံးထားတဲ့ လူက အနည်းငယ်အန္တရာယ်ရှိတဲ့ပုံနဲ့ပြောလိုက်တယ်၊ “မင်းက ငါတို့ဝိညာဥ်ဆေးပင်တွေ အကုန်လုံးကို ဒီလောက်လေးနဲ့ လုချင်တာပေါ့ ဟုတ်လား?”
“အရမ်းမောက်မာတာပဲ!”
“ဟားဟားဟား...” လူဟိုင်ရှန်းက ရိုင်းရိုင်းစိုင်းစိုင်းနဲ့ရယ်လိုက်တယ်။
တကယ်ပဲ လူဟိုင်ရှန်းက အရမ်းသန်မာပြီး သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းအားက ကြောက်မက်ဖွယ်ကောင်းတယ်။ ဒါက ငြင်းလို့တော့မရဘူး။ ချီမင်နဲ့ လူဟိုင်ရှန်းတို့ တိုက်ခိုက်နေတဲ့ အခြေအနေကို ကြည့်ရင်ကို ရှသိသာနေပြီဖြစ်တယ်။
“လာခဲ့စမ်းကွာ။” လူဟိုင်ရှန်းက အော်ပြီး ချီမင်ကို ထပ်တိုက်လိုက်ပြန်တယ်။ “မင်းကို ကြေမွသွားအောင် လုပ်ပစ်မယ်။”
“တိမ်စိမ်းယှက်နွယ်လေထိန်းချုပ် ရေးဓားသိုင်း!”
ဒီအချိန်မှာ ချီမင်ရဲ့ ဓားသိုင်းတွေက ပြောင်းလဲသွားပြီ။ သူ့ကိုယ်ပတ်ပတ်လည်မှာ ဝိညာဥ်စွမ်းအင်တွေက လည်ပတ်နေပြီး ဓား မှာလေတွေဝန်းရံထားပြီးသိမ်မွေတဲ့တိမ်စိမ်းဓားဆန္ဒကို ထုတ်လုပ်လိုက်တယ်။
သ်ိသာနေတာကလေထိန်းချုပ်ရေးဓားသိုင်းကပြီးပြည့်စုံခြင်းအဆင့်ကိုမရောက်သေးပေမယ့် တိမ်စိမ်းဓားသိုင်း ကို အခြေခံအနေနဲ့သုံးပြီး လေထိန်းချုပ်ရေးဓားသိုင်းရဲ့ စွမ်းအားနဲ့ ပေါင်းလိုက်တော့ ဓားသိုင်းနှစ်ခုကို ယာယီပေါင်းစပ်နိုင်လိုက်တာဖြစ်တယ်။
“ဒါက...”
လူဟိုင်ရှန်းရဲ့ မျက်နှာအမူအရာ အနည်းငယ်ပြောင်းလဲသွားပြီး အံ့အားသင့်စွာနဲ့ ပြောလိုက်တယ်၊ “ဓားသိုင်းပေါင်းစပ်ခြင်းမျိုးလား? မင်းက ဒီလို ပေါင်းစပ်ဓားသိုင်းမျိုးကိုတောင် တတ်မြောက်ထားတာလား။ ဒါကတော့ ငါ့မျှော်လင့်ချက်ထက် တကယ့်ကိုကျော်လွန်သွားပြီ။”
“ခုတ်ပိုင်း!”
ချီမင်ရဲ့ အကြည့်တွေက ဘာခံစားချက်မှရှိမ နေဘူး။ ဓားသိုင်းနှစ်ခုကို ပေါင်းစပ်ပြီးတော့ ဝိညာဉ်စွမ်းအင်တွေကို ဓားထဲ ထိုးသွင်းပြီး သုံးမီတာရှည်တဲ့ အစိမ်းရောင်ဓားအလင်းကို တိုက်ရိုက် ခုတ်ပိုင်းလိုက်တော့တယ်။
လေတွေ ဝန်းရံထားတာကြောင့် လျှပ်စီးလိုပဲ မြန်လွန်းတယ်။
“လာ!”
လူဟိုင်ရှန်းက အသက်ပြင်းပြင်း ရှူလိုက်ပြီး ရှောင်တိမ်းဖို့ ဘာစိတ်ကူးမှ မရှိဘူး။ နောက်ပြီး သူ ရှောင်လည်း မရှောင်နိုင်တော့ဘူး။ သူကရွှေရောင်ချပ်ဝတ် နည်းစနစ်ကို အစွမ်းကုန် လည်ပတ်လိုက်ပြီး သူ့ကိုယ်ပတ်လည်က ဝိညာဉ်စွမ်းအင်တွေကို သူ့လက်သီးထဲ စုစည်းလိုက်တော့ နဂါးနဲ့ကျားရဲ့ ပုံရိပ်ယောင်တွေ ပေါ်လာတယ်။ “မင်းရဲ့ ပေါင်းစပ်ဓားသိုင်းက ဘယ်လောက် အားကောင်းလဲဆိုတာ ငါ မြင်အောင်ပြစမ်း!”
ဟိန်း! ဟိန်း!
လူဟိုင်ရှန်းရဲ့ အစွမ်းကုန် တိုက်ခိုက်မှုနဲ့ မျက်နှာချင်းဆိုင်ထိပ်တိုက်ရင်ဆိုင်လိုက်တယ်။ နဂါးနဲ့ကျားက တစ်ကောင်နောက်တစ်ကောင်လိုက်လာပြီး ကြီးမားတဲ့ လက်သီးအဖြစ် သိပ်သည်းသွားပြီးသုံးမီတာရှည်တဲ့ အစိမ်းရောင်ဓားအလင်းနဲ့ တိုက်ရိုက် ထိပ်တိုက်တိုးသွားတယ်။
ဘုန်း!
နှစ်ဖက် ထိပ်တိုက်တိုက်ဆုံသွားကြတယ်။
ပေါက်ကွဲသံတွေ ထွက်လာပြီး တိုက်ခိုက်မှုလှိုင်းတွေ ပျံ့နှံကုန်တယ်။ မြေပြင်ပေါ်က မြေကြီးတစ်လွှာကပြိုကျသွားပြီး လက်သီးရာတွေ ကျန်ခဲ့တယ်။ နဂါးနဲ့ကျားရဲ့ဟိန်းဟောက်သံတွေ ကထွက်လာပြီး ချီမင်ရဲ့ ဓားကို မခုခံနိုင်တော့ဘူး။
ခရက် ခရက်!!
ဒုန်း!
နဂါးကျားချိတ်စည်းက ကျိုးပျက်သွားတယ်။
“အား!!!”
ဓားချက်ရဲ့ ကျန်ရှိနေတဲ့ စွမ်းအားက သူ့ကိုယ်ကိုလာ ထိသွားတော့ လူဟိုင်ရှန်း အော်လိုက်တယ်။ သူ့အဝတ်တွေ ပျက်စီးသွားပြီး သူ့ကိုယ်ပေါ်မှာမြွေအကြေးခွံခုခံရေးချပ်ဝတ်က ပေါ်လာတယ်။ သူ့ခန္ဓာကိုယ်က ဒီအားကြောင့် လွင့်ထွက်သွားပြီး သွေးတွေ အန်ထုတ်လိုက်တယ်။
အရင်က မောက်မာမှုတွေ၊ ရိုင်းစိုင်းမှုတွေက ဒီအချိန်မှာတော့ ချီမင်ရဲ့ဓားကြောင့် အားလုံးက ကြေမွပျက်စီးသွားခဲ့ပြီဖြစ်တယ်။