← Chapters

အမဲလိုက်ချိန်ရောက်ပြီ

Vol. 3 Ch. 34

အမဲလိုက်ချိန်ရောက်ပြီ

Vol. 3 Ch. 34

သာမန်အခြေအနေ‌တွေမှာဆို အခြေခံတည် ဆောက်ခြင်းအဆင့် အစောပိုင်းကို ရောက်နေပြီဖြစ်တဲ့ နတ်ဆိုးလင်းနို့က အရွယ်အစား သိပ်မပြောင်းလဲ‌ပေ။ လက်ဖဝါးအရွယ်အစားလောက်လေးပဲ ရှိတဲ့နတ်ဆိုးလင်းနို့က ချီမင်ရဲ့ ပခုံးပေါ်မှာ ငြိမ်ငြိမ်လေး နားနေတယ်။

ဒါပေမဲ့ နတ်ဆိုးလင်းနို့က တိုက်ခိုက်ရေးအခြေအနေထဲ ဝင်သွားပြီဆိုရင်တော့ သူ့အရွယ်အစားက ချက်ချင်းပဲ အဆပေါင်းများစွာ ပိုကြီးလာနိုင်တယ်။

ဝိညာဉ်သားရဲ: နတ်ဆိုးလင်းနို့

မိတ်ဆက် : အရွယ်ရောက်ဆဲအဆင့်ကို ရောက်နေပြီဖြစ်တဲ့ နတ်ဆိုးလင်းနို့တစ်ကောင်ကအ‌‌ခြေခံတည်‌‌ဆောက်ခြင်းအဆင့် အစောပိုင်းထိဆက်လက်ကြီးထွားနိုင်ပါတယ်။ အရွယ်ရောက်ခြင်းပြီးပြည့်စုံတဲ့အဆင့်ကိုရောက်သွားရင်တော့အ‌ခြေခံတည်ထောင်ခြင်အဆင့် နှောင်းပိုင်းအဆင့်အထိ ရောက်ရှိနိုင်တယ်။ သူ့တွင် အသံလှိုင်းတိုက်ခိုက်မှု၊ အဆိပ်တိုက်ခိုက်မှု၊ အနီးကပ်တိုက်ပွဲဝင်နိုင်စွမ်း၊ ချောင်းမြောင်းတိုက်ခိုက်နိုင်စွမ်းနဲ့ တခြားအမျိုးမျိုးသော နည်းလမ်းတွေ ရှိတယ်။ အခြေခံတည်ထောင်ခြင်းအဆင့်ကို ရောက်သွားတဲ့အခါမှာ သူ့အတွက် သီးသန့်သိုင်းနည်းစနစ်ဖြစ်တဲ့ ‘အသံလှိုင်းပေါက်ကွဲမှု’ ကို ရရှိပါလိမ့်မယ်။

ပတ်ဝန်းကျင်မှာတော့ တောင်ထွတ် ၁၂ ခုက အစေခံတပည့်တွေထဲမှာ တော်တော်များများ သေကြေထိခိုက်ကုန်ကြပြီဖြစ်တယ်။ နတ်ဆိုးကျင့်ကြံသူ သုံးယောက်ကတော့ လက်ဟန်တံဆိပ်တွေဖွဲ့ပြီး ဝိညာဉ်တွေကို တစ်ခုပြီးတစ်ခု ဆွဲထုတ်နေကြတယ်။

ဂါး! ဂါး!

မကြာခင်မှာပဲ နတ်ဆိုးသားရဲတွေ အများကြီးက ချီမင်ကို ပစ်မှတ်ထားပြီး ဝိုင်းလာကြတယ်။ နတ်ဆိုးသားရဲ ဆယ်ကောင်ကျော်လောက်က အရပ်မျက်နှာ‌ပေါင်းစုံကနေ သူ့ဆီကို ခုန်အုပ်လာကြပြီး သူတို့နဲ့အတူ အရမ်းကို ဆိုးရွားတဲ့ အပုပ်နံ့တွေ သယ်ဆောင်လာကြတယ်။

ဒါပေမဲ့ ဒီအချိန်မှာတော့ ချီမင် ကိုယ်တိုင် လှုပ်ရှားစရာ မလိုတော့ပေ။

နတ်ဆိုးလင်းနို့က ချီမင်ရဲ့ ပခုံးပေါ်ကနေ ပျံတက်သွားပြီး သူ့တောင်ပံတွေကို ခတ်လိုက်တယ်။ နတ်ဆိုးလင်းနို့ကို ဗဟိုထားပြီးတော့ ဘာသံမှမထွက်တဲ့ အသံလှိုင်းတွေက တွေလို ပတ်ဝန်းကျင်ကို ပျံ့နှံ့ထွက်သွားတယ်။

ပု! ပု! ပု!

ပတ်ပတ်လည်က နတ်ဆိုးသားရဲတွေရဲ့ ခေါင်းတွေက ဖရဲသီးတွေ ကွဲသလို တဖုန်းဖုန်း ကွဲထွက်ကုန်တယ်။ ဒါက ဧရိယာကျယ်ပြန့်စွာနဲ့ တိုက်ခိုက်တဲ့ ကျင့်စဉ်တစ်ခုဖြစ်တယ်။ အမြင့်သံလှိုင်းတွေနဲ့ ပတ်ဝန်းကျင်က နတ်ဆိုးသားရဲတွေရဲ့ ခေါင်းတွေကို ကြေမွသွားအောင် တိုက်ခိုက်လိုက်ခြင်းဖြစ်တယ်။

ခေါင်းမရှိတော့တဲ့ အလောင်းတွေကဘုန်းခနဲ လဲကျသွားကြတယ်။

သွေးညှီနံ့တွေက ပိုပြီးတော့ ပြင်းထန်လာတယ်။

ဟီးဟီးဟီး…

သွေးမိစ္ဆာနတ်ဆိုးသရဲက ဒီအခွင့်အရေးကို လက်လွှတ်မခံဘဲ လဲကျသွားတဲ့ အလောင်းတွေရဲ့ အသက်စွမ်းအားနဲ့ အဆီအနှစ်တွေကို အငမ်းမရ ဝါးမြိုစားသုံးလိုက်တယ်။ သူ့ကိုယ်ပေါ်က နတ်ဆိုးစွမ်းအင်နဲ့ မိစ္ဆာယင်စွမ်းအင်တွေက အရင်ကထက် ပိုပြီး လေးလံပြင်းထန်လာတယ်။ သူက ချီသန့်စင်ခြင်းအဆင့်ခုနစ်ရဲ့နှောင်းပိုင်းအဆင့်ကိုရောက်နေပြီဖြစ်တယ်။

“ဝိညာဉ်သားရဲပဲ၊ အဲဒါ ဝိညာဉ်သားရဲပဲကွ။”

“ချီမင်ဆီမှာ ဝိညာဉ်သားရဲတစ်ကောင် တကယ်ရှိနေတာပဲ။”

“နတ်ဆိုးလင်းနို့တစ်ကောင်ပဲ။”

“တော်တော်စွမ်းတာပဲ။ အဲဒါနတ်ဆိုးလင်းနို့ရဲ့ အမြင့်သံတိုက်ခိုက်မှု ဖြစ်ရမယ်။ဟုတ်တယ်မလား? ပတ်ဝန်းကျင်က နတ်ဆိုးသားရဲတွေရဲ့ ခေါင်းတွေကို တိုက်ရိုက် ကြေမွသွားစေတာ။ တစ်ချက်တည်းနဲ့ သေစေတဲ့ တိုက်ခိုက်မှုပဲ!”

“ဒီနတ်ဆိုးလင်းနို့ ဘယ်အဆင့်လောက် ရောက်နေပြီလဲ?”

လူတိုင်းက အံ့ဩတုန်လှုပ်နေတဲ့ မျက်နှာတွေနဲ့ လှမ်းကြည့်နေကြတယ်။

“ဒါ… ဒါက…”

ကျန်းရှစ်ချန်းလည်း ပါးစပ်အဟောင်းသားနဲ့ ကြောင်ကြည့်နေမိတယ်။ သူက ချီမင်ရဲ့ ခေါင်းပေါ်မှာ ပျံနေတဲ့ နတ်ဆိုးလင်းနို့ကို ကြည့်ပြီး အရမ်း အံ့ဩတုန်လှုပ်သွားတယ်။ “စီနီယာအစ်ကို ချီက တကယ်ကို အစွမ်းအားကြီးတာပဲ။”

“သူ့ရဲ့ ကျင့်ကြံမှုအဆင့်က တောင်ထွတ် ၁၂ ခုက အစေခံတပည့်တွေထဲမှာ အမြင့်ဆုံးဖြစ်တဲ့ ချီသန့်စင်ခြင်းအဆင့် ခြောက်ကို ရောက်နေရုံတင်မကဘူး။ ချီသန့်စင်ခြင်းအဆင့် ခုနစ်မှာရှိတဲ့ သွေးမိစ္ဆာနတ်ဆိုးသရဲလည်း ရှိသေးတယ်။”

“အခု နောက်ထပ် ဝိညာဉ်သားရဲ နတ်ဆိုးလင်းနို့ပေါ်လာပြန်ပြီ။ ခုနက အမြင့်သံတိုက်ခိုက်မှုရဲ့ အစွမ်းကို ကြည့်ရတာ အနည်းဆုံးတော့ ချီသန့်စင်ခြင်းအဆင့် ခုနစ်လောက်တော့ ရှိရမယ်! ဒီ့ထက်တောင် မြင့်ချင် မြင့်နေဦးမှာ!”

တကယ်က နတ်ဆိုးလင်းနို့က သူ့ရဲ့ အစွမ်းအကုန် ထုတ်မသုံးရသေးတော့ ဘယ်သူမှ နတ်ဆိုးလင်းနို့ရဲ့ကျင့်ကြံမှုအဆင့်ကို အတိအကျ မခန့်မှန်းနိုင်ကြဘူး။ ကိုယ့်ရဲ့ အာရုံခံမိတဲ့အပေါ် မူတည်ပြီးခန့်မှန်းနေကြတာဖြစ်တယ်။

“စီနီယာအစ်ကိုချီ သူ…”

ရှောင်ဖန်းက ပါးစပ်ဟလိုက်ပေမယ့် ဘာဆက်ပြောရမှန်းမသိ ဖြစ်သွားတယ်။

“အခြေခံတည်ဆောက်ခြင်းအဆင့် အစောပိုင်းပဲ။”

ရှောင်ဖန်းရဲ့ လက်စွပ်ထဲက ‘အဘိုးကြီး’က သူ့ရဲ့ဝိညာဉ်အမြူတေနဲ့ နောက်ထပ် အသံလွှင့်ပြီး ပြောလာတယ်။ “အဲ့ဒီ နတ်ဆိုးလင်းနို့ရဲ့ ကျင့်ကြံမှုအဆင့်ကအ‌ခြေခံတည်ဆောက်ခြင်းအဆင့် အစောပိုင်းကို ရောက်နေပြီ။”

“ဘာ?!”

ရှောင်ဖန်းရဲ့ မျက်လုံးတွေ ကချက်ချင်း ကိုပြူးကျယ်သွားတယ်။ သူ တကယ်ကို ကြောင်သွားတယ် “ဒါ… ဒါ… ဘယ်လိုဖြစ်နိုင်မှာလဲ? စီနီယာအစ်ကို ချီမှာ အ‌ခြေခံတည်ဆောက်ခြင်းအဆင့် အစောပိုင်းကို ရောက်နေတဲ့ ဝိညာဉ်သားရဲ တကယ်ကြီး ရှိနေတာလား? ဒါက အရမ်းမလွန် လွန်းဘူးလား?”

“စီနီယာအစ်ကိုချီက ချီသန့်စင်ခြင်းအဆင့် ခြောက်မှာပဲ ရှိသေးတာလေ။ အခြေခံရှင်းတည်ဆောက်ခြင်းအဆင့် အစောပိုင်းမှာရှိတဲ့ ဝိညာဉ်သားရဲကို သူက ဘယ်လိုလုပ်ပြီး ထိန်းချုပ်နိုင်မှာလဲ?!”

“တကယ်ပဲ အခြေခံတည်ဆောက်ခြင်းအဆင့် အစောပိုင်းမှာ ရှိနေတာ။”

လက်စွပ်ထဲက ‘အဘိုးကြီး’က ဆက်ပြောတယ်။ “ချီမင်မှာ ဒီလိုမျိုး နည်းလမ်းတွေ ရှိနေလိမ့်မယ်လို့ ငါ မထင်ထားဘူး။ ငါ့ရဲ့ မျှော်လင့်ချက်တွေကို ကျော်သွားပြီ။ ဒီလိုဆိုရင်တော့ ဟို နတ်ဆိုးကျင့်ကြံသူ သုံးယောက်တော့ သွားပြီပဲ။ ဒီအန္တရာယ်က ပြီးသွားပြီ။”

“ကျွန်တော်… ကျွန်တော် ပြောနိုင်တာတစ်ခုကတော့ စီနီယာအစ်ကိုချီက တကယ်ကို အရမ်း… အရမ်းကို စွမ်းအားကြီး ဆိုတာပဲ။”

ရှောင်ဖန်းဘယ်စကားလုံးနဲ့ ပြောပြရမှန်းတောင် မသိတော့ဘူး။

“ဘာတွေဖြစ်နေတာလဲ?”

နတ်ဆိုးကျင့်ကြံသူ သုံးယောက်က လှမ်းကြည့်လိုက်ပြီး သူတို့ရဲ့ အကြည့်တွေက ချီမင်ဆီကို ရောက်သွားတယ်။ “သူက ချီသန့်စင်ခြင်းအဆင့် ခြောက်မှာပဲ ရှိတယ်။ ချီသန့်စင်ခြင်းအဆင့် ခုနစ်မှာရှိတဲ့ ဝိညာဉ်သားရဲတစ်ကောင်နဲ့ သွေးမိစ္ဆာနတ်‌ဆိုးတစ်ကောင်လည်း ရှိသေးတယ်။”

“ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ တောင်ထွတ် ၁၂ ခုက အစေခံတပည့်တွေထဲမှာ ဒီလို ပါရမီရှင်တပည့်တစ်ယောက်ရှိနေလိမ့်မယ်လို့ ငါတို့ မထင်ထားခဲ့ဘူး။”

“ဒါပေမဲ့…”

“သူ ဒီနေ့ ဒီနေရာမှာပဲ သေရလိမ့်မယ်။”

စကားဆုံးတာနဲ့ နတ်ဆိုးကျင့်ကြံသူ သုံးယောက် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတယ်။ သူတို့ထဲက နှစ်ယောက်က လက်ဟန်တံဆိပ်တွေဖွဲ့ပြီး တိုက်ခိုက်လိုက်တယ်။ အလယ်က တစ်ယောက်ကတော့ ကျောက်စိမ်းပုလွေတစ်လက်ထုတ်ပြီး ထူးဆန်းတဲ့ သံစဉ်တစ်ခုကို စတင် မှုတ်တော့တယ်။

ဂါး! ဂါး! ဂါး!

နတ်ဆိုးသားရဲတွေက အဲ့ဒီထူးဆန်းတဲ့ သံစဉ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ဟိန်းဟောက်လာကြတယ်။ သူတို့ရဲ့ မျက်လုံးတွေက သွေးလို နီရဲနေပြီး ချီမင်ကို စိုက်ကြည့်နေကြတယ်။

နတ်ဆိုးသားရဲအားလုံးက ချီမင်ကို ဝိုင်းရံလိုက်ကြတယ်။

“စီနီယာအစ်ကိုချီ!”

“နတ်ဆိုးသားရဲတွေက စီနီယာအစ်ကိုချီကို ဝိုင်းတိုက်နေပြီ!”

“ဒါ… ဒါက…”

“စီနီယာအစ်ကိုချီ၊ မြန်မြန်ပြေးတော့!”

“သတိထား!”

လူတိုင်းက ကြောက်လန့်တကြားနဲ့ အော်လိုက်တယ်။

“မင်းတို့အားလုံး နောက်ဆုတ်တော့။” ချီမင် လေသံအေးအေးနဲ့ တည်ငြိမ်စွာပြောလိုက်တယ်။

“စီနီယာ… စီနီယာအစ်ကိုချီ…”

ကျန်းရှစ်ချန်းနဲ့ တခြားသူတွေရဲ့ မျက်နှာတွေက ဖြူဖျော့ကုန်တယ်။

“သွားကြ။” ချီမင်က ထပ်ပြောလိုက်တယ်။

“ဟုတ်ကဲ့။”

ကျန်းရှစ်ချန်း၊ စုယုနဲ့ တခြားသူတွေ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ခေါင်းညိတ်လိုက်ကြတယ်။ ပြီးတော့ နောက်ကို ဆုတ်ခွာသွားကြတော့တယ်။

“ချီမင်၊ ငါ မင်းကို ကူညီမယ်။” လူဟိုင်ရှန်းက အော်ပြောလိုက်တယ်။

“မလိုဘူး။”

ချီမင်က လူဟိုင်ရှန်းကို တစ်ချက် ကြည့်လိုက်တယ်။ သူက ခုနထိ သွေးသံရဲရဲနဲ့ တိုက်ပွဲဝင်ခဲ့ရတော့ နတ်ဆိုးသားရဲတွေ အများကြီးကို သတ်နိုင်ခဲ့ပေမယ့် သူ့ကိုယ်တိုင်လည်း တော်တော်လေး ဒဏ်ရာအပြင်းအထန် ရထားပြီ။

“ဒါပေမဲ့…” လူဟိုင်ရှန်းက စကားစလိုက်တယ်။

“ငါတစ်ယောက်တည်းဆို လုံလောက်တယ်။” ချီမင်က သူ့စကားကို ဖြတ်ပြောလိုက်တယ်။

“မင်းက ဒီနတ်ဆိုးသားရဲ အုပ်ကြီးကိုတစ်‌ယောက်တည်း ရင်ဆိုင်ချင်တာလား? မင်းကိုယ်မင်း အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်နေပြီလို့ ထင်နေတာလား?”

နတ်ဆိုးကျင့်ကြံသူ သုံးယောက်က အသံကျယ်ကြီးနဲ့ အော်လိုက်တယ်။ သူတို့ရဲ့ မျက်နှာထားတွေက ခက်ထန်နေပြီး သူတို့ မှုတ်နေတဲ့ ပုလွေသံစဉ်ကလည်း အရင်ကထက် ပိုပြီးတော့တောင် ထူးဆန်းပြီး ကြောက်စရာကောင်းလာတယ်။ အဲ့ဒီသံစဉ်ကနတ်ဆိုးသားရဲတွေရဲ့ သွေးဆာမှုနဲ့ ကြမ်းကြုတ်တဲ့စိတ်တွေကို အမြင့်ဆုံးထိ ဆွဲတင်ပေးလိုက်တယ်။

“သူ့ကို အပိုင်းပိုင်း ဆွဲဖြဲပစ်ကြစမ်း!”

သူတို့အမိန့်ပေးလိုက်ကြတယ်။

ဒုန်း!!! ဒုန်း!!! ဒုန်း!!!

မြေပြင်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားတယ်။

ရာနဲ့ချီတဲ့ နတ်ဆိုးသားရဲတွေက ဒီရေလှိုင်းလုံးကြီးတစ်ခုလို တဟုန်ထိုး ပြေးဝင်လာပြီး ချီမင်ဆီကို အလုအယက် ခုန်အုပ်လိုက်ကြတယ်။ ဒီလို အင်အား၊ ဒီလို အရှိန်အဝါနဲ့ဒီလို စွမ်းအားမျိုးက လူတစ်ယောက်တည်းနဲ့တော့ လုံးဝကို ခုခံကာကွယ်ဖို့ မဖြစ်နိုင်ဘူး။

“စီနီယာအစ်ကိုချီ!”

“စီနီယာအစ်ကိုချီက ဒီလောက်များတဲ့ နတ်ဆိုးသားရဲတွေကို တစ်ယောက်တည်း ဘယ်လိုလုပ်ပြီး ခုခံနိုင်မှာလဲ!”

“ငါတို့ မြန်မြန်ပြေးကြရအောင်။ စီနီယာအစ်ကိုချီက ငါတို့ လွတ်ဖို့ အချိန်ဆွဲပေးနေတာ။”

“ဒီအချိန်ကို အခွင့်ကောင်းယူပြီး မြန်မြန်ပြေးမှ ဖြစ်မယ်။ မဟုတ်ရင် ငါတို့အားလုံး ဒီမှာ သေကုန်လိမ့်မယ်။”

“…”

လူတ်ိုင်းရဲ့ မျက်နှာတွေပေါ်မှာ ထိတ်လန့်တုန်လှုပ်မှုတွေကပေါ်နေတယ်။

“စီနီယာ စီနီယာအစ်ကိုချီက တကယ်ပဲ သူတို့ကို တားနိုင်ပါ့မလား?”

ရှောင်ဖန်းမနေနိုင်တော့ဘဲစိုးရိမ်တကြီးနဲ့ မေးလိုက်တယ်။

“မင်း ဆက်ကြည့်နေရင် သိလာမှာပဲ။”

လက်စွပ်ထဲက ‘အဘိုးကြီး’ကတိုက်ရိုက်ပြန်မဖြေဘူး။

“နတ်ဆိုးလင်းနို့။”

ချီမင်က တဟုန်ထိုးတက်လာတဲ့ နတ်ဆိုးသားရဲအုပ်ကြီးကို စိုက်ကြည့်နေရင်းသူ့အကြည့်တွေကတည်ငြိမ်နေတယ်။ သူ့မျက်နှာမှာ ထိတ်လန့်ကြောက်ရွံ့တဲ့ အရိပ်အယောင် တစ်စက်မှ မရှိဘူး။ အဲဒီအစား သူက အေးဆေးတည်ငြိမ်လွန်းနေတယ်။

“အခု ‘အသံလှိုင်းပေါက်ကွဲမှု’ ကို သုံးလိုက်တော့။”

ဝေါင်း

နောက်တစ်ခဏမှာပဲနတ်ဆိုးလင်းနို့က ကောင်းကင်ကိုဟိန်းဟောက်လိုက်တယ်။ လူတွေရဲ့ အကြည့်အောက်မှာပဲ၊ သူ့ရဲ့ လက်ဖဝါးလောက်ပဲရှိတဲ့ ခန္ဓာကိုယ်က မျက်စိတစ်မှိတ်အတွင်းမှာပဲ အဆပေါင်းများစွာ ပိုကြီးလာတယ်။ သူ့ရဲ့ အတောင်ပံတွေကို ဖြန့်လိုက်တော့ သုံးမီတာလောက်ရှည်တယ်။တစ်ကိုယ်လုံး မဲနက်သွားတယ်။

အဲ့ဒီကိုအပြင်အခြေခံတည်ဆောက်ခြင်းအ‌စောပိုင်းအဆင့်အရှိန်အဝါကိုလည်း အကုန်ထုတ်လွှတ်လိုက်တယ်။

လေလှိုင်းဂယက်တွေ ပတ်ဝန်းကျင်ကို ပျံ့နှံ့သွားတယ်။

စွမ်းအားကြီးလွန်းတယ်။

တကယ်ကို စွမ်းအားကြီးလွန်းတယ်။

ကြောက်မက်ဖွယ်ကောင်းဖိအားတစ်ခုက ဖြစ်ပေါ်လာပြီး အဲ့ဒီနေရာမှာ ရှိနေတဲ့လူတိုင်း အသက်ရှူရပ်သွား စေတယ်။ လူတိုင်းရဲ့မျက်လုံးကပြူးကျယ်သွားပြီးလုံးဝပြောင်းလဲသွားတဲ့ နတ်ဆိုးလင်းနို့ကို ကြည့်ပြီး ကြက်သေသေနေကြတယ်။

သူတို့ ပါးစပ်အဟောင်းသား ဖြစ်သွားကြတယ်။

အခြေခံတည်‌ဆောက်ခြင်းအဆင့်!

ဒါက အခြေခံတည်‌ဆောက်ခြင်းအဆင့် ဝိညာဉ်သားရဲပဲ!!!

ဘုရားရေ!

စီနီယာအစ်ကိုချီမှာအခြေခံတည်‌ဆောက်ခြင်းအဆင့် ရောက်နေတဲ့ ဝိညာဉ်သားရဲ တကယ်ကြီး ရှိနေတာပေါ့။

မယုံနိုင်စရာပဲ!

တကယ်ကို မယုံနိုင်စရာပဲ!

“အိုး မဟုတ်ဘူး!”

“ဘယ်လိုလုပ် အခြေခံတည်ဆောက်ခြင်းအဆင့် ဖြစ်နေရတာလဲ?”

“တောက်!”

နတ်ဆိုးကျင့်ကြံသူ သုံးယောက်ရဲ့ မျက်နှာမှာထိတ်လန့်မှုနဲ့ ကြောက်ရွံ့မှုတွေ အထင်းသား ပေါ်လာတယ်။

ဒါတင်မကဘူးနတ်ဆိုးလင်းနို့ရဲ့ စွမ်းအားကို အာရုံခံမိလိုက်တာနဲ့တဟုန်ထိုးဝင်လာတဲ့ နတ်ဆိုးသားရဲတွေက သွေးဆာပြီး ကြမ်းကြုတ်နေတဲ့ အခြေအနေကနေ ခဏတာ မှင်သက်သွားကြတယ်။

ဒါက အဆင့်သာလွန်တဲ့ သားရဲဆီက လာတဲ့ ဖိအားပဲဖြစ်တယ်။

ဇီး! ဇီး! ဇီး!

နတ်ဆိုးလင်းနို့က အင်အားစုစည်းလိုက်တယ်။။ သူ့ခန္ဓာကိုယ်ထဲက စွမ်းအင်တွေက လည်ပင်းရှေ့မှာ စုစည်းပြီး ကျစ်လျစ်သိပ်သည်းလာတယ်။ ပြီးတော့ အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်သွားပြီး‌ တော့ရတဲ့ အထူး ဝိညာဉ်သားရဲသိုင်းနည်းစနစ်ဖြစ်တဲ့ ‘အသံလှိုင်းပေါက်ကွဲမှု’ ကို ထုတ်လွှတ်လိုက်တယ်။

ဘုန်း! ဘုန်း! ဘုန်း!!!

ချက်ချင်းဆိုသလိုပဲနတ်ဆိုးလင်းနို့က ပါးစပ်ကို ဟပြီး ဟိန်းဟောက်လိုက်တယ်။ ဒါပေမယ့် လုံးဝကိုတိတ်နေတယ်။ ဒီလို အမြင့်သံလှိုင်းမျိုးက သာမန်လူတွေရဲ့ ကြားနိုင်တဲ့အကွာအဝေးကို ကျော်နေပြီ၊ဖြစ်တယ်။အဲ့ဒါကြောင့် ဘာသံမှ မကြားရတာဖြစ်တယ်။

ဒါပေမယ့်ရေမျက်နှာပြင်ပေါ်က လှိုင်းဂယက်လေးတွေလိုမျိုး မမြင်ရတဲ့ အသံလှိုင်းတွေကတော့ ပျံ့နှံ့သွားပြီး၊ ပတ်ဝန်းကျင်က လေထုနဲ့ မြင်ကွင်းတွေကို ပုံပျက်သွားစေတယ်။

နတ်ဆိုးလင်းနို့ကို ဗဟိုပြုပြီး အဲ့ဒီအသံလှိုင်းတွေက အသံထက်မြန်တဲ့ အရှိန်နဲ့ ပျံ့နှံ့ထွက်သွားတယ်။

ဖွတ်! ဖွတ်! ဖွတ်!

အသံမဲ့အသံလှိုင်းတွေ ဖြတ်သန်းသွားတဲ့ နေရာတိုင်းကိုလုံးဝ ဖိနှိပ်လိုက်တယ်။ နတ်ဆိုးသားရဲတွေရဲ့ ခေါင်းတွေက ဖရဲသီးတွေလို တစ်လုံးပြီးတစ်လုံးကွဲထွက်ကုန်တော့တယ်။

All Chapters