ကျင်းလန်
Vol. 3 Ch. 35
သိထားရမှာက အဲ့ဒီမှာ နတ်ဆိုးသားရဲ တစ်ကောင်နှစ်ကောင်တည်း မဟုတ်ဘဲရာနဲ့ချီပြီးရှိနေတာဖြစ်တယ်။အများစုက ချီသန့်စင်ခြင်းအဆင့်ငါးအောက်မှာရှိတယ်ဆိုပေမယ့်အဆင့်ခြောက်၊ အဆင့်ခုနစ်ကောင်တွေလည်း အများကြီးရှိတယ်။
ဒါပေမဲ့ နတ်ဆိုးလင်းနို့ရဲ့ တိုက်ခိုက်မှုကအားလုံးကို တစ်ချက်တည်းနဲ့ တန်းတူအပြတ်ရှင်းပစ်လိုက်တယ်။ ကြောက်စရာကောင်းပြီးဖျက်ဆီးအားပြင်းတဲ့ အသံလှိုင်းမြင့်တိုက်ခိုက်မှုက သူတို့ရဲ့ခေါင်းတွေကို တစ်စစီ ကြေမွသွားအောင် လုပ်ပစ်လိုက်တယ်။
အကုန်သေကုန်ပြီဖြစ်တယ်။
မှန်တယ်။
ရာနဲ့ချီတဲ့ နတ်ဆိုးသားရဲတွေ အကုန်သေကုန်ပြီဖြစ်တယ်။ တစ်ကောင်မှ မကျန်ခဲ့ပေ။
သူတို့အကုန် ခေါင်းမရှိတော့တဲ့အလောင်းတွေ ဖြစ်ကုန်တယ်။ပေါက်ကွဲသွားတဲ့ ခေါင်းတွေကြောင့်စီးကျလာတဲ့ သွေးတွေက မြေပြင်ပေါ်မှာ သွေးအိုင်ကြီးလို ဖြစ်သွားတယ်။
သွေးညှီနံ့က တော်တော်ပြင်းတယ်။
တိတ်ဆိတ်!
နေရာတစ်ခုလုံး အပ်ကျသံ ကြားရလောက်အောင် တိတ်ဆိတ်သွားတယ်!
နတ်ဆိုးလင်းနို့က သူ့စွမ်းအားကို ပြန်စုလိုက်ပြီး လက်ဖဝါးအရွယ်လောက်လေး ပြန်ဖြစ်သွားတယ်။ ပြီးတော့ ချီမင်ရဲ့ ပခုံးပေါ်ကို ဖြည်းဖြည်းချင်း ပြန်နားလိုက်တယ်။ ခုနက တိုက်ကွက်ကြောင့် သူ့စွမ်းအင်တွေ တော်တော်များများကိုကုန်သွားစေတယ်။
အဲ့ဒီအချိန်မှာ လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်နေပြီး မျက်လုံးတွေတောင် ပြုတ်ကျတော့မယ့်အတိုင်းပဲ။ ဘာစကားမှ ပြောမထွက်နိုင်တော့ဘူး။ မျက်စိရှေ့က မြင်ကွင်းကြောင့် လုံးဝ ကြက်သေသေသွားတယ်။
သူတို့ မယုံနိုင်ဘူး။
ယုံနိုင်စရာကို မရှိတာ။
သူတို့ကြောင်တောင်တောင် ဖြစ်ကုန်တယ်။
“ရှူး…”
…
တစ်စုံတစ်ယောက်က အသက်ပြင်းပြင်းရှူလိုက်ရင်း တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်တယ်။
“သေ… သေကုန်ပြီ။ အကုန်သေပြီ…”
“ရာနဲ့ချီတဲ့ နတ်ဆိုးသားရဲတွေ! ရာနဲ့ချီတာကြီးကို! တစ်ချက်တည်း! တစ်ချက်တည်းနဲ့! သူအားလုံးကို ချက်ချင်း သတ်ပစ်လိုက်တယ်! သူတို့ခေါင်းတွေပေါက်ကွဲကုန်တယ်!”
“ဒါ… ဒါက အခြေခံတည်ဆောက်ခြင်းအဆင့်ရဲ့ စွမ်းအားလားဟ? ဒါမျိုးကအခြေခံတည်ဆောက်ခြင်းအဆင့် ဝိညာဉ်သားရဲရဲ့ အစွမ်းလား?”
“စီနီယာအစ်ကိုချီကတော့ ဒီအပြင်စည်းဂိုဏ်စစ်ဆေးပွဲမှာ ပထမနေရာရပြီပဲ!”
“ချီမင်! ချီမင်! ချီမင်!”
သူတို့တွေကအားပေးနေကြတယ်။
လူတိုင်းက စိတ်လှုပ်ရှားစွာနဲ့ ချီမင်ရဲ့ နာမည်ကို အော်ဟစ်နေကြတယ်။ ဒီအချိန်မှာ ချီမင်ရဲ့ဂုဏ်သတင်းနဲ့ အောင်မြင်မှုက ဒီနေရာမှာ အမြင့်ဆုံးကို ရောက်သွားတယ်။ဒီမှာ ရှိနေတဲ့သူတိုင်းရဲ့ နှလုံးသားထဲကိုနက်ရှိုင်းစွာဝင်ရောက်သွားတယ်။
“ကျစ်!”
“နောက်နေတာလားဟ?”
နတ်ဆိုးကျင့်ကြံသူ သုံးယောက်လည်း လုံးဝ ကြက်သေသေသွားတယ်။ သူတို့အမူအရာတွေက ပိုတောင် ကြောက်လန့်နေသေးတယ်။ သူတို့မထိန်းနိုင် တော့ပဲဟိန်းဟောက်လိုက်ကြတယ်။ “ဒါက အစေခံတပည့်တွေရဲ့ အပြင်စည်းဂိုဏ်းစစ်ဆေးပွဲလေ! အခြေခံတည်ဆောက်ခြင်းအဆင့်ဝိညာဉ်သားရဲကတကယ်ကြီး ပေါ်လာတယ်? ဘယ်လိုလုပ်ပြီးပေါ်လာရတာလဲ!”
“သေစမ်းကွာ!”
“ပြေး!”
သူတို့ လုံးဝ တုံ့ဆိုင်းမနေတော့ဘူး။ ခုနက နတ်ဆိုးသားရဲအကုန်လုံးကို တစ်ချက်တည်းနဲ့ သတ်ပစ်လိုက်တဲ့ အခြေခံတည်ဆောက်ခြင်းအဆင့်နတ်ဆိုးလင်းနို့ကို ရင်ဆိုင်ဖို့ဆိုက၊ ဒီလို အင်အားနဲ့ တိုက်ခိုက်နိုင်စွမ်းမျိုးကို သူတို့ လုံးဝ ခုခံနိုင်မှာ မဟုတ်ဘူး။
ထွက်ပြေးဖို့ပဲ ရှိတော့တယ်။
“သူတို့ကို သတ်လိုက်။” ချီမင်က အေးစက်တဲ့ အကြည့်နဲ့ အမိန့်ပေးလိုက်တယ်။
ရှပ်!
နတ်ဆိုးလင်းနို့က တောင်ပံခတ်လိုက်ပြီး ချက်ချင်း ပျောက်ကွယ်သွားတယ်။ သူ့အမြန်နှုန်းက အရမ်းမြန်တာကအသံထက်မြန်တဲ့အရှ်ိန်နှုန်းအတိုင်းပဲ။သူက ထွက်ပြေးနေတဲ့ နတ်ဆိုးကျင့်ကြံသူ သုံးယောက်နောက်ကို လိုက်သွားတယ်။
ဖောက်!!!
သွေးတွေ ပန်းထွက်လာတယ်။
နတ်ဆိုးကျင့်ကြံသူတစ်ယောက်ရဲ့ ခေါင်းကိုနတ်ဆိုးလင်းနို့က နေရာမှာတင် ဖြတ်ချလိုက်တယ်။ သူကအော်ချိန်တောင် မရလိုက်ဘဲ သေသွားတယ်။
“အား!!!”
ဖောက်!!!
ခဏနေတော့နတ်ဆိုးလင်းနို့ရဲ့ကိုယ်ကဓားလိုချွန်ထက်လာပြီး လက်ဝါးအရွယ်နတ်ဆိုးလင်းနို့ကနောက်ထပ်မြှားတစ်စင်းလိုထိုးဖောက်သွားတယ်။
နှလုံးသားနေရာမှာအပေါက်ကြီးတစ်ပေါက်ဖြစ်သွားတယ်။
နှလုံးအဖောက်ခံလိုက်ရတဲ့ နတ်ဆိုးကျင့်ကြံသူကလုံးဝမသေခင် အော်သံနှစ်ချက်သုံးချက်လောက်အော်သွားတယ်။
အခုနတ်ဆိုးကျင့်ကြံသူ တစ်ယောက်ပဲ ကျန်တော့တယ်။
“ရပ်လိုက်။”
ဘုန်း!
နတ်ဆိုးလင်းနို့ကနောက်ဆုံးကျန်တဲ့နတ်ဆိုးကျင့်ကြံသူကို အသံလှိုင်းသုံးပြီးအပြတ်ရှင်းဖို့ လုပ်နေတုန်းမှာလူငယ်တစ်ယောက်ရုတ်တရက်ပေါ်လာလာပြီး ကြေးဒိုင်းကာတစ်ခုနဲ့ တားဆီးလိုက်တယ်။
အဲ့ဒီလူငယ်က သူ့ညာလက်ကို ဝှေ့ယမ်းလိုက်တော့ အစိမ်းရောင် ကြိုးတစ်ချောင်းကထွက်လာတယ်။ ဒီအစိမ်းရောင်ကြိုးကအသက်ရှိနေသလိုနဲ့နောက်ဆုံးကျန်နေတဲ့ နတ်ဆိုးကျင့်ကြံသူကို ခိုင်ခိုင်မြဲမြဲ ချည်နှောင်ထားလိုက်တယ်။အဲ့လူကမြေကြီးပေါ်မှာ လဲကျသွားပြီး လှုပ်တောင် မလှုပ်နိုင်တော့ဘူး။
“ပြန်လာခဲ့။”
နတ်ဆိုးလင်းနို့က ဆက်ပြီး တိုက်ချင်နေသေးပေမဲ့ ချီမင်က ချက်ချင်းပဲ ရပ်ဖို့ အော်လိုက်တယ်။ အဲ့ဒီတော့မှသူက လက်လျှော့ပြီး ချီမင်ဆီ အမြန်ပြန်လာကာ ပခုံးပေါ်မှာ ပြန်နားလိုက်တယ်။
“မဆိုးဘူး၊ တော်သားပဲ။”
အဲ့ဒီလူငယ်က အစိမ်းရောင် ဝတ်ရုံ ဝတ်ထားပြီး ခါးမှာလည်း ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ အမှတ်အသားပြားကိုချိတ်ထားတယ်။ သူကချီမင်ကို ပြုံးပြီးခေါင်းညိတ်ရင်းပြောလိုက်တယ်၊ “တိမ်စိမ်းတောင်ထွတ်ရဲ့ အစေခံတန်းလျားမှာ တကယ့်ကို မထင်မှတ်ဘဲပုန်းကွယ်နေတဲ့ နဂါးလိုပါရီရှင်တစ်ယောက် ရှိနေပါလား။”
ချီမင်က အရိုအသေပေးပြီး ပြောတယ်၊ “စီနီယာအစ်ကိုက မြှောက်လွန်းနေပါပြီ။ ဒီနောက်ဆုံး နတ်ဆိုးကျင့်ကြံသူကို သတ်တာ ဘာလို့ တားလိုက်ရတာပါလဲ?”
“အဟွတ်… အဟွတ်။”
အဲ့ဒီလူငယ်က ချောင်းဟန့်ပြီး ပြောလိုက်တယ်၊ “ငါကိုယ့်ကိုယ်ကို မိတ်ဆက်ဖို့ မေ့နေတာပဲ။ မင်းငါ့ကို ‘ကျင်းလန်’ လို့ ခေါ်လို့ရတယ်။ ငါတို့ဂိုဏ်းမှာကောင်းကင်ဘုံအကြီးအကဲရဲအမွေအနှစ်ကောလဟာလသတင်းကနေရာတိုင်းမှာပျံ့နေတာ။ငါ့ဆရာသိုင်းပညာဉာဏ်အလင်းတောင်ထွတ်ရဲ့အမွေခံအဆင့်အကြီးအကဲစုကငါတို့ဂိုဏ်းမှာ နတ်ဆိုးကျင့်ကြံသူတွေစိမ့်ဝင်နေပြီး တောင်ထွတ်ဆယ့်နှစ်ခုကအစေခံတပည့်တွေကိုတိုက်ခိုက်မယ်လို့ကောက်ချက်ချမိတယ်။”
“ဒါကြောင့် ဆရာက ငါ့ကို ကောင်းကင်ဘုံလျှို့ဝှက်ဆန်းကြယ်နယ်မြေထဲမှာ မင်းတို့ရဲ့ လုံခြုံရေးကို ကာကွယ်ပေးဖို့ အထူးလွှတ်လိုက်တာ။ ဒါပေမဲ့တိမ်စိမ်းတောင်ထွတ်က ဂျူနီယာညီလေး ချီမင်လို ဖုံးကွယ်နေတဲ့ နဂါးမျိုးက ချီသန့်စင်ခြင်းအဆင့်ခြောက်နဲ့တင် အခြေခံတည်ဆောက်ခြင်းအဆင့်အစောပိုင်းအဆင့်ဝိညာဥ်သားရဲကို ထိန်းချုပ်နိုင်လိမ့်မယ်လို့ငါ လုံးဝ မထင်ထားမိဘူး။”
“ဂျူနီယာညီလေးချီက ငါ ဘာမှ မလုပ်ရသေးခင်နတ်ဆိုးသားရဲအုပ်စု တစ်ခုလုံးကို ရှင်းပစ်လိုက်တယ်။ ပြီးတော့နတ်ဆိုးကျင့်ကြံသူ သုံးယောက်ထဲက နှစ်ယောက်ကိုတောင်ဆက်တိုက်သတ်ပစ်လိုက်တယ်။ မင်းရဲ့ လုပ်ပုံကိုင်ပုံက တော်တော် ပြတ်သားပြီး လေးစားစရာကောင်းတယ်။”
“ဒါပေမဲ့…”
ကျင်းလန်က ခဏရပ်ပြီး ပြောတယ်၊ “ဆရာက ငါ့ကို ဒီကိုလွှတ်တာ မင်းတို့လုံခြုံရေးကို ကာကွယ်ဖို့တစ်ခုတည်း မဟုတ်ဘူး။ ခိုးဝင်လာတဲ့ နတ်ဆိုးကျင့်ကြံသူတွေကို ဖမ်းဆီးဖို့လည်း ပါသေးတယ်။”
“ဟိုနှစ်ယောက် သေသွားတာက သိပ်ကိစ္စမရှိဘူး၊ ဒါပေမဲ့ ဒီတစ်ယောက်ကိုတော့ သတ်လို့မဖြစ်ဘူး။”
“ငါတို့ စစ်ဆေးမေးမြန်းဖို့ အသက်ရှင်ကျန်ရစ်တဲ့သူ တစ်ယောက်တော့ လိုတယ် မဟုတ်လား?”
ချီမင်က ‘သဘောပေါက်သွားပြီ’ ဆိုတဲ့ မျက်နှာထားနဲ့ ပြောလိုက်တယ်၊ “သြော် ဒီလိုကိုး။ ဒါက အမွေခံအဆင့်အကြီးအကဲရဲ့ စီစဉ်မှုဆိုတော့ ကျွန်တော်လည်း လိုက်နာရမှာပေါ့။ အစ်ကိုကြီး ကျင်းလန်၊ ဒီနတ်ဆိုးကျင့်ကြံသူကို ခေါ်သွားပါဗျာ။”
ကျင်းလန်က ခေါင်းအသာညိတ်လိုက်တယ်၊ “အေး။ အပြင်စည်းဂိုဏ်းစစ်ဆေးပွဲ ပြီးဖို့ နာရီဝက်ပဲ လိုတော့တယ်။ ငါ ဒါကို သတင်းပို့ပြီးရင်တော့ ဒီစစ်ဆေးပွဲက သတ်မှတ်ချိန်ထက် စောပြီး ပြီးနိုင်တယ်။”
ချီမင်က ခေါင်းညိတ်လိုက်တယ်။
ကျင်းလန်က ပြောလိုက်တယ်၊ “ဟုတ်သားပဲ၊ ဂျူနီယာညီလေးချီမင်းအတွက် ဒီတစ်ခေါက် အပြင်စည်းဂိုဏ်းစစ်ဆေးပွဲမှာ ပထမနေရာကတော့ သေချာပေါက်ပဲ။ နောက်ဆက်လုပ်မယ့် ပြိုင်ပွဲစဉ်တွေကို ဆက်လုပ်ဖို့တောင် မလိုလောက်တော့ဘူး ထင်တယ်။”
“မင်းရဲ့ ဒီစွမ်းဆောင်ရည်နဲ့ဆိုရင် အမွေခံအဆင့်အကြီးအကဲတစ်ယောက်ယောက်ရဲ့ မျက်စိကျတာကို ခံရဖို့ အခွင့်အရေး အရမ်းများတယ်။”
“ကြိုပြီး ဂုဏ်ပြုပါတယ် ဂျူနီယာညီလေးချီ။”
“စီနီယာအစ်ကိုရဲ့ချီးကျူးစကားအတွက် ကျေးဇူးတင်ပါတယ်ဗျာ။” ချီမင်က ပြန်ပြောလိုက်တယ်။
“ဒါပေမဲ့ အမွေခံတပည့်ဖြစ်ဖို့ကလွယ်တဲ့ကိစ္စမဟုတ်ဘူး။”
ကျင်းလန်ကထပ်ပြောလိုက်တယ်၊ “ခုချိန်ထိငါက ဆရာ့ရဲ့ အမည်ခံတပည့်အဆင့်ပဲရှိသေးတယ်။”
“သွားကြစို့။”
ဝှစ်!
ကျင်းလန် စကားဆုံးတာနဲ့ ညာလက်ကို ဝှေ့ယမ်းပြီး အဲ့ဒီိနတ်ဆိုးကျင့်ကြံသူရဲ့ လည်ပင်းကို ဆွဲလိုက်တယ်။ သူ့ကိုယ်က ကောင်းကင်ကိုတက်သွားပြီး ဟင်းလင်းပြင်ဂယက်တွေနဲ့အတူ တယ်လီပို့ (နေရာကူးပြောင်း)နဲ့ပျောက်ကွယ်သွားတယ်။
ချီမင်လည်းသက်သာရာရတဲ့အနေနဲ့သက်ပြင်းလေးကြီးချနိုင်တော့တယ်။
“စီနီယာအစ်ကိုချီ...”
“စီနီယာအစ်ကိုချီ...”
အနားက ကျန်းရှစ်ချန်း လုဟိုင်၊ ရှောင်ဖန်း၊ရှုယီနဲ့ တခြားသူတွေ သူ့ဆီ လျှောက်လာကြတယ်။ သူတို့မျက်လုံးတွေထဲမှာ လေးစားမှုတွေ၊ ကျေးဇူးတင်မှုတွေ ပြည့်နေတယ်။ ဘာလို့လဲဆိုတော့ ချီမင်ကြောင့်သာ သူတို့အားလုံး အသက်ရှင်ခဲ့ရတာဖြစ်တယ်။
ချီမင်က ဒီမှာရှိတဲ့လူတိုင်းကို ကယ်တင်ခဲ့တာလို့ ပြောလို့ရတယ်။
ကျင်းလန်နဲ့ ပတ်သက်လို့ကတော့...
ရိုးရိုးသားသားပြောရရင် ကျန်းရှစ်ချန်းတို့အုပ်စုက ငတုံးတွေ မဟုတ်ဘူးလေ။ ကျင်းလန် ပြောသလိုသာဆိုရင်နတ်ဆိုးကျင့်ကြံသူသုံးယောက် ပေါ်လာကတည်းက သူ ချက်ချင်းဝင်တိုက်သင့်တာ။ အခုလို နောက်ဆုံးအချိန်ရောက်မှ ထွက်လာစရာ အကြောင်းမရှိဘူး။
ဒါ့အပြင်လူတိုင်းသေချာပြန်စဉ်းစားကြည့်မှကောင်းကင်ဘုံအကြီးအကဲအမွေအနှစ်အကြောင်းကောလာဟလ စပေါ်ကတည်းကနေ ခုထိအဖြစ်အ ပျက်တော်တော်များများက အရမ်းထူးဆန်းနေတယ်။ ကြိုတင်စီစဉ်ထားသလိုပဲ။
ချီမင်က အမိန့်ပေးလိုက်တယ်၊ “သွေးမိစ္ဆာနတ်ဆိုးသရဲ၊ ဒီနတ်ဆိုးသားရဲတွေနဲ့ နတ်ဆိုးကျင့်ကြံသူတွေရဲ့ အလောင်းတွေက စွမ်းအင်အကုန် စုပ်ယူလိုက်စမ်း။”
နတ်ဆိုးသရဲက စိတ်လှုပ်ရှားသွားတယ်။ ချီမင်ရဲ့ အမိန့်အတိုင်း အလောင်းတွေစုနေတဲ့နေရာကို ပြေးဝင်သွားတယ်။ အနက်ရောင် မကောင်းတဲ့စွမ်းအင်တွေ၊ မိစ္ဆာစွမ်းအင်တွေ တလိမ့်လိမ့်တက်လာပြီး ဝဲဂယက်တစ်ခု ဖြစ်ပေါ်လာတယ်။
ဝှစ်! ဝှစ်! ဝှစ်!!!
အလောင်းတွေဆီက အနှစ်သာရစွမ်းအင်အားလုံးကို သွေးမိစ္ဆာနတ်ဆိုးသရဲက ဝါးမျိုလိုက်တယ်။
ဘုန်း!
မျက်စိတစ်မှိတ်အတွင်းမှာပဲ နတ်ဆိုးသရဲကချီသန့် စင်ခြင်းအဆင့်ရှစ်ကိုထိုးဖောက်သွားတယ်။အဲ့ဒါနဲ့တင်မရပ်ဘဲဆက်တက်နေတုန်းပဲ။ အလောင်းအနှစ်သာရအားလုံးကို ဝါးမျိုပြီးတော့မှသွေးမိစ္ဆာနတ်ဆိုးသရဲက ချီသန့်စင်ခြင်းအဆင့်ကိုးအစောပိုင်းအဆင့်ကို ရောက်သွားတယ်။
ဆယ်မိနစ်ကြာတော့။
“ငါတို့အားလုံး လှည့်စားခံလိုက်ရတာပဲ။”
ရှုယီ လုဟိုင်ရှန်း နဲ့ တခြားသူတွေ အမွေအနှစ်တောအုပ်ထဲကနေ မကောင်းတဲ့မျက်နှာအရာတွေနဲ့ ထွက်လာကြတယ်။ သူတို့က လေသံတိုးတိုးနဲ့ ပြောလိုက်တယ်၊ “ကောင်းကင်ဘုံအကြီးအကဲ အမွေအနှစ်ဆိုတာ လုံးဝ လုပ်ကြံဖန်တီးထားတာပဲ။ ငါတို့အတင်းဖွင့်ဝင်ကြည့်တော့ အထဲမှာ သာမန်လိုဏ်ဂူတစ်ခုလိုပဲ။ ဘာမှမရှိဘူး။”
“အရင်ထွက်ခဲ့တဲ့ ကောလာဟလတွေက တမင်ဖြန့်ထားတာ အားလုံးကို အကွက်ကျကျ စီစဉ်ထားတာပဲ။ငါတို့တင်အလှည့်စားခံရတာမဟုတ်ဘူး။ပုန်းအောင်းနေတဲ့နတ်ဆိုးကျင့်ကြံသူတွေပါ အကွက်ထဲဝင်ပြီး သူတို့ဘယ်သူဘယ်ဝါဆိုတာအဖော်ခံလိုက်ရတာပဲ။”
“ဒါက...”
“ဘယ်သူလုပ်တာလဲ”
“အကြီးအကဲ စု များ ဖြစ်နေမလား...”
လူတိုင်း စိတ်ထဲမှာ တုန်လှုပ်သွားပြီး ဖြစ်နိုင်ခြေတချို့ကို မှန်းဆမိပေမဲ့ ဆက်မပြောရဲဘူး။ ဘာပဲဖြစ်ဖြစ်သူတို့ကအစေခံတပည့်တွေဖြစ်တယ်။ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ အထက်လူကြီးတွေကို ဘယ်လိုလုပ် ဝေဖန်ရဲမှာလဲ။
ဒါ့အပြင် ဒါကသူတို့ရဲ့ထင်ကြေးသက်သက်ပဲ။ခိုင်မာတဲ့ဘာသက်သေအထောက်အထားမှ မရှိပေ။
အဲ့ဒီအချိန်မှာချီမင်တို့အဖွဲ့လက်ထဲကစစ်ဆေးပွဲတိုကင်ပြားတွေကလင်းလက်လာတယ်။ သူတို့ရဲ့အပြင်စည်းဂိုဏ်း စစ်ဆေးမှုပြီးဆုံးသွားပြီဖြစ်ကြောင်းအချက်ပြနေတာဖြစ်တယ်။သူတို့ ကောင်းကင်ဘုံလျှို့ဝှက်ဆန်းကြယ်နယ်မြေကနေ ထွက်ခွာဖို့ အကဲဖြတ် တိုကင်ပြားတွေကို သုံးဖိုလိုအပ်တယ်။