ဘယ်ကမှန်းမသိရောက်လာတဲ့ဂိုဏ်းတူတူလေးရှောင်
Vol. 3 Ch. 38
“အစ်မ တွက်ပေးမယ်လေ။”
လုချင်းယန်က ပြုံးပြီးပြောတယ်၊ “ချီသန့်စင်ခြင်းအဆင့်နိမ့်ဝိညာဉ်ဆေးပင်တစ်ပင်ကို အဆင့်နိမ့် ဝိညာဉ်ကျောက် တုံး၁၀ လုံး။ အလတ်စားဆိုရင်တော့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးအလုံး ၂၀ ပဲ။”
“အဆင့်တစ်ခုတက်သွားတိုင်း ဈေးက နှစ်ဆတက်သွားတယ်။”
“ဒါကြောင့် ဒီမှာရှိတဲ့ ဝိညာဉ်ဆေးပင်တွေအားလုံးပေါင်းရင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၃၉,၂၄၀ ရတယ်။ မင်းက ပထမဆိုတော့ အစ်မ နည်းနည်းပိုလျှော့ပေးလိုက်မယ်။”
“အားလုံးကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး၄၀,၀၀၀ နဲ့ ဝယ်လိုက်မယ်။”
“ဘယ်လိုလဲ။”
“ကျေးဇူးပါ အစ်မ။” ချီမင်က ပျော်ရွှင်စွာနဲ့ ပြောလိုက်တယ်။
ဒီလိုနဲ့...
ချီမင်က ကောင်းကင်ဘုံလျှို့ဝှက်ဆန်းကြယ်နယ်မြေက ရတဲ့ ဝိညာဉ်ဆေးပင်တွေအားလုံးကို ရောင်းလိုက်ပြီး အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး၄၀,၀၀၀ ရလိုက်တယ်။ ဒါ့အပြင် ဆုကြေးက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး၁၆,၀၀၀ ပါပါတယ်။
ဒီလိုနည်းနဲ့...
ချီမင်ရဲ့လက်ထဲမှာရှိတဲ့ ဝိညာဉ်ကျောက်တုံးအရေအတွက်က ၅၆,၀၀၀ အထိ ရောက်သွားပြီ။
သိထားရမှာက ချီမင်ဆီမှာ အဆင့်နိမ့် သိုလှောင်အိတ်တွေ၊ ချီသန့်စင်ခြင်းအဆင့် အဆောင် အမျိုးမျိုးနဲ့ သိုင်းနည်းစနစ်တွေ အများကြီး ကျန်သေးတယ်။ ဒီ ပစ္စည်းတွေကို ရောင်းဖို့ အခွင့်အရေးရှာပြီး ဝိညာဉ်ကျောက်တုံးတော်တော်များများ ရနိုင်သေးတယ်။
ဒါကြောင့် ချီမင်က ဒီအပြင်စည်းဂိုဏ်း စစ်ဆေးပွဲ ကြောင့်အရမ်းကိုကျေနပ်နေတယ်။
ရှပ်!
အကြီးအကဲဖုန်းက ရှေ့တစ်လှမ်းတိုးလာပြီး ချီမင်ရဲ့ပခုံးပေါ် လက်တင်လိုက်ကာ၊ “ကဲ ချီမင်၊ ငါနဲ့လိုက်ခဲ့။”
“ခဏနပေါဦး။”
ရှှစ်! ရှှစ်!
စုဇီရှုနဲ့ အကြီးအကဲဝူတို့က သူတို့လမ်းကို ပိတ်လိုက်တယ်။ “ချီမင်က ဘယ်သူ့ကို ဆရာအဖြစ် သတ်မှတ်ချင်တယ်လို့ မပြောရသေးဘူး။”
စုဇီရှုက ပွင့်ပွင့်လင်းလင်းပဲ ပြောတယ်၊ “ချီမင်၊ မင်းသာ ငါ့ကို ဆရာတင်မယ်ဆိုရင်၊ မင်းအတွက် သီးသန့်ကျင့်ကြံခြင်းဂူတစ်ခုရဖို့ ငါကိုယ်တိုင် ဂိုဏ်းကို တောင်းဆိုပေးမယ်။ လစဉ် ပုံမှန် ကျင့်ကြံရေး အထောက်အပံ့တွေလည်းရမယ်။”
“မင်းက အခု ချီသန့်စင်ခြင်းအဆင့်မှာပဲ ရှိသေးလို့၊ လောလောဆယ်တော့ တစ်လကို အဆင့်နိမ့် ဝိညာဉ်ကျောက် ၁၀,၀၀၀ ပဲ ပေးဦးမယ်။ ဒါ့အပြင် ဆေးအမျိုးမျိုးရဲ့ အထောက်အပံ့တွေနဲ့ မင်းနဲ့သင့်တော်မယ့် အမွေခံအဆင့်ကျင့်စဉ်တစ်ခုပါ ပါပေးတယ်။”
“မင်း အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်သွားတာနဲ့ မင်းရဲ့ ကျင့်ကြံရေး အထောက်အပံ့တွေက ဆယ်ဆတိုးလာမယ်။ ဒါ့အပြင် မင်းသာ ငါ့လိုအပ်ချက်တွေကို ပြည့်မီရင်၊ မင်းရနိုင်မယ့် အထောက်အပံ့တွေက ဒီထက်တောင် ပိုများလာဦးမှာ။”
“စုဇီရှု၊ ခင်ဗျား...”
အကြီးအကဲဝူက အံ့ဩသွားပြီး စုဇီရှုကို အံ့အားသင့်စွာ ကြည့်လိုက်တယ်။ စုဇီရှုက ဒီလောက်တောင် ပေးဖို့ ဆန္ဒရှိလိမ့်မယ်လို့ သူ မမျှော်လင့်ထားဘူး။
အကြီးအကဲဝူနဲ့ တခြားသူတွေအတွက်တော့ ဒီအထောက်အပံ့တွေက သိပ်များတယ်လို့ မထင်ရပေမယ့်၊ စုဇီရှုက ဂိုဏ်းကို ကိုယ်တိုင် လျှောက်ရမှာ။ ချီမင်သာ ကောင်းကောင်း မလုပ်နိုင်ခဲ့ရင်၊ စုဇီရှုက သူ့အတွက် ကုန်ကျသွားတဲ့ အထောက်အပံ့တွေကို ပြန်ပေးရလိမ့်မယ်။
ဒါ့အပြင် ဒါက တစ်ကြိမ်နှစ်ကြိမ်မဟုတ်ဘဲ အချိန်ကာလအကြာကြီးအတွက် ပမာဏကြီးမားတဲ့ အထောက်အပံ့တွေ ဖြစ်တယ်။
တကယ်တော့ အကြီးအကဲဝူက အစေခံတပည့်ဘဝကနေ တစ်ဆင့်ချင်း တိုးတက်လာခဲ့တာ။ အခု သူက အခြေတည်ဝိညာဉ်အဆင့်ကိုတောင် ကျော်နေပြီ၊ ဒါပေမယ့် သူက ငွေရေးကြေးရေး နည်းနည်းကျပ်တည်းနေပြီး တခြား အမွေဆက်ခံ အကြီးအကဲတွေလောက် မတတ်နိုင်ဘူး။
တကယ်ပြောရရင် အကြီးအကဲဝူက ဒီအထောက်အပံ့တွေကို ထုတ်ပေးဖို့ တကယ် မတတ်နိုင်ဘူး။ သူက ဂိုဏ်းကို လျှောက်ခဲ့ရင်တောင် ဂိုဏ်းက ခွင့်ပြုချင်မှ ခွင့်ပြုမှာ။
ဒီလိုတွေးမိတော့ အကြီးအကဲဝူက လက်လျှော့ချင်သွားတယ်။
“အဟွတ်.. ဟွတ်...” အကြီးအကဲဝူက ဖွဖွ ချောင်းဟန့်လိုက်တယ်။ သူက ကြိုးစားကြည့်ချင်သေးပြီး ပြောလိုက်တယ်၊ “ချီမင်၊ မင်းရဲ့ပါရမီက သားရဲထိန်းကျောင်းသူဖြစ်ဖို့ တကယ် သင့်တော်တယ်။ ငါက မင်းကို အထောက်အပံ့တွေ အများကြီး မပေးနိုင်ပေမယ့်၊ ငါကိုယ်တိုင် မင်းကို လမ်းညွှန်ပေးနိုင်တယ်။ လမ်းမှား မရောက်အောင် ငါ သေချာပေါက် လုပ်ပေးနိုင်တယ်ကွ။”
“ကျေးဇူးတင်ပါတယ် အကြီးအကဲဝူ။”
ချီမင်က လက်နှစ်ဖက်ကိုယှက်ပြီး ဦးညွှတ်လိုက်တယ်။ တကယ်တော့ သူ ငြင်းလိုက်ပြီးသား ဖြစ်နေပြီ။
“ထားလိုက်ပါတော့...”
အကြီးအကဲဝူက ခေါင်းခါပြီး လက်ကို ခါယမ်းကာ ထွက်သွားတယ်။ သူက အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ယံကို ထိုးခွင်းကာ မျက်စိတစ်မှိတ်အတွင်းမှာပဲပျောက်ကွယ်သွားတယ်။
သိသာနေတာကတော့ အကြီးအကဲဝူက ဒီထက်ပိုပြီး မနေချင်တော့ဘူး။
“နှုတ်ဆက်ပါတယ် အမွေခံအဆင့်အကြီးအကဲ။”
ပတ်ဝန်းကျင်က လူတိုင်းက ဦးညွှတ်အရိုအသေပေးလိုက်ကြတယ်။
ရှုယီ၊ လူဟိုင်ရှန်းနဲ့ တခြားသူတွေက အကြီးအကဲဝူ ထွက်သွားတာကို ကြည့်နေကြတယ်။ သူတို့လည်း အမွေခံအဆင့်အကြီးအကဲက ရွေးချယ်တာကို ခံချင်ကြတယ်။ ဒီအခွင့်အရေးအတွက်ဆိုရင် သူတို့ရဲ့ အထောက်အပံ့တွေကိုတောင် စွန့်လွှတ်နိုင်ကြတယ်။
ကံမကောင်းစွာနဲ့ပဲ...
အစကနေ အဆုံးထိ အကြီးအကဲဝူက သူတို့ကို တည့်တည့်တောင် မကြည့်ဘူး။ သူက သူတို့ကို အထင်မကြီးတာဖြစ်တယ်။
“အကြီးအကဲဖုန်း၊ ဘယ်လိုသဘောရလဲဗျ။” ချီမင်က အကြီးအကဲဖုန်းကို မျှော်လင့်တကြီး ကြည့်လိုက်တယ်။
အကြီးအကဲဖုန်းက ဒေါသနည်းနည်းထွက်သွားပြီး ရယ်လိုက်တယ်။ သူက ပြောလိုက်တယ်၊ “ဟေ့ကောင်လေး၊ မင်းက အကျိုးအမြတ်မရမချင်း လက်ခံမှာ မဟုတ်ဘူးဆိုတာ ငါသိသားပဲ။ ထားလိုက်တော့၊ ငါကိုယ်တိုင် ဂိုဏ်းကို လျှောက်ပေးမယ်။”
“အကြီးအကဲစုကတိပေးတာထက် ပိုများတဲ့ အထောက်အပံ့တွေ မင်းရစေရမယ်လို့ ငါအာမခံတယ်။”
“စိတ်မပူနဲ့။”
“ကျေးဇူးတင်ပါတယ် ဆရာ။”
ချီမင်က အကြီးအကဲဖုန်းကို ဦးညွှတ် အရိုအသေပေးလိုက်တယ်။
“ဟားဟားဟား…”
အကြီးအကဲဖုန်းက ကျေနပ်စွာနဲ့ အော်ရယ်လိုက်တယ်။ သူက စုဇီရှုကိုမျက်စိထောင့်ကနေ မချိပြုံးနဲ့ ကြည့်ပြီး ‘အဘိုးကြီး၊ မင်းက ငါ့တပည့်ကို လုချင်သေးတာလား? သွားစမ်းပါ’ လို့ ပြောလိုက်တယ်။
“ငါတို့ ဆရာတပည့် ဖြစ်ဖို့ ရေစက်မပါဘူး ထင်ပါတယ်။” စုဇီရှုက ခပ်အေးအေးပဲ ပြောလိုက်တယ်။
“အကြီးအကဲစုရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်။”
ချီမင်က ဦးညွှတ်လိုက်တယ်။
“သွားကြစို့။”
စုဇီရှုနဲ့ ချင်းလန်တို့ နောက်ထပ်ဘာမှမပြောဘဲ အတူတူ ထွက်သွားကြတယ်။
နောက်ဆုံးတော့အပြင်စည်းဂိုဏ်း စစ်ဆေးပွဲပြီးဆုံးသွားပြီဖြစ်တယ်။
အစေခံတပည့် ၇၈ ယောက်က တရားဝင်အပြင်စည်း ဂိုဏ်းတပည့်တွေ ဖြစ်သွားကြတယ်။
အတွင်းစည်းဂိုဏ်း အကြီးအကဲ ဆယ့်နှစ်ယောက်က သူတို့ကို အပြင်စည်းဂိုဏ်းတပည့် ဝတ်စုံတွေနဲ့ တံဆိပ်ပြားတွေကို ကိုယ်တိုင် ပေးလိုက်ကြတယ်။ ပြီးတော့ အစေခံတန်းလျားက အကြီးအကဲ ဆယ့်နှစ်ယောက်က သူတို့ကို သက်ဆိုင်ရာ တောင်ထွတ်တွေဆီ ပြန်ခေါ်သွားကြတယ်။
ရှုယီ၊ လူဟိုင်ရှန်း နဲ့ ရှောင်ဖန်းတို့ရောဖြစ်တယ်။
သူတို့အားလုံးကို အတွင်းစည်းဂိုဏ်းအကြီးအကဲတွေက ရွေးချယ်ပြီး တပည့်အဖြစ် လက်ခံလိုက်ကြတယ်။ ဒါကြောင့် သူတို့က အတွင်းစည်းဂိုဏ်း အကြီးအကဲရဲ့ တပည့်တွေ ဖြစ်သွားကြတယ်။ သူတို့ရဲ့ အဆင့်အတန်းက မတူတော့ဘဲ တစ်ခါတည်းနဲ့ အတွင်းစည်းဂိုဏ်းထဲ ရောက်သွားကြတယ်။
ဒါက ချီမင်လောက်တော့မကောင်းပေမယ့်မဆိုးပေ။
သူတို့ထဲမှာ ရှုယီက သိုင်းပညာဉာဏ်အလင်းတောင်ထွတ်က အတွင်းစည်းဂိုဏ်း အကြီးအကဲ မြောင်ယိလုံကို ဆရာတင်လိုက်တယ်။ လူဟိုင်ရှန်းက လျှို့ဝှက်ဆန်းကြယ်တောင်ထွတ်က အတွင်းစည်းဂိုဏ်း အကြီးအကဲ ကျန်းဂန်ဒယ်ကို ဆရာတင်လိုက်တယ်။ ရှောင်ဖန်းကတော့ တိမ်စိမ်းတောင်ထွတ်ရဲ့ အတွင်းစည်းဂိုဏ်း အကြီးအကဲ လုချင်းယန်ကို ဆရာတင်လိုက်တယ်။
“ဂါဝရပြုပါတယ် ဆရာ။” ရှောင်ဖန်က လုချင်းယန်ကို ရိုရိုသေသေ ဦးညွှတ်လိုက်တယ်။
ဒါ့အပြင်…
လက်စွပ်ထဲက ‘အဘိုးကြီး’ က သူ့ကိုယ်သူ အလွယ်တကူ မပြရဲတော့ဘူး၊ သူ့ရဲ့ အသံလှိုင်းက ဝိညာဉ်တုန်ခါမှုကို အမွေခံအဆင့်အကြီးအကဲတွေက အာရုံခံမိသွားမှာ စိုးလို့ဖြစ်တယ်။
လုချင်းယန်က ခေါင်းအသာညိတ်ပြပြီး မှာလိုက်တယ်၊ “ရှောင်ဖန်းမြန်မြန်လာပြီး မင်းရဲ့ ဆရာအဘိုးနဲ့ ဆရာဦးလေးကို ဂါရဝပြုလိုက်ဦး။”
“ဟမ်?!” ရှောင်ဖန်းက ကြောင်သွားတယ်။ သူက လုချင်းယန်ကို အံ့ဩတကြီး ကြည့်ပြီး၊ “ဆရာအဘိုးနဲ့ ဆရာဦးလေး?”
“ငါက အကြီးအကဲဖုန်းရဲ့ အမည်ခံ တပည့်တစ်ယောက်ပဲ ဆိုပေမယ့်၊ မောင်လေးချီက အခုငါ့ဆရာ့ဆီမှာ တပည့်ခံလိုက်တာလေ။ သူက သဘာဝအတိုင်း ငါ့ ဂျူနီယာမောင်လေးပဲ။ ဒါကြောင့် အကြီးအကဲဖုန်းက မင်းရဲ့ ဆရာအဘိုး၊ မောင်လေးချီက မင်းရဲ့ ဆရာဦးလေး ဖြစ်သွားတာပေါ့။”
လုချင်းယန်က ဘာမှမဖြစ်သလို ပြောလိုက်တယ်၊ “ပြဿနာ ရှိလို့လား။”
“ဘာ… ကျွန်တော်…”
ရှောင်ဖန်းဘယ်လိုပြန်ပြောရမှန်း မသိတော့ဘူး။
တကယ်တော့ ရှောင်ဖန်းက အကြီးအကဲဖုန်းကို ဆရာအဘိုးလို့ ခေါ်ရမှာကို လုံးဝ မကြိုက်တာ မဟုတ်ဘူး။ တကယ်တမ်းတော့ အရမ်းတောင် ကြိုက်သေးတယ်။ သူ့အဆင့်နဲ့ မတန်ဘူးလို့တောင် ပြောလို့ရတယ်။ ဒါပေမယ့် ချီမင်ကို ဆရာဦးလေးအဖြစ် လက်ခံဖို့ကျတော့ သူအတွက်ခက်ခဲနေတယ်။
သိထားရမှာက ရှောင်ဖန်းနဲ့ ချီမင်က အသက် မတိမ်းမယိမ်းပဲ။ ခုနကတင် သူတို့က စီနီယာ ဂျူနီယာ အဆင့်လောက်ပဲ ရှိသေးတယ်။ အခုကျတော့ ချီမင်ရဲ့ ဝါစဉ်ကတက်သွားပြီး သူက ရှောင်ဖန်းရဲ့ ဆရာဦးလေး ဖြစ်သွားပြီ။
“ဂါရဝပြုပါတယ် ဆရာအဘိုး။”
ရှောင်ဖန်က သက်ပြင်းချလိုက်တယ်။ သူ စိတ်မသက်မသာ ဖြစ်ပေမယ့်လည်း လက်ခံလိုက်ရုံပဲ ရှိတော့တယ်။ သူ မတ်တပ်ရပ်ပြီး အကြီးအကဲဖုန်းကို ရိုရိုသေသေ ဦးညွှတ်လိုက်တယ်။
“အေး။” အကြီးအကဲဖုန်းက ခပ်အေးအေးပဲ ပြန်ဖြေပြီး သိပ်ဂရုမစိုက်လိုက်ဘူး။
“ဂါရဝပြုပါတယ် ဆရာဦးလေး ချီ။” ရှောင်ဖန်က ချီမင်ကို ထပ်ပြီး ဦးညွှတ်လိုက်တယ်။
“ဟားဟားဟား…”
ချီမင်က တန်းရယ်တော့တာပဲ၊ “မင်းလို အသက်ကြီးကြီး တူတစ်ယောက် ရုတ်တရက်ကြီး ရလိုက်တော့ ငါတောင် နည်းနည်း အသားမကျသလိုပဲ။ဂိုဏ်းတူ တူ လေးရှောင်၊ နောက်ထပ် စကားလေး နည်းနည်းလောက် ထပ်ပြောကြည့်ပါလား၊ ငါ အသားကျသွားအောင်လို့။”
ရှောင်ဖန်းက ပါးစပ်ဟလိုက်ပြီး ဆရာဦးလေးချီကခနဲ့နေတယ်လို့ ခံစားလိုက်ရတယ်။ ဒါပေမယ့် ဝါစဉ်အရ သူက မဆင်မခြင် မလုပ်ရဲဘူး။ “ဂိုဏ်းတူတူ လေးက ဆရာဦးလေး ချီကို ဂါရဝပြုပါတယ် ခင်ဗျာ။”
“ကောင်းတယ်၊ ကောင်းတယ်။”
ချီမင်က ရှောင်ဖန်းရဲ့ ပခုံးကို ပုတ်လိုက်ပြီး၊ “ဂိုဏ်းတူတူလေးရှောင်၊ မင်းကို ငါ တော်တော် အထင်ကြီးတယ်။ ကြိုးစားရမယ်နော်။ အော် ဟုတ်သား၊ မင်း ဒီလက်စွပ်ကို ဘယ်ကရတာလဲ။ တော်တော် ထူးခြားတဲ့ပုံပဲ။ ငါ ကြည့်လို့ရမလား။”
“ဆရာဦးလေး ချီ။”
ရှောင်ဖန်းက လက်စွပ်ကို အသာလေး ဝှက်လိုက်ပြီး ပြောတယ်၊ “ဒါက ကျွန်တော့် အမေ ထားခဲ့တာပါ။”
“ထားလိုက်တော့။” ချီမင်က ပခုံးတွန့်လိုက်တယ်။
အကြီးအကဲဖုန်းက ပြောလိုက်တယ်၊ “ကဲကဲ၊ စကားတွေ ဆက်မပြောကြနဲ့တော့။ ပြင်ဆင်ထားလိုက်။ ချီမင်၊ မင်း ငါနဲ့လိုက်ခဲ့ပြီး ဂိုဏ်းမှာ အမွေခံအဆင့်တပည့်အဖြစ် မင်းရဲ့အကြောင်းကိုမှတ်တမ်းတင်မယ်။ ပြီးရင် မင်းအတွက် ကျင့်ကြံရေး အထောက်အပံ့တွေနဲ့ သီးသန့်ကျင်ကြံခြင်းဂူတစ်ခုကို ငါ လျှောက်ပေးမယ်။”
“ကျေးဇူးတင်ပါတယ် ဆရာ..” ချီမင်က ပျော်ရွှင်စွာ ပြောလိုက်တယ်။