သောင်းပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်း
Vol. 3 Ch. 39
မျက်စိတစ်မှိတ်အတွင်းမှာပဲ ခုနစ်ရက်တောင် ကြာသွားပြီဖြစ်တယ်။
မနေ့နှစ်ညကကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ တောင်ထွတ် ဆယ့်နှစ်ခုမှာ ကိစ္စအကြီးအကျယ်တစ်ခု ဖြစ်သွားခဲ့တယ်။
ကြိုပြီးတိုင်ပင်ထားကြသလိုတောင်ထွတ်ဆယ့်နှစ်ခုက အကြီးအကဲတွေက တစ်ယောက်ပြီးတစ်ယောက် ဆက်တိုက် တိုက်ခိုက်လာကြတယ်။ တစ်ညတည်းနဲ့ ဆယ်စုနှစ်တွေချီပြီး တောင်ထွတ်တွေမှာ ပုန်းအောင်းနေတဲ့ နတ်ဆိုးကျင့်ကြံသူအများအပြားကို သုတ်သင်ရှင်းလင်းပစ်လိုက်နိုင်တယ်။
ခိုးဝင်လာတဲ့ နတ်ဆိုးကျင့်ကြံသူတွေထဲမှာဆိုရင် အမြင့်ဆုံးအဆင့်က အမွေခံအဆင့်အကြီးအကဲထိတောင် ရောက်တယ်။ သူ့ရဲ့ ကျင့်ကြံမှုအဆင့်ကအခြေတည်ဝိညာဉ်အဆင့်ကိုတောင် ကျော်လွန်နေတယ်။
အဲဒီညကတကယ်ကို အိပ်လို့မရတဲ့ညလို့ ပြောရတယ်။
ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းပေါ်က တိမ်တိုက်တွေထဲမှာ စစ်မြေပြင်တစ်ခု ဖြစ်သွားတယ်။ နေရာလွတ်ကြီးကိုတောင် ဆွဲဖြဲလိုက်ပြီး လျှပ်စီးတွေ မရေမတွက်နိုင်အောင် လက်နေခဲ့တယ်။
ပြီးတော့ အဲဒီတိုက်ပွဲမှာ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ ဂိုဏ်းချုပ် ယန်လီ ကိုယ်တိုင် ပေါ်လာခဲ့တယ်။
သူက နတ်ဆိုးနန်းတော်ကို တစ်ယောက်တည်း သွားပြီး ကောင်းကင်ဘုံ ကိုးထပ်ရဲ့ အထက်မှာ ထိုင်နေခဲ့တယ်။ သူ့ရဲ့ ယှဉ်ပြိုင်လို့မရတဲ့ အစွမ်းအစက အရာအားလုံးကို ဖိနှိပ်ပြီး နတ်ဆိုးနန်းတော်ကို အတင်းအကျပ် ခေါင်းငုံ့စေခဲ့တယ်။ သူတို့က ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းကို နတ်ဆိုးကျင့်ကြံသူတစ်ယောက်ကိုတောင် စိမ့်ဝင်နေတဲ့နတ်ဆိုးသူကျင့်ကြံသူတွေကိုကယ်ဖို့မလွှတ်ရဲခဲ့ကြဘူး။ သူတို့ရဲ့စိမ့်ဝင်နေတဲ့နတ်ဆိုးကျင့်ကြံသူတွေ အသတ်ခံရတာကို အကူအညီမဲ့စွာ ကြည့်နေခဲ့ရတယ်။
ဒီကိစ္စက တောင်ပိုင်းဒေသတစ်ခုလုံးကို တုန်လှုပ်စေခဲ့တယ် ပြောလို့ရတယ်။
ရှင်းရှင်းလင်းလင်းကို၊ စုဇီရှုရဲ့ အစီအစဉ် အောင်မြင်သွားတယ်။ သူက ဝိညာဉ်ရှာဖွေခြင်း နည်းစနစ်ကို သုံးပြီး နတ်ဆိုးကျင့်ကြံရဲ့ ဝိညာဉ်မှတ်ဉာဏ်တွေကနေ အချက်အလက်တွေ အများကြီး ရယူနိုင်ခဲ့တယ်။
အရေးကြီးဆုံးက အဲဒီနတ်ဆိုးကျင့်ကြံသူရဲဲ့အဆင့်အတန်းကလည်း သာမန်မဟုတ်ဘူး။
တိမ်စိမ်းတောင်ထွတ်။
အပြင်စည်းဂိုဏ်းတပည့်တွေရဲ့ ခြံဝင်းထဲမှာ။
“မင်းတို့ ကြားပြီးပြီလား။ လွန်ခဲ့တဲ့နှစ်ညက ဖြစ်ခဲ့တဲ့ ကိစ္စက နတ်ဆိုးကျင့်ကြံသူတွေ အများကြီး ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းထဲ ခိုးဝင်လာစေခဲ့တယ်တဲ့။ ဒါပေမယ့် ငါတို့ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းက ပိုအားကောင်းတုန်းပဲ။ နတ်ဆိုးကျင့်ကြံသူတွေ အကုန်လုံးကို သတ်ဖို့ တစ်ညပဲ ကြာလိုက်တယ်။”
“အထူးသဖြင့် ဂိုဏ်းချုပ်ပေါ့ကွာ။ သူက တကယ်ကို စွမ်းအားကြီးလွန်းတယ်။ တစ်ယောက်တည်း သွားပြီး နတ်ဆိုးနန်းတော် တစ်ခုလုံးကို ကြောက်ရွံ့စေခဲ့တယ်။ သူ့ကို လက်ရှိခေတ်မှာပြိုင်ဘက်ကင်းလို့တောင် ပြောလို့ရတယ်!”
“ဟုတ်တယ်၊ ဟုတ်တယ်။”
“နောက်ထပ် အရေးကြီးတာတစ်ခု ရှိသေးတယ်။တိမ်စိမ်းတောင်ထွတ်မှာ နောက်ထပ်အမွေခံတပည့် တစ်ယောက် ရှိလာပြီ။ သူက အစေခံတပည့်ကနေ တိုက်ရိုက်ပဲအမွေခံတပည့်အဖြစ် တိုးမြှင့်ခံရတာ။ သူ့ရဲ့ ပါရမီက တကယ်ကို ထူးခြားတယ်။”
“ငါ သိတာပေါ့။ မင်း ပြောနေတာအမွေခံတပည့် ချီ အကြောင်း မဟုတ်လား။ အမွေခံတပည့်ချီက အကြီးအကဲ ဖုန်းကိုဆရာတင်လိုက်ပြီ။ သူက အခြေခံတည်ဆောက်ခြင်းအဆင့်ကို မရောက်သေးပေမယ့် သူ့ရဲ့ အဆင့်အတန်းက ငါတို့နဲ့ ယှဉ်လို့ မရတော့ဘူး။”
“အမွေခံတပည့်ချီကတိမ်စိမ်းတောင်ထွတ်မှာ မနေတော့ဘူး။ အဲဒီအစားတိမ်းစိမ်းတောင်ထွတ်ရဲ့ အနောက်မြောက်ဘက် ဆယ်မိုင်အကွာမှာရှိတဲ့ ‘တိမ်ပြိုတောင်ထွတ်’ ဆိုတဲ့ သီးသန့်ကျင့်ကြံခြင်းဂူတစ်ခု မှာနေနေရနေပြီ။”
အပြင်စည်းတပည့်တော်တော်များများကဒီအတောအတွင်း ဖြစ်ခဲ့တဲ့ ကိစ္စတွေအကြောင်းကို တစိတ်ဝင်တစားနဲ့ဆွေးနွေးနေကြတယ်။
“နောက်ပြီးတော့ကွာ၊ ချိုက်ကျင်းရှီက လွန်ခဲ့တဲ့နှစ်ညကပဲ ဆုငွေထုတ်ပြီး ကြေညာထားတယ်။ လွန်ခဲ့တဲ့နှစ်ညက သူ့ရဲ့တစ်ဦးတည်းသောညီ ချိုက်ယုဟိုင် အသတ်ခံလိုက်ရတယ်တဲ့။ သေတာကလည်း အရမ်းဆိုးဆိုးဝါးဝါးပဲ၊ ခေါင်းဖြတ်ခံထားရတာတဲ့။”
“ချိုက်ကျင်းရှီက လူသတ်သမားကို လိုက်ရှာချင်နေတာ။”
“သူကို ခိုးဝင်လာတဲ့ နတ်ဆိုးကျင့်ကြံသူတွေ သတ်သွားတာပဲ ဖြစ်မှာပေါ့။”
အပြင်စည်းတပည့်တချို့က စကားပြောနေကြတယ်။
မြင်ကွင်းကပြောင်းလဲသွားတယ်။
တိမ်စိမ်းတောင်ထွတ်ရဲ့ အနောက်မြောက်ဘက်။
ငါးကီလိုမီတာလောက်အကွာက တိမ်ပြိုတောင်ထွတ်တွင်
ဒါက မီတာ ၃၀၀၊ ၄၀၀ လောက်မြင့်တဲ့ တောင်ထွတ်တစ်ခုဖြစ်တယ်။ သိပ်တော့မကြီးမားဘူး။ သစ်ပင်ပန်းမန်တွေက စိမ်းစိုနေပြီးတော့ ဂေဟစနစ်ကလည်း တော်တော် ပြည့်စုံတယ်။ ပြီးတော့ ဝိညာဉ်စွမ်းအင် ချီဓာတ်တွေက ပတ်ပတ်လည်မှာ ဝန်းရံနေတာကမြူခိုးတွေ ဝေနေသလိုမျိုးနဲ့နတ်ဘုံနတ်နန်းသဖွယ်ဖြစ်နေတယ်။
အနီးကပ်ကြည့်လိုက်ရင် တောင်ခြေကနေ အပေါ်ထိ ကိုထုံးကျောက်လှေကားထစ် လမ်းလေးတစ်ခုက တန်းနေတယ်။ တောင်ထိပ်ကို ရောက်သွားတဲ့အခါမှာတော့ ခမ်းနားတဲ့ ကျင့်ကြံခြင်းဂူနန်းတော်တစ်ခုရှိတယ်။ လုံးဝကိုရှေးဟောင်းပုံစံအတိုင်းဖြစ်တယ်။
ခန်းမရှေ့က ဆိုင်းဘုတ်မှာ တိမ်ပြိုစံအိမ်လို့ရေးထားတယ်။
စံအိမ်ထဲမှာတော့ ချီမင်က ဖျာပေါ်မှာ မျက်လုံးမှိတ်ပြီး တင်ပျဉ်ခွေထိုင်နေတယ်။ ဝိညာဉ်ချီတွေက သူ့ခန္ဓာကိုယ်ပတ်လည်မှာ ဝိုင်းနေတယ်။ သူကတိမ်စိမ်းချီသန့်စင်ခြင်းကျင့်စဉ်ကို ကျင့်ကြံနေပြီး သူ့ရဲ့ကျင့်ကြံမှုထဲမှာ လုံးဝ နစ်မြုပ်နေတယ်။
ရှင်းရှင်းပြောရရင် အပြင်စည်းဂိုဏ်းစစ်ဆေးပွဲပြီးတဲ့ နောက်နေ့မှာပဲ ချီမင်က အကြီးအကဲဖုန်းနောက်ကို လိုက်ပြီးတိမ်စိမ်းတောင်ထွတ်ရဲ့ သင်ကြားပို့ချဆောင်ကို သွားလိုက်တယ်။ အဲ့ဒီမှာတိမ်စိမ်းတောင်ထွတ်ရဲ့ တောင်သခင် မော့ဟန်ကျန်းနဲ့ တခြား အမွေခံအဆင့်အကြီးအကဲရှစ်ယောက်ကို တွေ့ခဲ့တယ်။
ချီမင် သိလိုက်ရတာကတိမ်စိမ်းတောင်ထွတ်တစ်ခုလုံးမှာ အမွေခံတပည့် စုစုပေါင်း ၇၂ ယောက်ရှိတယ်။ အခု ချီမင် တက်လာတော့ ၇၃ ယောက် ဖြစ်သွားပြီ။ ချီမင်က အဲ့ဒီ ၇၃ ယောက်ထဲမှာ အားအနည်းဆုံးဖြစ်တယ်။
နောက်ပိုင်းတော့ နေ့တစ်ဝက်လောက်ပဲ ကြာလိုက်တယ်။
ချီမင်က စာရင်းသွင်းတာတွေလုပ်ပြီး တောင်သခင် မော့ဟန်ကျန်းကိုယ်တိုင်ချီးမြှင့်တဲ့ အမွေခံတပည့် ဝတ်စုံ၊ အမွေခံတပည့် အမှတ်အသားပြားနဲ့ သက်ဆိုင်တဲ့ကျင့်ကြံရေး အထောက်အပံ့တွေကို ရလိုက်တယ်။
ချီမင်က သူအခုနေနေတဲ့ တိမ်ပြိုတောင်ထွတ်ပေါ်က တိမ်ပြိုလိုဏ်ဂူစံအိမ်ဆိုတဲ့ သီးသန့်စံအိမ်တစ်ခုကိုလည်း ရလိုက်တယ်။ ပြီးတော့ လစဉ် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး အလုံး ၂၀,၀၀၀၊ ဝိညာဉ်အားဆေးပြားတွေနဲ့ တခြား ဆေးလုံးတွေကိုလည်း ရတယ်။
ချီမင်က ဆေးလုံးတွေနဲ့ တခြား အထောက်အပံ့တွေကို ဝိညာဉ်ကျောက်တုံးတွေနဲ့ လဲပေးဖို့ တောင်းဆိုလိုက်တယ်။
ဒါကြောင့် ချီသန့်စင်ခြင်းအဆင့်မှာ ချီမင်က လစဉ် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံးအလုံး ၅၀,၀၀၀ ရလိုက်တယ်။
အမွေခံအဆင့်ကျင့်ကြံနည်းစနစ်အတွက်ကတော့…
ချီမင်က အကြီးအကဲဖုန်းရဲ့ အကြံပေးချက်ကို နားထောင်ပြီးတိမ်စိမ်းတောင်ထွတ်ရဲ့ အမွေခံ ကျင့်စဉ် ကိုးမျိုးထဲက တစ်ခုဖြစ်တဲ့သောင်းပြောင်းကြာပန်းစိမ်းဓားသ်ိုင်းကို ရွေးလိုက်တယ်။ သူချီသန့်စင်ခြင်းအဆင့်မှာ ရှိနေတုန်း ထိပ်တန်းအဆင့်ချီသန့်စင်ခြင်း ပညာရပ် ၁၂ ခုကိုပြီးပြည့်စုံခြင်းအဆင့်ထိရောက်အောင် လေ့ကျင့်ရမယ်။ အဲ့လိုလုပ်ပြီးမှ သူတို့ကို ဓမ္မအဆောင်တစ်ခုအဖြစ် ပေါင်းစပ်ပြီး သူ့ရဲ့ တာအိုအခြေခံကို တည်ဆောက်နိုင်မှာဖြစ်တယ်။
ဒါက တော်တော်လေး ခက်ခဲတယ်လို့ ပြောရမယ်။
ဒါပေမယ့် ဒါက အရေးမကြီးဘူး။
ချီမင်က ကျင့်ကြံမှုအခက်အခဲတွေကို လုံးဝ ဂရုစိုက်စရာမလိုပေ။
သူမှာအလိုအလျောက်ကျင့်ကြံခြင်းစနစ်နဲ့ ကျင့်ကြံနေသမျှဘယ်လောက်ပဲ ခက်ခဲတဲ့နည်းစနစ်တွေ၊ ကျင့်ကြံခြင်းနည်းတွေ ဖြစ်ပါစေ၊ အကုန်လုံးကို ပြီးပြည့်စုံခြင်းအဆင့်အထိရောက်အောင်ကျင့်ကြံနိုင်တယ်။
ဒင်!
“တိမ်စိမ်းချီသန့်စင်ခြင်းပညာရပ်ကို အဆ ၁,၀၀၀ မြှင့်တင်မှုနဲ့ ခုနစ်ရက်ကြာ ကျင့်ကြံပြီးပါပြီ။ သင်ရဲ့ ကျင့်ကြံမှုအဆင့်က ချီသန့်စင်ခြင်းနဝမအဆင့်ရဲ့ နောက်ဆုံးအဆင့်ကို ရောက်ရှိသွားပြီး ချီသန့်စင်ခြင်းအဆင့်ရဲ့ အကန့်အသတ်ကို ရောက်နေပါပြီ။ သင်က‘တိမ်စိမ်းချီသန့်စင်ခြင်းပညာရပ်ကို အမြင့်ဆုံးအဆင့်အထိ ကျင့်ကြံပြီးသားဖြစ်၍ ဆက်ပြီး တိုးတက်၍ မရတော့ပါ။”
ညနေစောင်းအချိန်မှာအသိပေးချက်ပေါ်လာတယ်။
ဒီခုနစ်ရက်အတွင်းမှာ ချီမင်က တစ်ရက်ကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၀,၀၀၀ ဖိုး သုံးခဲ့တယ်။ သူက ‘တိမ်စိမ်းချီသန့်စင်ခြင်းပညာရပ်’ ကို ခုနစ်ရက်ဆက်တိုက် ကျင့်ကြံခဲ့ပြီး ချီသန့်စင်ခြင်းနဝမအဆင့်ရဲ့ နောက်ဆုံးအဆင့်ကို တန်းရောက်သွားတယ်။ သူ ဆက်ပြီး အဆင့်တက်လို့ မရတော့ဘူး။
သောင်းပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်းကို ကျင့်ဖို့ လိုပြီဖြစ်တယ်။
ဝှီး! ဝှီး! ဝှီး!!!
နောက်တစ်ခဏမှာ ချီမင်က သူ့ခန္ဓာကိုယ်ထဲက ပြောင်းလဲမှုကို ခံစားလိုက်ရတယ်။ တိမ်စိမ်းချီသန့်စင်ခြင်းပညာရပ်က အလိုအလျောက် လည်ပတ်လာတယ်။ ချီမင်ရဲ့ ခန္ဓာကိုယ်ထဲမှာ တွင်းနက်ကြီးတစ်ခု ဖြစ်ပေါ်လာပြီး ပတ်ဝန်းကျင်က ဝိညာဉ်စွမ်းအင်တွေကို အကုန်စုပ်ယူလိုက်တယ်။
လွယ်လွယ်ကူကူနဲ့ပဲ
ချီမင်ရဲ့ ခေါင်းပေါ်မှာ လေဆင်နှာမောင်း အသေးစားလေးတစ်ခုလိုဝိညာဉ်စွမ်းအင်ဝဲဂယက်တစ်ခု ဖြစ်ပေါ်လာတယ်
များပြားတဲ့ ဝိညာဉ်စွမ်းအင်တွေက သူ့ခန္ဓာကိုယ်ထဲကို အဆက်မပြတ် စီးဝင်လာတယ်။
သူ့ရဲ့ ဒန်တျန်းထဲမှာခြောက်ခုမြောက် တိမ်စိမ်းချီစွမ်းအင်လုံးက အလျင်အမြန် ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်သွားပြီး ခုနစ်ခုမြောက်တိမ်စိမ်းချီစွမ်းအင်လုံးဖြစ်ပေါ်လာတယ်။ ပြီးတော့ ရှစ်ခုမြောက်၊ နောက်ဆုံးမှာ ကိုးခုမြောက် တိမ်စိမ်းချီစွမ်းအင်လုံးဖြစ်ပေါ်လာတယ်။
မကြာခင်မှာပဲ၊ စိမ်းပြာရောင် တိမ်စိမ်းချီစွမ်းအင်လုံး ကိုးခုလုံး ပြီးပြည့်စုံမှုအဆင့်ကို ရောက်သွားပြီး အကန့်အသတ်ကို ရောက်သွားတယ်။
ချီမင်ကချီသန့်စင်ခြင်းအဆင့်ကို ပြီးသွားပြီလို့ ပြောလို့ရတယ်။
ခဏကြာတော့ သူက သူ့ရဲ့ ကျင့်ကြံမှုကိုအခြေခိုင်သွားအောင်လုပ်လိုက်တယ်။
ဒင်!
“ဂုဏ်ယူပါတယ်။လက်ခံသူ သင်ရဲ့ ဝိညာဉ်သားရဲနတ်ဆိုးလင်းနို့ကအဆ ၁၀၀ မြှင့်တင်မှုနဲ့ ခုနစ်ရက်ကြာ အလိုအလျှောက်ကျင့်ကြံခဲ့ပါတယ်။ ဝိညာဉ်စွမ်းအင်ရဲ့ အာဟာရကြောင့် သူ့ရဲ့ ကြီးထွားနှုန်းက ပိုမြန်လာပါတယ်။ သူက အခုဆိုရင် ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ် အရွယ်အစားကို ရောက်ရှိသွားပါတယ်။ သူ့ရဲ့ ကျင့်ကြံမှုအဆင့်က အခြေခံတည် ဆောက်ခြင်းအဆင့်နောက်ဆုံးအဆင့်ကို တက်သွားပြီး ဝိညာဉ်သားရဲကမဟာနတ်ဆိုးလင်းနို့ဖြစ်လာပါတယ်။ သူရဲ့မွေးရာပါ နည်းစနစ်ဖြစ်တဲ့ အသံဓားသွားမုန်တိုင်းကိုတတ်မြောက်သွားပါပြီ။”
“အသိပေးချက်:မဟာနတ်ဆိုးလင်းနို့က ပြီးပြည့်စုံတဲ့ အဆင့်ကို ရောက်နေပါပြီ။ သူ ဆက်ပြီး မကြီးထွားနိုင်တော့ပါ။ သင့်တော်တဲ့ သွေးမျိုးဆက်သလင်းကျောက် ကိုရခဲ့ရင်တော့ သူ့ရဲ့ ကြီးထွားနိုင်မှု ကန့်သတ်ချက်ကို ကျော်လွှားနိုင်ပါလိမ့်မယ်။”
ချီမင်ရဲ့ မျက်နှာပေါ်မှာ အပြုံးတစ်ခု ပေါ်လာတယ်။ “နတ်ဆိုးလင်းနို့က အခု အရွယ်ရောက်သွားပြီ၊ အခြေခံတည် ဆောက်ခြင်းအဆင့်ရဲ့ နောက်ဆုံးအဆင့်ကိုလည်း ရောက်သွားပြီပဲ။ အဲဒီကိစ္စကို အပြတ်ရှင်းဖို့ အချိန်တန်ပြီ။”
တကယ်တော့၊ မနေ့နှစ်ညကညဘက်ကြီးချီမင်ကကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းက ဂိုဏ်းထဲကို ခိုးဝင်လာတဲ့နတ်ဆိုးကျင့်ကြံသူတွေကို သုတ်သင်ရှင်းလင်းနေတဲ့အချိန်ကို အခွင့်ကောင်းယူပြီးတိမ်စိမ်းတောင်ထွတ်ကို သွားခဲ့တယ်။ ပြီးတော့နတ်ဆိုးလင်းနို့ကို ချိုက်ယုဟိုင်ကို တစ်ချက်တည်းနဲ့ ခေါင်းဖြတ်သတ်ခိုင်းလိုက်တယ်။
ဒါပေမဲ့ သူ ချိုက်ကျင်းရှီ ကို မတွေ့လိုက်ဘူး။ ပြီးတော့ ချိုက်ကျင်းရှီက အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်တယ်။ သူ့ကို တိတ်တဆိတ် သတ်ဖို့က မလွယ်ဘူး၊ အဲ့ဒါကြောင့် ချီမင်က ရက်အနည်းငယ် စောင့်နေခဲ့တာဖြစ်တယ်။
ဒီနေ့ကတော့ အကောင်းဆုံးအချိန်ဖြစ်တယ်။
ဒင်!
ချီသန့်စင်ခြင်းအဆင့်ကိုးကို ရောက်ရှိသွားတဲ့အတွက်လက်ခံသူကိုဂုဏ်ပြုပါတယ်။ အခုဆိုရင်သင်ချီသန့်စင်ခြင်းအဆင့်ခုနစ်မြေအောက်စခန်းဖြစ်တဲ့ ‘ဓားသင်္ချိုင်း’၊ အဆင့်ရှစ်မြေအောက်စခန်း ‘မက်မွန်အဆိပ်ငွေ့တော’ နဲ့အဆင့်ကိုးမြေအောက်စခန်း’ရှူတောင်ရှေးဟောင်းလမ်း’ တို့ကို စတင်ရှင်းလင်းနိုင်ပါပြီ။”
နောက်ထပ် အသိပေးချက်တစ်ခု ပေါ်လာတယ်။
“ဂိမ်းမြေအောက်စခန်းသုံးခုကို ဖွင့်ပေးလိုက်ပါတယ်။”
ချီမင်က ပြောလိုက်တယ်၊ “သောင်းပြောင်းကြာပန်းစိမ်း ဓားသိုင်း’ ကို ကျင့်ကြံမယ်။”
စိတ်ထဲကနေပဲ သူက ထပ်ပြောလိုက်တယ်။ “အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၀,၀၀၀ သုံးပြီး ဒုတိယအလိုအလျှောက်ကျင့်ကြံခြင်းနေရာလပ်ကို ဖွင့်လိုက်။”
“အလိုအလျှောက်ကျင့်ကြံခြင်း မအောင်မြင်ပါ။ ‘သောင်းပြောင်းကြာပန်းစိမ်း ဓားသိုင်းကျမ်း’ က အထူးကျင့်စဉ်တစ်ခု ဖြစ်တဲ့အတွက် အလိုအလျှောက်ကျင့်ကြံခြင်းမလုပ်ခင်သိုင်းပညာရပ် ၁၂ ခုကို အရင်ကျွမ်းကျင်အောင် လုပ်ရပါမယ်။”
…
“ဒုတိယအလိုအလျှောက်ကျင့်ကြံခြင်းနေရာလပ်ကို အောင်မြင်စွာ ဖွင့်လိုက်ပါပြီ။”
“လမ်းညွှန်ချက်: တတိယ နေရာလပ်ကို ဖွင့်ဖို့အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၁၀,၀၀၀ လိုအပ်ပါတယ်။”
…
အသိပေးချက် တချို့ ထပ်ပေါ်လာတယ်။
“လောလောဆယ်တော့ ‘သောင်းပြောင်း ကြာပန်းစိမ်း ဓားသိုင်းကျမ်း’ ကိုကျင့်လို့ မရသေးဘူး။”
ချီမင်က ပြောလိုက်တယ်၊ “လိုအပ်ချက်တွေလည်း ရှိသေးတာကိုး။”
“ထိပ်တန်းအဆင့်ချီသန့်စင်ခြင်း နယ်ပယ်က သိုင်းပညာ၁၂ ခု။”
ချီမင် ခဏလောက် စဉ်းစားပြီး ပြောလိုက်တယ်၊ “ငါ ‘လေထိန်းချုပ်ရေးဓားသိုင်း’ နဲ့ ‘လျှပ်စီးထိန်းချုပ်ရေးဓားသိုင်း’ ကို ကျင့်တော့မယ်။”
“‘လေထိန်းချုပ်ရေးဓားသိုင်း’ ကို ကျင့်ကြံနေပါပြီ…”
…
“‘လျှပ်စီးထိန်းချုပ်ရေး ဓားသိုင်း’ ကို ကျင့်ကြံနေပါပြီ…”
…
နောက်ထပ် အသိပေးချက် နှစ်ခု ပေါ်လာတယ်။
အချိန်တွေ မြန်မြန်ကုန်လွန်သွားတယ်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ ညက တိတ်တဆိတ် ကျရောက်လာတယ်။
ရှပ်!
ပုံရိပ်တစ်ခုက ကောင်းကင်မှာ ပျံဝဲနေသလို သူက ‘တိမ်ပြိုတိမ်တောင်ထွတ်’ ကနေ ပေါ့ပေါ့ပါးပါး ဆင်းသက်လာပြီး တောင်ခြေကို ရောက်လာတယ်။ ခဏလေးအတွင်းမှာပဲ သူကတောတောင်တွေကြားထဲမှာ ပျောက်ကွယ်သွားတယ်။
ချီမင် စတင်လှုပ်ရှားပြီဖြစ်တယ်။