← Chapters

ကြာပန်းနက်နတ်ဆိုးမျိုးစေ့

Vol. 3 Ch. 40

ကြာပန်းနက်နတ်ဆိုးမျိုးစေ့

Vol. 3 Ch. 40

နာရီဝက်လောက်ကြာတော့ တိမ်စိမ်းတောင်ထွတ်ပေါ်မှာ။

ချီမင် ရောက်နေပြီဖြစ်တယ်။ သူ ခေါင်းနည်းနည်းမော့ကြည့်လိုက်တော့ တိမ်တွေထဲထိ ထိုးထွက်နေတဲ့ တောင်ထွတ်ကြီးကို တွေ့လိုက်ရတယ်။ တစ်ချက်ကြည့်ရုံနဲ့ တောင်ထိပ်ကို မမြင်နိုင်ဘူး။ တောင်တစ်ဝက်လောက်ကိုမြူခိုးတွေ ဝေဝေဝါးဝါး လွှမ်းခြုံနေတာက နတ်ဘုံနတ်နန်းလိုပဲ။

ပြီးတော့ သူက လှေကားအတိုင်း လိုက်တက်ပြီးတိမ်စိမ်းတောင်ထွတ်ထဲ ဝင်သွားတယ်။ ချီမင်ရဲ့ အမွေခံတပည့် ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ဆိုရင် အထူးနေရာတချို့နဲ့ တားမြစ်နယ်မြေတွေကလွဲလို့တိမ်စိမ်းတောင်ထွတ် တစ်ခုလုံးမှာ သူ သွားချင်တဲ့နေရာ သွားလို့ရတယ်။ ဘယ်သူမှ သူ့ကို တားရဲမှာ မဟုတ်ဘူး။

သိပ်မကြာခင်မှာပဲ ချီမင်ကတိမ်စိမ်းတောင်ထွတ်ရဲ့ အစေခံတန်းလျားကို ဖြတ်ကျော်ပြီး တောင်ထွတ်ရဲ့ အပြင်စည်းဂိုဏ်းနေရာကို ရောက်လာတယ်။ သူက ကြိုတင် စုံစမ်းထားတဲ့ နေရာဘက်ကို လျှောက်သွားလိုက်တယ်။ တောင်ပေါ်လမ်းလေး တချို့ကို ဖြတ်ပြီးတဲ့နောက်မှာတော့ သီးသန့်ခြံဝင်းတစ်ခုရဲ့ ရှေ့မှာ သူ ရပ်လိုက်တယ်။

“မင်းတကယ်လာသားပဲ။”

အဲ့ဒီအချိန်မှာ ခြံဝင်းတံခါး ပွင့်လာတယ်။

ချိုက်ကျင်းရှိီအတွင်းထဲကနေ ထွက်လာတယ်။ သူက အပြင်စည်းဂိုဏ်းတပည့် ဝတ်စုံကို ဝတ်ထားပြီး မျက်နှာက ခံစားချက်မဲ့နေတယ်။ သူ့အကြည့်က ချီမင်ကို တည့်တည့် စိုက်ကြည့်နေပြီး မျက်နှာအမူအရာက လုံးဝ တည်ငြိမ်နေတယ်။

“ချိုက်ကျင်းရှိီ” ချီမင်က ပြောလိုက်တယ်။

ချိုက်ကျင်းရှီက အသက်ပြင်းပြင်းရှူပြီး မေးလိုက်တယ်။ “အမွေခံတပည့် ချီ! ကျုပ်ညီ ယုဟိုင် မင်းလက်ချက်နဲ့ သေခဲ့တာ ဟုတ်တယ်မလား။”

“မင်းဘာလို့ ဒီလောက်တောင် အနိုင်ကျင့်ရတာလဲ။”

ချိုက်ကျင်းရှီက အော်လိုက်တယ်။ “ဘာလို့လဲ? ဘာလို့လဲကွ?!”

ချီမင် စကားတစ်ခွန်းမှ မပြော‌ပေ။

“အမွေခံတပည့် ချီ!”

ချိုက််ကျင်းရှီရဲ့ မျက်လုံးတွေ နည်းနည်း နီရဲလာတယ်။ “မင်းရဲ့ပါရမီကထူးချွန်တယ်။ စိတ်ရှည်တယ်၊ ဇွဲကောင်းတယ်။ အကြီးအကဲ ဖုန်းက မင်းကို တန်ဖိုးထားတယ်။ မင်းက အနာဂတ်မှာ သေချာပေါက် ထူးချွန်ထက်မြက်လာမှာပဲ။”

“ဒါတောင် ဘာလို့လဲ?!”

“မင်းရဲ့ ဂုဏ်ပုဒ်နဲ့ ပါရမီနဲ့ဆိုရင် အနာဂတ်မှာ မင်းက ကောင်းကင်ထိကို မြင့်သွားမယ့် မယုံနိုင်စရာ ဒဏ္ဍာရီတစ်ပုဒ် ဖြစ်လာမှာပဲ။ ငါတို့လို လူတွေ၊ ကျုပ်ညီလေး ယုဟိုင်နဲ့ ငါကတော့ မင်းရဲ့ ရှည်လျားတဲ့ ကျင့်ကြံရေးခရီးလမ်းပေါ်က အရေးမပါတဲ့ ဖြတ်သွားဖြတ်လာတွေပဲ။”

“ငါတို့က အနာဂတ်မှာမင်းကို ခြိမ်းခြောက်နိုင်မှာ မဟုတ်ဘူး။”

“ငါတို့က မင်းရဲ့နောက်ကျောကို လေးလေးစားစားနဲ့ မော့ကြည့်နေရမှာ။”

“ငါတို့လို လူမျိုးတွေကို ဘာလို့ ဒီလောက်တောင် ရက်စက်ရတာလဲ? ငါတို့ကို အသက်ရှင်ခွင့် မပေးနိုင်ဘူးလား? အရင်ရက်နည်းနည်းလောက်တုန်းက မင်းက နတ်ဆိုးကျင့်ကြံသူအဖြစ် ဟန်ဆောင်ပြီး ငါ့ညီလေးကို သတ်ခဲ့သေးတယ်။ ဘာလို့ ငါတို့ကို လွှတ်မပေးနိုင်ရတာလဲ ဘာလို့လဲ!!!”

ချိုက်ကျင်းရှီရဲ့အသံကတိုးနေရာကနေတဖြည်းဖြည်း ဟိန်းသံလို ဖြစ်လာတယ်။

“မင်း ပြောလို့ပြီးပြီလား။” ချီမင်ရဲ့ အကြည့်က တည်ငြိမ်နေပြီး သူက ခပ်ပေါ့ပေါ့ပဲ ပြောလိုက်တယ်။ “ပြီးပြီဆိုရင်တော့ မင်း သွားလို့ရပြီ။”

“ဟားဟားဟား…”

ချိုက်ကျင်းရှီက ရူးသွပ်စွာနဲ့ ရယ်လိုက်တယ်။ သူ့မျက်နှာအမူအရာက နည်းနည်းတွန့်လိမ်နေတယ်။ “ငါ့မှာ သက်သေ ဘာမှမရှိပေမယ့် ငါ့ညီ ယုဟိုင်ကို နတ်ဆိုးကျင့်ကြံသူ သတ်တာမဟုတ်မှန်း ငါသိတယ်။ တစ်ဦးတည်းသော ရန်သူက မင်းပဲ၊ အမွေခံတပည့် ချီ။”

“ဒါကြောင့် ငါက ဆုငွေထုတ်တဲ့ တာဝန်ကို လူတွေ အာရုံလွှဲအောင်လို့ပဲ ထုတ်ခဲ့တာ။”

“ငါ့ရဲ့ တကယ့် ရည်ရွယ်ချက်က မင်းကို သတ်ဖို့ပဲ။”

“မင်းကပဲ ငါ့ကို ဒီလိုလုပ်အောင် တွန်းအားပေးခဲ့တာ။”

ဝှမ်! ဝှမ်!

ဒီလိုနဲ့…

အနက်ရောင် နတ်ဆိုးစွမ်းအင်တွေက ချိုက်ကျင်းရှီရဲ့ ကိုယ်ပတ်လည်မှာ ပေါ်လာတယ်။ သူက သူ့ခန္ဓာကိုယ်ထဲက နတ်ဆိုးမျိုးစေ့ကို လှုံ့ဆော်လိုက်ပြီး အနက်ရောင် နတ်ဆိုးစာလုံးတွေ ပေါ်ထွက်လာတယ်။ အဲ့ဒါတွေက အနက်ရောင် ကြာပန်းတွေလိုပဲ သူ့တစ်ကိုယ်လုံးကို တဖြည်းဖြည်း ပျံ့နှံ့သွားတယ်။

သူ့မျက်နှာပေါ်မှာတော့ အရမ်းကိုဆိုးရွားလှတဲ့ ပန်းပုံစံတစ်ခု ပေါ်လာတယ်။

ဒါ့အပြင်…

သူ့ရဲ့ အရှိန်အဝါက မျက်စိနဲ့ မြင်နိုင်တဲ့ အလျင်နဲ့ မြင့်တက်လာတယ်။ခဏလေးအတွင်းမှာပဲ သူက အခြေခံတည်ဆောက်ခြင်းအစောပိုင်းအဆင့်ကနေ အခြေခံတည်ဆောက်ခြင်းနှောင်းပိုင်းအဆင့်ကို ရောက်သွားတယ်။ သူက အရမ်းကို အစွမ်းထက်နေပြီဖြစ်တယ်။

“အား!!!”

ချိုက်ကျင်းရှီက ကောင်းကင်ကို မော့ပြီး ဟိန်းဟောက်လိုက်တယ်။ သူက ဒီအားကောင်းတဲ့ စွမ်းအားထဲမှာ နစ်မြောနေတယ်။ သူ့မျက်နှာမှာ ကျေနပ်နှစ်သက်မှုတွေ ပြည့်နေပြီးအားလုံးကို ခံစားဖို့ လက်နှစ်ဖက်ကို ဖြည်းဖြည်းချင်း ဆန့်ထုတ်လိုက်တယ်။

“ဒါက ကြာပန်းနက်နတ်ဆိုးမျိုးစေ့ရဲ့ စွမ်းအားလား။”

ချိုက်ကျင်းရှိီသက်ပြင်းချလိုက်တယ်။ “ဒါက နတ်ဆိုးဖြစ်သွားခြင်းရဲ့ စွမ်းအားလား။ ဒီခံစားချက်… တကယ်ကို အရမ်းကောင်းတာပဲ။ တကယ်ကို စွဲမက်စရာကောင်းလွန်းတယ်။”

“ငါ တော်တော်တုံးခဲ့တာပဲ။”

“ငါ ဒါကို စောစောကတည်းက သဘောတူခဲ့ရမှာ။ ဘာလို့ အခုမှ သိရတာလဲ။”

ရှင်းရှင်းလင်းလင်းပဲ၊ ချိုက်ကျင်းရှီကို အရင်က နတ်ဆိုးဂိုဏ်းက ဖိတ်ခေါ်ခဲ့ဖူးပေမယ့် သူက ဘယ်တုန်းကမှ သဘောမတူခဲ့ဘူး။ ချိုက်ယုဟိုင် အသတ်ခံလိုက်ရပြီးမှသာ ချိုက်ကျင်းရှီက နတ်ဆိုးလမ်းစဉ်ထဲ လုံးဝ ကျရောက်သွားပြီး ကြာပန်းနက်နတ်ဆိုးမျိုးစေ့ကို ရဖို့ နတ်ဆိုးဂိုဏ်းကို ဆက်သွယ်ခဲ့တယ်။

ဒါ့အပြင် သူက ကြာပန်းနက်နတ်ဆိုးမျိုးစေ့နဲ့ ပေါင်းစပ်ပြီး အဲ့ဒီစွမ်းအားကို လှုံ့ဆော်ပြီးနေပြီ။ ဒါပေမယ့် အဲ့ဒီစွမ်းအားကို လှုံ့ဆော်ပြီးတဲ့နောက်မှာတော့ ဒါက ချိုက်ကျင်းရှီအပေါ် ပြန်ပြင်လို့မရတဲ့ ထိခိုက်မှုကို ဖြစ်စေလိမ့်မယ်။

ဒါပေမယ့် ဒါတွေအားလုံးက တန်တယ်။

သူ ချီမင်ကို သတ်နိုင်သမျှတော့ ဒါက တန်တယ်။

“ငါ တကယ် မြင်ချင်နေပြီ။”

ချိုက်ကျင်းရှီက အောင်ပွဲက သူ့လက်ထဲမှာ ရှိနေသလိုမျိုး ပြုံးလိုက်တယ်။ သူက အရမ်းကို ယုံကြည်မှုရှိနေတယ်။ “ခဏနေရင် မင်း ငါ့ရှေ့မှာ ဒူးထောက်ပြီး အသက်ချမ်းသာပေးဖို့ တောင်းပန်နေတာကို ငါ မြင်ချင်တယ်။”

“အကြီးအကဲ ဖုန်းက သူ့ရဲ့ အမွေခံတပည့်အသစ်တိမ်စိမ်း တောင်ထွတ်ပေါ်မှာ သေသွားတဲ့ မြင်ကွင်းကို မျက်မြင်တွေ့လိုက်ရတာကိုလည်း ငါ မြင်ချင်သေးတယ်။”

“ဒါက အရမ်းကောင်းမှာပဲ။”

ချိုက်ကျင်းရှီက ပြောလိုက်တယ်၊ “အမွေခံတပည့် ချီ၊ မင်းမှာ အခြေခံတည်ဆောက်ခြင်းအစောပိုင်း အဆင့်ဝိညာဉ်သားရဲတစ်ကောင် ရှိမှန်း ငါသိတယ်။ မင်း ဒီကိုလာရဲတာက ငါ့ကိုသတ်နိုင်မယ်လို့ ယုံကြည်မှုရှိလို့ပဲ ဖြစ်ရမယ်။”

“ကံဆိုးစွာနဲ့ပဲငါ အားလုံးကို ခန့်မှန်းမိပြီးသားပဲ။”

“အခု ငါက ကြာပန်းနက်နတ်ဆိုးမျိုးစေ့ကို လှုံ့ဆော်ပြီး ငါ့ရဲ့ ကျင့်ကြံမှုအဆင့်ကို အခြေခံတည်ဆောက်ခြင်းနှောင်းပိုင်းအဆင့်ထိမြှင့်ထားပြီးပြီ။ မင်း ငါ့ကို ခုခံဖို့ ဘာများတတ်နိုင်ဦးမှာလဲ။ မင်း သေချာပေါက်သေမှာ။”

“သေလိုက်တော့!”

ရှပ်!

ချိုက်ကျင်းရှီက တိုက်ခိုက်လိုက်တယ်။ သူက လက်ညှိုးတစ်ချောင်း ထုတ်လိုက်တော့ အနက်ရောင် အလင်းတန်းတစ်ခု စုစည်းသွားပြီးချီမင်ရဲ့ခေါင်းဆီကိုဦးတည်သွားတယ်။

ချလင်!

မဟာနတ်ဆိုးလင်းနို့ ပေါ်လာတယ်။

သူ့ကိုယ်ပတ်လည်မှာ စွမ်းအင်လှိုင်းတွေ လှုပ်ခတ်လာပြီး အသံလှိုင်း စွမ်းအားက စုစည်းသွားကာ ချိုက်ကျင်းရှီရဲ့ ချွန်ထက်တဲ့ အလင်းတန်းကို တားဆီးလိုက်တယ်။ သူက စူးရှတဲ့ အကြည့်နဲ့ စိုက်ကြည်လိုက်တယ်။

“ကြာပန်းနက် ကံကြမ္မာမီးတောက်။”

ဝှမ်! ဝှမ်!

ချိုက်ကျင်းရှိီရဲ့ သူငယ်အိမ်တွေ နည်းနည်း ကျုံ့သွားတယ်။ သူ မဟာနတ်ဆိုလင်းနို့ဆီက အန္တရာယ်ကို ခံစားမိလိုက်တော့ တွန့်ဆုတ်မနေဘဲ သူ့ရဲ့ အပြင်းထန်ဆုံး ပညာရပ်ကို တိုက်ရိုက် သုံးလိုက်တယ်။

သူ့လက်တွေက လက်ဟန်ဖွဲ့လိုက်တော့ မန္တာန်ပညာရပ်တွေ ပေါ်လာတယ်။ အဲ့ဒါတွေက သူ့ရှေ့မှာ စုစည်းသွားပြီး အနက်ရောင် မီးတောက်တွေ လောင်ကျွမ်းနေတဲ့ပွင့်ဖတ်ကိုးလွှာကြာပန်းနက်တစ်ပွင့်အဖြစ် ပြောင်းသွားတယ်။

“တိုက်!”

ဘုန်း!

သူက လက်နှစ်ဖက်ကို ရှေ့ကို တွန်းထုတ်လိုက်တယ်။

ချိုက်ကျင်းရှီဟိန်းဟောက်လိုက်တော့ ကြာပန်းနက် ကံကြမ္မာမီးတောက်က ကောင်းကင်မှာ လျှပ်စီးလို တိုးထွက်သွားပြီး ချီမင်ကို တိုက်ခိုက်လာတယ်။ ကြာပန်း ဖြတ်သွားတဲ့ နေရာတိုင်းမှာ လေထုက လိမ်ဖည်သွားတယ်။

ချီမင်ရဲ့ အကြည့်က တည်ငြိမ်နေတယ်။ ချိုက်ကျင်းရှီရဲ့ ကြာပန်းနက် ကံကြမ္မာမီးတောက်ကို ရင်ဆိုင်ရတဲ့အခါ သူ ထိတ်လန့်ကြောက်ရွံ့တာတွေမရှိဘူး။ အဲဒီအစား သူက အရမ်းတည်ငြိမ်နေတယ်။ သူ့စိတ်ထဲမှာမဟာနတ်ဆိုးလင်းနို့ကို မွေးရာပါအရည်အချင်းဖြစ်တဲ့ ‘အသံဓားသွားမုန်တိုင်း’ ကို သုံးဖို့ အမိန့်ပေးထားတယ်။

ဒီလိုနဲ့မဟာနတ်ဆိုးလင်းနို့ကကောင်းကင်ပေါ်ကို ထိုးတက်သွားတယ်။

နောက်တစ်ခဏမှာတော့ မူလက လက်ဖဝါးအရွယ်လောက်ရှိတဲ့ သူ့ကိုယ်က လေထဲမှာ ဖောင်းကားလာပြီး အတောင်ပံဖြန့်လိုက်ရင် ကိုးမီတာရှည်တဲ့ ကြီးမားတဲ့မဟာနတ်ဆိုးလင်းနို့အဖြစ် ပြောင်းသွားတယ်။ သူ့တစ်ကိုယ်လုံးက မည်းနက်နေပြီး အရမ်းကိုကြောက်မက်ဖွယ်ကောင်းတယ်။

ဒါ့အပြင် သူ့ပတ်ပတ်လည်က စွမ်းအားတွေ စုစည်းလာတယ်။

အတောင်ပံတွေ ခတ်လိုက်တယ်။

ဝှမ်! ဝှမ်! ဝှမ်!

ချက်ချင်းဆိုသလို စွမ်းအား တွေစုစည်းသွားပြီး အရမ်းပြင်းထန်တဲ့အမြင့်သံလှိုင်းအဖြစ် ပြောင်းလဲသွားပြီး ဓားသွားပုံစံ ဖြစ်လာတယ်။

အသံဓားသွားမုန်တိုင်း!

ဘုန်း! ဘုန်း! ဘုန်း!!!

မဟာနတ်ဆိုးလင်းနို့ရဲ့ အတောင်ပံတွေက ရှေ့ကို ခတ်လိုက်တော့ အရာအားလုံး တုန်ခါသွားတယ်။ လေထုက ပြတ်တောက်သွားသလိုပဲ။ မမြင်ရတဲ့ အသံဓားသွားတွေက လေပွေငယ်လေးတစ်ခုအဖြစ် ပြောင်းလဲပြီး တိုက်ခိုက်လာတယ်။

ချက်ချင်းဆိုသလိုပဲ အသံဓားသွားမုန်တိုင်းနဲ့ ကြာပန်းနက်မီးတောက်တွေ ထိပ်တိုက်တွေ့သွားတယ်။

နှစ်မျိုးလုံထိပ်တိုက် ရင်ဆိုင်လာကြတယ်။

ဒါကစစ်မှန်တဲ့ အင်အားပြိုင်ပွဲပေ။

ချိုက်ကျင်းရှီရဲ့ သူငယ်အိမ်တွေ ကျုံ့သွားတယ်။ သူက အသံဓားသွားမုန်တိုင်းရဲ့ စွမ်းအားနဲ့နတ်ဆိုးလင်းနို့ရဲ့ ကျင့်ကြံမှုအဆင့်ကို ခံစားမိလိုက်တယ်။ သူ အံအားသင့်စွာ အော်လိုက်မိတယ်။ “အခြေခံတည်‌ဆောက်ခြင်းနှောင်းပိုင်းအဆင့်! ဒါက အခြေခံတည်‌ ဆောက်ခြင်းနှောင်းပိုင်းအဆင့် ဝိညာဉ်သားရဲပဲ!!”

ဒုန်း!!!

အရမ်းကိုကြီးမားတဲ့ ပေါက်ကွဲသံကြီး ထွက်ပေါ်လာတယ်။

ကြာပန်းနက် ကံကြမ္မာမီးတောက်က အသံဓားသွားမုန်တိုင်းကြောင့် လုံးဝ စုတ်ပြတ်သတ်သွားတယ်။ ပြန့်ကျဲသွားတဲ့မီး‌တောက်တွေကမီးပွားတွေလို ပျောက်ကွယ်သွားပြီး အသံဓားသွားမုန်တိုင်းရဲ့ ကျန်ရှိတဲ့ စွမ်းအားက ချိုက်ကျင်းရှီကို တိုက်ရိုက် ထိမှန်သွားတယ်။

“အား!!!”

ဖောက်! ဖောက်! ဖောက်!

ချိုက်ကျင်းရှီရဲ့ သနားစရာ အော်သံက ခုတ်ပိုင်းခံလိုက်ရတယ်။သူ့တစ်ကိုယ်လုံးမှာ သွေးတွေဖုံးလွှမ်းနေတဲ့ နက်ရှိုင်းတဲ့ ဒဏ်ရာတွေနဲ့ ပြည့်နေပြီး အရမ်းကို သနားစရာ ကောင်းနေတယ်။

ပြီးတော့ ချိုက်ကျင်းရှီ မြေပြင်ပေါ် လဲကျသွားတယ်။

“ဘာလို့လဲ?! ဘာလို့လဲ?!”

ချိုက်ကျင်းရှီက တတွတ်တွတ် ရေရွတ်ရင်း သွေးတွေ အဆက်မပြတ် အန်ထုတ်နေတယ်။ သူက မကျေနပ်မှုတွေနဲ့ ပြည့်နေပေမယ့် သူ့အသက်က ကုန်ခါနီးဆဲဆဲ ဖြစ်နေပြီ။ သူ့မျက်လုံးထဲက ဒေါသတွေ တဖြည်းဖြည်း မှေးမှိန်သွားတယ်။

ဖောက်!!!

ချီမင် နောက်တစ်ချက် ထပ်ခုတ်ချလိုက်တယ်။တိမ်စိမ်းဓားပညာက လေထဲကို ထိုးဖောက်သွားကာ အစိမ်း‌ရောင်ဓားချီတစ်ခုအဖြစ် ပြောင်းသွားပြီး ချိုက်ကျင်းရှီရဲ့ အသက်ဓာတ်ကို လုံးဝ ချေမှုန်းလိုက်တယ်။

ဒါပေမယ့် အဲ့ဒီအချိန်မှာ ချိုက်ကျင်းရှိီရဲ့ အလောင်းမှာ ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာတယ်။

ဝှမ်! ဝှမ်! ဝှမ်!!!

ကြာပန်းနက် နတ်ဆိုးစာလုံးတွေ ပေါ်လာပြီး သူ့အလောင်းပေါ်မှာ ပွင့်လွှာ ကိုးဖတ်ကြာပန်းနက်တစ်ပွင့်က ဘာမှမရှိရာကနေ ပေါ်လာတယ်။ အဲ့ဒါက အလောင်းကို စုပ်ယူလိုက်ပြီး ပြာအဖြစ် ပြောင်းလဲပစ်လိုက်တယ်။

ရှပ်!

ကြာပန်းနက်က အနက်ရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ကို ထိုးခွဲ ပျံသန်းသွားတယ်။

All Chapters