← Chapters

ဆုလာဘ်အဆင့်နိမ့်ဝိညာဉ်ကျောက်တုံးတစ်သိန်း

Vol. 3 Ch. 41

ဆုလာဘ်အဆင့်နိမ့်ဝိညာဉ်ကျောက်တုံးတစ်သိန်း

Vol. 3 Ch. 41

“နေအုန်း။”

ဝီ!

အဝေးက မိုးကုတ်စက်ဝိုင်းဆီကနေ အရောင်ခုနစ်သွယ် စီးကြောင်းတစ်ခု ပျံသန်းလာတယ်။ အဲဒါက ပွင့်ဖတ်ကိုးလွှာ ကြာပန်းနက်ကိုဟန့်တားဖို့ကောင်းကင်ကိုဖြတ်ပျံလာတဲ့ ရေစီးကြောင်းတစ်ခုလိုမျိုး နေရာရွှေ့ပြောင်းလိုက်တယ်။

ရှု!

မကြာခင်မှာပဲ၊ ကျော့ရှင်းလှပတဲ့ ပုံရိပ်တစ်ခု ပျံသန်းလာပြီး ချီမင်ရဲ့ရှေ့မှာ ရပ်လိုက်တယ်။ ချီမင် မော့ကြည့်လိုက်တော့စီနီယာအစ်မလုချင်းယန်ကို တွေ့လိုက်ရတယ်။

“စီနီယာအစ်မ ဘာလို့ ဒီရောက်နေတာလဲ။” ချီမင်က မေးလိုက်တယ်။

ရှု! ရှု! ရှု!

သိပ်မကြာခင်မှာပဲ၊ အပြင်စည်းဂိုဏ်းအကြီးအကဲ တော်တော်များများ ရောက်လာကြတယ်။

“ဖျက်ဆီး!”

ဘုန်း!

လုချင်းယန်က သူ့ညာလက်ကို ဆုပ်လိုက်တော့ အင်အားကြီးမားတဲ့ စွမ်းအားတစ်ခု ပေါက်ကွဲထွက်လာပြီးပွင့်ဖတ်ကိုးလွှာ ကြာပန်းနက်ကို တိုက်ရိုက် ဖျက်ဆီးပစ်လိုက်တယ်။ ပြီးတော့ သူ့လက်ကို ပြန်ရုတ်လိုက်တော့ အရောင်ခုနစ်သွယ် ခါးပတ်က လုချင်းယန်ရဲ့ခါးဆီ ပြန်ဝင်သွားတယ်။

“အကြီးအကဲလု။”

ပတ်ဝန်းကျင်က အပြင်စည်းဂိုဏ်းအကြီးအကဲတွေက လုချင်းယန်ကို အရိုအသေပေးလိုက်ကြတယ်။

“အင်း။”

လုချင်းယန်က အောက်ကို ဖြည်းဖြည်းချင်း ဆင်းသက်လာပြီး အပြင်စည်းဂိုဏ်းအကြီးအကဲတွေကို လျစ်လျူရှုထားလိုက်တယ်။ သူ့အကြည့်က ချီမင်ဆီ ရောက်သွားပြီး ပြုံးလိုက်တယ်။ “ ဂျူနီယာမောင်လေး၊ နင်ဒီတစ်ခါတော့ တကယ်ကောင်းတာကြီးတစ်ခု လုပ်လိုက်တာပဲ။”

“ဒီ ချိုက်ကျင်းရှီက ကြာပန်းနက်နတ်ဆိုးအရှင်ရဲ့ပြုစားတာကို ခံလိုက်ရတာ။ သူကိုယ်တိုင် ကြာပန်းနက်နတ်ဆိုးမျိုးစေ့ အစိုက်ခံထားရမှန်း မသိဘူး၊ အဲဒါ ဘယ်လောက်ကြောက်ဖို့ကောင်းလဲဆိုတာလည်း မသိဘူး။”

“ဘာလို့လဲဆိုတော့ ကြာပန်းနက်နတ်ဆိုးမျိုးစေ့ကို သယ်ဆောင်ထားတဲ့သူက ကြာပန်းနက်နတ်ဆိုးအရှင်ဆီမှာထာဝရကျွန်ခံရမှာ။”

“ဂျူနီယာမောင်‌လေး၊နင်ချိုက်ကျင်းရှီကို ဖမ်းလိုက်ပြီး တိမ်စိမ်းတောင်ထွတ်ရဲ့ အတွင်းစည်းဂိုဏ်းထဲ မဝင်နိုင်အောင် တားဆီးလိုက်တယ်။ အစ်မ ဒီကိစ္စကို ဂိုဏ်းကို သတင်းပို့ပြီး မင်းအတွက် ဆုလာဘ် လျှောက်ပေးမယ်။”

ချီမင် တစ်ခဏ ကြောင်သွားတယ်။ သတိပြန်ဝင်လာတော့မှ လုချင်းယန်ကို အရိုအသေပေးလိုက်တယ်။ “ကျေးဇူးတင်ပါတယ် စီနီယာအစ်မ။”

“အင်း။” လုချင်းယန်က ခေါင်းညိတ်ပြီး ပြောတယ်။ “ကြာပန်းနက်နတ်ဆိုးအရှင်က အသင်္ချေနတ်ဆိုးဂူက မဟုတ်ဘူး။ သူက ကြာပန်းနက်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲ။ အသင်္ချေနတ်ဆိုးဂူလောက် အဆင့်မမြင့်ပေမယ့်၊ အတော်အသင့် အင်အားရှိတဲ့ နတ်ဆိုးဂိုဏ်းတစ်ခုပဲ။”

“မင်းက သူ့ရဲ့ ကြာပန်းနက်နတ်ဆိုးမျိုးစေ့ကို ဖျက်ဆီးလိုက်‌ တော့သူကအနာဂတ်မှာ မင်းကို ဒုက္ခပေးဖို့ ကြိုးစားလာနိုင်တယ်။ အနာဂတ်မှာသတိထားနေ။”

ချီမင်က သံသယဖြစ်တဲ့ပုံစံနဲ့ စိတ်ထဲကနေ တွေးလိုက်တယ်။ ‘ကြာပန်းနက်နတ်ဆိုးအရှင်ရဲ့ ကြာပန်းနက်နတ်ဆိုးမျိုးစေ့ကို ဖျက်ဆီးလိုက်တာစီနီယာအစ်မ မဟုတ်လား။ ငါနဲ့ ဘာဆိုင်လို့လဲ။ ငါက ချိုက်ကျင်းရှီကို သတ်လိုက်တာပဲလေ။’

ဒါပေမဲ့၊ ပြန်စဉ်းစားကြည့်မှချီမင် နားလည်သွားတယ်။

လုချင်းယန်က ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ တိမ်စိမ်းတောင်ထွတ်က အတွင်းစည်းဂိုဏ်းအကြီးအကဲ၊ ပြီးတော့ အခြေတည်စိတ်ဝိညာဉ်အဆင့်ရောက်နေတဲ့ လူတစ်ယောက်။ သူ့ရဲ့ အဆင့်အတန်းနဲ့စွမ်းအားက အရမ်းမြင့်တယ်။ ကြာပန်းနက်နတ်ဆိုးအရှင်က လုချင်းယန်ကိုဒုက္ခပေးဖို့ သတ္တိရှိမှာ မဟုတ်ဘူး။

ကြာပန်းနက်နတ်ဆိုးအရှင်သာ လက်စားချေချင်ရင်၊ သူက ချီမင်ကို အရင်ဆုံး ရှာမှာဖြစ်တယ်။

ချီမင်က စိတ်ထဲမှာ ရေရွတ်လိုက်တယ်။ “ဘယ်နေရာမှာမဆို ဒီလိုပဲကိုး၊ အားနည်းတဲ့သူတွေကိုပဲ အနိုင်ကျင့်ချင်ကြတာ။”

လုချင်းယန်ရဲ့ စကားကို ကြားပြီးတဲ့နောက်၊ အပြင်စည်းဂိုဏ်းအကြီးအကဲတွေ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြတယ်။ ခဏစဉ်းစားပြီးမှ ပြောလိုက်ကြတယ်။ “အကြီးအကဲလုပြောတာမှန်ပါတယ်။ အမွေခံတပည့်ချီရဲ့ ဒီတစ်ခေါက် ကြိုးစားမှုက တကယ့်ကို မသေးဘူး။”

တကယ်တော့၊ ဒီအပြင်စည်းဂိုဏ်းအကြီးအကဲတွေက ဒီကိစ္စကို အရမ်းထူးဆန်းတယ်လို့ ခံစားနေရတယ်။ ဒါ့အပြင်၊ သူတို့က သေသေချာချာစုံစမ်းလိုက်ရုံနဲ့ ချီမင်နဲ့ ချိုက်ကျင်းရှီကြားက ရန်ငြိုးကို သိနိုင်မှာပဲ။

ပြောရရင်… သူတို့သာ လိုချင်ရင်၊ ချီမင်အပေါ်မှာ ဂိုဏ်းတူတပည့်ချင်းသတ်ဖြတ်မှုဆိုတဲ့ ပြစ်မှုပုံချလို့ရတယ်။

ဒါပေမဲ့၊ ချိုက်ကျင်းရှီက နတ်ဆိုးလမ်းစဉ်ထဲ ကျရောက်သွားပြီး ကြာပန်းနက်နတ်ဆိုးမျိုးစေ့နဲ့ ပေါင်းစပ်သွားတော့၊ အခြေအနေက လုံးဝပြောင်းသွားတယ်။ ချီမင်က ချိုက်ကျင်းရှီကို ကိုယ်တိုင်သတ်တာက ပုံမှန်ကိစ္စ တစ်ခုဖြစ်သွားတယ်။

ဘာကြောင့်လဲဆိုတော့ ချီမင်က နတ်ဆိုးတစ်ကောင်ကို နှိမ်နင်းနေတာဖြစ်လို့ပေ။

အရေးကြီးဆုံးကတော့၊ လုချင်းယန်ကိုယ်တိုင်က ချီမင်ကိုနတ်ဆိုးဂိုဏ်းက သူလျှိုကို ရှာတွေ့ခဲ့တယ်လို့ ပြောခဲ့တာ၊ ပြီးတော့ ချီမင်က အမွေခံတပည့်။ သူ့နောက်မှာတိမ်စိမ်းတောင်ထွတ်ရဲ့အမွေခံအကြီးအကဲဖြစ်တဲ့ အကြီးအကဲဖုန်း ရှိနေတယ်။ သူတို့လိုအပြင်စည်းဂိုဏ်းအကြီးအကဲတွေက သူ့ကို လုံးဝထိလို့မရဘူး။

ပွင့်ပွင့်လင်းလင်းပြောရရင်၊ ဒါက နောက်ခံအားကောင်းခြင်းရဲ့ အရေးပါမှုဖြစ်တယ်။။ အရင်တုန်းက ပန်စန်း ပြောခဲ့တာတွေက အရမ်းကျိုးကြောင်းဆီလျော်တယ်။

ဒီကိစ္စက ပြီးပြတ်သွားပြီဖြစ်တယ်။

ချီမင်က အဲဒီညမှာပဲ တိမ်စိမ်းတောင်ထွတ်ကနေ ထွက်ပြီး တိမ်ပြို‌စံအိမ်ကို ပြန်သွားလိုက်တယ်။ လုချင်းယန်က ဒီကိစ္စကို သတင်းပို့ပြီး ချီမင်အတွက် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၀၀,၀၀၀ ဆုလာဘ်အဖြစ် လျှောက်ထားပေးလိုက်တယ်။

နောက်တစ်နေ့မှာ ချီမင် ဂိုဏ်းရဲ့ ဆုလာဘ်ကို လက်ခံရရှိလိုက်တယ်။ စီနီယာအစ်မလုချင်းယန် ကိုယ်တိုင် လာပေးတာဖြစ်တယ်။

အဲဒီနောက်ပိုင်းတွေမှာ၊ ချီမင်က တိမ်ပြိုတောင်ထွတ်ကနေ သိပ်မထွက်တော့ဘူး။ သူက တိမ်ပြိုစံအိမ်မှာပဲနေပြီး ကျင့်ကြံနေတယ်။တစ်ချက် တွေးလိုက်ပြီး ချီမင်ကအလိုအ‌လျှောက်ကျင့်ကြံခြင်းစနစ်(ဆော့ဖ်ဝဲ)ကို ဖွင့်လိုက်တယ်။

လက်ခံသူ: ချီမင်။

အဆင့်: ချီသန့်စင်ခြင်းအဆင့်ကိုး နှောင်းပိုင်း။

ကျင့်ကြံနည်း: တိမ်စိမ်းချီသန့်စင်ခြင်းပညာ (ပြီးပြည့်စုံ), သောင်းပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်း (မကျင့်ကြံနိုင်)

သိုင်းပညာ: တိမ်စိမ်းဓားပညာ (ပြီးပြည့်စုံ), လေထိန်းချုပ်‌ရေးဓားပညာ(ထူးချွန်),လျှပ်စီးထိန်းချုပ်‌ ရေးဓားပညာ(အလိုအလျှောက်ကျင့်ကြံ‌‌နေဆဲကောင်းကင်ဘုံလင်းယုန်လက်သည်း (အစပြုသူအဆင့်), စိတ်ဝိညာဥ်လှည့်ဖြားရေး ကိုးဆင့် ခြေသိုင်း(ထူးချွန်)

ရတနာ: တိမ်စိမ်းလွင့်‌မြောဓား၊ တိမ်စိမ်းလွင့်‌မြောချပ်ဝတ်၊ တိမ်စိမ်းလွင့်‌မြောဒိုင်း၊ တိမ်စိမ်းလွင့်‌မြောဖိနပ်

ပစ္စည်း: သွေးမိစ္ဆာအလံသန့်စင်ခြင်းနည်း၊ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၅၀,၀၀၀။

ဝိညာဉ်သားရဲ:မဟာနတ်ဆိုးလင်းနို့(ပြီးပြည့်စုံ)

အလိုအလျှောက်ကျင့်ကြံခြင်းနည်း(၁): လေထိန်းချုပ်‌ရေးဓားပညာ။

အလိုအလျှောက်ကျင့်ကြံခြင်းနည်း: လျှပ်စီးထိန်းချုပ်ရေးဓားပညာ။

ဂိမ်းမြေအောက်စခန်း: အရိုးစတောင်ဓားပြစခန်း၊ သွေးမိစ္ဆာဂူ၊ သွေးလင်းနို့ပျော်စံရာဂူ၊။ကောင်းကင်ဘုံမျိုးနွယ်လင်းယုန်ဘုံကျောင်း ၊ ညစ်နွမ်းရွှံ့နွံ၊ ချန်မိသားစုခံတပ်၊ ဓားသင်္ချိုင်း၊ မက်မွန်အဆိပ်‌ငွေ့တော၊ ရှု‌တောင်ရှေးဟောင်းလမ်း။

…

ချီမင် အပြင်စည်းဂိုဏ်းစစ်‌ဆေးပွဲ ပြီးဆုံးပြီး အမွေခံတပည့် ဖြစ်လာပြီး တော့တိမ်စိမ်းတောင်ထွတ်က နေချီးမြှင့်တဲ့ ချီသန့်စင်ခြင်းအဆင့် ဓမ္မရတနာတစ်စုံကို ရရှိလိုက်တယ်။

စုစုပေါင်း ငါးခုရှိတယ်။ တစ်ခုချင်းစီက အဆင့်မြင့် ချီသန့်စင်ခြင်းအဆင့်ရတနာတွေပဲဖြစ်တယ်။

လှပရုံတင်မကဘူး၊ အရမ်းလည်း အသုံးဝင်တယ်။

ချီမင်က ချန်မိသားစုနတ်ဆိုးသတ်ဓား၊ အရိုးဓား၊ အရိုးချပ်ဝတ် နဲ့ ကောင်းကင်ဘုံလျှို့ဝှက်ဆန်းကြယ်နယ်မြေကနေရလာတဲ့ ရတနာတွေ၊ ဆေးလုံးတွေကို အပြင်စည်းတပည့်တော်တော်များများကို ရောင်းချလိုက်တယ်။ ဒီနည်းနဲ့ ချီမင် ဝိညာဉ်ကျောက်တုံးတွေ အများကြီး ရလိုက်တယ်။

ဒါ့အပြင် လုချင်းယန် ပို့ပေးလိုက်တဲ့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၀၀,၀၀၀ လည်း ရှိသေးတယ်။

ချီမင်ဆီမှာ ဝိညာဉ်ကျောက်တုံး ၁၅၀,၀၀၀ ကျန်နေသေးတယ်။

သူ ခဏစဉ်းစားလိုက်တယ်။ “အခု၊ ငါ အရင်ဆုံး‌ သောင်းပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်းရဲ့ ကြိုတင်လိုအပ်တဲ့ သိုင်းပညာ ၁၂ မျိုးလုံးကို ပြီးပြည့်စုံခြင်းအဆင့်ထိရောက်အောင် ကျင့်မယ်။ ပြီးတော့မှ တံဆိပ်ကိုစုစည်းပြီး ငါ့ရဲ့ တာအိုအခြေခံကို တည်ဆောက်မယ်ပြီးမှအခြေခံတည်ဆောက်ခြင်းအဆင့်ကို တက်လှမ်းရမယ်။”

ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်း တစ်ခုလုံးမှာ၊ သောင်းပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်းကို ကျင့်ကြံဖို့ ခက်ခဲမှုက ထိပ်တန်းအဆင့်ဖြစ်တယ်။

ထိပ်ဆုံးအဆင့်လို့သတ်မှတ်ထားတယ်။

ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ သမိုင်းကို ကြည့်ရင်၊ သောင်း‌ပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်းနဲ့ အခြေခံတည်ဆောက်ခြင်းအဆင့်ကို အောင်မြင်စွာရောက်ရှိခဲ့တဲ့သူ သုံးယောက်ပဲရှိတယ်။

ပထမတစ်ယောက်က ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းကို တည်ထောင်သူ တာအိုကျင့်ကြံသူကောင်းကင်ဘုံဉာဏ်အလင်း။

ဒုတိယက လွန်ခဲ့တဲ့ နှစ် ၁၀၀,၀၀၀ ကအထက်ဘုံကို တက်လှမ်းသွားခဲ့တဲ့ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ မဟာအကြီးအကဲ လုဖုန်းကျန်း။

တတိယက လက်ရှိ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ ဂိုဏ်းချုပ် ယန်လီ။

ဒီအချက်ကနေ သောင်းပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်းကို ကျွမ်းကျင်ဖို့ ဘယ်လောက်ခက်ခဲလဲဆိုတာ ထင်ရှားတယ်။

တကယ်တော့၊ အကြီးအကဲဖုန်းက ချီမင်ကို ဒီ သောင်းပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်းနဲ့ အခြေခံတည်‌ ဆောက်ခြင်းအဆင့်ရောက်အောင် ကျင့်ဖို့ ရွေးချယ်စေခဲ့တာက ချီမင်ကို စမ်းကြည့်စေချင်ရုံသက်သက်ပဲ။ ဘာပဲဖြစ်ဖြစ်၊ ချီမင်ရဲ့ ကျင့်ကြံနှုန်းနဲ့ နားလည်နိုင်စွမ်းက တကယ်ကို အရမ်းအားကောင်းနေတာဖြစ်တယ်။

ဒါပေမဲ့ တကယ်တမ်းမှာကအကြီးအကဲဖုန်းပဲဖြစ်ဖြစ်၊ မော့ဟန်ကျန်းပဲဖြစ်ဖြစ်၊ ချီမင်က သောင်းပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်းကို အောင်မြင်စွာနဲ့ကျင့်ကြံနိုင်လိမ့်မယ်လို့ မထင်ထားကြဘူး။ ဒါပေမဲ့ သူတို့က ချီမင်ရဲ့ စိတ်ဓာတ်ကိုမကျစေချင်လို့ မပြောတာဖြစ်တယ်။။

အဲ့ဒီ့အပြင်၊ အကြီးအကဲဖုန်းက အစီအစဉ်တွေ ကြိုဆွဲထားပြီးသားဖြစ်တယ်။ ချီမင်ရဲ့ တိုးတက်မှုက အရမ်းနှေးကွေးနေသရွေ့၊ သူက အခွင့်အရေးယူပြီး ချီမင်ကို သောင်းပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်း ကျင့်ကြံတာကို စွန့်လွှတ်စေပြီး တခြားနည်းစနစ်တစ်ခုကို ပြောင်းကျင့်ခိုင်းဖို့ စီစဉ်ထားတယ်။

ချီမင်က တင်ပျဉ်ခွေထိုင်ပြီး အတွင်းက နက်နဲမှုတွေကို ဆင်ခြင်သုံးသပ်နေတယ်။ “အကြိုလိုအပ်တဲ့သိုင်းပညာ ၁၂ မျိုးက: သတ္တုထိန်းချုပ်ရေးဓားပညာ၊ သစ်သားထိန်းချုပ်‌ရေးဓားပညာ၊ ရေထိန်းချုပ်‌ရေးဓားပညာ၊ မီးထိန်းချုပ်ရေးဓားပညာ၊ မြေထိန်းချုပ်ရေးဓားပညာ၊ လေထိန်းချုပ်ရေးဓားပညာ၊ ရေခဲထိန်းချုပ်ရေးဓားပညာ၊ လျှပ်စီးထိန်းချုပ်ရေးဓားပညာ၊အစွန်းရောက်ယင်ဓားပညာ၊ အစွန်းရောက်ယန်ဓားပညာ၊ အချိန်ထိန်းချုပ်ရေးဓားပညာ နဲ့ နေရာထိန်းချုပ်ရေးဓားပညာတွေပဲ။”

“ဒီဓားပညာ ၁၂ မျိုးက သတ္တု၊ သစ်သား၊ ရေ၊ မီး၊ မြေ၊ ရေခဲ၊ လေ၊ လျှပ်စီး၊ ယင်၊ ယန်၊ အချိန် နဲ့ နေရာ ဆိုတဲ့ ဂုဏ်သတ္တိ ၁၂ မျိုးနဲ့ ကိုက်ညီတယ်။”

“တစ်ဆင့်ချင်း သွားကြတာပေါ့။”

“အရင်ဆုံး လေထိန်းချုပ်ရေးဓားပညာနဲ့ လျှပ်စီးထိန်းချုပ်ရေးဓားပညာကို ပြီးပြည့်စုံခြင်းအဆင့်ထိရောက်အောင် ကျင့်ကြံမယ်။”

ချီမင် စိတ်ထဲကနေ တွေးလိုက်တယ်။

မသိလိုက်ခင်မှာပဲ နေ့လည်ခင်းရောက်နေပြီ။

လေထိန်းချုပ်ရေးဓားပညာနဲ့ လျှပ်စီးထိန်းချုပ်ရေးဓားပညာကို တစ်ရက်လောက် လေ့ကျင့်ပြီးတော့၊ လေထိန်းချုပ်ရေးဓားပညာရဲ့ တိုးတက်မှုက သိပ်မသိသာဘူး။ ပြီးပြည့်စုံခြင်းအဆင့်ထိကို ရောက်ဖို့ မလုံလောက်သေးဘူး။ အဲဒီအစား လျှပ်စီးထိန်းချုပ်ရေးဓားပညာကတော့ အစပြုသူအဆင့်ကို ရောက်သွားတယ်။

“အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၂၀,၀၀၀ သုံးပြီး လေထိန်းချုပ်ရေးဓားပညာနဲ့ လျှပ်စီးထိန်းချုပ်ရေးဓားပညာကို လေ့ကျင့်မယ်။”

ချီမင်က ပြောလိုက်တယ်။ “ဂိမ်း‌မြေအောက်စခန်း‘ရှု‌ တောင်ရှေးဟောင်းလမ်း’ ထဲ ဝင်မယ်။”

ချက်ချင်းဆိုသလိုအသိပေးချက်အချို့ ပေါ်လာတယ်။

ပြီးတော့ ချီမင်ရဲ့ရှေ့မှာ ဂိမ်းမျက်နှာပြင်ကပေါ်လာတယ်။

သူက ဂိမ်းဇာတ်ကောင်ဖြစ်တဲ့ အကြောက်အရွံ့ကင်းတဲ့ဓားအင်‌မော်တယ်အဖြစ် ပြောင်းလဲသွားပြီး တောင်ခြေကို ရောက်သွားတယ်။ရှူတောင်ကို မော့ကြည့်လိုက်ပေမယ့် အဆုံးကို မမြင်ရဘူး။

သူ ရှုတောင်ရှေးဟောင်းလမ်းထဲကို လျှောက်ဝင်သွားလိုက်တယ်။

မြင်ကွင်းက ရှင်းလင်းနေတယ်။

သူကိုယ်တိုင် အဲဒီနေရာမှာ ရောက်နေသလိုကိုဖြစ်တယ်။

All Chapters