ဝိညာဉ်သားရဲ ရှုရှန်းတပည့်
Vol. 3 Ch. 42
ဂိမ်းမြင်ကွင်းထဲမှာတော့ ချီမင်ပြောင်းလဲထားတဲ့ ဂိမ်းဇာတ်ကောင်က ရှူတောင်ရှေးဟောင်းလမ်းထဲကို ဝင်သွားတယ်။ သူ့မျက်စိရှေ့မှာ မြင်လိုက်ရတာက တိတ်ဆိတ်နေတဲ့ တောင်ပေါ်လမ်းလေးတစ်ခုပဲ။
ဒီတောင်ပေါ်လမ်းအတိုင်း ရှေ့ဆက်သွားရင် ရှူတောင်ထိပ်ကို ရောက်နိုင်တယ်။
ရှူတောင်ရှေးဟောင်းလမ်းမှာ စုစုပေါင်း စစ်ဆေးရေးဂိတ် ကိုးခုရှိတယ်။
ရှူတောင်ထိပ်ကိုရောက်ဖို့ ဒီစမ်းသပ်မှု ကိုးခုကို ကျော်ဖြတ်ရမယ်။
ပထမအဆင့်မှာ သူ ပန်းနတ်ဆိုးနဲ့ တွေ့တယ်။
ပန်းနတ်ဆိုးက ခမ်းနားလှပစွာ ဝတ်ဆင်ထားပြီး ပြိုင်ဘက်ကင်းအောင် လှပတယ်။ ဒါ့အပြင် သူ့ရဲ့ ဆွဲဆောင်တဲ့ပညာက အရမ်းမြင့်ပြီး တိုက်ခိုက်ရေးစွမ်းရည်ကလည်း ထူးခြားတော့ ဒီအဆင့်ကို ကျော်ဖြတ်ဖို့ မလွယ်ဘူး။
ဒါပေမဲ့ ချီမင် ပြောင်းလဲထားတဲ့ ဂိမ်းဇာတ်ကောင်က နတ်ဆိုးကို တိုက်ရိုက်ခုတ်ချလိုက်ပြီး ပထမအဆင့်ကို လွယ်လွယ်ကူကူပဲ ကျော်ဖြတ်သွားတယ်။
ဒုတိယအဆင့်မှာ မြွေနတ်ဆိုးနဲ့ တွေ့တယ်။
ချီမင်က တစ်ချက်တည်းနဲ့ပဲ နတ်ဆိုးကို သတ်ပစ်လိုက်တယ်။
တတိယအဆင့်က မြေခွေးနတ်ဆိုးဖြစ်တယ်။
ချီမင်က တစ်ချက်တည်းနဲ့ပဲ သတ်ပစ်လိုက်တုန်းပဲ။
စတုတ္ထအဆင့်ကစပြီး ရန်သူက ရှုရှန်းဂိုဏ်းရဲ့ တပည့်တွေ ဖြစ်လာတယ်။
ချီမင်က ဒီရှူရှန်းတပည့်တွေကို အနိုင်ယူရုံပဲ လိုတယ်၊ သတ်ပစ်ဖို့ မလိုပေ။
စတုတ္ထအဆင့်မှာ ရှူရှန်းတပည့် တစ်ယောက်ပဲရှိတယ်။ ပဉ္စမအဆင့်မှာ နှစ်ယောက်။ နဝမအဆင့်အထိ ရောက်တော့ ရှူရှန်းတပည့် ခြောက်ယောက် ဖြစ်သွားတယ်။
ချီမင်ဖိအားလုံးဝမရှိဘဲနဲ့သူတို့အားလုံးကို ကျော်ဖြတ်သွားခဲ့တယ်။
ရှူတောင်ရှေးဟောင်းလမ်းကနေ ထွက်လာပြီးတော့ရှေ့မှာ ချီမင်က လေထဲမှာ မှောက်ခုံ ပေါ်နေတဲ့ တောင်တွေကို တွေ့လိုက်ရတယ်။ အဲဒီတောင်တွေကို အလွန်ကြီးမားတဲ့ သံကြိုးတွေနဲ့ ချိတ်ဆက်ထားတယ်။
ရှူရှန်းဂိုဏ်းရဲ့ အဆောက်အအုံတွေကို တိမ်တွေက ဝန်းရံထားတယ်။ မသေမျိုးအင်မော်တယ်တွေလို ခံစားချက်မျိုး ရနေတယ်။
ညရောက်လာတယ်။
တင်!
“လေထိန်းချုပ်ရေးဓားပညာကို အဆ ၁,၀၀၀ မြှင့်တင်မှုနဲ့ ၄.၈ နာရီကြာ ကျင့်ကြံခဲ့ပါတယ်။ ထူးချွန်အဆင့်ကနေ ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်ရှိသွားပါပြီ။ ကန့်သတ်ချက်ကို ရောက်သွားပြီဖြစ်လို့ ဆက်ပြီးတိုးတက်လို့ မရတော့ပါဘူး။ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၈,၀၀၀ ပြန်အမ်းပေးပါမည်။”
“လေထိန်းချုပ်ရေးဓားပညာက ပြီးပြည့်စုံအဆင့်ကို ရောက်သွားပါပြီ။”
ချီမင် ပျော်သွားတယ်။ ၄.၈ နာရီပဲ သုံးလိုက်ရပြီး အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၈,၀၀၀ တောင် ပြန်ရလိုက်တယ်။
တွေးလိုက်တာနဲ့ ချီမင်က တိမ်စိမ်းလွင့်မြောဓားကို ထုတ်လိုက်တယ်။ သူ့ညာလက်က ဓားရိုးကို ကိုင်ထားတယ်။ ဓားသွားက ရှည်လျားသွယ်လျပြီး လက်သုံးလုံးလောက် အကျယ်ရှိတဲ့ မှော်ဓားတစ်လက်ဖြစ်တယ်။
ရှု! ရှု!
ချီမင်က လေထိန်းချုပ်ရေးဓားပညာကို သုံးလိုက်တယ်။ သူ့ဓားကွက်တွေထဲမှာ လေထိန်းချုပ်ရေးဓားရည်ရွယ်ချက် အငွေ့အသက်လေး ပါနေတယ်။ လှုပ်ရှားမှုတိုင်း၊ ခုတ်ချက်တိုင်းက လေနဲ့အတူ စီးမျောနေတယ်။
“မဆိုးဘူး။” ချီမင် အရမ်းကျေနပ်သွားတယ်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ နောက်တစ်နေ့ ရောက်လာတယ်။
တင်!
“လျှပ်စီးထိန်းချုပ်ရေးဓားပညာကို အဆ ၁,၀၀၀ မြှင့်တင်မှုနဲ့ တစ်ရက်ကြာ ကျင့်ကြံခဲ့ပါတယ်။ အဆင့်ဆင့် ကျော်ဖြတ်ပြီး အစပြုသူအဆင့်ကနေ ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်ရှိသွားပါပြီ။ ကန့်သတ်ချက်ကို ရောက်သွားပြီဖြစ်၍ ဆက်လက်တိုးတက်လို့ မရတော့ပါဘူး။”
ချီမင် ဉာဏ်အလင်းပွင့်သွားတဲ့ အခြေအနေကို ရောက်သွားတယ်။ တစ်ခဏအတွင်းမှာပဲ သူက လျှပ်စီးထိန်းချုပ်ရေးဓားပညာကို ရက်ပေါင်း ၁,၀၀၀ လုံးကျင့်ကြံခဲ့သလို ဖြစ်သွားတယ်။
ဂျိန်း! ဂျိန်း!
ချီမင် မတ်တပ်ရပ်လိုက်ပြီး ညာလက်ထဲက ဓားကို ကိုင်ရင်း လျှပ်စီးထိန်းချုပ်ရေးဓားပညာကို ထုတ်သုံးလိုက်တယ်။ သူ့ဓားကွက်တွေကြားမှာ လျှပ်စီးထိန်းချုပ်ရေးဓားရည်ရွယ်ချက် ကြိုးမျှင်တစ်စ လည်းပေါ်လာတယ်။ သူ့ဓားသွားပေါ်မှာ လျှပ်စီးတွေ လိုက်ပါနေပြီးအရှိန်ကလျင်မြန်နေတယ်။
ချက်ချင်းဆိုသလိုပဲ ချီမင် အမြန်ရပ်လိုက်တယ်။
“မဆိုးဘူးပဲ။”
ချီမင်ရဲ့ နှုတ်ခမ်းထောင့်တွေ အနည်းငယ် ကွေးတက်သွားတယ်။
သိထားရမှာက လေထိန်းချုပ်ရေးဓားပညာနဲ့ လျှပ်စီးထိန်းချုပ်ရေးဓားပညာတွေ အားလုံးက ချီသန့်စင်ခြင်းအဆင့်မြင့်သိုင်းပညာရပ်တွေ ဖြစ်တယ်။ သောင်းပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်းရဲ့အကြိုလိုအပ်ချက်တွေလည်း ဖြစ်တယ်။ ဒီဓားပညာနှစ်ခုကို ကျွမ်းကျင်ချင်ရင် အရမ်းမြင့်တဲ့ အရည်အချင်း လိုအပ်တယ်၊ ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်ဖို့ဆိုပိုလို့တောင် ခက်သေးတယ်။
အခုတော့ ချီမင် တစ်ရက်ပဲ အချိန်ယူလိုက်ရတယ်။
သူက လေထိန်းချုပ်ရေးဓားပညာနဲ့ လျှပ်စီးထိန်းချုပ်ရေးဓားပညာကို ပြီးပြည့်စုံခြင်းအဆင့်အထိ ကျင့်ကြံနိုင်လိုက်ပြီဖြစ်တယ်။
ဒါပေါ့၊ အဆတစ်ထောင် မြှင့်တင်မှုအောက်မှာ တစ်ရက်ကျင့်ကြံတာက ပုံမှန်အခြေအနေမှာ ရက်ပေါင်း တစ်ထောင်ကျင့်ကြံတာနဲ့ ညီမျှတယ်။
ရက်ပေါင်း တစ်ထောင်ဆိုတာ သုံးနှစ်လောက်ရှိတယ်။ သုံးနှစ်အတွင်းမှာချီသန့်စင်ခြင်းအဆင့်မြင့်သိုင်းပညာတစ်ခုကို ပြီးပြည့်စုံခြင်းအဆင့်အထိ ကျင့်ကြံနိုင်တာကသာမန်လောက်ပဲလို့ သတ်မှတ်ရမယ်။
ဒါပေမဲ့ ရက်ပေါင်း ၁,၀၀၀ ကျင့်ကြံရမယ့်ဟာကို တစ်ရက်တည်းနဲ့ ပြီးမြောက်သွားတာဖြစ်တယ်။
တင်!
“သင်သည် ‘ရှူတောင်ရှေးဟောင်းလမ်း’ ဂိမ်းမြေအောက်စခန်းကိုတစ်ရက်ကြာ အလိုအလျှောက်ရှင်းလင်းခဲ့ပါတယ်။ သင်ဂိမ်းမြေအောက်စခန်းကို တစ်ကြိမ် ရှင်းလင်းခဲ့ပါတယ်။ သင် ရှူရှန်းတပည့် တစ်ယောက် နှင့် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၉၀ရရှိပါတယ်။”
“ဒါက…”
ချီမင် အံ့ဩစွာနဲ့ ပြောလိုက်တယ်။ “ရှူရှန်းတပည့်လား။”
ပစ္စည်း: ရှူရှန်းတပည့်
မိတ်ဆက်: ရှူရှန်းဂိုဏ်းသို့ ဝင်ရောက်ခဲ့သော တရားဝင်တပည့်တစ်ဦးဖြစ်ပြီး ရှူရှန်းဂိုဏ်း၏ ကျင့်ကြံနည်းများနှင့် ဓားပညာများကို သင်ယူထားသည်။ သူ၏ အရည်အချင်းမှာ သာမန်ဖြစ်ပြီး၊ အလားအလာမှာ ပျမ်းမျှအောက်ဖြစ်သည်။ သူသည် ရွှေအမြူတေနှောင်းပိုင်းအဆင့်(အမြူတေအတုအဆင့်အထိသာ ရောက်ရှိနိုင်သည်။ အနာဂတ်တွင် တိုးတက်ရန် အလွန်ခက်ခဲမည်ဖြစ်သည်။
“ရှူတောင်ရှေးဟောင်းလမ်းကို ပထမဆုံးအကြိမ် ရှင်းလင်းတာနဲ့ ရှူရှန်းတပည့်လို ဝိညာဉ်သားရဲကျလာလိမ့်မယ်လို့ မထင်ထားဘူး။”
ချီမင် ပျော်ရွှင်စွာနဲ့ ပြောလိုက်တယ်။ “ငါ့ကံ မဆိုးဘူးပဲ။”
အလိုအလျောက်ကျင့်ကြံခြင်းစနစ်ရဲ့ ဒီဇိုင်းမှာ ဝိညာဉ်သားရဲတွေကနတ်ဆိုးလင်းနို့လို နတ်ဆိုးသားရဲတွေချည်းပဲ မဟုတ်ဘူး၊ နတ်ဘုရားသားရဲတွေ၊ အင် မော်တယ်သားရဲတွေနဲ့ကျင့်ကြံသူတွေတောင် ပါတယ်။
အရာအားလုံးက ဝိညာဉ်သားရဲဖြစ်လာနိုင်တယ်။
တော်တော်လေးကိုလွှမ်းမိုးနိုင်တယ်။
“ထွက်ခဲ့။”
ရှု!
စိတ်ကူးလိုက်ပြီး ချီမင်က ရှူရှန်းတပည့်ကို ဆင့်ခေါ်လိုက်တယ်။
တင်!
“ဒုတိယမြောက်ဝိညာဉ်သားရဲနေရာကို ဖွင့်ဖို့အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၀,၀၀၀ သုံးပါ သို့မဟုတ် နတ်ဆိုးလင်းနို့ကို လွှတ်ပေးပါ။”
အသိပေးချက်တစ်ခု ပေါ်လာတယ်။
“ဒုတိယမြောက်ဝိညာဉ်သားရဲနေရာကို ဖွင့်မယ်။” ချီမင် ပြောလိုက်တယ်။
တင်!
“ဒုတိယမြောက်ဝိညာဉ်သားရဲနေရာကို အောင်မြင်စွာ ဖွင့်လှစ်ပြီးပါပြီ။”
ဝှီ!
နောက်တစ်ခဏမှာ ချီမင်ရဲ့ရှေ့မှာအဖြူရောင်အလင်းတစ်ခု ပေါ်လာပြီး အဲဒီထဲကနေ ရုပ်ရည်ချောမောတဲ့ လူငယ်တစ်ယောက် ထွက်လာတယ်။ သူက အစိမ်းနဲ့အဖြူရောစပ်ထားတဲ့ ဝတ်ရုံကို ဝတ်ဆင်ထားပြီး ခါးမှာ ဓားတစ်လက် ချိတ်ထားတယ်။
“ဒီရှူရှန်းတပည့် ဟော့ချန်ချင်းက သခင့်ကို ဂါရဝပြုပါတယ်။”
လူငယ်က ဒူးတစ်ဖက်ထောက်လိုက်တယ်။
ချီမင် သူ့လက်ညှိုးကို ကိုက်လိုက်ပြီး သွေးတစ်စက်ချလိုက်တယ်။ သူ့ရဲ့ ဝိညာဉ်စွမ်းအင် ထိန်းချုပ်မှုအောက်မှာ အဲဒီသွေးစက်က ဟော့ချန်ချင်းရဲ့ နဖူးကနေ သူ့စိတ်ဝိညာဉ်ရဲ့အနက်ရှိုင်းဆုံးထဲကို ပေါင်းစပ်ဝင်ရောက်သွားတယ်။
ဝိညာဉ်သားရဲ စာချုပ် အောင်မြင်သွားတယ်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ ချီမင်က သူနဲ့ ဟော့ချန်ချင်းကြားက ဆက်သွယ်မှုကို ခံစားမိလိုက်တယ်။ ချီမင်သာ ဆန္ဒရှိရင် ဟော့ချန်ချင်းကို ချက်ချင်းသတ်နိုင်ပြီး လုံးဝထိန်းချုပ်နိုင်တယ်။
“မင်း အခု ဘယ်အဆင့် ရောက်နေပြီလဲ။” ချီမင်က မေးလိုက်တယ်။
ဟော့ချန်ချင်းက ပြောတယ်။ “ကျွန်တော် ရှူရှန်းဂိုဏ်းကို ဝင်တာ သုံးနှစ်ရှိပါပြီ၊ ရှူရှန်းဓားကျမ်းနဲ့ တခြားကျင့်ကြံနည်းတွေကို သင်ယူခဲ့ပါတယ်။ လွန်ခဲ့တဲ့ သုံးရက်က အခြေခံတည်ဆောက်ခြင်းအစောပိုင်းအဆင့်ကို ရောက်ပြီး ရှူရှန်းဂိုဏ်းရဲ့ တရားဝင်တပည့် ဖြစ်လာပါတယ်။”
“အင်း။” ချီမင် ခေါင်းညိတ်လိုက်တယ်။ “အခြေခံတည်ဆောက်ခြင်းအစောပိုင်းအဆင့်မဆိုးဘူး။ သွား ကျင့်ကြံတော့။”
စိတ်ကူးလိုက်တာနဲ့ ဟော့ချန်ချင်း နေရာကနေ ပျောက်ကွယ်သွားတယ်။
တင်!
“ဝိညာဉ်သားရဲ: ရှူရှန်းတပည့်ကအလိုအလျောက်ကျင့်ကြံခြင်း လုပ်ဆောင်နေပါသည်။ သင် ဝိညာဉ်ကျောက်တုံးများ မထည့်သွင်းထားပါ။ သူကို ၁၅ ရက်အတွင်း အခြေခံတည်ဆောက်ခြင်းအလယ်ပိုင်းအဆင့်ကိုရောက်ရှိရန် ခန့်မှန်းထားပါတယ်။”
“မဆိုးဘူး။” ချီမင် ခေါင်းညိတ်လိုက်တယ်။
“အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၂၀,၀၀၀ သုံးမယ်။”
ချီမင်က ပြောလိုက်တယ်။ “ရေခဲထိန်းချုပ်ရေးဓားပညာနဲ့ သတ္တုထိန်းချုပ်ရေးဓားပညာကို ကျင့်ကြံမယ်။ ရှူတောင်ရှေးဟောင်းလမ်းမှာအလိုအလျောက်ရှင်းလင်းခြင်းဆက်လုပ်မယ်။”
သူက အလိုအလျောက်ကျင့်ကြံခြင်းစနစ်ကိုသုံးပြီး အဆ ၁,၀၀၀ မြှင့်တင်မှုနဲ့ တစ်ရက်ကြာကျင့်ကြံလိုက်တယ်။
ရေခဲထိန်းချုပ်ရေးဓားပညာနဲ့ သတ္တုထိန်းချုပ်ရေးဓားပညာ နှစ်ခုလုံးက ပြီးပြည့်စုံခြင်းအဆင့်ထိဆက်တိုက်ရောက်ရှိသွားပြီး ရေခဲထိန်းချုပ်ရေးဓားရည်ရွယ်ချက် ကြိုးမျှင်တစ်စနဲ့ သတ္တုထိန်းချုပ်ရေးဓားရည်ရွယ်ချက် ကြိုးမျှင်တစ်စကိုသိပ်သည်းနိုင်လိုက်တယ်။
တကယ်တော့ အဆ ၁,၀၀၀ မြှင့်တင်မှုက ချီမင်လက်ရှိ ခံနိုင်ရည်ရှိတဲ့ အမြင့်ဆုံးအဆင့်ဖြစ်တယ်။
အဆ ၁,၀၀၀ ကျော်သွားရင် ချီမင်ရဲ့ ခန္ဓာကိုယ်နဲ့ လက်ရှိကျင့်ကြံမှုအဆင့်က အချိန်တိုအတွင်းမှာ ဒီလောက်များတဲ့ တိုးတက်မှုကို ခံနိုင်မှာမဟုတ်ပေ။ ပေါက်ကွဲပြီး သေဆုံးသွားနိုင်တယ်။
အဲဒီနောက်ပိုင်း ချီမင်ကနေ့တိုင်းဓားပညာရပ်နှစ်ခုကို ကျင့်ကြံပြီးရှူတောင်ရှေးဟောင်းလမ်း ဂိမ်း မြေအောက်စခန်းကိုရှင်းလင်းလိုက်တယ်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ ခုနစ်ရက်မြောက်နေ့ကို ရောက်လာတယ်။
တင်!
“အချိန်ထိန်းချုပ်ရေးဓားပညာကို အဆ ၁,၀၀၀ မြှင့်တင်မှုနဲ့ တစ်ရက်ကြာ ကျင့်ကြံခဲ့ပါတယ်။ ကျွမ်းကျင်မှုအဆင့်က ပြီးပြည့်စုံခြင်းအဆင့်သို့ တက်လှမ်းသွားပါပြီ။ ကန့်သတ်ချက်ကို ရောက်သွားပြီဖြစ်၍ဆက်လက်တိုးတက်လို့ မရတော့ပါ။”
…
တင်!
“နေရာထိန်းချုပ်ရေးဓားပညာကို အဆ ၁,၀၀၀ မြှင့်တင်မှုနဲ့ တစ်ရက်ကြာ ကျင့်ကြံခဲ့ပါတယ်။ ကျွမ်းကျင်မှုအဆင့်က ပြီးပြည့်စုံခြင်းအဆင့်သို့ တက်လှမ်းသွားပါပြီ။ ကန့်သတ်ချက်ကို ရောက်သွားပြီဖြစ်၍ဆက်လက်တိုးတက်လို့ မရတော့ပါ။”
…
“အကြိုလိုအပ်တဲ့ သိုင်းပညာတွေ အားလုံးကို ပြီးပြည့်စုံခြင်းအဆင့်ထိရောက်အောင် ကျင့်ပြီးသွားပြီ။”
ချီမင် မတ်တပ်ရပ်လိုက်တယ်။သူ့အခုစိတ်အခြေအနေအရမ်းကောင်းနေတယ်။ “နောက်ဆုံးတော့ သောင်းပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်းကို တရားဝင် စတင်ကျင့်ကြံလို့ရပြီ။”