← Chapters

ဆရာ ကျေးဇူးပြုပြီးစစ်ဆေးပေးပါ

Vol. 3 Ch. 43

ဆရာ ကျေးဇူးပြုပြီးစစ်ဆေးပေးပါ

Vol. 3 Ch. 43

တစ်ချိန်တည်းမှာပဲ…

“သင်က ‘ရှူတောင်ရှေးဟောင်းလမ်း’ ဂိမ်းမြေအောက်စခန်းထဲမှာ အလိုအလျောက်ရှင်းလင်းခြင်းကိုခုနစ်ရက်ကြာလုပ်‌ဆောင်ခဲ့ပါတယ်။ သင်ဂိမ်းမြေအောက်စခန်းကို ခုနစ်ကြိမ် ရှင်းလင်းပြီးပါပြီ။ သင်: ကြယ်ခုနစ်ပွင့်ဓား၊ ဓားထိန်းချုပ်ရေးနည်းစနစ်၊ထိပ်တန်းအဆင့်အခြေခံတည်ဆောက်ခြင်းဆေးလုံး တစ်လုံး နဲ့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး၆၃၀ရရှိခဲ့ပါတယ်။”

“ဒါတွေအကုန်လုံးကသာမန်ပဲ။” ချီမင်က ပြောလိုက်တယ်။

ကြယ်ခုနစ်ပွင့်ဓားက ချီသန့်စင်ခြင်းထိပ်တန်းအဆင့်ရတနာတစ်ခုဖြစ်ပြီး ဓားထိန်းချုပ်ရေးနည်းစနစ်ကလည်းချီသန့်စင်ခြင်းထိပ်တန်းအဆင့်သိုင်းနည်းစနစ်တစ်ခုပဲ။ ဒါပေမယ့် ချီမင်အတွက်ကတော့ အခုချိန်မှာသိုင်းနည်းစနစ်တွေရော ရတနာတွေရော မရှားဘူး။

သေချာတာကတော့ ထိပ်တန်းအဆင့်အခြေခံတည်ဆောက်ခြင်းဆေးလုံးရဲ့ တန်ဖိုးကတော့ အရမ်းမြင့်တယ်။ အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်ဖို့ ကူညီပေးနိုင်တယ်။ အနည်းဆုံး အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၀၀,၀၀၀ လောက် တန်ကြေးရှိတယ်၊ ဒါမှမဟုတ်အဲ့ဒီထက်တောင် ပိုနိုင်တယ်။ တန်ဖိုးဖြတ်လို့မရတဲ့ ပစ္စည်းဖြစ်တယ်။

ဒါပေမယ့် ချီမင်က အခြေခံတည်ဆောက်ခြင်းအဆင့်ကိုရောက်ဖို့ ထိပ်တန်းအဆင့်အခြေခံတည်ဆောက်ခြင်းဆေးလုံးရဲ့ အကူအညီမလိုအပ်ပေ။

ဒါကြောင့် ဒီပစ္စည်းတွေကို ချီမင်က ဝိညာဉ်ကျောက်တုံးတွေရဖို့ ရောင်းပစ်လိုက်တာဖြစ်ဖို့များတယ်။

ချီမင်က ပြောလိုက်တယ်၊ “သိုင်းနည်းစနစ်ဆယ့်နှစ်မျိုးလုံးကို ပြီးပြည့်စုံခြင်းအဆင့်ထိတတ်မြောက်ဖို့ပြီးခဲ့တဲ့ ရက်တွေအတွင်းမှာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးစုစုပေါင်း ၁၁၂,၀၀၀ သုံးလိုက်ရတယ်။ ဒုတိယမြောက်ဝိညာဉ်သားရဲနေရာလပ်ကို ဖွင့်ဖို့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး၁၀,၀၀၀သုံးလိုက်တယ်။”

“ဒီရက်ပိုင်း ဂိမ်းမြေအောက်စခန်းရှင်းလင်းပြီး ရလာတဲ့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးတွေလည်း နည်းနည်းပဲရှိသေးတယ်။”

“ငါ့မှာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး၃၀,၀၀၀ ပဲ ကျန်တော့တယ်။”

“ဒီဝိညာဉ်ကျောက်တုံးတွေနဲ့ သောင်းပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်းကိုအောင်အောင်မြင်မြင်နဲ့ကျင့်ကြံပြီးအခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်နိုင်ပါ့မလား မသိဘူး။”

ချက်ချင်းပဲ ချီမင်က ကြယ်ခုနစ်ပွင့်ဓားကို ထုတ်လိုက်တယ်။ ဓားကိုယ်ထည်က ရှည်လျားပြီးပါးလျတယ်။ ဓားလက်ကိုင်မှာတော့ အရောင်မတူတဲ့ ကျောက်မျက်ရတနာ ခုနစ်လုံးကို ခုနစ်စဉ်ကြယ်စုပုံစံအတိုင်း ဆင်ယင်ထားတယ်။

တော်တော်လေး လှပတဲ့ ပုံဖြစ်တယ်။

ပြီးတော့ ချီမင်က ကြိုတင်လိုအပ်တဲ့ သိုင်းပညာဆယ့်နှစ်မျိုးကို စတင်လေ့ကျင့်တယ်။ သတ္တုထိန်းချုပ်ရေး ဓားသိုင်းက စပြီး ဓားသိုင်းကွက်တွေကို ချီမင်က အဆက်မပြတ် ထုတ်ဖော်လိုက်တော့ သူ့ပတ်လည်မှာ မရေမတွက်နိုင်တဲ့ ဓားအရိပ်တွေ ဖြစ်ပေါ်လာတယ်။

ဒါ့အပြင်…

ဓားဆန္ဒ ဆယ့်နှစ်မျိုး ပေါ်ထွက်လာတယ်။

သူတို့ကလျှို့ဝှက်ဆန်းကြယ်တဲ့ အခြေအနေတစ်ခုမှာ တည်ရှိနေကြတယ်။

သတ္တု၊ သစ်သား၊ ရေ၊ မီး၊ မြေ၊ ရေခဲ၊ လေ၊ လျှပ်စီး၊ ယင်၊ ယန်၊ အချိန်၊ နဲ့ နေရာ။ ဒီဓားဆန္ဒ ဆယ့်နှစ်မျိုးက အဆုံးမရှိ စီးဆင်းနေပြီးရှိန်လောက်တဲ့ ဖိအားတစ်ခုကို ဖန်တီးနေတယ်။

နောက်ဆုံးမှာချီမင်ဒီဓားသိုင်းကွက် ဆယ့်နှစ်မျိုးလုံးကို လုံးဝ ကျွမ်းကျင်သွားတယ်။

သူ ကျင့်ကြံနေတာကို ဖြည်းဖြည်းချင်း ရပ်လိုက်တယ်။

“စလို့ရပြီ။”

အတွေးတစ်ချက်နဲ့အတူ ချီမင် ပြောလိုက်တယ်၊ “အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၀,၀၀၀ သုံးပြီး‌ သောင်း‌ပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်းကို လေ့ကျင့်မယ်။”

တီး!

“ကြိုတင်လိုအပ်တဲ့ သိုင်းနည်းစနစ်ဆယ့်နှစ်မျိုးကိုပြီးပြည့်စုံခြင်းအဆင့်ထိ ကျင့်ကြံပြီးပါပြီ။ အလိုအလျောက်ကျင့်ကြံခြင်းကို အောင်မြင်စွာ စတင်လိုက်ပါပြီ။ သောင်းပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်းကို အဆ ၁,၀၀၀ အရှိန်မြှင့်ထားမှုနဲ့ ကျင့်ကြံနေပါတယ်… ဆယ်ရက်အတွင်း ပြီးမြောက်မည်လို့ ခန့်မှန်းရပါတယ်။”

အသိပေးချက်တစ်ခု ပေါ်လာတယ်။

“အောင်မြင်ပြီ။”

ချီမင် ဝမ်းသာသွားပေမယ့် ချက်ချင်းပဲ မျက်မှောင်ကြုတ်သွားတယ်။ “အဆတစ်ထောင် အရှိန်မြှင့်ထားတာတောင် ဆယ်ရက်တောင် ကြာဦးမှာကိုး။”

“ဒီအခက်အခဲကတော့ တကယ်ကို လက်လန်လွန်းတယ်။”

“ဝိညာဉ်ကျောက်တုံး ၃၀,၀၀၀ ကတော့ လုံးဝ မလောက်ဘူးဆိုတာသိသာနေပြီ။”

တစ်ဖက်မှာတော့ မြင်ကွင်းပြောင်းသွားတယ်။

တိမ်စိမ်းတောင်ထွတ်။

၊ တောင်ထွတ်သခင်ရဲ့ ဂူဗိမာန်ထဲတွင်

မော့ဟန်ကျန်းနဲ့တိမ်စိမ်းတောင်ထွတ်က အမွေခံအဆင့်အကြီးအကဲတွေ ခန်းမထဲမှာ ရှိနေကြတယ်။ သူတို့က လာတော့မယ့်ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းစု‌ဝေးပွဲအကြောင်း ဆွေးနွေးနေကြတယ်။

နောက်ထပ် လဝက်ပဲ လိုတော့တယ်။

ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းစုဝေးပွဲစတင်တော့မယ်။

“ဒီအတောအတွင်းမှာ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းမှာ အဖြစ်အပျက်ကြီး နှစ်ခု ဖြစ်ခဲ့တယ်။ ပထမတစ်ခုက နတ်ဆိုးဂိုဏ်းက သူလျှိုတွေကို ရှင်းလင်းတယ်၊ ဒုတိယတစ်ခုက ပိုပြီးတောင် လှုပ်လှုပ်ရှားရှားဖြစ်သွားတယ်၊ ဂိုဏ်းချုပ်ကိုယ်တိုင်တောင် အသိပေးခံရတဲ့အထိပဲ။”

မော့ဟန်ကျန်းကပြောလိုက်တယ်၊ “လဝက်တောင် မကျန်တော့ဘူး။ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းစု ဝေးပွဲအတွက် သေချာ ပြင်ဆင်ထားရမယ်။”

“စည်းကမ်းအရဆိုရင် ဒီတစ်ခေါက်တိမ်စိမ်းတောင်ထွတ်က စေလွှတ်ပြီး ဦးဆောင်ရမယ့်အမွေခံတပည့်က ချီမင် ဖြစ်သင့်တယ် မဟုတ်လား?”

မော့ဟန်ကျန်းရဲ့အကြည့်က အကြီးအကဲ ဖုန်းဆီ ရောက်သွားတယ်။

“အဟမျး အဟမျး။”

အကြီးအကဲ ဖုန်းကခပ်ဖွဖွလေး ချောင်းဆိုးလိုက်ပြီး၊ “ချီမင်က အခြေခံတည်ဆောက်ခြင်းအဆင့်တောင် မရောက်သေးဘူး။ ဒီကိစ္စကို သူတာဝန်ယူနိုင်မှာ မဟုတ်ဘူးလို့ စိုးရိမ်မိတယ်။”

တခြားတိမ်စိမ်းတောင်ထွတ်ရဲ့ အမွေခံအဆင့်အကြီးအကဲ တုန်ဂျိချင်းက ပြုံးပြီး ပြောလိုက်တယ်၊ “အကြီးအကဲ ဖုန်း၊ ဒါက ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့စည်းကမ်းပါ။ ကောင်းကင်ဘုံဉာဏ်အလင်းဂို‌ဏ်းစုဝေးပွဲတိုင်းကို တောင်ထွတ်တစ်ခုစီရဲ့ အမွေခံတပည့်တွေက ဦးဆောင်ရတယ်။ အတွင်းစည်း ဂိုဏ်းအကြီးအကဲ သုံးယောက်နဲ့ အပြင်စည်း ဂို‌ဏ်းအကြီးအကဲ ဆယ့်နှစ်ယောက်လည်း ပါတယ်။”

“တခြား အမွေခံတပည့်တွေအားလုံး ဦးဆောင်ပြီးသွားပြီ၊ ချီမင် တစ်ယောက်ပဲ မဦးဆောင်ရသေးတာ။”

“ဟုတ်တယ်၊ ဟုတ်တယ်။” တခြား အမွေခံအကြီးအကဲတွေက ခေါင်းညိတ်ကြတယ်၊ “ချီမင်ကြောင့်နဲ့တော့ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ စည်းကမ်းကို ချိုးဖောက်လို့ မဖြစ်ဘူး။”

“ထားလိုက်ပါတော့။” အကြီးအကဲ ဖုန်းက ပြောတယ်၊ “ဒါဆို ဒီအတိုင်းပဲ လုပ်ကြတာပေါ့။ အချိန်ကျရင် ချီမင်ကို ကူညီဖို့ လူလွှတ်လိုက်မယ်။”

“အင်း။” မော့ဟန်ကျန်းက ခေါင်းညိတ်လိုက်တယ်။

ဆက်ပြီးတော့ သူတို့က ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းစုဝေးပွဲရဲ့ အသေးစိတ်အချက်အလက်တွေကို ဆွေးနွေးကြပြီး တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြတယ်။ ခန်းမထဲမှာ မော့ဟန်ကျန်းနဲ့ အကြီးအကဲ ဖုန်း နှစ်ယောက်ပဲ ကျန်ခဲ့တယ်။

“အချိန်ကို ကြည့်ရတာ ချီမင် သောင်းပြောင်း ကြာပန်းစိမ်း ဓားသိုင်းကျမ်းကို ရသွားတာ လဝက်နီးပါး ရှိပြီပဲ။”

မော့ဟန်ကျန်းက ပြောလိုက်တယ်၊ “သူ့ရဲ့ တိုးတက်မှုကို သွားကြည့်သင့်တယ်။ သောင်းပြောင်း ကြာပန်းစိမ်းဓားသိုင်းကျမ်းကို ကျင့်ကြံရတဲ့ အခက်အခဲကို ခင်ဗျားနဲ့ ကျွန်တော် နှစ်ယောက်လုံး သိပါတယ်။ တကယ်လို့ ရွေးချယ်စရာ မရှိတော့ဘူးဆိုရင် သူ့ကို မြန်မြန်ပြောပြပြီး ချီမင်ကို လမ်းမှန်ပေါ် ပြန်ရောက်အောင် လုပ်ပေးလိုက်ပါ။”

“တောင်ထွတ်သခင် ပြောတာ မှန်ပါတယ်၊” အကြီးအကဲ ဖုန်းက ခေါင်းညိတ်ပြီး ပြောတယ်၊ “ကျွန်တော် သွားကြည့်လိုက်ပါ့မယ်။”

“ချီမင် တစ်ယောက် ခေါင်းကိုက်နေလောက်ပြီ။”

အကြီးအကဲ ဖုန်း ဒီလိုတွေးမိတော့ မရယ်ဘဲ မနေနိုင်ဘူး။ သူ့စိတ်တွေ ရုတ်တရက် ကြည်လင်သွားတယ်။

တကယ်တော့ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းမှာ တောင်ထွတ် ဆယ့်နှစ်ခုရဲ့ အမွေခံတပည့်တိုင်းကအမွေခံတပည့် ဖြစ်လာပြီးတဲ့နောက်မှာ သူတို့ရဲ့ သက်ဆိုင်ရာ ဆရာတွေကသောင်းပြောင်းကြာပန်းစိမ်း ဓားသိုင်းကျမ်းကို ကျင့်ကြံဖို့ အကြံပြုလေ့ရှိတယ်။ ဒါပေမယ့် အခြေခံအားဖြင့်တော့ သူတို့က ကျွမ်းကျင်အောင် မလုပ်နိုင်ဘဲ အကြီးအကျယ် စိတ်ဓာတ်ကျမှုကို ခံစားရလေ့ရှိတယ်။

ဘာလို့ ဒီလိုလုပ်ရတာလဲ?

အကြောင်းပြချက်တွေ အများကြီးရှိတယ်။

ပထမတစ်ခုကသောင်းပြောင်းကြာပန်းစိမ်း ဓားသိုင်းကျမ်းက အရမ်းအစွမ်းထက်တယ်။ အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့ရင် သူတို့ရဲ့ အနာဂတ် ကျင့်ကြံခြင်းလမ်းက ဖြောင့်ဖြူးမယ်။

ဒုတိယတစ်ခုက အမွေခံတပည့် ဖြစ်နိုင်တဲ့သူတွေကအရည်အချင်းနဲ့ ကံကြမ္မာ မြင့်မားကြတယ်။ သူတို့မှာ သဘာဝအရမာနနဲ့ မယိမ်းယိုင်တဲ့ စိတ်ဓာတ်တွေ ရှိကြတယ်။ ဒါကြောင့် သူတို့ကို အခက်အခဲလေးတွေ ကြုံတွေ့စေပြီး ကိုယ့်ထက်သာတဲ့သူ အမြဲရှိတယ်ဆိုတာ နားလည်စေဖို့ဖြစ်တယ်။

တတိယတစ်ခုက အမွေခံတပည့်အားလုံးကို ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ အခြေခံအုတ်မြစ်ကို သိစေချင်ပြီး ဂိုဏ်းအပေါ်စိတ်ဝင်စားမှုတိုးပွားစေချင်လို့ဖြစ်တယ်။

“အချိန်ကိုက်ပဲ၊” မော့ဟန်ကျန်းကလည်း ပြုံးပြီး ပြောလိုက်တယ်၊ “ကျွန်တော် အခု အားနေတယ်။ ခင်ဗျားနဲ့ အတူလိုက်ခဲ့မယ်။”

ရှပ်! ရှပ်!

စကားဆုံးတာနဲ့ မော့ဟန်ကျန်းနဲ့ အကြီးအကဲ ဖုန်းတို့က အလင်းတန်းနှစ်ခုအဖြစ် ပြောင်းလဲသွားပြီး တောင်ထွတ်သခင်ရဲ့ ဂူဗိမာန်ကနေ ထွက်ခွာသွားကြတယ်။ သူတို့ရဲ့ အမြန်နှုန်းနဲ့ ငါးကီလိုမီတာအကွာမှာရှိတဲ့ တိမ်ပြိုတောင်ထွတ်ကို ပျံသန်းသွားကြတယ်။

မျက်စိတစ်မှိတ်အတွင်းမှာပဲသူတို့တိမ်ပြိုတောင်ထိပ်ကို ရောက်နေပြီဖြစ်တယ်။

အကြီးအကဲ ဖုန်းက ကောင်းကင်ကနေ ဆင်းသက်လာပြီး တိမ်ပြိုစံအိမ်ရဲ့ အဝင်ဝမှာ ရပ်လိုက်တယ်။ သူက ချီမင်ရဲ့ နားထဲကို အသံလွှင့်ပြီး ပြောလိုက်တယ်၊ “ချီမင်၊ မင်းရဲ့ ဒီရက်ပိုင်း ကျင့်ကြံခြင်းတိုးတက်လာမှုကိုလာစစ်တာ။”

ချီမင်က တိမ်ပြိုစံအိမ်ထဲမှာ ကျင့်ကြံနေဆဲဖြစ်တယ်။ အကြီးအကဲ ဖုန်းရဲ့ အသံလွှင့်တာကို ကြားလိုက်တော့ သူ့မျက်နှာ အနည်းငယ် တောင့်တင်းသွားတယ်။ သူ အမြန်ထပြီး သူ့ဆရာကို ကြိုဆိုဖို့စံအိမ်အပြင်ကို ထွက်လာတယ်။ သူက လက်သီးဆုပ်ပြီး အရိုအသေပေးလိုက်တယ်၊ “ဆရာ့ကို ဂါရဝပြုပါတယ်။”

“တောင်ထွတ်သခင်ကို ဂါရဝပြုပါတယ်။”

ချီမင်က အကြီးအကဲ ဖုန်းရဲ့ ဘေးမှာ ရပ်နေတဲ့ မော့ဟန်ကျန်းကို မြင်တော့ ထပ်ပြီး အရိုအသေပေးလိုက်တယ်။

“အင်း။” မော့ဟန်ကျန်းက ခေါင်းညိတ်ပြတယ်။

“ချီမင်!” အကြီးအကဲ ဖုန်းက ဖွဖွလေး ချောင်းဆိုးပြီး ပြောတယ်၊ “လဝက်တောင် ရှိနေပြီ။ သောင်းပြောင်းကြာပန်းစိမ်း ဓားသိုင်းကျမ်းရဲ့သိုင်းပညာ ဆယ့်နှစ်မျိုးထဲက ဘယ်နှစ်မျိုးကို မင်း ကျွမ်းကျင်ပြီလဲ?”

“ဆရာ၊ဒီတပည့်က ဉာဏ်နည်းတော့ သိပ်မကျွမ်းကျင်သေးပါဘူးဗျာ။”

ချီမင်က အမှန်အတိုင်း မပြောဘူး။ သူက စိတ်ပျက်အားငယ်ပြီး အိပ်ငိုက်နေတဲ့ ပုံစံမျိုးတောင် ပြလိုက်သေးတယ်၊ “သောင်းပြောင်းကြာပန်းစိမ်း ဓားသိုင်းကျမ်းက ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းမှာ ကျွမ်းကျင်ဖို့ အခက်ဆုံး ကျင့်စဉ်တွေထဲက တစ်ခုဖြစ်ထိုက်ပါတယ်။ တကယ်ကိုခက်ခဲပါတယ်ဗျာ။”

“မင်းရဲ့ အခက်အခဲကို ငါနားလည်ပါတယ်။”

အကြီးအကဲ ဖုန်းက သူ့ရယ်ချင်စိတ်ကို ထိန်းချုပ်ပြီး သနားတဲ့ အမူအရာနဲ့ ပြောတယ်၊ “ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ သမိုင်းမှာ သောင်းပြောင်းကြာပန်းစိမ်း ဓားသိုင်းကျမ်းကို ကျွမ်းကျင်အောင် လုပ်နိုင်ခဲ့တာ သုံးယောက်ပဲ ရှိခဲ့တယ်။”

“ဒါကြောင့် ချီမင်၊ မင်း ဒီလောက် စိတ်ဓာတ်ကျနေစရာ မလိုပါဘူး။”

“ငါလာတာက အဓိကအားဖြင့် မင်းကို ပြောပြချင်လို့ပဲ။ သောင်း‌ပြောင်းကြာပန်းစိမ်း ဓားသိုင်းကျမ်းကို မကျွမ်းကျင်နိုင်ရင်လည်း ဘာမှမဖြစ်ဘူး။ မင်းနဲ့ ပိုသင့်တော်မယ့်အမွေခံကျင့်စဥ်တစ်ခု ငါ့မှာရှိတယ်။ သောင်းပြောင်း ကြာပန်းစိမ်း ဓားသိုင်းကျမ်းပေါ်မှာ သေလောက်တဲ့အထိကြိုးစားနေစရာ မလိုပါဘူး။”

“နောက်ပြီး လဝက်အကြာမှာ ကျင်းပမယ့် ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းစုဝေးမှာပွဲတိမ်စိမ်းတောင်ထွတ်ရဲ့ရဲ့ အမွေခံတပည့်အနေနဲ့ မင်းက ငါတို့ကို ကိုယ်စားပြုရမယ်။ မင်း ကြီးကြပ်ပေးရမှာ။”

ချီမင်က အခက်အခဲရှိတဲ့ ပုံစံနဲ့ ပြောတယ်၊ “ဆရာ၊ တပည့်ရဲ့ ကျင့်ကြံမှုအဆင့်က အရမ်းနိမ့်ပါသေးတယ်။ အခြေခံတည်ဆောက်ခြင်းအဆင့်တောင် မရောက်သေးဘူး။တိမ်စိမ်းတောင်ထွတ်ကို ကိုယ်စားပြုပြီး ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းစုဝေးပွဲ ဘယ်လိုလုပ် ဦးဆောင်နိုင်မှာလဲ။ ပြီးတော့ သောင်းပြောင်း ကြာပန်းစိမ်း ဓားသိုင်းကျမ်းကို ကျွမ်းကျင်ဖို့ အရမ်းခက်ခဲပေမယ့် တပည့်က ဆက်ကြိုးစားကြည့်ချင်သေးတယ်။ ဒီအတောအတွင်းမှာ တခြားကိစ္စတွေနဲ့ အနှောင့်အယှက်ဖြစ်တာကို တကယ် မလိုချင်ပါဘူးဗျာ။”

“ဒါဆို ပြောစမ်း၊ ကြိုတင်လိုအပ်တဲ့ သိုင်းပညာဘယ်နှစ်မျိုးကို မင်း အခု ကျွမ်းကျင်နေပြီလဲ?”

အကြီးအကဲ ဖုန်းက မျက်မှောင်ကြုတ်ပြီး မေးလိုက်တယ်၊ “မကျွမ်းကျင်နိုင်ရင် ကိုယ့်ကိုယ်ကို အတင်းအကျပ် မလုပ်နဲ့၊ အချိန်ဖြုန်းမိမှာ စိုးလို့။ ဒါက မင်းရဲ့ အနာဂတ်ခရီးကို အကြီးအကျယ် ထိခိုက်စေလိမ့်မယ်။”

“ဒါကို မင်း နားမလည်ဘူးလား?”

“ဆရာ။” ချီမင်က သူ့ညာဘက်လက်ကို ဝှေ့ယမ်းလိုက်တော့ တိမ်စိမ်းလွင့်မြောဓားက သူ့လက်ထဲမှာ ပေါ်လာတယ်။ သူက လေထိန်းချုပ်‌ရေးဓားသိုင်းကို မဆိုင်းမတွဘဲ သုံးလိုက်တယ်။ လေထိန်းချုပ်ရေးဓားဆန္ဒတစ်စွန်းတစ်စ ပေါ်ထွက်လာပြီး ဓားက လေနဲ့အတူ လှုပ်ရှားသွားတယ်၊ “ဒီတပည့်ရဲ့ အရည်အချင်းက နိမ့်ပါတယ်။ ဆရာ စစ်ဆေးပေးပါ။”

စကားဆုံးတာနဲ့ ဓားသိုင်းကွက်က လျင်မြန်စွာ ပြောင်းလဲသွားပြန်တယ်။

လျှပ်စီးထိန်းချုပ်ရေး ဓားသိုင်းကို သုံးလိုက်တယ်။

ဓားကွက်က လျှပ်စီးလို မြန်ဆန်တယ်။ လျှပ်စီးကို ထိန်းချုပ်ပြီး လျှပ်စီးတွေက ဝန်းရံနေတယ်။

ဒါပေမယ့် ဒါနဲ့ မပြီးသေးဘူး။

အေးစက်တဲ့ လေထုက တိုးဝှေ့လာတယ်။

ရေခဲဆန္ဒတစ်ခု ဖြစ်တည်လာတယ်။

ချီမင်ရဲ့ ဓားကွက်က ရေခဲထိန်းချုပ်ရေးဓားသိုင်း ဖြစ်သွားတယ်။

“ဒါ… ဒါ…”

အကြီးအကဲ ဖုန်းနဲ့ မော့ဟန်ကျန်းတို့ နေရာမှာတင် ကြက်သေသေသွားကြတယ်။

All Chapters