အကြီးအကဲဖုန်းနဲ့မော့ဟန်ကျန်းတို့ရဲ့ထိတ်လန့်မှု
Vol. 3 Ch. 44
ခရက်! ခရက်!
ချီမင်ကို ဗဟိုပြုပြီး သူ့ပတ်ဝန်းကျင်က မြေကြီးတွေ စတင်ခဲလာတယ်။ ဒါပေမဲ့ အကြီးအကဲဖုန်းနဲ့ မော့ဟန်ကျန်းတို့နားမှာ မမြင်ရတဲ့ လေထုကမြေကြီးတွေရေခဲလာတာကို သူတို့နဲ့ တစ်မီတာအကွာလောက်အထိ မကပ်လာနိုင်အောင် တားဆီးထားတယ်။
ပတ်ဝန်းကျင် အပူချိန်ကလည်း သိသိသာသာကို ကျဆင်းသွားတယ်။
အဲဒီအချိန်မှာပဲ…
တုန်လှုပ်သွားကြတယ်!
အကြီးအကဲဖုန်းနဲ့ မော့ဟန်ကျန်းတို့ အရမ်းကို အံ့အားသင့်သွားကြတယ်။
သူတို့က အခြေတည်ဝိညာဉ်အဆင့်ကို ကျော်လွန်ပြီးသားဖြစ်နေပေမဲ့၊ ယုတ္တိရှိရှိပြောရရင် သူတို့ရဲ့ စိတ်အခြေအနေနဲ့ ကျင့်ကြံမှုအရဆို ဘယ်အရာမှ မတုန်လှုပ်တော့တဲ့ အဆင့်မျိုးကို ရောက်နေကြပြီ။
ဒါပေမဲ့ အခုမြင်လိုက်ရတာက သူတို့ ထင်ထားတာထက် အများကြီး ကျော်လွန်နေတော့ အံ့အားသင့်တဲ့ အရိပ်အယောင်တွေ မပေါ်ဘဲ မနေနိုင်တော့ဘူး။
စဉ်းစားကြည့်ရင်ချီမင်က သောင်းပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်းကို ရခဲ့တဲ့အချိန်ကနေ အခုထိဆို လဝက်ပဲ ရှိသေးတယ်။ အရင်က လေထိန်းချုပ်ရေးဓားသိုင်း ကို ကျင့်ပြီးသားဆိုပေမဲ့၊ အခုတော့ ကြိုတင်လိုအပ်တဲ့ သိုင်းနည်းစနစ်သုံးခုလုံးကိုပြီး ပြည့်စုံခြင်းအဆင့်ထိ ကျင့်ကြံပြီးသွားပြီ။
ဒီလို ကျင့်ကြံနှုန်း...
ဒီလို ပါရမီ...
ဒီလို အလားအလာ...
ဒီလို နားလည်နိုင်စွမ်း...
အကြီးအကဲဖုန်းနဲ့ မော့ဟန်ကျန်းတို့ ပါးစပ်အဟောင်းသား ဖြစ်သွားကြတယ်။
သူတို့ မြင်နေရတာကို မယုံနိုင်လောက်အောင်ဖြစ်နေတယ်။
ဂိုဏ်းရဲ့ မှတ်တမ်းတွေအရဆိုရင် ဂိုဏ်း တည်ထောင်သူ၊ အထက်ဘုံကို တက်လှမ်းသွားတဲ့ ကောင်းကင်ဘုံဉာဏ်အလင်းတောင်မှ ဒီလောက်မြန်တဲ့ ကျင့်ကြံမှုအရှိန်မျိုး မရှိခဲ့ဘူး။
တကယ်ကို တုန်လှုပ်စရာကောင်းလွန်းတယ်။
"သုံးခု! သူ တကယ် သုံးခု ကျင့်ပြီးသွားပြီ!"
အကြီးအကဲဖုန်းက ပြန်ပြောလိုက်တယ်။
"မဟုတ်ဘူး!" မော့ဟန်ကျန်းရဲ့ မျက်လုံးအိမ်တွေကျဥ်း မြောင်းသွားတယ်။ "ချီမင်ရဲ့ ဓားကွက်တွေက ပြောင်းနေတုန်းပဲ။ ဒါ သုံးခု မဟုတ်ဘူး၊ လေးခု..."
အေးစက်တဲ့အငွေ့အသက်တွေ ပျောက်သွားပြီး ချီမင်ရဲ့ ဓားကွက်တွေက တကယ့်ကို ပြောင်းလဲသွားတယ်။ ရေခဲထိန်းချုပ်ရေးဓားသိုင်း ကနေ မီးထိန်းချုပ်ရေးဓားသိုင်းအဖြစ်တန်းပြောင်းသွားတယ်။ တစ်ခုက အရိုးခိုက်အောင် အေးစက်ပြီး နောက်တစ်ခုက ပူလောင်ပြင်းရှတယ်။
ဝှီး! ဝှီး!
ဓားကွက် ဖြတ်သွားတဲ့နေရာတိုင်းကမီးတောက်မီးလျှံတွေလိုဖြစ်နေတယ်
မီးထိန်းချုပ်ရေးဓားသိုင်းရဲ့ ဆန္ဒ ပေါ်ထွက်လာတယ်။
မီးနဲ့ရေခဲ ဓားဆန္ဒနှစ်ခုက ဘာတိုက်ခိုက်မှုမှ မရှိဘဲ ထိတွေ့နေကြတယ်။
သူက ဒါတွေကို အရမ်း ကျွမ်းကျင်နေပြီဖြစ်တယ်။
"ဘုရားရေ!" အကြီးအကဲဖုန်းက ပြောလိုက်တယ်။
"ချီမင်က တကယ့်ကို ပါရမီရှင်ပဲ..."
ချွင်! ချွင်! ချွင်!!!
ဓားသံတွေ ထွက်ပေါ်လာတယ်။
ချီမင်ရဲ့ ဓားကွက်တွေ နောက်ထပ် နှစ်ကြိမ် ပြောင်းလဲသွားတယ်။ သူက သတ္တုထိန်းချုပ်ရေးဓားသိုင်း နဲ့ သစ်သားထိန်းချုပ်ရေးဓားသိုင်း တွေကို ဆက်တိုက် သုံးသွားတယ်။ စုစုပေါင်း ဓားဆန္ဒ ခြောက်မျိုးက ချီမင်ရဲ့ ကိုယ်ပေါ်မှာ ပေါ်လာတယ်။
ပြီးတော့ အချင်းချင်း ဝန်းရံနေပေမဲ့ တစ်ခုနဲ့တစ်ခု အနှောင့်အယှက်မဖြစ်ကြဘူး။
အရမ်းကို သဟဇာတဖြစ်နေတယ်။
"ဆရာ။" ချီမင်က ဓားကို ဖြည်းဖြည်းချင်း ဓားအိမ်ထဲပြန်ထည့်ပြီး အကြီးအကဲဖုန်းနဲ့ မော့ဟန်ကျန်းကို လက်သီးဆုပ်ပြီး အရိုအသေပေးလိုက်တယ်။ သူက ပြောလိုက်တယ်၊ "တပည့်က ဉာဏ်နည်းပါတယ်။ လဝက်အတွင်းမှာ ကြိုတင်သိုင်းနည်းစနစ် ခြောက်ခုပဲ ကျွမ်းကျင်နိုင်ပြီး ကျန်တဲ့ ခြောက်ခုကိုတော့ မကျွမ်းကျင်သေးပါဘူး။"
"လိုအပ်တာတွေ ရှိသေးရင်လည်း ဆရာကပဲ ဉာဏ်အလင်းပြပေးပါဦး။"
ဒီအချိန်မှာတော့ အကြီးအကဲဖုန်းနဲ့ မော့ဟန်ကျန်းတို့ ဘာစကားမှ ဆက်မပြောနိုင်တော့ဘူး။
ဘာလို့လဲဆိုတော့ ချီမင်က ကြိုတင်လိုအပ်တဲ့သိုင်းနည်းစနစ်သုံးခုကို သုံးပြတုန်းကတောင် အကြီးအကဲဖုန်းနဲ့ မော့ဟန်ကျန်းတို့ တုန်လှုပ်နေခဲ့ကြတယ်။ အခု ချီမင်က စုစုပေါင်း ခြောက်ခု သုံးပြလိုက်တော့ သူတို့နှစ်ယောက်ရဲ့ မယုံနိုင်လောက်အောင် တုန်လှုပ်နေတဲ့ စိတ်အခြေအနေကို ဘယ်လိုစကားလုံးတွေနဲ့ ဖော်ပြရမလဲတောင် မသိတော့ဘူး။
ဒီကြားထဲ ချီမင်က သူ့ကိုယ်သူ ဉာဏ်နည်းတယ်လို့ ပြောလိုက်သေးတယ်။
ဒီစကားကြားတော့ အကြီးအကဲဖုန်းနဲ့ မော့ဟန်ကျန်းတို့ ဆဲတောင် ဆဲချင်စိတ်ပေါက်သွားတယ်။
လဝက်နဲ့ အကြိုသိုင်းနည်းနစ်ခြောက်ခု ကျွမ်းကျင်တာကို 'ဉာဏ်နည်းတယ်' လို့ သတ်မှတ်ရင် ဒီလောကမှာ ပါရမီရှင်ဆိုတာ မရှိတော့ဘူးပေါ့။ အကုန်လုံးကအသုံးမကျတဲ့၊ ဝက်တွေ၊ ခွေးတွေလောက်တောင် အဆင့်မရှိတဲ့ကောင်တွေ ဖြစ်ကုန်မှာဖြစ်တယ်။
ပြိုင်ဘက်ကင်း ပါရမီရှင်!
ထူးချွန်ပြောင်မြောက်တဲ့သူ!
ဖုံးကွယ်နေသော နဂါးပဲ!
ဒါပေမဲ့ တုန်လှုပ်မှုတွေ ပြီးသွားတော့ အကြီးအကဲဖုန်းနဲ့ မော့ဟန်ကျန်းတို့ အရမ်း ဝမ်းသာသွားတယ်။ ဘာလို့လဲဆိုတော့ ချီမင်ရဲ့ ပါရမီနဲ့ဆိုရင် သောင်းပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်း ကို ကျွမ်းကျင်ပိုင်နိုင်မှာ သေချာလို့ဖြစ်တယ်။ သူက နှစ်တစ်သောင်းမှာ တစ်ခါပဲ ပေါ်ထွန်းတတ်တဲ့ ပြိုင်ဘက်ကင်း ပါရမီရှင်မျိုးဖြစ်တယ်။
အခု ချီမင်ကတိမ်စိမ်းတောင်ထွတ် ရဲ့ အမွေခံတပည့် ဖြစ်နေပြီ။
အကြီးအကဲဖုန်းက ဝမ်းသာလွန်းလို့ ဘာပြောရမှန်းတောင် မသိတော့ဘူး။
ဘာကြောင့်လဲဆိုတော့ ချီမင်က သူ့တပည့်ဖြစ်တယ်။ သူက မျက်စိရှင်ရှင်ထားပြီး ချီမင်ကို တစ်ချက်ကြည့်ရုံနဲ့ ရွေးချယ်ခဲ့တာဖြစ်တယ်။ ကိုယ်တိုင်ကိုယ်ကျ အမွေခံတပည့်အဖြစ် လက်ခံခဲ့တာဖြစ်တယ်။
"ဟမျး ဟမျး။"
ခဏကြာတော့ အကြီးအကဲဖုန်းက သူ့ရဲ့မြင့်တက်နေတဲ့ စိတ်ခံစားချက်တွေကို ထိန်းလိုက်တယ်။ သူက ချီမင်ကို အရမ်းကို ကြင်နာတဲ့ အကြည့်နဲ့ ကြည့်ပြီး ပြောလိုက်တယ်။ "ချီမင်၊ မင်းနဲ့ပတ်သက်ပြီး ငါမြင်တာ မမှားခဲ့ဘူး။ ငါထင်သလိုပဲ မင်းက သောင်းပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်း ကို ကျင့်ဖို့ အရမ်းသင့်တော်တယ်။"
"လဝက်အတွင်းမှာ အကြိုသိုင်းနည်းစနစ်ခြောက်ခုကို ကျွမ်းကျင်သွားတာက အံ့ဩစရာကောင်းပေမဲ့ မင်း ဒါကို အရမ်း ဂုဏ်ယူပြီး ကျေနပ်မနေရဘူး။ ကိုယ့်ထက်တော်တဲ့သူ အမြဲရှိတယ်ဆိုတာကို သိထားရမယ်။"
"ကဲ ကောင်းပြီ။" အကြီးအကဲဖုန်းက ချီမင်ရဲ့ ပခုံးကို ပုတ်လိုက်တယ်။ "သောင်းပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်း ကို ဆက်ကျင့်ပြီး အကြိုသိုင်းနည်းစနစ် ဆယ့်နှစ်ခုလုံးကို ကျွမ်းကျင်အောင် ကြိုးစား။ အခြေခံတည်ဆောက်ခြင်းအဆင့်ကို အမြန်ရောက်အောင် လုပ်။ အခက်အခဲ တစ်ခုခုရှိရင် ငါ့ကို လာရှာလိုက်။"
ချီမင်က ခေါင်းညိတ်လိုက်တယ်။ "ဆရာ၊ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းစုဝေးပွဲ ကို တခြား အမွေခံတပည့်တစ်ယောက် ပါဝင်ဖို့ စီစဉ်လို့ မရဘူးလား။"
"ဒါက..." အကြီးအကဲဖုန်းက ခဏ စဉ်းစားလိုက်ပြီး မော့ဟန်ကျန်းကို မသိမသာ လှမ်းကြည့်လိုက်တယ်။
"ချီမင်!" မော့ဟန်ကျန်းက ပြောတယ်။ "ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းစုဝေးပွဲ စတင်တဲ့အခါတိုင်း တောင်ပိုင်းဒေသက ကျင့်ကြံသူ မျိုးနွယ်စုတွေရဲ့ တပည့်တွေရော၊ ကျင့်ကြံချင်တဲ့ ပါရမီရှိတဲ့ လူတော်တော်များများကို ဆွဲဆောင်လေ့ရှိတယ်ဆိုတာ မင်းသိရမယ်။"
"ဒါပေမဲ့…"
"ငါတို့ ကောင်းကင်ဘုံဉာဏ်အလင်း ဂိုဏ်းက ဘယ်သူ့ကိုမဆို လက်ခံတာ မဟုတ်ဘူး။"
"ခန္ဓာကိုယ် ကြံ့ခိုင်မှု၊ ပါရမီ၊ အရည်အချင်း၊ ကံကြမ္မာ အားလုံးက စစ်ဆေးရမယ့် အချက်တွေပဲ။"
"တိမ်စိမ်းတောင်ထွတ် ရဲ့ အမွေခံတပည့်တစ်ယောက်အနေနဲ့ မင်းက အမွေခံတပည့်ဖြစ်ခြင်းကနေ ရတဲ့ အကျိုးခံစားခွင့်တွေ၊ အရင်းအမြစ်တွေကို ခံစားနေချိန်မှာ ဂိုဏ်းအတွက် တစ်ခုခု လုပ်ပေးသင့်တယ်။"
"ဒါကြောင့် ဒီတစ်ခေါက် ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းစုဝေးပွဲ ကို မင်း သွားကိုသွားရမယ်။"
"ဒါက ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ စည်းမျဉ်းပဲ။ မင်းတစ်ယောက်တည်းကြောင့်နဲ့ ပြောင်းလဲလို့ မရဘူး။"
"ဟုတ်ကဲ့ပါ။" ချီမင်က သဘောတူလိုက်ရုံကလွဲပြီး ဘာမှမတတ်နိုင်ဘူး။
တိမ်စိမ်းတောင်ထွတ် ရဲ့ အမွေခံတပည့်တစ်ယောက်အနေနဲ့ ချီမင်က သူတို့ဆီကနေ အကျိုးကျေးဇူးတွေ အများကြီး ရခဲ့တာ အမှန်ပဲဖြစ်တယ်။ ဂိုဏ်းအတွက် တစ်ခုခု လုပ်ပေးရမှာက သူ့တာဝန်လည်း ဖြစ်တယ်။
သူ သဘောမတူလို့ မဖြစ်တော့ဘူး။
ပြီးတော့ ချီမင်က တစ်ခု နားလည်သွားတယ်။ အလိုအလျောက်ကျင့်ကြံခြင်းစနစ် က ဝိညာဉ်ကျောက်တုံး တွေ အများကြီး သုံးတယ်။
ဝိညာဉ်ကျောက်တုံးတွေ တည်တည်ငြိမ်ငြိမ် ရနိုင်မယ့် နည်းလမ်းတစ်ခုကို သူ ရှာရတော့မယ်။
"စိတ်မပူပါနဲ့။" အကြီးအကဲဖုန်းက ပြောတယ်။ "ဒီ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းစုဝေးပွဲ မှာ မင်းနဲ့အတူ လုချင်ယန်းကို ငါ လိုက်သွားခိုင်းလိုက်မယ်။ အဲ့ဒီအချိန်ကျရင် လုချင်ယန်း ရှိနေတော့ သူ မင်းကို ကူညီပေးနိုင်မှာပါ။ ဘာပဲလုပ်စရာရှိရှိ သူ့ကိုသာ ခိုင်းလိုက်။ မင်းရဲ့ ကျင့်ကြံမှုကို နှောင့်နှေးစေမှာ မဟုတ်ဘူး။"
"ကျေးဇူးတင်ပါတယ် ဆရာ။" ချီမင်က ပြောလိုက်တယ်။
"ဆရာ၊" ချီမင်ရဲ့ အကြည့်က ပြောင်းသွားပြီး ပြောလိုက်တယ်။ "တပည့် ဆရာ့ကို အကူအညီတစ်ခုလောက် တောင်းချင်လို့ပါ။"
"ဘာကိစ္စလဲ?" အကြီးအကဲဖုန်းက စပ်စုပြီး မေးလိုက်တယ်။
"တပည့်မှာ ဝိညာဉ်ကျောက်တုံးတွေ လိုနေလို့ပါ။" ချီမင်က ပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်တယ်။
"မင်းက ဝိညာဉ်ကျောက်တုံးတွေ လိုနေတယ်?" အကြီးအကဲဖုန်းက မျက်မှောင်ကြုတ်လိုက်တယ်။ "မင်းက အပြင်စည်းဂိုဏ်း စစ်ဆေးမှုတုန်းက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သောင်းချီပြီး ရခဲ့တယ်လေ။ ဂိုဏ်းက တစ်လစာပေးတဲ့ ကျင့်ကြံရေး အထောက်အပံ့တွေလည်း ရှိသေးတယ်။"
"လွန်ခဲ့တဲ့ ရက်အနည်းငယ်ကလည်း လုချင်ယန်းက နတ်ဆိုးဂိုဏ်းက သူလျှိုတစ်ယောက် ဖမ်းမိလို့ ဆုကြေးအတွက် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး စုစုပေါင်း တစ်သိန်းလျှောက်ပေးထားတယ်လေ။ "
"ဟုတ်ပါတယ်။" ချီမင်က ခေါင်းညိတ်လိုက်တယ်။ "ဒါတွေရပေမဲ့လည်း တပည့်မှာ ဝိညာဉ်ကျောက်တုံးတွေ လိုနေတုန်းပါပဲ။"
အကြီးအကဲဖုန်းက ပြောလ်ိုက်တယ်။ "ချီမင်၊ မင်းက အမွေခံတပည့် ဆိုပေမဲ့ ဂိုဏ်းမှာလည်း စည်းမျဉ်းတွေ ရှိတယ်။ အမွေခံတပည့်တိုင်းရဲ့ ကျင့်ကြံရေး အထောက်အပံ့တွေမှာလည်း ကန့်သတ်ချက် ရှိတယ်၊ ဒါကြောင့် ဂိုဏ်းက မင်းကို ဝိညာဉ်ကျောက်တုံးတွေ ထပ်ပေးလို့ မရဘူး။"
"ဒီလိုလုပ်ကွာ၊ ငါ့ကိုယ်ပိုင်အနေနဲ့ မင်းကို နောက်ထပ် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သိန်း ပေးလိုက်မယ်။"
ရှပ်!
အကြီးအကဲဖုန်းက အဆင့်နိမ့် သိုလှောင်အိတ် တစ်လုံးကို ချီမင်ဆီ ပေါ့ပေါ့ပါးပါး ပစ်ပေးလိုက်တယ်။ ချီမင်က လက်လှမ်းယူလိုက်တယ်။ သူ့ရဲ့ ဝိညာဉ်စွမ်းအင် နဲ့ ခံစားကြည့်လိုက်တော့ အထဲမှာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သိန်း အတိအကျ ရှိနေတာကို တွေ့လိုက်ရတယ်။
"ကျေးဇူးတင်ပါတယ် ဆရာ။" ချီမင်က ကျေးဇူးတင်လိုက်တယ်။
"ကောင်းကောင်း ကျင့်ကြံဦး။" အကြီးအကဲဖုန်းက လက်ကာပြလိုက်တယ်။ "ငါ မင်းကို ကူညီတာက မှန်ပေမဲ့၊ လွန်လွန်ကျူးကျူးတော့ လုပ်လို့မရဘူး။ ဆရာက တပည့်ကို လမ်းပြပေးရုံပဲ၊ ကျင့်ကြံမှုကတော့ ကိုယ့်ကြိုးစားမှုပေါ်မှာပဲ မူတည်တယ်လို့ ဆိုရိုးရှိတယ်လေ။"
"ပြီးတော့ ငါကျင့်တာက သောင်းပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ် မဟုတ်ဘူး။ မင်းကို လမ်းညွှန်ပေးနိုင်တာ သိပ်များများစားစား မရှိဘူး။"
"ဆရာက တပည့်ကို လုံလုံလောက် လောက်ကူညီပြီးပါပြီ။" ချီမင်က ပြောလိုက်တယ်။
အဲဒီနောက် သူတို့ ခဏလောက် စကားပြောကြသေးတယ်။
ပြီးတော့ အကြီးအကဲဖုန်းနဲ့ မော့ဟန်ကျန်းတို့ ထွက်သွားကြတယ်။