မင်းကိုထားလို့ဘာအသုံးကျမှာတုန်း
Vol. 4 Ch. 46
သောင်းပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်းရဲ့ကိုယ်ပိုင်ဓားလုပ်ဖို့နည်းစနစ်သုံးမျိုးထဲမှာ ဘယ်ဟာက အသန်မာဆုံး ဒါမှမဟုတ် အပြီးပြည့်စုံဆုံးလဲဆိုတာကို ဆုံးဖြတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။
ဒါ့အပြင်၊ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ သမိုင်းမှတ်တမ်းတွေအရ၊ တာအိုရှင် ကောင်းကင်ဘုံဉာဏ်အလင်းရဲ့ကိုယ်ပိုင် ဓားက သောင်းပြောင်းကြာပန်းစိမ်း ဓားသန္ဓေသား ဖြစ်တယ်။ လွန်ခဲ့တဲ့ နှစ်တစ်သိန်းက အထက်ဘုံကို တက်လှမ်းသွားတဲ့ အကြီးအကဲ လုဖုန်းကျန်းကတော့ ကမ္ဘာဖျက်ဆီးဓားကို ကျင့်ကြံ တယ်။
လက်ရှိ ဂိုဏ်းချုပ် ယန်လီ ကျင့်ကြံတဲ့ ကိုယ်ပိုင်ဓားကကောင်းကင်ဘုံဉာဏ်အလင်း ဂိုဏ်းရဲ့ လျှို့ဝှက်ချက်တစ်ခုဖြစ်တယ်။
သူအခုလောလောဆယ်တော့ သိနိုင်ဦးမှာ မဟုတ်ပေ။
သိထားရမှာက၊ တာအိုရှင် ကောင်းကင်ဘုံဉာဏ်အလင်းနဲ့ လုဖုန်းကျန့်တို့ ဓားအမျိုးအစား တစ်ခုတည်းကိုပဲ ရွေးချယ်ခဲ့ရတဲ့ အကြောင်းရင်းက သူတို့ရဲ့ စွမ်းရည်၊ နားလည်နိုင်စွမ်း၊ ပြီးတော့ သူတို့ရဲ့ကိုယ်ပိုင် ဓားကို သန့်စင်ဖို့ လိုအပ်တဲ့ အရင်းအမြစ်တွေက ကန့်သတ်ချက်တွေ ရှိနေခဲ့လို့ဖြစ်တယ်။ ဒါကြောင့် သူတို့ တစ်မျိုးတည်းကိုပဲ သန့်စင်နိုင်ခဲ့တယ်။
ဒါပေမယ့် ချီမင်ကတော့ စိတ်ပူစရာမလိုပေ။
သူ့မှာကိုယ်ပိုင်ဓား သုံးမျိုးလုံးကို သန့်စင်နိုင်တဲ့ စွမ်းရည်ရှိတယ်။ အရည်အချင်းပဲဖြစ်ဖြစ်၊ နားလည်နိုင်စွမ်းပဲဖြစ်ဖြစ်၊ သန့်စင်ဖို့ လိုအပ်တဲ့ အရင်းအမြစ်တွေပဲဖြစ်ဖြစ်၊ ဘယ်အရာကမှ ချီမင့်ကို ကန့်သတ်ထားနိုင်မှာ မဟုတ်ပေ။
စကားပုံတစ်ခု ရှိတယ်။
ကလေးတွေပဲ ရွေးချယ်ကြတာ၊ လူကြီးတွေကတော့ အကုန်လုံးကို ယူကြတယ်။
ဒင်!
"သင်ဟာ 'ရှူရှန်း ရှေးဟောင်းလမ်း' ဂိမ်းမြေအောက်စခန်းမှာအလိုအလျောက်ကျင့်ကြံခြင်း ဆယ်ရက်ရှိပါပြီ။ ဂိမ်းမြေအောက်စခန်းကို ဆယ်ကြိမ် ရှင်းလင်းပြီးပါပြီ။ သင်: သတ္တု မူလပုံဆောင်ခဲတစ်ခု၊ သစ်သား မူလပုံဆောင်ခဲ တစ်ခု၊ ဓားတာအို ကျောက်တုံး သုံးခု၊ ထိပ်တန်းအဆင့်အခြေခံတည်ဆောက်ခြင်းအဆင့် ဆေးလုံး သုံးလုံး၊ နဲ့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၉၀၀ရရှိပါတယ်။"
အသိပေးချက်တစ်ခု ပေါ်လာတယ်။
"မဆိုးပါဘူး။"
ချီမင် စိတ်အခြေအနေ ကောင်းနေတယ်။ သူက "ဒီတစ်ခေါက် ရှူရှန်း ရှေးဟောင်းလမ်း ဂိမ်းမြေအောက်စခန်းက အရင်းအမြစ်တွေ အများကြီး ထွက်လာတာပဲ။ အဲ့ဒီထဲမှာ သတ္တုမူလပုံဆောင်ခဲ၊ သစ်သားပုံဆောင်ခဲ၊ နဲ့ ဓားတာအိုကျောက်တုံးတွေကသောင်းပြောင်းကြာပန်းစိမ်းဓားသန္ဓေကို သန့်စင်ဖို့ လိုအပ်တဲ့ တန်ဖိုးကြီး အရင်းအမြစ်တွေချည်းပဲ။"
ဒင်!
"လက်ခံသူရဲ့ကျင့်ကြံမှုအဆင့်ဟာအခြေခံတည် ဆောက်ခြင်းအဆင့် အစောပိုင်းကို တက်လှမ်းသွားတာကို တွေ့ရပါတယ်။ ချီသန့်စင်ခြင်းနဝမအဆင့် ဂိမ်းမြေအောက်စခန်းဖြစ်တဲ့ ရှူရှန်း ရှေးဟောင်းလမ်းရဲ့ အလိုအလျောက်ကျင့်ကြံခြင်းဆုလာဘ်ဟာ အလွန်အမင်း လျော့ကျသွားပါပြီ။ သင်ဂိမ်းမြေအောက်စခန်းအသစ်ကို ဖွင့်နိုင်ပါပြီ။"
နောက်ထပ် အသိပေးချက်တစ်ခု ပေါ်လာတယ်။
"ဂိမ်း မြေအောက်စခန်းအသစ်ကို ဖွင့်လိုက်ပါ။" ချီမင် ပြောလိုက်တယ်။
ဒင်!
"အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၀၀ ကို အသုံးပြုပြီးဂိမ်းမြေအောက်စခန်းကို အောင်မြင်စွာ ဖွင့်လှစ်ပြီးပါပြီ။ သင်အခြေခံတည်ဆောက်ခြင်းအစောပိုင်းအဆင့် ဂိမ်းမြေအောက်စခန်း: ရှူရှန်း ဓားဂိုဏ်းကို ဝင်ရောက်နိုင်ပါပြီ။"
"အခြေခံတည်ဆောက်ခြင်းအစောပိုင်းအဆင့်ဂိမ်း မြေအောက်စခန်းကို ဝင်ရောက်ဖို့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်ရာ လိုအပ်ပါတယ်။"
ချီမင် ခဏလောက် စဉ်းစားပြီးတော့ "ဒီလိုဆိုရင်၊ အခြေခံတည်ဆောက်ခြင်းအစောပိုင်းအဆင့်ဂိမ်းမြေအောက်စခန်းရှူရှန်း ဓားဂိုဏ်းက ထွက်တဲ့ အရင်းအမြစ်တွေက ချီသန့်စင်ခြင်းအဆင့်က ထွက်တာထက် အများကြီး သာလွန်သင့်တယ်" လို့ ရေရွတ်လိုက်တယ်။
ဒင်!
"ဝိညာဉ်သားရဲ: ရှူရှန်း တပည့်ကအဆ ၁၀၀ အရှိန်မြှင့်မှုအောက်မှာ ဆယ်ရက်ကြာ ကျင့်ကြံခဲ့ပြီး၊ သူ့ရဲ့ ကျင့်ကြံမှုအဆင့်ကအခြေခံတည်ဆောက်ခြင်းအစောပိုင်းအဆင့်ကနေ အခြေခံတည်ဆောက်ခြင်းနှောင်းပိုင်းအဆင့်ကိုတက်သွားပါပြီ။"
နောက်ထပ် အသိပေးချက်တစ်ခု ပေါ်လာတယ်။
"ထွက်ခဲ့။"
ရှု!
ချီမင် စိတ်နဲ့ ထိန်းချုပ်လိုက်တာနဲ့ ဟော့ချန်ချင်း ပေါ်လာတယ်။ ဆယ်ရက်ပဲ အလိုအလျောက်ကျင့်ကြံရုံနဲ့ သူက အခြေခံတည်ဆောက်ခြင်း နှောင်းပိုင်းအဆင့်ကို ရောက်နေပြီ။
"သခင်။" ဟော့ချန်ချင်း ဦးညွှတ်လိုက်တယ်။
"အင်း။" ချီမင် ခေါင်းအသာငြိမ့်လိုက်တယ်။ သူ့ရဲ့ ညာလက်ကို ဝှေ့ယမ်းပြီး အဆင့်နိမ့် သိုလှောင်အိတ် အနည်းငယ်ကို ဟော့ချန်ချင်းဆီ ပစ်ပေးလိုက်ရင်း "တိမ်စိမ်းဈေးကို သွားပြီး ဒီပစ္စည်းတွေ အကုန်လုံးကို ရောင်းခဲ့။ ဝိညာဉ်ကျောက်တုံးတွေပြန်ယူခဲ့။"ပြောလိုက်တယ်။
"ဟုတ်ကဲ့။" ဟော့ချန်ချင်း ပြန်ဖြေလိုကိတယ်။
ကလောင်!
ဟော့ချန်ချင်း သူ့ရဲ့ ဓားပျံပေါ် တက်စီးပြီး အပြာရောင် ဓားအလင်းတန်းအဖြစ် ပြောင်းလဲသွားတယ်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ သူက မိုးကုတ်စက်ဝိုင်းမှာ ပျောက်ကွယ်သွားပြီး ချီမင့်ရဲ့ မြင်ကွင်းကနေ ထွက်သွားတယ်။
သိထားရမှာက၊ ချီမင် ဟော့ချန်ချင်းကို ပေးလိုက်တဲ့ အဆင့်နိမ့် သိုလှောင်အိတ်ထဲမှာ ထိပ်တန်းအဆင့် အခြေခံတည်ဆောက်ခြင်းဆေးလုံး လေးလုံးနဲ့ ဒီအချိန်အတောအတွင်း ဂိမ်းထဲက ရတဲ့ သိုင်းနည်းစနစ်တွေတွေ၊ ရတနာတွေ ပါနေတယ်။
ဒါတွေက ဝိညာဉ်ကျောက်တုံး အများကြီးနဲ့ ရောင်းလို့ရမှာ သေချာတယ်။
ညရောက်လာတယ်။
တိမ်ပြို တောင်ထွတ်ရဲ့တောင်ခြေမှာ မဖိတ်ခေါ်ထားတဲ့ ဧည့်သည်တချို့ ရောက်လာတယ်။
ရှု! ရှု!
ဒီလူတွေက တိမ်ပြိုတောင်ထွတ်ထဲကို တိတ်တဆိတ် နဲ့တိုက်ရိုက် ဝင်လာကြတယ်။
"ချီမင်က အမွေခံ တပည့်ဆိုပေမယ့် သူ့ရဲ့ ကျင့်ကြံမှုအဆင့်က အခြေခံတည်ဆောက်ခြင်းအဆင့်တောင် မရောက်သေးဘူး။ ကြာပန်းနက်နတ်ဆိုးအရှင်ပေးထားတဲ့ တာဝန်က ချီမင့်ကို သတ်ဖို့ပဲ။ တိုက်ပွဲကို မြန်မြန် အဆုံးသတ်နိုင်မယ့် နည်းလမ်း စဉ်းစားရမယ်။ တိမ်စိမ်းတောင်ထွတ်က အကြီးအကဲတွေကို လုံးဝ အသိပေးလို့ မဖြစ်ဘူး။" ဆံပင်နီနဲ့ လူက လေသံမာမာနဲ့ ပြောတယ်။
"သူက ချီသန့်စင်ခြင်းအဆင့် ပုရွက်ဆိတ်လေး တစ်ကောင်ပဲ။ ငါတို့ သုံးယောက်ပေါင်းလိုက်ရင် သူ့ကို လွယ်လွယ်ကူကူ ရှင်းပစ်နိုင်တယ်။" နောက်တစ်ယောက်၊ မျက်နှာလေးထောင့်ကျကျ လူက အေးဆေးစွာနဲ့ တုံ့ပြန်လိုက်တယ်။
"ပေါ့လို့တော့ မဖြစ်ဘူး။"
နောက်ဆုံးမှာတော့ ဆံပင်ရှည်နဲ့ လူက "ချိုက်ကျင်းရှီဆိုတဲ့ကောင်ကကြာပန်းနက် နတ်ဆိုးမျိုးစေ့ဆီမှာအကပ်ခံထားရတာ။ သူ ပေါက်ကွဲထွက်လာတဲ့အခါ သူ့အဆင့်က အခြေခံတည်ဆောက်ခြင်းနှောင်းပိုင်းအဆင့် အထိ အတင်းအကျပ် မြှင့်တင်နိုင်တာတောင် ချီမင့် လက်ထဲမှာ သေသွားတယ်။"
"ဒါက ချီမင့်ရဲ့ အစွမ်းက မနည်းဘူးဆိုတဲ့ သဘောပဲ။"
ရှပ်... ရှပ်... ရှပ်...
ရုတ်တရက်၊ တောနက်ထဲမှာ အရမ်းရှင်းလင်းတဲ့ ခြေသံတွေ ပေါ်လာတယ်။
အမှောင်ထဲ မှိန်ပျပျ လရောင်အောက်မှာ၊ အလင်းတစ်ခုက သစ်ရွက်ကြားတွေကနေ ဖြတ်ပြီး ဒီပုံရိပ်ပေါ်ကို ကျရောက်လာတယ်။
သေချာကြည့်လိုက်တော့၊ အဲ့ဒါကချီမင်ဖြစ်တယ်။
သူ့ရဲ့ မျက်နှာအမူအရာက အေးစက်နေပြီး သူတို့ ပုန်းနေတဲ့ နေရာကို ကြည့်ရင်း "မင်းတို့ သုံးယောက်၊ ပုန်းနေစရာ မလိုတော့ဘူး။ ထွက်ခဲ့ကြ။"
"ချီမင်ပဲ!"
"သူ ငါတို့ကို တွေ့သွားပြီ!"
"ထင်တဲ့အတိုင်းပဲ၊ သူ့ကို လျှော့တွက်လို့ မရဘူး။"
ဝှစ်! ဝှစ်! ဝှစ်!
ဘာမှ တုံ့ဆိုင်းမနေတော့ဘူး။
ဒီလူသုံးယောက်လုံးထွက်လာပြီး ချီမင့်ကို အလယ်မှာထားကာ ဝိုင်းလိုက်ကြတယ်။ သူတို့ရဲ့ မျက်လုံးတွေထဲမှာသိသာတဲ့ သတ်ဖြတ်လိုစိတ်တွေ ရှိနေတယ်။
"မင်းတို့ ဘယ်သူတွေလဲ ဆိုတာ ပြောပြဖို့ အချိန်နည်းနည်း ပေးမယ်။" ချီမင် ပြောလိုက်တယ်။
"သေတော့မယ့်လူက ဘာလို့ အများကြီး သိဖို့ လိုနေမှာလဲ?"
"တိုက်!"
"တိုက်ကြ၊ အားကုန်သုံးပြီး တိုက်။"
ဘုန်း! ဘုန်း! ဘုန်း!
ဘာမှ တုံ့ဆိုင်းမနေဘဲ၊ သူ့ရှေ့က လူသုံးယောက်လုံး စကားဆက်မပြောတော့ဘဲ သူတို့ရဲ့ အစွမ်းအကုန် ထုတ်သုံးလိုက်ကြတယ်။ အခြေခံတည်ဆောက်ခြင်းနှောင်းပိုင်းအဆင့် ရဲ့ ဖိအားတွေ ထုတ်လွှတ်လိုက်ပြီး ဝိညာဉ်ချီတွေထွက်ပေါ်လာတယ်။ သူတို့ သုံးယောက်ရဲ့ အစွမ်းတွေ ပေါင်းစပ်သွားပြီး အသက်ဝင်လှတဲ့ စပါးကြီးမြွေတစ်ကောင်က လေထဲမှာ ရုတ်တရက် ပေါ်လာပြီး ချီမင့်ဆီကို ပြေးဝင်တိုက်ခိုက်လာတယ်။
"ကြာပန်းစိမ်း တာအို!"
ကလောင်!
ဘာမှ တုံ့ဆိုင်းမနေဘဲ၊ ချီမင်က သူ့ရဲ့ အပြင်းထန်ဆုံး တိုက်ကွက်ကို သုံးပြီး တန်ပြန်တိုက်ခိုက်လိုက်တယ်။ နတ်ဘုရားသိုင်းနည်းစနစ်၊ ကြာပန်းစိမ်း တာအိုကို အသုံးပြုလိုက်တယ်။ ချီမင့်ရဲ့ နောက်မှာပုံရိပ်ယောင် သဏ္ဍာန် ဆယ့်နှစ်လွှာသောင်းပြောင်းကြာပန်းစိမ်း ပေါ်လာတယ်။
ဘဇ်!
နောက်တစ်ခဏမှာ၊ အစိမ်းရောင် အလင်းတစ်ခု ပျံ့နှံ့သွားပြီး ရှိနေတဲ့ လူသုံးယောက်လုံးကို လွှမ်းခြုံသွားတယ်။ သူတို့ သုံးယောက်လုံး ကြောက်မက်ဖွယ် ဖိအားတစ်ခုကို ခံစားလိုက်ရတယ်။ သူတို့ရဲ့ ကျင့်ကြံမှုအဆင့်တွေ တိုက်ရိုက် ဖိနှိပ်ခံလိုက်ရပြီး အခြေခံတည်ဆောက်ခြင်းနှောင်းပိုင်းအဆင့် ကနေ အခြေခံတည်ဆောက်ခြင်းအလယ်ပိုင်းအဆင့် ကို ပြန်ကျသွားတယ်။
"ဘာ?!"
"ဒါ ဘယ်လိုနည်းစနစ်မျိုးလဲ?"
"ငါတို့ရဲ့ ကျင့်ကြံမှုအဆင့်တွေကို အားနည်းသွားအောင် လုပ်နိုင်တယ်!"
သုံးယောက်လုံး ထိတ်လန့်တုန်လှုပ်သွားပြီး သူတို့ရဲ့ စိတ်ထဲမှာ အရမ်းကို အံ့သြသွားကြတယ်။
သူတို့က တစ်ကိုယ်တော် ကျင့်ကြံသူတွေသာ ဖြစ်တယ်။ သူတို့ တည်ဆောက်ခဲ့တဲ့ လူသားအဆင့်တာအိုအခြေခံက ချီမင့်နဲ့ လုံးဝ နှိုင်းယှဉ်လို့ မရဘူး။
"ကျိုး!"
ဘုန်း!
ချီမင် သူ့ရဲ့ ညာလက်ကို ဝှေ့ယမ်းလိုက်တော့ သူ့နောက်ကနေ ဆယ့်နှစ်လွှာသောင်းပြောင်းကြာပန်းစိမ်းထွက်လာတယ်။ ဓားချီတွေ မရပ်မနား စီးဆင်းနေပြီး ပုံရိပ်ယောင် ဓားတာအိုနယ်မြေငယ်တစ်ခုကို ဖန်တီးလိုက်တယ်။ကြာပန်းတစ်ပွင့်လို၊ ဓားချီတွေ သောင်းကျန်းနေပြီး စပါးကြီးမြွေကို အင်အားအပြည့်နဲ့ဖျက်ဆီးလိုက်တယ်။
"မင်း... မင်း..."
သူတို့တွေ အရမ်းကို ကြောက်လန့်သွားကြတယ် "အခြေခံတည်ဆောက်ခြင်းအစောပိုင်းအဆင့် မင်းက အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်နေပြီ။!" မအော်ပြောဘဲမနေနိုင်တော့ဘူး။
"ရေခဲထိန်းချုပ်ရေး ဓားသိုင်း။"
ကလောင်!
ချီမင် သူ့ညာလက်ကို ဝှေ့ယမ်းလိုက်တော့ ကြယ်ခုနစ်ပွင့် ဓားက သူ့လက်ထဲမှာ ပေါ်လာတယ်။ ဓားတစ်ချက် ဝှေ့ယမ်းလိုက်တော့ အေးစက်နေတဲ့ ဓားချီက ဆံပင်နီနဲ့ လူကို နှစ်ပိုင်းခွဲပစ်လိုက်တယ်။
"နေရာထိန်းချုပ်ရေးဓားသိုင်း။"
ခရက်!
ချီမင် နောက်ထပ် ဓားတစ်ချက် ခုတ်ချလိုက်တယ်။ ဒီဓားချက်က ဟင်းလင်းပြင်ရဲ့ စွမ်းအားကို စုစည်းထားတယ်။ ဒါဟာ နေရာလပ် ဓားသွားတစ်ခုလိုဖြစ်တယ်။ ကျန်တဲ့ မျက်နှာလေးထောင့်နဲ့ လူရဲ့ ခေါင်းကို ဖြတ်ချလိုက်တယ်။
သွေးတွေ မြေပေါ်မှာ ပက်ဖြန်းကုန်တယ်။
"ကျွန်တော့်ကို ချမ်းသာပေးပါ! ချမ်းသာပေးပါ!"
နောက်ဆုံးမှာ ဆံပင်ရှည်နဲ့ လူက ကြောက်လွန်းလို့ ရူးမတတ် ဖြစ်သွားတယ်။ သူ မြေပေါ်မှာ ဒူးထောက်ချလိုက်ပြီး ချီမင့်ကို အသက်ချမ်းသာပေးဖို့ဒူးထောက်တောင်းပန်တော့တယ်၊ "ကျွန်တော်တို့... ကျွန်တော်တို့ ကြာပန်းနက်နတ်ဆိုးအရှင်ရဲ့ငွေကြောင့်မင်းကို သတ်ဖို့ တာဝန်ယူခဲ့တာပါ။ ကျွန်တော့်ကို မသတ်ပါနဲ့! ကျွန်တော် အကုန်ပြောပြပါ့မယ်!"
"ကြာပန်းနက်နတ်ဆိုးအရှင်ဆိုတဲ့ကောင်ကိုး။"
ချီမင် ခေါင်းငုံ့ပြီး ဒူးထောက် တောင်းပန်နေတဲ့ ဆံပင်ရှည်နဲ့ လူကို ကြည့်လိုက်ရင်း "မင်းတို့က ဘယ်သူတွေလဲ? ဒီကို စိမ့်ဝင်ပြီး ငါ့ကို လုပ်ကြံဖို့ ကြိုးစားရဲတယ်။"
"ကျွန်တော်တို့... ကျွန်တော်တို့ကတစ်ကိုယ်တော်ကျင့်ကြံသူတွေပါပဲ။ မှောင်ခိုစာရင်းကနေဆုငွေနဲ့ လုပ်ကြံသတ်ဖြတ်ဖို့ တာဝန် ရခဲ့တာပါ။"
ဆံပင်ရှည်နဲ့ လူက ပြန်ဖြေတယ်၊ "ဘာလို့လဲဆိုတော့ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်း စုဝေးပွဲ စတင်တော့မှာမို့လို့ပါ။ တောင်ပိုင်းဒေသကနေ မိသားစုအသီးသီးက တပည့်တွေ၊ ဧကရာဇ်ရဲ့ ဆွေမျိုးတွေ၊ ပြီးတော့ ကျင့်ကြံချင်တဲ့ သာမန်လူတွေ အများကြီး ရောက်လာကြတယ်။ ဒါကြောင့် ကောင်းကင်ဘုံဉာဏ်အလင်း ဂိုဏ်းက ဂိုဏ်းကာကွယ်ရေးအစီအရင်ရဲ့ ယာယီဝင်ပေါက်ကို ဖွင့်ပေးထားတာ။"
"ကျွန်တော်တို့ အဲ့ဒီအခွင့်အရေးကို အသုံးချပြီး မင်းရဲ့ ဂူအကြောင်းမေးမြန်းဖို့ အချိန်နည်းနည်း ယူခဲ့တာပါ။"
"ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းစုဝေးပွဲ ကြောင့်ပဲကိုး။"
ချီမင် မျက်မှောင်ကြုတ်လိုက်ပြီး "ကြာပန်းနက်နတ်ဆိုးအရှင်ရဲ့ ကျင့်ကြံမှုအဆင့်က ဘယ်လောက်လဲ?" လို့ မေးလိုက်တယ်။
"ကျွန်... ကျွန်တော် မသိဘူး။" ဆံပင်ရှည်နဲ့ လူက တုန်ယင်စွာနဲ့ ပြန်ဖြေတယ်။
"ဒါတောင် မသိမှတော့ မင်းကို ထားလို့ ဘာအသုံးကျမှာလဲ?"
ဖွီ!!!
ချီမင် သူ့ကို ဓားနဲ့ ခေါင်းဖြတ်သတ်လိုက်တယ်။