သောင်းပြောင်းကြာပန်းစိမ်းဓားသန္ဓေရဲ့ ဓား ၁၂ ချောင်းထဲက တစ်ချောင်း၊ သတ္တုမူလဓား
Vol. 4 Ch. 48
“မင်း စုစုပေါင်း ဝိညာဉ်ကျောက်တုံး ဘယ်လောက်ရခဲ့လဲ။” ချီမင်က မေးလိုက်တယ်။
ဟော့ချန်ချင်းက ပြန်ဖြေလိုက်တယ်၊ “ထိပ်တန်းအဆင့် အခြေခံတည်ဆောက်ခြင်းဆေးလုံး လေးလုံးကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၅၈၀,၀၀၀ နဲ့ ရောင်းခဲ့တယ်။ ကျန်တဲ့ ဆေးလုံးတွေ၊ ရတနာတွေ၊ ပစ္စည်းတွေကတော့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၂၀,၀၀၀ ပဲ ရခဲ့တယ်။”
“စုစုပေါင်း အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၇၀၀,၀၀၀ ပါ။”
“ကောင်းပြီ။” ချီမင်က ဝမ်းသာသွားတယ်။ မနေ့ညက ရခဲ့တဲ့တိုက်ပွဲရဲ့ဆုလဒ်ပစ္စည်းတွေကို ထုတ်ပြီး ဟော့ချန်ချင်းကို ပေးလိုက်တယ်။ “ဒီပစ္စည်းတွေကို ဒီနေ့ သွားရောင်းလိုက်ဦး။”
“ဟုတ်ကဲ့။”
ဟော့ချန်ချင်းက သိုလှောင်အိတ်ကို လှမ်းယူလိုက်တယ်။
“သွားတော့။” ချီမင်က လက်ယမ်းပြလိုက်တယ်။
ရှပ်!
ဟော့ချန်ချင်းက သူ့ဓားကို စီးပြီး ပျံသန်းထွက်ခွာသွားတယ်။ မကြာခင်မှာပဲ သူက ချီမင်ရဲ့ အမြင်အာရုံထဲကနေ ပျောက်ကွယ်သွားတော့တယ်။
တိမ်ပြိုတောင်ထွတ်ပတ်လည်မှာတော့ ပုန်းလျှိုးကွယ်လျှိုး လုပ်နေတဲ့ ပုံရိပ်တချို့ ရှိနေတယ်။
“ဒါ တိမ်ပြိုတောင်ထွတ်ပဲ။ မကြာသေးခင်ကမှတိမ်စိမ်းတောင်ထွဋ်ရဲ့အကြီးအကဲဖုန်းက ချီမင်ကို သူ့ရဲ့ အမွေခံတပည့်အဖြစ် လက်ခံလိုက်တယ်။ ဒီ တိမ်ပြိုတောင်ထွတ်က အမွေခံတပည့် ချီရဲ့ ဂူဗိမာန်ပဲ။”
“ငါက အစတုန်းကအဲဒီကောင်ထိပ်တန်းအဆင့်အ ခြေခံတည်ဆောက်ခြင်းဆေးလုံး လေးလုံးနဲ့ တခြား ပစ္စည်းတွေအများကြီးကိုတိမ်စိမ်းဈေးမှာ ရောင်းပြီးရင်အဆီတဝင်းဝင်းနဲ့ သိုးဝတစ်ကောင် ဖြစ်နေမယ်လို့ ထင်ခဲ့တာ။ သူ့မှာ အမွေခံတပည့်တစ်ယောက်ရဲ့ အကာအကွယ် ရှိနေလိမ့်မယ်လို့ မထင်ခဲ့ဘူး။”
“ဒါဆို... ငါတို့ လက်လျှော့သင့်တယ် ထင်တယ်။”
“ဘယ်လိုပဲဖြစ်ဖြစ်၊ ချီမင်က တိမ်စိမ်းတောင်ထွတ်ရဲ့ အမွေခံတပည့်ပဲ။ သူ့ရဲ့ ကျင့်ကြံမှုအဆင့်က မမြင့်သေးပေမယ့် သူ့ရဲ့ ဂုဏ်ပုဒ်က မနိမ့်ဘူး။ ငါတို့ သွားစလို့ရတဲ့ လူစားမျိုး မဟုတ်ဘူး။”
“ငါတို့ သတိမထားရင် အဲ့နေရာမှာတင် ပွဲချင်းပြီး သေသွားနိုင်တယ်။”
“ဟုတ်တယ်။”
“မြန်မြန် သွားကြရအောင်။”
ရှပ်! ရှပ်! ရှပ်!!!
စကားအနည်းငယ် ပြောပြီးတဲ့နောက် ပတ်ဝန်းကျင်မှာ ပုန်းနေတဲ့လူတွေ ထွက်ခွာသွားကြတယ်။
“ဒီလူတွေ တကယ်ပဲ ထွက်သွားပါလား။”
ချီမင်ရဲ့ ပုံရိပ်က တိမ်ပြိုတောင်ထွတ်ရဲခြေရင်းမှာ ပေါ်လာတယ်။ “ငါကအစကဒီလူတွေကို ကြာပန်းနက်နတ်ဆိုးအရှင်ရဲ့ လုပ်ကြံသတ်ဖြတ်သူတွေလို့ ထင်နေတာ၊ ဒါပေမယ့် ကြည့်ရတာတော့ မဟုတ်ဘူးပဲ။”
“ဖြစ်နိုင်တာကတော့ ဟော့ချန်ချင်းကတိမ်စိမ်းဈေးမှာ ပစ္စည်းတွေ အများကြီးရောင်းလိုက်ပြီး ဝိညာဉ်ကျောက်တုံးတွေ အများကြီး ရလိုက်လို့ ကျင့်ကြံသူတွေ အများကြီး မနာလိုဖြစ်ပြီး သူ့နောက်ကို လိုက်လာကြတာပဲ။ ဒါပေမယ့် ဟော့ချန်ချင်းကို ငါက အကာအကွယ်ပေးထားမှန်း သိသွားတော့ သူတို့ တိုက်ခိုက်ဖို့ မဝံ့ရဲတော့တာပဲ ဖြစ်မယ်။”
ချီမင်ခန့်မှန်းတာကအမှန်နဲ့ သိပ်မကွာပေ။
တိမ်စိမ်းဈေးထဲမှာ အခြေခံအားဖြင့်တော့ အားလုံးက ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းက တပည့်တွေချည်းပဲ။ သူတို့ထဲက ၇၀% ကျော်က တိမ်စိမ်းတောင်ထွတ်ရဲ့ အပြင်စည်းဂိုဏ်းတပည့်တွေ၊ အတွင်းစည်းဂိုဏ်းတပည့်တွေဖြစ်တယ်။
တိမ်စိမ်းဈေးက ကျင့်ကြံသူတွေကတိမ်စိမ်းတောင်ထွတ်ရဲ့ အမွေခံတပည့်ဖြစ်တဲ့ ချီမင်ကို သွားစဖို့ သတ္တိမရှိကြတာ သဘာဝကျတယ်။
“ဒါဆိုလည်း ကောင်းတာပေါ့။ ငါ့အတွက် အလုပ်ရှုပ်သက်သာသွားတာပေါ့။” ချီမင်က ပြောလိုက်တယ်။
“အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၀၀,၀၀၀ သုံးပြီး သောင်းပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်းကို လေ့ကျင့်မယ်။” ချီမင်က စိတ်ထဲကနေ တွေးလိုက်တယ်။
“သတိပေးချက်: လက်ခံသူရဲ့ ကျင့်ကြံမှုအဆင့်က အ ခြေခံတည်ဆောက်ခြင်းအစောပ်ိုင်းအဆင့်ကို ရောက်ရှိနေပြီဖြစ်လို့၊ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၀၀ တိုင်းက ကျင့်ကြံမှုအရှိန်ကို ၁၀၀% တိုးမြှင့်ပေးနိုင်ပါတယ်။”
တင်း!
“သောင်းပြောင်းကြာပန်းဓားသိုင်းကျမ်းကို အဆ ၁,၀၀၀ အမြန်နှုန်းနဲ့ လေ့ကျင့်နေပါပြီ...”
အသိပေးချက်တစ်ခု ပေါ်လာတယ်။
“ကောင်းပြီ။”
ချီမင်က ဆက်ပြောတယ်၊ “အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၀၀,၀၀၀ သုံးပြီး သောင်းပြောင်းကြာပန်းစိမ်းဓားသန္ဓေသား ကို လေ့ကျင့်မယ်။”
“သောင်းပြောင်းကြာပန်းစိမ်းဓားသန္ဓေသားကို အဆ ၁,၀၀၀ အမြန်နှုန်းနဲ့ လေ့ကျင့်နေပါပြီ...”
နောက်ထပ် အသိပေးချက်တစ်ခု ပေါ်လာတယ်။
“ဂိမ်းမြေအောက်စခန်း: ရှူရှန်းဓားသိုင်းဂိုဏ်းထဲ ချက်ချင်းဝင်မယ်။” ချီမင်က ဆက်ပြောတယ်။
နောက်တစ်ခဏမှာပဲ။
ဝှီ!
သူ့မျက်စိရှေ့မှာ မြင်ကွင်းအသစ်တစ်ခု ပေါ်လာတယ်။
အခုအချိန်မှာချီမင်ပြောင်းလဲသွားတဲ့ ဂိမ်းဇာတ်ကောင်ကတော့ အရင်ကအတိုင်း အကြောက်အရွံ့ကင်းတဲ့ဓားအင်မော်တယ်ဖြစ်နေတုန်းပဲ။ ရှူရှန်းရှေးဟောင်းလမ်း ကို ကျော်ဖြတ်ပြီးသူက ရှူရှန်းတောင်ထွတ်ကို ရောက်ပြီး ရှူရှန်းဓားသိုင်းဂိုဏ်းထဲကို ဝင်ရောက်သွားတယ်။
ဒီဂိမ်းမြေအောက်စခန်းထဲမှာတော့ ချီမင် ပြောင်းလဲသွားတဲ့ ဂိမ်းဇာတ်ကောင်က ရှူရှန်းဓားသိုင်းဂိုဏ်းက ချမှတ်ထားတဲ့ စမ်းသပ်မှု ၁၂ ခုကို ကျော်ဖြတ်ရမှာ ဖြစ်တယ်။ အားလုံးကို အောင်မြင်ပြီးသွားမှ ရှူရှန်းဓားသိုင်းဂိုဏ်းရဲ့ ဂိမ်းမြေအောက်စခန်းကို အောင်မြင်စွာ ပြီးဆုံးတယ်လို့ မှတ်ယူရမှာဖြစ်တယ်။
ပထမဆုံး စမ်းသပ်မှုအတွက် သူက ရှူရှန်းတပည့်သုံးယောက်နဲ့ ဖွဲ့စည်းထားတဲ့ ရှူရှန်သုံးပွင့်ဆိုင်ဓားကွက် ကို ရင်ဆိုင်လိုက်ရတယ်။
ကလန်! ကလန်! ကလန်!!!
တိုက်ပွဲတစ်ခုအပြီးမှာ ချီမင်က ပထမဆုံး စမ်းသပ်မှုကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့တယ်။
ဒုတိယ စမ်းသပ်မှုအတွက် သူက ရှူရှန်းတပည့် ၁၂ ယောက်နဲ့ ဖွဲ့စည်းထားတဲ့ ရှူရှန်းဓားကွက်ကို ကျော်ဖြတ်ရတယ်။
ချီမင် နောက်တစ်ခါ အောင်မြင်သွားပြန်တယ်။
တတိယ စမ်းသပ်မှုအတွက် သူက နတ်ဆိုးဖိနှိပ်စေတီထဲကနတ်ဆိုးကျင့်ကြံသူ သုံးယောက်ကို သတ်လိုက်တယ်။
ချီမင် ဒါကိုလည်း အောင်မြင်စွာ ကျော်ဖြတ်ခဲ့တယ်။
အဲဒီနောက်မှာတော့ စတုတ္ထ စမ်းသပ်မှု... အဋ္ဌမ စမ်းသပ်မှု... နောက်ဆုံးမှာတော့ ၁၂ ခုမြောက် စမ်းသပ်မှု။ ချီမင် ပြောင်းလဲသွားတဲ့ ဂိမ်းဇာတ်ကောင်က ရှူရှန်းရဲ့ အမွေခံတပည့်တွေထဲက အကြီးဆုံးစီနီယာအစ်ကိုကြီးနဲ့တိုက်ခိုက်လိုက်ရတယ်။
ချီမင် အနိုင်ရသွားတယ်။
ဒီလိုနဲ့ သူက ရှူရှန်းဓားသိုင်းဂိုဏ်းရဲ့ ဂိမ်း မြေအောက်စခန်းကို အောင်မြင်စွာနဲ့ပြီးဆုံးသွားတယ်။
“အရမ်းကောင်းတယ်!”
ဘုန်း!
ရုတ်တရက်၊ ချီမင် ပြောင်းလဲသွားတဲ့ ဂိမ်းဇာတ်ကောင်က ရှူရှန်းရဲ့ အမွေခံတပည့်တွေထဲက အကြီးဆုံးစီနီယာအစ်ကိုကို အနိုင်ယူပြီးတဲ့နောက်မှာ ရှူရှန်းဓားသိုင်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကြီးကိုယ်တိုင် ချီမင်ရဲ့ရှေ့ကို ရောက်လာတယ်။
“လူငယ်လေး! မင်းက ငါတို့ ရှူရှန်းဓားသိုင်းဂိုဏ်း ရှာဖွေနေတဲ့ ကယ်တင်ရှင်ပဲ။” ရှူရှန်းဓားသိုင်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကြီးက တိုက်ရိုက် ပြောလိုက်တယ်။
ဝှီ!
ဒါပေမယ့် ချီမင်ရဲ့ မျက်စိရှေ့က မြင်ကွင်းက မှောင်ကျသွားတယ်။
ဂိမ်းစွန့်စားခန်း ပြီးဆုံးသွားပြီဖြစ်တယ်။
ချီမင်က ဂုဏ်သိက္ခာရှိတဲ့ ရှူရှန်ဓားသိုင်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကြီးကိုပဲ မြင်လိုက်ရပြီး ဂိုဏ်းချုပ်ကြီး ပြောခဲ့တဲ့ စကားကိုပဲ ကြားလိုက်ရတယ်။ ဇာတ်လမ်းကတော့ လောလောဆယ် ဆက်လို့မရတော့ဘူး။
အခုအချိန်မှာတော့ နောက်တစ်နေ့ကို ရောက်နေပြီ။
နေ့လည်ခင်းမှာ ဟော့ချန်ချင်းက တိမ်ပြိုတောင်ထွတ်ကို နောက်တစ်ခေါက် ပြန်ရောက်လာပြီး ပစ္စည်းရောင်းတာကရတဲ့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၃၀၀,၀၀၀ ကို ချီမင်လက်ထဲ ထည့်ပေးလိုက်တယ်။
အရင်က ဝိညာဉ်ကျောက်တုံးတွေနဲ့ ပေါင်းလိုက်တော့ ချီမင်မှာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သန်း (၁,၀၀၀,၀၀၀) ရှိသွားပြီ။
“ဟော့ချန်ချင်း၊ ဝိညာဉ်သားရဲနေရာလပ်ထဲပြန်ဝင်ပြီး အလိုအလျောက်ကျင့်ကြံခြင်းလုပ်တော့။” ချီမင်က ညွှန်ကြားလိုက်တယ်။
“ဟုတ်ကဲ့။” ဟော့ချန်ချင်းက ပြန်ဖြေတယ်။
ဝှီ!
ဟော့ချန်ချင်းရဲ့ကိုယ်ကအဖြူရောင်အလင်းတန်းတစ်ခု လက်သွားပြီး သူကလေထုထဲပျောက်ကွယ်သွားတယ်။
ပြီးတော့။
“အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၀၀,၀၀၀ သုံးမယ်။ ရှူရှန်းတပည့်ကို အလိုအလျောက်ကျင့်ကြံခြင်းစလုပ်မယ်။” ချီမင်က ပြောလိုက်တယ်။
တင်!
“ဝိညာဉ်သားရဲ: ရှူရှန်းတပည့်က ကြီးထွားနေဆဲ ဖြစ်ပါတယ်။ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၀၀,၀၀၀ ရင်းနှီးမြှုပ်နှံတဲ့အတွက် သူ့ရဲ့ ကြီးထွားနှုန်းက အလွန်တိုးတက်လာပြီး သိုင်းနည်းစနစ်တွေ နားလည်သဘောပေါက်နိုင်ခြေ ရှိပါတယ်။”
“မဆိုးဘူး။”
ချီမင်က ကျေနပ်စွာနဲ့ ခေါင်းညိတ်လိုက်တယ်။
တင်!
“လက်ခံသူက ‘ရှူရှန်းဓားသိုင်းဂိုဏ်း’ ဂိမ်းမြေအောက်စခန်းမှာ တစ်ရက်ကြာအလိုအလျောက်ကျင့်ကြံခဲ့ပါတယ်။ သင်ဂိမ်းမြေအောက်စခန်းကိုတစ်ကြိမ်ရှင်းလင်းခဲ့ပါတယ် ။ ဆုလာဘ်အဖြစ်ဓားချီပိုင်းဖြတ်ခြင်းသိုင်းနည်းစနစ်နဲ့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၀,၀၀၀ ရရှိပါတယ်။”
ပစ္စည်း: ဓားချီပိုင်းဖြတ်ခြင်း။
မိတ်ဆက်: ရှူရှန်းဓားသိုင်းဂိုဏ်းရဲ့ထိပ်တန်းအဆင့် အခြေခံတည်ဆောက်ခြင်းသိုင်းနည်းစနစ်တစ်ခု ဖြစ်ပါတယ်။ပြီးပြည့်စုံခြင်းအဆင့်အထိလေ့ကျင့်နိုင်ရင် တောင်တွေကို ဖြတ် မြစ်တွေကို ခွဲနိုင်တဲ့ စွမ်းအားရှိတဲ့ အားပြင်း ဓားချီကိုဖော်ထုတ်အသုံးပြုနိုင်ပါတယ်။
ချီမင်ရဲ့ မျက်လုံးတွေ အရောင်တောက်သွားပြီး သူက ပြောလိုက်တယ်၊ “ရှူရှန်းဓားသိုင်းဂိုဏ်းကို ပထမဆုံးအကြိမ် အောင်မြင်တာနဲ့ထိပ်တန်းအဆင့်အခြေခံတည်ဆောက်ခြင်းသိုင်းနည်းစနစ်တစ်ခုရလိုက်တယ်။ သောင်းပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်းက ကျင့်ကြံနည်းလမ်းတစ်ခုပဲ ဖြစ်ပြီး သိုင်းနည်းစနစ်မဟုတ်ဘူး။ ဒါကြောင့် ရန်သူတွေကို ရင်ဆိုင်ဖို့ နည်းလမ်းတွေ ပိုများလာအောင် အစွမ်းထက်တဲ့ သိုင်းနည်းစနစ်တွေကို ငါ လေ့ကျင့်ဖို့ လိုသေးတယ်။”
တင်း!
“သောင်းပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်းကို အဆ ၁,၀၀၀ အမြှင့်နဲ့ တစ်ရက်ကြာ လေ့ကျင့်ခဲ့ပါတယ်။ သင့်ရဲ့ ကျင့်ကြံမှုအဆင့် အနည်းငယ် တိုးတက်လာပါတယ်။ ခန့်မှန်းခြေအားဖြင့် အဆ ၁,၀၀၀မြှင့်တင်မှုနဲ့ ဆယ်ရက်ကြာ လေ့ကျင့်ပြီးရင် အလယ်အလတ် အဆင့်အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်ရှိနိုင်ပါတယ်။”
...တင်း!
“သောင်းပြောင်းကြာပန်းစိမ်းဓားသန္ဓေကို အဆ ၁,၀၀၀မြှင့်တင်မှုနဲ့ တစ်ရက်ကြာကျင့်ကြံခဲ့ပါတယ်။ သတ္တုမူလကျောက်တုံးတစ်တုံးနဲ့ ဓားတာအိုကျောက်တုံးတစ်တုံးကို သုံးစွဲပြီး သတ္တုတာအိုအင်းကွက် ကို သန့်စင်ကာ ဓား ၁၂ ချောင်းထဲက တစ်ချောင်းဖြစ်တဲ့ သတ္တုမူလဓားကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့ပါတယ်။”
…
နောက်ထပ် အသိပေးချက် နှစ်ခု ပေါ်လာတယ်။
ဝှီ! ဝှီ! ဝှီ!!!
နောက်တစ်ခဏမှာပဲ ချီမင်က ဆန်းကြယ်တဲ့ အခြေအနေတစ်ခုထဲကို ရောက်သွားတယ်။ ဒီအခြေအနေအောက်မှာသောင်းပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်းက အလိုအလျောက် လည်ပတ်လာပြီး သူ့ရဲ့ သိုလှောင်အိတ်ထဲက သတ္တုမူလကျောက်တုံးနဲ့ ဓားတာအိုကျောက်တုံးတွေက ပျံထွက်လာတယ်။
ဒါ့အပြင်သောင်းပြောင်းကြာပန်းဓားသန္ဓေသားရဲ့ သန့်စင်ခြင်းနည်းကလည်း အလိုအလျောက် လည်ပတ်လာပြီးသောင်းပြောင်းကြာပန်းစိမ်း တာအိုအခြေခံကိုအသုံးပြုပြီး သူ့ရဲ့ ဝိညာဉ်စွမ်းအင်ကို လောင်ကျွမ်းစေပြီး သောင်းပြောင်းကြာပန်းစိမ်းမီးတောက်တစ်ခုပေါ်လာတယ်။
ပြီးတော့ သတ္တုမူလကျောက်တုံးနဲ့ ဓားတာအိုကျောက်တုံးတွေကသောင်းပြောင်းကြာပန်းစိမ်းမီးတောက်ရဲ့ အပူရှိန်အောက်မှာအလျင်အမြန်အရည်ပျော်ကျသွားပြီး အရည်အခြေအနေကို ပြောင်းလဲသွားတယ်။ ပြီးတော့လေထဲမှာအင်းကွက်ပုံစံသိပ်သည်းလာပြီး ဓာတ်ငါးပါးထဲက သတ္တုမူလအင်းကွက်ကို ဖန်တီးပြီး ပေါင်းစပ်သွားတယ်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ။
ကလန်!
ဓားတစ်ချောင်းရဲ့ အသံ ထွက်ပေါ်လာတယ်။
တောက်ပလင်းလက်ပြီး ဖြူစင်တဲ့ သတ္တုမူလဓားကို သန့်စင်ပြီးသွားတယ်။
ဒါ့အပြင် အခုလေးတင် ဖန်တီးပြီးခါစ ဖြစ်ပေမယ့် သတ္တုမူလဓားကထိပ်တန်းအဆင့်အခြေခံတည်ဆောက်ခြင်းတာအိုရတနာအဆင့်ကို ရောက်ရှိနေပြီဖြစ်တယ်။
ဒါကအရမ်းကိုထက်ရှပြီး သတ္တုတာအိုအင်းကွက်ကိုလည်း သယ်ဆောင်ထားတယ်။