← Chapters

ဟော့ချန်ချင်းရဲ့အမြူတေဖွဲ့စည်းခြင်း

Vol. 4 Ch. 49

ဟော့ချန်ချင်းရဲ့အမြူတေဖွဲ့စည်းခြင်း

Vol. 4 Ch. 49

အဲ့ဒီနောက်ပိုင်း ချီမင်သူ့ရဲ့ကျင့်ကြံမှုအဆင့်ကို မြှင့်ဖို့နဲ့ သူ့ရဲ့ကိုယ်ပိုင်ဓားကို သန့်စင်ဖို့အတွက်သောင်း‌ပြောင်းကြာပန်းစိမ်းဓားကျမ်းကို ကျင့်ကြံတဲ့ နေရာမှာ နေ့တိုင်း အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ၂၀၀,၀၀၀ သုံးတယ်။

အဲ့ဒီအပြင် ချီမင်ရှုရှန်ဓားဂိုဏ်းလို့ခေါ်တဲ့ဂိမ်းမြေအောက်စခန်းကို ရှင်းလင်းဖို့နေ့တိုင်းနောက်ထပ် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ၁၀၀ သုံးရတယ်။ ပိုကောင်းတာက အဲ့ဒီကနေရတဲ့ ဆုလာဘ်တွေကသောင်းပြောင်းကြာပန်းစိမ်းဓားသန္ဓေသားကို သန့်စင်ဖို့ လိုအပ်တဲ့တန်ဖိုးကြီးအရင်းအမြစ်တွေဖြစ်နေတယ်။

သူက ဓား ၁၂ လက်ကို ထုဆစ်ဖို့ လိုအပ်တယ်။

အဲဒါတွေကတော့: သတ္တုမူလဓား၊ သစ်သားမူလဓား၊ ရေမူလဓား၊ မီးမူလဓား၊ မြေကြီးမူလဓား၊ ရေခဲမူလဓား၊ လေမူလဓား၊ လျှပ်စီးမူလဓား၊ အစွန်းရောက်ယင်ဓား၊ အစွန်းရောက်ယန်ဓား၊ နေရာဓား နဲ့ အချိန်ဓား တို့ပဲ ဖြစ်တယ်။

မျက်စိတစ်မှိတ်အတွင်းမှာပဲ နောက်တစ်နေ့ကို ရောက်လာတယ်။

နေ့လည်ခင်း။

တင်း!

"သောင်းပြောင်းကြာပန်းစိမ်းဓားသန္ဓေသားကို အဆ ၁,၀၀၀ အမြန်နှုန်းနဲ့ တစ်ရက်ကြာ ကျင့်ကြံခဲ့ပါတယ်။ သစ်သားမူလကျောက်တုံးတစ်ခုနဲ့ ဓားလမ်းစဉ်ကျောက်တုံးတစ်ခု သုံးပြီး ဓား ၁၂ လက်ထဲက တစ်လက်ဖြစ်တဲ့ သစ်သားမူလဓားကို အောင်မြင်စွာ ထုဆစ်ပြီးပါပြီ။"

ချီမင်က နောက်ထပ် ဓားတစ်လက် ထပ်ရလိုက်တယ်။

ဒါပေမဲ့ သူ့ရဲ့ကျင့်ကြံမှုအဆင့်ကတော့ သိပ်မတက်လာသေးဘူး။

သိထားရမှာကတော့ ပြထားတဲ့ အချက်အလက်တွေအရဆိုရင် အဆ ၁,၀၀၀ အမြန်နှုန်းနဲ့တောင်မှ အခြေခံတည်ဆောက်ခြင်းအလယ်ပိုင်းအဆင့်ကို ရောက်ဖို့အလိုအလျောက်ကျင့်ကြံခြင်း ကို ၁၁ ရက်ကျင့်ကြံရဦးမယ်။ ဒါက ချီမင် အိပ်ချိန်မရှိဘဲ နှစ် ၃၀ လုံးလုံး ကျင့်ကြံမှသာ အဆင့်ငယ်တစ်ခု တက်နိုင်မယ်ဆိုတဲ့ သဘောဖြစ်တယ်။

ပြောရရင်တော့ သောင်းပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်းကို ကျင့်ကြံရတာ တကယ်ပဲ ကြောက်စရာကောင်းလောက်အောင် ခက်ခဲတယ်။

သောင်းပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်းရဲ့ အကျိုးကျေးဇူးတွေက အရမ်းကြီးတယ်။ လွန်ခဲ့တဲ့ နှစ်ရက်က ချီမင် အခြေခံတည်ဆောက်ခြင်းနှောင်းပိုင်းအဆင့် ကျင့်ကြံသူ သုံးယောက်ကို ချက်ချင်းသတ်ပစ်လိုက်နိုင်တာက သက်သေဖြစ်တယ်။

မျက်စိတစ်မှိတ်အတွင်းမှာပဲ၊ တတိယမြောက်နေ့။

တင်း!

"သောင်းပြောင်းကြာပန်းစိမ်းဓားသန္ဓေသားကို အဆ ၁,၀၀၀မြှင့်တင်မှုနဲ့ တစ်ရက်ကြာ ကျင့်ကြံခဲ့ပါတယ်။ ရေမူလကျောက်တုံးတစ်ခုနဲ့ ဓားတာအိုကျောက်တုံးတစ်ခု သုံးပြီး ဓား ၁၂ လက်ထဲက တစ်လက်ဖြစ်တဲ့ ရေမူလဓားကို အောင်မြင်စွာ ထုဆစ်ပြီးပါပြီ။"

…

စတုတ္ထမြောက်နေ့။

တင်း!

"သောင်းပြောင်းကြာပန်းစိမ်းဓားသန္ဓေသားကို အဆ ၁,၀၀၀မြင့်တင်မှုနဲ့ တစ်ရက်ကြာ ကျင့်ကြံခဲ့ပါတယ်။ မီးမူလကျောက်တုံးတစ်ခုနဲ့ ဓားတာအိုကျောက်တုံးတစ်ခု သုံးပြီး ဓား ၁၂ လက်ထဲက တစ်လက်ဖြစ်တဲ့ မီးမူလဓားကို အောင်မြင်စွာ ထုဆစ်ပြီးပါပြီ။"

…

ပဉ္စမမြောက်နေ့။

တင်း!

" သောင်းပြောင်းကြာပန်းစိမ်းဓားသန္ဓေသားကို အဆ ၁,၀၀၀ မြှင့်တင်မှုနဲ့ တစ်ရက်ကြာ ကျင့်ကြံခဲ့ပါတယ်။ မြေကြီးမူလကျောက်တုံးတစ်ခုနဲ့ ဓားတာအိုကျောက်တုံးတစ်ခု သုံးစွဲခဲ့ပြီး ဓား ၁၂ လက်ထဲက တစ်လက်ဖြစ်တဲ့ မြေကြီးမူလဓားကို အောင်မြင်စွာ ထုဆစ်ပြီးပါပြီ။"

ဒီလိုနဲ့သောင်းပြောင်းကြာပန်းစိမ်းဓားသ‌န္ဓေသားရဲ့ ဓာတ်ငါးပါးဓားတွေ အားလုံးကို ထုဆစ်ပြီးသွားတယ်။

ချွမ်! ချွမ်! ချွမ်!!!

စိတ်ကူးလိုက်တာနဲ့ သူ့နောက်ကနေ မှော်ဓားငါးလက် ပျံထွက်လာတယ်။ သတ္တုမူလဓားက အဖြူရောင်၊ သစ်သားမူလဓားက အစိမ်းရောင်၊ ရေမူလဓားက အနက်ရောင်၊ မီးမူလဓားက အနီရောင်၊ ပြီးတော့ မြေကြီးမူလဓားက အဝါရောင်။

ဓာတ်ငါးပါး စုစည်းသွားတယ်။

အဲ့ဒီထဲမှာ အလွန်အင်အားကြီးတဲ့ စွမ်းအားတစ်ခု ပါနေတယ်။

"အရမ်းကောင်းတယ်။"

ချီမင်က အရမ်းကျေနပ်သွားတယ်။ စိတ်ကူးလိုက်တာနဲ့ မှော်ဓားငါးလက်ကို သူ့ရဲဒန်တျန်းထဲ ထည့်လိုက်တယ်။ ဓားငါးလက်က သက်ဆိုင်ရာကြာပန်းစိမ်းပွင့်ဖတ်တွေထဲကို တစ်လက်ချင်းစီ ဝင်ရောက်ပြီး ပေါင်းစပ်သွားကြတယ်။

"ငါ့ရဲ့ ကျင့်ကြံမှုအဆင့်က နည်းနည်းလိုသေးတယ်။"

ချီမင်က သူ့ခန္ဓာကိုယ်ထဲကသောင်းပြောင်းကြာပန်းစိမ်းတာအိုရဲ့အခြေခံပြောင်းလဲမှုကို ခံစားလိုက်မိတယ်။ သူ့ခန္ဓာကိုယ်ထဲက ဝိညာဉ်စွမ်းအင်ကန်ကြီးက အဆပေါင်းများစွာ ကျယ်ပြန့်လာပေမယ့်အခြေခံတည် ဆောက်ခြင်းအလယ်ပိုင်းအဆင့်ကို ရောက်ဖို့တော့ အတော်လေး လိုသေးတယ်။

"ငါ့မှာ ဝိညာဉ်ကျောက်တုံးတွေ သိပ်မကျန်တော့ဘူး။"

ချီမင်က ပြောလိုက်တယ်။ "ငါ 'ဂိမ်းမြေအောက်စခန်း' ကို ရှင်းလင်းတိုင်း အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ၁၀,၀၀၀ ရနိုင်ပေမယ့် အခု ငါ့ရဲ့ကျင့်ကြံမှုအတွက် လုံလောက်ဖို့ ခက်နေတုန်းပဲ။"

"အခုချိန်မှာဖြေရှင်းဖို့နည်းလမ်းကောင်းက မရှိသေးဘူး။"

"လောလောဆယ်တော့ ဒီလိုပဲ ဆက်လုပ်ထားရမှာပဲ။"

မျက်စိတစ်မှိတ်အတွင်းမှာ နောက်ထပ် ဆယ်ရက် ကုန်လွန်သွားတယ်။

ဒီနေ့၊ နေ့လည်ခင်းမှာ။

တင်း!

"ဝိညာဉ်သားရဲ: ရှုရှန်းတပည့်ကဝိညာဉ်ကျောက်တုံးတွေရဲ့ အားဖြည့်မှုနဲ့ ၁၆ ရက်ကြာကျင့်ကြံခဲ့ပါတယ်။ သူ့ရဲ့ကြီးထွားနှုန်းက အလွန်တိုးတက်လာပြီး သူ့ရဲ့ကျင့်ကြံမှုအဆင့်ကလည်း အလွန်တိုးတက်လာပါတယ်။ သူက‌ ဖွဲ့စည်းခြင်းနှောင်းပိုင်းအဆင့် (အမြူတေတု) ကို အောင်မြင်စွာ ရောက်ရှိသွားပြီး သူ့ရဲ့ကြီးထွားမှု ကန့်သတ်ချက်ကို ရောက်ရှိသွားပါပြီ။ သူ ဆက်ပြီး တိုးတက်နိုင်တော့မှာ မဟုတ်ပါ။ သူကနတ်ဘုရားအဆင့်နည်းစနစ်ဖြစ်တဲ့ 'ဓားအသင်္ချေ သိုင်းကွက်' ကိုလည်း သင်ယူပြီးပါပြီ။"

"သတိပေးချက်: ရှုရှန်းတပည့် ဟော့ချန်ချင်းဟာ ပြည့်စုံတဲ့အဆင့်ကို ရောက်ရှိသွားပြီဖြစ်လို့ ဆက်လက်ကြီးထွားနိုင်တော့မှာ မဟုတ်ပါ။ သင့်တော်တဲ့ အမွေဆက်ခံမှုသလင်းကျောက်တစ်ခုခု မရရှိပါက သူ့ရဲ့ကြီးထွားမှု ကန့်သတ်ချက်ကို ချိုးဖျက်နိုင်မှာ မဟုတ်ပါ။"

"ဟော့ချန်ချင်းက သူ့ရဲ့ ကြီးထွားမှုအဆုံးသတ်ကို ရောက်သွားပြီပဲ။"

ချီမင်က အရမ်းပျော်သွားတယ်။ "အမြူတေ ဖွဲ့စည်းခြင်းနှောင်းပိုင်းအဆင့်တဲ့။"

"ထွက်ခဲ့။"

ရှု!

သူ့ရှေ့မှာ အဖြူရောင်အလင်းတစ်ခု လက်သွားတယ်။

ဟော့ချန်ချင်းက ရုတ်တရက် ပေါ်လာတယ်။

"သခင့်ကို ဂါရဝပြုပါတယ်" ဟော့ချန်ချင်းက ချီမင်ကို ဦးညွှတ်အရိုအသေပေးလ်ိုက်တယ်။

"မဆိုးဘူး၊ မဆိုးဘူး။"

ချီမင်က အရမ်းကျေနပ်နေတယ်။ "ဆယ်ရက်ကျော်လေးနဲ့ မင်းက ပြည့်စုံတဲ့အဆင့်ကိုရောက်ပြီး အမြူတေဖွဲ့စည်းခြင်းနှောင်းပိုင်းအဆင့်ကို ရောက်သွားပြီပဲ။ ဒါပေမဲ့ ဒီ အမြူတေအတု ဆိုတာက ဘယ်လိုအခြေအနေမျိုးလဲ။"

ဟော့ချန်ချင်းက ရှင်းပြလိုက်တယ်။ "အမြူတေအဆင့်မှာဆိုရင် ကျင့်ကြံသူတွေကို သူတို့ရဲ့ အရည်အချင်း၊ ကျင့်ကြံနည်းစနစ်နဲ့ အရင်းအမြစ်တွေပေါ်မူတည်ပြီး အဆင့်ကိုးဆင့် ခွဲခြားထားပါတယ်။ ပထမအဆင့်က အနိမ့်ဆုံးဖြစ်ပြီး နဝမအဆင့်က အမြင့်ဆုံးပါ။"

"အဲ့ဒီထဲမှာ ပထမ၊ ဒုတိယ၊ တတိယအဆင့်တွေက အဆင့်နိမ့်အမြူ‌တေတုတွေ၊ စတုတ္ထ၊ ပဉ္စမ၊ ဆဋ္ဌမအဆင့်တွေက အလယ်အလတ်အဆင့်အမြူတေစစ်တွေ၊ ပြီးတော့ သတ္တမ၊ အဋ္ဌမ၊ နဝမအဆင့်တွေက အဆင့်မြင့်ရွှေအမြူ‌တေတွေ ဖြစ်ကြပါတယ်။"

"ကျွန်တော်ကတတိယအဆင့် အမြူတေတုကိုပဲ ပြုလုပ်နိုင်ခဲ့တာပါ။"

"ဒါလည်း မဆိုးပါဘူးကွာ။" ချီမင်က ပြောလိုက်တယ်။

"ဟုတ်ကဲ့။" ဟော့ချန်ချင်းက ခေါင်းညိတ်လိုက်တယ်။

တင်း!

"'ဓားချီပိုင်းဖြတ်ခြင်း' ကို အဆ ၁၀၀ အားဖြည့်မှုနဲ့ ဆယ်ရက်ကြာ ကျင့်ကြံခဲ့ပါတယ်။ သူ့ရဲ့အဆင့်က အလွန်တိုးတက်လာပြီး 'ထူးချွန်ခြင်း' အဆင့်ကို ရောက်ရှိသွားပါပြီ။"

ချက်ချင်းပဲ နောက်ထပ် အသိပေးချက်တစ်ခု ပေါ်လာတယ်။

အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး တစ်သန်း သုံးပြီးတဲ့နောက်မှာ ချီမင် သောင်း‌ပြောင်းကြာပန်းစိမ်းဓားသန္ဓေသားကို ကျင့်ကြံဖို့ ဝိညာဉ်ကျောက်တုံးတွေ ထပ်မဖြည့်တော့ဘဲ လောလောဆယ် ခဏဘေးဖယ်ထားဖို့ ရွေးချယ်လိုက်တယ်။

အကြောင်းကတော့ ဝိညာဉ်ကျောက်တုံး တွေမဖြည့်ဘဲ ကျင့်ကြံတဲ့အရှိန်က အရမ်းနှေးကွေးနေလို့ဖြစ်တယ်။

ချီမင်က အလိုအလျောက်ကျင့်ခြင်းစနစ်နဲ့ ဒုတိယနေရာလပ်ကိုသုံးပြီး 'ဓားချီပိုင်းဖြတ်ခြင်း ကို ကျင့်ကြံလိုက်တယ်။ နေ့တိုင်းဂိမ်းမြေအောက်စခန်းနေ ရတဲ့ အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ၁၀,၀၀၀ ကိုသုံးပြီး အရှိန်မြှင့်တယ်။

ဆယ်ရက်အတွင်းမှာပဲ ထူးချွန်အဆင့်ကို ရောက်သွားတယ်။

ခဏအကြာ ချီမင်က အဲ့ဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ အခြေအနေကနေ ပြန်ထွက်လာတယ်။ သူက ဓားချီပိုင်းဖြတ်ခြင်းကို လုံးဝကျွမ်းကျင်သွားပြီး ထူးချွန်အဆင့်ကို ရောက်ရှိနေပြီ။ တကယ့်လက်တွေ့တိုက်ပွဲ အတွေ့အကြုံပဲ လိုတော့တယ်။

တစ်ခုတည်းသော ဝမ်းနည်းစရာက သူ့ရဲ့ကျင့်ကြံမှုအဆင့်ကအခြေခံတည်ဆောက်ခြင်းအစောပိုင်းအဆင့်မှာပဲ ရှိနေသေးတာပဲ။ အခြေခံတည်ဆောက်ခြင်းအလယ်ပိုင်းအဆင့်နဲ့ အဝေးကြီး လိုသေးတယ်။

သောင်းပြောင်းကြာပန်းစိမ်းဓားသန္ဓေသားအတွက် လိုအပ်တဲ့ အရင်းအမြစ်တွေနဲ့ ပစ္စည်းတွေကိုတော့ ပြီးခဲ့တဲ့ ဆယ်ရက်အတွင်းမှာ စုဆောင်းပြီးသွားပြီ။ အခုတော့ ဖြည်းဖြည်းချင်းကျင့်ကြံပြီးသောင်း ပြောင်းကြာပန်းစိမ်းဓားသန္ဓေသားကို လုံးဝသန့်စင်ဖို့ပဲ လိုတော့တယ်။

၊ ဒါတွေအားလုံးအတွက် အချိန်လိုအပ်တယ်။

နောက်တစ်နေ့၊ နေ့လည်ခင်း။

ရှု! ရှု!

ချီမင်က တိမ်ပြိုတောင်ထွတ်ပေါ်ကို ရင်းနှီးနေတဲ့ အငွေ့အသက်တွေ ဆင်းသက်လာတာကို ခံစားမိလိုက်ပြီး ချက်ချင်းပဲ တိမ်ပြိုဂူစံအိမ်ထဲက ထွက်ပြီး ကြိုဆိုလိုက်တယ်။ ရောက်လာတာက အကြီးအကဲဖုန်းနဲ့စီနီယာအစ်မလုချင်းယန်တို့ ဖြစ်တယ်။

"ဆရာ့ကို ဂါရဝပြုပါတယ်။"

ချီမင်က ချက်ချင်း လက်အုပ်ချီပြီး အရိုအသေပေးလိုက်တယ်။ "စီနီယာအစ်မကိုလည်း နှုတ်ဆက်ပါတယ်။"

"အင်း။"

အကြီးအကဲဖုန်းက ခေါင်းအသာညိတ်ပြီး မေးလိုက်တယ်။ "ချီမင်၊ ဒီအချိန်အတောအတွင်းမှာ မင်းကြိုတင်လိုအပ်တဲ့သိုင်းနည်းစနစ် ၁၂ ခုကို ဘယ်အဆင့်အထိ ရောက်အောင် ကျင့်ကြံပြီးပြီလဲ။"

"ဆရာ၊ ကျွန်တော် နည်းစနစ် ဆယ်ခုကို ကျွမ်းကျင်ပြီးပါပြီ။ အားလုံးက ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်နေပါပြီ။ အချိန်ဓားသိုင်းနဲ့ နေရာဓားသိုင်း နှစ်ခုပဲ ကျန်ပါတော့တယ်။"

"တကယ်လား။" အကြီးအကဲဖုန်းကဝမ်းသာသွားတယ်။

"ဟုတ်ကဲ့။"

ချီမင်က ခေါင်းညိတ်လိုက်တယ်။ စိတ်ကူးလိုက်တာနဲ့ တိမ်စိမ်းလွင့်မြောဓားက သူ့လက်ထဲကို ရောက်လာတယ်။ သူက အကြီးအကဲဖုန်းနဲ့ လုချင်းယန်တို့ ရှေ့မှာ ဓားသိုင်းကွက်တွေကို ထုတ်ပြလိုက်တယ်။ "ဆရာနဲ့စီနီယာအစ်မအကဲဖြတ်ပေးကြပါဦး။"

ချီမင်က ဓားသိုင်းကွက် ဆယ်မျိုးလုံးကို ဆက်တိုက် ထုတ်သုံးပြလိုက်တယ်။ ဓားအရှိန်အဝါတွေ လည်ပတ်စီးဆင်းနေပြီး အလွန်နက်နဲ လှပတဲ့ မြင်ကွင်းတစ်ခု ဖြစ်ပေါ်နေတယ်။

လုချင်းယန်က တကယ်ပဲ အံ့အားသင့်သွားတယ်။ သူမရဲ့ နီထွေးနေတဲ့ နှုတ်ခမ်းလေးကို အုပ်ထားမိရင်း အံ့သြနေတယ်။ သူမရဲ့ လှပတဲ့မျက်ဝန်းတွေက စိတ်ဝင်စားမှုနဲ့ တောက်လောင်နေတယ်။ "တစ်လအတွင်းမှာ မင်းသိုင်းနည်းစနစ်ဆယ်ခုလုံးကို ကျွမ်းကျင်သွားတယ်တဲ့လား။"

"ဒါ ဘယ်လိုတောင် ကြောက်စရာကောင်းတဲ့ အရည်အချင်းမျိုးလဲ!!!"

"ဟူး..."

အကြီးအကဲဖုန်းက ဒီလိုဖြစ်မယ်လို့ မျှော်လင့်ထားပေမယ့် သူလည်း အံ့အားသင့်နေတုန်းပဲ။ အတော်ကြာအောင် စိတ်ငြိမ်အောင် မထိန်းနိုင်လိုက်ဘူး။ နောက်ဆုံးတော့ သူက သက်ပြင်းရှည်ကြီးတစ်ချက်ချပြီး ဖြည်းဖြည်းချင်း စိတ်ငြိမ်အောင် ပြန်ထိန်းလိုက်တယ်။

"ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်။"

အကြီးအကဲဖုန်းက အကြိမ်ကြိမ် ချီးကျူးစကားဆိုလိုက်တယ်။ "ကောင်းတယ်။ ငါ့တပည့်ပီသပါပေတယ်။"

"ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းစုဝေးပွဲက မနက်ဖြန် စတော့မယ်။ မြန်မြန် ပြင်ဆင်တော့။"

All Chapters