← Chapters

နတ်ဘုရားအဆင့်ပါရမီ အမွေခံတပည့်တိုက်ပွဲ

Vol. 4 Ch. 51

နတ်ဘုရားအဆင့်ပါရမီ အမွေခံတပည့်တိုက်ပွဲ

Vol. 4 Ch. 51

"ဖူချန်ရွှယ်... ဒီနာမည်..."

သူ ဘယ်လို ပြောရမလဲဆို

ချီမင် တစ်ဖက်လူကို ကြည့်ရင်း ဒီနာမည်ကို ရင်းနှီးသလိုလို ခံစားနေရတယ်။ သူ သေသေချာချာ ပြန်စဉ်းစားကြည့်တော့ ဖူချန်ရွှယ်က သူ့လိုပဲ လွန်ခဲ့တဲ့ သုံးနှစ်ကမှ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းကို ဝင်ခဲ့တာကို သတိရသွားတယ်။

ဒါပေမဲ့ ဖူချန်ရွှယ်ရဲ့ အရည်အချင်းက အရမ်းမြင့်တယ်။သူတကယ်ကို စွမ်းအားကြီးတဲ့ အရည်အချင်းနဲ့ ပါရမီကို ပြသနိုင်ခဲ့တယ်။ ပြီးတော့ သူ့ကိုဖုန်းကွယ်ဓားတောင်ထွတ်ရဲ့ အမွေခံအကြီးအကဲ ရှဲ့တုန်ထျန်းက တပည့်အဖြစ် လက်ခံလိုက်တယ်။ တစ်ညတည်းနဲ့ သူ့အဆင့်အတန်းက မိုးထိအောင် မြင့်တက်သွားတယ်လို့ ပြောလို့ရတယ်။

ဒီအဖြစ်က ချီမင်ရဲ့ အရင်ခန္ဓာကိုယ်ပိုင်ရှင်အပေါ် အတော်လေး သက်ရောက်မှုရှိခဲ့တယ်။ သူ့စိတ်ထဲမှာ အခုထိ စွဲထင်နေတုန်းဖြစ်ဝာယ်။

"ငါ့အရင်လူရဲ့ အရည်အချင်းက တော်တော်ညံ့တယ်လို့ပဲ ပြောရမှာ။"

ချီမင် ခဏစဉ်းစားလိုက်တယ်။ အရင်ခန္ဓာကိုယ်ပိုင်ရှင်ရဲ့ မှတ်ဉာဏ်တွေကို သေချာပြန်စဉ်းစားရင်း အရည်အချင်းစစ်ဆေးချက် ငါးမျိုးရဲ့ အတိအကျ ခွဲခြားပုံတွေကို နားလည်သွားတယ်။ သူ နှုတ်ခမ်းမဲ့ရင်း စိတ်ထဲကနေ တွေးလိုက်မိတယ်၊ "ငါ့အရင်တစ် ယောက်က ဒီလို အရည်အချင်းမျိုးနဲ့ ကျင့်ကြံချင်ခဲ့တယ် ဟုတ်လား?"

ချီမင်ရဲ့ အရင်ခန္ဓာကိုယ်ပိုင်ရှင်က စမ်းသပ်မှု ငါးခုမှာ အရည်အချင်း မပြည့်မီလို့ အစေခံတပည့်ပဲ ဖြစ်နိုင်ခဲ့တာဖြစ်တယ်။ အရင်ပိုင်ရှင်ရဲ့ မဆုတ်မနစ်ဇွဲနဲ့ ကံနည်းနည်းသာ မရှိခဲ့ရင်၊ သူ စမ်းသပ်မှု ငါးခုလုံးကိုတောင် အောင်မှာ မဟုတ်ဘူး။

အရည်အချင်း ငါးမျိုးက

ဝိညာဉ်အမြစ်ကသတ္တု၊ သစ်သား၊ ရေ၊ မီး၊ မြေ ဆိုပြီး ရှိတယ်။

တစ်မျိုးတည်းသော ဝိညာဉ်အမြစ်က အမြင့်ဆုံးဖြစ်ပြီး ငါးမျိုးစလုံး ရောနေတဲ့ ဝိညာဉ်အမြစ်က အနိမ့်ဆုံးဖြစ်တယ်။

ခန္ဓာကိုယ်ကတော့ သေမျိုးခန္ဓာ ဝိညာဉ်ခန္ဓာ တာအိုခန္ဓာ မသေမျိုးခန္ဓာနဲ့ မြင့်မြတ်ခန္ဓာ ဆိုပြီး အမြင့်ကနေအနိမ့်ထိကိုခွဲထားတယ်။

နားလည်နိုင်စွမ်း ကတော့ သေမျိုး ၊ထူးချွန်၊ ပါရမီရှင် ပြိုင်ဘက်ကင်း၊အံ့ဖွယ် ဆိုပြီးခွဲထားတယ်။

အခြေခံ ကတော့ သာမန် ထူးကဲ ဖန်သလင်း ဖုန်းကွယ်နဂါးနဲ့ နဂါးစစ်မှန်တဲ့နဂါးဆိုပြီးခွဲထားတယ်။

ကံကြမ္မာကတစ်ရောင်ခြယ်၊နှစ်ရောင်ခြယ် ၊ သုံးရောင်ခြယ်၊လေးရောင်ခြယ် နဲ့ ငါးရောင်ခြယ်ဆိုပြီးခွဲထားတယ်။

အမျိုးအစား တစ်ခုစီကို အဆင့် ငါးဆင့် ခွဲထားတယ်။

ချီမင်ရဲ့ အရည်အချင်း ငါးမျိုးက

သူ့ရဲ့ ဝိညာဉ်အမြစ်က ငါးမျိုးစလုံး ရောနေတဲ့ ဓာတ်ငါးပါးအမြစ် ခန္ဓာကိုယ်က သေမျိုးခန္ဓာ နားလည်နိုင်စွမ်းက သေမျိုး၊အခြေခံက သာမန်ဖြစ်တယ်။။ သူ့ရဲ့ ကံကြမ္မာ တစ်ခုပဲ မဆိုးဘဲ သုံးရောင်ခြယ်် အဆင့်ကို ရောက်တယ်။

ဒါက ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းက အစေခံတပည့်တွေ လက်ခံဖို့ အနိမ့်ဆုံး စံသတ်မှတ်ချက်ဖြစ်တယ်။

အရည်အချင်း စစ်ဆေးချက် ငါးမျိုးထဲမှာ၊ အမျိုးအစားတစ်ခုက တတိယအဆင့်ကို ရောက်ရင် အစေခံတပည့် ဖြစ်နိုင်တယ်။ ဒါပေမဲ့ အဓိက လိုအပ်ချက်က စစ်ဆေးချက် ငါးခုလုံးကို အောင်ပြီး ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းမြို့ကို ရောက်လာဖို့ပဲဖြစ်တယ်။

အပြင်စည်းဂိုဏ်းတပည့်တွေအတွက် အနိမ့်ဆုံးသတ်မှတ်ချက်ကတော့ အမျိုးအစား သုံးခုက တတိယအဆင့်ကို ရောက်ရမယ်၊ အဲဒီထဲမှာ ဝိညာဉ်အမြစ် ပါရမယ်။

အမွေခံတပည့် တွေအတွက် အနိမ့်ဆုံးသတ်မှတ်ချက်ကတော့ သူတို့ရဲ့ အရည်အချင်း ငါးမျိုးစလုံးက တတိယအဆင့်ကို ရောက်ရမယ်၊ ပြီးတော့ တစ်ခုက စတုတ္ထအဆင့်ကို ရောက်ရမယ်။

"ချီမင်!"

ခြိမ်း!

ရုတ်တရက်၊ ဖူချန်ရွှယ်ရဲ့ အကြည့်က ချီမင်ဆီ ကျရောက်လာပြီး ဓားသံတစ်ချက် ထွက်ပေါ်လာတယ်။ ဖူချန်ရွှယ်ရဲ့ မျက်လုံးထဲမှာ အလွန်အမင်း အားကောင်းတဲ့ ဓားအရှိန်အဝါကိုတွေ့လိုက်ရတယ်။

"ဒါက..."

ချီမင်ရဲ့ မျက်နှာအမူအရာ မပြောင်းလဲဘူး။

ဒါပေမဲ့ သူ ဖိအားတစ်ခုကို ခပ်ရေးရေး ခံစားလိုက်ရတယ်။

မမြင်ရတဲ့ ဖိအားတစ်ခု သူ့ပတ်လည်မှာ ဝိုင်းနေသလိုမျိုးဖြစ်တယ်။

"စတော့မယ်။"

"အမွေခံတပည့်တွေရဲ့ တိုက်ပွဲပဲ။"

"အမွေခံတပည့်တွေက ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းစုဝေးပွဲမှာ တိုက်ခိုက်ခွင့် မရှိပေမဲ့၊ စုဝေးပွဲစတိုင်း၊ တောင်ထွတ် ဆယ့်နှစ်ခုက အမွေခံတပည့်တွေကြားမှာ တိုက်ပွဲတစ်ခု ဖြစ်လေ့ရှိတယ်။ ဒါက ကျင့်ကြံဆင့်နဲ့ တိုက်ခိုက်ရေးစွမ်းရည် တိုက်ပွဲမဟုတ်ပဲ၊ အမွေခံတပည့်တွေကြားက 'တာအို' ယှဉ်ပြိုင်မှုပဲ။"

"ဒါပေါ့၊ ဒါက အန္တရာယ်မရှိတဲ့ ယှဉ်ပြိုင်မှုဆိုတော့ ဂိုဏ်းကလည်း ဘယ်တုန်းကမှ မတားခဲ့ဘူး။"

"ဖူချန်ရွှယ်က ပြိုင်ဘက်ကောင်းကို ရွေးလိုက်တာပဲ။ တိမ်စိမ်း‌တောင်ထွတ်က အမွေခံတပည့် ချီမင်က အမွေခံတပည့် ဖြစ်တာ တစ်လလောက်ပဲ ရှိသေးတယ်၊ ဖူချန်ရွှယ်ကတော့ ဖုန်းကွယ်ဓားတောင်ထွတ်ရဲ့ အမွေခံတပည့် ဖြစ်တာ သုံးနှစ်ရှိပြီ။ တခြား တောင်ထွတ် ဆယ်ခုက အမွေခံတပည့်တွေက ပိုလို့တောင် ကွာသေးတယ်။ သူတို့က အနည်းဆုံး ခြောက်နှစ်၊ ဒါမှမဟုတ် အများဆုံး ဆယ်နှစ် နှစ်ဆယ်လောက်တောင် ရှိနေပြီ။"

"ဖူချန်ရွယ်က ချီမင့်ကို အနိုင်ယူပြီး သူ့ဂုဏ်သတင်း တည်ဆောက်ချင်နေတာ။ သူက ချီမင့်ကိုတက်နင်းဖို့လှေကားထစ်အဖြစ် သုံးချင်နေတာ!"

"ဖူချန်ရွှယ်ရဲ့ အတွေးနဲ့ လုပ်ရပ်တွေက သူ့ကိုယ်သူ ယုံကြည်မှု မရှိတဲ့ လက္ခဏာပဲ။"

"..."

တောင်ထွတ် ဆယ့်နှစ်ခုက အကြီးအကဲတွေ ဆွေးနွေးနေကြတယ်။

"ဖုန်းကွယ်ဓားတောင်ထွတ်။"

လုချင်းယန်ရဲ့ အကြည့်က အေးစက်သွားတယ်။ သူ့ရဲ့ အေးစက်တဲ့ အကြည့်က ဖုန်းကွယ်ဓားတောင်ထွတ်ရဲ့လေသင်္ဘောဆီ ကျရောက်သွားတယ်။ ဖုန်းကွယ်ဓားတောင်ထွတ်ကို ဦးဆောင်လာတဲ့ အတွင်းစည်းအကြီးအကဲက မြင်းမြီးယပ် ကိုင်ထားတဲ့ ဆံဖြူအဘိုးအို တစ်ယောက်ဖြစ်တယ်။ သူကလုချင်းယန်ရဲ့ အကြည့်ကို မမှုဘူး။

"အကြီးအကဲ လု။"

ဖုန်းကွယ်ဓားတောင်ထွတ်ရဲ့ အတွင်းစည်းအကြီးအကဲ၊ ဆံဖြူအဘိုးအို ပိုင်ကျုံးဂျန်က မတုန်မလှုပ်ပဲ ပြောလိုက်တယ်၊ "အမွေခံတပည့်တွေရဲ့ တိုက်ပွဲဆိုတာ လူငယ်မျိုးဆက်တွေကြားက ဖလှယ်မှုတစ်ခုပါပဲ။ ဘာလို့ ဒေါသထွက်နေတာလဲ?"

"ဟွန်း!" လုချင်းယန် အေးစက်စွာ နှာမှုတ်လိုက်တယ်၊ "သူသာ အမွေခံတပည့် ဖြစ်တာ နောက်မကျခဲ့ရင်၊ နင်တို့ တောင်ထွတ် ဆယ့်တစ်ခုက အမွေခံတပည့်တွေ အားလုံးပေါင်းရင်တောင်ငါ့ဂျူနီယာမောင်လေးကို ယှဉ်နိုင်မှာ မဟုတ်ဘူး။"

"အဲ..." ချီမင်ရဲ့ မျက်နှာအမူအရာ နည်းနည်း ပြောင်းသွားတယ်။ သူ လုချင်းယန်ကို သံသယမျက်လုံးနဲ့ ကြည့်လိုက်တယ်။ 'စီနီယာအစ်မရယ်၊ စီနီယာအစ်မရယ်၊ အဲ့လို ပြောလို့ ဘယ်ဖြစ်မလဲ။ ကျွန်တော့်အတွက် ရန်ညှိုးတွေ ဆွဲဆောင်နေသလိုပဲလို့ဘာလို့ ခံစားနေရတာလဲ?!'

တောင်ထွတ် ဆယ့်တစ်ခုက အမွေခံတပည့်တွေ အားလုံးပေါင်းရင်တောင် သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး ဆိုတာက ဘာကို ဆိုလိုတာလဲ?

နားထောင်ကြည့်စမ်း!

ဒါ ဘယ်လောက် မောက်မာတဲ့ စကားတွေလဲ?

'ဒါ ငါပြောတာ မဟုတ်ဘူး!'

'ဒါ ငါနဲ့ မဆိုင်ဘူး။'

'သွား၊ ငါ့စီနီယာအစ်မကို သွားရှာကြ!'

'ငါ့စီနီယာအစ်မကို သွားရှာ!'

'ကြားကြလား?'

ရှုး! ရှုး! ရှုး!!!

လုချင်းယန် စကားဆုံးတာနဲ့၊ တခြား အမွေခံတပည့် ဆယ်ယောက်ရဲ့ အကြည့်တွေက ချီမင်ဆီကို အလိုလို ရောက်လာကြပြီး သူ့အပေါ် ဖိအားတွေ ပိုများလာတယ်။

ချီမင် ချက်ချင်းပဲ အာရုံစိုက်ခံရတဲ့ ဗဟိုချက် ဖြစ်သွားတယ်။

အရမ်း ကူကယ်ရာမဲ့စွာနဲ့ပဲ

ချီမင် အရမ်း ကူကယ်ရာမဲ့တယ်လို့ ခံစားလိုက်ရတယ်။

"တော်တော် မောက်မာတာပဲ။"

ဖူချန်ရွှယ်ရဲ့ အကြည့်က မှောင်မိုက်သွားပြီး အော်လိုက်တယ်၊ "ချီမင်၊ မင်းရဲ့ 'တာအို' ကို ငါ့ကို ပြစမ်း။"

"ဖုန်းကွယ်ဓားသိုင်းကျမ်း!"

သူ စကားဆုံးတာနဲ့...

ဖူချန်ရွှယ်က ဖုန်းကွယ်ဓားသိုင်းကျမ်းကို လည်ပတ်လိုက်တယ်။ မည်းနက်နေတဲ့ ဓားအိမ်ပါတဲ့အခြေခံတည်ဆောက်ခြင်းတာအိုရုပ်ထုတစ်ခု သူ့နောက်မှာ ပေါ်လာတယ်။ ဒါကို ‌အခြေခံတည်ဆောက်ခြင်း ဖြစ်စဉ် ဒါမှမဟုတ် ဖူချန်ရွှယ်ရဲ့ 'တာအို' ထင်ထင်ရှားရှားပေါ်ထွက်လာမှုလို့ ပြောလို့ရတယ်။

ဖုန်းကွယ်ဓားသိုင်းကျမ်း ဖုန်းကွယ်ဓားတောင်ထွတ် ရဲ့ အမွေခံ ကျင့်စဉ်ဖြစ်ပြီး အရမ်းနက်နဲတယ်။ ဒါက ဓားတာအိုရဲ့ ပုံစံတစ်မျိုးပဲ။ ဖုန်းကွယ်ဓားသိုင်း ကျမ်းကို ကျင့်ကြံဖို့ဆိုရင် ဖုန်းကွယ်နေတဲ့နဂါးအဆင့် အခြေခံ ရှိဖို့ လိုတယ်။

တိုက်တိုက်ဆိုင်ဆိုင်ပဲ…

ဖူချန်ရွှယ်ရဲ့ စတုတ္ထအဆင့် အရည်အချင်းကဖုန်းကွယ်နေတဲ့ နဂါးအခြေခံဖြစ်ပြီး၊ သူ့ရဲ့ ဝိညာဉ်အမြစ်က သတ္တု၊ မြေ နဲ့ မီး ဓာတ်သုံးမျိုး၊နားလည်နိုင်စွမ်းက ပါရမီရှင် ၊ ကံကြမ္မာက သုံးရောင်ခြယ်၊ သူ့ရဲ့ ခန္ဓာကိုယ်က ကောင်းကင်ဓား တာအိုခန္ဓာ ဖြစ်တယ်။

ဒါ့အပြင်ဖူချန်ရွှယ်ကဖုန်းကွယ်ဓားတောင်ထွတ်မှာ သုံးနှစ်ကြာ ကျင့်ကြံပြီးပြီ။ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကအခြေခံတည်ဆောက်ခြင်းအစောပိုင်းအဆင့်ကို ရောက်နေပြီ။

သူ့ရဲ့ 'တာအို' က မမြင်ရတဲ့ ဖိအားတစ်ခုအဖြစ် ပြောင်းလဲပြီး ချီမင်ဆီကို တိုးဝင်လာတယ်။ ဒီ 'တာအို' ယှဉ်ပြိုင်မှုက မမြင်ရသလို ထင်ရပေမဲ့ ခြေရာခံလို့ ရတယ်။

အခု၊ ချီမင်က အထိအတွေ့ကို အနက်ရှိုင်းဆုံး ခံစားလိုက်ရတယ်။

ဘာလို့လဲဆိုတော့ ချီမင်က ဖူချန်ရွှယ်ရဲ့ 'တာအို' ကို ခံစားရလို့ဖြစ်တယ်။ သူ့ရဲ့ 'တာအို' က ဓားတာအိုဖြစ်ပြီး၊ ဖုန်းကွယ်ဓားတာအိုဖြစ်တယ် မျက်စိနဲ့မမြင်နိုင်တဲ့ ဝိညာဉ်ဓားတစ်လက်ကို ဝှက်ထားပြီး တစ်ချက်တည်းနဲ့ ပြိုင်ဘက်ကို သေစေနိုင်တယ်။

ဆိုရိုးတစ်ခု ရှိတယ်။ - ဆယ်နှစ်ကြာ ဓားသွေးပြီး တစ်ချက်တည်းနဲ့ ရန်သူကိုသတ်ဖြတ်တယ်။

"မင်းက ငါနဲ့ ဓားတာအို လာပြိုင်ရဲတယ် ဟုတ်လား?"

ချီမင် အသက်ပြင်းပြင်း ရှူလိုက်ပြီး ဖူချန်ရွှယ်ကို တည့်တည့် ကြည့်လိုက်တယ်။ သူ အခု မုန်တိုင်းရဲ့ ဗဟိုချက်မှာ ရပ်နေတော့ ချီမင် ကြောက်စရာ ဘာမှမရှိတော့ဘူး။ ဓားကျင့်ကြံသူတွေက အလွယ်တကူ ခေါင်းမငုံ့ဘူး။ ကျင့်ကြံလမ်းပေါ်မှာ အလွယ်တကူ ခေါင်းငုံ့လို့ မဖြစ်ဘူး။ "မင်းက ကျွမ်းကျင်သူရဲ့ရှေ့မှာ လက်စွမ်းပြချင်နေတာပဲ။"

"ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းနေပြီ။"

ခြိမ်း! ခြိမ်း! ခြိမ်း!!!

သူ စကားဆုံးတာနဲ့၊ ချီမင်ရဲ့ ပတ်ဝန်းကျင်က ဝိညာဉ်စွမ်းအင်တွေ တုန်ခါသွားတယ်။ သူ့ခန္ဓာကိုယ်ထဲက သောင်းပြောင်းကြာပန်းစိမ်းတာအိုအခြေခံက အနည်းငယ် လှုပ်ရှားလိုက်တယ်။ ဓာတ်ငါးပါး ဓားအရှိန်အဝါဆန္ဒကို ကိုယ်စားပြုတဲ့ ပန်းပွင့်ဖတ်လွှာက ခပ်ဖွဖွ တုန်ခါသွားတယ်။

ပြီးတော့၊ ဝိညာဉ်ဓား ငါးလက်က ဓားသံတွေ ထွက်ပေါ်လာတယ်။

"ဓာတ်ငါးပါးဓားတာအို!" ချီမင် ခပ်တိုးတိုး အော်လိုက်တယ်။

အရောင်ငါးမျိုး (အနက်၊ အဖြူ၊ အစိမ်း၊ အနီ၊ အဝါ) ရှိတဲ့ ဓားအလင်းတန်းတွေ သူ့နောက်ကနေ တန်းထွက်လာတယ်။ဓာတ်ငါးပါး ဓားတာအိုရဲ့ စွမ်းအား အပြည့်အဝ ထုတ်ဖော်လိုက်တယ်။

ဒုန်း ဒုန်း ဒုန်း!!!

ချီမင်နဲ့ ဖူချန်ရွှယ်တို့ အကြည့်ချင်း ဆုံသွားတယ်။ သူတို့ကြားက လေဟာနယ်မှာ၊ပေါက်ကွဲသံတွေ ထွက်လာပြီးတော့ 'ဘန်း' ဆိုတဲ့ အသံကြီး ထွက်လာတယ်။

ဖောက်!!!

ဖူချန်ရွှယ်ရဲ့ နောက်က ဖုန်းကွယ်ဓား ဖြစ်စဉ် ပျောက်ကွယ်သွားတယ်။ သူ သွေးတွေ အန်ထုတ်လိုက်ပြီး နောက်ကို ယိုင်နဲ့စွာ ဆုတ်သွားတယ်။ သူ့ရဲ့ ဖြူဖျော့နေတဲ့ မျက်နှာပေါ်မှာ မယုံကြည်နိုင်တဲ့ အရိပ်အယောင်တွေ ပေါ်လာတယ်။

"မင်း…" ဖူချန်ရွှယ် တုန်လှုပ်သွားတယ်။

"ဘာ!?"

"ဒါ ဓာတ်ငါးပါး ဓားတာအိုပဲ။"

"ဖူချန်ရွှယ် တကယ်ကြီး ရှုံးသွားတာလား။"

"ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ?"

ပတ်ဝန်းကျင်မှာ ရှိနေတဲ့ အကြီးအကဲအားလုံး တုန်လှုပ်သွားကြတယ်။ အဖြစ်အပျက်က သူတို့ ထင်ထားတာထက် လုံးဝ ကျော်လွန်သွားလိမ့်မယ်လို့ မထင်ထားကြဘူး။ အ‌မွေခံတပည့် ဖြစ်တာ သုံးနှစ်ရှိပြီဖြစ်တဲ့ ဖူချန်ရွှယ်က အမွေခံတပည့် ဖြစ်တာ တစ်လပဲ ရှိသေးတဲ့ ချီမင့်ကို တကယ် ရှုံးသွားတာပဲ။

ကိုယ့်မျက်စိနဲ့ တပ်အပ် မမြင်ရရင်၊ ဒီမှာ ရှိနေတဲ့ လူတိုင်း ယုံနိုင်မှာ မဟုတ်ဘူး။

"‌ မောင်လေး။" လုချင်းယန် အံ့ဩဝမ်းသာ ဖြစ်သွားတယ်။

"တကယ် အံ့ဩစရာကောင်းတဲ့ ဓာတ်ငါးပါး ဓားတာအိုပဲ။"

ဗုန်း!

ရုတ်တရက်၊ နောက်ထပ် အမွေခံတပည့် တစ်ယောက်ရဲ့ အသံ ထွက်ပေါ်လာတယ်။ သူက အစွန်းရောက်ကိုးပါးတောင်ထွတ် ကပဲ။ သူကအစွန်းရောက်ကိုးပါးဂိုဏ်းစုဝေးပွဲအမိန့်အမှတ်တံဆိပ်ကို ကိုင်ထားပြီး အော်လိုက်တယ်၊ "အစွန်းရောက်ကိုးပါးတောင်ထွတ်ရဲ့ အမွေခံတပည့်၊ ကျိုးခန်းဝမ်။"

"ဂျူနီယာညီလေး ချီရဲ့ဓာတ်ငါးပါးဓားတာအိုကိုလာစိန်ခေါ်ပါတယ်!"

ဝီ! ဝီ!

အမိန့်အမှတ်တံဆိပ်က လေကို ထိုးခွင်းသွားပြီးအစွန်း‌ရောက်ကိုးပါးဖြစ်စဉ်အဖြစ် ပြောင်းလဲသွားကာ လေထဲမှာ ကောင်းကင်ဘုံ ကိုးထပ် ကို ဖန်တီးလိုက်တယ်။

အစွန်းရောက်ကိုးပါး

ကောင်းကင်ဘုံ ကိုးထပ်!

ကျွတ်! ကျွတ်!

ကျိုးခန်းဝမ်က သူ့ရဲ့ 'တာအို' ကို တိုက်ရိုက် ထုတ်ဖော်လိုက်တယ်။ သူ့ရဲ့ 'တာအို' က ကောင်းကင်ဘုံ ကိုးထပ် တာအိုဖြစ်တယ်။ ဒါက ကောင်းကင်ဘုံကိုးထပ်ကိုဖန်တီးထားတဲ့ဟင်းလင်းပြင်တာအိုကနေဆင်းသက်လာတာဖြစ်တယ်။

All Chapters