ကြာပန်းစိမ်းက ပုံစံအမျိုးမျိုး နဲ့ပွင့်လန်းပြီး ဓားသိုင်းက ကောင်းကင်နက္ခတ်တာရာတွေကို နှိမ်နင်းမယ်
Vol. 4 Ch. 52
ကောင်းကင်ဘုံဉာဏ်အလင်းမြို့ရဲ့ ကောင်းကင်ယံမှာ ကျိုးခန်းဝမ်နဲ့ ချီမင်တို့ တိုက်ခိုက်နေကြတယ်။ နှစ်ယောက်လုံးရဲ့ တာအိုလမ်းစဉ်တွေက ပေါ်ထွက်နေပြီ၊ ပတ်ဝန်းကျင်က ဝိညာဉ်စွမ်းအင်တွေလည်း ပြင်းထန်စွာနဲ့ လှုပ်ခတ်နေတယ်။
သိထားရမှာက ကျိုးခန်းဝမ်ဆိုတာ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းကို ဝင်တာ ခြောက်နှစ်တောင်ရှိပြီ။ သူ့ရဲ့ ကျင့်ကြံမှုအဆင့်က အခြေခံတည်ဆောက်ခြင်းနှောင်းပိုင်းအဆင့်ကို ရောက်နေပြီ၊အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ရောက်ဖို့ဆိုတာ တစ်လှမ်းပဲလိုတော့တယ်။
(ရွှေအမြူတေအဆင့်နဲ့တူတူပါပဲ။အမြူတေဖွဲ့စည်းခြင်းအဆင့်ရဲ့ ထိပ်တန်းအဆင့်ကိုရွှေအမြူတေအဆင့်ဆိုပြီးခေါ်တာပါ။အရင်အပိုင်း42မှာ ရွှေအမြူတေအဆင့်ဆိုပြီးပြန်ခဲ့တာကိုနောက်ပိုင်း အမြူတေဖွဲ့စည်းခြင်းအဆင့်ဆိုပြီးပြင်မှာပါ။)
ပြီးတော့ ကျိုးခန်းဝမ်ရဲ့ အရည်အချင်းနဲ့ ပတ်သက်လို့ ပြောရရင်...
သူ့မှာ ‘သစ်သားနဲ့မီးဓာတ် ဝိညာဉ်အမြစ်’ ရှိတယ်။ သူ့ရဲ့ ခန္ဓာကိုယ်က ‘ဝိညာဉ်ဉာဏ်အလင်း တာအိုခန္ဓာ’၊ သူ့ရဲ့ နားလည်နိုင်စွမ်းက ‘ပါရမီရှင်’၊ သူ့ရဲ့ အခြေခံက ‘ဖန်သလင်း’၊ ပြီးတော့ သူ့ရဲ့ ကံကြမ္မာက ‘သုံးရောင်ခြယ်’။ ဒါတွေက ဖူချန်ရွှယ်နဲ့ သိပ်မကွာဘူး။
ဒါပေမဲ့ ကျိုးခန်းဝမ်ရဲ့ ကျင့်ကြံမှုအဆင့်နဲ့ အင်အားကတော့ ဖူချန်ရွှယ်ထက် သာတယ်။
“ဓာတ်ငါးပါးဓားတာအို”
ကလောင်!
ဓားသံတစ်ချက် ပတ်ဝန်းကျင်မှာ ထွက်ပေါ်လာတယ်။
ချီမင်က သူ့ခန္ဓာကိုယ်ထဲက ကျင့်စဉ်ကို လည်ပတ်စေလိုကါပြီး ကျိုးခန်းဝမ်ရဲ့ ကောင်းကင်ကိုးထပ် တာအိုကို ရင်ဆိုင်ဖို့ဓာတ်ငါးပါးဓားတာအိုကို သုံးလိုက်တယ်။ ဒါက အမှန်တော့ ဟင်းလင်းပြင်တာအိုရဲ့ဆင့်ပွားဖြစ်တယ်။
အစွန်းရောက်ကိုးပါး
ကောင်းကင်ဘုံကိုးထပ်။
ကောင်းကင်ဘုံကိုးထပ်ဆိုတာ ဘာလဲ?
အဲဒါတွေက အလယ်၊ မြောက်၊ တောင်၊ အရှေ့၊ အနောက်၊ အနောက်မြောက်၊ အရှေ့မြောက်၊ အနောက်တောင်၊ အရှေ့တောင် ဆိုတဲ့ အရပ်ကိုးမျက်နှာကို ကိုယ်စားပြုတယ်။
ဟင်းလင်းပြင်က ကောင်းကင်ဘုံကိုးထပ်အဖြစ် ပြောင်းလဲသွားတယ်။
ဒါကအစွန်းရောက်ကိုးပါးတောင်ထွတ်ရဲ့ နံပါတ်တစ် အမွေခံ ကျင့်စဉ်ဖြစ်တယ်။
အဲဒါကို ကောင်းကင်ဘုံကိုးထပ် အထွတ်အထိပ်သိုင်းကျမ်းလို့ ခေါ်တယ်။
တကယ်အဆုံးစွန်အဆင့်ထိ ကျင့်ကြံပြီးသွားရင်၊ ဆန်းကြယ်ပြီး အထွတ်အထိပ်ဖြစ်တဲ့ နယ်ပယ်ကို ရောက်နိုင်တယ်။ ကောင်းကင်ဘုံရဲ့ အရှင်သခင်ဖြစ်လာဖို့ ကောင်းကင်ဘုံကိုးထပ်ကမ္ဘာကိုဖန်တီးနိုင်လာလိမ့်မယ်။
သေချာတာကဒီအဆင့်ကို ရောက်ဖို့ဆိုတာ စိတ်ကူးယဉ်ဆန်တယ်။ တကယ်တမ်း အကောင်အထည်ဖော်ဖို့လည်းခက်ခဲတယ်။
ဒါက ကောင်းကင်ဘုံကိုးထပ် အထွတ်အထိပ်သိုင်းကျမ်းရဲ့ အစွမ်းကို သက်သေပြဖို့ လုံလောက်နေပြီ။
ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းမှာ၊ ကောင်းကင်ဘုံကိုးထပ် အထွတ်အထိပ်သိုင်းကျမ်းက သောင်းပြောင်းကြာပန်းဓားသိုင်းကျမ်းရဲ့ နောက်မှာပဲ ရှိတယ်။
“ဂျုနီယာညီလေးချီ”
ကျိုးခန်းဝမ်ရဲ့ အကြည့်က တည်ငြိမ်ပြီး အရမ်းကို ယုံကြည်မှုရှိနေတယ်။ သူက “ငါ့မျက်စိထဲမှာတော့ မင်းရဲ့ဓာတ်ငါးပါးဓားတာအိုက အားနည်းလွန်းသေးတယ်။ တကယ့် တာအိုအစစ်နဲ့ ယှဉ်ရင် အများကြီး ကွာဝေးနေသေးတယ်” လို့ ပြောလိုက်တယ်။
“မင်း ရှုံးပြီ”
“ဘူးဇ်”
ခရက်! ခရက်! ခရက်!!!
ကျိုးခန်းဝမ်ရဲ့ ကောင်းကင်ဘုံကိုးထပ် တာအိုက တဟုန်ထိုး ကျဆင်းလာတယ်။ ဒါက မျက်စိနဲ့မမြင်နိုင်တဲ့ တာအိုလမ်းစဉ်တွေရဲ့ ရင်ဆိုင်တိုက်ခိုက်မှုဖြစ်တယ်။ ဟင်းလင်းပြင်တစ်ခုလုံး တုန်ခါသွားပြီး ဝိညာဉ်စွမ်းအင်တွေက လေပြင်းမုန်တိုင်းလို ဖြစ်ပေါ်လာတယ်။
ဘုန်း!
ချီမင်ရဲ့ ဓာတ်ငါးပါးဓားတာအိုက ပြိုလဲကျသွားတယ်။ ကျိုးခန်းဝမ်ရဲ့ ကောင်းကင်ဘုံကိုးထပ် တာအိုကို တကယ်ပဲ မခံနိုင်လိုက်ဘူး။
အရမ်းသန်မာတယ်!
သူက တကယ်ကို အရမ်းသန်မာတယ်!
ပြောရမယ်ဆိုရင် ကျိုးခန်းဝမ်ရဲ့ ကျင့်ကြံမှုအဆင့်က အမွေခံတပည့် တစ်ဆယ့်နှစ်ယောက်ထဲမှာ အသန်မာဆုံး မဟုတ်ဘူး၊ ပျမ်းမျှအောက်တောင် ပြောလို့ရပေမယ့် သူ့ရဲ့ တာအိုကတော့ အရမ်းကိုစိုးမိုးပြီး အစွမ်းထက်တယ်။
ဘာပဲဖြစ်ဖြစ်၊ ကောင်းကင်ဘုံကိုးထပ် အထွတ်အထိပ်သိုင်းကျမ်းက သောင်းပြောင်းကြာပန်းဓားသိုင်းကျမ်းရဲ့ နောက်မှာပဲ ရှိတယ်။
“ချီမင် ရှုံးသွားပြီ။”
အစွန်းရောက်ကိုးပါးတောင်ထွတ်ရဲ့ အတွင်းစည်း ဂိုဏ်းအကြီးအကဲ ကျန်းနန်ရှင်းက ဆံပင်ဖြူနေတဲ့ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်ဖြစ်တယ်။ သူက သင်္ဘောဦးပိုင်းမှာရပ်ပြီး “ကောင်းကင်ဘုံကိုးထပ် အထွတ်အထိပ်သိုင်းကျမ်းရဲ့ နာမည်ကျော်ကြားမှုက ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းမှာ လူသိများတယ်လို့ ပြောလို့ရတယ်။ တောင်ပိုင်းဒေသတစ်ခုလုံးမှာတောင် အရမ်းနာမည်ကြီးတယ်” လို့ ပြောလိုက်တယ်။
“ဟုတ်တယ်!”
“အစွန်းရောက်ကိုးပါးတောင်ထွတ်ရဲ့ အမွေခံတပည့်တစ်ယောက်ဆီက မျှော်လင့်ထားတဲ့အတိုင်းပဲ။ သူက ကောင်းကင်ဘုံကိုးထပ်အထွတ်အထိပ်သိုင်းကျမ်းကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ထားတာပဲ။ ဒီလိုဆိုရင် ကျိုးခန်းဝမ်ရဲ့ ကျင့်ကြံမှုက အခြေခံတည်ဆောက်ခြင်းအဆင့်နှောင်းပိုင်းမှာပဲ ရှိနေရင်တောင်၊ တာအိုနဲ့ပတ်သက်လာရင် တိုက်ပွဲမြေပြင်ပေါ်က ဘယ်အမွေခံတပည့်ကိုမှ ကြောက်နေရမှာမဟုတ်ဘူး။”
“ချီမင်က အမွေခံတပည့်ဖြစ်တာ တစ်လပဲရှိသေးတယ်၊ ဒါပေမဲ့ သူက တာအိုပြိုင်ပွဲမှာဖုန်းကွယ်ဓားတောင်ထွတ်ရဲ့ အမွေခံတပည့် ဖူချန်ရွှယ်ကိုတောင် ဖိနှိပ်နိုင်ခဲ့ပြီ။ သူက တော်တော်လေး အစွမ်းထက်နေပြီ။”
“ချီမင်က ကျိုးခန်းဝမ်ကို ရှုံးသွားတာကတော့ နားလည်ပေးနိုင်ပါတယ်။”
“ဟုတ်တယ်၊ ဟုတ်တယ်။”
အကြီးအကဲတွေက သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြတယ်။
“ကောင်းကင်ဘုံကိုးထပ် တာအို။”
ချီမင်က ထိတ်လန့်မသွားဘူး။ သူက ကောင်းကင်ဘုံကိုးထပ် တာအိုရဲ့ ဖိအားကို ရင်ဆိုင်ရင်း ခြေတစ်လှမ်းတောင် နောက်မဆုတ်ခဲ့ဘူး၊ “သူ တကယ်ပဲ အရမ်းသန်မာတာပဲ။”
“ဂျူနီယာမောင်လေး။”
လုချင်းယန်က နည်းနည်း စိုးရိမ်သွားတယ်။
“အမွေခံတပည့် ချီ။”
အကြီးအကဲထန်က “ကျိုးခန်းဝမ်က ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ အမွေခံတပည့်ဖြစ်နေတာ ခြောက်နှစ်တောင်ရှိပြီ။ မင်း ကျိုးခန်းဝမ်ကို ရှုံးတာက ရှက်စရာမဟုတ်ပါဘူး” လို့ ပြောလိုက်တယ်။
“ခဏတာ အောင်မြင်မှု၊ ရှုံးနိမ့်မှုဆိုတာက ဘာမှ အဓိပ္ပာယ်မရှိပါဘူး။” ချီချင်းကလည်း ဝင်ပြောလိုကိတယ်။
“ဟုတ်တယ်၊ ဟုတ်တယ်!”
ပတ်ဝန်းကျင်မှာ၊တိမ်စိမ်းတောင်ထွတ်ရဲ့ အပြင်စည်းဂိုဏ်း အကြီးအကဲတွေက ထပ်ခါထပ်ခါ ခေါင်းညိတ်နေကြတယ်။
သိထားရမှာက ချီမင်က ဒီကမ္ဘာက မဟုတ်ဘူး။ သူက ကမ္ဘာမြေကနေ ကူးပြောင်းလာတာဖြစ်တယ်။ သူက အောင်မြင်တဲ့လူတစ်ယောက် မဟုတ်ပေမဲ့၊ ကမ္ဘာမြေမှာ သူ့ကိုယ်ပိုင် အလုပ်အကိုင်တော့ ရှိခဲ့တယ်။
ချီမင်မှာ အပန်းဖြေစရာ နည်းလမ်းတွေ သိပ်အများကြီး မရှိဘူး။
ဝတ္ထုတွေဖတ်တာ၊ ကာတွန်းတွေကြည့်တာ၊ ရုပ်ရှင်တွေကြည့်တာက သူ့ရဲ့ အပန်းဖြေနည်းပဲဖြစ်တယ်။ တစ်ခါတလေ ချီမင်က ပိတ်ရက်တွေမှာ လေ့ကျင့်ခန်းလုပ်ဖို့ အားကစားခန်းမကို သွားတတ်တယ်။
ချီမင်ဖတ်ခဲ့တဲ့ ဝတ္ထုတွေထဲမှာ သတိကြီးလွန်းတဲ့ ဇာတ်လိုက်တွေ ရှိတယ်။
သူက တကယ်တော့ အရမ်းကို အစွမ်းထက်နေပေမယ့် သူ့ရဲ့စွမ်းအားအစစ်အမှန်ရဲ့ ရေခဲပြင်ထိပ်ဖျားလေးပဲ ပြထားတတ်တယ်။ ဘယ်လိုရန်သူမျိုးကိုမဆို သူက အင်အားအကုန်သုံးပြီး တိုက်ခိုက်မယ်၊ ပြီးတော့ သူ့ရဲ့အပြင်းထန်ဆုံးနဲ့ကျိန်းသေသတ်နိုင်တဲ့ပညာနဲ့ ရန်သူတွေကို အစရှာမရအောင် ချေမှုန်းပစ်လိုက်တယ်။
မိုက်ရူးရဲဆန်တဲ့ ဇာတ်လိုက်တွေလည်း ရှိသေးတယ်။
သူကအင်အားနည်းသေးပေမယ့် ကြောက်စရာကောင်းတဲ့ ရန်သူတွေကို သွားတိုက်ခိုက်တယ်။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် သူက အဆင့်တွေကျော်ပြီး ရန်သူတွေကို ဖျက်ဆီးပစ်လိုက်တယ်။ သူကတိုက်ပွဲဖြစ်တဲ့နေရာတစ်ခုလုံးကို အံ့အားသင့်သွားစေပြီးတော့သူကအောင်ပွဲရသွားတယ်။
ဉာဏ်ကောင်းလွန်းတဲ့ ဇာတ်လိုက်တွေလည်း ရှိတယ်။
သူက သူ့ရဲ့ထူးခြားတဲ့စိတ်နဲ့ အကြံအစည်တွေကို အားကိုးပြီး အရာအားလုံးကို ကြံစည်တယ်။ ရန်သူတွေကို သူ့ရဲ့အကြံအစည်တွေထဲကို တစ်ကြိမ်ပြီးတစ်ကြိမ် ဆွဲသွင်းတယ်။ နောက်ဆုံးမှာတော့ ရန်သူတွေက သူတို့ဘယ်လိုသေသွားလဲ၊ အရာအားလုံးရဲ့နောက်ကွယ်က တကယ့်တရားခံက ဘယ်သူလဲဆိုတာတောင် မသိလိုက်ဘူး။
…
ဒါပေမဲ့ ဝတ္ထုဆိုတာ ဝတ္ထုပါပဲ။
ချီမင်က လက်တွေ့ဘဝမှာ နေထိုင်နေတာဖြစ်တယ်။
ဝတ္ထုဇာတ်လမ်းတွေရဲ့ လွှမ်းမိုးမှုကြောင့် သူ့ရဲ့အတွေးတွေက ဝတ္ထုဇာတ်လမ်းတွေအတိုင်း လိုက်နေတာ ဖြစ်နိုင်တယ်။
ဘာပဲဖြစ်ဖြစ်ချီမင်ကဒီလိုထူးဆန်းတဲ့ကျင့်ကြံခြင်းလောကကို ကူးပြောင်းလာတာကို ကြုံတွေ့ခဲ့ပြီးပြီ။
သူက အဲဒီထဲမှာ နစ်မျောမနေဘဲ မနေနိုင်ဘူး။
ဒါကြောင့်ပဲ ချီမင်က သတိကြီးကြီးထားပြီး ဂရုစိုက်တတ်လာတယ်။ သူ့မှာ စိုးရိမ်ပူပန်မှုအမျိုးမျိုး ရှိနေတယ်။ ဒီအတွေးတွေက ချီမင်ကို နည်းနည်း ချုပ်တည်းထားသလို ခံစားရစေတယ်။
ကျိုးခန်းဝမ်ရဲ့ ကောင်းကင်ဘုံကိုးထပ်တာအိုရဲ့ ဖိအားကြောင့် ချီမင်က သူ့ရဲ့အကျပ်အတည်းကို ရုတ်တရက် သဘောပေါက်သွားတယ်။
“ငါက ငါပဲ။”
“သတိကြီးတာပဲဖြစ်ဖြစ်၊ မိုက်ရူးရဲဆန်တာပဲဖြစ်ဖြစ်၊ ဉာဏ်များလွန်းတာပဲဖြစ်ဖြစ်။”
“ငါ့ရဲ့လုပ်ရပ်အားလုံးက ငါ့အတွက်ပဲ။”
“ငါက တစ်ယူသန်ဆန်ပြီး သတိကြီးနေတာမျိုး မဖြစ်ချင်ဘူး၊ တစ်ယူသန်ဆန်ပြီး မိုက်ရူးရဲဆန်တာမျိုးလည်း မဟုတ်ဘူး၊ အတင်းအကျပ် ထောင်ချောက်ဆင်တာမျိုးလည်း မလုပ်ချင်ဘူး။”
“အဲဒီအစား ငါက လိုအပ်ရင် သတိထားမယ်၊ စိတ်လိုက်မာန်ပါ လုပ်ချင်လုပ်မယ်၊ ကြံစည်သင့်ရင် ကြံစည်မယ်။”
“ငါက အခြေအနေအရ နည်းလမ်းအမျိုးမျိုး သုံးသွားမယ်။”
“ဒါက ဘာကိုဆိုလိုသလဲဆိုတော့…”
“ဒီတစ်ခါငါက ဒီအမွေခံတတပည့်အားလုံးကို လူအားလုံးရှေ့မှာ နှိမ်နင်းဖို့ ရွေးချယ်လိုက်ပြီ။”
“ကြာပန်းစိမ်းက ပုံစံအမျိုးမျိုး နဲ့ပွင့်လန်းပြီး ဓားသိုင်းက ကောင်းကင်နက္ခတ်တာရာတွေကို နှိမ်နင်းမယ်။”
ဘုန်း!
ချီမင်က ခပ်အုပ်အုပ်အော်လိုက်ပြီး ကျိုးခန်းဝမ်ကို တည့်တည့် ရင်ဆိုင်လိုက်တယ်။ သူက နောက်တစ်လှမ်း ထပ်တိုးလိုက်တော့ ချီမင်ရဲ့ခန္ဓာကိုယ်ထဲကနေ အစိမ်းရောင်ဓားရောင်ခြည်တွေ ချက်ချင်း ထွက်ပေါ်လာတယ်။
“ဒါက…”
လုချင်းယန်က ချီမင်နဲ့ အနီးဆုံးမှာ ရှိနေတယ်။ ဒီလောက်အစွမ်းထက်တဲ့ ဓားသိုင်းကို သူက ပထမဆုံး ခံစားမိလိုက်တယ်။ သူ့ရဲ့လှပတဲ့မျက်နှာပေါ်မှာ အံ့အားသင့်တဲ့အမူအရာတစ်ခု ပေါ်လာတယ်၊ “ဂျူနီယာမောင်လေး၊ နင်…”
ချွမ်! ချွမ်! ချွမ်!!!
ဓားသံတွေက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာတယ်။
အဲဒါက တဖြည်းဖြည်းနဲ့ အရပ်လေးမျက်နှာကို ပျံ့နှံ့သွားပြီး ရှိနေတဲ့လူတိုင်းရဲ့ နားထဲကို ဝင်ရောက်သွားတယ်။
“ဒါက ဓာတ်ငါးပါးဓားသိုင်း မဟုတ်ဘူး!” အကြီးအကဲထန်က အော်လိုက်တယ်။
သတ္တု၊ သစ်၊ ရေ၊ မီး၊ မြေ။
ဓာတ်ငါးပါးဓားစိတ်ဆန္ဒက အရင်ဆုံး ပုံပေါ်လာပြီး ကောင်းကင်ကို တက်သွားတယ်။ ဒါပေမဲ့ ချီမင်ရဲ့အ ပေါ်ကကောင်းကင်မှာတော့ အဲဒါက တောက်ပလင်းလက်နေတဲ့ အစိမ်းရောင်ပွင့်ဖတ်ငါးလွှာပန်းပွင့်အဖြစ် ပြောင်းလဲသွားတယ်။
“အစိမ်းရောင် ပန်းပွင့်တွေ။”
“ဒီခံစားချက်၊ ဒီအငွေ့အသက်၊ ဒီသဘောထား၊ ဒီဖိအား…”
“ပြီးတော့ ချီမင် ခုနကပြောလိုက်တဲ့ စကားလည်း ရှိသေးတယ်။”
“ဒါက ဖြစ်နိုင်ပါ့မလား…”
ဒီအချိန်မှာ လူတိုင်းရဲ့မျက်နှာပေါ်မှာ မယုံနိုင်တဲ့အမူအရာတွေ ပေါ်လာတယ်။
ဘုန်း!
“သောင်းပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်း!” ချီမင်က ခပ်အုပ်အုပ်အော်လိုက်ပြီး သောင်းပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်းရဲ့အစွမ်းကို အပြည့်အဝ ထုတ်ဖော်ပြသလိုက်တယ်။ ဓားစိတ်ဆန္ဒတွေက ချီမင်ရဲ့ခန္ဓာကိုယ်ထဲကနေ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာတယ်။
ရေခဲ၊ လေ၊ လျှပ်စီး။
သူတို့က အစိမ်းရောင်ပွင့်ဖတ်သုံးလွှာပန်းပွင့်အဖြစ် ပြောင်းလဲသွားတယ်။
ယင်၊ ယန်။
အချိန်၊ နေရာ။
အစိမ်းရောင်ပွင့်ဖတ်လေးလွှာပန်းပွင့်ပေါ်လာတယ်။
ကောင်းကင်မှာတော့အစိမ်းရောင်ပွင့်ဖတ်ဆယ့်နှစ်လွလွှာပန်းပွင့်က တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားပြီး အလွန်နက်နဲတဲ့ သောင်းပြောင်းကြာပန်းစိမ်းဓားသိုင်း ကျမ်းပေါ်ထွက်လာတယ်။ တကယ့်အစစ်အမှန်လို ထင်ရတဲ့ပွင့်ဖတ်ဆယ့်နှစ်လွှာ သောင်းပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်းတစ်ခု ပေါ်လာတယ်။
“ဒါ တကယ်ပဲ သောင်းပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်းပဲ!”
“ဟူး…”
“ဒါဘယ်လိုဖြစ်နိုင်မှာလဲ? ဒါဘယ်လိုဖြစ်နိုင်မှာလဲ?!”
“ချီမင်က တကယ်ပဲ သောင်းပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်းကို ကျင့်ကြံပြီး အောင်မြင်သွားတယ်!”
“မယုံနိုင်စရာပဲ၊ တကယ်ကို မယုံနိုင်စရာပဲ။”
“…”
အကြီးအကဲတွေက အရမ်းကိုတုန်လှုပ်သွားကြတယ်။
“ဂျူနီယာမောင်လေး။”
လုချင်းယန်က သူ့ခံစားချက်ကို ဘယ်လိုဖော်ပြရမှန်း မသိတော့ဘူး။ သူ အံ့အားသင့်ပြီး ဝမ်းသာနေတယ်။ တစ်ချိန်တည်းမှာပဲ သူက ချီမင်ကို တောက်ပတဲ့အကြည့်နဲ့ ကြည့်ရင်း အရမ်းကို တုန်လှုပ်နေတယ်။
“ဒါ တကယ်ပဲ သောင်းပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်းပဲကိုး။”
ကျိုးခန်းဝမ်က သူ့ရဲ့မျက်နှာအမူအရာက အရင်ကအတိုင်းတည်ငြိမ်မှာ မဟုတ်ဘူးလို့မထင်ထားဘူး။ အဲဒီအစား အရမ်းကိုအလေးအနက်ဖြစ်သွားတယ်၊ “ဒါ တကယ်ပဲ မထင်မှတ်ထားစရာပဲ။”