မသေမျိုးဖြစ်စဉ်တောင်ထွတ်
Vol. 4 Ch. 53
“စီနီယာအစ်ကိုကျိုး။”
ဒီအခြေအနေအောက်မှာ ချီမင်က သူ့ရဲ့စိတ်စွမ်းအင်နဲ့ ကျင့်စဉ်ကို လှည့်ပတ်လိုက်တယ်။ သူ့ရဲ့ကျင့်ကြံမှုအဆင့်ကို သူ ဆက်ဖုံးကွယ်ထားလို့ မရတော့ဘူး။ ပြီးတော့ သူက လေးနက်တဲ့အသံနဲ့ မေးလိုက်တယ်၊ “ခင်ဗျား ဒါကို တောင့်ခံနိုင်ပါ့မလား။”
“ဂျူနီယာညီလေးချီ! လာခဲ့!”
ကျိုးခန်းဝမ်က အသက်ပြင်းပြင်းရှူလိုက်ပြီး အော်လိုက်တယ်၊ “ကောင်းကင်ဘုံကိုးထပ် အထွတ်အထိပ်သိုင်းကျမ်း။”
ဘုန်း! ဘုန်း! ဘုန်း!!!
ကျိုးခန်းဝမ်က ကျင့်စဉ်ကို အစွမ်းကုန်လှည့်ပတ်ပြီး သူ့ရဲ့တာအိုကို အစွမ်းကုန်ပြသလိုက်တယ်။ကောင်းကင်ဘုံကိုးထပ်တာအိုကပျက်စီးသွားပြီး မမြင်နိုင်တဲ့ ဖိအားတစ်ခုက လှိုင်းထလာတယ်။
“ချိုးဖျက်။”
ဂျိမ်း!!!
ချီမင်က သူ့လက်တွေကို နောက်ပစ်ထားပြီး မလှုပ်ရှားတော့ဘူး။ သူကဖြည်းဖြည်းလေး အော်လိုက်တယ်။ သူ့ခေါင်းပေါ်မှာ ဆယ့်နှစ်လွှာသောင်းပြောင်းကြာပန်းစိမ်းက လွင့်မြောပေါ်ပေါက်လာပြီး ဓားချီတွေနဲ့တူတဲ့အစိမ်းရောင်အလင်းလွှာတွေကိုလွှတ်ချလိုက်တယ်။
ပြီးတော့ဆယ့်နှစ်လွှာ သောင်းပြောင်းကြာပန်းစိမ်းက ညင်သာစွာနဲ့လည်ပတ်သွားပြီးစိမ်းရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာတယ်။ အဲဒါက မမြင်နိုင်၊ထိတွေ့လ်ို့မရတဲ့ ကျိုးခန်းဝမ်ရဲ့ကောင်းကင်ဘုံကိုးထပ်တာအိုကို ဖျက်ဆီးပစ်လိုက်တယ်။
“အင့်!!!”
ကျိုးခန်းဝမ် ဖန်တီးထားတဲ့ ကောင်းကင်ဘုံကိုးထပ်ရဲ့ ထူးခြားဖြစ်စဉ်က တိုက်ရိုက် ပျောက်ကွယ်သွားတယ်။ သူတန်းညည်းညူလိုက်ပြီး သူ့မျက်နှာက လုံးဝ ဖြူဖျော့သွားတယ်။ သူ့ပါးစပ်ထောင့်ကနေ သွေးတွေစီးကျလာပြီးမခံနိုင်တော့ဘဲ သွေးတစ်လုတ် အန်ထုတ်လိုက်တယ်။
ဝှစ်! ဝှစ်! ဝှစ်!
ကျိုးခန်းဝမ်က နောက်ကို ခြေလှမ်းနည်းနည်းဆုတ်သွားတယ်။
“အမွေခံတပည့်ကျိုး။”
ပိုင်ကျုံးဂျန်က ကျိုးခန်းဝမ်ကို အမြန်ထိန်းပေးလိုက်တယ် “မင်းအဆင်ပြေရဲ့လား။”
“အဆင် အဆင်ပြေပါတယ်။...”
ကျိုးခန်းဝမ်က စိတ်အခြေအနေမကောင်းစွာနဲ့ပဲ ခေါင်းခါလိုက်တယ်။ သူက ခေါင်းမော့ပြီး ချီမင်ကို တစ်ချက်ကြည့်လိုက်ပြီးမှ သူ့ခေါင်းပေါ်က ဆယ့်နှစ်လွှာရှိတဲ့ သောင်းပြောင်းကြာပန်းစိမ်းကို ကြည့်လိုက်တယ်။ သူ့နှလုံးသားထဲမှာ အားမလိုအားမရဖြစ်တဲ့ ခံစားချက်တွေ တိုးဝင်လာတယ်။
“အကြီးအကဲ ပိုင်...”
ကျိုးခန်းဝမ်က မနေနိုင်ဘဲ မေးလိုက်တယ်၊ “သောင်းပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်းက တကယ်ပဲ အဲ့လောက်တောင် အစွမ်းထက်တာလား။ ကောင်းကင်ဘုံကိုးထပ်အထွတ်အထိပ်သိုင်းကျမ်းက သူ့ရဲ့နောက်မှာပဲ ရှိတာလား!”
“အင်း။” ပိုင်ကျုံးကျွင်းက ခေါင်းညိတ်ပြတယ်၊ “ငါလည်း သိပ်တော့မသေချာဘူး၊ ဒါပေမဲ့ မင်းလည်း သိသားပဲ၊ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ သမိုင်းမှာ သောင်းပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်းကို တကယ်ကျွမ်းကျင်ပိုင်နိုင်ခဲ့တာ သုံးယောက်ပဲ ရှိတယ်။”
“ဂိုဏ်းချုပ်ရဲ့ လက်ရှိအစွမ်းအရဆိုရင် တောင်ပိုင်းဒေသတစ်ခုလုံးမှာ ဂိုဏ်းချုပ်နဲ့ တကယ်တိုက်ခိုက်ဖို့ ထိုက်တန်တဲ့သူကနည်းနည်းပဲရှိတယ်။”
“သိပ်မကြာခင်ကပဲ ဂိုဏ်းချုပ်က ဓားတစ်လက်နဲ့ နတ်ဆိုးနန်းတော်ရဲ့ ကောင်းကင်ဘုံကိုးထပ်ပေါ်မှာ တင်ပလ္လင်ခွေထိုင်တယ်။ပြီးတော့ နတ်ဆိုးနန်းတော်တစ်ခုလုံးကို စစ်ကူတစ်ယောက်မှ မစေလွှတ်ရဲအောင် ဖိအားပေးနိုင်လိုက်တယ်။ ဒါကြောင့် သောင်းပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်းက ဘယ်လောက်အစွမ်းထက်လဲဆိုတာ မင်းသိသင့်တယ်။”
“မင်းကိုယ်တိုင်လည်း အရင်တုန်းက သောင်းပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်းကို မကျင့်ကြံခဲ့တာမှ မဟုတ်တာ။ ဘယ်လိုရလဒ်တွေရမလဲဆိုတာ မင်းသိမှာပေါ့။”
“ငါ...”
ကျိုးခန်းဝမ်က တိတ်ဆိတ်သွားတယ်။ သူက ချီမင်ကို အရမ်းရှုပ်ထွေးတဲ့ အကြည့်နဲ့ ကြည့်လိုက်ပြီး၊ “ငါက သောင်းပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်းကို လုံးဝမကျင့်ကြံနိုင်ခဲ့ဘူး၊ ဘာလို့လဲဆိုတော့ အဲ့ဒါက တကယ်... အရမ်းခက်လို့ပဲ။”
“ဒါပေမဲ့ ချီမင်က အမွေခံတပည့်ဖြစ်တာလွန်ခဲ့တဲ့တစ်လကလေ။ သူက တစ်လတည်းနဲ့ သောင်းပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်းကို ကျွမ်းကျင်သွားပြီး အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်သွားတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။ ငါတော့ တကယ်မယုံနိုင်ဘူး။”
“ဟုတ်တယ်။” ပိုင်ကျုံးဂျန်က ခေါင်းညိတ်လိုက်တယ်။ “ဒါက ချီမင်ရဲ့ ပါရမီက ငါတို့စိတ်ကူးနိုင်တာထက် ကျော်လွန်သွားပြီလို့ပဲ ဆိုလိုတာပဲ။”
“ဖြစ်နိုင်တာကသူ့မှာသူ့ရဲ့ကိုယ်ပိုင်အခွင့်အရေးတွေ ရှိနေလို့ဖြစ်မယ်။”
“ဂျူနီယာမောင်လေး၊ နင်...”
လုချင်းယန်က အံ့ဩစိတ်ကနေ အချိန်အတော်ကြာတဲ့အထိ ပြန်မတည်ငြိမ်နိုင်ဘူး။ သူမ မနေနိုင်ဘဲ မေးလိုက်တယ်၊ “မနေ့က နင် ဆရာနဲ့ငါ့ကို အကြိုသိုင်းနည်းစနစ်ဆယ်ခုပဲ ကျွမ်းကျင်သေးတယ်လို့ ပြောခဲ့တယ်မဟုတ်လား။”
“ဘာလို့ အခုကျတော့... မင်းက သိုင်းနည်းစနစ်ဆယ့်နှစ်ခုလုံးမှ ပြီးပြည့်စုံတဲ့အဆင့်ကို ရောက်နေရုံတင်မကဘူး၊ သောင်းပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်းကိုတောင် ကျင့်ကြံပြီးပြီ။ အခြေခံတည်ဆောက်ခြင်းအစောပိုင်းအဆင့်ကိုတောင်အောင်အောင်မြင်မြင်ရောက်နေပြီ။”
“နင်က နင့်ရဲ့စီနီယာအစ်မနဲ့ ဆရာ့ကို တမင်တကာ ဖုံးကွယ်ထားမလို့ ရည်ရွယ်တာလား။”
“စီနီယာအစ်မ၊ အစ်မက စိုးရိမ်လွန်နေတာပါ”
ချီမင်က ရှင်းပြလ်ိုက်တယ်၊ “တကယ်တော့ ကျွန်တော်က ခဏလောက်ဖုန်းကွယ်ထားမလို့ပါ။ လူသိသိပ်မခံချင်ရုံပါ၊ တခြားအတွေးလည်း မရှိပါဘူး။ မဟုတ်ရင် ဒီလိုအခြေအနေမျိုးမှာ ကျွန်တော် ထုတ်မပြပါဘူး။”
“နောက်ပြီးတော့ ကျွန်တော်က သိုင်းနည်းစနစ် (၁၂) မျိုးလုံးကို ကျွမ်းကျင်ပြီးသားပါ။ မနေ့ညက ရုတ်တရက် ဉာဏ်အလင်းပွင့်သွားတာနဲ့ ပေါင်းလိုက်တော့ အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်သွားပြီး သောင်းပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်း ကို တကယ်ကို ကျွမ်းကျင်သွားတာပါ။”
“နင်တကယ်ဉာဏ်အလင်းပွင့်သွားတာကိုး။”
လုချင်းယန်မနေနိုင်ဘဲ အသက်အောင့်လိုက်မိတယ်။ အထူးသဖြင့် ချီမင်ကိုယ်တိုင် ပြောတာကြားလိုက်ရတော့ တကယ်ကို အံ့ဩသွားတယ်၊ “ဂျူနီယာမောင်လေး၊ နင်သိလား၊ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ သမိုင်းမှာ၊ တည်ထောင်သူ ကောင်းကင်ဘုံဉာဏ်အလင်း က သောင်းပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်းကို ကျွမ်းကျင်ဖို့ သုံးနှစ်အချိန်ယူခဲ့ရတယ်။ အထက်ဘုံကိုတက်သွားပြီဖြစ်တဲ့ ဘိုးဘေး ကတော့ တစ်နှစ်ပဲ အချိန်ယူခဲ့ရတယ်။”
“လက်ရှိဂိုဏ်းချုပ်ကလည်း သုံးလတိတိ တံခါးပိတ်ကျင့်ကြံခဲ့တယ်။ သူ တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာတဲ့နေ့မှာ၊ ငါးကီလိုမီတာအထိ ဝိညာဉ်စွမ်းအင်တွေ စုစည်းပြီး သောင်းပြောင်းကြာပန်းစိမ်းတာအိုအခြေခံကိုဖွဲ့စည်းခဲ့တယ်၊ သောင်းပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်းကို တစ်ချက်တည်းနဲ့ ကျွမ်းကျင်သွားခဲ့တာ။”
“ဂျူနီယာမောင်လေး၊ နင်က တစ်လပဲ အချိန်ယူခဲ့တာ!”
“တစ်လတည်း!”
“နင်က လက်ရှိဂိုဏ်းချုပ်ရဲ့ စံချိန်ကို ချိုးဖျက်လိုက်ပြီ။ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်း တစ်ခုလုံးမှာ နင်ကငြင်းလို့မရနိုင်တဲ့ပထမပဲ။ နင်က တကယ့်ကို နံပါတ်တစ် ပါရမီရှင်ပဲ!”
“အဟွတ် အဟွတ်။”
ချီမင်က ညင်သာစွာနဲ့ ချောင်းဆိုးလိုက်ရင်း ပခုံးတွန့်ပြလိုက်တယ်။ သူကပြောတယ်၊ “စီနီယာအစ်မ ကျွန်တော် ဘာဖြစ်သွားမှန်း မသိဘူး။ ကျွန်တော် ဒီလိုပဲ ကျင့်ကြံနေတာ။ ပြီးတော့ကြိုတင်သိုင်းနည်းစနစ် (၁၂) ခုကတစ်ခုပြီးတစ်ခု ပြီးပြည့်စုံသွားတယ်။ ဆက်ပြီးကျင့်ကြံနေရင်းနဲ့ ရုတ်တရက် ဉာဏ်အလင်းပွင့်သွားတယ်။ ဝိညာဉ်စွမ်းအင်တွေ စုစည်းပြီး သောင်းပြောင်းကြာပန်းစိမ်းတာအိုအခြေခံကိုဖွဲ့စည်းဖို့ တံဆိပ်တစ်ခုကို သိပ်သည်းလိုက်တယ်။”
“ရိုးရိုးသားသားပြောရရင်၊ ကျွန်တော်လည်း အတားအဆီးဆိုတာ ဘာလဲ သိချင်တယ်။”
“ဒါပေမဲ့ ဒီလိုပါရမီမျိုးက ခွင့်မပြုဘူးလေ။”
“ဂျူနီယာမောင်လေး…”
လုချင်းယန်ရဲ့ မျက်နှာက နည်းနည်းတော့ မှင်သက်နေတယ်။ ခဏလောက် သူ ဘာပြောရမှန်းမသိ ဖြစ်သွားတယ်။ ဒါပေမဲ့ ချီမင်ရဲ့ အကူအညီမဲ့နေတဲ့ မျက်နှာအမူအရာကို ကြည့်ပြီး သူက အရိုက်ခံသင့်တယ်လို့တောင် ထင်မိတယ်။
“အမွေခံ… အမွေခံတပည့် ချီက တကယ်ပဲ အင်မော်တယ် ပြန်ဝင်စားတာပဲ။ သူ့ရဲ့ ပါရမီနဲ့ အရည်အချင်းက လောကတစ်ခုလုံးမှာ တစ်မူထူးခြားတယ်။ လက်ရှိဂိုဏ်းချုပ်တောင်မှ မင်းနဲ့ဆိုအကြမ်းဖျင်းဆန် သေးတယ်။”
မသိလိုက်မသိဘာသာနဲ့ အကြီးအကဲထန်က ချီမင်ကို ပြောရင်း လေးစားမှုပါတဲ့ စကားလုံးတွေကို သုံးနှုန်းမိသွားတယ်။
“အမွေခံတပည့် ချီက သောင်းပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်း ကို ကျွမ်းကျင်ဖို့ တစ်လပဲ အချိန်ယူတယ်။ ဒီလိုပါရမီမျိုးက ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ သမိုင်းတစ်လျှောက်လုံးမှာ တစ်ခါမှ မရှိဖူးဘူး။”
ချီချင်း ကလည်း ချီးကျူးလိုက်တယ်၊ “အနာဂတ်မှာ ဒီလိုအရည်အချင်းမျိုးရှိတဲ့သူ နောက်တစ်ယောက် ရှိတော့မှာမဟုတ်ဘူးလို့ ငါထင်တယ်။”
“အမွေခံတပည့် ချီရဲ့ အရည်အချင်းက ပြိုင်ဘက်ကင်းတယ်၊ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်း မှာ နံပါတ်တစ်ပဲ။”
ပတ်ဝန်းကျင်မှာ၊ တိမ်စိမ်းတောင်ထွတ် ရဲ့ အပြင်စည်းအကြီးအကဲ (၁၂) ယောက်က တစ်သံတည်းညီညာစွာ အော်လိုက်ကြတယ်၊ “ကြာပန်းစိမ်းက ပုံစံအမျိုးမျိုး နဲ့ပွင့်လန်းပြီး ဓားသိုင်းက ကောင်းကင်နက္ခတ်တာရာတွေကို နှိမ်နင်းမယ်။”
“ဟားဟားဟား…”
ချီမင်က အသံကျယ်ကြီးနဲ့ ရယ်လိုက်တယ်။ အရမ်းအစွမ်းထက်တဲ့ သောင်းပြောင်းကြာပန်းစိမ်းက ပွင့်လန်းလာတယ်။ စိမ်းလန်းတဲ့အလင်းတန်းလေးတွေက မရေမတွက်နိုင်တဲ့ ဓားအလင်းတန်းတွေနဲ့ ဓားစွမ်းအင်တွေပဲဖြစ်တယ်။
သူ့ပတ်ဝန်းကျင်က အရာအားလုံးကို သူက မှေးမှိန်သွားစေတယ်လို့ ပြောလို့ရတယ်။
“ငါက မသေမျိုးဖြစ်စဉ်တောင်ထွတ် ရဲ့ အမွေခံတပည့်၊ သွမ့်ဝမ်ဟွာပါ။”
ဒါကပိန်းပါးတဲ့မျက်နှာနဲ့လူငယ်တစ်ယောက်ဖြစ်တယ်။ သူက မသေမျိုးဖြစ်စဉ်တောင်ထွတ်စုဝေးပွဲရဲ့ အမိန့်အမှတ်တံဆိပ်ကို ကိုင်ထားပြီး အထဲကို ဝိညာဉ်စွမ်းအင် ထည့်သွင်းလိုက်တယ်၊ အမိန့်အမှတ်တံဆိပ်ကိုအသက်သွင်းပြီး ကောင်းကင်ပေါ်ကို တက်သွားတယ်။
ဘုန်း!
အမိန့်က မသေမျိုးဖြစ်စဉ်တောင်ထွတ် ရဲ့ ထူးခြားတဲ့မြင်ကွင်းကို ပြသလိုက်တယ်။
နတ်ဘုရားစွမ်းအင်က လေထဲမှာ လွင့်မျောနေပြီး တိမ်တိုက်တွေလို ဝန်းရံနေတယ်။
နောက်ပြီးတော့၊ တိမ်လွှာတွေကြားမှာ မသေမျိုးဘုံဗိမာန်တွေ ပေါ်လာတယ်။ မသဲမကွဲပုံရိပ်တွေကို မြင် နေရပြီး၊ မသေမျိုးတွေ ဆင်းသက်လာသလိုဖြစ်တယ်။
စကားပုံတစ်ခုရှိတယ်၊ ကောင်းကင်ဘုံမှာ ကျောက်စိမ်းဖြူမြို့ တော်ရှိတယ်။မြို့ငါးမြို့မှာ နန်းတော် (၁၂) ခုရှိတယ်။ မသေမျိုးတွေကငါ့ရဲ့ခေါင်းထိပ်ကိုထိပြီး၊ ငါ့ဆံပင်ရဲ့နှောင်ကြိုးကနေတစ်ဆင့် အသက်ရှည်ခြင်းကို ပေးသနားတယ်။
ဒါက မသေမျိုးတက်လှမ်းခြင်းတာအိုပဲ။
“ငါက ဂျူနီယာညီလေးချီရဲ့ သောင်းပြောင်းကြာပန်းစိမ်းဓားတာအိုကို အထူးတလည် လာရောက် လမ်းညွှန်မှုခံယူတာပါ။”
သွမ့်ဝမ်ဟွာက လက်နှစ်ဖက်ယှက်ပြီး အရိုအသေပြုလိုက်တယ်။ သူခေါင်းမော့လိုက်တဲ့အခါမှာ၊ သူ့ရဲ့ဟန်ပန်နဲ့ အရှိန်အဝါက လုံးဝပြောင်းလဲသွားတယ် ဝိညာဉ်စွမ်းအင်က သူ့ခန္ဓာကိုယ်ကို ဝန်းရံနေပြီး အင်မော်တယ်တက်လှမ်းခြင်းတာအိုရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်လိုက်တယ်။
နောက်ပြီးတော့၊ သွမ့်ဝမ်ဟွာက ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းမှာ ကိုးနှစ်ရှိနေပြီ။ သူ့ရဲ့ကျင့်ကြံမှုအဆင့်က ကျိုးခန်းဝမ်နဲ့ အတူတူပဲ။ သူက အခြေခံတည်ဆောက်ခြင်းအဆင့်နှောင်းပိုင်းမှာပဲ ရှိသေးတယ်။အမြူတေဖွဲ့စည်းခြင်း အဆင့်ကို မရောက်သေးဘူး။
ဒါက သွမ့်ဝမ်ဟွာက အရည်အသွေးမြင့်တဲ့ နဝမအဆင့် ရွှေရောင်အမြုတေကို သိပ်သည်းချင်လို့ဖြစ်တယ်။၊ ဒါကြောင့် အမျိုးမျိုးသောလိုအပ်ချက်တွေကို ကျော်ဖြတ်ဖို့နဲ့ လုံလောက်တဲ့အရင်းအမြစ်တွေကို သုံးစွဲဖို့ အချိန်အကြာကြီး လိုအပ်မှာဖြစ်တယ်။
“ကျွန်မက မြင့်မြတ်ပန်းပဲတောင်ထွတ်ရဲ့အမွေခံတပည့်၊ ကျန်းယွမ်ပါ။”
နောက်ထပ်အမွေခံတပည့်တစ်ယောက်ကလေသင်္ဘောရှေ့မှာ ရပ်နေတယ်။ ခမ်းနားတဲ့ဝတ်စုံကိုဝတ်ဆင်ထားတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်တယ်။ သူ့မျက်နှာကို ခပ်ပါးပါး ပဝါလေးနဲ့ ဖုံးထားပြီး သူ့ရဲ့လှပတဲ့မျက်နှာလေးကို မသဲမကွဲ မြင်နိုင်တယ်။ လက်တစ်ချက်ဝှေ့ယမ်းလိုက်တာနဲ့ မြင့်မြတ်ပန်းပဲတောင်ထွတ်စုဝေးပွဲရဲ့ အမိန့်အမှတ်တံဆိပ်က ပျံထွက်သွားပြီး မြင့်မြတ်ပန်းပဲတောင်ထွတ် ရဲ့ ထူးခြားတဲ့မြင်ကွင်းကို ဖော်ပြလိုက်တယ်၊ “ကျွန်မလည်း ဂျူနီယာမောင်လေးချီရဲ့ သောင်းပြောင်းကြာပန်းစိမ်းဓားတာအိုကို စိန်ခေါ်ချင်ပါတယ်။”