ထူးချွန်ပြောင်မြောက်တဲ့ဆောင်ရွက်မှု
Vol. 4 Ch. 54
“မင်းတို့နှစ်ယောက်လုံးအတူတူလာတိုက်။” ချီမင်က အမွေခံတပည့်နှစ်ယောက်ကို အေးအေးဆေးဆေးကြည့်ရင်း အကြံပြုလိုက်တယ်။
သွမ့်ဝမ်ဟွာရဲ့ အကြည့်ကတော့ မထူးမခြားနားဖြစ်နေတယ်။ သူက လေးနက်တဲ့အသံနဲ့ ပြောလိုက်တယ်၊ “ဂျူနီယာညီလေးချီ၊ သောင်းပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်းက တကယ်ပဲ အရမ်းအားကောင်းပြီး ငါတို့အားလုံးလည်း ဒီကိစ္စကို ရှင်းရှင်းလင်းလင်းသိပေမဲ့ မင်းက အခုမှ အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်သေးတာ။ မင်းက တကယ်ကို မောက်မာပြီး ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးလွန်းနေပြီ။”
ချီမင်က ပြုံးပြီး ပြန်ပြောလိုက်တယ်၊ “စီနီယာအစ်ကိုသွမ့်၊ ခင်ဗျားက ကျွန်တော့်ကို ဆုံးမချင်ရင်တော့ ခင်ဗျားနိုင်တဲ့အထိ စောင့်လိုက်ပါဦး။”
“ငါနိုင်မှာပါ!”
သွမ့်ဝမ်ဟွာက အသက်ကိုပြင်းပြင်းရှူလိုက်တယ်။အတွေးတစ်ခုနဲ့ သူက သူ့ရဲ့ ကျင့်ကြံမှုနည်းစနစ်ကို လည်ပတ်စေလိုက်တယ်။ သူ့ခန္ဓာကိုယ်ပတ်လည်က အင်မော်တယ်ချီစွမ်းအင်တွေက အင်မော်တယ်တက်လှမ်းခြင်းတာအိုရဲ့ နက်နဲမှုကို ပြသနေပြီး လှပဆန်းကြယ်နေတယ်၊ “အင်မော်တယ်တက်လှမ်းခြင်းသိုင်းကျမ်း!”
ဗြိန်း! ဗြိန်း!
ချက်ချင်းဆိုသလိုပဲ၊ မမြင်နိုင် မထိတွေ့နိုင်တဲ့အင် မော်တယ်တက်လှမ်းခြင်းတာအိုရဲ့ စွမ်းအားက ထွက်ပေါ်လာတယ်။ သွမ့်ဝမ်ဟွာရဲ့ နောက်မှာ ‘အင်မော်တယ်’ ဆိုတဲ့ စာလုံးကြီး ပေါ်လာပြီး အင်မော်တယ်အရိပ်အလွှာတွေကသူ့ကိုဝန်းရံထားတယ်။
ဒါပေမဲ့ ချီမင်ရဲ့ ဆယ့်နှစ်လွှာ ကြာပန်းစိမ်းက လည်ပတ်သွားပြီး မမြင်နိုင်တဲ့ ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာကာ သွမ့်ဝမ်ဟွာရဲ့ အင်မော်တယ်တက်လှမ်းခြင်းတာအိုကို တိုက်ရိုက် ချေမှုန်းလိုက်တယ်။
ဘုန်း!
‘အင်မော်တယ်’ ဆိုတဲ့ စာလုံးကြီးလည်း ပျောက်ကွယ်သွားတယ်။
ဖတ်!!!
သွမ့်ဝမ်ဟွာက သွေးတစ်လုပ်ကို တိုက်ရိုက်အန်ထုတ်လိုက်တယ်။ သူ့မျက်နှာက နည်းနည်းဖြူဖျော့သွားပြီး ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်တယ်။ သူက ချီမင်ရဲ့ သောင်းပြောင်းကြာပန်းစိမ်းဓားတာအိုကို လုံးဝမယှဉ်နိုင်ဘူး။
“ကိုးကြိမ်လှည့်ပတ်မြင့်မြတ်ပန်းပဲသိုင်းကျမ်း။”
ဘုန်း!
ကျန်းယွမ်က လက်ကိုဝှေ့ယမ်းပြီး လက်ဟန်ပုံစံချိတ်စည်းကိုပုံဖော်လိုက်တယ်။ ကိုးကြိမ်လှည့်ပတ်မြင့်မြတ်ပန်းပဲတာအိုရဲ့ စွမ်းအားက ထွက်ပေါ်လာပြီး အဆုံးမရှိ တောက်ပတဲ့ ရွှေရောင်အလင်းတန်းတွေအဖြစ် ပြောင်းလဲကာ အရပ်ရှစ်မျက်နှာကို ထွန်းလင်းတောက်ပသွားတယ်။
ဒါ့အပြင်၊ တောက်ပနေတဲ့ ရွှေရောင်အလင်းတန်းထဲမှာ ဆယ့်နှစ်လွှာရွှေကြာပန်းတစ်ပွင့် ပေါ်လာတယ်။ အဲဒါက အလင်းနဲ့အတူ ယိမ်းနွဲ့နေပြီး ချီမင်အပေါ်ကို ဖိနှိပ်ချလိုက်ချိန်မျက်စိကျိန်းလောက်အောင် တောက်ပနေတယ်။
ဘုန်း!
ကျယ်လောင်တဲ့ အသံကြီး ထွက်ပေါ်လာတယ်။
အတွေးတစ်ခုနဲ့ ချီမင်က သောင်းပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်းကို လည်ပတ်စေလိုက်တယ်။ ဓားစွမ်းအင်တွေက ထွက်ပေါ်လာပြီး ဓားပုံစံအပွင့်တွေ ပွင့်လန်းလာတယ်။ စွမ်းအားက အရပ်မျက်နှာနေရာတိုင်းကို ပျံ့နှံ့သွားပြီး ကျန်းယွမ်ရဲ့ ကိုးကြိမ်လှည့်ပတ်မြင့်မြတ်ပန်းပဲရွှေကြာပန်းကို တားဆီးလိုက်တယ်။
“နင်!!!” ကျန်းယွမ်တုန်လှုပ်သွားတယ်။
ဘန်း ဘန်း ဘန်း!!!
ပေါက်ကွဲသံတွေ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာတယ်။
ဖြောင်း!!!
ကျန်းယွမ်က ချီမင်ရဲ့ သောင်းပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်းကို မတားဆီးနိုင်လိုက်ဘူး။ ပုံသဏ္ဍာန်မရှိတဲ့ ဓားသိုင်းစွမ်းအားက ကျန်းယွမ်ရဲ့ ကိုးကြိမ်လှည့်ပတ်မြင့်မြတ်ပန်းပဲသိုင်းကျမ်းကို အနိုင်ယူပြီး သူမကို ဒဏ်ရာရစေလိုက်တယ်။
“အရမ်းစွမ်းအားကြီးတာပဲ”
ကျန်းယွမ်က အသက်ကိုပြင်းပြင်းရှူပြီး ပါးစပ်ထောင့်က သွေးတွေကို သုတ်လိုက်တယ်။ သောင်းပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်းရဲ့ စွမ်းအားကို သူမကိုယ်တိုင် ခံစားလိုက်ရတာတယ်။ “သောင်းပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်းဆိုတဲ့အတိုင်းပဲ။ ငါ လုံးဝကိုရှုံးသွားပြီ။”
ကျန်းယွမ်ရဲ့အင်အားက တကယ်တော့ အရမ်းသန်မာတယ်ဆိုတာ သိထားရမယ်။ သူမရဲ့ ကျင့်ကြံမှုအဆင့်က အမြုတေဖွဲ့စည်းခြင်းအစောပိုင်းအဆင့် (ရွှေအမြုတေ) အဆင့်ကို ရောက်နေပြီ၊ ချီမင်ထက် အဆင့်ကြီးတစ်ခုလုံး မြင့်နေပြီဖြစ်တယ်။
ဒီတစ်ခါက တာအိုပြိုင်ပွဲသက်သက်ပဲ၊ တကယ့်တိုက်ပွဲမဟုတ်ပေ။
မဟုတ်ရင် ချီမင်က သူမရဲ့ ပြိုင်ဘက်လုံးဝမဟုတ်ဘူး။
တာအိုပြိုင်ပွဲမှာတော့ ချီမင်ရဲ့ သောင်းပြောင်း ကြာပန်းစိမ်းဓားသိုင်းက ရှုံးစရာမရှိဘူး။ ဖူချန်ရွှယ်၊ ကျိုးခန်းဝမ်၊ သွမ့်ဝမ်ဟွာနဲ့ ကျန်းယွမ်တို့ကို အနိုင်ယူခဲ့ပြီးပြီ။
အမွေခံတပည့် ခုနစ်ယောက် ကျန်သေးတယ်။
“ငါ မပြိုင်တော့ဘူး”
အဲဒီအချိန်မှာ ရွှေရောင်အမြစ်တောင်ထွတ်ရဲ့ အမွေခံတပည့်က သူ့ရဲ့ညာလက်ကို ဝှေ့ယမ်းလိုက်တော့ရွှေ ရောင်အမြစ်စုဝေးပွဲရဲ့ အမိန့်အမှတ်တံဆိပ်က လေထဲမှာ ထူးခြားတဲ့ဖြစ်ရပ်တစ်ခုကို ပြသပြီး ပျံထွက်လာတယ်။ “ရွှေရောင်အမြစ်တောင်ထွတ်ရဲ့ အမွေခံတပည့် ဖုန်းယွမ်မင်းက ဂျူနီယာညီလေးချီထက် ညံ့တယ်ဆိုတာ ဝန်ခံပါတယ်။ ကိုယ့်ကိုယ်ကို အရှက်မကွဲစေတော့ပါဘူး။”
“သိမ်မွေ့နူးညံ့တောင်ထွတ်ရဲ့ တပည့် ရှူကျီက တောင်ထွတ်အသီးသီးက အကြီးအကဲတွေကို နှုတ်ဆက်ပါတယ်”
နောက်ထပ် အမွေခံတပည့်တစ်ယောက်က အမိန့်အမှတ်တံဆိပ်တစ်ခုကို ထုတ်ယူလိုက်တယ်။သိမ်မွေ့နူးညံ့စုဝေးပွဲရဲ့ အမိန့်အမှတ်တံဆိပ်က ပျံထွက်လာပြီး ထူးခြားတဲ့ဖြစ်ရပ်တစ်ခုကို ပြသလာတယ်။ ရှူကျီရဲ့ မျက်နှာက စာပေပညာရှင်တစ်ယောက်လို ဖြူဖွေးနေတယ်။ သူက လက်နှစ်ဖက်ကို ယှက်ပြီး ချီမင်ကို ဦးညွှတ်လိုက်တယ်။ “ဂျူနီယာညီလေးချီ၊ မင်းရဲ့ ကျင့်ကြံမှုအဆင့်က အခြေခံတည်ဆောက်ခြင်းအ စောပိုင်းအဆင့်ကိုပဲ ရောက်သေးပေမယ့် သောင်းပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်းရဲ့ စွမ်းအားက ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းတစ်ခုလုံးမှာ နံပါတ်တစ်လို့ ပြောလို့ရတယ်။”
“ငါ့ရဲ့ ကျင့်ကြံမှုအဆင့်က ရွှေအမြုတေအလယ်အလတ်အဆင့်ကို ရောက်နေပြီဆိုပေမယ့် တာအိုပြိုင်ပွဲမှာ ဂျူနီယာညီလေးချီကို မယှဉ်နိုင်ဘူးဆိုတာ ငါသိတယ်၊ ဒါကြောင့် ကြိုးစားစရာမလိုတော့ဘူး။”
(အမြူတေဖွဲ့စည်းခြင်းအလယ်အလတ်အဆင့်ကို ရွှေရောင်အမြူ တေသိပ်သည်းမိတာကိုပြောထားတာပါ)
“ငါ အရှုံးပေးတယ်” ရှုကျီက ပြုံးလိုက်တယ်။
ချက်ချင်းပဲကျောက်စိမ်းတောက်ပတောင်ထွတ်ရဲ့ အမွေခံတပည့် ရှုခယ်ဝေ၊ ကောင်းကင်ဘုံတောင်ထွတ်ရဲ့ အမွေခံတပည့် ရန်ကျုံးဝမ်၊သိုင်းပညာ ဉာဏ်အလင်းတောင်ထွတ်ရဲ့ အမွေခံတပည့် လူမေ့လင်းနဲ့ကောင်းကင်ဘုံချိတ်ဆက်တောင်ထွတ်ရဲ့ခံတပည့် ရှမော့ချန်းတို့က
အမွေခံတပည့်လေးယောက်က အမိန့်အမှတ်တံဆိပ်ကို ဆက်တိုက်ထုတ်ယူပြီး အသက်သွင်းလိုက်တယ်။ တောင်ထွတ်တွေရဲ့ ထူးခြားတဲ့ဖြစ်ရပ်တွေ ပေါ်လာပြီး ကောင်းကင်ဘုံဉာဏ်အလင်းမြို့တော်ပတ်လည်မှာ တောက်ပစွာ လွင့်မြောနေတယ်။
“ဂျူနီယာညီလေးချီရဲ့ အရည်အချင်းက ထူးချွန်တယ်။ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ သမိုင်းမှာ ပထမဆုံးလို့ ပြောလို့ရတယ်။ လက်ရှိဂိုဏ်းချုပ်တောင်မှ သူနဲ့မယှဉ်နိုင်ဘူး။ ကျွန်တော်တို့ အရှုံးပေးပါတယ်။”
ဒါ ကရိုးရိုးရှင်းရှင်းလေးဖြစ်တယ်။
“သူတို့တွေကအရှုံးပေးလိုက်ကြပြီ။ တိုက်ခိုက်တာတွေ၊ သူတို့ ကျင့်ကြံထားတဲ့ ပညာနဲ့ တာအိုတွေကိုလည်း မပြတော့ဘူး။ ပြီးတော့ သူတို့ကိုယ်သူတို့ ချီမင်ထက် နိမ့်ကျတယ်ဆိုတာကိုလည်း ဝန်ခံသွားကြတယ်။”
“အော်။”
ချီမင်ကတော့ ဘာမှထပ်မပြောဘူး။ သူ့စိတ်အခြေအနေကလည်း သိပ်ကောင်းပုံမရဘူး။
“သူတို့က တကယ်ကြီး အရှုံးပေးလိုက်ကြတာပဲ။”
“ဒီလိုဖြစ်လာလိမ့်မယ်လို့ တကယ်ကို မထင်ထားခဲ့ဘူး။”
“ဒါကတော့ တော်တော်ကို မထင်မှတ်စရာပဲ။”
“ငါက ကောင်းကင်ဘုံချိတ်ဆက်တောင်ထွတ်က အနိုင်ရလိမ့်မယ်လို့ ထင်ထားတာ။ ဒါမှမဟုတ် ကောင်းကင်ဘုံ တောင်ထွတ်က အနိုင်ရလိမ့်မယ်လို့ ထင်ထားတာ။ ဘာလို့လဲဆိုတော့ အဲဒီတောင်ထွတ်နှစ်ခုက အမွေခံတပည့်တွေဖြစ်တဲ့ ရှမော့ချန်းနဲ့ရန်ကျုံးဝမ်တို့နှစ်ယောက်လုံးကရွှေအမြုတေအဆင့်နှောင်းပိုင်း တွေလေ။ သူတို့တောင်မှ အရှုံးပေးလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။”
“ဒါက သောင်းပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်းရဲ့ စွမ်းအားလား။”
“…”
လူတိုင်းက အံ့ဩတကြီး ရေရွတ်နေကြတယ်။
“ဟားဟားဟား...”
အဲဒီအချိန်မှာပဲ အာဏာရှင်ဆေဘာတောင်ထွတ်ရဲ့ သင်္ဘောပေါ်ကနေ သူရဲကောင်းဆန်ဆန် ရယ်သံကြီးတစ်ခု ထွက်ပေါ်လာပြီး လူအားလုံးရဲ့ အာရုံကို ဆွဲဆောင်လိုက်တယ်။ ကျောမှာ ဓားအထူကြီးတစ်ချောင်း လွယ်ထားတဲ့ သန်မာထွားကျိုင်းတဲ့ လူငယ်တစ်ယောက် ပေါ်ထွက်လာတယ်။
“အာဏာရှင်ဆေဘာတောင်ထွတ်ရဲ့ အမွေခံတပည့် လုံဟုန်ခွေ့ပဲ။”
သူက ဟိန်းဟောက်လိုက်ပြီး သူ့လက်ထဲကအာဏာရှင်ဆေဘာစုဝေးပွဲ အမိန့်အမှတ်တံဆိပ်ကို လေထဲပစ်လွှတ်လိုက်တယ်။ လေထဲမှာအာဏာရှင်ဆေဘာတောင်ထွတ်ရဲ့ထူးခြားတဲ့မြင်ကွင်းတစ်ခု ပေါ်ထွက်လာတယ်။ ဒါက ကောင်းကင်ထိလုနီးပါးမြင့်တဲ့ အနက်ရောင်ဆေဘာကြီးတစ်ချောင်းပဲဖြစ်တယ်။ ဆေဘာချီစွမ်းအင်တွေက ဟင်းလင်းပြင်ကို ထိုးခွဲဖြတ်လုမတတ် တဟုန်ထိုး ထွက်ပေါ်နေတယ်။
“အာဏာရှင်ဆေဘာသိုင်းကျမ်း။”
ဘုန်း!
လုံဟုန်ခွေ့ ကတုံ့ဆိုင်းမနေဘဲဟိန်းဟောက်လိုက်ပြီးအာဏာရှင်ဆေဘာရဲ့ စွမ်းအားကိုသုံးကာ အနက်ရောင်ဆေဘာကြီးရဲ့ ထူးခြားတဲ့မြင်ကွင်းကို ဖန်တီးလိုက်တယ်။ အရမ်းကြောက်စရာကောင်းတဲ့ ဆေဘာစွမ်းအင်တွေက အရပ်မျက်နှာအားလုံးကိုခုတ်ပိုင်းသွားတယ်။
ဒါ့အပြင် လုံဟုန်ခွေ့ရဲ့ကျင့်ကြံမှုအဆင့်ကရွှေအမြုတေ နှောင်းပ်ိုင်းအဆင့်ကို ရောက်နေပြီ။
သူ့ရဲ့ တာအိုကအာဏာရှင်ဆေဘာတာအိုဖြစ်တယ်။
ချွင်! ချွင်! ချွင်! ချွင်!
ဓားသံတွေက အရပ်မျက်နှာတိုင်းမှာထွက်ပေါ်လာတယ်။
အဲဒီအချိန်ချီမင်က သောင်းပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်းကို အစွမ်းကုန် ထုတ်သုံးလိုက်တယ်။ သူက ဘာမှဖုံးကွယ်မထားဘဲ အစွမ်းကုန်အသုံးပြုလိုက်တယ်။ ပုံသဏ္ဌာန်မရှိတဲ့ ဓားစွမ်းအင်ကအာဏာရှင်ဆေဘာချီ နဲ့ တိုက်ရိုက်ထိတွေ့သွားတယ်။ ဒါကဓားတာအိုနဲ့ဆေဘာတာအိုတို့ရဲ့ တိုက်ပွဲဖြစ်တယ်။
ဘန်း ဘန်း ဘန်း!!!
နှစ်ဖက်လုံးက ရင်ဆိုင်တိုက်ခိုက်ကြတယ်။
ပတ်ဝန်းကျင်တစ်ခုလုံးမှာ ပေါက်ကွဲသံတွေ ဆူညံသွားတယ်။
ဘုန်း!
နောက်ဆုံးမှာတော့ ကျယ်လောင်တဲ့ ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာတယ်။
ဖူး!!!
ဂျွမ်း! ဂျွမ်း!
အာဏာရှင်ဆေဘာက ပြိုလဲပြီးကျိုးပျက်သွားတယ်။ သောင်းပြောင်းကြာပန်းစိမ်းဓားတာအိုရဲ့ စွမ်းအားကို သူ မခံနိုင်ဘူး။ အနည်းဆုံးတော့လုံဟုန်ခွေ့ရဲ့အာဏာရှင် ဆေဘာတာအိုကချီမင်ရဲ့သောင်းပြောင်းကြာပန်းစိမ်းဓားတာအိုရဲ့ ပြိုင်ဘက်မဟုတ်ဘူး။
ဖူး!!!
လုံဟုန်ခွေ့က သွေးတစ်လုပ်အန်လိုက်ပြီး ခြေတစ်လှမ်းစာလောက် နောက်ဆုတ်ပြီးမှ သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းလိုက်နိုင်တယ်။ သူက သူ့ပါးစပ်ထောင့်က သွေးတွေကို သုတ်လိုက်တယ်။ သူက လုံးဝစိတ်ဓာတ်ကျမသွားဘဲ အဲဒီအစား တိုက်ခိုက်လိုစိတ်တွေနဲ့ ပြည့်နှက်နေတယ်။
“ကောင်းတယ်!” လုံဟုန်ခွေ့ က ကျယ်လောင်စွာအော်လိုက်တယ်၊ “ချီမင်၊ မင်းကို ငါမှတ်ထားမယ်။ ဒီပြိုင်ပွဲမှာတော့ ငါက အနည်းငယ်ရှုံးနိမ့်သွားနိုင်တယ်၊ ဒါပေမဲ့ နောက်ဆယ်နှစ်အကြာ အမွေခံပြိုင်ပွဲမှာတော့ မင်းကို ငါကိုယ်တိုင် အနိုင်ယူပြမယ်။”
“ငါစောင့်နေမယ်။” ချီမင်က ပြန်ဖြေလိုက်တယ်။
ဘဇ်! ဘဇ်! ဘဇ်!!!
ဒီလိုနဲ့ ချီမင်ရဲ့ ဆယ့်နှစ်လွှာရှိတဲ့ သောင်းပြောင်းကြာပန်းစိမ်းဓားတာအိုရဲ့ စွမ်းအားက လူတိုင်းကို ဖိနှိပ်လိုက်တယ်။ သူက တောင်ထွတ်တစ်ဆယ့်တစ်လုံးက အမွေခံတပည့်တွေကို ဆက်တိုက်အနိုင်ယူလိုက်တယ်။ သူက တစ်ကြိမ်မှမရှုံးနိမ့်ဘဲ သူ့ရဲ့ကျော်ကြားမှုက အထွတ်အထိပ်ကို ရောက်သွားတယ်။
ကြာပန်းစိမ်းက နေရာတစ်ခုလုံးကို ဖိနှိပ်ပြီး တိမ်စိမ်းတောင်ထွတ် က တစ်ဦးတည်းသောအာဏာရှင်ဖြစ်လာတယ်လို့ ပြောလို့ရတယ်။
“ဟားဟားဟား...” အကြီးအကဲထန်နဲ့ တခြားသူတွေက ရယ်မောလ်ိုက်ကြတယ်။
“ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်။”
တိမ်စိမ်းတောင်ထွတ်ကအပြင်စည်းဂိုဏ်းအကြီးအကဲ ဆယ့်နှစ်ယောက်ကလည်း စိတ်အခြေအနေ ကောင်းနေကြတယ်။
“ဂျူနီယာမောင်လေး။” လုချင်းယန်က ချီမင်ကို မျက်စောင်းထိုးပြီး ပြောလိုက်တယ်၊ “နင်က ငါ့ကို တော်တော်ဖုံးကွယ်ထားတာပဲ။ ငါက နင်ဒီတစ်ခေါက် သေချာပေါက်ရှုံးလိမ့်မယ်လို့ ထင်နေတာ။ တကယ်တော့နင့်ကို ဘယ်လိုနှစ်သိမ့်ရမလဲဆိုတာတောင် ကြိုတွေးထားပြီးသား။”
“နောက်ဆုံးတော့ နင်က သောင်းပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်းကို တိတ်တိတ်လေး ကျွမ်းကျင်သွားပြီး အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်သွားတယ်။ နင်က တောင်ထွတ်တစ်ဆယ့်တစ်လုံးက အမွေခံတပည့်အားလုံးကို အနိုင်ယူပြီး ထိပ်ဆုံး ရောက်သွားတယ်။”
“စီနီယာအစ်မ၊ အစ်မက ကျွန်တော့်ကို မြှောက်ပင့်လွန်းနေပါပြီ။” ချီမင်က ပြောလိုက်တယ်၊ “ဒါက ကျွန်တော် တကယ်ပဲ အရမ်းတော်နေလို့ ဖြစ်နိုင်ပါတယ်။”
“ကျွန်တော်လည်း ဘာမှမတတ်နိုင်ဘူး!”
အဲဒီအချိန်မှာ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းမြို့ပတ်လည်မှာ တာအိုတံဆိပ်ပြား ဆယ့်နှစ်ခုကနေ ထင်ထင်ရှားရှားပေါ်ပေါက်နေတဲ့ ထူးခြားတဲ့မြင်ကွင်းတွေက တဖြည်းဖြည်း ပေါင်းစပ်လာကြတယ်။ ချီမင်က ပထမဖြစ်တဲ့အတွက် တိမ်စိမ်းတောင်ထွတ်စုဝေးပွဲ အမိန့်အမှတ်တံဆိပ်ရဲ့ ထူးခြားတဲ့မြင်ကွင်းက တခြားတောင်ထွတ်တစ်ဆယ့်တစ်လုံးရဲ့ ထူးခြားတဲ့မြင်ကွင်းတွေကို ဖိနှိပ်ထားတယ်။
ဘဇ်! ဘဇ်! ဘဇ်!!!
အမျိုးမျိုးသော ထူးခြားတဲ့မြင်ကွင်းတွေက ပေါင်းစပ်သွားကြတယ်။
နောက်ဆုံးမှာတော့ ကောင်းကင်ကို ထိုးဖောက်လုနီးပါးဖြစ်နေတဲ့ ကြီးမားကျယ်ပြန့်တဲ့ အလင်းတန်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားတယ်။ ဒါက ဂိုဏ်းကာကွယ်ရေးအစီအရင်နဲ့ ချိတ်ဆက်မိသွားပြီး ကြီးမားတဲ့ဟင်းလင်းပြင်လမ်းကြောင်းကြီးတစ်ခု ဖြစ်ပေါ်လာတယ်။