← Chapters

ကောင်းကင်ဘုံဉာဏ်အလင်းပြကြေးမုံရဲ့ ကိုယ်ပွား

Vol. 4 Ch. 55

ကောင်းကင်ဘုံဉာဏ်အလင်းပြကြေးမုံရဲ့ ကိုယ်ပွား

Vol. 4 Ch. 55

တောင်ထွတ်ဆယ့်နှစ်ခုရဲ့ အမိန့်အမှတ်တံဆိပ်က ဂိုဏ်းကာကွယ်ရေးအစီအရင်နဲ့ ချိတ်ဆက်ထားပြီးလို့အရမ်းတည်ငြိမ်တဲ့ ဟင်းလင်းဖြတ်လမ်းကြောင်းတစ်ခု ဖြစ်လာတယ်။ စစ်ဆေးမှုငါးခုလုံးကို အောင်မြင်တဲ့သူတိုင်းကို ကောင်းကင်ဘုံဉာဏ်အလင်းမြို့ဆီ ခေါ်ဆောင်သွားနိုင်မှာဖြစ်တယ်။

အဲ့ဒီအချိန်မှာပဲ ချီမင်က သူ့ရဲ့စွမ်းအင်တွေကို သိမ်းလိုက်တယ်။ သောင်းပြောင်းကြာပန်းစိမ်းက အစိမ်းရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းပြီး သူ့ရဲ့ဒန်တျန်ထဲ ဝင်ရောက်ပျောက်ကွယ်သွားတယ်၊ ပြီးတော့ ဝိညာဉ်စွမ်းအင်လှိုင်းတွေကလည်း မြန်မြန်ဆန်ဆန် ပဲငြိမ်သက်သွားတယ်။

“ကောင်းကင်ဘုံဉာဏ်အလင်းပြကြေးမုံ”

ဗြိန်း! ဗြိန်း!

လုချင်းယန်က လက်ကိုဝှေ့ယမ်းပြီး အော်လိုက်တယ်။ မရေမတွက်နိုင်တဲ့ ဝိညာဉ်စွမ်းအင်တွေက သင်္ဘောအောက်ကတိမ်စိမ်းတောက်ထွတ်ခံတပ်ထဲကို တိုးဝင်သွားတယ်။ တိမ်စိမ်းခံတပ်က အလင်းတွေနဲ့ တောက်ပလာတယ်။

…

အဖြူရောင်အလင်းတစ်ခု ပျံထွက်လာပြီး လေထဲမှာ မနှိုင်းယှဉ်နိုင်လောက်အောင် ကြီးမားတဲ့ဗလာနယ်ကြေးမုံကြီးတစ်ခုအဖြစ် ပြောင်းသွားတယ်။ ဒါက ကောင်းကင်ဘုံဉာဏ်အလင်းပြကြေးမုံရဲ့ ကိုယ်ပွားဖြစ်တယ်။

အချင်း မီတာတစ်ထောင်လောက်ရှိတယ်။

တော်တော်ကြီးတယ်။

တကယ့်ကို ခမ်းနားတဲ့မြင်ကွင်းဖြစ်တယ်။

ကောင်းကင်ဘုံဉာဏ်အလင်းပြကြေးမုံ။

ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းမှာတော့ ဒါကစစ်မှန်တဲ့မသေမျိုးပစ္စည်းတစ်ခုဖြစ်တယ်။

ကောင်းကင်ဘုံဉာဏ်အလင်းပြကြေးမုံနဲ့ပတ်သက်တဲ့ ဒဏ္ဍာရီပုံပြင်တွေလည်း ရှိသေးတယ်။

ကောင်းကင်ဘုံဉာဏ်အလင်းပြကြေးမုံက ဒီကမ္ဘာလောကကြီးရဲ့ ဘယ်နေရာကိုမဆို မြင်နိုင်တယ်။ ကြေးမုံရဲ့အလင်းရောင်အောက်မှာ ဘယ်အရာမှ ပုန်းကွယ်ဖုံးကွယ်လို့မရနိုင်ဘူး။

သူ့ရှေ့ကဟာက တကယ့် ကောင်းကင်ဘုံဉာဏ်အလင်းပြကြေးမုံကို ကောင်းကင်ဘုံဉာဏ်အလင်းမြို့နဲ့ ချိတ်ဆက်ပြီး ဖန်တီးထားတဲ့ ကိုယ်ပွားတစ်ခုဖြစ်တယ်။ ဒါပေမဲ့ အဲ့လိုဖြစ်နေရင်တောင်မှ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းစုဝေးပွဲကို ပါဝင်ဆင်နွှဲကြတဲ့သူတိုင်းကိုပြသနိုင်သေးတယ်။

ချီမင်က အနိုင်ရတဲ့သူဖြစ်လို့၊ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းစု‌ဝေးပွဲရဲ့ ကောင်းကင်ဘုံဉာဏ်အလင်းပြကြေးမုံကိုယ်ပွားကို ထိန်းချုပ်ခွင့်ကတိမ်စိမ်းတောင်ထွတ်ရဲ့လက်ထဲ ရောက်သွားတယ်။

သိပ်အသုံးမဝင်ပေမယ့်၊ တိမ်စိမ်းတောင်ထွတ်ကတော့ အစပြုလုပ်ဆောင်ခွင့်နည်းနည်းတော့ ရသွားတယ်။

ဗြိန်း! ဗြိန်း! ဗြိန်း!

ပြီးတော့၊ ကောင်းကင်ဘုံဉာဏ်အလင်းပြကြေးမုံကိုယ်ပွားက အရာအားလုံးကို ထပ်ပြီး ပြသလာတယ်။

“ဒီကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းစုဝေးပွဲမှာ စုစုပေါင်း လူ ၁,၈၀၉,၄၅၀ ယောက် ပါဝင်ကြတယ်။ ဒီလူတွေထဲမှာ တစ်ကိုယ်တော်ကျင့်ကြံသူတွေရဲ့ မျိုးဆက်တွေနဲ့ ကျင့်ကြံသူမိသားစုက တပည့်တွေလည်း ပါတယ်။ ဒါပေမဲ့ အများစုကတော့ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ အာဏာစက်အောက်က အင်ပါယာ ၃၉ ခုနဲ့ တိုင်းနိုင်ငံတွေက ပြည်သူတွေပဲ။”

လုချင်းယန်က ပြောလိုက်တယ်၊ “သူတို့ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းကို ရောက်လာကြပြီးရင်၊ ဂိုဏ်းကာကွယ်ရေးအစီအရင်ကို ခဏဖွင့်ပေးလိမ့်မယ်။ သူတို့ကို ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းထဲ ဝင်ခွင့်ပြုပြီး အနီးအနားက မြို့တွေမှာ တည်းဖို့ စီစဉ်ပေးလိမ့်မယ်။”

“အခုတော့”

“ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းစုဝေးပွဲ စတင်ပါပြီ။”

“စစ်ဆေးမှုငါးခုက စွမ်းရည်ငါးမျိုးနဲ့ သက်ဆိုင်တယ်။ စစ်ဆေးမှုငါးခုလုံးကို အောင်မြင်သရွေ့၊ သူတို့ကို ဟင်းလင်းပြင်လမ်းကြောင်းကနေ တစ်ဆင့်ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းမြို့ဆီ ပို့ဆောင်ပေးလိမ့်မယ်။”

“ဂျူနီယာ မောင်လေး” လုချင်းယန်က ဆက်ပြောတယ်၊ “ကောင်းကင်ဘုံဉာဏ်အလင်းပြကြေးမုံကိုယ်ပွားကို ထိန်းချုပ်ခွင့်ကို အခု နင့်လက်ထဲ လွှဲပေးလိုက်မယ်။ နင်က ဒီကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းစု‌ဝေးပွဲရဲ့ စည်းမျဉ်းတွေကို သူတို့ဆီ ကြေညာပေးရမှာ။”

“ကျွန်တော်လား?” ချီမင်က မေးလိုက်တယ်။

“ဟုတ်တာပေါ့” လုချင်းယန်က ပြုံးပြီးပြောတယ်၊ “နင်က တောင်ထွတ်တစ်ဆယ့်တစ်ခုက အမွေခံတပည့်တွေကို အနိုင်ယူပြီး တိမ်စိမ်းတောင်ထွတ်အတွက် ဂုဏ်ဆောင်ခဲ့တာလေ။ စည်းမျဉ်းအရဆိုရင် နင်ကပဲ လုပ်ရမှာပေါ့။”

“ဒါက နင့်အတွက်လည်း ဂုဏ်ယူစရာပဲလေ။”

“ကောင်းပါပြီ” ချီမင်က ခေါင်းအသာငြိမ့်လိုက်တယ်။

ပြီးတော့ လုချင်းယန်က လက်ကိုဝှေ့ယမ်းပြီး တံဆိပ်တစ်ခုဖွဲ့လိုက်တယ်။ လေထဲမှာ အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီး ချီမင်ရဲ့စိတ်ထဲမှာ စွဲထင်သွားတယ်။ ချီမင်က ကောင်းကင်ဘုံဉာဏ်အလင်းပြကြေးမုံကိုယ်ပွားကို ထိန်းချုပ်ခွင့်ကို ချက်ချင်းရရှိသွားတယ်။

“ဒါက...”

ချီမင်ရဲ့ကိုယ်က အနည်းငယ်တုန်သွားတယ်။ သူက သူ့ရဲ့အသိစိတ်က ကောင်းကင်ဘုံဉာဏ်အလင်းပြကြေးမုံကိုယ်ပွားနဲ့ ပေါင်းစပ်သွားပြီး ‘အရာအားလုံးကိုသိမြင်နိုင်တဲ့’ အခြေအနေတစ်ခုထဲ ရောက်သွားသလို ခံစားလိုက်ရတယ်။

စိတ်ကူးလိုက်ရုံနဲ့ပဲ၊ ပါဝင်သူ ၁,၈၀၉,၄၅၀ ယောက်ကို သူမြင်နိုင်တယ်။

တစ်ချိန်တည်းမှာပဲ၊ ဒီကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းစုဝေးပွဲရဲ့ စည်းမျဉ်းတွေ၊ သက်ဆိုင်ရာစစ်ဆေးမှုတွေနဲ့ အသေးစိတ်အချက်အလက်အမျိုးမျိုးက ချီမင်ရဲ့စိတ်ထဲကို တိုးဝင်လာပြီး သူအကုန်လုံးကို နားလည်သွားတယ်။

“သဘောပေါက်ပြီ” ချီမင်က ရုတ်တရက် နားလည်သွားတယ်။ “ဒီတစ်ခေါက် စစ်ဆေးမှုငါးခုက လွန်ခဲ့တဲ့သုံးနှစ်ကနဲ့မတူဘူး။ ဒီတစ်ခေါက်က သီးခြားဆန်းကြယ်ဘုံငါးခုမှာ ကျင်းပမှာ။ ဆန်းကြယ်ဘုံတစ်ခုချင်းစီက ပြင်ဆင်ထားတဲ့ စစ်ဆေးမှုတွေက လူတစ်ယောက်ရဲ့ စွမ်းရည်နဲ့ သက်ဆိုင်တယ်။”

“ပါဝင်သူအားလုံး...”

ဘုန်း!

စိတ်ကူးလိုက်ရုံနဲ့ပဲ၊ ချီမင်က ကောင်းကင်ဘုံဉာဏ်အလင်းပြကြေးမုံကိုယ်ပွားကနေတစ်ဆင့် အသံလွှင့်လိုက်တယ်။ အဲ့ဒါက မြင့်မြတ်ပြီးစွမ်းအားကြီးတဲ့ ပုဂ္ဂိုလ်တစ်ဦးလိုပဲ ပါဝင်သူ ၁,၈၀၉,၄၅၀ ယောက်ရဲ့ နားထဲကို တိုက်ရိုက်ဝင်ရောက်သွားတယ်။

“လာပြီဟေ့။”

“စတော့မယ်ထင်တယ်။”

“ငါတို့အိမ်က အကြီးအကဲတွေပြောတာတော့ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းစုဝေးပွဲတိုင်းမှာ၊ ဒီစု‌ဝေးပွဲကို ဦးဆောင်တဲ့သူက မြင့်မြတ်တဲ့ပုဂ္ဂိုလ်တစ်ယောက်ဆိုရင်၊ သူက ငါတို့အားလုံးဆီကို တိုက်ရိုက်အသံလွှင့်နိုင်တယ်တဲ့။ သူက ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ တောင်ထွတ်ဆယ့်နှစ်ခုထဲက အသန်မာဆုံး အမွေခံတပည့်တဲ့။”

“ဖေဖေ၊ မေမေ၊ စိတ်မပူကြနဲ့နော်။ သားက ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ စမ်းသပ်မှုကို ကျိန်းသေအောင်မြင်ပြီး ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ တပည့်ဖြစ်အောင် ကြိုးစားမှာပါ။”

“အဖေ၊ ကျွန်တော် အဖေ့ကို စိတ်မပျက်စေရပါဘူး။”

“ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းကို ဝင်နိုင်မှပဲ ငါ့ဘဝရဲ့ အထွတ်အထိပ်ကို တကယ်ရောက်နိုင်မှာ။”

“ဟူး...”

“…”

ပါဝင်သူတွေက အားတက်သရော ဆွေးနွေးနေကြတယ်။

“အခု၊ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းတံဆိပ်တွေကို ပေးပါမယ်။”

ဗြိန်း! ဗြိန်း!

စိတ်ကူးလိုက်ရုံနဲ့၊ ချီမင်က ကောင်းကင်ဘုံဉာဏ်အလင်းပြကြေးမုံကိုယ်ပွားကို စည်းမျဉ်းတွေအတိုင်း ထိန်းချုပ်ပြီး ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းတံဆိပ်ပေါင်း ၁,၈၀၉,၄၅၀ ခုကို ဖန်တီးလိုက်တယ်။

ရှုး! ရှုး! ရှုး!!!

တစ်ခဏအတွင်းမှာပဲ၊ မရေမတွက်နိုင်တဲ့ အလင်းတန်းတွေက ကြယ်ကြွေသလိုမျိုး ဟင်းလင်းပြင်ရဲ့အတားအဆီးတွေကို ဖြတ်ကျော်ပြီး ကျဆင်းလာတယ်။ ပြီးတော့ ပါဝင်သူအားလုံးရဲ့ နဖူးပေါ်မှာ ပေါင်းစပ်သွားပြီး သူတို့နဲ့တစ်သားတည်း ဖြစ်သွားတယ်။

ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းတံဆိပ်။

ဒါက ပါဝင်သူအားလုံးအတွက် ကောင်းကင်ဘုံဉာဏ်အလင်းပြကြေးမုံကိုယ်ပွားရဲ့ အမှတ်အသားနဲ့ တည်နေရာခြေရာခံစနစ်ပဲဖြစ်တယ်။။ ဒါ့အပြင်၊ ပါဝင်သူအားလုံးက ကောင်းကဘုံဉာဏ်အလင်းဂိုဏ်းတံဆိပ်ကနေတစ်ဆင့် စမ်းသပ်မှုရဲ့စည်းမျဉ်းတွေနဲ့ သူတို့ အရည်အချင်းမမီလို့ ထုတ်ပယ်ခံရခြင်းရှိမရှိကို သိနိုင်တယ်။

“ဒါက ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းတံဆိပ်ပဲ။ အရင်က အိမ်ကအကြီးအကဲတွေဆီကပဲ ကြားဖူးတာ။”

“ဒီနည်းလမ်းက တကယ်ကို ကြောက်စရာကောင်းလွန်းတယ်။”

“ဟုတ်ပါ့။”

“သူကဟင်းလင်းပြင်ကို တိုက်ရိုက်ဖြတ်ပြီး ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းတံဆိပ်ပေါင်း တစ်သန်းကျော်ကို ဖန်တီးတယ်။ ပြီးတော့ တံဆိပ်တွေကို ငါတို့တစ်ယောက်ချင်းစီဆီ လွဲချော်မှုမရှိဘဲ ပေးနိုင်တယ်။ ဒီစွမ်းရည်က နတ်ဘုရားတစ်ပါးလိုပဲ။”

“ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းတံဆိပ်ထဲမှာ သက်ဆိုင်ရာအချက်အလက်တွေပါတယ်။ ဒီတစ်ခေါက် ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းစုဝေးပွဲကို ဦးစီးတဲ့သူက တိမ်စိမ်းတောင်ထွတ်ရဲ့ အမွေခံတပည့် ချီမင်တဲ့။”

“အမွေခံတပည့် ချီ!”

“အမွေခံတပည့် ချီကိုသာ မြင်ဖူးခွင့်ရရင်၊ ငါ့ဘဝက တန်နေပြီ။”

“အမွေခံတပည့် ချီကသာ ငါ့ကို သဘောကျမယ်ဆိုရင်၊ သူ့အ‌စေခံဖြစ်ရရင်တောင် ဘာမဆိုလုပ်ဖို့ အသင့်ပဲ!”

“အိပ်မက်မက်မနေနဲ့တော့။”

“အဲ့ဒါက တောင်ထွတ်တစ်ခုရဲ့ အမွေခံတပည့်နော်၊ ပြီးတော့ တောင်ထွတ်ဆယ့်နှစ်ခုထဲမှာ အသန်မာဆုံးပဲ။ ကောင်းကင်ဘုံက နတ်သမီးလောက်မှ အမွေခံတပည့် ချီနဲ့ ထိုက်တန်မှာ။ မင်းက အင်ပါယာတစ်ခုရဲ့ မင်းသမီးဖြစ်နေရင်တောင် လုံးဝမထိုက်တန်ဘူး။ အစေခံတစ်ယောက်ဖြစ်ဖို့တောင် ခက်တယ်။”

“ဟုတ်တယ်၊ ဟုတ်တယ်။”

ပါဝင်သူတွေက ဆွေးနွေး နေကြတယ်။

“ပထမစစ်ဆေးမှု - ဝိညာဉ်တိမ်တိုက်ဆန်းကြယ်ဘုံ။”

ချီမင်က ကောင်းကင်ဘုံဉာဏ်အလင်းပြကြေးမုံကိုယ်ပွားကနေတစ်ဆင့် စည်းမျဉ်းတွေကို ဆက်ပြီးကြေညာတယ်၊ “ပါဝင်သူအားလုံး ဝိညာဉ်တိမ်တိုက်ဆန်းကြယ်ဘုံဆီသွားရမယ့် လမ်းကြောင်းအချက်အလက်တွေကို ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းတံဆိပ်ကနေ ရရှိကြလိမ့်မယ်။”

“ဒီအချက်အလက်တွေကိုသုံးပြီး ဝိညာဉ်တိမ်တိုက်ဆန်းကြယ်ဘုံဆီ သွားကြရမယ်။ ဝိညာဉ်တိမ်တိုက်ဆန်းကြယ်ဘုံထဲ ဝင်ပြီးတာနဲ့၊ ဝိညာဉ်တိမ်တိုက်တစ်ခုကို စုပ်ယူနိုင်တာနဲ့ စမ်းသပ်မှုကို အောင်မြင်ပြီ။”

“စတင်ပါ။”

ဗြိန်း!

စိတ်ကူးလိုက်ရုံနဲ့၊ ချီမင်က ကောင်းကင်ဘုံဉာဏ်အလင်းပြကြေးမုံကိုယ်ပွားကို ထိန်းချုပ်လိုက်တယ်။ နှိုင်းယှဉ်လို့မရတဲ့ မမြင်နိုင်တဲ့စွမ်းအားတစ်ခု ကျရောက်လာပြီး ပါဝင်သူ ၁,၈၀၉,၄၅၀ ယောက်ကို လွှမ်းခြုံသွားတယ်။

မျက်စိတစ်မှိတ်အတွင်းမှာပဲ၊ ပါဝင်သူအားလုံးက သက်ဆိုင်ရာလမ်းကြောင်းအချက်အလက်တွေကို ရရှိသွားကြတယ်။

“ပြေး!”

“မြန်မြန်၊ မြန်မြန်၊ သွားကြစို့။”

“ဝိညာဉ်တိမ်တိုက်ဆန်းကြယ်ဘုံက အရှေ့တောင်ဘက်မှာ။”

“…”

ချက်ချင်းပဲ၊ အုတ်အော်သောင်းတင်းဖြစ်သွားတယ်။

ပါဝင်သူ ၁,၈၀၉,၄၅၀ ယောက်က ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းတံဆိပ်ထဲက လမ်းကြောင်းအချက်အလက်တွေကို ကျွမ်းကျင်သွားပြီးတော့ အရှိန်ပြင်းပြင်းနဲ့ ထွက်ခွာသွားကြတယ်။

ဒီပါဝင်သူတွေထဲမှာ၊ သာမန်လောကမှာ ကျင့်ကြံကြတဲ့ သိုင်းပညာရှင်တွေအပြင်၊ အကြီးအကဲတွေဆီက ရထားတဲ့ အဆောင်တွေ၊ ရတနာပစ္စည်းတွေပါတဲ့သူတွေလည်း ပါတယ်။ ဒါပေမဲ့ သူတို့ထဲက ဘယ်သူမှ ကျင့်ကြံနည်းပညာတစ်ခုခုကို မသင်ယူဖူးသေးဘူး။

သူတို့သာ ကျင့်ကြံနည်းတစ်ခုခုကို သင်ယူပြီးသားဆိုရင်၊ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းက ကျိန်းသေလက်ခံမှာမဟုတ်ဘူး။

All Chapters