← Chapters

သွေးကြာပန်းတာအိုခန္ဓာနဲ့ မသေမျိုးဖန်ဆင်းခြင်းသစ်သားခန္ဓာ

Vol. 4 Ch. 58

သွေးကြာပန်းတာအိုခန္ဓာနဲ့ မသေမျိုးဖန်ဆင်းခြင်းသစ်သားခန္ဓာ

Vol. 4 Ch. 58

နာရီအနည်းငယ်ကြာပြီးတော့ မနက်ကတည်းကဆိုရင် ဆယ်နာရီနီးပါးတောင်ရှိသွားပြီ။ ကောင်းကင်ကဖြည်းဖြည်းချင်းမှောင်လာပြီး ညရောက်လာတယ်။ လမင်းကြီးကလည်း တိတ်တဆိတ်ထွက်ပေါ်လာပြီး ကြယ်ရောင်တွေက မှိတ်တုတ်မှိတ်တုတ်ဖြစ်နေတယ်။

ယွမ်ဖုန်းနဲ့ စုချင်းယင်တို့က တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ဖေးမရင်း ဝိညာဉ်ဉာဏ်အလင်း ဆန်းကြယ်ဘုံကို သွားတဲ့လမ်းမှာ သားရဲရိုင်းအုပ်စုတချို့နဲ့တော့ ကြုံခဲ့ရပေမယ့် သိပ်ပြီးအန္တရာယ်မများခဲ့ဘူး။

အဲ့ဒီအချိန်မှာ ချီမင်က ယုရွှယ်လန် ဝိညာဉ်ဉာဏ်အလင်း ဆန်းကြယ်ဘုံကို ဘေးမသီရန်မခဘဲ ရောက်သွားတာကို သတိထားမိလိုက်တယ်။ သူမက ဝိညာဉ်ဉာဏ်အလင်းဆန်းကြယ်ဘုံထဲကို ပထမဆုံးဝင်ရောက်တဲ့ ပါဝင်သူလည်းဖြစ်တယ်။

“တော်တယ်။”

တောင်ထွတ်ဆယ့်နှစ်ခုက အတွင်းစည်းဂိုဏ်းအကြီးအကဲတွေ ခေါင်းညိတ်လိုက်ကြတယ်။

သူတို့က ယုရွှယ်လန်ရဲ့ စွမ်းဆောင်ရည်ကို တော်တော်လေးကျေနပ်နေကြတယ်။

ဝှစ်!

ဝိညာဉ်ဉာဏ်အလင်းဆန်းကြယ်ဘုံထဲမှာ ယုရွှယ်လန်ရဲ့ပုံရိပ် ပေါ်လာတယ်။ ဒီလျှို့ဝှက်နယ်မြေထဲမှာ ဉာဏ်အလင်းကျောက်တိုင်တွေ တစ်ခုပြီးတစ်ခု စိုက်ထူထားတယ်။ ဉာဏ်အလင်းကျောက်တိုင်ကိုရှာပြီး လက်တင်လိုက်တာနဲ့ ဉာဏ်အလင်းကျောက်တိုင်က ပါဝင်သူတွေရဲ့ ကိုယ်ပိုင်ခန္ဓာကို သိနိုင်တယ်။

အဆင်ပြေပြီး မြန်တယ်။

ပြီးတော့ အန္တရာယ်လည်းမရှိဘူး။

သာမန်အားဖြင့်တော့ ဉာဏ်အလင်းကျောက်တိုင်က အလင်းရောင်ထွက်လာအောင် လုပ်နိုင်သရွေ့၊ အလင်းရောင်အနည်းဆုံးဖြစ်နေဦးတော့ စာမေးပွဲအောင်တယ်လို့ သတ်မှတ်တယ်။ မဟုတ်ရင်တော့ အသုံးမကျတဲ့ ခန္ဓာကိုယ်ရှိသူအဖြစ် အပယ်ခံရမှာဖြစ်တယ်။

“ဂျူနီယာ‌မောင်လေး။” လုချင်းယန်က မေးလိုက်တယ်၊ “ယုရွှယ်လန်က ဘယ်လိုခန္ဓာကိုယ်မျိုး ရှိမယ်ထင်လဲ။”

“မသိဘူး။” ချီမင်က ပခုံးတွန့်လိုက်တယ်၊ “‌ သေမျိုးကိုယ်တော့ မဖြစ်နိုင်လောက်ဘူး။ အနည်းဆုံးတော့ ဝိညာဉ်ခန္ဓာလောက်တော့ ရှိမှာပါ။”

“လောင်းကြေးထပ်ကြမလား။” လုချင်းယန်က ပြုံးလိုက်တယ်။

“ဘာလောင်းမှာလဲ။” ချီမင်က မေးလိုက်တယ်။

“ဂျူနီယာ မောင်လေးကရော ဘာလောင်းချင်လဲ။” လုချင်ယန်က ပြန်မေးတယ်။

“ဝိညာဉ်ကျောက်တုံးကြေး လောင်းကြေးထပ်မလား။” ချီမင်က တိုးတိုးလေးမေးလိုက်တယ်။

“နင်ကတော့ ဝိညာဉ်ကျောက်တုံးကို တော်တော်သဘောကျတာပဲ။” လုချင်ယန်က ပြုံးလိုက်တယ်။

“ဒါပေါ့။” ချီမင်က ပခုံးတွန့်လိုက်တယ်၊ “ဘယ်လိုပြောရမလဲ။ ဝိညာဉ်ကျောက်တုံးအလုံအလောက်ရှိရင် လောကကြီးကို ပတ်သွားလို့ရတယ်။ မရှိရင်တော့ တစ်လှမ်းတောင်ရွှေ့ဖို့ခက်တယ်။ ဒီလောကကြီးမှာ ဝိညာဉ်ကျောက်တုံရှိသရွေ့ ဘာမဆိုဝယ်လို့ရတယ်လေ။”

“အစ်မတော့ ဒီစကားကို မကြားဖူးပါလား။”

လုချင်းယန်က ခေါင်းညိတ်လိုက်တယ်၊ “ကောင်းပြီလေ။ ဂျူနီယာမောင်လေးက ဒီလိုပြောမှတော့ ဝိညာဉ်ကျောက်တုံးပဲ လောင်းကြတာပေါ့။”

“အစ်မကြီးကရော ဘာလောင်းချင်လဲ။” ချီမင်က ထပ်မေးလိုက်တယ်။

“ငါတို့ ယုရွှယ်လန်နဲ့ စုချင်းယင်ရဲ့ အလားအလာတွေပေါ်မှာ လောင်းကြမယ်။” လုချင်ယန်က ပြောတယ်၊ “သူတို့နှစ်ယောက်ရဲ့ အလားအလာငါးခုထဲမှာ သူတို့ရဲ့ ဝိညာဉ်အမြစ်ကိုပဲ ပြထားသေးတယ်။ မသိရသေးတဲ့ လေးခုကျန်သေးတယ်။ ကျန်တဲ့ အလားအလာလေးခုရဲ့ အဆင့်ကို ငါတို့ခန့်မှန်းကြမယ်။ အမှန်တရားနဲ့ အနီးစပ်ဆုံးသူက နိုင်မယ်။”

“ဘယ်လိုထင်လဲ။” လုချင်းယန်က မေးလိုက်တယ်။

“ရတယ်။” ချီမင်က ခေါင်းညိတ်လိုက်တယ်၊ “ကျွန်တော် လက်ခံတယ်။”

“ဒါပေမဲ့ စီနီယာအစ်မ၊” ချီမင်က ဆက်ပြောတယ်၊ “ကျွန်တော့်ဆီမှာ ကောင်းကင်ဘုံဉာဏ်အလင်းပြကြေးမုံကိုယ်ပွား ရှိနေတာနော်။ ကျွန်တော် ယုရွှယ်လန်နဲ့ စုချင်းယင်ရဲ့ အခြေအနေကို ချောင်းကြည့်လို့ရတယ်။ စီနီယာအစ်မရှုံးမှာမစိုးရိမ်ဘူးလား။”

“ဘယ်သူနိုင်မလဲဆိုတာ မသေချာသေးပါဘူး။” လုချင်းယန်က ပြုံးပြီးပြောတယ်၊ “ဒီလိုလုပ်ရအောင်။ ဂျူနီယာမောင်လေး ဝိညာဉ်ကျောက်တုံးအများကြီးမထုတ်နိုင်မှာ စိုးလို့။ အစ်မလက်ထဲက ဒီအဆင့်နိမ့် သိုလှောင်အိတ်ထဲမှာ အဆင့်နိမ့်ဝိညာဉ်ကျောက်တုံးတစ်သိန်းရှိတယ်။”

“ဒါပဲ လောင်းကြတာပေါ့။”

“ကောင်းပြီ။” ချီမင်က ပြုံးလိုက်တယ်။ “ဒါဆို ဒါပဲလောင်းကြတာပေါ့။ ကျွန်တော်လည်းလိုက်လောင်းမယ်။”

အဆင့်နိမ့်ဝိညာဉ်ကျောက်တုံးတစ်သိန်းက သိပ်မများပေမဲ့ မြန်မြန်ရတဲ့ဝင်ငွေတစ်ခုဖြစ်တယ်။ ချီမင်ကတော့ ဒါကိုစိတ်မဝင်စားဘဲမနေနိုင်ဘူး။ မဆိုင်းမတွဘဲ လုချင်းယန်နဲ့ လောင်းလိုက်တယ်။

လုချင်းယန်က ဒီလောင်းကစားကို ပြောလိုက်တဲ့အချိန်မှာ တကယ်တော့ ခဏတာပျင်းလို့သက်သက်ပဲဖြစ်တယ်။။ အချိန်ဖြုန်းရင်း စိတ်အပြောင်းအလဲဖြစ်အောင် လုပ်တာလို့ပဲ ဆိုရမှာဖြစ်တယ်။

ဒါက အဆင့်နိမ့်ဝိညာဉ်ကျောက်တုံးတစ်သိန်းပဲဖြစ်တယ်။

လုချင်းယန်က ဒါကို သိပ်ပြီးအလေးမထားဘူး။

“ဂျူနီယာ မောင်လေး၊ နင်အရင်ပြောမလား။” လုချင်ယန်က ပြောလိုက်တယ်။

“ရတယ်။” ချီမင်က ခေါင်းညိတ်ပြီး ကောင်းကင်ဘုံဉာဏ်အလင်းပြကြေးမုံကိုယ်ပွားကို အစွမ်းကုန်လည်ပတ်လိုက်တယ်။ သူတကယ်ပဲ ယုရွှယ်လန်နဲ့ စုချင်းယင်ဆီက လျှို့ဝှက်ချက်တချို့ကို ရှာတွေ့သွားပြီး သူ့မျက်လုံးတွေက အံ့ဩမှုတွေနဲ့ ပြည့်နေတယ်။

ပထမဆုံးအနေနဲ့ ချီမင်က ယုရွှယ်လန်ရဲ့ကိုယ်ပေါ်မှာ ကိုးလွှာ‌ကြာပန်းနီရဲ့ ပုံရိပ်ယောင်တစ်ခုကို မြင်လိုက်ရတယ်။၊ စုချင်းယင်ရဲ့ကိုယ်ပေါ်မှာတော့ သစ်ပင်ကြီးတစ်ပင်ရဲ့ ပုံရိပ်ယောင်ကို မြင်လိုက်ရတယ်။

“ဒါဆိုရင်တော့ ကျွန်တော်ပဲ ရှက်စရာကောင်းအောင် စပြောလိုက်တော့မယ်။” ချီမင်က ခပ်ဖွဖွချောင်းဟန့်ပြီး “ကျွန်တော်ခန့်မှန်းရသလောက်တော့ ယုရွှယ်လန်က တတိယအဆင့် တာအိုခန္ဓာ ရှိတယ်၊ စုချင်းယင်ကတော့ စတုတ္ထအဆင့် မသေမျိုးခန္ဓာရှိသင့်တယ်။ ကျန်တဲ့ အလားအလာသုံးခုကတော့ သူတို့ရဲ့ခန္ဓာကိုယ်အဖြေရလဒ်ကိုပဲ စောင့်ကြည့်ကြတာပေါ့။”

“မသေမျိုးခန္ဓာ!” ထန်ချန်လင်းက အံ့ဩသွားတယ်။ “အမွေခံတပည့် ချီ၊ မင်း မှားနေပြီလား။ မသေမျိုးခန္ဓာဆိုတာ သာမန်မဟုတ်ဘူးနော်၊ တာအိုခန္ဓာနဲ့ တစ်တန်းတည်းထားလို့မရဘူး။”

“မင်းရဲ့ ခန္ဓာကိုယ်က မ‌‌သေမျိုးခန္ဓာဆိုရင်၊ကျင့်ကြံခြင်းလမ်းကြောင်း မှာမသေသွားသရွေ့ မင်းအထက်ဘုံကို တက်လှမ်းပြီး မသေမျိုးဖြစ်လာမှာ သေချာတယ်။”

“စုချင်းယင်ရဲ့ ဝိညာဉ်အမြစ်က စတုတ္ထအဆင့်ရောက်နေပြီ။ မသေမျိုးခန္ဓာပါပေါင်းလိုက်ရင် သူက အမွေခံတပည့်ဖြစ်ဖို့ အခြေခံအားဖြင့်သေချာသွားပြီ။”

“အကြီးအကဲထန် ပြောတာမှန်တယ်။” ချီချင်းက ခေါင်းညိတ်ပြီးပြောလိုက်တယ်၊ “မသေမျိုးခန္ဓာက အဲ့လောက်လွယ်လွယ်နဲ့ ရတာမဟုတ်ဘူး။ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းတစ်ခုလုံးမှာတောင် အဲ့လိုလူ လက်ချိုးရေလို့ရတယ်။”

“ဂျူနီယာ‌မောင်လေး။” လုချင်းယန်က ခပ်ဖွဖွပြုံးလိုက်တယ်၊ “နင်ရှုံးတော့မယ်ထင်တယ်။”

“ဂျူနီယာမောင်လေးက စုချင်းယင်မှာ မသေမျိုးခန္ဓာရှိတယ်လို့ ထင်မှတော့၊ အစ်မက ယုရွှယ်လန်နဲ့ စုချင်းယင်နှစ်ယောက်လုံးမှာ တတိယအဆင့်တာအိုခန္ဓာ‌တွေပဲရှိတယ်လို့ ခန့်မှန်းလိုက်မယ်။” လုချင်းယန်က ပြောလိုက်တယ်။

ဝှစ်! ဝှစ်!

အဲ့ဒီအချိန်မှာ ယုရွှယ်လန်က ဝိညာဉ်ဉာဏ်အလင်း ဆန်းကြယ်ဘုံထဲမှာ ဉာဏ်အလင်းကျောက်တိုင်တစ်ခုကို ရှာတွေ့သွားတယ်။ သူမရဲ့ ဖြူစင်နူးညံ့တဲ့ ကျောက်စိမ်းလိုလက်ကလေးတွေကို ဆန့်ထုတ်ပြီး ခပ်ဖွဖွဖိလိုက်တယ်။

ချက်ချင်းပဲ ဉာဏ်အလင်းကျောက်တိုင်က လင်းလာတယ်။

မျက်စိတစ်မှိတ်အတွင်းမှာပဲ ယုရွှယ်လန်ရဲ့ တစ်ကိုယ်လုံးကို လွှမ်းခြုံသွားတယ်။

မကြာခင်မှာပဲ ဖြူစင်တဲ့အလင်းရောင်က တဖြည်းဖြည်းနဲ့ နီရဲတဲ့အရောင်အဖြစ် ပြောင်းသွားတယ်။ ယုရွှယ်လန်ရဲ့နောက်မှာ နီရဲတဲ့အလင်းရောင်တွေစုစည်းပြီး ကြီးမားတဲ့ ကိုးလွှာကြာပန်းနီကြီးအဖြစ် ပြောင်းသွားတယ်။

ဘုန်း!

ကြာပန်းနီကြီးပေါ်လာပြီး ကောင်းကင်ကို ထိုးတက်သွားတယ်။

အားပြင်းတဲ့စွမ်းအင်တွေ ပြင်းထန်စွာ လှိုင်းထလာတယ်။

“ သွေးကြာပန်းတာအိုခန္ဓာ!”

ထန်ချန်လင်းက “ယုရွှယ်လန်က သွေးကြာပန်းတာအိုခန္ဓာရှိတာပဲ၊ တတိယအဆင့်တာအိုခန္ဓာပေါ့။အမွေခံတပည့်ချီနဲ့ အကြီးအကဲလုတို့ မှန်တယ်။ ပြီးတော့ သွေးကြာပန်းတာအိုခန္ဓာကတကယ်ကောင်းတဲ့တာအိုခန္ဓာပဲ။”

“အင်း။” ချီချင်းက ခေါင်းညိတ်လိုက်တယ်။

ဝိညာဉ်ဉာဏ်အလင်းဆန်းကြယ်ဘုံထဲမှာ။

“တာအိုခန္ဓာပဲလား။”

ယုရွှယ်လန်က သက်ပြင်းချလိုက်ပြီး နည်းနည်းစိတ်ပျက်သွားတယ်။ သူမကကောင်းကင်နဲ့မြေကြီး ကိုးထပ်ကြာပန်းနီနဲ့ အခြေခံအုတ်မြစ်ကို ပြန်တည်ဆောက်ပြီး သူမရဲ့အခြေခံနဲ့ပေါင်းလိုက်ရင် မသေမျိုးခန္ဓာတစ်ခု တည်ဆောက်နိုင်မယ်လို့ မူလကထင်ထားခဲ့တာ။

အခုတော့ မသေမျိုး ခန္ဓာကထူးခြားတဲ့တည်ရှိမှုတစ်ခုဖြစ်နေပုံပဲ။

မသေမျိုးခန္ဓာက တည်ဆောက်ဖို့က မဖြစ်နိုင်ဘူး။ သွေးကြာပန်းတာအိုခန္ဓာ တည်ဆောက်နိုင်တာကပဲ သူမရဲ့အစွမ်းကုန်ဖြစ်နေပြီ။

ခဏအကြာမှာ ထူးခြားတဲ့ဖြစ်စဉ် ပျောက်ကွယ်သွားတယ်။

ပြီးတော့ စိတ်ကူးတစ်ချက်နဲ့ ယုရွှယ်လန်က ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းတံဆိပ်ကို အသက်သွင်းပြီး တတိယစစ်ဆေးမှုရဲ့အချက်အလက်ကို ရယူလိုက်တယ်။ သူမကို ဝိညာဉ်ဉာဏ်အလင်းဆန်းကြယ်ဘုံထဲကနေ ပို့ဆောင်ပေးလိုက်ပြီး တတိယဆန်းကြယ်ဘုံဖြစ်တဲ့ တာအိုဉာဏ်အလင်းဆန်းကြယ်ဘုံကို ဦးတည်သွားတယ်။

နာမည်အတိုင်းပဲ တာအိုဉာဏ်အလင်းဆန်းကြယ်ဘုံက လူတစ်ယောက်ရဲ့ နားလည်သဘောပေါက်နိုင်စွမ်းကို စမ်းသပ်ဖို့ ဒီဇိုင်းထုတ်ထားတဲ့ ဆန်းကြယ်ဘုံဖြစ်တယ်။

ယုရွှယ်လန် ဝိညာဉ်ဉာဏ်အလင်းဆန်းကြယ်ဘုံထဲက ထွက်လာပြီးတော့ ခုမှရောက်လာတဲ့ ယွမ်ဖုန်းနဲ့ စုချင်းယင်တို့နဲ့ ကြုံလိုက်တယ်။ ဒါက နှစ်ဖက်သား တရားဝင်တွေ့ဆုံကြတာ ပထမဆုံးအကြိမ်ဖြစ်တယ်

“သူမပဲ!”

ယုရွှယ်လန်က စုချင်းယင်ကို နက်နက်ရှိုင်းရှိုင်းတစ်ချက်ကြည့်လိုက်ပြီး စုချင်းယင်ရဲ့ ရုပ်သွင်ကို သူမစိတ်ထဲမှာ စွဲစွဲမြဲမြဲမှတ်သားလိုက်တယ်။ ပြီးတော့ လှည့်ထွက်သွားတယ်။ သူမရဲ့ လှုပ်ရှားမှုပညာကိုသုံးပြီး စုချင်းယင်တို့ရဲ့ အမြင်အာရုံထဲကနေ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတယ်။

“မြန်လိုက်တဲ့ လှုပ်ရှားမှုသိုင်းပညာပဲ။”

ယွမ်ဖုန်းက နည်းနည်းအံ့ဩသွားတယ်၊ “သူမက မွေးရာပါ သိုင်းပညာရှင်တစ်ယောက် ဖြစ်နေလောက်ပြီ။”

“ဒီလူက အရမ်းအန္တရာယ်များတယ်။” စုချင်းယင်က စိုးရိမ်စိတ်နဲ့ ပြောလိုက်တယ်။

စုချင်းယင်က အန္တရာယ်ကို အလိုလိုသိနေပုံပေါ်တယ်။

“အင်း။” ယွမ်ဖုန်းက ခေါင်းညိတ်တယ်၊ “ငါတို့ ဝိညာဉ်ဉာဏ်အလင်းဆန်းကြယ်ဘုံထဲကို အမြန်သွားကြစို့။”

“ကောင်းပြီ။” စုချင်းယင်က ပြန်ဖြေလိုက်တယ်။

ရှပ်! ရှပ်!

အလင်းတစ်ချက်လက်သွားတယ်။

သူတို့နှစ်ယောက်ဝင်ပေါက်ကနေ ဝိညာဉ်ဉာဏ်အလင်း ဆန်းကြယ်ထဲကို ဝင်သွားပြီး ဉာဏ်အလင်းကျောက်တိုင်နှစ်ခုကို အမြန်ရှာတွေ့သွားတယ်။ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး လက်နဲ့ဖိလိုက်ကြတယ်။

ဝှစ်! ဝှစ်!

ချက်ချင်းပဲ ယွမ်ဖုန်းရဲ့ ဉာဏ်အလင်းကျောက်တိုင်က လင်းလာတယ်။ ဖြူစင်တဲ့အလင်းရောင်က သိပ်ပြီးထင်ရှားမနေပေမယ့် သူမတစ်ကိုယ်လုံးကိုတော့ လွှမ်းခြုံသွားတယ်။

ချက်ချင်းပဲ တဖြည်းဖြည်းနဲ့ အပြာရောင်ပြောင်းသွားတယ်။

မကြာခင်မှာပဲ ယွမ်ဖုန်းရဲ့နောက်မှာ ရေခဲပြာလို ထူးခြားတဲ့ဖြစ်စဉ်တစ်ခု ပေါ်လာတယ်။

“ဒါကရေခဲပြာဝိညာဉ်ခန္ဓာပဲ။”

ချီချင်းက “ဒါက ရေခဲဓာတ်ကျင့်စဉ်တွေ ကျင့်ဖို့ ပိုသင့်တော်တဲ့ ကျင့်ကြံရေးခန္ဓာတစ်ခုလို့ သတ်မှတ်တယ်။”

“အင်း။” အကြီးအကဲထန်နဲ့ တခြားသူတွေက ဘာမှထပ်မပြောကြတော့ဘူး။

တခြားတောင်ထွတ်ဆယ့်တစ်ခုက အကြီးအကဲတွေက ယွမ်ဖုန်းကို သိပ်ပြီးအာရုံမစိုက်ကြဘဲ သူတို့ရဲ့အကြည့်တွေက သူမဘေးက စုချင်းယင်အပေါ်မှာပဲ အဓိကကျရောက်နေတယ်။

“ချင်းယင်၊ ကြည့်စမ်း။ ငါ့ခန္ဓာကို စမ်းပြီးသွားပြီ။” ယွမ်ဖုန်းက ပျော်ရွှင်စွာပြောလိုက်တယ်၊ “ရေခဲပြာ ဝိညာဉ်ခန္ဓာတဲ့။”

“နင်…”

ယွမ်ဖုန်းက စုချင်းယင်ကို လှည့်ကြည့်လိုက်တယ်။ သူမမျက်စိရှေ့ကမြင်ကွင်းကြောင့် သူမ ရပ်တန့်သွားပြီး ပျော်ရွှင်နေတဲ့မျက်နှာက ခဲသွားတယ်။

ဗြောင်း! ဗြောင်း! ဗြောင်း!!!

ဉာဏ်အလင်းကျောက်တိုင်ရဲ့အလင်းရောင်က အရမ်းကိုတောက်ပလွန်းတယ်။ ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံသွားပြီး ဖြူစွတ်နေတဲ့အလင်းရောင်က တဖြည်းဖြည်းနဲ့ စိမ်းစိုတဲ့အစိမ်းရောင်အဖြစ် ပြောင်းသွားတယ်။

“ဒါ… ဒါ…”

“ဖြစ်နိုင်မလား… ဖြစ်နိုင်မလား…”

တောင်ထွတ်ဆယ့်နှစ်ခုက အကြီးအကဲတွေနဲ့ အ‌မွေခံတပည့်တွေအားလုံး မတ်တပ်ရပ်လိုက်ကြပြီး သူတို့ရှေ့ကမြင်ကွင်းကို စိတ်လှုပ်ရှားမျှော်လင့်စွာနဲ့ တည့်တည့်ကြည့်နေကြတယ်။

ဘုန်း!

ဝိညာဉ်ဉာဏ်အလင်းဆန်းကြယ်ဘုံထဲကနေ ကျယ်လောင်တဲ့အသံတစ်ခု ထွက်ပေါ်လာတယ်။

ပြီးတော့ စိမ်းစိုတဲ့အစိမ်းရောင်အလင်းက အလွန်ကြီးမားကျယ်ပြန့်တဲ့ ခန္ဓာကိုယ်ထူးခြားဖြစ်စဉ်တစ်ခုအဖြစ် စုစည်းသွားတယ်။ ဒါက ကောင်းကင်ဘုံအထိရောက်တဲ့ ဧရာမသစ်ပင်ကြီးတစ်ပင်ဖြစ်တယ်။ကောင်းကင်နဲ့မြေကြီးကို ဆက်သွယ်ထားပြီး လောကကြီးတစ်ခုလုံးကို ထောက်ပံ့ထားသလိုဖြစ်တယ်။

အရမ်းကို ခမ်းနားထည်ဝါတယ်။

“ဒါ… ဒါက…”

ယွမ်ဖုန်းက လုံးဝအံ့ဩနေတယ်။ စုချင်းယင်ပြသလိုက်တဲ့ ကိုယ်ပိုင်ခန္ဓာ ထူးခြားဖြစ်စဉ်ကို မော့ကြည့်နေရင်း သူမရဲ့ရေခဲပြာ ဝိညာဉ်ခန္ဓာက လုံးဝမှေးမှိန်သွားတယ်။

အဲ့ဒီအချိန်မှာ ယွမ်ဖုန်းက ပိုပြီးတည်ငြိမ်သွားတယ်။

စုချင်းယင်က တကယ့်ကို ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက်ဆိုတာကို သူမ လုံးဝနားလည်သွားပြီ။

အနာဂတ်မှာ စုချင်းယင်က သေချာပေါက် ထိုးတက်သွားမှာဖြစ်တယ်။

သူမနှလုံးသားထဲမှာ မနာလိုမှုတွေ မရှိတော့ဘဲ နက်ရှိုင်းတဲ့အားကျမှုနဲ့ သူမကိုယ်တိုင်တောင်မသိလိုက်တဲ့ ကြည်ညိုလေးစားမှုတွေနဲ့ ဧရာမသစ်ပင်ကြီးရဲ့ဖြစ်စဉ်ကို မော့ကြည့်နေမိလိုက်တယ်။

“မ‌သေမျိုးဖန်ဆင်းခြင်းသစ်သားခန္ဓာ!”

လုချင်းယန်က အံ့ဩမှုကနေ သက်ပြင်းချပြီး သတိပြန်ဝင်လာကာ “ဒီကောင်းကင်ဘုံဉာဏ်အလင်း ဂိုဏ်းစုဝေးပွဲမှာ မသေမျိုးဖန်ဆင်းခြင်းသစ်သားခန္ဓာပေါ်လာလိမ့်မယ်လို့ တကယ်မထင်ထားဘူး။”

ဖန်ဆင်းခြင်းသစ်သား!

ဒါက ကောင်းကင်၊ မြေကြီး၊ လူသား၊ မသေမျိုးတို့ကို ဆက်သွယ်ပေးတဲ့ ဒဏ္ဍာရီလာသစ်ပင်ဖြစ်တယ်။ လောကကြီးကို ထောက်ပံ့ပေးတဲ့သစ်ပင်ဖြစ်တယ်။ ဖန်ဆင်းခြင်းသစ်ပင်ပေါ်မှာ အရွက်တွေ၊ အပွင့်တွေ၊ အသီးတွေ၊ ငှက်တွေ၊ သားရဲတွေ၊ နဂါးတွေ၊ နတ်ဘုရားခေါင်းလောင်းတွေ စသဖြင့်ရှိတယ်။

ဒဏ္ဍာရီအမျိုးမျိုးမှာ သူ့အကြောင်း ဇာတ်လမ်းအစုံအလင်ရှိတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဖန်ဆင်းခြင်းသစ်သားရဲ့နာမည်က လူတိုင်းရဲ့နှလုံးသားထဲမှာ နက်နက်ရှိုင်းရှိုင်း စွဲထင်နေတယ်။

အခုတော့ စုချင်းယင်ရဲ့ ကိုယ်ပိုင်ခန္ဓာကမသေမျိုး ဖန်ဆင်းခြင်းသစ်သားခန္ဓာဖြစ်တယ် ။

“ဂုဏ်ယူပါတယ် ဂျူနီယာမောင်လေး။ နင်နိုင်သွားပြီ။” လုချင်းယန်က ပြောလိုက်တယ်။

“ကျေးဇူးတင်ပါတယ်စီနီယာ အစ်မ။” ချီမင်က ပြန်ဖြေလိုကါတယ်၊ “ဒါကလည်းဂျူနီယာ‌မောင်‌လေးမှာ ကောင်းကင်ဘုံဉာဏ်အလင်းပြကြေးမုံကိုယ်ပွားရဲ့ အကူအညီရလို့ လျှို့ဝှက်ချက်တချို့ကို ရှာတွေ့ပြီး စီနီယာအစ်မကို နိုင်သွားတာပါ။”

“ဂျူနီယာမောင်လေး၊ ဘယ်သူနိုင်မလဲဆိုတာ မသေချာသေးပါဘူး။”

လုချင်ယန်က ပြောတယ်၊ “နောက်ထပ် စစ်ဆေးမှု သုံးခုကျန်သေးတယ်။”

“ဟုတ်ပါတယ်။” ချီမင်က ခေါင်းညိတ်တယ်၊ “ဒါပေမဲ့ ဒီဂျူနီယာမောင်လေးကတော့ အစ်မကြီးကို တစ်မှတ်နဲ့ နိုင်သွားပြီ။”

“ဟွန်း!” လုချင်းယန်က နှာမှုတ်လိုက်တယ်။

ဝိညာဉ်ဉာဏ်အလင်း ဆန်းကြယ်ဘုံထဲမှာ။

ဝှစ်! ဝှစ်!

စုချင်းယင်ရဲ့ ဖန်ဆင်းခြင်းသစ်သား ဖြစ်စဉ်က တဖြည်းဖြည်း ပေါင်းစည်းသွားပြီး အစိမ်းရောင်အလင်းအဖြစ်ပြောင်းကာ သူမကိုယ်ထဲကို ဝင်ရောက်သွားတယ်။ စုချင်းယင်လည်း မျက်လုံးဖွင့်လိုက်တယ်။

“အစ်မယွမ်။” စုချင်းယင်က ပျော်ရွှင်စိတ်လှုပ်ရှားစွာနဲ့ “ကျွန်မ ခုနက ကိုယ့်ခန္ဓာကို စမ်းကြည့်တာ၊ မသေမျိူးဖန်ဆင်းခြင်းသစ်သားခန္ဓာတဲ့!”

“မသေမျိုး မသေမျိုးခန္ဓာ!”

ယွမ်ဖုန်းက ပါးစပ်ဟသွားတယ်။ သူမ ဒီလိုဖြစ်မယ်လို့ မျှော်လင့်ထားပေမဲ့လည်း စုချင်းယင်ရဲ့စကားကိုကြားလိုက်ရတဲ့အခါ ခဏတာ ကြောင်အနေမိတုန်းပဲ၊ “ချင်းယင်၊ ဂုဏ်ယူပါတယ်။ နင့်ဝိညာဉ်အမြစ်က မြေနဲ့သစ်သားအမျိုးအစားဖြစ်ပြီး အခု မသေမျိုးဖန်ဆင်းခြင်းသစ်သားခန္ဓာပါ ရပြီဆိုတော့ နင် ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ အမွေခံတပည့်အဖြစ် သေချာပေါက် အရွေးခံရမှာပဲ။”

All Chapters