← Chapters

အခန်း (၂၃၅)

Vol. 19 Ch. 235

အခန်း (၂၃၅)

Vol. 19 Ch. 235

ကျောင်းရှိ အတန်းဖော်များကို သူမ စိုက်ထားသော ပန်းခြောက်များအား စျေးနှုန်းချိုသာစွာဖြင့် ရောင်းချခဲ့သည်။ လူတိုင်းက အဲ့တာကို အသုံးပြုပြီးနောက်တွင် အလွန်အသုံးဝင်ကြောင်း တွေ့ရှိခဲ့ပြီး သူတို့သည် သူမကို ပိုပိုပြီး သဘောကျလာကြသည်။

သို့သော် သာ့ချောင်ကို အမြဲမနာလိုဖြစ်နေသော သိပ်မရင်းနှီးသည့် အမျိုးသမီးတစ်ဦးရှိသည်။ အားလုံးက သာ့ချောင်ကို ကျေးဇူးတင်ကြောင်း မြင်လိုက်ရတော့ သူမ အရမ်း စိတ်မသက်မသာ ခံစားခဲ့ရသည်။

သူမက နှုတ်ခမ်းတွန့်ကာ "သူ့ကို နင်တို့ ဘာလို့ ကျေးဇူးတင်‌နေတယ် ဆိုတာ ငါတကယ်နားမလည်ဘူး။ နင်တို့ကို သူက အလကားမပေးဘူးလေ။ နင်တို့ သူ့ဆီကဝယ်ရတာ။ နင်တို့ ပစ္စည်းတွေ သွားဝယ်တဲ့အခါ တခြားသူတွေကို နင်တို့ ကျေးဇူးတင်တာပဲလား?"

တစ်ချို့မိန်းကလေးတွေသည် ဒီစကားကြားတော့ အဲ့တာက အဓိပ္ပါယ်ရှိတယ်လို့ ခံစားရသည်။

လူအချို့က "ဒါပေမယ့် အတန်းဖော် ချောင်နျန်နျန်က ငါတို့ကို အချိုသာဆုံးဈေးနဲ့ ပေးတာ။ အဖေက အဲဒီပန်းခြောက်တွေကို စစ်ပြီးပြီ။ လက်ရှိထက် ငါးဆလောက် ဈေးတက်သင့်တာလို့ ပြောတယ်။ ဈေးကောင်းကောင်းပေးနေတဲ့ဟာ နင်က ဒါကို အသိမှတ်မပြုဘူး!"

သိပ်မရင်းနှီးတဲ့ တစ်ယောက်က "နင် သူ့ရဲ့ နောက်လိုက်ဖြစ်ချင်ရင် ငါ့နင်ကို တားမှာမဟုတ်ဘူး။ ဒါပေမယ့် နင့်ရဲ့ မာနကြီးတဲ့ အပြုအမူကို ငါ သည်းမခံနိုင်ဘူး။ အတန်းဖော်တွေဆီကနေ ငွေရှာရင်းနဲ့ တစ်ချိန်တည်းမှာ သူက နာမည်ကောင်း လိုချင်နေတာ။ သူက လူတိုင်းပေါ် တကယ်ကောင်းတယ်ဆို ဘာလို့ အလကားမပေးတာလဲ?"

အကျိုးအမြတ်ရတာကို ကြိုက်တဲ့လူတချို့က ချက်ချင်းပဲ သူမနဲ့အတူ သဘောတူသွားကြသည်။

"နင်ပြောခဲ့တဲ့ အမှန်တရားတချို့တော့ ရှိပါတယ်။ ငါတို့အားလုံးက အတန်းဖော်တွေပဲလေ။ သူက ဘယ်လိုလုပ် လူတိုင်းရဲ့ပိုက်ဆံကို လက်ခံနိုင်ရတာလဲ?"

"မှန်တယ်မဟုတ်လား? အဲဒီပန်းခြောက်တွေကို သူကိုယ်တိုင် စိုက်ပျိုးထားတာလို့ ငါကြားတယ်။ သူတို့အတွက် သူက ဘာမှ အကုန်အကျ မရှိဘူး။ သူက ပိုက်ဆံကို ရူးသွပ်နေတာလား?"

"ပိုက်ဆံက အရေးမကြီးဘူး။ ဒါကို စားပြီး နင်တို့ ကျန်းမာရေးကို ထိခိုက်စေမှာ ငါကြောက်တယ်။ ရဲစခန်းမှူးက သူ့မွေးစားအဖေလို့ကြားတယ်။ တစ်ခုခုဖြစ်ရင် ငါတို့ သူ့ကို လျော်ကြေးတောင်းလို့ ရပါ့မလား?"

အစက ဤစကားများသည် လူအနည်းငယ်တွင်သာ ပျံ့နှံ့ခဲ့သည်။ နောက်ပိုင်းမှာ ဘယ်သူက ဖြန့်လိုက်လဲ မသိဘဲ အဲ့တာကို လူတိုင်းသည် တဖြည်းဖြည်း သိလာခဲ့ကြသည်။

လူတချို့က ပွဲကောင်းကို ကြည့်ချင်နေကြသည်။ သူတို့က ဒီစကားတွေကို သာ့ချောင်ကို ပြောပြပြီး သာ့ချောင်က သူမကို မနာလိုတဲ့ မိန်းကလေးကို မျက်ရည်ကျစေလိမ့်မယ်လို့ မျှော်လင့်ခဲ့ကြသည်။

သာ့ချောင်သည် စာအုပ်ထဲမှ မျက်လုံးခွာလိုက်ပြီး လျစ်လျူရှုသလို ပြန်ပြောခဲ့သည်။ "အိုး.. ငါသိတယ်.. အားလုံးက ငါပိုက်ဆံရှာတယ်လို့ ထင်ရင်လည်း ငါမရောင်းတော့ဘူးလေ။"

လာပြီးပြောပြတဲ့ ကောင်မလေးက အံ့သြသွားကြသည်။ ဒီအကျိုးဆက်ကို မမျှော်လင့်ထားဘူးဆိုတာ ထင်ရှားပါသည်!

သူမသည် ရာသီလာစဉ် ကြွက်တက်တတ်တဲ့သူ တစ်ဦးလည်းဖြစ်သည်။ သာ့ချောင်ဆီက ပန်းခြောက်များကို စားသုံးပြီးကတည်းက သူမ၏ ကြွက်တက်သည့် လက္ခဏာများ သက်သာလာခဲ့သည်။ သာ့ချောင်က မရောင်းတော့ရင် သူမ ဘာလုပ်ရမလဲ?

သာ့ချောင်ဟာ သူ့ကိုယ်သူ အရူးလုပ်တာကို မြင်လိုတဲ့ ရည်ရွယ်ချက်နဲ့ သူမသည် သာ့ချောင်ကို ပြောပြခဲ့သည်။ ပြီးတော့ သာ့ချောင်က ပြီးပြည့်စုံလွန်းသည်။ သူမသည် ကြည့်ကောင်းရုံသာမက ခရိုင်တွင်လည်း အကြိမ်တိုင်း ပထမရခဲ့သည်။ သူမသည် ဘယ်လောက်ပင် ကြိုးစားအားထုတ်နေပါစေ သူမကို မကျော်နိုင်ပါ။

တခြားမိန်းကလေးတွေက "နျန်နျန် ငါတို့ နင့်အကြောင်း မကောင်းပြောခဲ့ပါဘူး။ သူတို့က ကျေးဇူးကို မသိတတ်တဲ့ ကျေးဇူးကန်းတဲ့သူတွေ။ အဲ့ကျေးဇူးကန်းတဲ့ သူတွေကြောင့် ငါတို့ကို ရောင်းတာ ရပ်လို့မရဘူးလေ!"

" ဟုတ်တယ်။ ဟုတ်တယ်။ နင်ပေးခဲ့တဲ့ ပန်းခြောက်တွေကို ငါသောက်ပြီးကတည်းက ငါပြန်လည်မွေးဖွားလာသလို ခံစားလိုက်ရတယ်။ အရင်ကဆို ငါက လာတဲ့အချိန်တိုင်း နေရာမှာတင် သေချင်ခဲ့တာ!"

"အူးးးးးး... အတန်းဖော် နျန်နျန် ကျေးဇူးပြုပြီး ဆက်ရောင်းပါနော်။ ငါ နင် လိုချင်သလောက် ပေးချင်ပါ့မယ်။"

"ငါကောပဲ!"

သာ့ချောင်က ဘောပင်ကိုကိုင်ပြီး ခေါင်းညိတ်လိုက်ကာ "ငါ့မိသားစုဆိုင်မှာ ပန်းခြောက်တွေရောင်းမယ်။ မင်းတို့ တကယ်လိုအပ်ရင် မင်းတို့ ဆိုင်ကိုသွားဝယ်လို့ရတယ်။ ဒါပေမယ့် ဈေးကတော့ ကျိန်းသေပေါက် တက်လာမှာ!"

"အဆင်ပြေပါတယ်။ နျန်နျန် ပစ္စည်းအသင့်ရှိရင်တော့ နင် ကြိုပြောပေးလို့ရမလား?"

သာ့ချောင်က ပြုံးပြုံးလေး ခေါင်းညိတ်ပြီး "ရတာပေါ့။"

ကောင်မလေးတွေက ဝယ်ဖို့ အိမ်ကို ပိုက်ဆံထပ်တောင်းရန် ပျော်ပျော်ရွှင်ရွှင် ဆွေးနွေးခဲ့ကြသည်။

လာချွန်တဲ့ ကောင်မလေးကတော့ လုံးဝကို တုန်လှုပ်နေဆဲပင်။ သို့သော် သူမကို ဘယ်သူကမှ ဂရုမစိုက်ပေ။

ဈေးသက်သက်သာသာရတာကို မကျေနပ်တဲ့ ကောင်မလေးတွေက စျေးတက်သွားမှန်း သိတဲ့အခါ သူတို့သည် ဒေါသထွက်ပြီး နောင်တရသွားကြသည်။

အစက သူတို့သည် အခြေအနေကို ရှုပ်ထွေးအောင်လုပ်ပြီး သာ့ချောင်ကို ဆွဲချရန် အခွင့်အရေးကို လိုချင်ခဲ့သည်။

ထိုအခြေအနေမှာ အရေးကြီးဆုံးကတော့ သူတို့သည် သာ့ချောင်က သူတို့ကို ပန်းခြောက်တွေကို အလကားပေးစေချင်ခဲ့သည်။

ကြက်ကိုခိုးစားပြီး ထမင်းဆုံးရှုံးသွားမယ်လို့ ဘယ်သူက သိမှာလဲ?

ပစ္စည်းတွေကို စတိုးဆိုင်မှာ သွင်းပြီးတာနဲ့ ဈေးကြီးတာက ကိစ္စတစ်ခုပင်။ သူတို့နဲ့ ပြိုင်တဲ့လူတွေ ပိုများလာသည်။ ထိုအချိန်တွင် သူတို့သည် မဝယ်နိုင်တော့ပေ။

လူတချို့ကတော့ သူတို့၏ ကိုယ်ကျိုးကြည့်တာကြောင့် သာ့ချောင်ကို တောင်းပန်ဖို့ သွားခဲ့ကြသည်။

ဘယ်သူပဲလာလာ သာ့ချောင်က ပြုံးပြီး သူမ စိတ်မရှိပါဘူးလို့ ပြောခဲ့သည်။ ဒါပေမယ့် အရင်ကလို ပန်းခြောက်တွေကို စျေးသက်သက်သာသာနဲ့ ဝယ်ချင်ကြတာလား?

ဟိုဟို၊ အိပ်မက်မက်နေလိုက်။

သာ့ချောင်သည် ထိုစကားများကို နှလုံးသားထဲတွင် မမှတ်ယူခဲ့သည်မှာ သေချာသည်။ ဒါ​ပေမယ့်​ သူမပစ္စည်းကို သူမ ပေးချင်တဲ့သူ ​ပေးနိုင်သည်။ သူတို့က ကျေးဇူးတရား မသိလျှင် သူမသည် အဲ့တာတွေကို ပြန်ယူမည်။

လူတိုင်းစောင့်မျှော်နေကြတဲ့ အလွန်နာကျင်ခံစားရတဲ့နဲ့ ပတ်သက်ပြီးတော့ အချိန်ရရင် ဒီထက်ပိုပြီး မေးခွန်းတွေထုတ်ရင် ပိုကောင်းမယ်လို့ သူမက ပြောချင်သည်။

ဒီဖြစ်ရပ်ပြီးရင် နူးညံ့ပြီး သိမ်မွေ့သော သာ့ချောင်က သူမကို ထိလိုက်မိရင် အရမ်းကြောက်စရာကောင်းတယ်ဆိုတာ လူတိုင်းသိသွားခဲ့ကြသည်။

၁၉၈၂ခုနှစ်ရဲ့ နွေလယ်‌လောက်မှာ ကြောက်လန့်နေသော ကျောင်းသားတွေ ကြားထဲမှာ အန်းပင်းသည် ​​ကောလိပ်ဝင်ခွင့်စာမေးပွဲခန်းထဲကို ရွှင်မြူးစွာ လျှောက်သွားခဲ့သည်။

နောင်မျိုးဆက်များနှင့်မတူဘဲ ဤခေတ်တွင် ကောလိပ်ဝင်ခွင့်စာမေးပွဲတွင် ပါဝင်နေသမျှ ကာလပတ်လုံး ကောလိပ်ဝင်ခွင့်စာမေးပွဲကို ပဏာမအဆင့်ကို အောင်သွားကြသည်။ အန်းပင်းသည် ပဏာမအဆင့်ကို မကျော်နိုင်ဟု လူတိုင်းက ထင်ခဲ့ကြသည်။ သူတို့ အံ့သြသွားတာက သူအောင်သွားခဲ့သည်။

ဒီကံကောင်းခြင်းက ကြာရှည်မခံဘူးဆိုတာ ထင်ရှားပါသည်။ ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေပြီး သုံးရက်အကြာမှာ အားလုံးက အန်းပင်းကို ဘယ်လိုဖြေခဲ့လဲလို့ မေးခဲ့သည်။ အန်းပင်းက ဘာမှ မမှတ်မိတော့ဘူးလို့ ရွှင်မြူးစွာ ပြောခဲ့သည်။

ဒါကိုကြားတော့ လူတိုင်းက စကားမပြောနိုင်ကြတော့ပေ။

အန်းပင်းက ပခုံးတွန့်ပြီး "မင်းတို့ ငါ့ကိုအပြစ်မတင်ပါနဲ့။ စာမေးပွဲခန်းမှာ ပန်ကာမရှိဘူး။ အရမ်းပူလို့ ငါမူးမေ့လဲတော့မယ်။ အဲဒီမေးခွန်းတွေက ငါ့ရှေ့မှာ ကြွတက်သွားတာပဲ။ အဲ့တာက ငါ့ခေါင်းကြီးစေတယ်!"

တစ်လကြာပြီးနောက် ကောလိပ်ဝင်ခွင့်စာမေးပွဲ အောင်စာရင်းထွက်လာခဲ့သည်။

စုစုပေါင်းရမှတ်က အမှတ်၆၀၀ဖြစ်ပြီး အန်းပင်းက အမှတ်၂၅၀ ရခဲ့သည်။

ဤရမှတ်သည် အလွန်ကောင်းမွန်ပြီး တော်ပါသည်။

တုန်းယွင်လေးက သူ့ကို လှောင်ပြီး "အစ်ကို အမှတ်တွေက လူကို ကိုယ်စားပြုတယ်။ ဒီ ၂၅၀က မင်းကို အကောင်းဆုံး ဖော်ပြတာပဲ!"

ဒါကိုကြားတော့ အန်းပင်းက လုံးဝ စိတ်မဆိုးပါဘူး။ အဲဒီအစား သူက အရမ်းပျော်သွားခဲ့သည်။

ဒီရမှတ်နဲ့ဆို သူသည် အဆိုးဆုံးကောလိပ်ကိုတောင် မတက်နိုင်ဘူး။ ထပ်ခါထပ်ခါ ဖြေရင်တောင် မဖြစ်နိုင်ဘူး။ ဒီဘဝမှာ မဖြစ်နိုင်တော့ဘူး။

တစ်နည်းဆိုရသော် သူ၏ ကောလိပ်ဝင်ခွင့် စာမေးပွဲ ရလဒ်များ ရရှိသည့်နေ့မှစ၍ သူ၏ ပညာသင်ကြားရေးဖြင့် အသက်မွေးဝမ်းကြောင်းသည် ပြီးဆုံးသွားခဲ့သည်။

သာ့ချောင်က သူ့ကို မျက်ခုံးပင့်ကြည့်ပြီး "ဝမ်းကွဲအစ်ကို စာမေးပွဲကို တမင်တကာ ကျအောင် လုပ်ခဲ့တာလား?"

အန်းပင်းက သူ့နားရွက်ကိုကုတ်ကာ ရယ်မောလိုက်ပြီး "ငါက မင်းလောက် ဉာဏ်မကောင်းဘူး။ အဘိုး၊ အဘွား၊ အဘွားတို့က သားစာမေးပွဲမအောင်ရင် သားကို စာလေ့လာဖို့ ဖိအားမပေးတော့ပါဘူးလို့ ကတိပေးခဲ့တယ်လေ။ အဲ့တာကို မှတ်မိလား?"

ချောင်ရှို့ကျီနှင့် ရွှယ်ချွမ်တို့သည် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ နှစ်ယောက်လုံး သက်ပြင်းချကြသည်။

ရွှယ်ချွမ် - “အင်း၊ မှတ်မိပါတယ်။ ဒါပေမယ့် အဘိုးက အဲဒါကို မင်း ပြန်စဉ်းစားလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နောင်မှာ မင်းစာပြန်လေ့လာချင်ရင် ရပါတယ်!"

အန်းပင်းက သူ့လက်ကို ဝှေ့ယမ်းပြီး "အဘိုး၊ စဉ်းစားနေစရာ မလိုပါဘူး။ သား တကယ် စာမသင်ချင်ဘူး။ ဖတ်စာအုပ်ကို မြင်တိုင်း ခေါင်းကိုက်ပြီး ဗိုက်နာတယ်။ နေရာတိုင်း မသက်မသာ ခံစားရတယ်။ ကျေးဇူးပြုပြီး သားကို ခွင့်ပြုပေးပါ!"

ချောင်ရှို့ကျီ - "မင်းအဲဒါကို တွေးပြီးပြီ ဆိုကတည်းက ငါတို့က မင်းကို အတင်းအကြပ်မလုပ်ပါဘူး။ မင်း အနာဂတ်မှာ ဘာလုပ်ချင်လဲ?"

အန်းပင်းက ပျော်ရွှင်စွာ "ကျွန်တော် စိတ်ကို ပြင်ဆင်ပြီးပြီ။ ကျွန်တော် အစားအသောက်နဲ့ ပတ်သက်တဲ့ အလုပ် လုပ်ချင်တယ်။"

သူ့ဘဝမှာ ကြီးမားတဲ့ ရည်မှန်းချက်တွေ မရှိပါဘူး။ သူက စားရတာပဲ ကြိုက်သည်။ အရသာရှိတဲ့ အစားအစာတွေကို စားနိုင်သရွေ့ သူသည် ဘယ်လောက်ပဲ ကြိုးကြိုးစားစားလုပ်ရပြီး ပင်ပန်းနေပါစေ ကိစ္စမရှိပါ။

ချောင်ရှို့ကျီ - "လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း မင်းအဘိုးဆီက ဟင်းချက်နည်းတွေ အများကြီး မင်းသင်ယူခဲ့တာပဲ။ ငါတို့က မင်းအတွက် ဆိုင်သေးသေးလေးဖွင့်ရင် မင်း အဲ့တာကို အောင်မြင်စေနိုင်မယ်လို့ ထင်လား?"

ထိုစကားထွက်လာသည်နှင့် တပြိုင်နက် အန်းပင်းသာမက အခြားသူများပါ တုန်လှုပ်သွားကြသည်။

ဝမ်ချွမ်ကျီ၏ မျက်လုံးများသည် သူခိုးတစ်ယောက်လို တောက်ပနေပြီး “အမေ၊ အန်းပင်းအတွက် ဆိုင်တစ်ဆိုင် ဝယ်မှာလား။”

“ဘယ်မှာလဲ? ဘယ်လောက်ကြီးလဲ? အစားအသောက်လုပ်မှာဆိုတော့ တစ်ခါတည်း အကြီးကြီးဝယ်တာ ပိုကောင်းမယ်ထင်တယ်။ ဒါဆို အလုပ်လုပ်ရင် အခြားတစ်ခုကို ရှာဖို့ မလိုအပ်တော့ဘူး။ အမေ ကျွန်မ ပြောတာမှန်တယ်မဟုတ်လား?”

ချောင်ရှို့ကျီက သူ့ကို အေးစက်စက်ကြည့်ပြီး "အန်းပင်းအတွက် ဆိုင်ဝယ်မယ်လို့ ငါ ဘယ်တုန်းက ပြောခဲ့လို့လဲ။"

ဝမ်ချွမ်ကျီသည် ချက်ခြင်းစိုးရိမ်သွားပြီး "အခုပဲ အန်းပင်းအတွက် ဆိုင်သေးသေးလေးဖွင့်ဖို့ပြောတာ မဟုတ်ဘူးလား? ဒါဆို မဝယ်ဘူးဆို ငှားမှာလား?"

ချောင်ရှို့ကျီက ခေါင်းညိတ်သည်။ "မှန်တယ်။ ငှားမှာ။ သူက အောင်မြင်အောင်လုပ်နိုင်ရင် နောင်မှာ စတိုးဆိုင်ကို ဝယ်ဖို့ သူ့ကိုယ်ပိုင် အရည်အချင်းကို အသုံးချလိမ့်မယ်။ သူ့မှာ အရည်အချင်း မရှိရင် ဆိုင်ကို ဝယ်တာက ပိုဆုံးရှုံးလိမ့်မယ်။ !"

ဝမ်ချွမ်ကျီ - "..."

ယောက္ခမသည် သူမ၏အသိစိတ်ဝင်ပြီးဟု သူမထင်ခဲ့ပြီး နှစ်ပေါင်းများစွာ ဘက်လိုက်ပြီးနောက် အကြီးဆုံးမြေးဖြစ်သူ အန်းပင်း၏ တည်ရှိမှုကို သတိပြုမိခဲ့သည်။ ပြီးတော့သူ့ကို အလျော်ပေးဖို့ ဆိုင်ဖွင့်ပေးမယ်လို့ စီစဉ်ထားခဲ့သည်။ မထင်မှတ်ပဲ ဒါဟာ သူမရဲ့ စိတ်ကူးယဉ်ဆန်မှု တစ်ခုပင်။

သူမ အဲ့တာကို မုန်းသည်!

ဒါပေမယ့် အန်းပင်းက သူ့အဘိုးအဘွားတွေကို အခွင့်ကောင်းမယူချင်ဘူး။ "အဘွား၊ အဘွားပြောတာ မှန်တယ်။ ကျွန်တော့်မှာ အရည်အချင်းရှိရင် ကျွန်‌တော် ကိုယ်တိုင် ဆိုင်တစ်ဆိုင် ဝယ်နိုင်လိမ့်မယ်။ အဘွားတို့ လုပ်ပေးစရာ မလိုဘူး!"

ဝမ်ချွမ်ကျီသည် သူမသား၏ စကားကို ကြားသောအခါ သူမသည် ပို၍ပို၍စိုးရိမ်လာသည်။

သူမကို ကူညီဖို့ သူမ ယောင်္ကျားကို ရှာချင်ခဲ့သည်။ သူမခေါင်းကို လှည့်ကြည့်လိုက်တော့ သူမ ယောင်္ကျားက ခြံထဲမှာရှိနေကာ ကုကုနဲ့ ဖီဖီကို ရန်မဖြစ်အောင် ဖြောင့်ဖြနေတာကို သူမတွေ့လိုက်ရသည်။ သူမသည် အသက်ရှူမဝဘဲ ဒေါသထွက်လာသည်။

မကြာသေးမီက ကုကုနှင့် ဖီဖီသည် တစ်ခုခုဖြစ်ခဲ့သည်။ တစ်ကောင်နဲ့တစ်ကောင်​ အလွန်​ရင်းနှီးတဲ့ ကြက်​နဲ့ ​ခွေးက ရန်​သူဖြစ်​သွားခဲ့သည်။

ဒီကိစ္စအတွက် ချောင်ကျန်းကော်က စိတ်ပျက်သွားပြီး သူသည် နေ့တိုင်း ဒိုင်လူကြီး လုပ်ခဲ့သည်။

နောက်ဆုံးတွင် ကုကုနှင့် ဖီဖီတို့ကို ကောင်းမွန်စွာဆက်ဆံရန် ဖြောင့်ဖြပြီးနောက် ချောင်ကျန်းကော်က သီချင်းညည်းလိုက်သ " မိန်းမ၊ မင်းညီမ မကြာသေးမီက တော်တော်ကို ဒေါသဖြစ်နေတာ။ ဖီဖီရဲ့ ခေါင်းကို သွေးထွက်အောင် ကိုက်လိုက်တယ်!"

ဝမ်ချွမ်ကျီ - "..."

သူ ဘယ်တုန်းက ကြက်နဲ့ ညီအစ်မ ဖြစ်သွားတာလဲ?

ပြီးတော့ ဒီအချိန်မှာ သူက ဘယ်လိုလုပ် ကြက်နဲ့ ခွေးကို ဂရုစိုက်နေသေးတာလဲ?

ဤအရာသည် သူမကို အရမ်း ဒေါသထွက်စေခဲ့သည်။

ချောင်ကျန်းကော်က သူ့သားရဲ့ ဆုံးဖြတ်ချက်ကို သိတဲ့အခါ ခေါင်းကုတ်ပြီး "ဒါဆို မင်းအဘွားပြောတာကို နားထောင်ပြီး ဆိုင်တစ်ဆိုင်ဖွင့်လိုက်။ နောက်တော့ မင်းကို အဖေ မင်းကို ကူပေးမယ်!"

သူ့အဖေက သူ့ကိုဒီလိုထောက်ခံနေတာကိုမြင်တော့ အန်းပင်းက သူ့ပုခုံးပေါ်လက်တစ်ဖက်တင်ပြီး ပြုံးကာ "အဖေ၊ အဖေက တကယ်ကို အဖေကောင်းပဲ။"

ထိုနှစ်ယောက်၏ သူငယ်ချင်းလို့ အပြုအမူကြောင့် ဝမ်ချွမ်ကျီသည် သွေးအန်လုမတတ်ပင်။

နှစ်ရက်အကြာတွင် ချောင်ကျန်းမင်သည် နန်ရှန်ခရိုင်မှ ပြန်လာခဲ့သည်။

ညစာစားပြီးနောက်။

ချောင်ရှို့ကျီက လူတိုင်းကို တစ်ချက်ကြည့်လိုက်ပြီး “လူတိုင်းရောက်နေပြီမို့ ဒီကိစ္စကို ငါမင်းတို့ကိုပြောပြဖို့ ဒီအခွင့်အရေးကို ယူလိုက်မယ်။ နောက်နှစ်ရက်နေရင် အားလုံး မိသားစုက ခွဲထွက်ကြမယ်။ မင်းတို့ ကိုယ့်လမ်းကိုယ်လျှောက်ကြရမယ်။”

All Chapters