← Chapters

အခန်း (၂၃၆)

Vol. 19 Ch. 236

အခန်း (၂၃၆)

Vol. 19 Ch. 236

ဒီစကားတွေ ထွက်လာပြီးတာနဲ့ လူတိုင်း အံ့သြသွားခဲ့ကြသည်။

မိသားစုကို ခွဲထုတ်မှာလား??

ရုတ်တရက်ကြီး ဘာလို့ ခွဲထုတ်မယ်ဆိုပြီး ပြောနေတာလဲ?

ချောင်ကျန်းကော်က တုန်လှုပ်ခြောက်ခြားသွားပြီး စိတ်အပူဆုံး သူတစ်ယောက် ဖြစ်သည်။ "အမေ၊ ခွဲထွက်ပြီးရင် အမေနဲ့အဖေက ကျွန်တော်တို့နဲ့ အတူနေမှာလား?"

မိသားစုသည် ခွဲနေသည်ဖြစ်စေ ခွဲမနေသည်ဖြစ်စေ အရေးမကြီးပါ။ သူသည် သူ့မိဘတွေနဲ့ အတူနေရမည်။

ဝမ်ချွမ်ကျီသည် သူမ ယောင်္ကျား၏ စကားကို ကြားသောအခါ သူမ၏ နှလုံးသည် ခုန်သွားသည်။ သူ့ကို တားဖို့ လှမ်းပြောချင်ပေမယ့် မြင်သွားမှာကို ကြောက်သည်။ ဒီလိုနဲ့ သူမဖင်က ဒေါသတကြီးနဲ့ ထိုင်ခုံပေါ် မှာ ကြွတက်လိုက် ထိုင်ချလိုက် ဖြစ်နေသည်။

ခွဲထုတ်ပြီးနောက် ယောက္ခမများသည် ပထမသားနှင့် နေထိုင်မယ်ဆို ခွဲနေတာနှင့် ခွဲမနေတာကြား ဘာကွာခြားမှာလဲ?

သူမယောက္ခမသည် ဤနှစ်များတစ်လျှောက်လုံး သူမခေါင်းပေါ် နေခဲ့သည်။ သူမသည် အိမ်ရဲ့ အဓိကလူဖြစ်ချင်ခဲ့တာ ကြာပါပြီ။ သူမယောက္ခမသည် မိသားစုခွဲထုတ်မယ့်အကြောင်း စပြောခဲ့ခြင်းမှာ ရှားရှားပါးပါးဖြစ်သည်။ သူမ ယောင်္ကျားက ဘာလို့ ဒီလောက်မိုက်မဲတဲ့မေးခွန်းကို မေးတာလဲ? ချောင်ရှို့ကျီက အကြီးဆုံးချွေးမရဲ့အမူအရာကို သတိပြုမိပြီး "မင်းအဖေနဲ့ ငါဆွေးနွေးပြီးပြီ။ ငါတို့ လင်မယားက ကိုယ့်ဘာသာနေမယ်။ ဘယ်သူ့နောက်မှ လိုက်မှာမဟုတ်ဘူး။"

ဒါကိုကြားတော့ လူတိုင်း လန့်သွားကြသည်။

ချောင်ကျန်းကော်သည် အသက် ၄၀အရွယ် ကလေးကြီးတစ်ယောက်လို စိုးရိမ်ပူပန်နေသည်။ "အဖေ၊ အမေ၊ ကျွန်‌တော်က မိသားစုထဲမှာ အကြီးဆုံးသားပါ။ အမေတို့က ဘယ်လိုလုပ် ကျွန်တော်နဲ့ မနေရတာလဲ? ကျွန်တော့် မိန်းမက အရမ်းရူးနေလို့လား?"

ဝမ်ချွမ်ကျီ - ???

အရူးလို့ ခေါ်တာ ဘာကို ဆိုလိုတာလဲ? သူမက ဘာကြောင့် ရုတ်တရက် ဆွဲထည့်ခံခဲ့ရတာလဲ?

ဒီလူသေက သူမကို အရမ်းဒေါသထွက်စေခဲ့သည်။

ချောင်ရှို့ကျီက သူမမျက်လုံးတွေကို လှိမ့်ပြီး "ဟင့်အင်း၊ မင်းတို့နှစ်ယောက်လုံးက ရုးနေတယ် ထင်လို့။ မင်းတို့နဲ့နေရင် ငါ နှစ်အနည်းငယ်လောက် အသက်တိုသွားမှာကို ငါစိုးရိမ်တယ်! အဲ့အကြောင်း မပြောနဲ့တော့။ မင်းအသက်လေးဆယ်နီးပါးရှိပြီ။ မင်းအမှီခို ကင်းကင်းနေဖို့ သင်ယူသင့်နေပြီ။ ဒီမိသားစုနဲ့ ခွဲခွာပြီး မင်းရဲ့ သားသမီးတွေကို မြို့တော်ကို ခေါ်သွားလိုက်!"

မြို့တော်ကို!!

ဒီနေ့ ဗုံးတွေ တစ်လုံးပြီး တစ်လုံး ကျသွားခဲ့သည်။ လူတိုင်းက အံ့ဩသွားကြသည်။

ချောင်ကျန်းကော်က စိုးရိမ်တကြီးနဲ့ ပြန်ပြောလိုက်သည်။ "အမေ၊ ကလေးတွေနဲ့ ကျွန်တော်တစ်ယောက်တည်း သွားနေရမှာလား? အမေနဲ့ အဖေကော မသွားဘူးလား?"

ချောင်ရှို့ကျီ - "မင်းတစ်ယောက်တည်းမဟုတ်ပါဘူး။ မင်းရဲ့မိန်းမလည်းရှိတယ်!"

ချောင်ကျန်းကော်သည် တုံ့ပြန်မှုကို ကြားသောအခါတွင် သူ့ဇနီးဖြစ်သူကို ပြန်ကြည့်လိုက်သည်။

သူက ဘာမှပြန်မပြောပေမယ့် သူမျက်နှာပေါ်က အမူအရာက ရှင်းရှင်းလင်းလင်း သူတစ်ယောက်တည်းလည်း ဖြစ်နိုင်သည်။ ဒါက ဝမ်ချွမ်ကျီရဲ့ မျက်နှာကို ဒေါသနဲ့ ထပ်ပြီး နီမြန်းစေသည်။

ချောင်ရှို့ကျီ - "မင်းတို့နှစ်ယောက်က မင်းတို့ရဲ့က‌လေးတွေကို အိမ်ငှားဖို့ မြို့တော်ကို ခေါ်သွားကြ။ ပြီးတော့ အသက်မွေးဝမ်းကြောင်းပြုဖို့အတွက် လမ်းဘေး အစားအစာဆိုင် တစ်ဆိုင်ကို ငှားလိုက်။ တုန်း‌ယွင်‌လေး သူ့ကို တေးဂီတအဖွဲ့ဆီ ပို့ပေးလိုက်!"

ချောင်ကျန်းကော်က ခေါင်းကုတ်ပြီး "လမ်းဘေးအစားအစာဆိုင်မှာ ငွေတွေဆုံးရှုံးသွားရင် ဘာဖြစ်မလဲ? အဖေ၊ အမေ၊ ဘာလို့ ကျွန်တော်တို့နဲ့ မလိုက်တာလဲ?"

မွေးစကနေ အခုထိ သူသည် မိဘတွေကို ဘယ်တော့မှ မထားခဲ့ဖူးပါ။ ဇနီးတစ်ယောက်ကို လက်ထပ်ဖို့ သူကိုယ်တိုင် ဆုံးဖြတ်ခဲ့တာကလွဲပြီး ကျန်တဲ့ကိစ္စတွေကိုတော့ သူ့မိဘတွေက စီစဉ်ပေးခဲ့သည်။

ထို့ကြောင့် သူ့မိဘများက လက်လွှတ်လိုက်ပြီး မစီမံပေးတော့ကြောင်း ကြားသောအခါ ချောင်ကျန်းကော်သည် အလွန်ဝမ်းနည်းသွားသလို ခံစားလိုက်ရသည်။

ချောင်ရှို့ကျီ - "မင်းအဖေနဲ့ ငါ နှစ်ယောက်စလုံး အသက် ၆၀ကျော်နေပြီ။ ငါတို့ တစ်သက်လုံး မပျော်ရဘူးလား? ငါတို့ မပင်ပန်းမချင်း မင်းနဲ့ အတူတူ နိမ့်မြင့်တက်ကျ ဖြစ်စေချင်တာလား?"

ချောင်ညီအစ်ကို သုံးယောက်ကြားတော့ သူတို့သည် တညီတညွှတ်တည်း အော်လိုက်သည်။ "အမေ၊ ကျွန်တော်တို့ အဲ့လိုဆိုလိုတာ မဟုတ်ဘူး!"

ချောင်ကျန်းကော်က ပိုလို့တောင် ထိတ်လန့်သွားပုံရသည်။ "အမေ၊ ကျွန်တော် ပြောတာ အဲ့လိုမဟုတ်ဘူး။ အမေနဲ့အဖေက ကျွန်တော် သားအကြီးဆုံးနောက်ကို လိုက်စေချင်တယ်။ အမေတို့ အသက်ကြီးရင် ကျွန်တော် ပြုစုစောင့်ရှောက်ပေးမယ်။"

ချောင်ကျန်းကျွင်း - "တကယ်တော့ ဒီနေ့ခေတ် လူ့အဖွဲ့အစည်းက မတူပါဘူး။ မိဘတွေက အစ်ကိုအကြီးဆုံးနောက်ကိုပဲ လိုက်စရာမလိုပါဘူး။ ကျွန်တော်လည်း အဖေနဲ့အမေကို ပံ့ပိုးပေးနိုင်ပါတယ်။"

လင်းဟွေ့ - "ဟုတ်တယ်။ အဖေ၊ အမေ၊ သာ့ချောင်နဲ့ တခြားကလေးတွေက အမေတို့ နှစ်ယောက်ကို အရမ်းသဘောကျတယ်။ ကျွန်မတို့နဲ့အတူ လာနေပါ!"

လင်းဟွေ့ ပြောတာကိုမြင်တော့ ဝမ်ချွမ်ကျီက "ဟုတ်တယ်၊ အမေတို့ ဘယ်သူနဲ့ပဲနေနေ အဆင်ပြေတယ်။ သီးသန့်တော့ နေလို့မရဘူးလေ။ မဟုတ်ရင် အဲ့တာက ပြန့်သွားရင်တော့ လူတွေက ကျွန်မတို့ တာဝန်မကျေဘူးလို့ ထင်ကြလိမ့်မယ်။!"

ချောင်ကျန်းမင် - "ထားလိုက်ပါ။ မင်းမှာ မိန်းမနဲ့ ကလေးတွေရှိတယ်။ အထီးကျန်နေတဲ့ လူငယ်လေး ငါ့ကို သနားပါဦး။ ဒါကြောင့် အဖေနဲ့ အမေက ငါ့နောက်ကို လိုက်ခဲ့သင့်တယ်!"

ညီအစ်ကိုတွေက သူတို့၏မိဘများ ဘယ်သူ နောက်သို့လိုက်သင့်သည်ဟု ငြင်းခုံနေကြသည်။ မိဘတွေကို မခေါ်ထားချင်တဲ့ တခြားမိသားစုတွေနဲ့ မတူဘဲ သူတို့က သူတို့ကို ထောက်ပံ့ဖို့ ပြိုင်ဆိုင်နေကြသည်။

ဤအရာက ချောင်ရှို့ကျီနှင့် ရွှယ်ချွမ်တို့ကို အလွန်ပျော်ရွှင်စေခဲ့သည်။ ချွေးမတွေက သူတို့ကို တကယ်စောင့်ရှောက်ချင်လားဆိုတာကိုတော့ သူတို့ ဂရုမစိုက်ပါဘူး။

အဆုံးတွင် သူတို့ဘာသာ နေထိုင်မယ်ဆိုပြီး အခိုင်အမာ ပြောခဲ့ကြသည်။ ခုတော့ သူတို့နှစ်ယောက်လုံး ကျန်းမာရေးကောင်းပြီး နှစ်ယောက် တစ်ကမ္ဘာ တည်ဆောက်ချင်သည်။

လွန်ခဲ့သည့်ဆယ်စုနှစ် အနည်းငယ်အတွင်း သူတို့သည် အစပိုင်းတွင် သူတို့၏ စားဝတ်နေရေးအတွက်သာမက နောက်ပိုင်းတွင် သူတို့၏ ကလေးများအတွက်ပါ အလုပ်ကြိုးစားခဲ့ကြရသည်။ သားသမီးတွေ မြေးတွေ ကြီးပြင်းလာလို့ နောက်ဆုံးမှာ သူတို့သည် အနားယူနိုင်ကြပါပြီ။

ယွင်လိုင်မြို့အစား ဖွံ့ဖြိုးတိုးတက်ဖို့ မြို့တော်ကို သားအကြီးဆုံးကို သွားခိုင်းရခြင်း အကြောင်းကတော့ တုန်းယွင်လေး အတွက်ပင်။

ဒုတိယအချက်မှာ သာ့ချောင်နှင့် အခြားကလေးများသည် တဖြည်းဖြည်း ကောလိပ်စာမေးပွဲဖြေဖို့ နီးလာကြပြီး ဖွံ့ဖြိုးတိုးတက်ရန်အတွက် မြို့တော်တွင် နေထိုင်တာက ပိုကောင်းမည်ဟု ခန့်မှန်းထားသောကြောင့် ဖြစ်သည်။ ချောင်တုန်းဟယ်လိုပင်။ ဒုတိယမြောက်နှင့် ပဉ္စမမြောက်တို့သည် သူတို့၏ ကလေးများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် မြို့တော်သို့ သွားကြလိမ့်မည်။

ဤအခြေအနေတွင် လမ်းဘေး အစားအစာဆိုင်ဖွင့်ရန် အကြီးဆုံးသားကို မြို့တော်သို့ အရင် သွားခွင့်ပြုခြင်းသည် ပိုကောင်းပါသည်။ အဲဒီမှာ အခိုင်အမာ ခြေကုပ်ယူနိုင်ရင် အကောင်းဆုံးပဲ။ မဟုတ်ရင် ပြန်လာဖို့ သိပ်နောက်ကျမှာ မဟုတ်ပါဘူး။

ထို့ကြောင့် ဒါကို စီမံခဲ့တာဖြစ်သည်။

ချောင်မိသားစုသည် ပစ္စည်းအားလုံးကို ရှင်းရှင်းလင်းလင်းခွဲဝေရန် နှစ်ရက်ကြာခဲ့သည်။

အရင်တုန်းက ချောင်ကျန်းကျွင်းသည် သူ့မိသားစုနဲ့ ခွဲထွက်ခဲ့သည်။ ဒါပေမယ့် သူ လေဖြတ်သွားတဲ့အခါ သူ့မိသားစုရဲ့ စားစရာအားလုံးကို အရင်အိမ်က ထောက်ပံ့ပေးခဲ့သည်။ ဒီလိုနဲ့ ပြန်ကောင်းလာပြီးနောက်မှာတော့ သူသည် အရင်အိမ်ကို ပြန်မလာရင်တောင် သူရလာတဲ့ငွေတွေကို မိဘတွေဆီ အမြဲတမ်း ပေးခဲ့သည်။

တစ်နည်းဆိုရသော် သူသည် လေဖြတ်ပြီးသွားတော့ ပြန်လည်ပါဝင်လာခဲ့သည်။

ချောင်မိသားစုသည် ဒီနှစ်များအတွင်း ငွေအမြောက်အမြားရခဲ့သည်။ သာ့ချောင်ရဲ့အိမ်ကလွဲပြီး သူတို့သည် မြို့မှာ စုစုပေါင်း အိမ်သုံးလုံး ဝယ်ခဲ့သည်။

ယခုအခါ ကလေးများသည် ဖွံ့ဖြိုးမှုအတွက် ရင်းနှီးမြုပ်နှံရန် လိုအပ်ပြီး သူတို့သည် အိမ်အားလုံးကို ရောင်းချပြီးနောက် ငွေကို ခြောက်ပိုင်းခွဲရန် ဆုံးဖြတ်ခဲ့ကြသည်။ အကြီးဆုံးနှစ်ယောက်ကို ဘေးဖယ်ထားလိုက်ကာ အိမ်ထောင်သည် သမီးနှစ်ယောက်လည်း ရှယ်ယာတစ်ခုရခဲ့သည်။

ချီလီကျေးရွာရှိ အိမ်နှင့်မြေများကို ရောင်းချမည် မဟုတ်ပါ။ အဲ့တာက သူတို့ ချောင်မိသားစုရဲ့ ရှေးအမွေအနှစ် ဖြစ်သည်။

တောင်တွေ မြစ်တွေ ခမ်းသွားရင်တောင် သူတို့သည် အဲ့တာကို လုံးဝရောင်းမှာ မဟုတ်ပေ။

ဤနည်းဖြင့် မြို့တွင် သာ့ချောင်၏ အိမ်သာ ကျန်တော့သည်။

Good Luck စတိုးဆိုင်ကတော့ သားအကြီးဆုံးက လုံးဝနှုတ်ထွက်သွားခဲ့သည်။

ဒုတိယသားက အမြတ်အားလုံးကို တွက်ချက်ပြီး အကြီးဆုံးကို ပေးခဲ့သည်။ ယခုအချိန်မှစ၍ ဆိုင်ကို ဒုတိယသားကသာ ပိုင်ဆိုင်သည်။

မြို့ထဲက အိမ်တွေ အကုန်ရောင်းခဲ့သည်။ သားတွေသည် မိ‌ဘတွေကို သူတို့နှင့်အတူ နေထိုင်ရန် ရုန်းကန်နေကြသည်။ ချောင်ရှို့ကျီနှင့် ရွှယ်ချွမ်တို့က ထပ်မံငြင်းဆိုခဲ့သည်။

ထိုညတွင် ချောင်ရှို့ကျီသည် သာ့ချောင်ဆီသို့သွားသည်။ "သာ့ချောင် အဘိုးနဲ့အဘွားက မင်းရဲ့အကြီးဆုံးဦးလေးနဲ့ သူတို့ရဲ့မိသားစုအတွက် စိတ်ပူနေတုန်းပဲ။ ဒါကြောင့် သူတို့ ပြောင်းသွားတဲ့ခါကျ အဘိုးနဲ့အဘွားက မင်းရဲ့ခြံဝင်းထဲမှာ နေဖို့စီစဉ်ထားတယ်။ နောင် မင်းအိမ်ထောင်ကျရင် အဘိုးနဲ့အဘွားက ခြံဝင်းထဲက ပြောင်းပေးပါ့မယ်။"

သာ့ချောင်သည် အဘွား၏ လက်မောင်းကို ကိုင်လိုက်ပြီး "အဘွား ဘာတွေပြောနေတာလဲ? သမီးအိမ်ထောင်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ ပြောင်းစရာမလိုပါဘူး။ ဦးလေးနဲ့ တခြားသူတွေလည်း သမီးအိမ်မှာပဲ နေလို့ရတယ်!"

ထိန်းသိမ်းစောင့်ရှောက်မည့်သူ မရှိလျှင် အိမ်သည် မြန်မြန်ပျက်စီးလိမ့်မည်။ ဟော်မိသားစု၏ တောင်းဆိုမှုအရ တစ်စုံတစ်ယောက်သည် မြို့တော်ရှိ သူမ၏ ခြံဝင်းကို လက်ရှိတွင် ထိန်းသိမ်းစောင့်ရှောက်ထားသည်။ သူ့အဘိုးနဲ့အဘွားက အဲဒီမှာနေနိုင်ရင် အကောင်းဆုံးဖြစ်မှာပါ။

အဲမှာ အကြီးဆုံးဦးလေးရဲ့ မိသားစုက နေမယ်ဆိုလည်း သူမက ကိစ္စမရှိပါပေ။

ခြံက သူမကိုယ်တိုင် ဝယ်ခဲ့တာ မဟုတ်ပေ။ မောင်မိသားစုက သူမကို လက်ဆောင်ပေးခဲ့တာဖြစ်လို့ ဒီပိုင်ဆိုင်မှုကို သူမ အသဲအသန်ဖြစ်မနေပါဘူး။ သူမသည် ဆွေမျိုးသားချင်းတွေကို ကူညီနိုင်ရင် သူမ အရမ်းပျော်မိလိမ့်မည်။

ချောင်ရှို့ကျီက အဲ့လို မတွေးခဲ့ပေ။ " မလိုပါဘူး။ အဘိုးနဲ့အဘွားက အဲ့မှာ နေတာနဲ့တင် လုံလောက်ပါတယ်။ မင်းရဲ့အကြီးဆုံး ဦးလေးရဲ့ နေရာထိုင်ခင်းအတွက် အိမ်ငှားခိုင်းလိုက်မယ်။ "

ထမင်းအတွက် ကျေးဇူးတရား ရှိသလို ထမင်းအတွက် ရန်ပွဲလည်း ရှိသည်။

သူမသည် အကြီးဆုံးသားကို သာ့ချောင်အား အားမကိုးစေချင်ပါ။ အခု မိသားစုက ခွဲထုတ်မထားရင်တောင် သူတို့သည် သာ့ချောင်နဲ့ အတူမနေသင့်ချေ။

သာ့ချောင်က သူမလုပ်သမျှ အကြောင်းပြချက်တွေ ရှိတယ် ဆိုတာကို သိတော့ သူမသည် လက်ခံခဲ့သည်။

သားအဖနှစ်ယောက် ချောင်ကျန်းကော်နှင့် အန်းပင်းတို့သည် အိမ်တစ်လုံးငှားရမည်ကို သိကြသည်။ သူတို့မှာ ပြဿနာမရှိပါဘူး။

ခြံဝင်းက အရင်ကတည်းက သူတို့ပိုင်တာ မဟုတ်ဘူး။ အခုခွဲထုတ်လိုက်တော့ သူတို့သည် ခြံဝင်းထဲမှာ တကယ်မနေသင့်ဘူး။

သို့သော် ဝမ်ချွမ်ကျီသည် သိလိုက်ရသောအခါ သူမသည် အံကြိတ်လိုက်ကာ အရမ်းစိတ်ပူပန်သွားခဲ့သည်။

သူမသည် အသက်ကြီးလာသည်နှင့် ရင်းနှီးနေသော နေရာမှ မထွက်ခွာချင်တော့ပါ။ ဒါပေမယ့် သူမခင်ပွန်းနဲ့ ကလေးတွေက မြို့တော်ကို သွားရမည်။ သေချာတာကတော့ သူမသည် သူတို့မွေးရပ်မြေမှာ အထီးကျန်မနေခဲ့ချင်ပေ။ ဒါကြောင့် သူမ မလိုက်ချင်ရင်တောင်မှ သူမ လိုက်ရုံသာတက်နိုင်သည်။

မြို့တော်ကို ရောက်တဲ့အခါမှ အစပြုတာ မဟုတ်ပါဘူး။ အဲဒီနေရာမှာ ကြက်သွန်နီဝယ်တာက ဒီမှာထက် နည်းနည်းပိုဈေးကြီးတယ်လို့ သူမကြားသည်။ သူမသည် မိသားစု၏ ငွေကို ဘယ်လို ချွေတာရမလဲ စဉ်းစား၍ ရုန်းကန်နေခဲ့သည်။

တွေးတောပြီးနောက် သူမ၏ အတွေးသည် သာ့ချောင်၏ ခြံဝင်းထဲသို့ ရောက်သွားသည်။

သူတို့ရဲ့ အကြီးဆုံးသားက သာ့ချောင်ရဲ့ ခြံဝင်းထဲမှာ နေထိုင်နိုင်ရင် သူတို့သည် အိမ်ငှားစရာ မလိုပေ။ ဤနည်းဖြင့် လစဉ် ငွေအမြောက်အမြား ချွေတာနိုင်သည်။

ဒါပေမယ့် သူမသည် သာ့ချောင်နဲ့ စကားမပြောခင်မှာ အိမ်ငှားဖို့ သူမယောက္ခမရဲ့ ဆုံးဖြတ်ချက်ကို သူမကြားလိုက်ရသည်။ သူမသည် စိတ်မပူပန်ဘဲ ဘယ်လိုမှ မနေနိုင်တော့ပေ။

ယောက္ခမ ထွက်သွားသည်နှင့် အခန်းထဲမှ ပြေးထွက်လာပြီး ချောင်ကျန်းကော်ပေါ်သို့ မှီကာ "ကျန်းကော်၊ အမေ ဘယ်လိုလုပ် ဒီလိုလုပ်ရတာလဲ? သာ့ချောင်ရဲ့ ခြံဝင်းက အဲ့မှာရှိနေတာပဲကို။ ဘာလို့ အဲ့တာကို ကျွန်မတို့ကို မငှားရတာလဲ?"

ချောင်ကျန်းကော်က သူမကို ထူးဆန်းတဲ့အကြည့်နဲ့ ကြည့်ပြီး "မင်းအထဲမှာ ပုန်းနေတဲ့အချိန်တုန်းက မကြားဘူးလား? ငါတို့က ခွဲထွက်ပြီးပြီ။ ခြံဝင်းက သာ့ချောင် ပိုင်တယ်။ ဘာကြောင့် ငါတို့ကို ငှားရမှာလဲ? မိန်းမ မင်းဘာလို့ ဒီလောက် အရှက်မရှိရတာလဲ? ဒီအရွယ်မှာ မင်းက သာ့ချောင်ကို အခွင့်အရေးယူဖို့ အမြဲတွေးနေတယ်။"

ဝမ်ချွမ်ကျီ၏ မျက်နှာသည် ဝက်အသည်းအရောင်သို့ ချက်ချင်းပြောင်းသွားသည်။ "ကျွန်မက အခွင့်အရေး ယူချင်တယ်လို့ ဘယ်သူပြောတာလဲ? ငါတို့ရဲ့ အကြီးဆုံးသားအတွက် မစဉ်းစားရဘူးလား။ ငါတို့က အသစ်ပြန်စဖို့ မြို့တော်ကို သွားရမှာပြီး အပ်နဲ့ ချည်တိုင်းအတွက် ပိုက်ဆံလိုတယ်။ ငါတို့ တတ်နိုင်သမျှ ချွေတာဖို့ ငါက မစဉ်းစားရဘူးလား။ အနည်းဆုံးတော့ သူ့ကို လစဉ် ပိုက်ဆံနည်းနည်းပေးပြီး သူ့ဆီက ငါတို့ ငှားမှာပေါ့။"

သာ့ချောင်က သူတို့ရဲ့တူမကို သူမဘယ်လို တွေးလိမ့်မလဲ? သူတို့သည် သူမကို ပိုက်ဆံပေးရင်တောင် သူမသည် လက်ခံရမှာ ရှက်နေလိမ့်မည်။ ဤနည်းဖြင့် သူတို့သည် စီစဉ်ထားသည့်အတိုင်း အိမ်ကြီးကြီးတွင် အလကားနေထိုင်နိုင်လိမ့်မည်။

အစပိုင်းမှာတော့ သူမဟာ သူမ ယောင်္ကျားကို ဆွဲဆောင်ဖို့ အခွင့်အရေးယူခဲ့သည်။ သို့သော် ထိုအချိန်တွင် ကုကုနှင့် ဖီဖီ၏ ရန်ဖြစ်သံများ ခြံထဲမှ ထပ်မံထွက်ပေါ်လာခဲ့သည်။

All Chapters