အခန်း (၂၃၈)
Vol. 19 Ch. 238
အဲတာက ဝတ်ကောင်းစားလှနှင့် ယောင်္ကျားတစ်ယောက် ဖြစ်သည်။
ယောင်္ကျား၏ မျက်နှာသွင်ပြင်မှာ အလွန်ချောမောသော်လည်း သူပေးသော ရောင်ဝါတစ်ခုလုံးသည် တခြားသူတွေတွက် အဆင်မပြေပေ။
ပြီးတော့ သူက ချောင်တုန်းယင်ထက် အများကြီး အသက်ကြီးသည်။
ဒီလူကိုတွေ့တော့ အားလုံးက အံ့သြသွားကြသည်။
ပထမတော့ ချောင်တုန်းယင်က တစ်စုံတစ်ယောက်နဲ့ တွဲနေပြီလို့ ပြောတာကို သူတို့ တစ်ခါမှ မကြားဖူးဘူး။ ဒုတိယအနေနဲ့ကတော့ ချောင်တုန်းယင်က ဒီလိုလူမျိုးကို တကယ်ကြိုက်လိမ့်မယ်လို့ သူတို့ ဘယ်တုန်းကမှ မထင်ခဲ့ကြပေ။
ဤအရာက လူတိုင်း၏ သူမပေါ် နားလည်မှုကို ပြောင်းပြန်လှန်ပစ်လိုက်သည်။
ချောင်တုန်းယင်က လူတိုင်းရဲ့ အံ့အားသင့်နေတဲ့အကြည့်ကို ကြည့်ပြီး "အားလုံး ဘာဖြစ်နေကြတာလဲ? ဘာလို့ အသံမထွက်တာလဲ? ကျွန်မကို မမှတ်မိကြဘူးလား?"
လူတိုင်းဟာ သူတို့ရဲ့ အသိစိတ်တွေ ပြန်ဝင်သွားခဲ့ကြသည်။
သာ့ချောင်က သူမလက်မောင်းကို ချိတ်ပြီး "အစ်မယင်း၊ ဒီနွေရာသီ အစ်မပြန်မလာဘူးလို့ အရင်က ပြောခဲ့တဲ့အတွက် လူတိုင်းက အရမ်းအံ့သြနေကြတာ။"
ချောင်တုန်းယင်က သူမကို စိုက်ကြည့်နေခဲ့သည်။ သူမမျက်လုံးများသည် အံ့သြမှုနှင့် မနာလိုမှုတို့ဖြင့် တောက်ပနေသည်။ "ဒါက နှစ်ဝက်လောက်ပဲ ကြာသေးတယ်။ မင်းက တော်တော်အရပ်ရှည်သွားပြီပဲ!" ဒါတင်မကသေးပါဘူး အရမ်းလှလွန်းလို့ လူတွေက မျက်လုံးတောင်မလွှဲနိုင်ဘူး!
သာ့ချောင်က သူ့နှုတ်ခမ်းတွေကို ဖွဖွလေး ပြုံးကာ "ညီမ အရပ်ပိုရှည်လာတာ။ ဒီထက်ကြီးလာရင် ညီမက သူ့ထက် ပိုမြင့်လာမယ်လို့ အဘွားက ပြောတယ်!"
သူမသည် ယခုနှစ်တွင် အသက်ဆယ့်ခြောက်နှစ်ရှိပြီး အရပ် ၁.၇ မီတာရှိနေပြီ ဖြစ်သည်။ သို့သော်လည်း သူမ အဘိုး၏ ကောင်းသော မျိုးရိုးကြောင့် ချောင်မိသားစုသည် မပုကြပေ။
ညီအစ်မနှစ်ယောက် စကားပြောနေချိန်တွင် ချောင်တုန်းယင်ရဲ့ နောက်တွင်ရပ်နေသော အမျိုးသားသည် သာ့ချောင်၏ မျက်နှာနှင့် ခန္ဓာကိုယ်ကို တစ်ချက်ကြည့်လိုက်သည်။ သူ့မျက်လုံးများက အံ့သြမှုကြောင့် တောက်ပနေခဲ့သည်။
သာ့ချောင်က သူ့လှုပ်ရှားမှုကို သတိထားမိသွားခဲ့သည်။ သူမ၏ လှပသော မျက်ခုံးများက မျက်မှောင်ကြုတ်သွားသည်။
နောက်ဆုံးတော့ သူမသည် စကားမပြောတော့ပေ။
ထိုညတွင် ဝူယိဟုခေါ်သော ဤလူသည် ချောင်အိမ်တွင် နေခဲ့သည်။
ချောင်မိသားစု၏အိမ်ကို ရောင်းချပြီးသော်လည်း အကြီးဆုံးက မြို့တော်သို့ မပြောင်းမီတွင် ဝယ်ယူသူမှ သူတို့ကို နေထိုင်ခွင့်ပေးရန် သဘောတူခဲ့သည်။ ချောင်မိသားစုက တစ်ဖက်လူကို ဘာမှအခွင့်အရေး မယူခဲ့ပါဘူး။ သူတို့သည် ဝယ်သူကို ပစ္စည်းကောင်းတွေ အများကြီး လက်ဆောင်ပေးခဲ့သည်။
ညစာစားတော့ လူတိုင်းက ဝူယိသည် ချောင်တုန်းယင်ထက် ရှစ်နှစ်ပိုကြီးသည်ကို လူတိုင်းသိသွားခဲ့ကြသည်။
ချောင်တုန်းယင်သည် ယခုနှစ်တွင် အသက် ၂၀ရှိပြီး ဝူယိသည် ယခုနှစ်တွင် အသက် ၂၈နှစ်ရှိပြီဖြစ်သည်။
ဒီခေတ်မှာ လူတိုင်းက အိမ်ထောင်ကျတာ စောကြသည်။ အသက် ဆယ့်ရှစ်နှစ်သည် ယောင်္ကျားလေးကော မိန်းကလေးပါ အရွယ်လွန်နေပြီ ဖြစ်သည်။ အကယ်၍ သူသည် စောစောလက်ထပ်ခဲ့မယ်ဆိုရင် သူ့ကလေးတွေက တုန်းယွင်နဲ့ အခုအမွှာလေးတွေထက် ပိုကြီးလိမ့်မည်။
သို့သော်လည်း ဝူယိဟူသော ဤလူသည် အိမ်ထောင်မပြုသေးပေ။
အဲဒါက နည်းနည်းထူးဆန်းသည်။
ဝူယိသည် ချောင်မိသားစု၏ ထူးဆန်းနေသော ပုံစံကိုမြင်တော့ ကျင့်သားရနေသလိုနဲ့ "ကျွန်တော်က မီနိုင်ငံမှာကြီးပြင်းခဲ့ပြီး မနှစ်ကအထိ ကျွန်တော့် အမိမြေကို မပြန်ဖြစ်ခဲ့ဘူး။"
ချောင်ရှို့ကျီသည် ထိုစကားကိုကြားသောအခါ သူမသည် တည်ငြိမ်စွာပြောခဲ့သည်။ "မိတ်ဆွေဝူက မီနိုင်ငံမှာ ကြီးပြင်းလာတယ်လို့ မင်းသာ မပြောရင် ငါသိမှာ မဟုတ်ဘူး။ မိတ်ဆွေဝူရဲ့ မန်ဒရင်အသံထွက်က ဒေသခံနဲ့တူတယ်။"
သူသည် တရုတ်လူမျိုးဖြစ်သော်လည်း နိုင်ငံခြားတွင် ကြီးပြင်းလာသောကြောင့် လေယူလေသိမ်း အချို့ ရှိသင့်သည်။ ဝမ်အန်နာနဲ့ သူ့သမီး ဟော်ကျင့်တို့လိုပင်။
ဒါပေမယ့် ဝူယိလို့ အမည်ပေးထားတဲ့ ဒီလူက လေယူလေသိမ်း နည်းနည်းမှ မရှိဘူး။ တော်တော်ကို ချောမွေ့နေခဲ့သည်။
ဤစကားကိုကြားသောအခါ ဝူယ်ိ၏မျက်နှာမှာ တင်းမာသွားသည်။ "အဲဒါက ကျွန်တော့် မိသားစုက အိမ်မှာ မန်ဒရင်စကားပဲ ပြောလို့ပါ။ ကျွန်တော်တို့က တခြားနိုင်ငံမှာနေရင်တောင် ဟန်မျိုးဆက်တွေပဲလို့ ကျွန်တော့်အဘိုးက မကြာခဏ ပြောခဲ့တယ်။"
ရွှယ်ချွမ် ; "မင်းအဘိုးပြောတာ မှန်တယ်။ ဒါပေမယ့် မင်းအသက်အရွယ်အရ မင်းနိုင်ငံခြားမှာနေရင်တောင် မင်းမိသားစုက မင်းအတွက် ပွဲစီစဉ်ပေးသင့်နေပြီလေ။ ဒီအသက်အရွယ်မှာ မင်းဘာလို့ အိမ်ထောင်မပြုရသေးတာလဲ?"
ဝူယိက သက်ပြင်းချပြီး "ကျွန်တော် မီနိုင်ငံမှာတုန်းက ကျွန်တော်မှာ စေ့စပ်ထားတဲ့သူ တစ်ယောက်ရှိတယ်။ သူကဖျားပြီး ဆုံးသွားတယ်။ ဝမ်းနည်းပူဆွေးမှုတွေနဲ့ ပြည့်နေတာကြောင့် ကျွန်တော် လက်ထပ်ဖို့တွက် တစ်ယောက်ယောက်ကို လုံးဝ ထပ်မရှာချင်တော့ဘူး။ လွန်ခဲ့တဲ့တစ်နှစ်လောက်ကမှ ကျွန်တော် တဖြည်းဖြည်းနဲ့ ဝမ်းနည်းပူဆွေးမှုကနေ ရုန်းထွက်လာနိုင်ပြီး အမိမြေကို ပြန်ရောက်ပြီးတော့ တုန်းယင်နဲ့ တွေ့ခဲ့တာ။ သူက အံ့သြစရာကောင်းတဲ့ မိန်းကလေးတစ်ယောက်လို့ ကျွန်တော်ထင်တယ်။"
ကျန်တဲ့သူတွေက ဘာမှ မပြောပေ။ ဝမ်ချွမ်ကျီကတော့ ဝူယိက မီနိုင်ငံမှ ပြန်လာတာကို သူမကြားလိုက်ရချိန်မှာတော့ သူမရဲ့မျက်နှာသည် စိတ်လှုပ်ရှားမှုကြောင့် နီမြန်းသွားခဲ့သည်။
အခုက ၁၉၈၂ ခုနှစ် ဖြစ်သည်။ နိုင်ငံရဲ့ တံခါးက ပြင်ပကမ္ဘာကို ဖွင့်ထားပေမယ့် အပြင်ထွက်ဖို့က မလွယ်ကူဘူး။
နိုင်ငံရပ်ခြားမှာ ပညာသင်ကြားနေတဲ့ အစိုးရကျောင်းသားဦးရေ ကန့်သတ်ထားသည်။ နိုင်ငံရပ်ခြားကို သွားချင်သူတွေအတွက်တော့ အိမ်ထောင်ပြုခြင်းဟာ အလွယ်ကူဆုံးနဲ့ အကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခုပင်။
သူတို့လို သေးငယ်သောအရပ်က နိုင်ငံခြားတွင် အိမ်ထောင်ပြုသူ အလွန်နည်းပါးသည်။ သို့သော် ဟော်မိသားစု၏ စည်းစိမ်ဥစ္စာကို ရုတ်တရက်မြင်ပြီးနောက်တွင် 'နိုင်ငံခြားသားများက' ချမ်းသာလာဖို့တွက် စိတ်ကူးကို ဝမ်ချွမ်ကျီ၏ စိတ်ထဲတွင် ငြိမ်သက်နေသော သမုဒ္ဒရာထဲက အပ်တစ်ချောင်းကဲ့သို့ ဦးတည်သွားခဲ့သည်။
ချောင်တုန်းဟယ်ကို တက္ကသိုလ်ဝင်ခွင့် ရတုန်းက သူမကို တိတ်တဆိတ်တွေ့ပြီး လက်ထပ်ဖို့ အဲက ဒေသခံယောင်္ကျားကို ရှာဖို့ ပြောခဲ့သည်။ ထိုအချိန်တွင် ချောင်တုန်းဟယ်သည် ဒေါသအလွန်ထွက်ကာ မျက်ရည်ကျလုနီးပါးဖြစ်ခဲ့သည်။
ဝမ်ချွမ်ကျီလည်း အလွန် ဒေါသထွက်သွားခဲ့သည်။ ချောင်တုန်းဟယ်သည် ဤမျှ 'အလားလာမရှိတဲ့သူ' ဖြစ်ပြီး ကျေးလက်တောရွာကို သွားရှာလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။
ချောင်တုန်းယင်သည် ငယ်ငယ်ကတည်းက ခက်ထန်ပြီး သည်းမခံတတ်သော စိတ်ဓာတ်ရှိသည်။ ဝမ်ချွမ်ကျီသည် သူမက ကောင်းကင်ပေါ်တက်ဖို့ထက် နိုင်ငံခြားမှာ လက်ထပ်ဖို့က ပိုခက်ခဲမယ်လို့ ခံစားခဲ့ရသည်။
သူမ အံ့အားသင့်မိတာက သူမသည် မျှော်လင့်ချက်အနည်းဆုံးဖြင့် သမီးက နိုင်ငံရပ်ခြား မီနိုင်ငံမှ တရုတ်နိုင်ငံသားကို ပြန်လည်ခေါ်ဆောင်လာသည်။
"အို လူငယ်လေးဝူ မင်းပြောတာမှန်တယ်။ ငါ့တုန်းယင်က လှပရုံသာမကဘူး စိတ်နေစိတ်ထားလည်း နူးညံ့တယ်။ သူ့ကို ရွေးလိုက်တာက မင်းရဲ့ မျက်လုံးကောင်းတယ်ဆိုတာကို ပြသလိုက်တာပဲ!" ဝမ်ချွမ်ကျီ၏ မျက်နှာတွင် အပြုံးတစ်ခု ပွင့်လန်းလာပြီး "တုန်းယင် အာ လူငယ်လေးဝူရဲ့ ဟင်းရည် ကုန်သွားတာကို မင်း မမြင်ဘူးလား၊ ဘာလို့ နောက်တစ်ပန်းကန်ကို အမြန်မထည့်တာလဲ?"
ဝမ်ချွမ်ကျီ၏ အမူအရာသည် အလွန်ပိုနေသည်။ အဲဒါကို မလိုပါဘူး။
အဲဒါက သူ မီနိုင်ငံက ပြန်လာလို့လား? သူက ကိုယ့်နိုင်ငံက လူတွေထက် ပိုသာလွန်နေလို့လား?
ချောင်ရှို့ကျီက သူ့မျက်နှာကို အမြန်ပြင်လိုက်ပြီး "အကြီးဆုံးချွေးမ၊ ခြံထဲက ကြက်တွေနဲ့ ခွေးတွေကို မကျွေးရသေးဘူး။ မင်း ဗိုက်ပြည့်ပြီဆိုတော့ သူတို့ကို ကျွေးလိုက်။"
ဝမ်ချွမ်ကျီသည် ခဏလောက် အေးခဲသွားပြီး "အမေ၊ ကျွန်မ မဝသေးဘူး!"
တနေ့လုံး သူမသည် သားမက်လောင်းလေး စိတ်ကျေနပ်ရန်အတွက် ထမင်းတစ်ပန်းကန်သာ စားခဲ့ရသည်။ သူမ ဗိုက်ထဲမှာ ဘာမှရှိတယ်လို့ မခံစားရဘူး။ နောက်ထပ် သုံးပန်းကန်လောက် သူမ ထပ်စားနိုင်သည်။
ချောင်ရှို့ကျီက သူမကို အေးစက်စွာ စိုက်ကြည့်ပြီး "ငါက မင်းဗိုက်ပြည့်ပြီလို့ ပြောရင် မင်းဗိုက်ပြည့်တာပဲ!"
ဝမ်ချွမ်ကျီ - "…"
ချောင်ကျန်းကော် - "မိန်းမ၊ အမေ့စကား နားထောင်လိုက်။ နောက်မှ ငါမင်းစားဖို့ ဝက်သားခေါက်ဆွဲ ချန်ထားလိုက်မယ်!"
"တစ်ပွဲက ဘယ်လိုလုပ် ဝမှာလဲ? ငါ ကြက်ပေါင် နှစ်ချောင်းလိုချင်တယ်!"
ဝမ်ချွမ်ကျီသည် သူမ၏ နှလုံးသားထဲတွင် ဒေါသနှင့် ဝမ်းနည်းသွားသည်။
သူမ ယောက္ခမက သူမကို ထိန်းချုပ်လွန်းသည်ဟု သူမခံစားခဲ့ရသည်။ ပုံမှန်ချိန်ဆိုရင်တော့ ကိစ္စမရှိပါဘူး။ အခုက သူမသည် သူမသမက်လောင်းရှေ့မှာ အရှက်ကွဲသွားခဲ့ပြီး သူမသည် သေမှာမကြောက်ရင် လက်သီးနဲ့ထထိုးမိလိမ့်မည်။
ပိုစိတ်ပျက်စရာကောင်းတာက သူမ ယောင်္ကျားလေးက သူမအတွက် ကူမပြောပေးခဲ့ပေ။ အဲဒီအစား သူက သူမယောက္ခမကို ထောက်ခံခဲ့သည်။
ချောင်ကျန်းကော်က သက်ပြင်းချလိုက်ပြီး "ကောင်းပြီ၊ နောက်မှ မင်းအတွက် ကြက်ပေါင်နှစ်ချောင်းပို ချန်ထားလိုက်မယ်!"
ထိုမှပင် ဝမ်ချွမ်ကျီသည် စိတ်ဆိုးစွာ မတ်တပ်ရပ်ပြီး ထွက်သွားခဲ့သည်။
ဝမ်ချွမ်ကျီ ထွက်သွားပြီးတာနဲ့ ညစာစားပွဲမှာ ဝူယိကို လောကွတ်ချော်မဲ့သူ မရှိတော့ဘူး။
ဝူယိသည် မည်သည့် မူမမှန်မှုမှ မပြခဲ့ပေ။ ညစာစားပွဲမှာတောင် သူ့မျက်လုံးတွေက သာ့ချောင်ကို အကြိမ်ပေါင်းများစွာ စိုက်ကြည့်နေခဲ့သည်။
ညဘက်အိပ်ရာဝင်ချိန်ရောက်သောအခါ သာ့ချောင်သည် သူမ၏ဝမ်းကွဲအစ်မနှင့် အတူအိပ်ရန် တမင်နေခဲ့သည်။
ညကောင်းကင်သည် လတ်လတ်ဆတ်ဆတ် ဆေးကြောထားသလိုပင်။ ညနေလေတိုက်ခြင်းကြောင့် သစ်ရွက်များ တဖျပ်ဖျပ်ခတ်ပြီး ပြတင်းပေါက်မှ လရောင်သည် ဖြာကျလာခဲ့သည်။
သာ့ချောင်က သူမ၏ဝမ်းကွဲအစ်မ ဘေးမှာ ကပ်ထိုင်လိုက်ပြီး "ဝမ်းကွဲအစ်မ ယင်၊ အစ်မ ဘာလို့ အစ်ကိုကြီး ဝူနဲ့ တွဲရတာလဲ?"
ချောင်တုန်းယင်သည် ဤစကားကိုကြားသောအခါ သူမသည် ခဏလောက်ရပ်တန့်သွားပြီး "သူ့မျက်လုံးထဲမှာတော့ ငါက တော်တဲ့သူတစ်ယောက်လေ။"
ဒါကိုကြားတော့ သာ့ချောင်က မျက်မှောင်ကြုတ်ပြီး "ဝမ်းကွဲအစ်မ ယင်၊ အစ်မက ဘာကိုဆိုလိုတာလဲဆိုတာ ငါဘာလို့ နားမလည်နိုင်ရတာလဲ? ငါ့အမြင်အရ အစ်မက အရင်တည်းက အရမ်းတော်နေပြီပဲကို!"
ဤစကားကို ချောင်တုန်းယင် ကြားသောအခါ ပါးစပ်ထောင့်က တွန့်သွားသည်။
သူမကလား?
သူမ၏ ထက်မြက်မှုသည် သာ့ချောင်မပြောနဲ့ သူ့အစ်မနဲ့တောင် ယှဉ်လို့မရနိုင်ဘူး။
သူမသည် ငယ်ငယ်က စာကို အရမ်းမလုပ်ချင်ခဲ့ပေ။ သူမသည် စာမကျက်ချင်ရင်တောင် သူမအလေးအနက်ထားလိုက်တာနဲ့ သူမအဆင့်များသည် လူတိုင်းကို အထင်ကြီးစေလိမ့်မည်ဟု သူမထင်ခဲ့သည်။
ဒါပေမယ့် တကယ့်လက်တွေ့က သူမမျက်နှာကို ရိုက်ချလိုက်သည်။
သူမသည် စာတကယ်လုပ်ချင်သည့်အခါ သူမက ဗဟုသုတတွေ အများကြီး နောက်ကျနေပြီ ဖြစ်သည်။ နောက်ပိုင်းမှာ သူမသည် အမီလိုက်ဖို့ ကြိုးစားခဲ့ပေမယ့် ကောလိပ်ဝင်ခွင့်စာမေးပွဲမှာ သူမအစ်မထက် အမှတ် ၁၀၀ နိမ့်ခဲ့သည်။
အသွင်အပြင်နဲ့ အရည်အချင်းအရကော သူမမှာ ဘယ်မှ ပြစရာမရှိပါဘူး။ တုန်းယွင်လေးကတောင် သူမထက် ပိုထူးချွန်သည်။
ငယ်ငယ်တုန်းကတော့ သူမဟာ လူတိုင်းနဲ့ အထူးခြားဆုံးလို့ အမြဲထင်ခဲ့သည်။ သူမအဘွားနဲ့ အတူဆုံးဖြစ်သည်။ ဒါပေမယ့် အသက်ကြီးလာတာနဲ့အမျှ သူမဟာ ပုံမှန်ဖြစ်ပြီး အသုံးမဝင်ဆုံးသူ ဖြစ်လာခဲ့သည်။
သူမသည် ညီမလေး သာ့ချောင်ကို တကယ်ကို မနာလိုဖြစ်မိသည်။ သူမသည် ရုပ်ရည်ချောမောရုံသာမက ထက်မြက်ပြီး အကျင့်စာရိတ္တကောင်းမွန်သူလည်းဖြစ်သည်။ သူမဘယ်ကိုပဲသွားသွား သူမဟာ လူတိုင်းရဲ့အာရုံကို အလွယ်တကူ ရရှိပြီး သူမကို လူတွေက ချစ်ခင်လာစေသည်။
သူမကိုယ်တိုင်ကလည်း ဝမ်းကွဲညီမ သာ့ချောင်ကို အရမ်းသဘောကျတာကြောင့် သူမသည် မနာလိုဖြစ်ခဲ့သည်။
သူမသည် အနည်းငယ် မနာလိုပြီး သူမကိုယ်သူမ အနည်းငယ် ရှက်ခဲ့သည်။
ချောင်မိသားစုသည် ချောင်တုန်းယင်၏ လက်ရှိ အတွေးများကို ကြားနိုင်လျှင် သူတို့၏ ထိတ်လန့်စွာ မေးရိုးများသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားလိမ့်မည်ဖြစ်သည်။
ချောင်တုန်းယင်သည် ငယ်စဉ်ကတည်းက အသန်မာဆုံးဖြစ်ခဲ့သည်။ သူမသည် ကျောင်းတွင် အလိုရှိတိုင်းဖြစ်စေနိုင်သည့် ဘစ်ဘော့စ်ကဲ့သို့ ဖြစ်သည်။ ယောင်္ကျားလေးတွေကတောင် သူမစကားကို နားထောင်ခဲ့ကြသည်။ သူမသည် သူမကိုယ်သူမ လေးစားမှု နိမ့်ကျမယ်လို့ ဘယ်သူမှ မထင်ထားခဲ့ပေ။
ချောင်တုန်းယင် ရှေ့တွင် အစ်မတစ်ယောက်ရှိပြီး နောက်တွင် မောင်လေး အန်းပင်းရှိသည်။ နောက်ပိုင်းတွင် ချောင်မိသားစုသည် ကလေးများ ဆက်လက်မွေးဖွားခဲ့သည်။ အလတ်တစ်ယောက်အနေနဲ့ သူမသည် အလွယ်ဆုံး ပျောက်ဆုံးသွားခဲ့သည်။
သူမဝမ်းကွဲအစ်မက စကားမပြောတာကို မြင်လိုက်ရတော့ သာ့ချောင်ရဲ့ ခန္ဓာကိုယ်သေးသေးလေးက ပိုးကောင်လို အကြိမ်အနည်းငယ် တွန့်လိမ်လိုက်သည်။ သူမက မှီပြီး ပြောသည်။ "အစ်မ ယင်၊ အစ်မစိတ်ထဲမှာ တစ်ခုခု ရှိနေလား? အစ်မစိတ်ထဲမှာ တစ်ခုခု ရှိရင် ငါ့ကို ပြောပြလို့ ရတယ်။ ဒါမှမဟုတ် အစ်မ အဘိုးနဲ့ အဘွားကို ပြောလို့ရတယ်။ ငါတို့က အစ်မရဲ့ မိသားစုမလို့ အစ်မကို သေချာပေါက် ထောက်ခံပေးမယ်!"
ချောင်တုန်းယင်သည် သူမ၏ စိတ်ထဲက ရှုပ်ထွေးမှုတွေကနေ ပြန်လည် အသိစိတ်ဝင်လာပြီး အမှောင်ထဲတွင် သူမ၏ မျက်နှာကို ညှစ်ဖျစ်ကာ "ဘာမှ မဟုတ်ပါဘူး။ စိတ်မပူပါနဲ့။ တကယ်လို့ တစ်ခုခုရှိရင် ငါမင်းကို ပြောပြမယ်!"
သာ့ချောင်သည် သူမ၏ တုန့်ပြန်မှုကို ရသောအခါ သက်ပြင်းချလိုက်သည်။ အနည်းငယ်စဉ်းစားပြီးနောက် သူမက ဆက်ပြောသည်။ "အစ်မ ယင်၊ အစ်ကိုကြီး ဝူက အစ်မအတွက် အရမ်းအသက်ကြီးနေပြီလို့ ငါထင်တယ်။ အစ်မ အဲတာနဲ့ ပတ်သက်ပြီး ဘာလို့ပြန်မတွေးတာလဲ?"
ချောင်တုန်းယင်က ခဏလောက် အေးခဲသွားခဲ့သည်။ သူက မျက်ခုံးပင့်ပြီး "မင်း သူ့ကို မကြိုက်ဘူးလား?"
သာ့ချောင်က သူ့နှုတ်ခမ်းတွေကို သပ်လိုက်ပြီး "ငါသူ့ကို မကြိုက်ဘူးလို့ ပြောတာမဟုတ်ပါဘူး။ ဝမ်းကွဲအစ်မ ယင် အစ်မက သူ့ထက် ပိုထိုက်တန်တယ်လို့ ငါထင်လို့ပါ။"
ဝူယိက သူမကို အကြိမ်ပေါင်းများစွာ စိုက်ကြည့်ခဲ့တယ်ဆိုတာ သူမသည် ဘယ်သူ့ကိုမှ မပြောခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် သူမသည် အရမ်းထိလွယ်ရှလွယ် ဖြစ်နေလားမသိပေ။ ထို့အပြင် တစ်ဖက်လူက သူမကို အနည်းငယ်ကြည့်ရုံမှလွဲ၍ ဘာမှမလုပ်ခဲ့ပါ။
ထို့အပြင် သူမသည် ရှုပ်ထွေးလိုက်ပါက အဲတာက ဝမ်းကွဲအစ်မကို အဆင်မပြေစေလိမ့်မည်။
ချောင်တုန်းယင်သည် အမှောင်ထဲတွင် မျက်မှောင်ကြုတ်လိုက်သည်။ သို့သော် သူမ၏လေသံသည် အလွန်တည်ငြိမ်နေပြီး "ကောင်းပြီ၊ ဒါဆို အစ်မ ယင် မင်းပြောတာကို နားထောင်မယ်။ နောက်မှ အဲကိစ္စကို ငါသေချာစဉ်းစားလိုက်မယ်!"
တကယ်တော့ ဝူယိအပေါ် သူမမိသားစုရဲ့ သဘောထားကို သူမ နားမလည်ခဲ့တာ မဟုတ်ပါဘူး။ ပြင်းပြင်းထန်ထန် ကန့်ကွက်ခြင်း မရှိသော်လည်း သူတို့သည် စိတ်အားထက်သန်မှု မရှိခဲ့ကြပေ။
သူမမိသားစုက သူ့အသက်အရွယ်ကို အလေးထားကြောင်း သူမသိသော်လည်း သူမ ဂရုမစိုက်။ သူမအမြင်အရတော့ အသက်အရွယ်က လုံးဝပြဿနာမဟုတ်ပါဘူး..
ညက ပိုမှောင်လာပြီး ညီအစ်မနှစ်ယောက်သည် စကားမပြောကြတော့ပေ။
သာ့ချောင်က မကြာခင်မှာ အိပ်ပျော်သွားခဲ့သည်။ သို့သော်လည်း ချောင်တုန်းယင်သည် သူမ၏ မျက်လုံးများက ပွင့်နေပြီး အကြာကြီး အိပ်မပျော်ခဲ့ပေ။
ထိုအကြောင်းကို တစ်ညလုံးစဉ်းစားပြီးနောက် ချောင်တုန်းယင်သည် သူမ၏ကိုယ်ပိုင်စိတ်ကူးများကို ခိုင်ခိုင်မာမာ ဆုံးဖြတ်ခဲ့သည်။ အသက်အရွယ်က ပြဿနာမဟုတ်ဘူးလို့ သူမတကယ် ခံစားခဲ့ရသည်။
ဝူယိသည် အသက်အရွယ်ကြီးပေမယ့် သူက အသိပညာအတတ်ပညာရှိပြီး စိတ်ဝင်စားစရာ အလုပ်အကိုင်ရှိကာ သူမကို အလွန်စာနာတတ်သူဖြစ်သည်။ သူမဘာပဲလုပ်လုပ် သူက သူမဘက်က ရပ်တည်ပေးလိမ့်မည်။
သူမသည် အကောင်းဆုံး မဟုတ်သော်လည်း အလင်းရောင်ထဲတွင် သူမကို တစ်စုံတစ်ယောက်က တွေ့မြင်နိုင်သည်။
သို့သော် အရာအားလုံးက မျှော်လင့်ထားသလို မဖြစ်ခဲ့ပေ။ သူမမိသားစုက သူ့ကို မယုံကြည်နိုင်ခင်မှာ ဝူယိက သူ့အမြီးကို ထုတ်ပြလိုက်သည်။
ဒီမနက် မနက်စာစားပြီးတော့။
ဝူယိက ချောင်တုန်းယင်ကို ရုတ်တရက် အကြံပေးခဲ့သည်။ "မင်းတို့မိသားစုမှာ ရဲမှူး ဆွေမျိုးတစ်ယောက်ရှိတယ်လို့ မင်းပြောတယ် မဟုတ်လား? မင်းဒီကိုပြန်လာခဲတာပဲကို မင်းဘာလို့ သူတို့ကို သွားမတွေ့တာလဲ?"
ဒါကိုကြားတော့ ချောင်တုန်းယင်ရဲ့ နှလုံးသားသည် တုန်လှုပ်သွားခဲ့သည်။
သို့သော်လည်း သူမသည် အပြင်ပန်းတွင် သူမ၏အမူအရာက မပြောင်းလဲဘဲ "ရှင်ပြောတာ မှန်ပါတယ်။ အဘွားကို ကျွန်မတို့နဲ့ ဘယ်သူလိုက်ချင်လဲလို့ မေးကြည့်လိုက်ဦးမယ်။"
ဝူယိက အနည်းငယ် မျက်မှောင်ကြုတ်ကာ "ကောင်းပြီ"
ချောင်တုန်းယင်သည် ပင်မအခန်းမှ ထွက်လာကာ သူမ၏ အဘွားအခန်းသို့ သွားပြီး ဖြူဖျော့ဖျော့မျက်နှာနှင့် ထိုအကြောင်းကို ပြောပြခဲ့သည်။
ချောင်ရှို့ကျီက လေးနက်သော မျက်နှာဖြင့် မေးခဲ့သည်။ " ရှန်မိသားစုအကြောင်း သူ့ကို တစ်ခါမှ မပြောဖူးဘူးလား? မင်းမပြောခဲ့တာ သေချာရဲ့လား?"
ချောင်တုန်းဟယ်က သူမခေါင်းကို ခါလိုက်ပြီး "ရှန်မိသားစုက ချောင်မိသားစုရဲ့ ဆွေမျိုးတွေ ဖြစ်ပေမယ့် သူတို့က သာ့ချောင်ရဲ့ မွေးစားမိဘတွေပါ။ ကျွန်မကြောင့် မဟုတ်ဘူးလေ။ ပြီးတော့ ဒီအကြောင်း အပြင်မှာ ကျွန်မ တစ်ခါမှ မပြောဖူးဘူး။ ဝူယိက မနေ့ကမှ ဒီကို ရောက်လာတာ။ သူက ဘယ်လိုလုပ် ဒီအကြောင်းကို သိတာလဲ?"
သူမသည် ကြွားဝါတတ်သူ မဟုတ်ပေ။ ဝူယိနဲ့ သူမသည် တစ်ယောက်နဲ့တစ်ယောက် သိကျွမ်းခဲ့တာ နှစ်ဝက်တောင်မပြည့်သေးတာကို ဘေးဖယ်ထားရင်တောင် သူတို့သည် မြို့တော်မှာ တွေ့ဆုံခဲ့ကြသည်။ ထို့ကြောင့် သူမသည် ရှန်မိသားစုအကြောင်းကို ပြောရန် လုံးဝ မလိုအပ်ပါ။
တကယ်ကြွားချင်ရင်တောင် သူမသည် ဗိုလ်ချုပ်ဖြစ်တဲ့ တတိယဦးလေးအကြောင်း ကြွားနိုင်သည်။ ဆွေမျိုး ရှန်မိသားစုအကြောင်း ကြွားစရာ မလိုပါ။
ချောင်ရှို့ကျီ - "စိတ်မပူပါနဲ့။ ငါမင်းရဲ့မိဘတွေကို ခေါ်ပြီး မေးလိုက်မယ်။ သူတို့ပြောတာလည်း ဖြစ်နိုင်တယ်။"
ချောင်တုန်းယင်က သူမလက်ကို ဆုပ်ကိုင်လိုက်ပြီး အောက်နှုတ်ခမ်းကို ကိုက်လိုက်ကာ ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ။"