← Chapters

အခန်း (၂၃၉)

Vol. 19 Ch. 239

အခန်း (၂၃၉)

Vol. 19 Ch. 239

မကြာခင်မှာပဲ ချောင်ရှို့ကျီက အကြီးဆုံးလင်မယားကို ခေါ်လိုက်ပြီး ရှန်မိသားစုအကြောင်းကို သူတို့က ဝူယီအား ပြောခဲ့လားလို့ မေးခဲ့သည်။

ချောင်ကျန်းကော်နှင့် ဝမ်ချွမ်ကျီတို့ နှစ်ယောက်စလုံးက ခေါင်းယမ်းလိုက်ကြသည်။

ဝမ်ချွမ်ကျီသည် ယောက္ခမ၏ လေးနက်သော မျက်နှာကို ကြည့်ပြီး အလေးအနက်မထားပေ။ "အမေ၊ လူငယ်ဝူက ရှန်မိသားစုအကြောင်း သိနေရင်တောင် ဒါက သိပ်တော့ အရေးမကြီးပါဘူး!"

သာမန်လူတွေဆိုရင်တော့ ဒါကကိစ္စကြီး မဟုတ်ပါ။ 

ဒါပေမယ့် ဝူယိက နိုင်ငံခြားကနေ ပြန်လာခဲ့သည်။ သူ့အထောက်အထားနဲ့ ပတ်သတ်ပြီး ပြဿနာတစ်စုံတစ်ရာမရှိရင်တောင် အသက်ကြီးတဲ့ထိ အိမ်ထောင်မပြုခဲ့တာ အရမ်းထူးဆန်းသည်။ ယခု ရှန်မိသားစုအကြောင်းပါ ပေါင်းထည့်လိုက်တော့ သူတို့သည် သတိရှိရန် လိုအပ်သည်။

နိုင်ငံက ပြည်ပထွက်ခွင့်ပေးတာ နှစ်အနည်းငယ်သာ ရှိသေးသည်။ နိုင်ငံခြားအင်အားစု အများအပြားက နိုင်ငံကို မတိုးတက်စေချင်ကြတာကြောင့် အရေးကြီးသော စွမ်းဆောင်ချက်များနှင့် အရင်းအမြစ်များကို ခိုးယူရန် သူလျှိုများစွာကို စီစဉ်ခဲ့သည်။

ဒီဝူယိက တကယ်ပဲ သူလျှိုဖြစ်ခဲ့ရင် တိုင်းပြည်အတွက်ပဲဖြစ်ဖြစ် သူတို့ရဲ့ ချောင်မိသားစုအတွက်ပဲဖြစ်ဖြစ် သူတို့သည် ဝူယိကို လွှဲပေးရမည်။

ချောင်ရှို့ကျီက သူ့သားအကြီးဆုံးနဲ့ ချွေးမကို မရှင်းပြခဲ့ပေ။ ဝမ်ချွမ်ကျီ၏ ပါးစပ်ကို သေသေချာချာ မထိန်းနိုင်တော့မှာကို သူမကြောက်သည်။

အရင်ဆုံး သူမသည် ဝူယိကို တည်ငြိမ်စေရန် ချောင်တုန်းယင်ကို သူနှင့်အတူ သစ်သီးများနှင့် အဆာပြေမုန့်သွားဝယ်ခိုင်းပြီး ရှန်အိမ်သို့ လမ်းလွှဲခိုင်းခဲ့သည်။

ချောင်တုန်းယင်နှင့် ဝူယိတို့ ထွက်သွားပြီးနောက် သူမသည် ရှန်မိသားစုကို ချက်ချင်းဖုန်းဆက်ခဲ့သည်။

ရှန်ရှို့ခိုင်သည် ဒီနေ့ ပိတ်ရက်ယူပြီး အိမ်မှာ အနားယူနေခဲ့သည်။

ချောင်ရှို့ကျီရဲ့စကားကို နားထောင်ပြီးနောက် သူ့မျက်နှာသည် ချက်ချင်းပင် လေးနက်လာပြီး "အန်တီ စိတ်မပူနဲ့။ ကျွန်တော် ဒီကိစ္စကို သိပြီဆိုတော့ ရဲစခန်းကို ပြန်သွားပြီး စီစဉ်လိုက်ပါ့မယ်!"

ဝူယိသည် အမြဲတမ်း ရက်ရောသည်။ ဒီတစ်ခါလည်း ခြွင်းချက်မရှိပေ။

သူသည် အဖိုးတန် ဖြည့်စွက်စာတွေ အများကြီးစဝယ်ခဲ့ပြီး ရှန်အိမ်ကို သွားခဲ့သည်။ ရှန်အိမ်သို့ ရောက်သောအခါ ရှန်ရှို့ခိုင်သည် ရဲစခန်းတွင် ရှိနေသည်ဟု သိခဲ့ရသည်။

ဝူယိက ရှန်ရှို့ခိုင်နဲ့ ဘယ်လိုတွေ့ရမလဲ စဉ်းစားနေတဲ့အချိန်မှာ ချင်းရှောင်မေက အခန်းထဲက စာရွက်ကို ရုတ်တရက် ထုတ်ယူလာပြီး "တုန်းယင်၊ မင်းဦးလေး ရှန်က ဒီစာရွက်စာတမ်းကို ရဲစခန်းယူဖို့ မေ့သွားလို့။ မင်း ငါ့ကို ကူညီပေးလို့ရမလား။ ဒါတွေကို သူ့ဆီ ယူသွားပေးပါလား?"

ချောင်တုန်းယင်က စာရွက်စာတမ်းတွေကို လက်ခံပြီး ခေါင်းညိတ်ပြကာ "ကိစ္စမရှိပါဘူး၊ ကျွန်မ ဟိုကို ပို့ပေးမယ်!"

အများကြီးကြိုးစားခဲ့တာကို မရခဲ့ဘဲ မမျှော်လင့်တော့မှ ကံကောင်းခြင်းက ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့သည်။

ဝူယိသည် အရမ်းကို ကျေနပ်သွားခဲ့သည်။

ရဲစခန်းသို့သွားရာလမ်းတွင် သူသည် ချောင်တုန်းယင်၏ လက်ထဲက စာရွက်စာတမ်းများကို အကြိမ်ပေါင်းများစွာ စိုက်ကြည့်ခဲ့သည်။

ဒါပေမယ့် သူက ပြန်ထိန်းထားပြီး ချောင်တုန်းယင်ကို ပြဖို့ မတောင်းဆိုခဲ့ပေ။

ငါးကြီးတွေကို ဖမ်းဖို့ ကြိုးရှည်ကြီးချဖို့ တွေးထားပေမယ့် လိပ်တစ်ကောင် ဖြစ်သွားတာကိုတော့ သူသည် မသိလိုက်ပေ။

သူသည် ရဲစခန်းထဲသို့ ဝင်လိုက်သည်နှင့် အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့သော ရဲအရာရှိက ဝူယိကို ခုခံရန်အခွင့်အရေးပင် မပေးဘဲ ချက်ချင်း ကိုင်တွယ်ဖြေရှင်းခဲ့သည်။ သူ့ကို မြေကြီးပေါ် ဖိထားပြီးတော့ သူ့ပါးစပ်ကို တစ်ခုခုနဲ့ စို့လိုက်သည်။

ချောင်တုန်းယင်သည် ကော်ရစ်တာအဆုံး ဝူယိပျောက်ကွယ်သွားသည်ထိ ကြည့်နေခဲ့သည်။ သူမ၏ နှလုံးသည် မိုးခြိမ်းသံကဲ့သို့ ခုန်နေခဲ့သည်။ သူမ၏ မျက်လုံးများတွင် ရှုပ်ထွေးသော ခံစားချက်များ ပေါ်လာခဲ့သည်။

ခဏအကြာတွင် ရှန်ရှို့ခိုင်ရောက်လာပြီး "ငါတို့ တစ်ဖက်လူရဲ့ အထောက်အထားကို စုံစမ်းဖို့ လိုသေးတယ်။ အခြေအနေ မရှင်းမလင်းမချင်း မင်း ယွင်လိုင်မြို့ကနေ ထွက်သွားလို့မရဘူး!"

ချောင်တုန်းယင်က ခေါင်းညိတ်လိုက်သည်။ "ဦးလေးရှန် စိတ်မပူပါနဲ့။ ခွင့်ပြုချက်မရှိဘဲ ကျွန်မ ထွက်သွားမှာ မဟုတ်ပါဘူး။ ဒါပေမယ့် သူ့အထောက်အထားနဲ့ပတ်သက်ပြီး ပြဿနာရှိနေရင် ကျွန်မမိသားစုကို ထိခိုက်မှာလား?"

ရှန်ရှို့ခိုင်က ခေါင်းခါလိုက်ပြီး "မင်းရဲ့ ချောင်မိသားစုက တိုင်းပြည်ကို အန္တရာယ်ဖြစ်စေဖို့ ဘာမှမလုပ်ထားတာကြောင့် ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ ဆန့်ကျင်ဘက်အနေနဲ့ သူတို့က မင်းကို အကြွေးပေးရလိမ့်မယ်!"

စကားပြောပြီးနောက် သူက ခဏလောက် ရပ်လိုက်ပြီး "မင်း အဆင်ပြေရဲ့လား? မင်းမိသားစုက မင်းကို လာခေါ်ဖို့ မင်းငါ့ကို ဖုန်းခေါ်စေချင်သလား?"

ချောင်တုန်းယင်က ခေါင်းခါလိုက်ပြီး "ဟင့်အင်း၊ သမီး အဆင်ပြေပါတယ်။"

သူသည် ပြောပြီးတာနဲ့ လှည့်ထွက်သွားခဲ့သည်။

‌ရှန်ရှို့ခိုင်က သူမနောက်ကျောကိုကြည့်ပြီး သက်ပြင်းချလိုက်သည်။

လောကကြီးကို မငြိမ်မသက် ဖြစ်စေတဲ့ သူတွေကြောင့် ဒီလိုအဖြစ်မျိုး ဖြစ်ပျက်လာတဲ့ခါ ကလေးမလေးကို တစ်ယောက်တည်း နေခိုင်းလိုက်ရမှာလား? 

ချောင်တုန်းယင် ရဲစခန်းမှ ထွက်သွားသည်နှင့် သူမကို သာ့ချောင်နှင့် ရှန်ထျန်းရုံတို့က ဝိုင်းရံလိုက်သည်။

"အစ်မ ယင်၊ အဆင်ပြေရဲ့လား?"

သာ့ချောင်နဲ့ ရှန်ထျန်းရုံတို့ နှစ်ယောက်လုံးက တညီတညွတ်တည်း ပြောခဲ့ကြသည်။

ချောင်တုန်းယင်က ရပ်တန့်သွားပြီး "မင်းတို့ ဘာလို့ဒီကိုလာတာလဲ?"

သာ့ချောင်က သူ့ဝမ်းကွဲအစ်မရဲ့ လက်ကို ချိတ်ပြီး "အဘွားက ဒီကိစ္စကို ညီမပြောခဲ့တယ်။ သူက အဒေါ်အကြီးဆုံးကို ထိန်းထားဖို့တွက် အိမ်မှာနေရမယ်လို့ ပြောတယ်။ ဒါပေမယ့် သူက အစ်မကို စိတ်ပူနေတာကြောင့် ငါ့ကို လာကြိုဖို့ ပြောလိုက်တာ!"

ဤစကားကို ချောင်တုန်းယင် ကြားလိုက်သောအခါ သူမ၏ နှလုံးသားထဲတွင် နွေးထွေးသော စီးကြောင်းတစ်ခု ထွက်ပေါ်လာသည်။ "ငါ အဆင်ပြေပါတယ်။"

ရှန်ထျန်းရုံသည် သူ၏ ပြည့်ပြည့်ဖောင်းဖောင်း မျက်နှာလေးဖြင့် တည်ရှိနေမှုကို ခံစားသိရှိနိုင်ရန် ပြောလိုက်သည်။ "အစ်မ ယင်၊ သာ့‌ချောင်နဲ့ပဲ စကားမပြောနဲ့။ ငါလည်း အစ်မကို စိတ်ပူနေတာ!"

ထိုမှသာ ချောင်တုန်းယင်သည် ရှန်ထျန်းရုံကို မြင်သွားသည်။ သူမက မရယ်ဘဲ မနေနိုင်တော့ပေ။ "ငါပြောရမယ်ဆို ထျန်းရုံ မင်းဘာလို့ ဝိတ်ပြန်တက်လာတယ်လို့ ထင်နေရတာလဲ?"

ရှန်ထျန်းရုံသည် သာ့ချောင်ထက် တစ်နှစ်ငယ်ပြီး ယခုနှစ်တွင် အထက်တန်းပထမနှစ်ဖြစ်သည်။

ရှန်ထျန်းရုံသည် ငယ်စဉ်ကတည်းက သာမန်ကလေးများထက် ထွားသည်။ ဒါပေမယ့် ငယ်ငယ်တုန်းကတော့ ချစ်စရာကောင်းတယ်လို့ ပြောလို့ရသည်။ အခု သူအရွယ်ရောက်လာတော့ သူက ပိုဝပြီး အရပ်ရှည်လာသည်။ သူ့ရဲ့ ခန္ဓာကိုယ်က ချစ်စရာနဲ့ ဘာမှ မဆိုင်တော့ဘူး

ရှန်ထျန်းရုံ၏ ပြည့်ပြည့်ဖောင်းဖောင်း မျက်နှာသည် နီရဲလာပြီး "အစ်မ ယင်၊ စိတ်မပူနဲ့။ ငါ ဝိတ်ကျသွားမှာပါ!"

ချောင်တုန်းယင်က ထပ်ရယ်လိုက်ပြီး "ဒါဆို မင်း ကြိုးစားရမယ်!"

ပြီးတော့ ကိုယ်အလေးချိန် လျှော့ချဖို့ဆိုတာ လွယ်တဲ့အလုပ်တော့ မဟုတ်ပါပေ။

ရှန်ထျန်းရုံသည် ကြက်ပေါက်လေးများ အစားစားနေသလို ခေါင်းညိတ်ပြလိုက်သည်။ "ကျွန်တော် အကောင်းဆုံး ကြိုးစားပါ့မယ် အစ်မ ယင်!"

သူပြောလိုက်ပြီးတော့ ဒီလှုပ်ရှားမှုကြောင့် သူ့မေးစေ့ရဲ့အသားက တုန်ခါနေခဲ့သည်။ သို့သော် သူ့မျက်လုံးထဲတွင် ဆုံးဖြတ်ချက်တစ်ခု ရှိနေခဲ့သည်။

သူ့ကိုဒီလိုမြင်တော့ သာ့ချောင်က မရယ်ဘဲ မနေနိုင်တော့ပေ။

ရှန်ထျန်းရုံသည် ငယ်စဉ်ကပင် သူမ၏ ဝမ်းကွဲအစ်မကို ဆရာအဖြစ် မှတ်ယူခဲ့ပြီး 'သူမ၏ အမိန့်ကို နာခံခံ့သည်။' သူသည် အရွယ်ရောက်တဲ့အထိ ဒီလို နာခံနေလိမ့်မယ်လို့ သူမ မ​မျှော်​လင့်​ထားပေ။

သာ့ချောင်နှင့် ရှန်ထျန်းရုံတို့ ရောက်ရှိလာတာကြောင့် ချောင်တုန်းယင်သည် ဝမ်းနည်းရန် အချိန်မရှိခဲ့ပေ။

ဝူယိ၏ ကိစ္စကြောင့် အကြီးဆုံးရဲ့ မြို့တော်သို့ ပြောင်းရွှေ့ဖို့က နှောင့်နှေးခဲ့ရသည်။

ဝမ်ချွမ်ကျီက ဘာဖြစ်သွားမှန်းမသိပေ။ ရုတ်တရက် မြို့တော်ကို မသွားနိုင်တော့ဘူး။ ပြီးတော့ အံ့သြစရာကောင်းတာက နိုင်ငံရပ်ခြားမှ သမက်လည်း ဘယ်ကနေမှ ထွက်မလာတော့ဘူး။

သူမရဲ့ မျက်နှာကြီးပေါ်မှာ မေးခွန်းအများကြီး ရှိနေခဲ့သည်။

ဒီကိစ္စကို သိတဲ့သူတွေက သူမကို မပြောကြတာ သနားစရာပင်။ သူမကဲ့သို့ပင် မသိနားမလည်တတ်သော ချောင်ကျန်းကော်သည်ပင် သူမကို ဘာမှ မပြောခဲ့ပေ။ ဒါအပြင် သူက လုံးဝ အဲဒါကို ဂရုမစိုက်ဘူး။

ဘယ်လိုတောင် ဒေါသထွက်စရာလဲ!

နှစ်ပတ်လောက်ကြာတော့ အသေချာ စုံစမ်းစစ်ဆေးပြီးနောက် ကိစ္စက ပြီးသွားခဲ့သည်။

ဝူယိသည် အမှန်ပင် သူလျှိုတစ်ဦးဖြစ်သည်။ ချောင်တုန်းယင်ထံ ချဉ်းကပ်ခြင်းသည် သူ့အတွက် တာဝန်တစ်ခုဖြစ်သည်။

ချောင်မိသားစုသည် ရှန်မိသားစုနှင့် ဆွေမျိုးများသာမက နန်ရှန်ခရိုင်ရှိ ချူမိသားစုနှင့်လည်း ဆက်နွယ်သည်။ တပ်မတော်မှာ ဗိုလ်ချုပ်ဖြစ်တဲ့ သားမက်ကိုလည်း မေ့ထားလို့မရဘူး။ 

ချောင်မိသားစုထဲကို သူသည် ဝင်ရောက်နိုင်ရင် အချက်အလက်ခိုးယူတာက သူ့အတွက် အရမ်းအကျိုးရှိမှာ ဖြစ်သည်။

ဒီလိုလုပ်ဖို့ အလွယ်ဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်းကတော့ ချောင်တုန်းယင်ကို လက်ထပ်ဖို့ပင်။

သူ၏အထောက်အထားမှာ အမှန်တကယ်ပင် မီနိုင်ငံက နိုင်ငံရပ်ခြား တရုတ်လူမျိုးဖြစ်သည်။ ဒါပေမယ့် သူက အိမ်ထောင်ကျပြီး သူ့ကလေးတွေ အကုန်လုံးက မီနိုင်ငံမှာ ရှိသည်။ သူ့သမီးအကြီးဆုံးက ဒီနှစ်မှာ ငါးနှစ်ရှိပြီ။

ချောင်တုန်းယင်သည် ထိုသတင်းကိုကြားပြီးနောက် သူမမျက်နှာကို ဖုံးကွယ်ကာ ငိုရှိုက်ခဲ့သည်။

ဝူယိသည် သူမ၏ အားသာချက်များကို မြင်သည်ဟု သူမ ထင်ခဲ့သည်။ မထင်မှတ်ပဲ၊ အရာအားလုံးဟာ လိမ်ညာမှု ဖြစ်သွားခဲ့သည်။

သူမ အရမ်းတုံးအခဲ့သည်!

သူမဝမ်းကွဲအစ်မက ပြင်းပြင်းထန်ထန် ငိုနေတာကို မြင်တော့ သာ့ချောင်က လျှောက်လာပြီး သူမကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။

ထိုညတွင် ချောင်တုန်းယင်သည် အဖျားကြီးသွားခဲ့သည်။ သာ့ချောင်သိပြီးနောက် သူမသည် သူမ၏ ကျောက်စိမ်းပုတီးစေ့များကို ချက်ချင်းကျွေးခဲ့သည်။ ဆေးရုံသွားစရာမလိုဘဲ အဖျားလည်း သက်သာသွားခဲ့သည်။

ရုပ်ပိုင်းဆိုင်ရာ လက္ခဏာများသည် သက်သာရန် လွယ်ကူသော်လည်း စိတ်ပိုင်းဆိုင်ရာသည် ကုသရန် ခက်ခဲသည်။

သူမပြန်လည်ကောင်းမွန်လာပြီးနောက် ချောင်တုန်းယင်သည် သူမ၏အရင် အခြေအနေသို့ ပြန်သွားခဲ့သည်။ သို့သော်လည်း သာ့ချောင်သည် သူမဝမ်းကွဲအစ်မ၏ အပြုံးသည် အရင်ကလောက် မပျော်တော့ကြောင်း ခံစားမိခဲ့သည်။

မကြာခင်မှာ ကျောင်းစဖွင့်ခဲ့သည်။ ချောင်တုန်းယင်သည် ထုပ်ပိုးပြီး မြို့သို့ ပြန်သွားကာ အကြီးဆုံးသားသည် စီစဉ်ထားသည့်အတိုင်း မြို့တော်ကို တိုးတက်ရေးအတွက် သွားခဲ့သည်။

သာ့ချောင်သည် အထက်တန်း တတိယနှစ်သို့ ရာထူးတိုးခဲ့သည်။ သူမ၏ လေ့လာမှုများက သူမကို သိမ်းပိုက်သွားခဲ့သည်။

မြို့တော်သို့ ရထားပေါ်တွင် အကြီးဆုံးသားသည် မိတ်ဆွေဟောင်း ချန်ချောင်ချောင်၏ မိသားစုကို တွေ့ဆုံခဲ့သည်။

ချောင်ကျန်းမင်နှင့် ချန်ချောင်ချောင်တို့ ကွာရှင်းပြီးကတည်းက ချောင်မိသားစုသည် ချန်မိသားစုနှင့် အဆက်အသွယ်ဖြတ်ခဲ့သည်။

နောက်ပိုင်းတွင် ချောင်မိသားစုသည် မြို့တွင် ဆိုင်ဖွင့်ပြီး လူအများ၏အမြင်တွင် ချမ်းသာလာခဲ့သည်။ ချန်မိသားစုသည် ပျားရည်ရနံ့ရသော ယင်ကောင်များကဲ့သို့ တွယ်ကပ်ခဲ့သည်။

သူတို့၏ အဆင့်အတန်းကို ချောင်တုန်းဝမ်ရဲ့ ဆွေမျိုးများအဖြစ် အသုံးပြု၍ ချောင်မိသားစု၏ တံခါးဝကို ရောက်လာကာ ပိုက်ဆံမပေးဘဲ စတိုးဆိုင်မှ ပစ္စည်းများ ယူလိုခဲ့ကြသည်။

သို့သော် ချောင်မိသားစုက သူတို့လုပ်ချင်သလို လုပ်ခွင့်မပေးခဲ့ပေ။ အဲဒီ့နေရာမှာပဲ သူတို့က သူတို့ကို ကန်ထုတ်ပစ်လိုက်သည်။ သူတို့သည် ပြဿနာရှာရဲတဲ့ သတ္တိရှိရင် ရဲက ချက်ချင်း ဖမ်းခေါ်သွားလိမ့်မည်။

ဒေါသထွက်နေသော ချန်မိသားစုသည် ချောင်တုန်းဝမ်အား ဆွေမျိုးများကိုပင် အသိအမှတ်မပြုသော ကျေးဇူးကန်းသူ တစ်ယောက်လို့ အပြစ်တင်ခဲ့သည်။

ချောင်မိသားစုက သူတို့ကို လျစ်လျူရှုထားနိုင်ပေမယ့် သူတို့ဟာ တကယ်တော့ ချောင်တုန်းဝမ်ရဲ့ အဘွားနဲ့ ဦးလေးတွေပင်။ ချန်မိသားစု၏ စကားကို နားထောင်ပြီးနောက် ချောင်တုန်းဝမ်သည် အလွန်သွေးအေးပြီး ရက်စက်လွန်းသည်ဟု လူအချို့က ထင်ခဲ့ကြသည်။

နောက်ပိုင်းမှာ သူတို့က ချောင်တုန်းဝမ်ကိုရှာဖို့ ကျောင်းကိုသွားခဲ့ကြသည်။ ချောင်တုန်းဝမ်က သူတို့ကို မျက်နှာသာမပေးဘဲ သူ့ဦးလေးကိုလည်း လူတိုင်းရှေ့မှာ ပြင်းပြင်းထန်ထန် ရိုက်ခဲ့သည်။

နောက်ပိုင်းမှာ အဲဒါကို ချောင်ကျန်းမင်သိသွားတော့ သူက ‌ချန်မိသားစုကို သင်ခန်းစာတစ်ခု သင်ပေးခဲ့သည်။ ချန်မိသားစုက ချောင်တုန်းဝမ်ကို အပူမကပ်ရဲတော့ပေ။

ဒါပေမယ့် ချောင်တုန်းဝမ်ရဲ့ ဂုဏ်သတင်းက သူတို့ကြောင့် လုံးဝ ပျက်စီးသွားခဲ့သည်။

ချန်မိသားစုအတွက် ယခုရထားပေါ်တွင် ဆုံတွေ့ခြင်းသည် ရန်သူများ တွေ့ဆုံသောအခါ ရန်လိုကြသလိုပင်။

အကြီးဆုံးဦးလေး ချန်က ဂုဏ်ယူစွာဖြင့် "အိုး၊ ဒါက ချောင်တုန်းဝမ်ရဲ့ အဘွားနဲ့ အဘိုး မဟုတ်လား?"

ချောင်ရှို့ကျီက သူ့ကို အေးစက်စက် ကြည့်ပြီး "မင်းရန်မဖြစ်ချင်ရင် ဒီကနေ အခုထွက်သွားလိုက်!"

အကြီးဆုံးဦးလေး ချန်သည် သူ့လက်ထဲက နာရီကို မြှောက်လိုက်ပြီး "ဒီနာရီက ဘာတံဆိပ်လဲဆိုတာ မင်းသိလား? ရှန်ဟိုင်းတံဆိပ်နာရီပဲ၊ တစ်လုံးကို ယွမ်နှစ်ရာပေးရတယ်။ ငါတို့ ချန်မိသားစုက မင်းရဲ့ ချောင်မိသားစုထက် မဆိုးရွားနေပါဘူး။ ဒါကြောင့် လူတွေကို နှိမ့်ချမနေပါနဲ့။"  

အငယ်ဆုံးဦးလေး ချန်က "အစ်ကိုကြီး၊ အဲဒါကို ထားလိုက်စမ်းပါ။ ဘာလို့ သူတို့ကို ဒီလောက်ပြောတာလဲ? ငါတို့ ချမ်းသာလာတဲ့အခါ သူတို့ဆီ ကားတစ်စီးမောင်းပြီး တခြားသူတွေကို နှိမ့်ချတာ ဘာကိုဆိုလိုတယ်ဆိုတာ သူတို့သိအောင်ပြောပြမယ်!"

ချောင်ရှို့ကျီက မတ်တပ်ထရပ်ပြီး သူမလက်သီးများကို ဆုပ်ထားသည်။ သူမရဲ့ အေးစက်စက်အသံက "လူတချို့က အရိုက်ခံချင်လို့ ယားယံနေပုံရတယ်!"

ထိုစကားများ ထွက်လာသည်နှင့် တပြိုင်နက် ချန်မိသားစု၏ ညီအစ်ကို နှစ်ယောက်သည် ကြောက်ရွံ့မှုနှင့် ချက်ချင်း ထွက်ပြေးသွားကြသည်။

ရွှယ်ချွမ်က သူ့မိန်းမကို ထိုင်ရန် ဆွဲလိုက်ပြီး ရေနွေးတစ်ခွက် ထည့်ကာ ချော့မော့လိုက်သည်။ "ဒီလူတွေကို ဒေါသထွက်ဖို့ မထိုက်တန်ပါဘူး။"

ချောင်ရှို့ကျီက မျက်မှောင်ကြုတ်ပြီး မှတ်ချက်ချခဲ့သည်။ "ကံကောင်းတာက၊ ပဉ္စမမြောက်က ချန်မိသားစုနဲ့ အဲဒီတုန်းက ကွာရှင်းခဲ့တာပဲ။ မဟုတ်ရင် တုန်းဝမ်က ဒီလိုအမေဘက်က မိသားစုကြောင့် အဆင်မပြေဖြစ်ရမှာ!"

‌ဝမ်ချွမ်ကျီက မနာလိုသော လေသံဖြင့် မှတ်ချက်ချခဲ့သည်။ "အရင်က လူတွေပြောကြတာကြားဖူးတယ် ချန်ချောင်ချောင်ရဲ့မိသားစုက ချမ်းသာနေပုံရတယ်တဲ့။ သူတို့ ဘာစီးပွားရေး လုပ်လဲမသိဘူး။"

သူမသည် ချောင်ချောင်၏ မိသားစုက တကယ်ကို ကြီးပွားလာတဲ့တွက် ကောင်းကင်ဘုံက မျက်စိကန်းနေသည်ဟု ခံစားခဲ့ရသည်။ သူမမိဘ‌တွေကတော့ ရွာမှာ လယ်လုပ်နေတုန်းပင်။

အဲဒီနောက်မှာတော့ ဘယ်သူမှ သူမကို ပြန်မဖြေခဲ့ကြပေ။

ချောင်မိသားစုအတွက် ချန်မိသားစု အဆင်ပြေသည်ဖြစ်စေ အဆင်မပြေသည်ဖြစ်စေ သူတို့ ဂရုမစိုက်ပါ။

ချန်မိသားစု၏ ညီအစ်ကိုနှစ်ယောက်သည် သူတို့ထိုင်ခုံနေရာသို့ ပြန်သွားခဲ့ကြသည်။ နှစ်ယောက်လုံးရဲ့ အမူအရာတွေက ဒေါသစိတ်နှင့် ပြည့်နှက်နေသည်။

အကြီးဆုံးဦးလေး ချန်က "F*** ငါ ချမ်းသာလာတဲ့အခါ ချောင်မိသားစုကို ပိုက်ဆံနဲ့ အသေသတ်ပစ်ရမယ်!"

အငယ်ဆုံးဦးလေး ချန်က "အစ်ကိုကြီး၊ မင်းပြောတာမှန်တယ်။ အထူးသဖြင့် ကျေးဇူးကန်းတဲ့ တုန်းဝမ်၊ ငါက သူ့အမှားကို ဝန်ခံဖို့ ငါ့ရှေ့မှာ သူ့ကို ဒူးထောက်ပြီး ဝပ်တွားခိုင်းမယ်!"

သူသည် အရင်က ချောင်တုန်းဝမ်၏ ရိုက်နှက်ခြင်းကို ခံခဲ့ရသူဖြစ်သည်။

အဲဒီတုန်းက ပိန်ပြီး ပျော့ညံ့တဲ့ ချောင်တုန်းဝမ်က အရမ်းသန်မာပြီး သူ့သွားတွေကို လက်သီးတစ်ချက်နဲ့ ချိုးပစ်လိုက်မယ်လို့ သူ့စိတ်ထဲမှာ ဘယ်တော့ကမှ မတွေးမိခဲ့ပေ။

အကြီးဆုံးဦးလေး ချန်က ခေါင်းညိတ်လိုက်ပြီး "ပြီးတော့ အရူးမချောင်ချောင်။ ဒီတစ်ခါ ငါတို့မှာ ပိုက်ဆံရှိတာနဲ့ ငါ သူတို့ကို တစ်ယောက်ပြီးတစ်ယောက် နောင်တရစေမယ်!"

ချန်မိသားစုသည် အရင်က အခြားပြည်နယ်မှ အမျိုးသားတစ်ဦးနှင့် တွေ့ဆုံခဲ့သည်။ တစ်ဖက်လူ၏ ဦးဆောင်မှုအောက်တွင် ချန်မိသားစုသည် အမြတ်အနည်းငယ်ရခဲ့သည်။

တခြားပြည်နယ်ကလူက သူတို့သည် ပိုက်ဆံများများရှာချင်ရင် နေရာတိုင်းရွှေတွေရှိတဲ့ တောင်ဘက်ကို သွားရမယ်လို့ ပြောခဲ့သည်။ သူတို့မှာသတ္တိရှိသ၍ သူတို့သည် အိပ်ပြီးတောင် ငွေရှာနိုင်သည်။

တစ်ဖက်သား၏ လှုံ့ဆော်မှုအောက်တွင် ချန်မိသားစုသည် သူတို့၏ အိမ်နှင့် ပစ္စည်းအားလုံးကို ရောင်းချပြီး ဆွေမျိုးများထံမှ ပိုက်ဆံများစွာ ချေးယူခဲ့သည်။ သူတို့အားလုံး တောင်ဘက်ကို သွားခဲ့ကြသည်။

ထိုအချိန်တွင် သူတို့သည် ငွေအတွက် ချန်ချောင်ချောင် ကိုသွားမေးသည်။ ဒါပေမယ့် ‌ချန်ချောင်ချောင်ရဲ့ ယောင်္ကျားက သူတို့ကို ရိုက်ခဲ့သည်။

‌ချန်ချောင်ချောင်ကလည်း သူမမှာ သူတို့လို မောင်နှမတွေ မရှိဘူးလို့ ပြောဆိုခဲ့သည်။ သူမသည် ချန်မိသားစုနှင့် အချိန်အတော်ကြာ အဆက်အသွယ်ဖြတ်ထားခဲ့သည်။

မှန်ပါသည်၊ သူမရဲ့ အစ်ကိုတွေက သူမ ဗိုက်ထဲကကလေးကို ကိုယ်ဝန်ဖျက်ခိုင်းပြီး ကြိုးနဲ့ချည်ကာ သူမရဲ့ လက်ရှိခင်ပွန်းဆီ သူမကို ရောင်းစားတာကြောင့် ချန်ချောင်ချောင်ဟာ သူမရဲ့ မိသားစုကို စွန့်လွှတ်ခဲ့သည်။

ထိုအချိန်မှစ၍ သူမသည် သူမမိခင်အိမ်သို့ တစ်ခါမျှ မပြန်ခဲ့ပေ။

ချန်ညီအစ်ကိုများသည် ချန်ချောင်ချောင်၏ အပြုအမူအတွက် အလွန်ဒေါသထွက်ခဲ့ကြသည်။ သူတို့သည် နေရာတွင်ပင် နောင်တွင် သူမသည် နောင်တရလိမ့်မည်ဟု ကြမ်းတမ်းစွာ ကြေငြာခဲ့သည်။

ချန်‌ချောင်ချောင်သည် သူမ၏ မိသားစု တိုးတက်မှု သတင်းကို ကြားသိခဲ့ရသော်လည်း ဒီအချိန်ထိ သူမ၏ လောဘကို ထိန်းထားဆဲ ဖြစ်သည်။ သူမသည် မိသားစုနှင့် မညှိနှိုင်းချင်ရုံသာမက သူတို့ကို ငွေလည်းမချေးချင်ပါ။

ဘူတာရုံအလယ်တွင် ချောင်မိသားစုသည် မြောက်ဘက်သို့ ဆက်သွားနေချိန်တွင် ချန်ညီအစ်ကိုများသည် ရထားပြောင်းရန် သူတို့၏အိတ်ကို သယ်သွားခဲ့ကြသည်။ 

ယခုမှစ၍ မိသားစုနှစ်စုသည် လမ်းကွဲသွားပြီး တစ်ယောက်နဲ့တစ်ယောက် မတူညီတဲ့ ဘဝတွေကို စတင်ခဲ့ကြသည်။

အချိန်သည် ရေတွေစီးဆင်းနေသလို ကုန်သွားခဲ့သည်။ တစ်နှစ်လောက် ကြာသွားခဲ့သည်။

ပုစဉ်းရင်ကွဲများ အော်မြည်လာသော ဇူလိုင်လတွင် သာ့ချောင်သည် စာမေးပွဲခန်းထဲသို့ ဝင်ခဲ့သည်။

All Chapters