အခန်း (၂၄၀)
Vol. 19 Ch. 240
ချောင်ရှို့ကျီ၊ ရွှယ်ချွမ်နှင့် ချောင်ကျန်းကျွင်းနှင့် လင်းဟွေ့တို့သည် သာ့ချောင်ကို ပို့ရန် ရောက်လာခဲ့ကြသည်။
ဆိုင်က အရမ်းအလုပ်ရှုပ်နေလို့ ချောင်ရှို့ကျီနဲ့ ရွှယ်ချွမ်တို့က နောက်ဆုံးတော့ စောင့်နေခဲ့ကြရသည်။
ယခုအချိန်တွင် Good Lucky ဆိုင်သည် လူကြိုက်များပြီး ပိုမိုစည်ကားလာသည်။ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းလောက်က သူတို့သည် မြို့မှာ နောက်ထပ် တစ်ဆိုင်ဖွင့်ခဲ့သည်။ ချောင်ကျန်းကျွင်းနှင့် လင်းဟွေ့တို့သည် အလုပ်များလွန်းသဖြင့် နောက်ဆုံးတွင် ကူညီရန် အခြားသူများကို ငှားရမ်းခဲ့ရသည်။
ချောင်မိသားစု၏ ဒုတိယမြောက်သား စတိုးဆိုင်သည် ရေပန်းစားလာပြီးနောက်တွင် အလားတူစတိုးဆိုင်အများအပြားကို မြို့တွင်း၌ ဖွင့်လှစ်ခဲ့ကြသည်။ သို့သော် ၎င်းတို့သည် ချောင်မိသားစုနှင့် အမျိုးအစားမျိုးစုံ သို့မဟုတ် ဈေးနှုန်းအရ မယှဉ်ပြိုင်နိုင်ပေ။
ထို့အပြင် ချောင်မိသားစုသည် သာ့ချောင်စိုက်ပျိုးထားသော ပန်းခြောက်များကို ရောင်းချသည်။ ဒါက တခြားဆိုင်တွေမှာ မရနိုင်ပေ။
ပန်းခြောက်ရောင်းရငွေ အားလုံးမှ ချောင်ကျန်းကျွင်းနှင့် လင်းဟွေ့တို့သည် အမြတ်ငွေကို အိတ်ထဲမထည့်ခဲ့ပေ။ သူတို့က သာ့ချောင်ကို ဘဏ်မှာ ငွေစုဖို့ ကူညီပေးခဲ့သည်။
ထို့ကြောင့် မြို့နှင့် မြို့တော်ရှိ အိမ်ခြံမြေ ပိုင်ဆိုင်မှုနှစ်ခုအပါအဝင် သာ့ချောင်သည် ငွေအများကြီးစုဆောင်းထားသော ချမ်းသာသည့် မိန်းမငယ်လေးတစ်ဦးဖြစ်သည်။
ချောင်ရှို့ကျီနှင့် ရွှယ်ချွမ်တို့သည် သာ့ချောင်ကောလိပ်ဝင်ခွင့်စာမေးပွဲမတိုင်မီ တစ်လအလိုတွင် ပြန်လာခဲ့ကြသည်။
ယခုနှစ်အတွင်း သူတို့နှစ်ဦးသည် ဖွံ့ဖြိုးတိုးတက်ရန် မြို့တော်သို့ အကြီးဆုံးသားကို ပြောင်းရွှေ့ခိုင်းခဲ့သည်။ ဟော်မိသားစုနှင့် မောင်မိသားစုတို့၏ အကူအညီဖြင့် အကြီးဆုံးသားသည် မြို့တော်တွင် အလွန်ချောမွေ့စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ သူတို့ မစဉ်းစားမိတဲ့ အရာတွေတောင်ရှိသည်။ ဟော်မိသားစုနှင့် မောင်မိသားစုက သူတို့အတွက် အဲဒါတွေကိုပါ လုပ်ပေးပြီးသားဖြစ်သည်။
ဟော်နှင့် မောင်မိသားစု၏ ကူညီပံ့ပိုးမှုများ ရှိနေသော်လည်း ချောင်ရှို့ကျီသည် အရင်ဆုံး အကြီးဆုံးသားကို ဆိုင်တစ်ဆိုင်မငှားခိုင်းခဲ့ပေ။ အဲဒီအစား လမ်းဘေးအစားအစာ တွန်းလှည်းကို ဝယ်ခိုင်းခဲ့သည်။ သားအဖနှစ်ယောက်က မနက်စာရောင်းဖို့ အဲဒါကို တွန်းကြရမည်။
အန်းပင်းသည် စာလေ့လာရာ၌ မတော်သော်လည်း အစားအစာမျိုးစုံ၌ ထူးချွန်သည်။
ငါးနှစ်လောက်ကတည်းက သူသည် သူ့အဘိုးနဲ့ ဟင်းချက်နည်းကို စလေ့လာခဲ့သည်။ အခုတော့ သူ့ကျွမ်းကျင်မှုက အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။ ထို့အပြင် သူသည် ဆန်းသစ်မှုများကိုလည်း လေ့လာလိုစိတ်ရှိပြီး လက်တွေ့တွင် အသစ်အဆန်းများလုပ်ခဲ့သည်။ လမ်းဘေးအစားအစာဆိုင်ကို ချက်ချင်းဖွင့်ဖို့က ပြဿနာမဟုတ်ပါပေ။
သို့သော်လည်း ချောင်ရှို့ကျီသည် အရင်က မိသားစု သီးသန့် မလုပ်ခဲ့ဖူးသောကြောင့် ကြောက်ခဲ့သည်။ ဒါကြောင့် သူတို့ကို မနက်စာ စရောင်းခိုင်းခဲ့သည်။
အကြီးဆုံး၏ အဓိကမှာ ပေါက်စီ ဖြစ်သည်။ ရံဖန်ရံခါတွင် အခြားသော တရုတ်သရေစာများဖြစ်သည့် ဂျူဂျုကိတ်၊ သကြားညိုကိတ် စသည်တို့ကို ထည့်ပေးခဲ့သည်။
ဒီလို ဒင်ဆမ်းမျိုးတွေက ပုံမှန်ဖြစ်သည်။ ဒါ့အပြင် တခြား မနက်စာဆိုင်တွေမှာလည်း အဲတာတွေကို ရောင်းချသည်။ ပထမတော့ ဝမ်ချွမ်ကျီက ဒါကို သိပ်အကောင်းမမြင်ခဲ့ပေ။ သူတို့ မနက်စာ မရောင်းရဘူးလို့ သူမ ခံစားမိသည်။
ဒါပေမယ့် သာမာန်မနက်စာက အဆင်ပြေသွားခဲ့သည်။ အဓိကအချက်က အရသာပင်။
အန်းပင်းပြုလုပ်သော ပေါက်စီသည် အပြင်ပိုင်းက ပါးလွှာသည်။ အရေးကြီးဆုံးကတော့ အရသာက အရမ်းအရသာရှိတာကြောင့် တစ်လုံးစားပြီးရင် နောက်တစ်လုံးကို စားချင်ကြသည်။
သူတို့သည် အစက ဖောက်သည်မရှိလို့ မရောင်းရမှာကို စိုးရိမ်တာကြောင့် ပထမနေ့မှာ တောင်းနှစ်ခုပဲ လုပ်ခဲ့တာသည်။ သူတို့အံ့အားသင့်ခဲ့သည်မှာ တစ်နာရီမပြည့်မီပင် အဲဒါတွေ ကုန်သွားခဲ့သည်!
အကြံပေးစကားတွေကြားပြီး လာဝယ်သူအချို့က အဲဒါကို မဝယ်နိုင်တဲ့အတွက် ညည်းညူပြီး သူတို့ဘာကြောင့် ဒီလောက်ပဲ ရောင်းဖို့လုပ်ရတာလဲလို့ မေးခဲ့ကြသည်။
အန်းပင်းနှင့် ချောင်ကျန်းကော်တို့သည် အလွန်စိတ်ထားကောင်းသူများဖြစ်သည်။ ရံဖန်ရံခါ အလွန်ရိုင်းစိုင်းသော ဖောက်သည်များ ပေါ်လာသောအခါတွင် သူတို့သည် ဒေါသမထွက်ပေ။ အဲဒီအစား သူတို့က တခြားသူတွေကို ကောင်းမွန်တဲ့ လေသံနဲ့ပဲ ရှင်းပြခဲ့သည်။
အရသာရှိသော အစားအသောက်များနီင့် စိတ်သဘောထားကောင်းမွန်သော သူဌေးများကြောင့် လူများစွာကို သူတို့၏ ဖောက်သည်များ ဖြစ်လာစေခဲ့သည်။
မနက်စာရောင်းရန် လှည်းတွန်းဖို့က မလွယ်ကူပေ။ သူတို့သည် အရုဏ်မတက်ခင်ထကာ မနက်စာပြင်…နောက်တော့ လူတိုင်းအလုပ်မသွားခင် လှည်းကိုပြင်ဆင်ကြရသည်။
လေပြင်းတိုက်ပြီး နေရောင် တောက်လာသည်။ တစ်လအတွင်း ချောင်ကျန်းကော်နှင့် အန်းပင်းတို့၏ မျက်နှာများသည် မည်းမှောင်လာခဲ့သည်။
ပင်ပန်းပေမယ့်လည်း အကျိုးအမြတ်များစွာ ရရှိခဲ့သည်။
သားအဖနှစ်ယောက်သည် လူများနှင့်ဆက်ဆံပုံကဲ့သို့သော အတွေ့အကြုံများကို စုဆောင်းထားရုံသာမက သစ္စာရှိသော ဧည့်သည် အများအပြားကိုလည်း ဆွဲဆောင်နိုင်ခဲ့သည်။
နှစ်လအကြာတွင် ချောင်မိသားစုသည် လူပိုများသော နေရာတွင် စားသောက်ဆိုင်ဖွင့်သောအခါ ထိုဧည့်သည်များသည် ပထမဆုံးလာတဲ့ ဖောက်သည်များ ဖြစ်လာခဲ့သည်။
ယခုတွင် အကြီးဆုံးသားသည် မြို့တော်တွင် ခိုင်မာစွာ ခြေကုပ်ယူနိုင်ခဲ့ပြီး သူတို့စီးပွားရေးက မဆိုးခဲ့ပေ။ ဤအရှိန်ဖြင့် ဆက်သွားပါက သူတို့သည် ယခုနှစ်ကုန်တွင် စားသောက်ဆိုင်၏ အရွယ်အစားကို နှစ်ဆတိုးနိုင်မည်ဖြစ်သည်။
ရွှယ်ချွမ်သည် သူ့အိတ်ကပ်ထဲမှ လက်ကိုင်ပုဝါကို ထုတ်ကာ ကျောက်တုံးပေါ်တွင် ဖြန့်လိုက်သည်။ ပြီးတော့ သူ့မိန်းမကို ထိုင်ခိုင်းပြီး "ကလေးက ချက်ချင်း ထွက်လာမှာ မဟုတ်ဘူး။ လာထိုင်ဦး။"
ချောင်ရှို့ကျီက မြေပြင်ပေါ်မှာ ဖြန့်ထားတဲ့ လက်ကိုင်ပုဝါကို ကြည့်ပြီး "တကယ်တော့ လက်ကိုင်ပုဝါကို ဖြန့်စရာ မလိုပါဘူး။ လက်ကိုင်ပုဝါကို လုပ်ဖို့အတွက်ဆို ရှင် ရက်အနည်းငယ် အချိန်ယူရတာ။ ကြမ်းပြင်မှာ သုံးလိုက်တော့ အလကားဖြစ်သွားတာပေါ့။"
ရွှယ်ချွမ်က ပြုံးပြုံးရွှင်ရွှင်နဲ့ပြောသည်။ "အဆင်ပြေပါတယ်။ ညစ်ပတ်သွားရင် လျှော်လိုက်မှာပေါ့။ ကလေးတွေက အဆင်ပြေသွားပြီ။ ငါတို့လည်း ခရီးတွေထွက်လို့ရပြီပေါ့။ မင်းအရင်က မြစ်ဝါမြစ်ကို မြင်တွေ့ချင်ခဲ့တာ ငါမှတ်မိတယ်။ သာ့ချောင် ကောလိပ်ပြီးအောင် စောင့်ပြီး ငါတို့သွားကြမယ်။"
ချောင်ရှို့ကျီက ခေါင်းလှည့်ပြီး သူ့ကို ပြုံးပြပြီး "ကောင်းပြီ။ ရှင်သွားချင်တဲ့ စုကျောနဲ့ ဟန်ကျောနေရာတွေလည်း ရှိတယ်။"
ရွှယ်ချွမ်က နူးနူးညံ့ညံ့လေး ပြုံးပြီး "အထက်က ကောင်းကင်၊ အောက်က စုကျောနဲ့ ဟန်ကျောပေါ့။ ငါသွားချင်နေတာ ကြာပြီ။ ကံမကောင်းတာက အိမ်မှာ ကလေးတွေ အများကြီးရှိလို့ အပြင်ထွက်ဖို့ အဆင်မပြေခဲ့ဘူးလေ။ အခု ပိုကောင်းလာပါပြီ။ တိုင်းပြည်က တိုးတက်လာပြီ ကလေးတွေလည်း ငါတို့ကို စိတ်ပူစရာ မလိုတော့ဘူး။ နောက်ဆုံးတော့ ငါတို့လုပ်ချင်တာ လုပ်လို့ရပြီ!"
ချောင်ရှို့ကျီက ပီတီဖြစ်ပြီး ခေါင်းညိတ်လိုက်ကာ ဇီးသီးခြောက်ကို ပါးစပ်ထဲသို့ ထည့်လိုက်သည်။
ရွှယ်ချွမ်သည် သူမပေးသော ဇီးသီးခြောက်များကို စားခဲ့သည်။ အဲဒါက ချိုပြီး ချဉ်သည်။ နွေရာသီအတွက် အသင့်တော်ဆုံးပင်။
သာ့ချောင်သည် စာမေးပွဲခန်းထဲဝင်သွားခဲ့သည်။ ဝင်ရောက်လာသည့် ဖြေဆိုသူများကို သူမ မသိပါ။
သူမသည် လူတိုင်းကိုတော့ မသိပေမဲ့ တခြားသူတွေကိုတော့ သိပါသည်။
သူမသည် အလယ်တန်းနဲ့ အထက်တန်းကျောင်းမှာ ခြောက်နှစ်ကြာအောင် ပထမနေရာမှာ ရှိနေခဲ့တယ်ဆိုတဲ့ အချက်ကို ဘေးဖယ်ထားရင်တောင် သူမရဲ့ ရုပ်ရည်က ပိုပိုပြီး ဖမ်းစားလာခဲ့သည်။ တခြားသူတွေက သူမကို မသိဘဲမနေချေ။
အရင်တုန်းက အာဟာရချို့တဲ့ခဲ့တာကြောင့် အခုခေတ်ထိတောင် လူအများစုက အရပ်မရှည်ကြပေ။ သာ့ချောင်က ၁.၈မီတာ အရပ်မြင့်သည်။
သူမသည် အရပ်ရှည်ရှည်နှင့် ဖြောင့်စင်းသွယ်လျသော ခြေတံများရှိသည်။ နူးညံ့သောမျက်နှာအသွင်အပြင်နှင့် ဖြူစင်သောအသားအရည် ရှိသည်။ သူမသည် ဓါတ်ပုံထဲက မင်းသမီးတွေထက်တောင် ပိုလှပသည်။ ယောင်္ကျားလေး တော်တော်များများက သူမကို အဝေးကနေ မြင်ရတာတောင် ရှက်သွားကြသည်။
ကံမကောင်းစွာပဲ ယောင်္ကျားလေး တော်တော်များများက သူမလောက် ရလဒ်မကောင်းခဲ့ပေ။ သူမ၏ အရပ်သည် သူတို့ကို ပြိုလဲစေခဲ့သည်။ ဒါဟာ တကယ့်ကို ရောင်ဝါမရှိတဲ့ သူရဲကောင်းတစ်ယောက်ရဲ့ အခြေအနေပင်။
ဒါပေါ့ တချို့လူတွေသည် သူမက အရပ်ရှည်လွန်းတယ်လို့ ခံစားခဲ့ရသည်။ အရပ်ရှည်လွန်းတဲ့ ကောင်မလေးတွေက ရုပ်ဆိုးတယ်လို့ ထင်ခဲ့ကြသည်။ အနာဂတ်တွင် လက်တွဲဖော်ရှာရန် သေချာပေါက် ခက်ခဲလိမ့်မည်။
အကယ်၍ ဟော်ချီသည် ဤလူများ တွေးနေတာကို သိလျှင် သူသည် ချက်ချင်း ခုန်ထွက်လာပြီး ပြေယလမ့်မည်။ "ဒါကို စိတ်မပူပါနဲ့။ သူ့မှာပါ လက်ထပ်ရမဲ့ သူရှိပြီသား။"
သာ့ချောင်သည် လူအများ၏ မျက်လုံးများက သူမကို စိုက်ကြည့်နေသည်ကို သတိပြုမိသည်။ သူမ၏ ပါးစပ်ထောင့်များသည် အနည်းငယ် မြင့်လာပြီး ပါးပြင်ပေါ်တွင် ပါးချိုင့်လေးများ ချက်ခြင်းပေါ်လာသည်။ တွတ်တွတ်ထိုး ဆွေးနွေးမှုများသည် နေရာတိုင်းတွင် ပေါက်ကြားသွားခဲ့သည်။
ခဏအကြာတွင် စာမေးပွဲအခန်းစောင့်သူ ရောက်လာသည်။ သို့မှသာ လူတိုင်းသည် သူတို့၏ အကြည့်များကို ပြန်ရုတ်သိမ်းကာ သူတို့၏ စိတ်ကို ပြင်ဆင်ကြသည်။
သာ့ချောင်က လုံးဝစိတ်မပူဘဲ သူမထိုင်ခုံမှာ ထိုင်နေခဲ့သည်။
သူမသည် သူမလိုအပ်သမျှ ပြင်ဆင်မှုတွေကို လုပ်ခဲ့သည်။ မတော်တဆမှု မရှိဘူးဆိုရင် သူမအင်အားနဲ့ ကျင့်ဟွာတက္ကသိုလ်ကို ဝင်ခွင့်အတွက် ပြဿနာ လုံးဝမရှိဘူး။
ခဏကြာတော့ စာမေးပွဲအခန်းစောင့်က စာမေးပွဲစာရွက်ကို ထုတ်ပေးခဲ့သည်။
သာ့ချောင်သည် မေးခွန်းများကို လျင်မြန်စွာ ကြည့်ခဲ့သည်။ သူမရဲ့အတွေးက သူမသည် စာမေးပွဲပြီးရင် ဝမ်းနည်းစရာတွေ အများကြီးရှိမယ် ထင်ခဲ့သည်။
ယခုနှစ် စာမေးပွဲ ဖြေဆိုရာတွင် အခက်အခဲမှာ ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက သိသိသာသာ တိုးလာခဲ့သည်။ မေးခွန်းများစွာအတွက် ထောင်ချောက်များစွာ ချထားခဲ့သည်။
သာ့ချောင်သည် မေးခွန်းများကို ကြည့်ရှုပြီးနောက် သူမသည် ဂရုမစိုက်ဘဲ မနေတော့ပေ။ သူမစိတ်တွေ ပိုပိုပြီး စိုးရိမ်လာခဲ့သည်။
ပထမ ဘာသာရပ်မှာ မေးခွန်းအပိုမပါသည့် စာပေဘာသာရပ် ဖြစ်သည်။ စုစုပေါင်းရမှတ် ၁၀၀ဖြစ်သည်။ မေးထားသော မေးခွန်းများသည် အနည်းငယ် မမျှော်လင့်ထားသော အရာများဖြစ်ပြီး ပြန်လည်ပြင်ဆင်စဉ်တွင် ဆရာက လုံးဝမစဉ်းစားမိခဲ့သော အကြောင်းအရာများဖြစ်သည်။
အကြမ်းတွင် သာ့ချောင်က အခြေခံကို အကျဉ်းချုံး ရေးခဲ့သည်။ သွေဖည်ခြင်းမရှိကြောင်း သေချာပြီးနောက် သူမသည် စတင်ရေးသားခဲ့သည်။
စာစီစာကုံးတစ်ပုဒ် ရေးရာတွင် အကြောက်ဆုံးအရာမှာ ခေါင်းစဉ်မဟုတ်ပေ။ ခေါင်းစဉ်က လွဲပြီးသွားတာနဲ့ ရေးသားထားတာက ဘယ်လောက်ပဲ ကောင်းနေပါစေ အသုံးမဝင်တော့ဘူး။
သူမသည် နောက်ဆုံး စာလုံးကို ရေးပြီးသောအခါ လက်ကို မြှောက်ကာ လက်ကောက်ဝတ်ရှိ နာရီကို ကြည့်လိုက်သည်။ စာရွက်တွေ မပေးခင် မိနစ်နှစ်ဆယ်လောက် ကျန်သေးသည်။ ချက်ချင်းပင် သူမသည် အရင်မေးခွန်းများကို ပြန်လည်သုံးသပ်ရန် စာရွက်ကိုလှန်ခဲ့သည်။
ဒီစစ်ဆေးမှုအတွင်းမှာ အမှားအယွင်းလေးတွေ တွေ့ခဲ့ရသည်။ သူမသည် အမြန်ပြင်လိုက်သည်။ သူမအတွက် ရမှတ်နှစ်မှတ် ပြန်လည်ရရှိပြီး သူမ၏ ပါးစပ်ထောင့်သည် သေးငယ်သော အောင်ပွဲကြောင့် မြင့်တက်သွားခဲ့သည်။
သူမ၏ စစ်ဆေးမှုပြီးသွားတော့ စာရွက်အပ်ရန်အတွက် ခေါင်းလောင်းသံ ထွက်ပေါ်လာခဲ့သည်။
ဆရာက ခပ်တည်တည်နဲ့ ဖောင်တိန်တွေကို ချလိုက်ဖို့ လူတိုင်းကို ပြောခဲ့သည်။ ထပ်မံဖြေဆိုခွင့် မပြုတော့ပေ။ အခန်းထဲတွင် ညည်းတွားသံလေးများ ကြားနေခဲ့ရသည်။
ဆရာက စာမေးပွဲစာရွက်တွေ အားလုံးကို သိမ်းသွားပြီးနောက် လူတိုင်းက ညည်းညူကြသည်။
"ဘာလုပ်ရမလဲ၊ ဒီတစ်ခါက အရမ်းခက်တယ်။ ငါပြီးတောင် မပြီးသေးဘူး!"
"အဲဒါတွေအားလုံးကို ငါလုပ်ခဲ့တယ် ဒါပေမယ့် အများစုက ငါ့ကို အံသြသွားစေခဲ့တယ်။ အဲဒါတွေကို ပြန်စစ်ဖို့ အချိန်မရလိုက်ဘူး။"
"ငါရောပဲ ! ပြီးတော့ အဲဒီစာစီစာကုံး။ ငါ မေးခွန်းကို အကြာကြီးကြည့်နေမိခဲ့ပြီး မရေးရဲတော့ဘူး။ ငါ့မှာ အကြံဆိုးတွေပဲရှိတယ်။ ငါခေါင်းစဉ်ကို လက်လွှတ်ခဲ့ရတယ်!"
လူအချို့က ထာဝရနံပါတ်တစ် သာ့ချောင်နှင့် အဖြေကို တိုက်ချင်ခဲ့ကြသည်။ သူမကို ရှာဖွေရန် ကြည့်သောအခါတွင် သူမ၏ပုံစံကိုပင် မတွေ့ခဲ့ရပေ။
အမှန်တော့ စာမေးပွဲကြီးပဲ ဖြစ်ဖြစ်၊ အသေးလေးပဲ ဖြစ်ဖြစ်၊ စာမေးပွဲပြီးရင် တစ်စုံတစ်ယောက်က သာ့ချောင်နဲ့ ယှဉ်ပြီး အဖြေတိုက်လိမ့်မည်။ အဖြေက သူမနဲ့တူရင် သူတို့ အရမ်းပျော်ကြလိမ့်မည်။ အဖြေက မတူရင် သူတို့ တော်တော် စိတ်ဓာတ်ကျသွားလိမ့်မည်။
ဒီတစ်ခါ မေးခွန်းရဲ့အခက်အခဲက တိုးလာခဲ့သည်။ စာမေးပွဲမှာ ကောင်းကောင်းမလုပ်နိုင်တဲ့သူတွေ အများကြီးရှိသည်။ ပြီးတော့ ဒါက ဘာသာရပ်တစ်ခုပင်။ နောက်ပိုင်းမှာ စမ်းသပ်မယ့် ဘာသာရပ်တွေ အများကြီးရှိသေးသည်။ ထို့ကြောင့် လူတိုင်း၏ စိတ်ခံစားချက်ကို မထိခိုက်စေရန်အတွက် သာ့ချောင်သည် စာရွက်ကို ပေးအပ်ပြီးသည်နှင့် ထွက်ပြေးသွားခဲ့သည်။
ကျောင်းမှ ပြေးထွက်လာတော့ သူမသည် သူမအဘိုးနဲ့အဘွားကို အဝေးက ညောင်ပင်အောက်မှာ ထိုင်စောင့်နေတာကို တွေ့လိုက်ရသည်။
"အဘိုး၊ အဘွား၊ စောင့်စရာမလိုဘူးလို့ သမီးပြောခဲ့တယ် မဟုတ်ဘူးလား။"
ချောင်ရှို့ကျီက လက်ကိုင်ပုဝါကို ထုတ်လိုက်ပြီး နဖူးမှ ချွေးများကို သုတ်လိုက်ကာ "ငါတို့ ပြန်သွားရင်တောင် မင်းကို စောင့်ဖို့ ထိုင်ရဦးမှာပဲ။ မင်းထွက်လာတာကို ဒီမှာ စောင့်နေတာ ပိုကောင်းပါတယ်။ မင်း စိတ်မပူပါနဲ့၊ သစ်ပင်အောက်မှာ လေတိုက်နေတာပဲ လုံးဝမပူဘူး။"
သာ့ချောင်သည် အကျင့်စာရိတ္တကောင်းမွန်ပြီး ယဉ်ကျေးသိမ်မွေ့သော ကြောင်လေးတစ်ကောင်လို သူမ၏မျက်နှာကို အဘွား၏ လက်နှင့် ပွတ်လိုက်သည်။ "အဘွားက အကောင်းဆုံးပဲ!"
ရွှယ်ချွမ် - "မင်းအဘွားက အကောင်းဆုံးပဲဆိုတော့ အဘိုးက မဟုတ်ဘူးလား?"
"အဘိုးလည်း အကောင်းဆုံးပဲ!"
သာ့ချောင် - "အဘိုး၊ သမီးဗိုက်ဆာလို့ ပြန်သွားပြီး စားရအောင်!"
ရွှယ်ချွမ်သည် အမြန်ထရပ်ကာ "ဒါဆို သွားကြရအောင်။ မင်းအမေက မင်းအတွက် အိမ်မှာ ထမင်း ပြင်ထားမယ်တဲ့!"
ဒါကိုကြားတော့ သာ့ချောင်က နာခံစွာ ပြုံးလိုက်သည်။
ကမ္ဘာတစ်ဝှမ်းရှိ မိထွေးများတွင် ဆိုးရွားသော စိတ်များရှိပြီး မိထွေးများက လင်ပါသမီးကို အနိုင်ကျင့်လိမ့်မည်ဟု လူများစွာက သူမအား ပြောခဲ့ဖူးသည်။
သို့သော် လင်းဟွေ့သည် သူမကို အံ့သြစရာကောင်းအောင် ဆက်ဆံခဲ့သည်။ ဒီလိုနဲ့ နှစ်တွေကြာလာတာနဲ့အမျှ သူမသည် သူမမှာ မိခင်အရင်းတစ်ယောက်ရှိတယ်ဆိုတာကို မေ့လုနီးပါးဖြစ်သွားခဲ့သည်။
ရံဖန်ရံခါ သူမသည် သူမမိခင်အရင်း ဖန်းရှောင်ကျွမ်းကို သတိရမိသည်။ သူမအကြောင်းတွေးမိတဲ့အခါ 'ပျောက်နေတဲ့' ရှောင်ချောင်ကို သူမ အခု ဘယ်လိုဖြစ်နေပြီလဲ တွေးမိသည်။
မွေးစားအဖေက သူမကို သူဌေးတစ်ယောက်က မွေးစားထားတယ်လို့ ဆိုခဲ့သည်။ ဒီလိုဆိုရင် သူမလည်း ဒီနှစ် ကောလိပ်ဝင်ခွင့် စာမေးပွဲ ဖြေရမည်။
ထိုအချိန်တွင် ဟူမြို့တွင်ရှိသော ရှောင်ချောင်သည် စာမေးပွဲခန်းမှ ထွက်လာပြီး ပြင်းထန်စွာ နှာချေလိုက်သည်။
သူမမျက်နှာမှာ မည်းမှောင်နေတဲ့ အမူအရာနဲ့ လူတိုင်းကို အမြင်မကြည်တဲ့ ရောင်ဝါတွေ ထွက်ပေါ်နေသည်။
အဘယ်ကြောင့်ဆိုသော် သူမ၏ စာစီစာကုံးသည် ရေးတာ တစ်ဝက်မျှသာ ရှိသေးသောကြောင့် ဖြစ်သည်။