← Chapters

အခန်း (၂၄၁)

Vol. 19 Ch. 241

အခန်း (၂၄၁)

Vol. 19 Ch. 241

အိမ်ပြန်ရောက်တော့ သူမအမေက သူမကြိုက်တဲ့ အရသာရှိတဲ့ ဟင်းလျာတွေနဲ့ ပြည့်နေတဲ့ စားပွဲကို ချက်ပေးခဲ့သည်!

လင်းဟွေ့က သူမအစားအစာကို ထည့်နေစဉ်မှာ စိုးရိမ်စိတ်ဖြင့် "စာမေးပွဲက ဘယ်လိုလဲ? ခက်လား?"

သာ့ချောင်ရဲ့ ပါးစပ်က ပြည့်ကျပ်နေခဲ့သည်။ ကြက်သွန်ဖြူနံရိုးဟင်းကို ဝါးရင်းနဲ့ "မေးခွန်းတွေက အရင်ကထက် နည်းနည်းပိုခက်တယ်။ ဒါပေမယ့် ပြဿနာမရှိပါဘူး။ သမီး အကုန်ပြီးခဲ့တယ်!"

လင်းဟွေ့သည် ဤစကားကိုကြားသောအခါ သက်ပြင်းတစ်ချက်ချကာ "မင်း အကုန်ဖြေနိုင်တာ ကောင်းတယ်။ များများစား၊ ဒီည ဘာစားချင်လဲ အမေ့ကို ပြော။ အမေ လုပ်ပေးမယ်!"

သာ့ချောင်၏ ပါးစပ်ထောင့်များသည် အနည်းငယ် ကွေးညွှတ်သွားပြီး သူမ၏ ပါးချိုင့်များသည် ပေါ်လာသည်။ "ဘာဖြစ်ဖြစ် သမီး အဆင်ပြေပါတယ်။ အမေ ချက်တာမှန်သမျှ ကြိုက်တယ်။"

လင်းဟွေ့က သူမကို ချစ်မြတ်နိုးစွာ စိုက်ကြည့်နေခဲ့သည်။

ရွှယ်အန်းရှု့ - "အစ်မက အတော်ဆုံးပဲ။ မေးခွန်းက ဘယ်လောက်ပဲ ခက်နေပါစေ ကြောက်ရွံ့စရာ မရှိဘူး။ ဒီနှစ် ကောလိပ်ဝင်ခွင့် စာမေးပွဲမှာ ထိပ်တန်းကျောင်းသားက အစ်မပဲ ဖြစ်ရမယ်။"

သာ့ချောင်က သူမလက်ကို လှမ်းလိုက်ပြီး နူးညံ့တဲ့ သူ့မျက်နှာလေးကို ညှစ်လိုက်သည်။ "ဒီလိုတွေ လိုက်ပြောမနေနဲ့။ ငါ စာမေးပွဲကျရင် အားလုံးက ငါ့ကို ရယ်ကြလိမ့်မယ်!"

ရွှယ်အန်းရှု့ - "ဘယ်လိုမှမဖြစ်ပါဘူး။ အစ်မက စာမေးပွဲမှာ အမြဲတမ်း ပထမပဲ။ ဒီတစ်ခါလည်း ပထမဆုံးဖြစ်မှာ သေချာတယ်!"

ချောင်အန်းကျဲ၏ စိတ်နေစိတ်ထားသည် အတော်လေး သီးသန့်ဆန်သည်။ ဒီလောက် ချောမွေ့ပြီး ချော့မော့လို့မရဘူး။

သို့သော် ချောင်အန်းကျဲက သူ့အစ်မ၏ မျက်နှာကို ကိုင်လိုက်ပြီး သူ့မျက်နှာနှင့်ကပ်လိုက်သည်။ "သားလည်း အစ်မက စာမေးပွဲမှာ ပထမဖြစ်မယ်လို့ ထင်တယ်။" 

သာ့ချောင်က သူ့ခေါင်းကို ပွတ်သပ်ပြီး "ဒါဆို အစ်မက အန်းကျဲကို အရင်ဆုံး ကျေးဇူးတင်လိုက်မယ်။ စာမေးပွဲမှာ ပထမရရင် အစ်မ မင်းကို အရသာရှိတဲ့ တစ်ခုခု ကျွေးမယ်!"

ချောင်အန်းကျဲက မထိရပေမယ့် သူ့ခေါင်းကို ထိလိုက်သည်။ သူသည် ကျေနပ်သွားပြီး ချက်ချင်းပင် တိတ်တဆိတ် ပြုံးလိုက်သည်။

သာ့ချောင်သည် အမွှာများ၏ ကိုယ်ရည်ကိုယ်သွေးသည် ပိုကွာခြားပြီး အရွယ်ရောက် လာသည်ဟု ခံစားမိသည်။ သို့တိုင် သူတို့၏ရုပ်ရည်သည် တူညီနေခဲ့သည်။

နေ့ခင်းဘက် စာမေးပွဲခန်းထဲမ၀င်ခင်မှာ ဒီနှစ်သင်္ချာက နောက်တစ်ဆင့် တက်လိမ့်မယ်လို့ သာ့ချောင်က ခန့်မှန်းခဲ့သည်။ မေးခွန်းစာရွက် ထုတ်ဝေပြီးသည်နှင့် သူမမျှော်လင့်ထားသည့်အတိုင်း ဖြစ်ခဲ့သည်။

စာမေးပွဲပြီးသည်နှင့် တပြိုင်နက် အူသံများက နေရာအနှံ့ ကျယ်လောင်လာခဲ့သည်။ တစ်ချို့လူတွေက မျက်ရည်ကျကြသည်။

လူအများစုက စိတ်အခြေအနေ မကောင်းကြပေ။ သာ့ချောင်သည် ပိုနှိမ့်ချပြီး နေခဲ့သည်။ တစ်ယောက်ယောက်က သူမကို မေးတဲ့အခါ သူမက အဲဒါကို ပြီးအောင် လုပ်နိုင်ခဲ့ပြီး မေးခွန်းကို ကောင်းကောင်းတော့ မဖြေနိုင်ခဲ့ဘူးဟု ဆိုခဲ့သည်။

ဒီစကားကြားတော့ လူတိုင်းက နည်းနည်းတော့ သက်သာသလို ခံစားခဲ့ရသည်။

နောက်ဆုံး စာမေးပွဲအပြီးတွင် သာ့ချောင်သည် လူအုပ်ကြီးနှင့်အတူ စာသင်ခန်းမှ ထွက်လာခဲ့သည်။ နောက်တော့ ခြေတံရှည် အင်္ကျီဖြူဝတ်ထားတဲ့ ကောင်လေးတစ်ယောက်က ညောင်ပင်အောက်မှာ ရပ်နေတာကို တွေ့လိုက်ရသည်။

ကောင်လေးက အရပ်ရှည်ပြီး ကြံ့ခိုင်တဲ့ သွယ်လျသော ခြေထောက်တွေ ရှိသည်။ သူမ၏ အကြည့်ကနေ တစ်စုံတစ်ဦးသည် သူ၏ ပြီးပြည့်စုံသော ပုံစံကို မြင်နိုင်ပါသည်။ သစ်ရွက်များမှတဆင့် ရွှေရောင်နေရောင်ခြည်က သူ့အပေါ် ထွန်းလင်းတောက်ပနေသည်။

လမ်းသွားလမ်းလာတွေက သူ့ကို မငေးကြည့်ဘဲ မနေနိုင်ကြပေ။ စာမေးပွဲခန်းထဲက ထွက်လာတဲ့ မိန်းကလေးတွေက သူ့ကိုတွေ့တော့ ရှက်သွားကြသည်။

ကောင်လေးသည် သူမအဘိုးအဘွားများနှင့် စကားပြောရန် အနည်းငယ် ရှေ့တိုးလာသည်။ အပြုံးသည် အရမ်းလှလွန်းလို့ လူတိုင်းသည် မျက်လုံးတောင် မခွာနိုင်ကြပေ။

သူ့နောက်က အကြည့်ကို သတိထားမိပြီး သူက သူမကို လှည့်ပြီး ပြုံးပြလိုက်သည်။

သူ့ပါးစပ်ထောင့်က အပြုံးက နူးညံ့နွေးထွေးမှုအပြည့်နဲ့ မျက်လုံးဆီသို့ ပျံ့နှံ့သွားခဲ့သည်။

သာ့ချောင်က သူ့ပါးစပ်ထောင့်က အပြုံးကို မြင်လိုက်တဲ့အခါ သူမရဲ့ နှလုံးသားက ခုန်ပေါက်သွားခဲ့သည်။ သူမက လမ်းလျှောက်လာပြီး "အစ်ကိုဟော်ချီ၊ အစ်ကို ဘာလို့ ဒီမှာရှိနေတာလဲ? ကျောင်းပိတ်သွားပြီလား?"

ဟော်ချီ၏ အနက်ရောင် မျက်လုံးများက သူ့ဆီသို့ လျှောက်လာနေသော သာ့ချောင်ကို စိုက်ကြည့်နေခဲ့သည်။ သူ့မျက်လုံးများက အံ့သြမှုနှင့် တောက်ပနေခဲ့သည်။

လွန်ခဲ့သော နှစ်ဝက်ခန့်က သူသည် သူမကို နောက်ဆုံးတွေ့ခဲ့သည်။ သူသည် သူမကိုမြင်တိုင်း သူမက သူ့ကို အံ့သြစေပြန်သည်။

အသက် ဆယ့်ခုနစ်နှစ်အရွယ် သာ့ချောင်သည် အရင်က ပုပုလေးနဲ့ မိန်းကလေး မဟုတ်တော့ပေ။ သူမသည် အကိုင်းအခက်ပေါ်မှာ ပွင့်တဲ့ပန်းပွင့်ကဲ့သို့ မိန်းမပျိုလေးအဖြစ် ကြီးပြင်းလာခဲ့သည်။ အလွန် နူးညံ့သိမ်မွေ့သည်။ လူတွေရဲ့မျက်လုံးတွေက သူမကို စိုက်ကြည့်လိုက်တာနဲ့ အဝေးကို မရွေ့နိုင်တော့ဘူး။

သူက လမ်းလျှောက်သွားပြီး သူမ လက်ထဲက စာရေးကိရိယာတွေကို ပုံမှန်အတိုင်း ယူလိုက်ကာ "စာမေးပွဲပြီးပြီးချင်းပဲ ငါလာခဲ့တာ။"

သူသည် အိမ်တောင်မပြန်ခဲ့ပေ။

သူ့ရဲ့ ပင်ပန်းနွမ်းနယ်နေတဲ့ အသွင်အပြင်ကို မြင်လိုက်ရတော့ သာ့ချောင်က မျက်ခုံးပင့်လိုက်ပြီး "ဒါက တော်တော်‌လှမ်းတယ်။ အစ်ကိုကိုယ်တိုင် ဒီကို မောင်းလာတာ မဖြစ်နိုင်ဘူးမလား?"

ဟော်ချီက သူမကို ယုံကြည်မှုရှိသော အ‌ဓိပ္ပာယ်ဖြင့် ပြုံးပြလိုက်သည်။ 

သာ့ချောင်က ဒေါသတကြီး မျက်မှောင်ကြုတ်ကာ သူ့လက်မောင်းကို ရိုက်လိုက်သည်။ "ဒါက စာမေးပွဲတစ်ခုပါပဲ။ အစ်ကို ဒီကိုမလာလည်း ကိစ္စမရှိပါဘူး!"

သူ့လက်က အရမ်းမာလွန်းတော့ သူမလက်က နာကျင်သွားခဲ့သည်။ သူမ ပါးစပ်ဟလိုက်သည်။

ရွှေရောင်နေရောင်ခြည်သည် သူမ၏ ကြည်လင်သော မျက်နှာပေါ်တွင် တောက်ပ‌နေသည်။ သူမ၏ ရှည်လျားပြီး ထူထပ်သော မျက်တောင်များသည် သူမ၏ မျက်ခွံအောက်တွင် အရိပ်တစ်ခု ကျရောက်နေသည်။ သူမ၏ ပန်းနုရောင် နှုတ်ခမ်းများသည် စိတ်တိုနေတာကြောင့် အနည်းငယ် စူနေသည်။

ချိုမြိန်သော ခံစားမှုတို့ဖြင့် ကြမ်းကြမ်းတမ်းတမ်း ညှစ်ထားသလိုမျိုး ဟော်ချီ၏ နှလုံးသည် တင်းကျပ်လာသည်။ 

သူက အသံနှိမ့်ပြီး "ဘာလို့ အရေးမကြီးရမှာလဲ? မင်းနဲ့ တစ်ခုခု လုပ်စရာရှိတာကြောင့် အရေးကြီးတယ်။"

သူ့မျက်လုံးတွေက အရမ်းစူးရှနေလို့လား သို့မဟုတ် သူ့စကားတွေက ရှင်းလွန်းနေတာကြောင့်လားမသိ သာ့ချောင်ရဲ့မျက်နှာက ပူထူသွားခဲ့သည်။

ယောင်္ကျားလေးက ရုပ်ချောပြီး မိန်းကလေးကလည်း လှသည်။ နှစ်ယောက်သား မတ်တပ်ရပ်နေတဲ့ရှုခင်းက တော်တော်လှသည်။ လမ်းသွားလမ်းလာ၏ မျက်လုံးများသည် ဒီဘက်ခြမ်းကို ပို၍ မကြာခဏ စိုက်ကြည့်လာကြသည်။

ချောင်ရှို့ကျီက ချောင်းဆိုးပြီး "အဲဒီမှာ ရပ်မနေနဲ့။ ထမင်းသွားစားရအောင်။ စားဖို့ နောက်ကျနေပြီ။"

သူမနှင့် ရွှယ်ချွမ်တို့သည် ကလေးနှစ်ယောက်ကြား အပြန်အလှန်ဆက်ဆံမှုကို စောင့်ကြည့်နေခဲ့ပြီး ဘာမှမပြောခဲ့ပေ။ မထောက်ခံသလို ကန့်ကွက်မှုလည်း မပေးခဲ့ပါ။ အရာအားလုံးဟာ သူ့အလိုလိုသွားလိမ့်မည်။

ဟော်ချီနှင့် သာ့ချောင်တို့သည် ငယ်စဉ်ကတည်းက သူငယ်ချင်းများ ဖြစ်ကြသည်။ သူတို့သည် အတူတကွ ကြီးပြင်းလာခဲ့ကြသည်ဟု ဆိုနိုင်သည်။ တကယ်တမ်း အမြင်ရှိတဲ့ မျက်လုံးရှိသူတိုင်းသည် သာ့ချောင်ပေါ် ဟော်ချီ၏ ချစ်ခင်မှုကို မြင်နိုင်ပေသည်။

သို့သော် သာ့ချောင်သည် အနည်းငယ်မှ မသိခဲ့ပေ။ သူမသည် အနာဂတ်တွင် ဟော်ချီအတွက် ခံစားချက်ရှိလာမည်ဆိုတာကို သူမကိုယ်တိုင်သာ သိနိုင်သည်။

ချောင်ရှို့ကျီဆီက သတိပေးခံရပြီးနောက် ဟော်ချီနှင့် သာ့ချောင်တို့ နှစ်ယောက်စလုံး အနည်းငယ် ရှက်သွားကြသည်။ သာ့ချောင်သည် လမ်းတစ်လျှောက် ဟော်ချီ၏ မျက်လုံးများကို မကြည့်ရဲခဲ့ပေ။

အိမ်ပြန်ရောက်တော့ ချောင်မိသားစုမှာ ဘယ်သူကမှ ဟော်ချီကိုတွေ့တော့ မအံ့သြခဲ့ပေ။

ဟော်ချီသည် ကောလိပ်တက်ပြီး နွေရာသီတုန်းက မလာခဲ့တာကလွဲရင် သူသည် နွေရာသီပဲဖြစ်ဖြစ် ဆောင်းရာသီ အားလပ်ရက်ပဲဖြစ်ဖြစ် လာခဲ့သည်။

နွေရာသီအားလပ်ရက်အတွင်း ဟော်မိသားစုသည် သာ့ချောင်ကို မြို့တော်သို့ ဖိတ်ကြားလေ့ရှိသည်။ ဟော်ချီက သူမကို အကြိမ်တိုင်း လာခေါ်ခဲ့သည်။ ဆောင်းရာသီအားလပ်ရက်ရောက်သောအခါ ဟော်ချီသည် ချောင်အိမ်တွင်ပေါ်လာသည်။ ဟော်မိသားစုက နွေဦးပွဲတော်ကို ဆင်နွှဲပြီး ပြန်မလာမချင်း သူ ထွက်သွားမှာ မဟုတ်ပေ။

ဟော်မိသားစုအတွက် ဟော်ချီသည် ချောင်မိသားစု၏ မိသားစုဝင် တစ်ဝက်လောက် ဖြစ်နေပြီ ဖြစ်သည်။

ရလဒ်ကို စောင့်ဖို့အတွက် သာ့ချောင်က မြို့တော်ကို မသွားခဲ့ပေ။ ဟော်ချီသည် ချောင်အိမ်တွင် နေခဲ့သည်။

ဇူလိုင်လကုန်တွင် ကောလိပ်ဝင်ခွင့်စာမေးပွဲ ရလဒ်သည် လူတိုင်း၏ မျှော်လင့်ချက်အောက်တွင် ထွက်ပေါ်လာခဲ့သည်။

မြို့နယ်ပညာရေးဌာနနှင့် နှိုင်းယှဉ်ပါက ခရိုင်မြို့ နယ်ပညာရေးဌာနက အရင်သိရသည်။ မြေအနေအထားအရ သူတို့သည် ကောလိပ်ဝင်ခွင့်စာမေးပွဲ အောင်စာရင်းကို မြို့နှင့်ခရိုင်ထက်စောသည်။

၁၉၇၇ခုနှစ်တွင် ကောလိပ်ဝင်ခွင့်စာမေးပွဲ ပြန်လည်အသက်ဝင်လာပြီးနောက် ယခုနှစ်က သတ္တမအကြိမ်မြောက် ကောလိပ်ဝင်ခွင့် စာမေးပွဲဖြစ်သည်။

ပညာရေးဆိုင်ရာ အရင်းအမြစ်များနှင့် ပညာရေးအရည်အသွေးအရ မြို့များရှိ ကျောင်းများသည် ခရိုင်နှင့် မြို့နယ်များရှိ ကျောင်းများထက် ပိုမိုကောင်းမွန်သည်။ ထို့ကြောင့် လွန်ခဲ့သည့် ခြောက်နှစ်တာ ကာလအတွင်း နှစ်စဉ် ကောလိပ်ဝင်ခွင့် စာမေးပွဲတွင် ထိပ်တန်း ပညာတော်သင်များသည် မြို့ကျောင်းများမှ ဖြစ်ကြသည်။ သူတို့ထဲမှ အများစုမှာ အထက်တန်းကျောင်းတစ်နှင့် အထက်တန်းကျောင်းနှစ်တို့ ဖြစ်သည်။

ထို့ကြောင့် ခရိုင်မြို့၏ ဒါရိုက်တာများသည် ယခုနှစ် ကောလိပ်ဝင်ခွင့်စာမေးပွဲတွင် အကောင်းဆုံးက ဤကျောင်းနှစ်ကျောင်းမှ ပုံမှန်အတိုင်း ပေါ်လာမည်ဟု ထင်ခဲ့သည်။ ဒါပေမယ့် ဖိုင်ကိုဖွင့်ကြည့်လိုက်တော့ သူတို့ ချက်ချင်း အံ့ဩသွားကြသည်။

ဘာလဲ?

ကောလိပ်ဝင်ခွင့်စာမေးပွဲမှာ ထိပ်တန်းကျောင်းသားက ယွင်လိုင်မြို့ အထက်တန်းကျောင်းကပင်။

ယွင်လိုင်မြို့က ဘယ်လိုနေရာလဲ ???

ပညာရေးဌာနက လူတွေက စာရွက်စာတမ်းကို စိုက်ကြည့်နေခဲ့ကြသည်။ အဲပေါ်မှာ ယွင်လိုင်အလယ်တန်းကျောင်း၏ '‌ချောင်နျန်နျန်' ဟူသော စကားလုံးများ ပေါ်ထွက်နေခဲ့သည်။

"ဟေး၊ ချောင်နျန်နျန်ဆိုတဲ့ နာမည်က ဘာလို့ ငါ့နဲ့ ရင်းနှီးတာလဲ?" တစ်စုံတစ်ယောက်က ရုတ်တရက် ပြောလိုက်သည်။

"အခု ခင်ဗျားက အဲလိုပြောလိုက်တော့ ကျွန်​​တော်​ နည်းနည်းတော့ သတိရသွားပြီ။ အာ့ ကျွန်တော်မှတ်မိပြီ။ မနှစ်​က တစ်မြို့လုံးမှာ ဖြေခဲ့ရတဲ့ စာမေးပွဲမလား?  အဲတုန်းက အထက်တန်းကျောင်း တစ်ကျောင်းက ရှု့ဟုန်လင်းနဲ့တူတူ ပထမနေရာရခဲ့တဲ့ ကျောင်းသားတစ်ယောက်ရှိတယ်လေ။ ကျွန်တော် နာမည်မှတ်မိတယ်။" 

မြို့တစ်ခုလုံးတွင် အထက်တန်းကျောင်း များစွာရှိသည်။ မေးခွန်းစာရွက်တွေ တူဖို့ဆိုတာ မလွယ်ပေ။ ထို့ကြောင့် နှစ်အနည်းငယ်လျှင် တစ်ကြိမ် စုစည်းထားသော စာမေးပွဲကို ကျင်းပလေ့ရှိသည်။

ထိုအချိန်တွင် အထက်တန်းကျောင်းတစ်ကျောင်းမှ ရှု့ဟုန်လင်းနှင့် ပထမနေရာရခဲ့သော မြို့တစ်မြို့၌ ကျောင်းသားတစ်ယောက်ရှိကြောင်း သူတို့သ်ိခဲ့ရသည်။ ထိုအချိန်တွင် လူအများက တုန်လှုပ်သွားခဲ့ကြသည်။ အဲဒီနောက်မှာတော့ လူတိုင်းက သိပ်အလေးအနက် မထားကြတော့ချေ။

လူတော်တော်များများက သူမဟာ အမှတ်ကောင်းကောင်းရတာက ကြက်ကန်းဆန်အိုး တိုးမိခဲ့တယ်လို့ ထင်ခဲ့ကြသည်။ နောက်တစ်ခုက ခရိုင်မပြောနဲ့ မြို့တွင်း ပညာရေး အရင်းအမြစ်တွေက အရမ်းဆင်းရဲသည်။ ဒါကြောင့် စာမေးပွဲပြီးရင် မြို့က ကျောင်းသားကို လူတိုင်းက ဂရုမစိုက်ကြဘူး။

ဒီကျောင်းသားက မြို့က ကျောင်းသားတွေကို အနိုင်ယူပြီး ကောလိပ်ဝင်ခွင့်စာမေးပွဲမှာ ထိပ်တန်းနေရာကို အောင်ခဲ့မယ်လို့ ဘယ်သူမှ မထင်ထားမိခဲ့ပေ။

ဤရလဒ်သည် လူတိုင်း၏မျှော်လင့်ချက်ထက် ကျော်လွန်ခဲ့သည်။

တချို့က မယုံချင်ကြဘူး။ နာမည် မှားသွားနိုင်တယ် ထင်ကြသည်။ ထို့ကြောင့် သူတို့သည် သူတို့၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အဆက်အသွယ်များကို စုံစမ်းမေးမြန်းရန် ခေါ်ဆိုခဲ့ကြသည်။ စုံစမ်းစစ် ဆေးမှုရလဒ်မှာ အမှားအယွင်းမရှိခဲ့ပေ။

ကောလိပ်ဝင်ခွင့်စာမေးပွဲ၏ ထိပ်တန်းကျောင်းသားမှာ ယွင်လိုင်အထက်တန်းကျောင်းမှ ချောင်နျန်နျန် ဖြစ်သည်။

ပေါင်ချန်ခရိုင်ရဲ့ ပညာရေးမှူးက ဒီသတင်းကိုကြားတော့ ဝမ်းသာလွန်းလို့ ဖုန်းကို မြေပြင်ပေါ်ပစ်ချလုနီးပါးပင်။ "ကောလိပ်ဝင်ခွင့်စာမေးပွဲမှာ ထိပ်တန်းကျောင်းသားက ငါတို့ရဲ့ ယွင်လိုင်အထက်တန်းကျောင်းကလို့ ဆိုလိုတာလား?"

မြို့၌ ကျောင်းမဟုတ်သော်လည်း ယွင်လိုင်မြို့သည် ပေါင်ချန်ခရိုင်၏ အုပ်ချုပ်မှုအောက်တွင် ရှိနေသည်။ ဒါကြောင့် ကောလိပ်ဝင်ခွင့် စာမေးပွဲမှာ အတော်ဆုံးက သူတို့မှာပဲ ရှိသေးသည်။

"ဟုတ်ပါတယ်၊ အဲဒါ မင်းဘက်ကပါ။ စကားမစပ် အရင်နှစ်တွေရဲ့ စည်းမျဉ်းတွေအရ ပညာရေးဌာနက ကျောင်းသားနဲ့ သီးသန့်အင်တာဗျူးလုပ်ဖို့ တစ်ယောက်ယောက်ကို စေလွှတ်လိမ့်မယ်။ ကျောင်းသားကို အကြောင်းကြားပြီး အဆင်သင့်ဖြစ်အောင် လုပ်ထားရမယ်။"

ပြည်နယ်မြို့မှ ပုဂ္ဂိုလ်များသည် အသံအနည်းငယ် ပိုမြင့်လာသည်ကို ကြားနိုင်သည်။ သူ့ပါးစပ်ထဲက မနာလိုမှုတွေ ထွက်လာတော့မယ်လို့ ခံစားရသည်။

ပေါင်ချန်ခရိုင်ရှိ ပညာရေးဌာန ပညာရေးမှူးက ပါးစပ်မပိတ်နိုင်အောင် ရယ်မောပြီး "ကောင်းပြီ၊ ကိစ္စမရှိပါဘူး။ ငါသူ့ကို အကြောင်းကြားလိုက်မယ်။ မဟုတ်ဘူး၊ ငါကိုယ်တိုင်သွားပြီး အကြောင်းကြားလိုက်မယ်!"

ထိုလူက သူပြောတာကို သည်းမခံနိုင်ဘဲ အမြန် ဖုန်းကို ချလိုက်သည်။

ပေါင်ချန်ရဲ့ ပညာရေးဌာန ပညာရေးမှူးက ဖုန်းကိုင်ထားပြီး အကြာကြီး ရယ်မောခဲ့သည်။ ပညာရေးဌာန ညွှန်ကြားရေးမှူးက သူ့ကို ဒီလို လှမ်းမြင်လိုက်တာနဲ့ သူလေဖြတ်သွားပြီလို့ တွေးပြီး ထိတ်လန့်သွားသည်။

သို့သော် ကောလိပ်ဝင်ခွင့်စာမေးပွဲ၏ ထိပ်တန်းကျောင်းသားအကြောင်း သိသွားသောအခါတွင် သူသည် ရူးသွပ်သော ပျော်ရွှင်မှုတွင် ပါဝင်လာခဲ့သည်။

လာ၊ နောက်ထပ် အရူးတစ်ယောက်!

ထို့နောက် ချက်ချင်းပင် 'အရူး' လူများသည် ခရိုင်ပညာရေးဌာနမှ ယွင်လိုင်မြို့ပညာရေးဌာနသို့၊ ယွင်လိုင်အထက်တန်းကျောင်း၏ ဆရာ၊ဆရာမများဆီသို့ တိုးချဲ့ခဲ့သည်။ ဒီအဖွဲ့ဟာ အဆက်မပြတ် ကြီးထွားလာခဲ့သည်။

ယွင်လိုင်အထက်တန်းကျောင်း၏ ကျောင်းအုပ်သည် ပျက်စီးနေသော စက်ဘီးဖြင့် ချောင်အိမ်သို့ အပြေးအလွှားသွားသောအခါတွင် အားလုံးက ညစာပြင်ဆင်နေကြသည်။

ကျောင်းအုပ်ကြီးက ကျယ်လောင်စွာ အော်လိုက်သည်။ သူ့ပတ်ဝန်းကျင်က လူတွေက အဲဒါကို ချက်ချင်းကြားလိုက်ရသည်။

ထို့ကြောင့် မကြာမီမှာပင် အနီးနားရှိ လူတိုင်းသည် ယွင်လိုင်မြို့က ကောလိပ်ဝင်ခွင့်စာမေးပွဲတွင် အတော်ဆုံးဖြစ်ကြောင်း သိလိုက်ကြသည်။ ဤထူးချွန်ကျောင်းသား‌က ချောင်မိသားစုက သာ့ချောင်မှလွဲ၍ အခြားသူမဟုတ်ပေ။

လူတွေက မနာလိုဖြစ်ခဲ့ကြသည်။

ချောင်ကျန်းကျွင်းမှာ အကျင့်စာရိတ္တကောင်းမွန်ပြီး ကြည့်ကောင်းကာ စာတော်တဲ့ သမီးတစ်ယောက် ရှိတယ်ဆိုတာ အနီးအနားမှာ မသိတဲ့သူ ဘယ်သူမှ မရှ်ိခဲ့ကြပေ။ အများအားဖြင့် လူတိုင်းက မနာလိုကြသော်လည်း သူမသည် ဤမျှထိတ်လန့်ဖွယ်ကောင်းသည်ဟု ဘယ်သူမှ မထင်ခဲ့မိပေ။

သူမသည် မြို့တစ်ခုလုံးရှိ ကျောင်းသားများကို အနိုင်ယူပြီး ကောလိပ်ဝင်ခွင့်စာမေးပွဲကို တစ်ရှိန်ထိုး အောင်မြင်ခဲ့သည်။

ကျောင်းအုပ်ကြီး ပြောပြချက်အရ ခရိုင်မြို့တော်က သူမကို အင်တာဗျူးဖို့ တစ်စုံတစ်ယောက်ကို စေလွှတ်မည်။ ထို့အပြင် သူမသည် ငွေအမြောက်အမြား ချီးမြှင့်ခံရမည် ဖြစ်သည်။

သေတဲ့အထိ အလွန်မနာလိုစရာပင်။ ထိုကဲ့သို့သော လိမ္မာသော ကလေးလေးသည် သူတို့နှင့် ဘယ်လိုလုပ် မသက်ဆိုင်ရတာလဲ။

ဒီလိုနဲ့ အဲဒီညက အိမ်တိုင်းလိုလိုမှာ ကိုယ့်သားသမီးတွေကို ဟောပြောနေတဲ့ လူတွေရဲ့ အသံတွေ ထွက်ပေါ်လာခဲ့သည်။

ချောင်ရှို့ကျီနှင့် လင်းဟွေ့တို့သည် သာ့ချောင်က ကောလိပ်ဝင်ခွင့်စာမေးပွဲတွင် ထိပ်တန်းကျောင်းသား ဖြစ်လာကြောင်း သိလိုက်သည်နှင့် သူတို့၏မျက်လုံးများသည် ပျော်ရွှင်မှုကြောင့် နီရဲသွားကြသည်။

အထူးသဖြင့် သူ့မျက်ရည်တွေကို သုတ်ဖို့ တိတ်တဆိတ် ပုန်းနေတဲ့ ချောင်ကျန်းကျွင်း ဖြစ်သည်။

အရင်က သာ့ချောင်သည် အနည်းငယ် စကားထစ်သည်။ သူမသည် သာမန်ကလေးများထက် စကားပြောတာ၊ လမ်းလျှောက်တာ ပိုနှေးသည်။ သူသည် ဘယ်လောက်တောင် စိတ်ပူခဲ့မှန်းမသိပေ။ နောက်ပိုင်းတွင် သူသည် လေဖြတ်သွားပြီး ဤကလေးသည် အနာဂတ်တွင် အလွန်ဆိုးရွားသွားမည်ဟု သူသည် ထင်ခဲ့သည်။

မထင်မှတ်ပဲ သူ့လေဖြတ်ရောဂါက ပျောက်ကင်းသွားပြီး ချောင်မိသားစုက တနေ့တခြား ချမ်းသာလာခဲ့သည်။ သာ့ချောင်သည် ပြည်နယ်ကောလိပ်ဝင်ခွင့် စာမေးပွဲတွင် ထိပ်တန်းကျောင်းသားဖြစ်လာခဲ့သည်။

ဒီနေ့ကို သူဘယ်​​တုန်းကမှ အိမ်​မက်​မမက်​ရဲခဲ့ပေ!

လူတိုင်းလူစုခွဲပြီးနောက် ဟော်ချီသည် သာ့ချောင်ဆီသို့ လျှောက်သွားခဲ့သည်။

သူမသည် သူလက်ဆောင်တစ်ခု ယူလာတာကို မြင်လိုက်ရသည်။ သူမကိုကြည့်ပြီး သူက တိုးတိုးလေး ပြောလိုက်သည်။ "ဂုဏ်ယူပါတယ် သူငယ်ချင်းလေး ချောင်နျန်နျန်!"

All Chapters