← Chapters

အခန်း (၂၄၂)

Vol. 19 Ch. 242

အခန်း (၂၄၂)

Vol. 19 Ch. 242

သာ့ချောင်သည် သူက သူမကို သူငယ်​ချင်း​လေးလို့ ​ခေါ်တာကို ကြားလိုက်​ရတဲ့အခါ သူမရဲ့ နှလုံးသည် အကြောင်းပြချက် တချို့ကြောင့် ခုန်ပေါက်သွားပြီး​ "အစ်ကို ဟော်ချီ၊ အစ်ကို ညီမကို ဘာ​ပေးတာလဲ။"

ဟော်ချီ၏ မျက်လုံးများသည် ပန်းရောင်သန်းပြီး နူးညံ့ကာ၊ ဖြူဖွေးသော ပါးပြင်များကို လှည့်ပတ်ကြည့်ကာ သူ့နှုတ်ခမ်းသည် ကွေးသွားသည်။ "ဖွင့်ကြည့်လိုက်လေ အဲဒါဆို သိရမှာပေါ့။"

သာ့ချောင်က 'အိုး' ဟု လွှတ်ခနဲ ထွက်လာပြီး သူ့လက်ထဲက ဘူးကို လက်ဆန့်ထုတ်ပြီး ယူလိုက်သည်။

ဤမြင်ကွင်းကို အခြားသူများမြင်ပါက သာ့ချောင်၏ လက်ဆောင်များကို လက်ခံခြင်း သဘောထားသည် လွယ်ကူသည်ဟု ထင်လိမ့်မည်။ ဒါ​ပေမယ့်​ သာ့ချောင်အတွက်တော့ ကျင့်သားရနေပြီးသား ဖြစ်သည်။

ဟော်ချီသည် ထုတ်လုပ်ရေးအဖွဲ့တွင် ရှိစဉ်က ပိုက်ဆံမရှိသောကြောင့် သူမအတွက် ရာသီခွင်ပုံစံများ ပြုလုပ်ရန် ကောက်ရိုးကို အသုံးပြုခဲ့သည်။ ဒီပစ္စည်းလေးတွေကို သူမသည် သိမ်းထားတုန်းပင်။ သူတို့အတွက် လက်ဆောင်ပေးတာက သာမာန်ကိစ္စ ဖြစ်သည်။ ကွေ့ဝှိုက်နေဖို့ မလိုအပ်ချေ။

သူ့လက်ချောင်းထိပ်များက သူမနှင့် ထိတွေ့လိုက်တော့ နူးညံ့ချောမွေ့နေသည်။ ဟော်ချီသည် အဲဒါကို သူ့လက်ချောင်းများဖြင့် အကြိမ်အနည်းငယ် ဖြည်းညှင်းစွာ ထိတွေ့ခဲ့သည်။

သာ့ချောင်က ဘူးကို ဖွင့်ကြည့်လိုက်တော့ အထဲမှာ Rolex နာရီတစ်လုံး ရှိနေတာကို တွေ့လိုက်ရသည်။ ငွေရောင်စတီး လက်ကောက်တစ်ကွင်းနှင့် အနက်ရောင်ကွပ်ထားသော ဘေးဘောင်တစ်ခု ရှိသည်။ အတော်လေးကို လက်ရာမြောက်ပြီး လှပသည်။

ဒီပုံစံပဲ... သူမ တစ်နေရာရာမှာ မြင်ဖူးတယ်လို့ ထင်သည်။

ခဏနေတော့ သူမသည် ခေါင်းကိုလှည့်ကာ စူးစိုက်ပြီး ဟော်ချီ၏ လက်ကောက်ဝတ်ကို ကြည့်လိုက်သည်။

သူ့လက်ကောက်ဝတ်မှာ Rolex ယောင်္ကျားလေး နာရီကို ဝတ်ထားသည်ကို သူမတွေ့လိုက်ရသည်။ ပုံစံက သူမနဲ့ အတိအကျတူသည်။ အရွယ်အစားက ပိုကြီးသည်။

ဟော်ချီက သူမကို ငုံ့ကြည့်လိုက်ပြီး နားရွက်ဖျားက အနည်းငယ် နီနေသည်။ "ဒါက Rolex Lady's Datejust နာရီလေ။ ရေစိုခံပြီး ရက်စွဲပါပါတယ်။ မိန်းကလေးတွေ ဝတ်ဖို့ အရမ်းသင့်တော်တယ်။"

လက်ရှိတွင် စျေးကွက်တွင်ရှိသော နာရီများသည် အမျိုးသားနှင့် အမျိုးသမီးများအတွက် တူညီသောပုံစံဖြစ်သည်။ အမှတ်တံဆိပ်များစွာသည် အမျိုးသမီးများအတွက် နာရီများကို မထုတ်လုပ်သေးပါ။ သို့သော် ဟော်ချီပေးသော Rolex သည် သေးငယ်ပြီး လက်ရာမြောက်သည်။ ဒါက မိန်းကလေးဝတ်ဖို့ တကယ်ကို ပိုသင့်တော်သည်။

သာ့ချောင်သည် သူမ၏ ပါးစပ်ထောင့်က မြင့်တက်သွားပြီး ပါးချိုင့်လေး ပေါ်လာသည်။ သူမက လက်ပတ်နာရီကို ထုတ်ယူပြီး သူ့ကို ပေးလိုက်သည်။ "အစ်ကို ဟော်ချီ၊ ညီမကို ဝတ်ပေးလေ။"

ဟော်ချီသည် သူမ၏ ပါးချိုင့်များကို စက္ကန့်အနည်းငယ်ကြာ စိုက်ကြည့်ပြီးနောက် နာရီကို ကိုင်ကာ သူမ လက်ကောက်ဝတ်ပေါ်တွင် တင်လိုက်သည်။ ငွေရောင်လက်ကောက်က သူမလက်ကောက်ဝတ်ကို ပိုလှစေသည်။

သာ့ချောင်က ဟုတ်မဟုတ် သိဖို့တွက် သူမလက်ကောက်ဝတ်ကို ကြည့်လိုက်သည်။ သူမ၏ နှုတ်ခမ်းပေါ်မှာ အပြုံးတစ်ခုဖြင့် ပြောခဲ့သည် "ကျေးဇူးတင်ပါတယ်၊ အစ်ကို ဟော်ချီ။ ဒီလက်ဆောင်ကို ညီမ အရမ်းကြိုက်တယ်။"

သူမ၏နှုတ်ခမ်းများသည် ပန်းပွင့်များကဲ့သို့ ပန်းရောင်ရှိပြီး ပါးချိုင့်လေးနှစ်ခုသည် ဝိုင်ချိုချိုလေး နှစ်ခွက်ကဲ့သို့ နစ်မြုပ်နေသည်။

ဟော်ချီက သူမဆံပင်တွေကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။

သူက အသံတိုးတိုး‌လေးနဲ့ ပြောလိုက်သည်။ "ဒါဆို ခုကစပြီး ဝတ်ထားတော့နော်။"

သာ့ချောင်က နာခံစွာ ခေါင်းညိတ်လိုက်ပြီး "အင်း၊ ညီမ ဒါကို မချွတ်တော့ဘူး။"

ဟော်ချီသည် တူညီသော နာရီနှစ်လုံးကို ကြည့်လိုက်သည်။ သူ့ပါးစပ်ထောင့်များသည် ကွေးညွတ်သွားသည်။

အဲဒီညက သာ့ချောင်ရဲ့လက်ထဲက နာရီကို ချောင်မိသားစုက သတိထားမိကြသည်။ Rolex လို့ သိလိုက်တဲ့အခါ အားလုံး အံ့ဩသွားကြသည်။

Rolex သည် စျေးကြီးပြီး အရေအတွက်နည်းကာ တင်သွင်းသည့် နာရီဖြစ်သည်။ အဆက်အသွယ်မရှိရင် သူတို့မှာ ပိုက်ဆံရှိရင်တောင်မှ ဝယ်နိုင်မှာမဟုတ်ဘူး။

သာ့ချောင်၏ လက်တွင်ရှိသော နာရီသည် ယွမ်တစ်ထောင်ကျော်လောက် ရှိသည်။

ချောင်ကျန်းကျွင်းက တုံ့ဆိုင်းနေပြီး "လူငယ်လေး ဟော်ချီ၊ ဒီနာရီက ဈေးကြီးတယ်မလား? အန်ကယ်က မင်းကို ပိုက်ဆံပေးနိုင်ပါတယ်။ အန်ကယ်က မင်းဆီက ဝယ်တယ်လို့ သဘောထားလိုက်။"

ဟော်ချီ - "ဦးလေး၊ ကျွန်တော့်ကို ယဉ်ကျေးမနေပါနဲ့။ ဒါက ကောလိပ်ဝင်ခွင့်အတွက် နျန်နျန်ကို ကျွန်တော်ပေးတဲ့ လက်ဆောင်ပါ။ လက်ဆောင်တစ်ခုပဲကို ဘယ်လိုလုပ် ပြန်ယူရမှာလဲ?"

ချောင်ကျန်းကျွင်းသည် ဤတုံ့ပြန်မှုကို ကြားသောအခါတွင် သူသည် ဆက်မပြောနိုင်တော့ပေ။ သို့တိုင် ဒီလက်ဆောင်က နည်းနည်းဈေးကြီးသည်။

ရွှယ်အန်းရှု့က သူ့အစ်မရဲ့လက်က နာရီကို ကြည့်ပြီး ယုံကြည်မှုရှိရှိနဲ့ မှတ်ချက်ချသည်။ "သားကောလိပ်တက်ရင် ဖေဖေ ဆုချတဲ့ အနေနဲ့ နာရီဝယ်ပေးလို့ရမလား? အစ်မနဲ့ ဆင်တူ လိုချင်တယ်။"

ချောင်ကျန်းကျွင်း စကားမပြောခင် ဟော်ချီက "ဒါက မိန်းမပုံစံပဲ။"

ရွှယ်အန်းရှု့က ခဏရပ်သွားသည်။ ထို့နောက် သူ့မျက်လုံးများက သူ့လက်ကောက်ဝတ်ကို စိုက်ကြည့်ကာ "ဒါဆို မင်းရဲ့ပုံစံအတိုင်း ဝယ်မယ်။"

ဟော်ချီက ရယ်မောပြီး "မရဘူး။ မင်းရဲ့လက်ကောက်ဝတ်က အရမ်းတုတ်တယ်။ ငွေရောင်ဝတ်တာက မင်းကို ပိုဝတယ်လို့ ထင်ရတယ်။ အနက်ရောင်က မင်းအတွက် ပိုသင့်တော်တယ်။"

"တကယ်လား?" ရွှယ်အန်းရှု့သည် သူ့လက်ကောက်ဝတ်ကို ကြည့်လိုက်သည်။ သူ့လက်ကောက်ဝတ်က နည်းနည်းပြည့်ကာ သူသည် သက်ပြင်းချလိုက်ပြီး "ကောင်းပြီ ဒါဆို အနက်ရောင်ပဲ ဝယ်မယ်။"

ဟော်ချီက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

သူသည် အမျိုးသားရော အမျိုးသမီးပါ တူညီတဲ့ပုံစံကို ရှာတွေ့ဖို့ အချိန်အတော်ကြာအောင် ရှာဖွေခဲ့ရသည်။ သူနဲ့ သာ့ချောင်ဝတ်လို့ရသည်။ တခြားသူတွေဆိုရင်တော့...

မတူဘူးဆိုရင်တော့ သူတို့ ဝတ်ချင်တာ ဝတ်လို့ရပါသည်။

သာ့ချောင်က သူတို့ပြောနေတာကို ကြားတော့ သူမမောင်လေး လက်ကောက်ဝတ်ကို ကြည့်လိုက်သည်။ ဟော်ချီပြောသလောက် သူမမောင်လေးရဲ့ လက်ကောက်ဝတ်က မတုတ်ဘူးလို့ ခံစားရသည်။

သာ့ချောင်သည် ပြည်နယ်ကောလိပ်ဝင်ခွင့်စာမေးပွဲတွင် အတော်ဆုံးဖြစ်သည်ဟူသော သတင်းသည် မကြာမီ ယွင်လိုင်မြို့တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။

နောက်တစ်နေ့တွင် ရှန်မိသားစုသည် သူတို့ကို ဂုဏ်ပြုရန် ရောက်ရှိလာကြသည်။

ချင်းရှောင်‌မေက ဝမ်းသာအားရဖြင့် နီရဲနေသည်။ သူမက သာ့ချောင်ကို ပွေ့ဖက်ပြီး ပွတ်သပ်ကာ "ဘာလို့ ဒီလောက် ထက်မြက်တဲ့ ကလေးက ငါ့ကလေး မဟုတ်ရတာလဲ? လင်းဟွေ့ ငါ နင့်ကို အရမ်း မနာလိုဖြစ်တယ်။!"

လင်းဟွေ့သည် သာ့ချောင်ကို ကြည့်ကာ နူးညံ့စွာ ပြုံးလိုက်သည်။ သူမ၏ မျက်လုံးများတွင် ချစ်ခြင်းမေတ္တာနှင့် ဂုဏ်ယူမှုများ ပြည့်နေသည်။ "နင် ငါ့ကို မနာလိုနေစရာ မလိုပါဘူး။ နင့်ရဲ့ ထျန်းရုံနဲ့ ထျန်းဇီက အရမ်းထက်မြက်တာပဲ မဟုတ်လား? နှစ်နှစ်လောက်နေရင် သူတို့က ကောလိပ်ဝင်ခွင့်စာမေးပွဲမှာ အတော်ဆုံးဖြစ်ပြီး ပြန်လာနိုင်တယ်လေ!"

သူမသားလေးတွေ အကြောင်းပြောတဲ့အခါ ချင်းရှောင်မေက ဂုဏ်ယူတဲ့ပုံစံနဲ့ "ထျန်းရုံရဲ့ အဆင့်က မဆိုးပါဘူး။ ထျန်းဇီရဲ့ အာရုံစူးစိုက်မှုက သူ့အစ်ကိုကြီးလောက် မကောင်းဘူး။ လူတွေက သားကို ပြုစုပျိုးထောင်တာက အနှစ်တစ်ရာမှာ ကိုးဆယ့်ကိုးနှစ်လောက် စိတ်ပူရတယ်တဲ့။ အဲဒါတကယ်မှန်တယ်။"

လင်းဟွေ့က သူ့စကားကြောင့် "ဘာကိစ္စရှိလို့လဲ? ဘာလို့ သက်ပြင်းချနေတာလဲ?"

ချင်းရှောင်မေ - "ဒီအတောအတွင်း ထျန်းရုံက ဘာဖြစ်နေတာလဲ မသိဘူး? သူက ပုံမှန်ထက် အများကြီး လျှော့စားပြီး ကိုယ်အလေးချိန် အများကြီး ကျသွားတယ်!"

လင်းဟွေ့က မျက်မှောင်ကြုတ်ကာ "အခု ထျန်းရုံက ပိုပိန်သွားတာပဲ။ သူ့ကို ဆေးစစ်ဖို့ ဆေးရုံကို ခေါ်သွားပြီးပြီလား?"

ချင်းရှောင်မေ - "ငါတို့ လုပ်ပြီးပြီ။ ဆရာဝန်က ဘာမှမမှားဘူးတဲ့!"

သူမရင်ခွင်ထဲတွင်ရှိသော သာ့ချောင်သည် သူမဝမ်းကွဲ အရင်က‌ ပြောခဲ့သော စကားများကို ရုတ်တရက် သတိရသွားသည်။

ရှန်ထျန်းရုံက အဲဒါကြောင့် မစားခဲ့တာ ဖြစ်နိုင်လား?

ထိုအချိန်တွင် အပြင်ဘက်ရှိ ရှန်ထျန်းရုံသည် ဟိုဘက်ဒီဘက် ပြေးနေခဲ့သည်။ သူသည် ချွေးတွေ အများကြီး စီးကျနေပေမယ့် ရပ်လိုက်ဖို့ ရည်ရွယ်ချက် မရှိပေ။

သူ ဝိတ်ချရမည်။ သူ့အစ်မယင်က သူ ဝိတ်ကျလာတာကို စောင့်နေသည်။

ရှန်မိသားစုများအပြင် အနီးနားရှိလူများနှင့် အသိမိတ်ဆွေများက သူတို့ကို ချီးကျူးဂုဏ်ပြုရန် ချောင်အိမ်သို့ လာခဲ့ကြသည်။ ချောင်အိမ်တံခါးကို အစောကြီးမှ နောက်ကျသည်အထိ အဝင်ထွက်ရှိနေသည်။ လူတွေက ဆက်တိုက်လာနေကြသည်။

နောက်နှစ်ရက်အကြာတွင် ခရိုင်ပညာရေးမှူးရုံးမှ လူများသည် လာရောက်တွေ့ဆုံကြသည်။

သာ့ချောင်ကို ပိုက်ဆံပေးဖို့ သူလာခဲ့သည်!

ပညာရေးအဝန်းအဝိုင်းတွင် ပေါင်ချန်ခရိုင်သည် မြို့၌ ဒီနှစ်များအတွင်း သူတို့၏နာမည်ကို လူသိများစေဖို့ နေနေသာသာ အတော်ဆုံးကျောင်းသားကို တစ်ခါမျှ မထုတ်လုပ်ခဲ့ပေ။ လူတော်တော်များများက ပေါင်ချန်ခရိုင်ဆိုတာကြားရင် နည်းနည်းစဉ်းစားရလိမ့်မည်။

အခုတော့ ရုတ်တရက် အတော်ဆုံး ကျောင်းသားတစ်ယောက် ရှိလာခဲ့သည်။ ယင်းက ပေါင်ချန်ခရိုင်သည် ခေါင်းဆောင်များ၏ အရှေ့တွင် ထင်ရှားပေါ်လွင်စေရုံသာမက အနာဂတ်တွင် သူတို့အတွက် ပိုမိုလွယ်ကူလာစေသည်။

ထို့ကြောင့် ခရိုင်ဘုတ်အဖွဲ့သည် ဝမ်းသာပီတိဖြစ်ခဲ့ရသည်။

ဘုတ်အဖွဲ့ပျော်သည်နှင့် တပြိုင်နက် သူတို့သည် အလွယ်တကူပဲ ဆုကြေးများ ပိုရလိမ့်မည်။

ဒီဆုတွေအပြင် ခရိုင်၊ မြို့နဲ့ ကျောင်းကပေးတဲ့ ဆုတွေလည်း ရသည်။ ဒါတွေအားလုံးပေါင်းလိုက်ရင် ယွမ်တစ်ထောင်လောက် ရှိသည်။

မကြာသေးမီနှစ်များအတွင်း လူနေမှုအဆင့်အတန်းသည် တိုးတက်လာသော်လည်း ယွမ်တစ်ထောင်သည် သေးငယ်သော ငွေပမာဏမဟုတ်ပေ။ လူအတော်များများမှာ ဒီလောက် စုဆောင်းငွေ မရှိကြဘူး။

ပညာရေးကို အလေးထားဖို့ လူတိုင်းကို ခွန်အာပေးဖို့အတွက် ဒီအင်တာဗျူးမှာ ဆုပေါင်းများစွာကို အထူးရေးသားထားသည်။ သတင်းစာထဲက အင်တာဗျူးကို ဖတ်ပြီးတဲ့ နောက်မှာတော့ လူတိုင်းရဲ့ မျက်လုံးတွေက မနာလိုစိတ်ကြောင့် နီရဲလာကြသည်။

ယွမ်တစ်ထောင်!

စာသင်ရတာ အသုံးမဝင်ဘူးလို့ ဘယ်သူပြောလဲ?

သမီးက ငွေဖြုန်းတယ်လို့ ဘယ်သူပြောလဲ?

တစ်စုံတစ်ယောက်သည် ထိုကဲ့သို့သော စကားကို ပြောရဲရင် သူ့ကို သေသေချာချာကြည့်ပြီး လူတိုင်းက သူ့မျက်နှာကို သတင်းစာနဲ့ ကောက်ပေါက်လိမ့်မည်။

ထိုကဲ့သို့ လူသိရှင်ကြားဖြင့် စက်တင်ဘာလတွင် စာသင်ကျောင်းအသစ် စတင်ချိန်တွင် နောက်ထပ် ကလေးအများအပြား ကျောင်းသို့ စာရင်းသွင်းခဲ့ကြသည်။ အထူးသဖြင့် မိန်းကလေးဦးရေသည် ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက အနည်းငယ် တိုးလာသည်။

ဒါပေမယ့် အဲဒါက အနာဂတ်ဇာတ်လမ်းပါ။

ချောင်ရှို့ကျီနှင့် ရွှယ်ချွမ်တို့သည် သာ့ချောင်၏ ကောလိပ်ဝင်ခွင့်စာမေးပွဲအပြီး သုံးရက်မြောက်နေ့တွင် ခရီးထွက်သွားခဲ့ကြသည်။

အစက သူတို့သည် ကောလိပ်ဝင်ခွင့် စာမေးပွဲ အောင်စာရင်း မထွက်မီထိ စောင့်ဆိုင်းချင်ခဲ့သည်။ ဒါပေမယ့် သာ့ချောင်က သူတို့ကို မစောင့်ဖို့ ပြောခဲ့သည်။ အနည်းငယ် စဉ်းစားပြီးနောက် သူတို့သည် ထွက်ခွာသွားကြသည်။

ရလဒ်တွေ ထွက်လာတဲ့အခါ သာ့ချောင်နဲ့ အောင်ပွဲခံဖို့ ပြန်လာချင်ကြတာမို့ သူတို့သည် ပြည်နယ်အနှံ့ စူးစမ်းလေ့လာရုံပင် အဝေးကြီးကို မသွားခဲ့ကြပေ။

ကောလိပ်ဝင်ခွင့် စာမေးပွဲ အောင်စာရင်း ထွက်လာတာနဲ့ တပြိုင်နက် သူတို့သည် ပြန်လာခဲ့သည်။ သာ့ချောင်သည် ကောလိပ်ဝင်ခွင့်စာမေးပွဲတွင် အထူးချွန်ဆုံး ကျောင်းသားဖြစ်သည်ကို ကြားသိရသောအခါတွင် နှစ်ယောက်သားသည် အလွန်ဝမ်းသာကြပြီး သူတို့သည် ချက်ချင်း အိမ်ပြန်လာမည်ဟု ပြောခဲ့ကြသည်။

အိမ်ပြန်ရောက်သောအခါ ချောင်ကျန်းမင်သည် သူ့သမီး ချောင်တုန်းဝမ်ကို ခေါ်ဆောင်လာခဲ့သည်။ သူတို့နောက်တွင် ချောင်တုန်းဟယ်သည် သူမ၏ စေ့စပ်ထားသူ လော့ကျွင်းလျန်ကို ခေါ်ပြီး ပြန်လာခဲ့သည်။

ဦးလေးနှင့်တူမ နှစ်ယောက်လုံးသည် လက်ထပ်ရန် ရည်ရွယ်ချက် တစ်ခုတည်းဖြင့် ဤတစ်ကြိမ်တွင် ပြန်လာခဲ့ကြသည်။

ချောင်ကျန်းမင်က ချူရှန်မေကို မနှစ်က ဝန်ခံပြီးကတည်းက သူတို့နှစ်ယောက်သည် အဆက်အသွယ်ရှိခဲ့ကြသည်။

ပထမတော့ ချူရှန်‌မေသည် ဆက်ဆံရေးအသစ်ကို လက်ခံရန် အဆင်သင့်မဖြစ်ခဲ့ပေ။ သူတို့နှစ်ဦးကြား အပြန်အလှန်ဆက်ဆံမှု တိုးလာသည်နှင့်အမျှ ချောင်ကျန်းမင်၏ နားလည်‌ပေးမှုနှင့် နူးညံ့မှုသည် သူမ၏ ခြောက်သွေ့သော ဝိညာဉ်ကို မိုးဖွဲကဲ့သို့ တဖြည်းဖြည်း စုပ်ယူသွားခဲ့သည်။

လွန်ခဲ့သည့် တစ်နှစ်ခန့်ကစပြီး ချောင်ကျန်းမင်သည် မိုင်ထောင်ပေါင်းများစွာ အဝေးမှ သူမအတွက် ဆေးဝါးများကို ပေးပို့ခဲ့ပြီး သူမ၏မွေးနေ့၊ နှစ်သစ်ကူးနှင့် အခြားအားလပ်ရက်များအတွက် လက်ဆောင်များ ဝယ်ပေးခဲ့သည်။ ထို့အပြင် အချိန်တိုင်း မီပေါင်အတွက် ဝေစုတစ်ခုကို ဝယ်ပေးဖို့ မမေ့ခဲ့ပေ။

သူမသည် နောက်အိမ်ထောင်ပြုချင်ရင် မီပေါင်လေးကို လက်ခံနိုင်တဲ့သူကိုပဲ ရှာမယ်လို့ သူမကြိုတွေးထားခဲ့သည်။ တစ်ဖက်က မီပေါင်လေးကို သမီးအရင်းလို မဆက်ဆံနိုင်ဘူး‌ဆိုရင် သူမသည် နောက်အိမ်ထောင်ပြုမှာ မဟုတ်ပေ။

တစ်နှစ်ကျော်ကြာ 'လျှို့ဝှက်စွာ' အပြန်အလှန်ဆက်သွယ်ပြီးနောက် နောက်ဆုံးတွင် ချောင်ကျန်းမင်က ချူရှန်မေကို လှုပ်ခတ်နိုင်စေခဲ့သည်။ ယခုတစ်ကြိမ်တွင် သူတို့နှစ်ဦးသည် နန်ရှန်ခရိုင်မှ ပြန်လာတာက သူတို့၏ မိသားစုများကို လက်ထပ်ရန် ပြောကြားဖို့ ဖြစ်သည်။

ချောင်ကျန်းမင်ရဲ့ဘက်က ကိုင်တွယ်ရတာ ပိုလွယ်သည်။ သူ့မိဘတွေက လုံးဝကန့်ကွက်မှာမဟုတ်ဘူး။ သူ့သမီး ချောင်တုန်းဝမ်ကို စည်းရုံးဖို့ပဲလိုသည်။

တစ်ဖက်တွင်မူ ချူရှန်မေဘက်က ပိုခက်သည်။ သေသေချာချာ ဖြေရှင်းဖို့ စဉ်းစားရင်တောင်မှ သူမယောက္ခမတွေက ပြင်းပြင်းထန်ထန် ကန့်ကွက်လိမ့်မည်။

ဒါပေမယ့် သူတို့နှစ်ယောက်သည် စဉ်းစားထားပြီးသားပင်။ ရှေ့ဆက်ရမဲ့ လမ်းမှာ အတားအဆီးတွေ ဘယ်လောက်ပဲရှိရှိ သူတို့သည် အခက်အခဲတွေကို ကျော်ဖြတ်ပြီး အတူရှိမည်။

ချောင်တုန်းဟယ်အတွက်တော့ ဒါက နောက်ထပ်ပြဿနာတစ်ခုပင်။

အစီအစဉ်အရ ချောင်တုန်းဟယ်သည် လော့ကျွင်းလျန်ကို နှစ်ကုန် သို့မဟုတ် နောက်နှစ်အထိ လက်ထပ်မည် မဟုတ်ပေ။ ဒါပေမယ့် သူတို့နှစ်ယောက်လုံးသည် စိတ်အားထက်သန်သည့် အသက်နှစ်ဆယ်ကျော်တွေ ဖြစ်သည်။ တစ်ကြိမ်၊ သူတို့သည် အတူတူ လူးလှိမ့်ခဲ့ကြသည်။

စောင်များကို လူးလှိမ့်ပြီးနောက် ချောင်တုန်းဟယ်သည် အလွန်ရှက်သွားပြီး ဒေါသထွက်သွားခဲ့သည်။ သူမက လော့ကျွင်းလျန်ကို ထပ်ထိခွင့်မပေးတော့ပေ။ သို့သော် သူတို့နှစ်ဦးစလုံးသည် အတွေ့အကြုံမရှိကြဘဲ သန္ဓေတားနည်းကို မသိကြပေ။ ထို့ကြောင့် ချောင်တုန်းဟယ်သည် ကိုယ်ဝန်ရှိသွားခဲ့သည်။

နောက်ပိုင်း မျိုးဆက်တွေနဲ့ မတူဘဲ အခုခေတ် လူတွေက ရှေးရိုးဆန်လွန်းသည်။ အိမ်ထောင်မပြုမီ ကိုယ်ဝန်ရှိလာပါက အဲဒါကို အရှက်မရှိသော အပြုအမူတစ်ခုအဖြစ် မှတ်ယူမည်ဖြစ်သည်။

ပြန့်နှံ့သွားတဲ့အခါ သူတို့ကို အလုပ်ခွင်တော်တော်များများက လက်ခံမှာမဟုတ်ပေ။ သူတို့သည် စေ့စပ်ကြောင်းလမ်းသည့်တိုင် ကမ္ဘာက သူတို့ကို လက်ညှိုးထိုးနေလိမ့်မည်။

နှစ်ယောက်သားသည် ကြောက်လန့်သွားကြသည်။ ချောင်တုန်းဟယ်သည် မူးလဲမတတ် ငိုခဲ့သည်။

နောက်ဆုံးတွင် ချောင်တုန်းဟယ်သည် စိတ်တည်ငြိမ်သွားပြီး သူတို့သည် ပထမဆုံးအကြိမ် လက်ထပ်ဖို့ စဉ်းစားပြီးနောက် လူငယ်နှစ်ဦးသည် သူတို့၏ မွေးရပ်မြေသို့ ပြန်ရန် ရထားလက်မှတ်များကို အမြန်ဝယ်ခဲ့သည်။

ချောင်တုန်းဟယ်၏ မိဘနှစ်ပါးစလုံးသည် မြို့တော်တွင်ရှိသော်လည်း သူမ၏မိဘများက သူမကို လုံခြုံမှုလုံးဝမပေးနိုင်ပါ။

အထူးသဖြင့် သူမအမေ ဖြစ်သည်။ လက်မထပ်ခင်မှာ သူမမှာ ကိုယ်ဝန်ရှိနေတယ်လို့ ပြောလိုက်ရင် အမေက ဘယ်လို မကောင်းတဲ့ စကားတွေ ပြောမလဲဆိုတာ မသိဘူး။ သူမအဖေက စိတ်သဘောထားကောင်းပေမယ့် သူက သဘောထားကြီးတဲ့တော့ သူတော့မဟုတ်ပေ။

ထို့ကြောင့် တော်တော်လေး စဉ်းစားပြီးနောက် သူမ၏ အဘိုးအဘွားများကို ရှာဖွေရန် ယွင်လိုင်မြို့သို့ ပြန်သွားရန် ဆုံးဖြတ်ခဲ့သည်။ သူတို့သာလျှင် သူမအား လုံခြုံမှုပေးနိုင်သည်။ ဤခက်ခဲသောအချိန်ကို ကျော်ဖြတ်နိုင်ဖို့ သူတို့သည် သူမကို ကူညီနိုင်မည်ဖြစ်သည်။

သားအငယ်ဆုံး၏ စကားကို နားထောင်ပြီးနောက် ချောင်ရှို့ကျီနှင့် ရွှယ်ချွမ်တို့သည် ချူရှန်မေကို လက်ထပ်ရန် သူတို့ သဘောတူကြောင်း ဖော်ပြခဲ့ကြသည်။

ချောင်တုန်းဝမ်နဲ့ပတ်သတ်ပြီး ချောင်ရှို့ကျီက "တုန်းဝမ်က ရှန်မေနဲ့ မင်းရဲ့ဆက်ဆံရေးကို လွန်ခဲ့တဲ့နှစ်တွေကတည်းက သိခဲ့ရမှာ။ အခုမင်းလက်ထပ်တော့မယ်ဆိုတော့ မင်း သူနဲ့ ဆွေးနွေးသင့်တယ်။"

"ရှန်မေရဲ့ ယောက္ခမတွေအတွက်ကတော့ ဖြည်းဖြည်းချင်း အချိန်ယူပြီး စဉ်းစားရမှာပေါ့။ သူတို့အစိုးရိမ်ဆုံးက အနာဂတ်မှာ သူတို့ အသက်ကြီးလာရင် ဘယ်သူကမှ ပြုစုစောင့်ရှောက်မပေးမှာကိုပဲ။ ပြီးတော့ မီပေါင်ရဲ့ မျိုးရိုးနာမည်။ မင်း ဒီအချက်နှစ်ချက်ကို ကတိပေးနိုင်ရင် သူတို့ သဘောတူမှာပါ။ သူတို့က မီပေါင်နဲ့ ခြိမ်းခြောက်ရင်တော့ ငါတို့နောက်မှ ဆွေးနွေးကြတာပေါ့။"

ချောင်ကျန်းမင်က ခေါင်းညိတ်ပြီး ထွက်သွားခဲ့သည်..

သူ့မိဘတွေက ကန့်ကွက်မှာ မဟုတ်ဘူးဆိုတာ သူ ခန့်မှန်းထားပေမယ့် ကြိုပြီး ခွင့်ပြုချက် တောင်းချင်ခဲ့သည်။

ပင်မအခန်းမှထွက်လာပြီးနောက် သူသည် သူ့သမီးကိုရှာရန် သာ့ချောင်၏ အခန်းသို့သွားခဲ့သည်။

ချောင်ကျန်းမင်သည် သယ်ယူပို့ဆောင်ရေး ကုမ္ပဏီတစ်ခုတည်ထောင်ရန် နန်ရှန်ခရိုင်သို့ သွားပြီးနောက် သူနှင့်သူ့သမီး၏ အိမ်ထောင်စုစာရင်းကို ထိုနေရာသို့ ပြောင်းရွှေ့ခဲ့သည်။ ချောင်တုန်းဝမ်လည်း အဲဒီကို စာသင်ဖို့ ပြောင်းရွှေ့ခဲ့သည်။

All Chapters